← Chapters

အတိတ်က အမွေများ

Vol. 15 Ch. 219

အတိတ်က အမွေများ

Vol. 15 Ch. 219

ရင်းနှီးပြီး တောက်ပနေတဲ့ အချက်အလက်ဇယားမှာတော့..စွမ်းရည် ဖော်ပြတဲ့နေရာမှာ အချက်အလက် အသစ်တစ်ခုက ပေါ်နေခဲ့တယ်..။

စွမ်းရည် ; [ အရိပ် အစေခံ ]

အဆင့် : [ နတ်ဘုရား ]

စွမ်းရည် စွမ်းဆောင်န်ိုင်စွမ်း : [ အရိပ်ထိန်းချုပ်မူ ]

စွမ်းရည် ဆက်ခံမူ : [ အရိပ် ကခုန်ခြင်း ]

စွမ်းရည် ဆက်ခံမူ နေရာကို ဆန်နီ အာရုံစိုက်လိုက်တာနဲ့ နောက်ထပ် အချက်အလက် အသစ်က ပေါ်ထွက်လာခဲ့ပါတယ်..။

အရိပ်ကခုန်မူ ပေါ်ပြချက် : [ တစ်ချိန်က ခမ်းနားတဲ့ အက တစ်ခု ၊ အခုတော့ သေစေနိုင်တဲ့ တိုက်ပွဲ ဟန်ပန် ။ဒီ ဆန်းကျယ်တဲ့ ဟန်ပန်ကို..ဆရာ အလင်းမှ ပျောက်ဆုံးသူ က..ချောမောတဲ့ အစေခံမလေး ကပြနေသည်ကို မြင်ပြီး ဖန်တီးထားခဲ့ခြင်းဖြစ်သည်..။အရမ်းကို လှပတဲ့ အရာတစ်ခုကို..ရက်စက်တဲ့ အရာတစ်ခု အဖြစ် တစ်ခြား ဘယ်သူကများ ထပ်ပြီး ပြောင်းလဲနိုင်ဦးမှာလဲ ]

ဆန်နီ ချောင်းဆိုးလိုက်ပြီး..အခိုက်အတန့်က သူ့နာမည်ကို ဖော်ပြချက်နဲ့ပတ်သက်ပြီး အများကြီး မတွေးတောမိဖို့ ကြိုးစားနေခဲ့ရတယ်..။

'ဒီ ဆရာဆိုတဲ့ နာမည်က ထပ်ပြီး ပါလာပြန်ပြီလား..။ငါက အဲလောက် ဆရာမကျဘူးလေ.. ဟုတ်ပြီလား..။ငါ ကျွမ်းကျင်တာက လိမ်ညာတယ် ၊ ကြိုးကိုင်ခြယ်လှယ် တယ် ၊ ပြီးတော့ တစ်ခြားလူတွေရဲ့ နောက်ကျောကို တစ်ချိန်လုံး ဓားနဲ့ ထိုးနေတာပဲ..။ဒါက ဥာဏ်ကောင်းတဲ့ အရာလား..."

သို့ပေမယ့် သူ့ရဲ့ အာရုံကို ဖမ်းစားနိုင်တာက ဒီဖော်ပြချက် မဟုတ်ပါဘူး..။သူ့ရဲ့ အောက်ဘက်က တောက်ပနေတဲ့ အရာပါ..။

အရိပ် ကခုန်ခြင်း ကျွမ်းကျင်မူ အဆင့် : [ 0 / 7 ]

ပထမ အမွေ : မရရှိသေး ။

ဒုတိယ အမွေ : မရရှိသေး ။

တတိယ အမွေ .....

ဒီမှာ စုစုပေါင်း စာကြောင်းခုနှစ်ခု ရှိနေခဲ့ပါတယ်..။သူတစ်ဆင့် ချင်းစီကို အောင်မြင်တဲ့ အချိန်မှာ ဆက်ခံမူအမွေ တစ်ခုကို ပေးဖို့ ကတိပေးထားခဲ့ပါတယ်..။

အားလုံးပေါင်း ခုနှစ်ခု..။

တစ်ခု နှစ်ခု သုံးခု တည်းတင် မဟုတ်ပဲ..ခုနှစ်ခုပါ..။

ဆက်ခံသူ ကလန်တွေ အားလုံးကို..ဆက်ခံမူ အမွေ တစ်ခုတည်းနဲ့ တည်ဆောက်ထားကြပါတယ်..။သူတစ်ယောက်တည်း အမွေ ခုနှစ်ခုကို သာ ရမယ်ဆိုရင် ဆန်နီ တွေးတောင် မတွေးကြည့်နိုင်တော့ပေ..။

မိသားစု တစ်ခုကနေ စတင်ပြီး ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ကလန်တစ်ခုတောင်ဖြစ်သွားပါလိမ့်မယ်..။မဟုတ်ဘူး..ဒါက သူ့ရဲ့ ဥ တွေ အကုန်လုံးကို ခြင်းတောင်းတစ်ခု တည်းမှာ ထည့်လိုက်သလို ဖြစ်သွားလိမ့်မယ်..။ကလန် တွေ အများကြီး ဖန်တီးတာက ပိုကောင်းတဲ့ အရာပဲ..။

ဟုတ်သားပဲ..မင်း ခုနှစ်ခုတောင် ဖန်တီးနိုင်တဲ့ အချိန်မှာ ဘာလို့ တစ်ခုတည်း ဖန်တီးမှာလဲ..။

ခနလေး..မဟုတ်သေးဘူး..။ဒီဟာက သိပ်တော့

မကောင်းဘူး....

ဟုတ်တယ်မလား..

ယင်းနောက် ဆန်နီ ဟာ မြှင့်တက်နေတဲ့ နေကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပါတယ်..။ဒါကောင်းတယ် ..။ဒါက တကယ် မယုံနိုင်စရာပဲ..။

သိူ့ပေမယ် သူ့စိတ်လှုပ်ရှားမူတွေက ကြာရှည်မခံခဲ့ပေ..။

'ဟုတ်သားပဲ..ငါ အရင်ဆုံး အစစ်အမှန် ကမ္ဘာကို အရင်ပြန်ရမယ်..။ပြီးတော့..ဒါက..."

သူ့ ခေါင်းကို အနည်းငယ်လှည့်ပြီး ကြက်သွေးရောင် ထိပ်ဖျားကို ကြည့်လိုက်တဲ့ အချိန်မှာ ဆန်နီ အတွေးနက်သွားခဲ့ပါတယ်..။

အတော်ကြာပြီးကာမှ အယ်ဖီ ရဲ့ အသံက သူ့ကို အသိစိတ် ပြန်ဝင်လာစေခဲ့တယ်..။

"ဟေး..အရူး..။မနက်စာက အဆင်သင့်ဖြစ်နေပြီ..။နင်က ဘာလို့ အဝေးကို ကြည့်ပြီး အရူးလို ပြုံးနေရတာလဲ.."

ဆန်နီ မစဥ်းစားပဲနဲ့တောင် ပြန်ဖြေလိုက်ပါတယ်..။

"ဆက်ခံသူ ကလန်တစ်ခု တည်ထောင်ဖို့ စဥ်းစားနေတာလေ..။နင်ရော ကလန်တစ်ခု တည်ထောင်ဖို့ စိတ်ကူးဖူးလား အယ်ဖီ..ဟင်.."

မုဆိုးမိန်းကလေးဟာ..သူ့ကို စိုက်ကြည့်နေပြီးမှ ထူးဆန်းတဲ့ အမူအရာနဲ့ ပြုံးလိုက်တယ်..။

"...ဒါက ဖိတ်ခေါ်မူ တစ်ခုလား.."

အတွေးမှာ နစ်မြောနေသေးတဲ့ ဆန်နီဟာ သူမကို သေချာကြည့်နေခဲ့တယ်..။

'အာ...မဆိုးဘူး မဆိုးဘူး..။ကလန်တစ်ခု တည်ထောင်တဲ့ အချိန်မှာလည်း ပါတနာ ရွေးချယ်တာက အရေးကြီးတဲ့ နေရာမှာ ပါလိမ့်မယ်..။ဥပမာ အယ်ဖီကို ခေါ်လိုက်တာမျိုးပေါ့..။သူမက အရမ်းကို အကြောက်အလန့်ကင်းတဲ့ နိုးထသူ တစ်ယောက်ပဲ..။သူမရဲ့ စွမ်းရည်က ခွန်အားကြီးပြီး အရမ်းကို သန်မာတယ်..။သူမ မွေးထုတ်လိုက်တဲ့ မျိုးဆက်တိုင်းက သန်မာပြီး လှပမှာပဲ..။တကယ်လို့ သင့်တော်လွန်းတဲ့ လူသစ်ပဲ..'

"..အာ..ဘာဖြစ်တယ်? ။မဟုတ်ဘူး..ဖိတ်ခေါ်တာ မဟုတ်ဘူး..။မတူညီတဲ့ ရွေးချယ်စရာ အဖြစ် သုံးသပ်ကြည့်နေတာ.."

အဲ့အချိန်မှာပဲ ဆန်နီဟာ သူက အယ်ဖီကို ရုတ်တရက် မြှောက်ပြီးမှ..ရိုက်ချသလို ဖြစ်သွားတယ် ဆ်ိုတာကို နားလည်လိုက် ပါတယ်..။သူမရဲ့ အပြုံးတွေက အန္တရာယ် ရှိတဲ့ အနေအထားကို ပြောင်းလဲသွားခဲ့တယ်..။

မုဆိုးမိန်းကလေးဟာ သူမရဲ့ လည်ပင်းကို ပွတ်သပ်ပြီး ပျင်းရိစွာ ပြောလိုက်တယ်..။

"ငါသိပြီ..။ဒီတော့ နင်က သေဖို့ကို ရွေးချယ်လိုက်တာပေါ့.."

သူ မျက်တောက်ခတ်လိုက်ပြီး..

"မဟုတ်ဘူး ခနလေး..။ငါက အဲလိုဆိုလိုတာမဟုတ်ဘူး..။ငါက ဒီတိုင်း သိတယ်မလား စိတ်ကူးယဥ်ကြည့်နေတာ.."

မရိုးဖြောင့်တဲ့ မုဆိုးမိန်းကလေးဟာ သူမရဲ့ လက်ဆစ်ကို ချ်ိုးကာ ပြုံးလိုက်တယ်..။

"အိုး..ဒီတော့ နင်က ငါ့အကြောင်းကို စိတ်ကူးယဥ်နေတာပါ့..။ပြောပါဦး..ပြောပါဦး..."

"မဟုတ်ဘူး..မဟုတ်ဘူး..ခနလေး..ရပ်လိုက်..ရပ်...'

***

အံ့ဩစွာပဲ ဆန်နီ လွတ်မြောက်လာခဲ့တယ်..။

..လွတ်ရုံလေးပေါ့..။

မကြာခင်မှာပဲ သူတို့က မာဗယ်ပေါင်းကူးကို စွန့်ခွာပြီး ဝင်္ကပါ ရဲ့ နက်ရှိုင်းတဲ့ အပိုင်းကို ခရီးဆက်လာခဲ့ကြပါတယ်..။

ခရီးမစတင်ခင်တုန်းကတည်းက မေ့ပျောက်ကုန်းမြေရဲ့ တောင်ဘက်စွန်းပိုင်းကို ရောက်ဖို့ လျင်မြန်ပြီး လုံခြုံတဲ့ နည်းလမ်းရှိကြောင်း နစ်ဖီက သူ့ကို ပြောထားခဲ့တာပါ..။ဒီကျိန်စာသင့်နယ်မြေမှာ အတတ်နိုင်ဆုံး လုံခြုံနိုင်သလောက်ပါပဲ..။ဒီဟာ မရှိပဲနဲ့ သူတို့ရဲ့ ပန်းတိုင်ကို ရောက်ဖို့က လတွေ အများကြီး ကြာသွားပါလိမ့်မယ်..။

အခု သူတို့က အနက်ရောင်မြို့တော်က ထွက်လာပြီဆိုတော့..ဆန်နီဟာ သူ့ရဲ့ သိချင်စိတ်ကို ဖြေဖျောက်ဖို့ ဒီ ဆန်းကျယ်တဲ့ နည်းလမ်းက ဘာလဲဆိုတာကို မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။သူ အဖြေကို ကြားတဲ့ အချိန်မှာတော့..ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို မိနစ်အနည်းငယ်ကြာအောင် စိုက်ကြည့်ပြီး နောက်ပြောင်နေတာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို အတည်ပြုခဲ့ရပါသေးတယ်..။

သူမက မနောက်ပြောင်ခဲ့ပေ..။

အဆုံးမှာတော့..သူ ဘာမေးခွန်းမှ မေးမနေတော့ပဲ ဒီတိုင်းသာ လက်သာ ဝေ့ယမ်းပြလိုက်ပါတယ်..။ဒါက ဘာအဓိပ္ပါယ်မှ မရှိပေ..။

နစ်ဖီက ဒီလျိုဝှက်ချက်ကို ကတ်စီရဲ့ အမြင်ကနေ သိခဲ့ရပြီး လုပ်လို့ရတယ်လို့ ယုံကြည်ထားရင် သူ ဘာမှ စိုးရိမ်စရာ မရှိပါဘူး..။ဘာပဲဖြစ်ဖြစ် အခုမှတော့ သူလည်း ပြန်လှည့်လို့ မရတော့ပေ..။

ပြီးတော့ ဒီ စူးစမ်းရှာဖွေမူကလည်း သူ့အတွက် အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါသေးတယ်..။ခရီးစတင်ပြီး ရက်အနည်းငယ် အကြာမှာတင် သူက အရိပ်အပိုင်းအစ တွေ အများအပြားရနေပြီဖြစ်ပြီး..တက်ရောက်မူ အဆင့် မှတ်သားမူ နဲ့ တိုက်ပွဲ ဟန်ပန်ကို သိရှိခဲ့တာကတော့ ပြောနေစရာတောင်မလိုတော့ပေ..။ပြီးတော့ စွမ်းရည် ဆက်ခံမူလည်း ရရှိခဲ့ပါသေးတယ်..။

ဘာပဲဖြစ်ဖြစ် သူတို့က တောင်ဘက်ကို ရောက်ဖို့အတွက်ဆိုရင် ဒီလို လျင်မြန်တဲ့ နည်းလမ်းနဲ့ တစ်ပတ်လောက်ကြာအောင် သွားရဦးမှာပါ..။ညဘက်ရောက်ရင် အကာအကွယ်အဖြစ် အသုံးပြုရမယ့် နေရာတွေကိုလည်း နစ်ဖီက မေ့ပျောက်ကုန်းမြေ မြေပုံ ထဲမှာ ကြိုတက် ရေးမှတ်လာပြီးသားပါ..။

ဒီမြေပုံမှာ ရှိတဲ့ အမြင့် အကာအကွယ်တွေက တကယ်တည်ရှိနေလားဆိုတာကို သိရအောင် ၊ ဝင်္ကပါ အလယ်မှာ ပင်လယ်ရေတွေလက်ကနေ မလွတ်မြောက်နိုင်မယ့် အဖြစ်မျိုးမကြုံရအောင် သူမက အစောကတည်းက ကိုင် ကို ကြိုတင်ပြီး ကြည့်ခိုင်းထားခဲ့ပါသေးတယ်..။ချောမောတဲ့ လေးသည်တော်က တစ်ပတ်လောက် ကြိုတင်လေ့လာပြီးကာမှ မြေပုံက မှန်ကန်ကြောင်း အတည်ပြုထားခဲ့တာပါ..။

အခုတော့ မေ့ပျောက်ကုန်းမြေပေါ်မှာ သူတို့တွေ့နိုင်တဲ့ တစ်ခုတည်းသော အန္တရာယ်က..ရုတ်တရက် ကြုံတွေ့ရမယ့် အရာတွေပါပဲ..။သို့ပေမယ့်..သူတို့အဖွဲ့ရဲ့ ခွန်အားနဲ့ ဆိုရင် ဒီအန္တရာယ်တွေက လှပစွာပဲ ကွယ်ပျောက်သွားခဲ့ပါတယ်..။အခု ကတ်စီက ခွန်အား သန်မာလာသလို ၊ ဝိဥာဥ် အဆီအနှစိတွေ အများကြီးလည်း စုပ်ယူပြီးထားပြီ ဖြစ်တာကြောင့် တစ်ခုခု အန္တရာယ် ဖြစ်တော့မယ်ဆိုရင် ကြိုတင်ပြီး သတိပေးနိုင်နေပါပြီ..။

...ဒါပေါ့..ဝင်္ကပါထဲမှာ ရှိတဲ့ ပုံမှန် အန္တရာယ်တွေလည်း ရှိနေပါသေးတယ်..။

ပြီးတော့ သူတို့က ရှုပ်ထွေးတဲ့ အပိုင်းရဲ့ နက်ရှိုင်းတဲ့ နေရာကို ရောက်လာလေလေ..အခြေအနေတွေက ဆိုးသထက် ဆိုးလာလေလေပါပဲ..။

All Chapters