မတည်မြဲတဲ့ အရိပ်
Vol. 15 Ch. 214
အကြောင်းပြချက် တစ်ချို့ကြောင့် နစ်ဖီက ကတ်စတာ ကို မယုံကြည်တာလား..။
ဆန်နီ လည်း မယုံကြည်ပါဘူး..။အရိုးသားဆုံးပြောရမယ် ဆိုရင်..သူက ဒီလိုလုပ်ဖို့ အကြောင်းပြချက်တွေတောင် မလိုအပ်ပေ..။သူ့ရဲ့ အလိုလို သိစိတ်နဲ့ သံသယ ဖြစ်မူကတင် လုံလောက်ပါတယ်..။
သို့ပေမယ့် ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကတော့ မတူညီပါဘူး..။သူမ လုပ်တဲ့ ကိစ္စတိုင်းရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ လောဂျစ်တွေ ရှိနေစမြဲပါ..။ဒီလောဂျစ် တွေက သာမန်လူတွေနဲ့တောင် မတူညီပေ..။
ဒီတော့ နစ်ဖီက သူမရဲ့ တိုက်ပွဲ စတိုင်ကို ကတ်စတာကို ဖုံးကွယ်ထားတယ်ဆိုရင်..ဒီအတွက်ကျိန်းသေ အကြောင်းပြချက် ရှိပါလိမ့်မယ်..။
သို့ပေမယ့် ဒါက အဓိပ္ပါယ် မရှိပေ..။သူမ လုပ်ခဲ့တဲ့ အရာတွေကို ပြန်ကြည့်မယ် ဆိုရင်လည်း ကတ်စတာက သူမ အယုံကြည်ရဆုံး နောက်လိုက်တစ်ယောက်ပါ..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က တစ်ခြားလူတွေထက်ကို ..သူ့ကို ပိုပြီး ယုံကြည်တဲ့ပုံတောင် ပေါက်နေပါသေးတယ်..။ကတ်စတာ ကိုယ်တိုင်ကလည်း နစ်ဖီ နဲ့ ဆန့်ကျင့်တဲ့ အရာကို ဘယ်တုန်းကမှ မလုပ်ခဲ့ပေ..။
တကယ်တော့..သူက အနည်းငယ်တောင် သစ္စာပိုရှိနေပါသေးတယ်..။ဒီခွေးသားက..နစ်ဖီရဲ့ အနားမှာ ကော်နဲ့ ကပ်ထားသလို ကို အမြဲတမ်း ကပ်နေခဲ့တာပါ..။တစ်ခြားလူတွေ နစ်ဖီ အနားကို ကပ်တဲ့ အချိန်မှာလည်း ဒီ ငနဲက ကြိုက်တဲ့ ပုံမပေါ်ပေ..။
အဲ့အတိုင်းဆိုရင် သူက..ကတ်စီ ရဲ့ ဓားပျံနဲ့တောင် ဆင်တူ နေပါသေးတယ်..။မာဗယ် ပေါင်းကူးပေါ်က တစ်နေ့လုံးမှာ ကတ်စီ ရဲ့ ဓားပျံက မျက်မမြင် မိန်းကလေး အနားကို ..တစ်ခြားလူတွေ ကပ်လာမှာကနေ တားဆီးပေးထားခဲ့တာပါ..။သူ ပေးချင်တဲ့
မက်ဆေ့ကလည်း အရမ်းကို ရိုးရှင်းပါတယ်..။
ငါ မင်းကို စောင့်ကြည့်နေတယ်..
အရိုးသားဆုံးပြောရရင် ဒါက အတော်လေး ရယ်စရာကောင်းတာပါ..။
ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်နဲ့ ကတ်စတာ ရဲ့ ဆက်ဆံရေးက အတော်ကို ထူးဆန်းတာပါ..။သို့ပေမယ့် နောက်တစ်ကြိမ်ဆိုသလိုပဲ သူ အဖြေထုတ်ဖို့အတွက် လုံလောက်တဲ့ အချက်အလက် တွေ ရှိမနေခဲ့ပေ..။သူလုပ်နိုင်တာဆိုလို့..ကတ်စတာ စောင့်ကြည့်နေတဲ့ အချိန်မှာ အိပ်ချင်ယောင်ဆောင်နေပြီး..ကျန်တဲ့အချိန်မှာ သူတို့ကို စောင့်ကြည့်နေရမှာပါ..။
ဒါက ထူးဆန်းတဲ့ ဆက်ခံသူတွေ ကိစ္စများ ဖြစ်နေမလား..။ကလန် ရဲ့ လျိုဝှကိချက်တွေကို ထိန်းသိမ်းထားပြီး..တစ်ခြားကလန်တွေကို သားကောင် မျက်လုံးနဲ့ကြည့်နေတာမျိုးပေါ့..။
ဘယ်သူ သိမှာလဲ..။
ဓားရေး လေ့ကျင့်နေကြတာကိုကြည့်ပြီး ဆန်နီ ရုတ်တရက် အကြံဥာဏ်တစ်ခု ရလာခဲ့တယ်..။
အနည်းငယ် စဥ်းစားပြီးနောက်မှာက..သူက သူတို့ကို ပြန်ကြည့်လိုက်တယ်..။ဒီတစ်ကြိမ်မှာတော့ သူ့ မျက်လုံးတွေက..အရောင်တွေလက်နေခဲ့ပါပြီ..။
'ဒါက...ဒါက တကယ်ကို အလုပ်ဖြစ်တာပဲ..'
အခုချိန်မှာ..သူ့နည်းစနစ် ရဲ့ ပြသနာက..စစ်မှန်တဲ့ ပင်ကို လက္ခဏာ ကင်းမဲ့တာပါ..။ဆန်နီက သူ့အရိပ်ထဲမှာ..သူ့အတွက် ပြိုင်ဘက်ကင်း တိုက်ပွဲ စတိုင် တစ်ခု အဖြစ်အသုံးပြုနိုင်တဲ့ လျိုဝှက်ချက်တစ်ခု ရှိနေတယ် ဆိုတာကို သိထားပြီးသားပါ..။
ဘယ်လို လျိုဝှက်ချက်လဲ ဆိုတာကိုတော့ သူ နားမလည် နိုင်ခဲ့ပေ..။
လေ့ကျင့်နေတဲ့ အချိန်မှာဆိုရင် ဆန်နီက အရိပ်သူတော်စင် နဲ့ သူ့ရဲ့ ကိုယ်ပိုင်အရိပ် နှစ်ခုစလုံးကို အာရုံစိုက်ထားဖို့က အတော်လေး ခဲယဥ်းပါတယ်..။သူ ဘယ်အချိန်ပဲ ကြိုးစားကြိုးစား..ကြမ်းတမ်းတဲ့ သူရဲကောင်းက မရေမတွက်နိုင်တဲ့ နာကျင်မူတွေကိုပဲ ပေးနေခဲ့တာပါ..။သို့ပေမယ့် ဒီနာကျင်မူတွေကိုသည်းခံနိုင်တယ်ဆိုရင်တောင် သူနဲ့ နားလည်သဘောပေါက်ခြင်း ကြားထဲမှာ နံရံတစ်ခုက ကွာခြားနေတုန်းပါ..။
သူက ချိုးဖျက်နိုင်ဖို့တူအတွက် အတော်လေးကို လိုအပ်နေပါသေးတယ်..။
တကယ်လို့ ..သူ့ အရိပ်တွေက သူ့ကို ပုံတူကူးရမယ့်အစား တစ်ခြားတစ်ယောက်ယောက်ကို ကူးချနေတယ် ဆိုရင်ရော ဘယ်လိုလုပ်မလဲ..။ပြီးတော့ တစ်ခြားသူတစ်ယောက်မဟုတ်ပဲ..တိုက်ပွဲထဲမှာ ရှိနေတဲ့ဓားပညာရှင်တစ်ယောက်ကိုပါ..။
ဆန်နီက အသေးစိတ်ကျတဲ့ လှုပ်ရှားမူတွေကို လေ့လာနိုင်ရုံတင်မကပဲ..သူတို့ကိုလည်း နှိုင်းယှဥ်ကြည့်နိုင်ပါသေးတယ်..။
ဘာပဲဖြစ်ဖြစ် အရိပ်တွေက သူ့ရဲ့ အစိတ်အပိုင်းတွေပါ..။ဆန်နီ ဘယ်နေရာမှာ အဆုံးသတ်ပြီး ၊ အရိပ်က ဘယ်နေရာမှာ စတင်တာလဲ ဆိုတာက ပြောရခက်တဲ့ အရာတွေ ဖြစ်နေခဲ့တယ်..။ဒါကြောင့်ပဲ.. အရိပ် ဘယ်လို လှုပ်ရှားမယ် ၊ သူ ဘယ်လို လှုပ်ရှားမယ် ဆိုတာတွေက..ခန့်မှန်းလို့ မရပါဘူး..။
တကယ်လို့ အရိပ်က တစ်ခြား တစ်စုံတစ်ယောက်ရဲ့ ပုံစံကို လိုက်လုပ်နေမယ်ဆိုရင်..သူက အဲဒီလူရဲ့ လှုပ်ရှားမူတွေကို အရိပ်ကနေတဆင့် အကဲဖြတ်နိုင်တော့မှာပါ..။
ဒါက အလုပ်ဖြစ်လောက်တယ်..။
မျှော်လင့်ချက်တွေနဲ့ အတူပဲ..ဆန်နီဟာ..နစ်ဖီနဲ့ ကတ်စတာ တို့ ခနနားတာကို စောင့်ပြီး..သူ့အရိပ်ကို ဂုဏ်ယူရတဲ့ ဆက်ခံသူထံလွှတ်လိုက်ပါတယ်..။
အဖြူရောင် မာဗယ်ကျောက်ပေါ်ကနေတဆင့် အရိပ်က ကတ်စတာ အနားကို ကပ်သွားပြီး..သူ့ရဲ့ ခြေထောက်တွေကို ပူးကပ်လိုက်တယ်..။ပြီးတာနဲ့ သူက လက်ပိုက်ထားပြီး..ဆက်ခံသူကို အထင်သေးလုနီးပါး အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်..။
ကတ်စတာက အရိပ်ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်လိုက်ပြီး..ဆန်နီ ဘက်ကို ခေါင်းလှည့်လာခဲ့တယ်..။သူ့ရဲ့ မျက်နှာပေါ်မှာတော့ ထူးဆန်းတဲ့ အမူအရာ ရှိနေခဲ့ပါတယ်..။
"မင်း..မင်း ဘာလုပ်နေတာလဲ.."
သူ့ အသံက သိပ်ပြီး ပျော်ရွှင်ပုံ မရပေ..။
ဆန်နီ ပုခုံးတွန့်ပြီး လွတ်လပ်တဲ့ အပြုံးနဲ့ ပြုံးလိုက်တယ်..။
"အိုး..သူ့ကို ဂရုစိုက်မနေနဲ့..။ဒီအရူးက ငါ့ကို တက်ရောက်မူ ဝိဥာဥ် အမြုတေ ရှုံးအောင်လုပ်ထားတာလေ..။ဒါကြောင့် သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ မင်းရဲ့ အရိပ်အဖြစ် ခနလုပ်ခိုင်းထားတာ..။ဒီတော့ သိတယ်မလား..။မင်းက လုပ်စရာ ရှိတာ ဆက်လုပ်..စိတ်ပူစရာ မရှိဘူး.."
အရိပ်ကတော့ သူ့ဘက်ကို ခေါင်းလှည့်လာပြီး ထိုးဖောက်မတတ် အကြည့်တွေနဲ့ ကြည့်နေခဲ့ပါပြီ..။
ဆန်နီကတော့ သူ ဘာတွေးနေမလဲ ဆ်ိုတာကို သိနေခဲ့တယ်..။
....မင်း ဘယ်သူ့ကို အရူးလို့ခေါ်နေတာလဲ..မင်းကမှ အရူးပဲ...။
'ဒီလိုပဲ ဖြစ်လောက်မှာပေါ့..။ငါ ခန့်မှန်းတာ မှန်တယ်မလား..ဟမ်..။အိုး ..ဆောရီး..မင်း အဖြေမပေးနိုင်ဘူးဆိုတာကို ငါမေ့သွားတယ်..'
သူ အပြစ်ပြုမိခဲ့တဲ့ အရိပ်ကို ထပ်ပြီး ဂရုစိုက်မနေတော့ပဲ..သူက ဒီတိုင်းသာ ပြုံးထားခဲ့ပါတယ်..။
ကတ်စတာ မျက်မှောက်ကျုတ်ကာ အနည်းငယ် တွေဝေနေပြီးကာမှ အံကိုကြိတ်ပြီး ပြောလိုက်တယ်..။
"မင်း ဒီလို မလုပ်ထားရင် ပိုကောင်းလိမ့်မယ်.."
ဆန်နီ သက်ပြင်းချလိုက်ပြီး..
"အာ..ကောင်းပြီလေ..။ဘာပဲဖြစ်ဖြစ်ပေါ့.."
ဒီလို ပြောပြီးတာနဲ့ သူက အရိပ်ကို ဆက်ခံသူကို ထားခဲ့လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်..။
အရိပ်က ကတ်စတာဆီကနေ ခွာပြီး..သူ့ခြေထောက်တွေကို ရွံ့ရှာတဲ့ ပုံစံနဲ့ သုတ်ဟန်ဆောင်ပြီးမှ နစ်ဖီ ဆီကို ဦးတည်သွားလိုက်တယ်..။သူက သူမရဲ့ ခြေထောက်နားကို မြင်သာအောင် လျောက်သွားပြီး..သူမရဲ့ မူလ အရိပ်ကိုတောင်မှ အရိုအသေ ပေးလိုက်ပါသေးတယ်..။ပြီးတာနဲ့ တစ်ခြားတစ်ဖက်မှာ နေရာဝင်ယူလိုက်တယ်..။
'ဒီ..ဒီငနဲက ဘာလုပ်နေတာလဲ..။
ဒါပေါ့ ဆန်နီက အရိပ်ကို နစ်ဖီ ဆီ သွားဖို့ ညွှန်ကြားခဲ့ပါတယ်..။သို့ပေမယ့်..သူက မြင်သာအောင် ခွင့်တောင်းပြီး ပြုလုပ်မယ်လို့တော့ မထင်ထားခဲ့ပေ..။
ဒါက အရိပ်ရဲ့ အသိဥာဏ်က တစ်စုံတစ်ယောက် ရဲ့ ခိုင်းစေမူကို လိုက်လုပ်နေရတာမျိုးထက် ကျော်လွန်နေတဲပုံပါပဲ..။
' မင်း..သစ္စာဖောက်..'
နစ်ဖီကတော့ အရိပ်ကို ငုံ့ကြည့်လိုက်ပြီး ပြုံးကာ ဘာမှမပြောခဲ့ပေ..။
'ကောင်းပြီ..အဆင်ပြေတယ်..။အခု တိုက်ခိုက်ကြတော့..'
ဆက်ခံသူ နှစ်ယောက်က သူ့ကို အကြာကြီး မစောင့်ခိုင်းခဲ့ပေ..။ခနအကြာမှာတော့ သူတို့နှစ်ယောက်က အပြင်းအထန်း တိုက်ခိုက်နေကြပြန်ပါပြီ..။ဒီတစ်ကြိမ်မှာတော့..နစ်ဖီ ရဲ့ အနားမှာ အရိပ်နှစ်ခု ရှိနေခဲ့ပါတယ်..။
သူတို့နှစ်ယောက်က..သူမရဲ့ လှုပ်ရှားမူတွေကို တစ်ထပ်တည်း လိုက်လုပ်နေပေမယ့်..တစ်ယောက်ကတော့ မသိမသာလေး..ကွဲပြားနေခဲ့တယ်..။
ဆန်နီကတော့ သူ့ရဲ့ အရိပ်ကို မာဗယ်ကျောက်မှာ အပေါက်နှစ်ခု ဖြစ်သွားတော့ မတတ် စိုက်ကြည့်နေခဲ့ပါတယ်..။
မကြာခင်မှာပဲ သူ့ရဲ့ မျက်လုံးတွေပြူးကျယ်သွားခဲ့ပါပြီ..။
'ငါ..ငါ တွေ့လိုက်တယ်..။ငါ တွေ့လိုက်တယ် ထင်တယ်နော်..'
ပြောင်းလဲနေတဲ့ကြယ်ပွင့် ရဲ့ကိုယ်ပိုင်အရိပ် လှုပ်ရှားမူ နဲ့ သူ့ရဲ့ အရိပ်လှုပ်ရှားမူကြားထဲမှာ တကယ်ပဲ သေးငယ်ဆုံးသော ကွာခြားမူလေး ရှိနေခဲ့တာပါ..။သူ နောက်ဆုံးတော့ မြင်ခဲ့ရပါပြီ..။
သူက..သူ့ရဲ့ ချိုးဖျက်ရမယ့်နေရာကို တွေ့ခဲ့ပါပြီ..။