ဓားသူတော်စင်များ
Vol. 15 Ch. 213
နစ်ဖီ က..ဆန်နီကို ဓားအသုံးပြုနည်း သင်ပြတဲ့ အချိန်တွေတုန်းက..ဆန်နီက သူမရဲ့ လေ့ကျင့်ဖော်တစ်ယောက်ဖြစ်လာဖို့ ဘယ်တုန်းကမှ မလုံလောက်ခဲ့ပေ..။သူ တိုက်ခိုက်ဖို့အတွက် လုံလောက်အောင် သင်ယူပြီးတဲ့ အချိန်မှာတော့..သူတို့ရဲ့ စည်းလုံးမူက အပိုင်းပိုင်းအစစ ဖြစ်နေခဲ့ပါပြီ..။
ဒါကြောင့်..အဖြူရောင် ကုန်းမြင့် ပေါ်မှာက လွဲပြီး သူတို့က ဘယ်တော့မှ ဓားရေး မလေ့ကျင့်ဖြစ်တော့ပေ..။
အခုတော့..ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..စစ်မှန်တဲ့ လေ့ကျင့်ဖော်တစ်ယောက်ကို ရှာတွေ့သွားတဲ့ ပုံပါပဲ..။ကတ်စတာက..ဆန်နီရဲ့နေရာဖြစ်တဲ့...သူမရဲ့ ညာလက်ရုံး နေရာကို ဝင်ယူသွားရုံတင်မကပဲ..ဆန်နီ ကျေပွန်အောင် မထမ်းနိုင်ခဲ့တဲ့ အခန်းဂဏ္ဍ ကိုပါ..ဖြည့်ဆည်းပေးသွားခဲ့ပါတယ်..။
'ကောင်းပြီလေ..သူတို့အတွက် ကောင်းတာပေါ့..'
အဖွဲ့သားတွေရဲ့ မှတ်သားမူတွေ ပြည့်ပြည့်ဝဝ ပြန်လည် ပြင်ဆင်ပြီးတဲ့ နောက်မှာ နစ်ဖီ နဲ့ ကတ်စတာ တို့ဟာ အဖြူရောင် ပေါင်းကူး ရဲ့ အစွန်းနားကို လေ့ကျင့်ဖို့အတွက် ရွေ့လျားသွားခဲ့ကြတာပါ..။ပခုတော့ သူတို့က မျက်နှာချင်းဆိုင်ရပ်ပြီး စတင်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါပြီ..။
ဘယ်သူမှ သူ့ကို မဖိတ်ခေါ်ပေမယ့်လည်း ဆန်နီဟာ ဆက်ခံသူ နှစ်ယောက်အနားကို လျောက်သွားပြီး ထိုင်လိုက်ကာ..ပွဲကြည့်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။သူတို့နှစ်ယောက်ရဲ့ ဓားရေး ကျွမ်းကျင်မူတွေကို သူ တကယ်ကို စိတ်ဝင်စားမိပါတယ်..။
သူတို့နှစ်ယောက်စလုံးက လမ်းလျောက်တတ်စ အရွယ်ကတည်းက တိုက်ခိုက်ရေးတွေကို သင်ယူလာခဲ့ကြတဲ့ လူတွေပါ..။သူတို့ကို ကြည့်ရတာက..သူ့ရဲ့ တိုက်ပွဲ စတိုင် နဲ့ နည်းစနစ်တွေကို နားလည်မူအတွက် အထောက်အကူဖြစ်မှာ အသေအချာပါပဲ..။နစ်ဖီ နဲ့ ကတ်စတာ တို့ရဲ့ ဒုတိယ အကြိမ် ပြန်လည်တိုက်ခိုက်မူကို ကြည့်ရဖို့ အတွက်ကတော့ ပြောစရာ တောင်
မလိုအပ်တော့ပေ..။သူတို့နှစ်ယောက် တိုက်ခိုက်တာကို နောက်ဆုံးအကြိမ်မြင်ခဲ့ရတုန်းကတော့..ပြောင်းလဲနေတဲ့ ကြယ်ပွင့်က အနည်းငယ် ကွာဟချက်နဲ့ ရှုံနိမ့်ခဲ့ပါတယ်..။
အဲ့အချိန်တုန်းက သူမက ..ဂဏ္ဍ စွမ်းရည်ကို ထုတ်မသုံးခဲ့ပေမယ့်..ဒီနေ့လည်း ပြောင်းလဲသွားမယ့် ပုံစံတော့ မရှိပါဘူး..။နစ် ရဲ့ မီးတောက်တွေက..ကုသမူ ရော အမြစ်ဖြတ်တိုက်ခိုက်မူ အတွက်ရော အသုံးပြုနိုင်ပေမယ့်..ကံဆိုးစွာပဲ လေ့ကျင့်ဖို့အတွက်တော့ အသုံးမပြုနိုင်ပါဘူး..။
ကတ်စတာ သူ့ကို ကြည့်ပြီး..မသာမယာ ပုံစံနဲ့ မျက်မှောင်ကျုတ်လိုက်တယ်..။
ဆန်နီက သူ့ရဲ့ နည်းစနစ် တစ်ခု နှစ်ခုကို သိသွားမှာ စိုးလို့ စိတ်အနှောက်အယှက် ဖြစ်သွားတာလား..။ဒါမှမဟုတ်..သူနဲ့ နစ်ဖီ ရဲ့ နှစ်ကိုယ်ကြား အချိန်ကလေးကို ပျက်ဆီးစေ လို့ စိတ်အနှောက်အယှက် ဖြစ်သွားတာလား..။
'ဘယ်တစ်ခုပဲ ဖြစ်ဖြစ်..ငါ ဂရုမစိုက်ဘူး. '
"မင်း ဘာလုပ်နေတာလဲ.."
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..
"ကြည့်နေတာလေ..။ဘာဖြစ်လို့လဲ..။ဒီ ပေါင်းကူး က မင်းရဲ့ ကလန် ဒါမှမဟုတ် တစ်ခြားတစ်ယောက်ယောက် က ပိုင်ဆိုင်တာလား.."
ဂုဏ်ယူရတဲ့ ဆက်ခံသူက ခေါင်းခါယမ်းလိုက်ပြီး တစ်ဖက်ကို လှည့်သွားခဲ့တယ်..။
"မင်း ကြိုက်သလိုသာ လုပ်တော့.."
နစ် ကတော့ ဆန်နီကို ကြည့်လိုက်ပြီး ဘာမှ မပြောခဲ့ပေ..။သို့ပေမယ့် သူမက စိတ်မရှိဘူးဆိုတာကို သူ ပြောနိုင်ပါတယ်..။
တကယ်တော့..သူမက သူ့ရဲ့ ဆုံးဖြတ်ချက်ကို အသိအမှတ် ပြုလုနီးပါး ပါပဲ..။
အချိန်မဖြုန်းနေတော့ပဲ သူတို့နှစ်ယောက်ဟာ..ဓားတွေကို မြှောက်ပြီး ဆန်နီတောင် လိုက်ကြည့်ဖို့ ခဲယဥ်းတဲ့ အမြန်နှုန်းနဲ့ စတင်ပြီး တိုက်ခိုက်လိုက်ကြတယ်..။ဓားချင်း ထိတဲ့ အသံတွေကတော့ လေထဲမှာ ပျံ့နှံ့နေခဲ့ပါတယ်..။
အနည်းငယ် ကြောင်အစွာပဲ ဆန်နီဟာ..ဒီဒေါသတကြီး တိုက်ခိုက်မူတွေကို..ကြောင်တောင်တောင် အမူအရာနဲ့ကြည့်နေခဲ့တယ်..။
' ချီးပဲ '
အနက်ရောင် မြို့တော်ထဲမှာ မွန်းစတားတွေကို လပေါင်းများစွာ အမဲလိုက်ခဲ့မူ ၊ ကျောက်တုံးသူတော်စင်နဲ့ လေ့ကျင့်မူတွေကြောင့်..ဆန်နီက ..သူ့ရဲ့ ကျွမ်းကျင်မူ တွေ အများကြီး တိုးတက်လာပြီလို့ ထင်ထားခဲ့တာပါ..။ပြီးတော့ တကယ်လည်း တိုးတက် ခဲ့ပါတယ်..။ဒါက နစ်ဖီ ၊ ကတ်စတာ တို့နဲ့ နှိုင်းယှဥ်လိုက်တဲ့ အချိန်မှာတော့..အတော်လေးကို နောက်မှာကျန်ခဲ့ပြီး စိတ်ထိခိုက်စရာပါပဲ..။
.
အရင်ကတော့ ..သူက..သူတို့နှစ်ယောက်ကို ယှဥ်ပြီးတိုက်ခိုက် နိုင်မယ်လို့တောင် ထင်ထားခဲ့ပါသေးတယ်..။ကောင်းပြီ..အနည်းဆုံးတော့ ..သူတို့နှစ်ယောက်တည်းက တစ်ယောက်နဲ့ လက်ရည်တူပေါ့..။သို့ပေမယ့်..ဒီ စိတ်ကူးယဥ်မူလေးက ရက်စက်စွာပဲ နင်းချေ ခံလိုက်ရပါပြီ..။
တကယ်လို့..အခြေအနေတွေကသာ ဆိုးဝါးပြီး..သူကကတ်စတာနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်မယ်ဆိုရင်..ကိုယ့်ကိုကို သတ်သေသလိုဖြစ်သွားမပါ..။အနည်းဆုံးတော့ အခုထိပေါ့..။
ဒါပေါ့..သူ့ကို ထိပ်တိုက်ရင်ဆိုင်မယ့်အစား..ဆန်နီ ကတော့.. နောက်ကနေပဲ လုပ်ကြံဖို့ ရွေးချယ်လိုက်မှာပါ..။
ဒီလို အရည်အချင်းရှိတဲ့..ရန်သူတစ်ယောက်ကို သူက ထိပ်တိုက် ရင်ဆိုင်နေမှာမဟုတ်ပေ..။သူက ဘာလဲ...အရူးတစ်ယောက်လား..။
ဆန်နီဟာ တိုက်ခိုက်မူတွေကို အာရုံစိုက်ပြီး ကြည့်နေခဲ့တယ်..။သူ့ရဲ့ အတွေ့အကြုံသစ်ရဲ့ အကျိုးကျေးဇူး ကြောင့်..ဒီ ပညာရှင်နှစ်ယောက် လှုပ်ရှားမူတွေ ၊ တိုက်ခိုက်မူတွေကို ပိုသိမြင် ၊ ပိုသင်ယူ လာနိုင်ခဲ့ပါတယ်..။တစ်ခါတစ်ရံမှာဆိုရင် သူတို့ ဘယ်လို လှုပ်ရှားတော့မယ် ဆိုတာကိုတောင် သူက ခန့်မှန်းနေနိုင်မိတာပါ..။
.
သို့ပေမယ့်..အချိန်ကုန်ဆုံးလာတဲ့ နောက်မှာတော့ သူ မျက်မှောင်ကျုတ်လိုက်တယ်..။
'သူမ ဘာလုပ်နေတာလဲ..။ဒါက အဓိပ္ပါယ်မရှိဘူး '
နစ်ဖီ က ကတ်စတာ နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ မထင်မှတ်တာ နှစ်ခုကို ဆန်နီ တွေ့မြင်လိုက်ရပါတယ်..။
ပထမ တစ်ခုကတော့ တွေ့မြင်ဖို့ သိသာလှတဲ့ အရာပါ..။ကတ်စတာက သူ့ရဲ့ အမြန်နှုန်းကို အပြည့်အဝ အသုံးမပြုပေမယ့်..နစ်ဖီ သူ့ကို လွှမ်းမိုးနိုင်ဖို့ မဖြစ်နိုင်အောင်..တစ်စိတ်တစ်ပိုင်းကို အသုံးပြုထားခဲ့ပါတယ်..။ထိတွေ့တဲ့ အကြိမ်ရေတိုင်းမှာ သူမ ရှုံးနိမ့်တာက ပိုများနေခဲ့တာပါ..။ဒါက လေ့ကျင့်နေတာ နဲ့တောင် လုံးဝ မတူခဲ့ပေ..။
တကယ်လို့ လေ့ကျင့်သူ တစ်ယောက်က အနိုင်ရဖို့ မဖြစ်နိုင်ဘူးဆိုရင်..လေ့ကျင့်နေလို့ရော ဘာထူးနေဦးမှာလဲ..။ဒါဘာလို့လဲ ဆိုတော့..သူတို့နဲ့ ပြိုင်ဘက်က ကွာခြားမူ အတော်လေးကို ကြီးမားနေလို့ပါ..။
သို့ပေမယ့်..ကျေနပ်မူ အချို့နဲ့ အတူပဲ..ပြောင်းလဲနေတဲ့ကြယ်ပွင့် က..သူ ကျောက်တုံးသူတော်စင် နဲ့ လုပ်ခဲ့တုန်းက အတိုင်း တစ်ထပ်တည်းလုပ်နေတယ်ဆိုတာကို ဆန်နီ နားလည်လိုက်ပါတယ်..။သူမက..လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အားကို ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တယ်..။ဒါကြောင့် သူမက ကတ်စတာကို သူမထက် ပ်ိုမြန်တဲ့ စွမ်းရည်ကို အသုံးပြုပေးဖို့ ပြောထားခဲ့တာပါ..။
ထိပ်တန်း ပြိုင်ဘက် တစ်ယောက်နဲ့ တိုက်ခိုက်ရင်း..ရှုံးနိမ့်ရတာက..သင်ယူဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ..။
'ဟမ့်..ဒီတော့ ဘာပဲဖြစ်ဖြစ် ငါ အနားကို လာခဲ့တာ မှန်သွားတယ် '
တကယ်လို့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်သာ ဒီပုံစံအတိုင်းလုပ်နေမယ် ဆိုရင် ..သူ့ အတွေးတွေက မှန်ကန်သွားပါပြီ..။
သို့ပေမယ့် သူ သတိထားမိတဲ့ ဒုတိယတစ်ခုက ပိုပြီးတောင် ဇဝေဇဝါဖြစ်ဖို့ ကောင်းပါသေးတယ်..။
နစ်ဖီက သူမရဲ့ ခါတိုင်းပုံစံဖြစ်တဲ့..မခန့်မှန်းနိုင်တဲ့ တိုက်ပွဲစတိုင်ကို အသုံးပြုနေတာ မဟုတ်ပါဘူး..။အဲဒီအစား သူမက တိုက်ခိုက်မူတွေရဲ့နောက်ကွယ်မှာ..တိတိကျကျ ဂရုတစိုက် လှုပ်ရှားနေပြီး ၊ ရန်သူရဲ့ ဟာကွက်ပေါ်လာအောင် စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့ပါတယ်..။
ရှုပ်ထွေးမူ နဲ့ လှပမူ အပိုင်းမှာ ဆိုရင်တော့ ဒီစတိုင်က သူမရဲ့ စတိုင် အစစ်အမှန် နဲ့ နှိုင်းယှဥ်ရင်..နိမ့်ချနေတုန်းပါပဲ..။
တကယ်လို့ နစ်ဖီ မပြောင်းလဲတဲ့ တိုက်ခိုက်ရေး ပုံစံကို ပြောပါဆိုရင်တော့ ခက်ထန်မူပါပဲ..။ဒါကြောင့် ဆန်နီကို သူမ သင်ပေးထားတဲ့ နည်းစနစ်က သူမနဲ့ အတော်လိုက်ဖက် နေခဲ့တာပါ..။
ဒါက ပြောင်းလဲမူ စံနမူနာ တစ်ခုအဖြစ်ကို ဖန်တီးထားခဲ့သလိုပါပဲ..။
ဒီတော့..မေးခွန်းက..
သူမက ကတ်စတာနဲ့ တိုက်ခိုက်တာကို ဘာလ်ို့ သောက်ကျိုးနဲ မရင်းနှီးတဲ့ နည်းစနစ်ကို အသုံးပြုနေရတာလဲ..။
အဖြေကတော့ အရမ်းကို သိသာပါတယ်..။ဒါက နစ်ဖီက တိုက်ခိုက်ရေး စတိုင် အသစ်ရဲ့ နည်းစနစ်တွေကို သူမရဲ့ ကိုယ်ပိုင် နည်းစနစ်တွေနဲ့ အသားကျဖို့ ကြိုးစားနေခဲ့တာပါ..။
ဒါမှမဟုတ်ရင်တော့..သူမက အကြောင်းပြချက်တစ်ချို့ကြောင့်..သူမရဲ့ တိုက်ခိုက်ရေး နည်းစနစ် တွေကို ကတ်စတာ ကို မသိစေချင်တာပါပဲ..။
ဒါပေမဲ့ ဘာအကြောင်းပြချက်ဖြစ်နိုင်မလဲ..။
ဆန်နီ မေးစေ့ကို ပွတ်လိုက်တယ်..။
' စိတ်ဝင်စားစရာပဲ '