အပြန်အလှန် သဘောပေါက်မူ
Vol. 15 Ch. 216
ဆန်နီဟာ နစ်ဖီကို ရှုပ်ထွေးတဲ့ အကြည့်နဲ့ကြည့်လိုက်တယ်..။အတော်ကြာပြီးကာမှ သူ မေးလိုက်ပါတယ်..။
"ဒီလောက်တန်ဖိုးရှိတဲ့ အရာကို ဘာလို့ ငါ့ကိုယုံကြည်ပြီး ပေးရတာလဲ.."
သူမ သူ့ကိုကြည့်ပြီး အတော်ကြာအောင် တွေဝေနေပြီးကာမှ ပုခုံးတွန့်လိုက်တယ်..။
"ငါတို့်မှာ အပေးအယူရှိတယ်လေ..မှတ်မိတယ်မလား..။ငါ့ရဲ့ အသိပညာ တွေရဲ့ အလဲအလှယ်အနေနဲ့ နင်ရရှိမယ့် ဝေစုကို ငါ ယူရလိမ့်မယ်.."
သူတို့မှာ တကယ်ပဲ ဒီလိုမျိုး အပေးအယူ ရှိခဲ့ပါတယ်..။သို့ပေမယ့်..ဒီဟာကို လုပ်ခဲ့တဲ့ အချိန်မှာ ဆန်နီက ရိုးသားစွာ လုပ်ခဲ့တာမဟုတ်ပေ..။ဘာပဲဖြစ်ဖြစ် အဲဲဒီ ဝေစုတွေက သူ့အတွက် အသုံးဝင်တာ မဟုတ်ပါဘူး..။
ဆန်နီ မျက်နှာရှုတ်မဲ့သွားခဲ့တယ်..။တကယ်လို့ သူမသာ အလိမ်အညာတစ်ခုကြောင့်နဲ့..မိသားစုရဲ့ လျိုဝှက်ချက်ကို ဖော်ထုတ်မိခဲ့မှန်းသိရင် ..သူ့ကို အတော်လေး စိတ်ပျက်သွားပါလိမ့်မယ်..။
ဒါက သူက သူမကို စိတ်ပျက်မိခဲ့သလိုပါပဲ..။
ခါးသက်တဲ့ အပြုံးနဲ့ သူ အဝေးကိုကြည့်ပြီး ပြောလိုက်တယ်..။
"ငါ အဲဒီအပေးအယူနဲ့ပတ်သက်ပြီး လိမ်ညာခဲ့တယ်ဆိုတာကိုတော့ နင်အခု သိထားလောက်ပြီပေါ့.."
နစ်ဖီက သူ့ဘက်ကို လှည့်ပြီး ပြောလိုက်တယ်..။သူမရဲ့ အသံကတော့ ခါတိုင်းလိုပဲ တည်ငြိမ်နေတုန်းပါပဲ..။
"နင်က..သန်မာလာဖို့အတွက် ..ဝိဥာဥ် အမြုတေတွေကို စုပ်ယူဖို့ မလိုအပ်တဲ့အချက်ကို ဆိုလိုတာလား.."
ဆန်နီ ခနလောက်အေးခဲသွားပြီးမှ ခေါင်းညိမ့်ပြလိုက်တယ်..။
"နင့်ကြည့်ရတာ သိပ်ပြီး မအံ့ဩသလိုပဲ.."
ပုံရိပ်တွေ..။ဆန်နီ သူ့ရဲ့ စွမ်းရည်ကို ပထမဆုံး သိခဲ့တုန်းက အတော်လေး အံ့ဩသင့်ခဲ့ရပါတယ်..။သ်ို့ပေမယ့် နစ်ဖီကတော့ သာမန်လူတွေ သိထားတာထက် အများကြီး ပိုသိထားတဲ့ပုံပါပဲ..။
သူမက..တစ်ခြားအမူအရာတစ်ခုခုကိုတောင် ဟန်မဆောင်ခဲ့ပေ..။
"ဒါက အရမ်းကို ရှားပါးတဲ့စွမ်းရည်မျိုးပဲ..။ဒါပေမဲ့ န်ိုးထသူ တွေရဲ့ အထက်ပိုင်းအဆင့်တွေမှာ မကြားဖူးတဲ့ စွမ်းရည်မျိုးတော့ မဟုတ်ဘူး..။တကယ်တော့ ငါလည်း ဒီလို မျိုး စွမ်းဆောင်နိုင်စွမ်းရှိတယ်..။အထူးသဖြင့် နင့်ရဲ့ တစ်ခုကတော့ ပြိုင်ဘက်ကင်းနေတဲ့ ပုံပဲ.."
ဆန်နီ သူမကို ကြည့်လိုက်ပြီး..
"ဘယ်လိုမျိုးလဲ.."
ပြောင်းလဲနေတဲ့ ကြယ်ပွင့်ဟာ ခနလောက်တိတ်ဆိတ် နေပြီးမှ..သိချင်စိတ်တစ်ချို့နဲ့ ပြောလာခဲ့ပါတယ်..။
"ပုံမှန်အားဖြင့် နိုးထသူတွေက ဝိဥာဥ် အဆီအနှစ်တွေကို စုပ်ယူတဲ့ အချိန်မှာ ဖြစ်စဥ်အရ ဝိဥာဥ် အမြုတေကို ဘာမှမရှိပဲ ကျန်ခဲ့စေတယ်လေ..။ဒါပေမဲ့ နင်စုပ်ယူတဲ့ အချိန်ဆိုရင်..အမြုတေ ထဲမှာ တောက်ပနေတုန်းပဲ..။ဒါက..အရမ်းကို မူမမှန်ဘူး.."
သူ မသက်မသာ နဲ့ လှည့်လာခဲ့ပြီး..
"အင်း..ကောင်းပြီ..နင့်မှာလည်း လျို့ဝှက်ချက် ရှိနေတာပဲ နစ်..။ငါသတိမထားမိဘူးလို့ တော့ မထင်နဲ့..။မျိုးနွယ် ၊ မှတ်သားမူတွေ ၊ ပိုက်နက်တွေ ..."
နစ်ဖီက လေးလံတဲ့ အကြည့်နဲ့ သူ့ကို ကြားဖြတ်လိုက်တယ်..။ဆန်နီ တိတ်ဆိတ်သွားပြီး သူမကို မျက်မှောင်ကျုတ်ကာ ကြည့်နေခဲ့ပါတယ်..။သူမက ထူးဆန်းတဲ့လေသံနဲ့ ပြောလာခဲ့တယ်..။
"အဲ့စကားလုံးတွေကို အသံကျယ်ကျယ် မပြောမိစေနဲ့ ဆန်နီ..။ငါ အတည်ပြောနေတာ..။သူတို့ကို သိနေတာနဲ့တင် နင် အသတ်ခံရနိုင်တယ်.."
သူက သူမကို အတော်ကြာအောင် စိုက်ကြည့်နေပြီးကာမှ ပြောလိုက်တယ်..။
"ပြသနာ မရှိဘူး..။နင်က ငါ့ရဲ့လျို့ဝှက်ချက်တွေကို မပြောပဲ ယဥ်ကျေးမူရှိတာကြောင့် ငါလည်း ပြောမှာမဟုတ်ဘူး..။ဘာပဲဖြစ်ဖြစ် ငါလည်း အဲတာတွေကို သိချင်နေတာ မဟုတ်ဘူးလေ..။နင်ပြောလိုက်တဲ့ ဆန်းကျယ်တဲ့ အထက်က လူတွေ..က ညစ်ပတ်တဲ့ ကစားနည်းတွေကို သူတို့ကြိုက်သလောက် ကစားလို့ရတယ်..။ငါ့ကို လာပြီး မရှုပ်ကြ သ၍ပေါ့.."
ယင်းနောက် ဆန်နီ မျက်မှောင်ကျုတ်ပြီး ထပ်ပြောလိုက်ပါတယ်..။
"ဒါပေမဲ့..ငါနင့်ကိုမေးစရာ မေးခွန်းတစ်ခုရှိသေးတယ်..။ဘာလို့လဲဆိုတောါ အဲတာက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်နေလို့ပဲ..
သူမ မျက်ခုံးပင့်တင်လိုက်ပြီး..
"ကောင်းပြီလေ..မေးပါ.."
သူ ပြောလိုက်တယ်..။
"နင့်ရဲ့ အစစ်အမှန် နည်းစနစ်တွေကို ဘာလို့ ကတ်စတာကို ဖုံးကွယ်ထားတာလဲ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက်ကြည့်ပြီးမှ ပြုံးလိုက်တယ်..။
"ဒီတော့ နင်သတိထားမိတယ်ပေါ့..။ဒါလည်း ကောင်းတညပဲ..။ဟုတ်တယ်..ငါက ကတ်စတာနဲ့ ရင်ဆိုင်တဲ့ အချိန်မှာ မတူညီတဲ့ ဟန်ပန်တစ်ခုကို အသုံးပြုနေတာ.."
ဆန်နီ သူမကို မပြုံးမရယ်ပဲ ကြည့်နေခဲ့တယ်..။
"ဘာလို့လဲ.."
သူမ ပုခုံးတွန့်လိုက်ပြီး..
"နင်က ဘာလို့ ကျောက်တုံးသူတော်စင်ရဲ့ နည်းစနစ်တွေကို နင့်ရဲ့ ကိုယ်ပိုင်အဖြစ် ပေါင်းထည့်နေတာလဲ.."
သူ ခေါင်းခါယမ်းလိုက်ပြီး..
"ပိုသန်မာချင်လို့ပေါ့..။ပြီးတော့ ..လမ်းကြောင်းလွှဲတာတော့ ကောင်းပါတယ်..ဒါပေမဲ့ ငါ လှည့်စားခံရမှာမဟုတ်ဘူး..။နင့်ကို သင်ပေးခဲ့တဲ့လူက ငါပဲလေ..မှတ်မိတယ်မလား..။ဒီတော့ ရပ်လိုက်တော့..။ငါ မေးတာသာ ဖြေဦး.."
နစ်ဖီ သက်ပြင်းချလိုက်ပြီး အဝေးမှာ ရှိနေတဲ့ ကြက်သွေးရောင် ထိပ်ဖျားရဲ့ အရိပ်ကို ကြည့်လိုက်တယ်..။အတော်ကြာပြီးကာမှ သူမ ပြောလိုက်ပါတယ်..။
"ငါတို့ အနက်ရောက်မြို့တော်ထဲကို ပြန်ရောက်တဲ့ အချိန်ကျရင် နင့်ကို အဖြေပြောပြမယ်..။အဲ့မတိုင်ခင်အထိတော့ ဘယ်ဟာကမှ ပြောင်းလဲမှာမဟုတ်ဘူး..။ဘာလိုပဲဖြစ်ဖြစ် နင့်ရဲ့ လုံခြုံရေးကို ထိခိုက်ခံလို့ မဖြစ်ဘူး.."
'ဒါက ဘာကိုဆိုလိုတာလဲ..'
သူ သူမကို စိုက်ကြည့်နေတုန်းမှာပဲ..ပြောင်းလဲနေတဲ့ကြယ်ပွင့်က မတ်တတ်ထရပ်ပြီး..ထွက်သွားဖို့ လုပ်လိုက်ပါတယ်..။သို့ပေမယ့် ဒီမတိုင်ခင်မှာတော့ သူမ ခနလောက်တွေဝေပြီး ပြောလိုက်တယ်..။
"နင့်ရဲ့ ဓားကို ဆက်ပြီးသွေးထား ဆန်နီ..။ငါ နင့်ဆီကနေ အများကြီး မျှော်လင့်ထားတယ်.."
ဒီလို ပြောပြီးတာနဲ့ သူမက အဝေးကိုလျောက်သွားပြီး သူ့ကို ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်စေခဲ့ပါတယ်..။
'သူမက ဘာကိုဆိုလိုတာလဲ..'
***
နစ်ဖီ ထွက်သွားပြီးနောက်မှာတော့ ဆန်နီက သူ့ရဲ့အရိပ်ကို ပြန်ကြည့်လိုက်တယ်..။သို့ပေမယ့် ဒီအထဲမှာ ပုန်းကွယ်နေတဲ့ အဆီအနှစ်နဲ့ အခြေခံ တိုက်ပွဲ ဟန်ပန် ကို ဖော်ထုတ်နိုင်တာက လွဲရင်..ဒီဟာတွေကို လက်တွေ့ဟန်ပန် အဖြစ် ဘယ်လို ဖန်တီးရမလဲ ဆိုတာ သူ မသိသေးပါဘူး..။
ဘာမှ မရှိတဲ့ အခြေအနေကနေ တစ်ခုခုကို ဖန်တီးဖို့အတွက် သူ့မှာလုံလောက်တဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မူတွေ ရှိမနေသေးပေ..။ဒါက တကယ်ကို သောက်ကျိုးနဲ အဆုံးသတ်ပါ..။
'ချီးပဲ..ငါ ဘာမှ မလုပ်နိုင်ရင်လည်း..ဘာလို့ သောက်ကျိုးနဲ ဆန်းကျယ်မူတွေကို ငါ့စွမ်းရည်ထဲမှာ ဖုံးကွယ်ထားရတာလဲ..'
သို့ပေမယ့် အနာဂတ်မှာတော့ သူဒီဟာကို ဖန်တီးနိုင်တာ ဖြစ်နိုင်ပါတယ်..။သို့ပေမယ့် အခုတော့ သူက တံခါးကို တွေ့နေရပေမယ့် သော့ကို ထည့်ပြီးဖွင့်ဖို့ လုံလောက်အောင် မသန်မာသေးပေ..။ဒီအရာက ကြက်သွေးရောင် ထိပ်ဖျားမှာ ရှိနေတဲ့ ထွက်ပေါက်တစ်ခုလို သူ့ကို ဆက်တိုက် စနောက်နေခဲ့တာပါ..။
ဒါက တကယ်ကို နိပ်စက်မူတစ်ခုလိုပဲ..။
'ငါက ဒီ ဖုံးကွယ်နေတဲ့ ဟန်ပန်ကို သတ်ိမထားမိပဲ နေလိုက်ရမှာ...'
သို့ပေမယ့် သူက သတိထားမိခဲ့ပါတယ်..။ပြီးတော့ ဒီလျို့ဝှက်ချက်ကို သိဖို့လည်း အများကြီး အားထုတ်ထားခဲ့ပါသေးတယ်..။ဒါတွေအကုန်လုံးက ဘာမှ အရာမထင်တော့ဘူးလား..။ကြိုးစားမူတွေအတွက် နာကျင်မူပဲ ပြန်ရမှာလား..။
သူ့ကို အခိုက်အတန့်က ဘာလုပ်ချင်နေတာလဲ..။
'မင်း စကားပြောလို့မရဘူးလား..။အဲဒီသောက်ကျိုးနဲ အခိုက်အတန့်..။မင်းကိုယ်မင်းရော ဘာလို့ ဒီလိူအရာမျိုး ပြန်မလုပ်တာလဲ..။
သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆန်နီ အဝေးကိုကြည့်လိုက်ကာ..အရိပ်တွေ ၊ နည်းစနစ်တွေ နဲ့ တိုက်ပွဲဟန်ပန် တွေ အကုန်လုံးက်ို မေ့ဖျောက်ဖို့ကြိုးစားလိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ်..အခုက မှောင်လုနီးပါးဖြစ်နေပါပြီ..။
'အိပ်ဖို့အချိန်ရောက်ပြီ..'
မာဗယ်ပေါင်းကူးရဲ့ အလယ်ကို လျောက်သွားပြီး တစ်ခြားအဖွဲ့ဝင်တွေနဲ့ အတူလဲလျောင်းကာ ဆန်နီ အိပ်ဖို့ကြိုးစားလိုက်ပါတယ်..။
ကမ်းခြေအားလပ်ရက်ကတော့ ပြီးသွားပါပြီ..။ဒါက ရယ်မောစရာ ၊ အံ့ဩစရာ ၊ မထင်မှတ်တဲ့ ခံစားချက်တွေနဲ့ ပြည့်နေပေမယ့် အဆုံးမှာတော့ ခါးသက်မူတွေနဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ်..။
မနက်ဖြန်ကတော့ ရှည်လျားတဲ့ နေ့တစ်နေ့ဖြစ်တော့မယ်..။
' ဘယ်လို ငရဲမျိုးလဲ..။ဒါက..ဒါက..'
မောပန်းနွမ်းနယ်မူတွေနဲ့အတူပဲ..သူက အတွေးတွေ မဆုံးခင်မှာတင် အိပ်ပျော်သွားခဲ့ပါပြီ..။
***
'...ခရက် '
ဆန်နီ မျက်လုံးဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို စိတ်ရှုတ်ထွေးစွာကြည့်လိုက်တယ်..။
ကမ္ဘာကြီးကို ဆည်းဆာချိန်ရဲ့ မှိန်ပြပြအရောင်က ဖုံးကွယ်ထားခဲ့တယ်..။နက်ရှိုင်းတဲ့ အရိပ်တွေက သူ့ဘေးနားမှာ ဝန်းရံပြီး..မာဗယ်ကျောက်ရဲ့ နံရံတွေအပေါ်ကို တွယ်တက်နေခဲ့ကြတယ်..။ကြီးမားတဲ့ တိုင်တွေကြားထဲကို ကြည့်လိုက်တဲ့အချိန်မှာတော့ အလင်းမရှိတဲ့ ကောင်းကင်ပေါ်မှာ အနက်ရောင်နေဝန်း ကြီးကို ဆန်န်ီ တွေ့လိုက်ရပါတယ်..။
'နေ..နေကြတ်နေတာလား..'
မဟုတ်ဘူး ခနလေး..နံရံတွေ ၊ တိုင်တွေက ဘာတွေလဲ..။သူက အဖြူရောင်ပေါင်းကူးပေါ်မှာ အိပ်နေတာမဟုတ်ဘူးလား..။
...ဘာတွေဖြစ်နေတာလဲ...။
ရုတ်တရက် အမျိုးသမီးတစ်ယောက်ရဲ့ အော်သံက တိတ်ဆိတ်မူကို ဓားတစ်ချောင်းလို ဖောက်ထွင်းလာခဲ့တယ်..။ဆန်နီ သူ့ရဲ့ သန်းခေါင်းယံ အမြုတေကို ထုတ်ယူဖို့ လုပ်လိုက်တဲ့ အချိန်ကျမှ သူ့မှာလက်တွေ ရှိမနေဘူးဆိုတာကို နားလည်လိုက်ပါတယ်..။
ယင်းနောက် အမှောင်ထု ထဲကနေ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်..။
...ကလေးတစ်ယောက်ရဲ့ ငိုသံ...
'ဘယ်လို..သောက်ကျိုး...'
တစ်ချိန်တည်းမှာ ဆန်နီ တစ်ခုခု ဆိုးဝါးတာကို နားလည်လိုက်ပါတယ်..။
ဒါက အိပ်မက်တစ်ခုပဲ..။သူ အိပ်မက်မက်နေတာ..။
...လူတွေက အိပ်မက်ကမ္ဘာထဲမှာဆိုရင် အိပ်မက်မက်နိုင်စွမ်း မရှိကြပေ..။
'မကောင်းတော့ဘူး..'