အရိပ် ကခုန်မူ
Vol. 15 Ch. 218
ဆန်နီ မျက်လုံးတွေကို ဖွင့်လိုက်တယ်..။
ခမ်းနားတဲ့ အဖြူရောင်ပေါင်းကူးတံတားက သူ နောက်ဆုံးမြင်ခဲ့ရတဲ့ အတိုင်း ရှိနေဆဲပါပဲ..။နေ့က အညိုရောင် ကောင်းကင်အောက်မှာ တောက်ပနေခဲ့ပါပြီ..။အနက်ရောင် ပင်လယ်ကလည်း မရှိတော့ပေ..။ကျန်တဲ့ အဖွဲ့သားတွေကတော့ အစောကတည်းက နိုး နေကြပြီ ဖြစ်ပြီး..ရှေ့ဆက်မယ့် ခရီးအတွက် ပြင်ဆင်နေခဲ့ကြတယ်..။
သူက အိပ်ပျော်လွန်သွားခဲ့တာပါ..။
သို့ပေမယ့် ဒါက ပြသနာ မရှိပေ..။
စိတ်လှုပ်ရှားနေတဲ့ မျက်လုံးတွေနဲ့ အတူပဲ ဆန်နီဟာ သူ အိပ်မက်ထဲမှာ မြင်ခဲ့ရတဲ့ အရာတွေကို ပြန်လည်တွေးတော့ ကြည့်လိုက်တယ်..။
မှတ်ဥာဏ်တွေကတော့ ရှင်းရှင်းလင်းလင်းကို ရှိနေတုန်းပါပဲ..။သူက လှပတဲ့ အစေခံလေးကပြ နေတဲ့လှုပ်ရှားမူတိုင်း၊ ခြေတစ်လှမ်းခြင်းစီတိုင်းနဲ့ အသက်ရူသံ တစ်ချက်ချင်းစီ တိုင်းကို ပြန်စဥ်းစားကြည့်လို့ ရနေခဲ့ပါတယ်..။
...အမည်မသိ အရိပ်ရဲ့ မိခင်..။
သူ့ရဲ့ မျက်လုံးတွေက အနည်းငယ် မှိန်နေခဲ့တယ်..။
သူ့ရဲ့ ဒီ အိပ်မက်က..အဖိုးတန်လှတဲ့ လက်ဆောင် တစ်ခုဖြစ်ပြီး..များပြားလှတဲ့ မေးခွန်းတွေရဲ့ အရင်းအမြစ်ဆိုလည်း ဟုတ်ပါတယ်..။အခု သူက နိုးနေပြီဆိုတော့..ဆန်နီဟာ အရာရာတိုင်းကို ပ်ိုပြီးရှင်းလင်းအောင် သုံးသပ်လို့ ရနေခဲ့တယ်..။
သူ ပထမဆုံးမြင်ခဲ့ရတဲ့ မြင်ကွင်းက..အမည်မသိ အစေခံ , မူလ အရိပ်ရဲ့ သားတော် ရဲ့ မွေးဖွားမူပါ..။သူက နေကြတ်ချိန်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဆန်နီ နဲ့ မတူညီခဲ့ပေ..။
ဒီအချက်က ရူ့ထောင်တွေ အပေါ်ကို အများကြီးသက်ရောက်မူရှိပါတယ်..။အခိုက်အတန့်က ပထမဆုံးအိပ်မက်ဆိုးအတွက် သင့်တော်သူ တွေကို ကျပမ်း ရွေးချယ်သွားတာ မဟုတ်ပါဘူး..။သင့်တော်သူတွေ ရရှိထားတဲ့ ခန္တာကိုယ်တွေက..တကယ့်အစစ်အမှန် တွေနဲ့ ကွာခြားမူရှိတယ် ဆိုပေမယ့် အတော်လေးကို နီးစပ်မူ ရှိပါတယ်..။
သို့ပေမယ့်..အခိုက်အတန့်က..ဒီ အခန်းဂဏ္ဍ တွေ ၊ အိပ်မက်ဆိုးအတွက် အခြေအနေတွေကို ဘယ်လို စည်းမျဥ်း တွေနဲ့ ရွေးချယ်နေတာလည်း ဆိုတာကတော့ မရှင်းလင်းသေးပေ..။
သို့ပေမယ့် အခုတော့..သူ့ရဲ့ ခန္တာကိုယ် အပြင်ပိုင်းအသွင်အပြင်က ဘုရားကျောင်း အစေခံ နဲ့ အတော်လေးကို တူညီတာကို သိလိုက်ရပါပြီ..။
သူတို့နှစ်ယောက်စလုံးက အတော်လေးကို ရှားပါးတဲ့ အခြေအနေတွေမှာ တူညီစွာ မွေးဖွားလာကြတာပါ..။သူတို့နှစ်ယောက်က အဖွဲ့အစည်းရဲ့ အောက်ဆုံးအခြေအနေမှာ ရှိကြတဲ့လူတွေဖြစ်ပြီး..ဖိနိပ်မူတွေ ၊ မလိုချင်မူတွေ နဲ့အတူ အရာအားလုံးကို ဆန့်ကျင်ပြီး ရှင်သန် နေကြရတာပါ..။
သူတို့နှစ်ယောက်စလုံးက ငယ်စဥ်အခါကတည်းက မ်ိသားစု ဆိုတာ မရှိတော့ပေ..။မြို့ပြင်မှာရှိတဲ့ ခက်ခဲတဲ့ဘဝ အခြေအနေက..ဆန်နီ ရဲ့ မ်ိဘတွေနဲ့ ညီမလေးကို ခွဲခွာသွားစေခဲ့ပါတယ်..။အမည်မသိ အစေခံ အတွက်ကတော့ စစ်ပွဲနတ်ဘုရားရဲ့ အစေခံတွေက သူ့ရဲ့ အိမ်နဲ့ဘဝကို ဖျက်ဆီးသွားခဲ့ပါတယ်..။နောက်ဆုံး အရိပ်ဘုရားကျောင်း ဖျက်ဆီးခံလိုက်ရတဲ့ အချိန်မှာ လှပတဲ့ ကချေသည် လေးက ဘာဖြစ်သွားလဲဆိုတာကို သူ မသိပေ..။ကောင်းတဲ့ အရာတွေဖြစ်မလာနိုင်ဘုးလို့တော့ သူ ထင်ပါတယ်..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ အောက်ကို ငုံ့ကြည့်လိုက်တယ်..။
ကံတရား...ဒါက ကံတရားပဲ..။သူနဲ့ ဘုရားကျောင်းအစေခံနဲ့ မျှဝေနေရတာက တူညီတဲ့ ကံတရားပါ..။
အခိုက်အတန့်က ကံတရား ကြိုး တွေကို တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးနေတယ်ဆိုတာကို ဆန်နီ ပိုပိုပြီး လက်ခံလာခဲ့ပါပြီ..။
ဒါက သူတို့အတွက် ဖန်တီးထားတာတောင် ဖြစ်နိုင်ပါတယ်..။
သူ ပထမဆုံး စမ်းသပ်မူ အပြီးမှာ ကြားခဲ့ရတဲ့ အသံကို ပြန်တွေးမိပြီး ဆန်နီ သိချင်သွားခဲ့တယ်..။ဒီအသံထဲမှာ ကြယ်တွေအမြောက်အများရှိနေပြီး..ရှုပ်ထွေးတဲ့ ပိုက်ကွန် တစ်ခုလို ငွေရောင်အလင်းတန်းတွေနဲ့ ဆက်စပ်နေခဲ့ပါတယ်..။
ဒီ စမ်းချောင်းတွေက ကံတရားတွေလား..။
သူ ခေါင်းခါယမ်းလိုက်တယ်..။
ဒါတွေက ဘာတွေပဲဖြစ်ဖြစ်၊ အခိုက်အတန့်က ဘာကြီးပဲဖြစ်ဖြစ်..အခုချိန်မှာ သူ သိနိုင် ၊ နားလည်နိုင်တဲ့ အရာတွေ မဟုတ်သေးပေ..။များပြားလှတဲ့လူတွေ ၊ သူ့ထက် အချက်အလက်တွေ အများကြီးရှိတဲ့လူတွေ ၊ သူ့ထက် ဥာဏ်ပိုကောင်းတဲ့ လူတွေက ကြိုးစားခဲ့ကြဖူးပေမယ့် ကျရှုံးခဲ့ကြပါတယ်..။
သူ လက်လှမ်းမီနိုင်တဲ့ အရာလောက်ကိုပဲ အာရုံစိုက်ထားတာက ဥာဏ်ကောင်းတဲ့ လုပ်ရပ်ပါပဲ..။
အရိပ် ကခုန်မူ..။
ဆန်နီ ပြုံးလိုက်နယ်..။
အစေခံမိန်းကလေးရဲ့ ကခုန်မူက အရမ်းကို လှပပြီး အံ့ဩဖို့ကောင်းတာကြောင့် သူ အာရုံမစိုက်ပဲ မနေနိုင် ခဲ့ပါဘူး..။သူမရဲ့ ကျတ်သရေရှိတဲ့ လှုပ်ရှားမူတွေထဲမှာ တိုက်ပွဲဟန်ပန် ရဲ့ ပုံစံတွေ ပါနေတာကြောင့် သူ မေ့ဖျောက်လို့ မရခဲ့ပေ..။
အမြင်အရတော့ ဒါက လုံးဝ တိုက်ပွဲအနုပညာ မဟုတ်ပါဘူး..။ဒါက ကပြမူ တစ်ခုပါ..။
ဒါပေမဲ့ ပြောင်းလဲသွားတာ ရှိလို့လား..။
ဒီလိုတော့ လုံးဝ မဟုတ်ပါဘူး..။
စစ်မှန်တဲ့ မာစတာတွေ တိုက်ခိုက်တာက ကပြဖျော်ဖြေနေတာနဲ့ တူတယ်လို့ လူတွေ ပြောကြတာဟာ တိုက်ဆိုင်မူ တစ်ခုမဟုတ်ပေ..။သူတို့ရဲ့ အမြုတေ ထဲမှာ တော့ တိုက်ခိုက်ခြင်း ၊ နဲ့ ကပြခြင်းက အရမ်းကို နီးစပ်ပါတယ်..။ဒါကြောင့် တိုက်ခိုက်ရေးပညာရပ်က အရမ်းကို အံ့ဩဖို့ကောင်းတဲ့ အဆင့်တစ်ခုကို ရောက်သွားတဲ့ အချိန်မှာ ကပြမူတစ်ခုလို ဖြစ်နေခဲ့တာပါ..။
ဒါကြောင့် ပြီးပြည့်စုံအောင် ကျွမ်းကျင်သွားတဲ့ အချိန်မှာ ဘာလို့ တိုက်ပွဲ အနုပညာတစ်ခုလို မကပြ နိုင်ရမှာလဲ..။
ဆန်နီကတော့ သူ မှန်ကန်တယ် ဆိုတာ သေချာသလောက် နီးပါး ရှိပါတယ်..။သူက အရိပ်ကခုန်မူ ရဲ့ အနှစ်သာရကို နားလည်သဘောပေါက်နေပြီဖြစ်ပြီး ဒီအခြေခံရဲ့ အမြင်သစ်တွေ ရရှိနေခဲ့ပါပြီ..။လှပတဲ့ ကချေသည် က အရိပ်ခုနှစ်ခု နဲ့ အတူ လှုပ်ရှားနေတဲ့ ပုံစံက သူ့အတွက် နောက်ဆုံး ပဟေဠိ တစ်ခုပါပဲ..။သူတို့ရဲ့ ပုံရိပ်ထဲမှာ သူ အမှန်တကယ် အသုံးပြုနိုင်မယ့် လှုပ်ရှားမူတွေ ၊ စည်းမျဥ်းတွေ ပါဝင်နေခဲ့ပါတယ်..။
သူ့မှာ အခုထိတော့ တိုက်ပွဲဟန်ပန် တစ်ခု ရှ်ိမနေသေးပေ..။သို့ပေမယ့် အခု သူ့မှာ ဒီလို ဖန်တီးဖို့ လိုအပ်တဲ့ အစိတ်အပိုင်း အားလုံးရှိနေခဲ့ပါပြီ..။
ဒါပေါ့ ဒီဟာက လွယ်ကူမယ့် အရာတော့ မဟုတ်ပါဘူး...။လှပတဲ့ မိန်းကလေးရဲ့ ကပြမူကို အံ့ဩဖို့ကောင်းတဲ့ ဓားသိုင်းအဖြစ် ပြောင်းလဲနိုင်ဖို့ဆိုရင် သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အသိဥာဏ်တွေ အပြင် ၊ အချိန်တွေ ၊ ကြိုးစားအားထုတ်မူ တွေ ၊ ရန်သူရဲ့သွေးတွေ ၊ သူ့ရဲ့ ကိုယ်ပိုင် သွေးတွေရော အများကြီး လိုအပ်နေပါသေးတယ်..။
သူ အောင်မြင်မှာလားဆိုတာကလည်း သေချာတဲ့အရာမဟုတ်ပေ..။
သို့ပေမယ့် တကယ်လို့သာ မကြိုးစားကြည့်ဖူးဆိုရင် ဆန်နီက ငတုံးတစ်ယောက်ဖြစ်သွားတော့မှာပါ..။
အရိပ် ကခုန်မူက သူ့ရဲ့ ကိုယ်ပိုင် တိုက်ပွဲ အနုပညာ ဖြစ်လာပါလိမ့်မယ်..။သူ ဒီဟာကို ဖြစ်လာအောင် လုပ်မှာပါ..။
သူ အတွေးနက်နေတုန်းအချိန်မှာပဲ ရင်းနှီးတဲ့ အခိုက်အတန့်ရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရတယ်..။
သူ ဒါကိုကြားတဲ့ အချိန်မှာ မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။
[ သင်က စွမ်းရည်ဆက်ခံမူ တစ်ခု ရခဲ့ပါပြီ , အရိပ် ကခုန်မူ ]
***
ဆန်နီ အခိုက်အတန့် ရဲ့အသံကိုကြားပြီး ဘာမှ မရှိတဲ့နေရာကိုကြည့်ကာ အံ့ဩသင့်နေခဲ့တယ်..။
စွမ်းရည် ဆက်ခံမူ ...သူက တကယ်ပဲ ဒီစကားကို ပြောခဲ့တာလား..။
သူ တံတွေးမြိုချလိုက်တယ်..။
စွမ်းရည် ဆက်ခံမူ ဆ်ိုတာက စွမ်းရည်တွေ ပါဝင်နေတာဖြစ်ပြီး အရမ်းနည်းပါးတဲ့ နိုးထသူ အနည်းငယ်သာ ရရှိကြတာပါ..။ဒီဟာက ပထမအိပ်မက်ဆိုးကနေ ပြန်လာပြီး ရရှိတဲ့ ဆုလာဒ်တွေနဲ့လည်း မတူညီပါဘူး..။ဒီလို စွမ်းရည် ဆက်ခံမူ မျိုးကိုရရှိဖို့ဆိုရင် ပြိုင်ဖက်ကင်း လိုအပ်ချက်တွေ အများကြီး ရှိပါတယ်..။
သူတို့ အရည်အချင်းပြည့်မှီမှ အရမ်းကို အားကောင်းတဲ့ အမွေ တွေကို ရရှိကြတာပါ..။ပုံမှန်အားဖြင့် ဒါက သူတို့ရဲ့ စွမ်းရည်နဲ့ ပြီးပြည့်စုံစွာ သင့်တော်တဲ့ မှတ်သားမူ တွေဖြစ်တတ်ပြီး..တစ်ခုတစ်လေမှာ ထပ်တူညီမူတောင် ရကြပါတယ်..။
ဆက်ခံသူ ကလန်တွေက တိုက်ဆိုင်မူတစ်ခု မဟုတ်ပေ..။ကလန်တွေ အကုန်လုံးက စွမ်းရည်ဆက်ခံသူ တစ်ယောက် မပိုင်ဆိုင်ကြပေမယ့် တော်တော်များများကတော့ ပိုင်ဆိုင် ထားကြပါတယ်..။တကယ်တော့ ဒီ ဆက်ခံသူတွေကပဲ ကလန်တွေရဲ့ အခြေခံ အုတ်မြစ်ကို ချထားပေးခဲ့ကြတာပါ..။
အခုတော့ အင်အားကြီး ကလန် တွေက အတော်များပြားလာခဲ့ပါတယ်..။
သို့ပေမယ့် စွမ်းရည် ဆက်ခံသူ တစ်ယောက် ရရှိဖို့ဆ်ိုတာ လွယ်ကူတဲ့အရာမဟုတ်ပေ..။အများစုက သူတော်စင် အဆင့် ၊ မာစတာ အဆင့် ပြီးတော့ ဘာမှမဟုတ်တဲ့ နိုးထသူ အဆင့်တွေမှာ စွမ်းရည် ဆက်ခံမူကို ရရှိခဲ့ကြတာပါ..။
စွမ်းရည်ဆက်ခံသူကို အိပ်စက်သူတစ်ယောက်က ရတယ် ဆိုတာက ကြားတောင် မကြားဖူးပေ..။
'ဒါက ပထမအိပ်မက်ဆိုး မှာ အစစ်အမှန်နာမည် ရသလိုပဲ လို့တော့ ထင်တာပဲ...'
ဆန်နီဟာ သူ ကံကောင်းတယ်လို့တော့ မယုံကြည်ထားပေ..။ဒါပေါ့..သူက ဒီလိုဆုပ်ကိုင်နိုင်ဖို့အတွက် ခါးသီး ခက်ခဲတဲ့ အရာတွေကို ကြိုးစားလုပ်ခဲ့ရတာပါ..။ပြီးတော့ ဒါတောင်မှ သူ ပြန်ပြီး ရိတ်သိမ်းရတဲ့ အရာက မယုံနိုင်စရာ ကောင်းနေပါသေးတယ်..။
ဘာလို့ သူရရှိတဲ့ စွမ်းရည် ဆက်ခံမူက မှတ်သားမူတစ်ခု မဟုတ်ပဲ..တိုက်ပွဲ အနုပညာ တစ်ခု ဖြစ်နေရတာလဲ...။
ဒါက အတော်ထူးဆန်းပါတယ်..။
ဆန်နီ အချိန်ကို ဖြုန်းမနေတော့ပဲ အချက်အလက်ဇယားကို ထုတ်ပြီး သူ ရရှိထားတဲ့ အရာကို ကြည့်လိုက်တယ်..။
...သူ မြင်လိုက်ရတဲ့ အရာကတော့ တကယ်ကို တုန်လှုပ်စရာပါပဲ....။