ပုံသဏ္ဌာန် ကင်းမဲ့မူ
Vol. 15 Ch. 215
နစ်ဖီ အတိုင်း လှုပ်ရှားနေတဲ့ အရိပ်နှစ်ခုကို လေ့လာနေရင်း..ဆန်နီဟာ နောက်ဆုံးမှာတော့..နားလည်ရခက်ခဲတဲ့ အရိပ် ဟန်ပန်ရဲ့ အခြေခံကို သဘာပေါက်သွားခဲ့တယ်..။
အရင်တုန်းက သူက အနှစ်သာရတစ်ခုလုံးရဲ့ အရိပ်အယောင်လောက်သာ ခံစားရတာပါ..။သူ့ရဲ့ အရိပ်လိုပဲ ဒီ တိုက်ပွဲ ဟန်ပန်က မသ်ိမသာ အန္တရာယ်ရှိမူ ၊ ပုံရိပ်ကင်းမဲ့မူ ၊ အမြဲပြောင်းလဲနေမူ တွေနဲ့ပြည့်နှက်နေခဲ့တာပါ..။သို့ပေမယ့်..ဒါက ပြသနာကို ဖြေရှင်းပေးလိုက်တဲ့ အရာပါပဲ..။တိုက်ပွဲ ဟန်ပန် တစ်ခုက်ို အဓိပ္ပါယ် ဖွင့်ဆိုရမယ် ဆိုရင်..တိုက်ခိုက်ရေး ပုံစံတွေရဲ့ ဖွဲးစည်းမူ မူဘောင် နဲ့ စည်းမျဥ်းတွေ ၊ ရန်သူတစ်ယောက်ကို ဘယ်လို အနိုင်ယူရမလဲဆ်ိုတာကို ညွှန်ကြားပေးန်ိုင်တဲ့ မူဝါဒ တွေပါ..။
အဲဒီ မူဝါဒက အခြေခံအဖြစ် နဲ့ ဟန်ပန်တစ်ခု ဖန်တီးဖို့ များပြားလှတဲ့ အသေးစိတ် လှုပ်ရှားမူတွေ အဖြစ် အသုံးချတာပါ..။
ဒါပေမဲ့ တစ်စုံတစ်ခု က ပုံသဏ္ဌာန်မပြောင်းလဲပဲ..သူ့ရဲ့ ပုံစံက ဆက်တိုက် ပြောင်းလဲနေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး လေးနက် နိုင်တော့မှာလဲ..။ဆန်နီဟာ..အရိပ် ဟန်ပန်ကနေ သူ ခံစားလိုက်ရတဲ့ အယူအဆ တွေကို လက်တွေ့မှာ ဘယ်လ်ိုပြန်ပြီး အသုံးချမလဲ ဆိုတာကို မသိသေးပါဘူး..။
မသိမသာ စိမ့်ဝင်မူ ၊ ပုံသဏ္ဌာန် ကင်းမဲ့မူ ၊ အမြဲတမ်းပြောင်းလဲ မူ။
သူ က ဒီအရာတွေ နဲ့ ဘာလုပ်ရမှာလဲ..။
သို့ပေမယ့် အခုတော့ သူ နားလည်သွားခဲ့ပါပြီ..။အရာအားလုံးအတွက် အဓိက သော့ချက်က အရမ်းကို ရိုးရရှင်းနေတာကြောင့် သူ ရယ်မောလု နီးပါးကို ဖြစ်နေခဲ့တယ်..။သူ အစောက ဘာလို့ မစဥ်းစားမိခဲ့တာလဲ..။ဒါက အရမ်းကို သိသာလွန်းပါတယ်..။
ဒါက ပုံတူကူးယူခြင်းပါ..။
ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က အရိပ်တွေ အကြောင်းကို တွေးမယ်ဆိုရင်..အချက်နှစ်ချက်က အရင်ဆုံး ဝင်လာပါလိမ့်မယ်..။သူတို့က အမှောင်ထဲမှာ နေပြီး..အလင်းကနေ ပုံးကွယ်နေတဲ့ အရာတွေကိုပုံတူကူးနေခဲ့တာပါ..။
တိုက်ပွဲ ဟန်ပန် ရဲ့ အခြေခံ သဘာတရားက တကယ်ကိုပဲ..မသိမသာ စိမ့်ဝင်မူ ၊ ပုံသဏ္ဌာန် ကင်းမဲ့မူ နဲ့ အမြဲတမ်း ပြောင်းလဲမူတွေပါ..။သူ့ရဲ့ အမြုတေက ရန်သူရဲ့ အသန်မာဆုံးအရာတွေကို ခိုးယူပြီး..အဲတာနဲ့ပဲ ရန်သူကို ပြန်လည် ဖျက်ဆီးပါလိမ့်မယ်..။
ဒီဟန်ပန်ကို ကျွမ်းကျင်ဖို့အတွက်ဆိုရင် သူက အရိပ် တစ်ခုလိုပဲ ပြုမူရမှာပါ..။
ဆန်နီက နစ်ဖီ နဲ့ ကတ်စတာ တို့ကို ကြည့်နေပေမယ့်..သူတို့ကို မမြင်ရပေ..။သူ့ရဲ့ စိတ်တွေက ရုတ်တရက် နားလည်သဘောပေါက်မူတွေမှာပဲ နစ်မြုပ်နေခဲ့တာပါ..။သူတို့ရဲ့ တိုက်ခိုက်မူကို ထပ်ပြီးအာရုံစိုက်နေဖို့ သူ့မှာ အချိန်မရှိတော့ပါဘူး..။
ဒီ ဟန်ပန် ...ဒီဟန်ပန်က အဆုံးမရှိတဲ့ အလားအလာ တွေ ရှိနေတယ်..။သူသာ ဒီဟာကို ကျွမ်းကျင်သွားမယ် ဆိုရင်..သူ့ကို တိုက်ခိုက်လာတဲ့ ဘယ် ဟန်ပန် ၊ ဘယ်နည်းစနစ် ကိုမဆို ပြန်လည် ခုခံနိုင်သွားမှာပါ..။ခန့်မှန်းလို့ မရနိုင်တဲ့ ပြိုင်ဖက်တစ်ယောက်ဖြစ်လာဖို့ ဆ်ိုရင် ပြောစရာတောင်မလိုတော့ပေ..။
ပုံဏ္ဌာန် မရှိတဲ့ အရိပ်ထက်ပိုပြီး ခန့်မှန်းလို့ မရနိုင်တာက ဘာများရှိဦးမှာ မ်ို့လို့လဲ..။
ဒါပေါ့..ပါးစပ်နဲ့ပြောရတာထက် လက်တွေ့လုပ်ရတာက ပိုပြီးခက်ခဲပါတယ်..။ပထမဆုံးပြောရမယ် ဆိုရင်..ရန်သူကို ပုံတူကူးနိုင်တဲ့ စွမ်းရည်က အတော်လေးကို အံ့ဩဖို့ကောင်းလှပါတယ်..။ဒါက များပြားလှတဲ့ ပါရမီ ၊ အတွေ့အကြုံ နဲ့ အသုံးပြုသူရဲ့ ထိုးထွင်း ဥာဏ်တွေလည်း အများကြီး လိုအပ်ပါသေးတယ်..။ဘာပဲဖြစ်ဖြစ်..မင်း နားမလည်တဲ့ အရာတွေကို ဘယ်တော့မှ ပုံတူ ကူးယူလို့ ရနိုင်မှာမဟုတ်ပေ..။
ပိုပြီး အရေးကြီးတာက ဒါက ဟန်ပန် ရဲ့ အခြေခံ အဆင့်မှာပဲ ရှိနေပါသေးတယ်..။သူက ဒီအရာကို အသေးစိတ် နည်းနာတွေရဲ့လက်တွေ့ စုဆောင်းမူအဖြစ် ချဲ့ထွင်ဖို့ လိုအပ်ပြီး..ကိုယ်တိုင် အသုံးချဖို့ လေ့ကျင့်ရဦးမှာပါ..။
ဒါက ဧရာမ စမ်းသပ်မူကြီးတစ်ခုပါပဲ..။
အခြေခံအဆင့်ကနေ ပြီးပြည့်စုံတဲ့ တိုက်ပွဲ ဟန်ပန် တစ်ခုကို ဖန်တီးဖို့ဆိုရင် စစ်မှန်တဲ့ တိုက်ပွဲ မာစတာ တစ်ယောက်အတွက်တောင် နှစ်တွေအများကြီး ကြာပါလိမ့်မယ်..။ဆန်နီကတော့ ဒီ အလှမ်းကျယ်လွန်းတဲ့ ကိစ္စကြီးရဲ့ မျက်နှာပြင်ကို ခြစ်ရာလေးတောင် မပြုလုပ်နိုင်သေးပေ..။
သို့ပေမယ့် ဒါက အဆင်ပြေပါတယ်..။ဒါက အခုမှ အစပဲ ရှိသေးတာပါ..။ကိုယ်ပိုင် တိုက်ပွဲ ဟန်ပန် မျ်ိုးက ချက်ချင်းဖန်တီး လို့ရတဲ့ အရာမျိုး မဟုတ်ပေ..။ဒါက ရှည်လျားပြီး ကြမ်းတမ်းတဲ့ ဖြစ်စဥ်ကြီးတစ်ခုပါ..။ရောက်လာမူ ၊ ပြန်ထွက်သွားမူ ဆိုတဲ့ အဆုံးမရှိတဲ့ ဖြစ်စဥ်တွေကလည်း တိုက်ပွဲနည်းစနစ်တွေကို လေ့လာရင်း ဆက်တိုက်ဖြစ်ပေါ်နေပါလိမ့်မယ်..။
ဒါက ပြီးပြည့်စုံတဲ့ အဆင့်အထိ မရောက်ခင်အထိ အသုံးမဝင်ဖြစ်နေ တာ မျိုးလည်း မဟုတ်ပါဘူး..။
ဆန်နီက ဒီအရာကို တိုက်ပွဲမှာ အသုံးပြုနိုင်ဖို့အတွက် အမှတ်တစ်ခုကို ရောက်ဖို့ အတွက်ပဲလိုအပ်တာပါ။ဒီတစ်ခုတည်းကတင် သူ့ရဲ့ နည်းစနစ်က်ို အတော်လေး တိုးတက်လာစေပါလိမ့်မယ်..။
သူ ပြုံးလိုက်ပြီး ကိုယ့်ကိုကို ဂုဏ်ပြုလိုက်တယ်..။သို့ပေမယ့် ခနအကြာမှာပဲ..သူ့မျက်နှာက ရှုံ့မဲ့သွားခဲ့ပါတယ်..။
'အာ...ဒါပေမဲ့ ငါက ဒီအမှတ်ကို ရောက်ဖို့ ဘယ်လ်ိုပုံစံမျိုး လုပ်ရမှာလဲ..'
***
ခနအကြာမှာတော့ နေ က အနောက်ဘက် မိုးကုတ်စက်ဝန်းကို ရောက်နေခဲ့ပါပြီ..။ဆန်နီက တစ်ယောက်တည်းထိုင်ရင်း သူ့ရဲ့ အရိပ်ကို ကြည့်နေခဲ့တယ်..။သူက ကျောက်ရုပ်တစ်ခုလိုပဲ ခံစားချက်မဲ့စွာ အတွေးနက်နေခဲ့တယ်..။သူ့ မျက်နှာပေါ်မှာတော့..ပြသနာ တက်စွာ မျက်မှောင်ကျုတ်ထားခဲ့ပါတယ်..။
တစ်စုံတစ်ယောက်က သူ့အနားကို ကပ်လာတဲ့ အချိန်မှာတော့..ဆန်နီ ခနလောက်စဥ်းစားလိုက်ပြီး..ဘယ်သူလာနှောက်ယှက်တာလဲ ဆ်ိုတာကို မော့ကြည့်လ်ိုက်တယ်..။
အံ့ဩစရာကောင်းစွာပဲ..ဒါက နစ်ဖီပါ..။
သူတို့အဖွဲ့ရဲ့ ခေါင်းဆောင် ..မတ်တတ်ရပ်နေတဲ့ ပုံစံက အတော်လေးကို ကျတ်သရေ ရှိနေခဲ့ပါတယ်..။ယင်းနောက် သူမက သူ့အနားမှာ ဝင်ထိုင်လာခဲ့ပါတယ်..။
ဆန်နီ မျက်တောင်ခတ်လိုက်ပြီး..
"အာ..ဟေး..နစ်.."
နစ်ဖီက သူ့ကို ခေါင်းညိမ့်ပြလိုက်တယ်..။
"ဟဲလို ဆန်နီ.."
သူ ခနလောက် စောင့်ဆိုင်းနေပြီးမှ ..မေးလိုက်တယ်..။
"...နင် တစ်ခုခု လိုအပ်တာ ရှိလို့လား.."
သူမရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားခဲ့တယ်..။သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောင်းလဲနေတဲ့ကြယ်ပွင့်က သူ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်..။
"ဒါက ဘာမှမဟုတ်ပါဘူး..။နင် ဥမင်ထဲမှာ တိုက်ခိုက်နေတာကို မြင်ပြီး ပြောစရာရှိလို့..။နင် ဒီသုံးလ အတွင်းမှာ အတော်လေးကို တိုးတက်လာတာပဲ..။တကယ် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်.."
ဆန်နီ ပြုံးလိုက်ပြီး..
"အာ..အဲတာလား..။ကောင်းပြီ..အဲတာက ဒီတိုင်း အနက်ရောင် မြို့တော်ထဲမှာ ကောင်းကောင်းမွန်မွန် နေဖို့ အခွင့်အရေး မရခဲ့လို့လေ..။ငါက အဲကနေတဆင့် နည်းနည်းပါးပါး တိုးတက်လာခဲ့တာ..။မဟုတ်ဘူးလား..."
သူမ ခေါင်းခါယမ်းလိုက်တယ်..။
"ကိုယ့်ကိုကို န်ိမ့်ချမနေနဲ့..။နင် တကယ် ကောင်းအောင် လုပ်နိုင်ခဲ့တာ..။လူ အနည်းငယ်လောက်ပဲ နင့်လောက် မြန်မြန်ဆန်ဆန် တိုးတက်နိုင်လိမ့်မယ်..။အထူးသဖြင့် ဆရာ မရှိပဲ နဲ့ပေါ့..။
အတော်ကြာအောင် တွေဝေနေပြီးမှ ဆန်နီက ပုခုံးတွန့်လိုက်တယ်..။
"နင် ကိုယ်တိုင် ပြောထားတယ်မလား..။အစစ်အမှန်တိုက်ပွဲတစ်ခုက နာရီတစ်ထောင်လောက် လေ့ကျင့်တာထက် ပိူပြီး တန်ဖိုးရှိတယ်လို့..။အဲမှာက...တိုက်ပွဲတွေက အများကြီးပဲလေ..။ဒီ သုံးလ အတွင်းမှာရောပဲ.."
ဆန်နီ ခေါင်းညိမ့်ပြီး မေးလိုက်တယ်..။
"နင့်ရဲ့ နည်းစနစ်မှာ အသုံးပြုနေတဲ့ လေးနက်ပြီး မြဲမြံတဲ့ ဟန်ပန်က....ဘယ်ကနေ လာတာလဲ.."
သူ ခေါင်းကို ကုတ်လိုက်ပြီး သူ့ရဲ့ ထပ်တူညီမူနဲ့ တိုက်ခိုက်ခဲ့တဲ့ ငရဲတမျှလေ့ကျင့်ရေးတွေကို ပြန်တွေးကြည်လိုက်ပါတယ်..။
"ငါက ကျောက်တုံးသူတော်စင် တိုက်ခိုက်တာကို လေ့လာပြီး..ပုံစံတူ လိုက်လုပ်ဖို့ကြိုးစားကြည့်တာပဲ.."
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ပြုံးလိုက်ပြီး..
"ငါ ထင်ထားတဲ့ အတိုင်းပဲ..။ငါ သူမတိုက်ခိုက်တာကို မြင်ဖူးတယ်..။ဒါက တကယ်ကို သန်မာတဲ့ ထပ်တူညီမူပဲ..။ငါ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့ ပြောလို့ရတယ်..။
ဒီစကား က ဆက်ခံသူတစ်ယောက် ဆီကနေ ထွက်လာတာကြောင့် အတော်လေးကို တန်ဖိုးရှိပါတယ်..။ဆန်နီက ကျောက်တုံးသူတော်စင်လိူ့ ထပ်တူညီ မူမျိုးကို ချိန်သားကိုက် ရရ လောက်အောင်အထိ အတော်လေးကို ကံကောင်းခဲ့ပါတယ်..။တကယ်လို့သာ ကျရှုံးမူအဆင့် ပင့်ကူသားရဲတွေက သူမကို သေအံ့ဆဲဆဲ ဖြစ်အောင် မလုပ်ထားဘူးဆိုရင်..ဆန်နီက သူမနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ အသက်ရှင်နိုင်ဖို့တောင် လွယ်ကူမှာမဟုတ်ပေ..။သူမကို အနိုင်ယူဖို့ကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး..။
ထပ်တူညီမူတွေကို..ပိုပြီး ကြမ်းတမ်းလာအောင် ပြောင်းလဲနိုင်တဲ့ နတ်ဘုရားစွမ်းရည် တစ်မျိုးပိုင်ဆိုင်ထားတာကလည်း..ကံကောင်းမူ တစ်ခုပါပဲ..။
အကုန်ခြုံပြောရရင် ဆန်နီက အတော်လေး ကံကောင်းနေခဲ့တာပါ..။
သူ့ရဲ့ ကံကောင်းမူကလည်း..သူ့ရဲ့ ကံဆိုးမူလောက်ကို မယုံနိုင်စရာ ကောင်းလှပါတယ်..။
သူ ပြုံးလိုက်ပြီး..
"နင် ငါ့ရဲ့ စွမ်းရည်ကို သိတယ်မလား..။ငါက အတော်လေးကို ကံကောင်းတတ်တယ်လေ.."
:
သူမ အတော်ကြာအောင် တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။
"ငါ နင့်က်ို သင်ပေးခဲ့တဲ့ တိုက်ပွဲ ဟန်ပန် ရဲ့ စစ်မှန်တဲ့ သဘောတရားတွေကို နင် နားလည်သွားတာ ငါ တကယ် ကျေနပ်မိတယ်.."
သူလည်း ဒီအခြေအနေမှာ ရောက်နေခဲ့တာပါ..။ပြောင်းလဲနေတဲ့ကြယ်ပွင့် သူ့ကို သင်ပေးခဲ့တဲ့ နည်းစနစ်က..အလျင်အမြန်အသားကျအောင် ဖန်တီးထားပြီး တစ်ခြားဟန်ပန်တွေနဲ့လည်း ပေါင်းစပ်နိုင်ပါတယ်..။ဒါပေါ့..ဒီဟာကို အသုံးပြုန်ိုင်တဲ့ လူတွေ အတွက်ကတော့ ပြီးပြည့်စုံတဲ့ အခြေခံ နည်းစနစ် တစ်ခုပါပဲ..။
ဆန်နီ နစ်ဖီကို စိုက်ကြည့်လိုက်တယ်..။အနည်းငယ် ချင့်ချိန်နေပြီးနောက်မှာတော့ သူ မေးလိုက်ပါတယ်..။
"နင့်ရဲ့ ဟန်ပန်က တကယ်ကို ပြိုင်ဘက်ကင်းတာပဲ..။နင် အဲတာကို ဘယ်ကနေ ရခဲ့တာလဲ..."
အဲ့အချိန်တုန်းက သူက နားလည်နိုင်ဖို့အတွက် အရမ်းကို အတွေ့အကြုံနည်းပါးခဲ့သေးတာပါ..။ဒါပေမဲ့ နစ်ဖီသူ့ကို သင်ကြားပေးတဲ့ အရာက ရတနာတစ်ခုလို့တောင် ပြောလို့ရပါတယ်..။သူ့ကို လေ့ကျင့်ခွင့်ပေးခဲ့တဲ့ ဟန်ပန်က တကယ်ကို စစ်မှန်တဲ့ ထူးခြားမူ မျိုးပါပဲ..။ဒီအရာက ကျော်ကြားပြီး ပျံ့နှံ့စေဖို့အတွက်တောင် ထိုက်တန်ပါတယ်..။
သိူ့ပေမယ့် ဒီလို မဟုတ်ခဲ့ပေ..။ဒီ နည်းစနစ်က လျိုဝှက်ချက် တစ်ခုလို့တောင် ပြောလို့ရပါတယ်..။
ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခနလောက်တွေဝေနေပြီးကာမှ ပြောလိုက်တယ်..။:
"ဒါက ငါ့ရဲ့ အမွေအနှစ်တွေကထဲက တစ်စိတ်တစ်ပိုင်းပဲ.."
ဆန်နီ မျက်တောင်ခတ်ပြီး သူမကို အံ့ဩစွာကြည့်နေခဲ့ပါတယ်..။
' ဒါဆိုရင်လည်း...ချီးမို့လို့ သူမက ငါ့ကို သင်ပေးခဲ့တာား...'