မူလ ပထမ
Vol. 15 Ch. 217
ဆန်နီ အိပ်မက်မက်နေမှန်း နားလည်လိုက်တာနဲ့ သူ့ရဲ့ စိတ်ထဲကို ဝင်လာတဲ့ ပထမဆုံးအရာက..အဖြူရောင် ပေါင်းကူးရဲ့ အနားမှာ နောက်ထပ် ဝိဥာဥ် သစ်ပင် တစ်ပင် ကြီးပြင်းလာနေတယ် ဆိုတာပါပဲ..။သို့ပေမယ့် ခနကြာအောင် ထိပ်လန့်ပြီးနောက်မှာ ဒီ အသ်ိက်ို အလျင်အမြန် ဖျောက်ဖျက်နိင်ခဲ့တယ်..။
ဘာပဲဖြစ်ဖြစ်..ရှေးဟောင်းနယ်မြေမှာ သူက တစ်ခါမှ အိပ်မက်မမက် ဖူးခဲ့ပေ..။သူက ကတ်စီနဲ့ အိပ်မက်အကြောင်း ပြောခဲ့ဖူးတဲ့ စကားတွေကိုသာ အမှန်ယူထားခဲ့တာပါ..။
သို့ပေမယ့်..ဒီတစ်ခု..တစ်ခုကတော့ တကယ်ကို အစစ်အမှန်ပါပဲ..။
ဆန်နီ ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အိပ်မက်နယ်မြေက ရွေ့လျားပြီး..အရိပ်တွေ ဝန်းရံနေခဲ့ပါတယ်..။သူ့ရဲ့ အထက်မှာတော့ အနက်ရောင်နေဝန်းကြီးက..တိမ်ပင်လယ်တွေထဲမှာ နစ်မြုပ်နေခဲ့တယ်..။
အနက်ရောင် မာဗယ်ခန်းမကြီးထဲမှာတော့ ဘာမှမရှိပဲ တိတ်ဆ်တ်မူတွေသာ ကြီးစိုးနေခဲ့ပါတယ်..။
..ဒါပေါ့ အခုတော့ ဒီတိတ်ဆိတ်မူကို ကလေးငိုနေတဲ့ အသံက ဖျက်ဆီးသွားခဲ့ပါပြီ..။
အမျိုးသမီးရဲ့ အော်သံကတော့ အစောကတည်းက တိတ်ဆ်ိတ်နေခဲ့တယ်..။အနက်ရောင် မာဗယ်ခန်းမကြီးထဲကို ကြည့်ပြန်တော့လည်း ဆန်နီဟာ ဘာမှမမြင်ရပဲ အဆုံးမရှိတဲ့ အမှောင်ထုကြီးကိုသာ မြင်နေခဲ့ရပါတယ်..။
...ဒါမှမဟုတ်..သူတို့ထဲမှာ..
သိမ်မွေ့တဲ့ အတွေးတစ်ခုက ဆန်နီရဲ့ စိတ်ထဲကို ဝင်လာခဲ့တယ်..။အရမ်းကိုကြီးမားတဲ့ နံရံကြီးတွေ ၊ ဧရာမ တိုင်ကြီးတွေ ၊ ခမ်းနားတဲ့ ခန်းမကြီး...ဒါတွေအကုန်လုံးက ထူးဆန်းစွာပဲ ရင်းနှီးနေပုံရနေခဲ့တယ်..။ဒါက သူအရင်တုန်းက ဒီနေရာကို ရောက်ခဲ့ဖူးတဲ့ အတ်ိုင်းပါပဲ..။
ဒီမှာ ရှိမနေတာဆိုလို့..ပျက်ဆီးနေတဲ့ လက္ခဏာတွေနဲ့မာဗယ်ကျောက်တုံးရဲ့ ပြတ်တောက်နေတဲ့ အစိတ်အပိုင်းတွေပဲ ရှိမနေခဲ့တာပါ..။တကယ်တော့..ဒါတွေကလည်း ငိုကြွေးနေတဲ့ အသံတွေ လာတဲ့ နေရာမှာ ရှိနေတာဖြစ်နိုင်ပါတယ်..။
ရင်းနှီးတဲ့ စကားလုံးတွေက သူ့စ်ိတ်ထဲမှာ အဓိပ္ပါယ်အပြည့်အစုံနဲ့ ပေါ်လာခဲ့တယ်..။
'...အရိပ်များ၏ သားတော်..'
နောက်ထပ် ခနအကြာမှာတော့..အရာအားလုံးက ပျောက်ကွယ်သွားခဲ့ပါတယ်..။
***
ကမ္ဘာကြီးက လှုပ်ယမ်းနေခဲ့တယ်..။အဆုံးမရှိတဲ့ အနက်ရောက် ကျောက်တုံးမျက်နှာပြင်က လွင့်မျောနေပြီး..အပေါ် နဲ့ အောက်ကို လှုပ်ရှားနေခဲ့ပါတယ်..။
...မဟုတ်ဘူး..ဒါက ကျောက်တုံးမဟုတ်ဘူး..။ဒါက ဆန်နီကိုယ်တိုင်ပဲ..။လှုပ်ယမ်းနေတာက..သူ ကိုယ်တိုင်ပါ..။
'
'ဘာ..ဘာလဲ '
တကယ်တော့ ဆန်နီဟာ သူ့ကိုယ်သူ ကလေးတစ်ယောက်ရဲ့ ခန္တာကိုယ်ထဲမှာ ရောက်နေတာကို သတိထားမိလိုက်တယ်..။လတ်တလောမှာတော့ သူ့ကို ငယ်ရွယ်တဲ့ အမျိုးသမီးတစ်ယောက်က သိမ်မွေ့စွာ ချီထားခဲ့တယ်..။သူမက ရှည်လျားတဲ့ ကျောက်တုံး ကော်ရစ်ဒါပေါ်မှာ လမ်းလျောက်နေပြီး မီးရူးတိုင်ရဲ့ မှိန်ပြပြ အလင်းရောင် အောက်မှာမြင်နေခဲ့ရတယ်..။ဒါကြောင့် သူက လှုပ်ယမ်းနေခဲ့တာပါ..။
မိန်းကလေးက အရမ်းကို ငယ်ရွယ်လွန်းပြီး..ဆန်နီရဲ့ မူရင်း ခန္တာကိုယ်ထက်တောင် အသက်ကြီးပုံ မရပါဘူး..။သူမ မှာ..သွယ်လျမူ ၊ လှပမူ ၊ ညှင်သာနူးညံ့တဲ့ အသားအရေ နဲ့ ရှည်လျားပြီး ပြောင်လက်နေတဲ့ အနက်ရောင် ဆံပင်တွေ ရှိနေခဲ့ပါတယ်..။သူမက ပိုးချည် အတွင်းအင်္ကျီကို ဝတ်ဆင်ထားပြီး နူးညံ့တဲ့ လည်ပင်းနဲ့ ပုခုံးတွေကို ဖော်ထားတဲ့ပုံက အတော်လေးကို သွယ်လျ လှပနေခဲ့တယ်..။
အနက်ရောင် မြွေကြီးတစ်ကောင်က သူမရဲ့ လက်မောင်းနဲ့ လည်ပင်းကို ရစ်ပတ်ထားခဲ့တယ်..။သူ့ရဲ့ ကြေးခွံတွေကလည်း ရှုပ်ထွေးစွာ ဆေးမင် ရေးထိုးထားတဲ့အတိုင်းပါပဲ..။တစ်ခါတစ်လေမှာ ဒီသတ္တဝါကြီးက ရွေ့လျားနေတယ်လို့တောင် ထင်ရပါတယ်..။ဒီမိန်းကလေးရဲ့ အရည်ပြားမှာ ဒီလိုပုံကို ရေးထိုးပေးတဲ့ ဘယ်သူမဆို တကယ်ကို ဂျီးနီးယပ် တစ်ယောက်ပါပဲ..။အစစ်အမှန်ကမ္ဘာမှာတောင် ဆန်နီ ဒီလိုအရာမျိုးတစ်ခါမှ မမြင်ဖူးပေ..။
သို့ပေမယ့်..အိပ်မက်ဆိုးထဲမှာတော့ တူညီတဲ့ ပုံစံမျိုးတွေကို မြင်ဖူးပါတယ်..။
...ဒါက အရိပ်နတ်ဘုရားနဲ့ ဆက်နွယ်နေတဲ့ အစေခံ အမှတ်အသားပါပဲ..။
ဒီ မိန်းကလေးက သူ ပထမဆုံး အိပ်မက်ဆ်ိုးမှာ ဖြစ်ခဲ့သလို မျိုး..ဘုရားကျောင်းတော်ရဲ့ အစေခံတစ်ယောက်ပါ..။သူမ လည်ပင်းမှာ ပတ်နေတဲ့ မြွေက သူမရဲ့ အင်္ကျီကော်လံလည်းဖြစ်သလို ၊ သူမကို ထိန်းချုပ်ထားတဲ့ အရာဆ်ိုလည်းဟုတ်ပါတယ်..။
သူမက ကလေးငယ်လေးရဲ့ အမေ ဆိုရင်လည်း မမှားပါဘူး..။ဒီဟာကို သူမ ကလေးအပေါ်ထားတဲ့ အချစ်တွေနဲ့ ကလေးကို ကြည့်လိုက်တိုင်း တည်ငြိမ်တဲ့ အပြုံးတစ်ခု ပေါ်လာတာကနေ ဆန်နီ ပြောနိုင်ပါတယ်..။
ဆန်နီက ငယ်ငယ်ကတည်းက သူ့အမေကို ဆုံးရှုံးးခဲ့ရတယ် ဆိုပေမယ့်..အနည်းဆုံးတော့ မှတ်မိနေပါသေးတယ်..။
'တကယ်လို့ အမေဖြစ်သူက အစေခံတစ်ယောက်ဆိုရင် ကလေးကလည်း အစေခံပါပဲ '
နောက်ဆုံးမှာတော့ ဆန်နီဟာ သူ ဘာတွေဖြစ်နေတာါဲ ဆိုတာကို နားလည်သွားခဲ့တယ်..။
ဒီအိပ်မက်က သူ့ကိုယ်တိုင်ရဲ့ အဖြစ်အပျက်မဟုတ်ပါဘူး..။အဲဲဒီအစား ဒါက သူ ပထမဆုံးအိပ်မက်ဆိုးမှာ နေရာဝင်ယူခဲ့ရတဲ့..အစေခံ ကောင်လေးရဲ့ ဘဝအခြေအနေပါ..။
အရိပ်တွေရဲ့ မူလ သားတော်..။
ဒီအမြင်အာရုံက သူ့ရဲ့ မှတ်ဥာဏ်ပါပဲ..။
***
မကြာခင်မှာပဲ ငယ်ရွယ်တဲ့ မိန်းကလေး အရိပ်တွေ ဝန်းရံနေတဲ့ ကျယ်ပြန့်တဲ့ ခန်းမကြီးထဲ ဝင်သွားခဲ့တယ်..။မာဗယ် ကျောက်နံရံတွေကို ကြည့်ရတဲ့ ပုံအရတော့ ..ဒီဟာက ရှေးဟောင်း ဘုရားကျောင်းတော်ရဲ့ တစ်ခြားအပိုင်းတစ်ခုပါ..။ဆန်နီ သူ့ရဲ့ ပတ်ဝန်းကျင်ကို သိပ်ပြီး မမြင်နိုင်ပေမယ့်..သူတို့က မြေအောက်ထဲမှာ ရောက်နေတယ် ဆ်ိုတာကတော့ ပြောနိုင်ပါတယ်..။
ခန်းမကြီးရဲ့ အလယ်မှာတော့ ရှည်လျားတဲ့ မီးလင်းဖို ကြီး ခုနှစ်ခုက ဖြူဖျော့တဲ့ မီးတောက်တွေနဲ့ ထူးဆန်းစွာ တောက်လောင်နေခဲ့ပါတယ်..။အလင်းတွေရဲ့ အစွန်းမှာတော့..ခံစားချက်မဲ့စွာ ရပ်နေကြတဲ့ ဒါဇင်နဲ့ချီတဲ့လူတွေ ရှိနေခဲ့တယ်..။
ဆန်နီ ဟာ ရုတ်တရက် သူ့ရဲ့ ဝိဥာဥ် ပင်လယ်မှာ ဖြစ်ပေါ်နေကြတဲ့ အရိပ်တွေကိုတောင် ပြန်အမှတ်ရမိလိုင်တယ်..။သို့ပေမယ့် သူတို့က သရဲတွေ မဟုတ်သလို ၊ လူသားတွေလည်း မဟုတ်ပါဘူး..။ဒီမှာ တစ်ခြား အစေခံတွေလည်း ရှိနေကြပြီး..ကျန်တာတွေကတော့ ဘုန်းတော်ကြီးတွေပါ..။
အမှန်အတိုင်းပြောရရင် သူတို့ကြားထဲမှာ ကွာခြားမူတော့ သိပ်မရှိကြပါဘူး..။ကြည့်ရတာတော့ အရိပ်နတ်ဘုရားရဲ့ အစေခံတွေက အဆင့်အတန်းကို သိပ်ပြီးဂရုမစိုက်ကြတဲ့ ပုံပါပဲ..။တကယ်တော့ ဘုန်းတော်ကြီး တွေဟာလည်း..အစေခံတွေလို အမှတ်အသားမျိုးတွေ ရှိကြပြီး..သူတို့လည်း တစ်ချိန်တုန်းက ကျောင်းတော်နဲ့ ပတ်သက်ခဲ့ဖူးတယ်ဆိုတာကို ပြသနေခဲ့ပါတယ်..။
'သူတို့က ဒီမှာဘာလုပ်နေကြတာလဲ..။ဘာတွေဖြစ်နေတာလဲ '
အကြီးးအကဲ အစေခံတွေထဲက တစ်ယောက်ဆီကို လျောက်သွားပြီး မိန်းမငယ်လေးဟာ ကလေးကို သူမဆီကို ပေးလိုက်တယ်..။နွေးထွေးတဲ့ သူ့အမေ ရင်ခွင်ထဲကနေ ခွဲခွာလိုက်ရတာကြောင့်၊ ကလေးငယ်လေး , ဆန်နီ က အေးစက်မူ နဲ့ကြောက်ရွံ့မူကို ခံစားလိုက်ရပါတယ်..။သို့ပေမယ့် အသက်ကြီးကြီး အမျိုးသမီးက သူ့ကို သိမ်မွေ့တဲ့ စကားတွေပြောရင်း မငိုအောင် နှစ်သိမ့်နေခဲ့တယ်..။
ယင်းနောက် သူမက နောက်ကိုပြန်ဆုတ်သွားပြီး ခန်းမ ထဲက တစ်ခြားလူတွေနဲ့ အတူ မတ်တတ်ရပ်
နေခဲ့ပါတယ်..။သူတို့ရဲ့ မျက်နှာတွေက တည်ငြိမ်ပြီး၊တည်ကြည်နေခဲ့ကြတယ်..။
အဲ့အချိန်မှာတော့ ငယ်ရွယ်တဲ့ အမျ်ိုးသမီးလေးက အလင်းရောင် ဝန်းရံနေတဲ့ နေရာဆီကို လျောက်သွားခဲ့တယ်..။သူမရဲ့ လှုပ်ရှားမူတွေက ထည်ဝါပြီး ၊ ကျတ်သရေ ရှိနေခဲ့ပါတယ်..။
သူမ ခန်းမကြီးရဲ့ အလယ် ၊ အဖြူရောင်မီးတောက် ခုနှစ်ခုရဲ့ အလယ်မှာ ခံစားချက်မဲ့စွာ ရပ်တန့်လိုက်တဲ့ အချိန်မှာတော့ သူမဆီမှာ အရိပ်ခုနှစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။
ဆန်နီ ဟာ လှပတဲ့ အစေခံမလေးကို စိုက်ကြည့်နေရင်း တစ်ခုခု အရေးကြီးတဲ့အရာက ဖြစ်လာတော့မယ်လို့ ခံစားနေရပါတယ်..။
ဒါပေမဲ့..ဘာဖြစ်လဲ ။
သူ မသက်မသာ နဲ့ အတွေးနက်နေတဲ့ အချိန်မှာပဲ ရုတ်တရက် အသံတစ်ခုက တိတ်ဆိတ်မူကို ဖြိုခွင်းသွားခဲ့တယ်..။အဲတာက နက်ရှိုင်းပြီး..ပဲ့တင်စေတဲ့ ဗျတ်စောင်း တီးသံ ထွက်ပေါ်လာခဲ့တာပါ..။
ဂီတ တူရီယာကနေ အသံမြည်လာတာနဲ့ အစေခံ မိန်းကလေးဟာ ရုတ်တရက် လှုပ်ရှားလာခဲ့တယ်..။
သူမ ဒီလို လုပ်လိုက်တာနဲ့ သူမရဲ့ အရိပ်ခုနှစ်ခုကလည်း သူမနဲ့အတူ လှုပ်ရှားလာခဲ့ပါတယ်..။
'ဒါ...ဒါက....'
မျက်လုံးတွေ ပြူးကျယ်စွာပဲ ဆန်နီ မိန်းမငယ်လေးကို ကြည့်နေခဲ့တယ်..။
သူမက ကခုန် နေခဲ့တာပါ..။
လှပတဲ့ အစေခံအလေးက အလင်းတွေဝန်းရံမူကြားမှာ ကခုန်နေခဲ့တယ်..။ သူမရဲ့ လှုပ်ရှားမူတွေက ကျတ်သရေ ရှိမူ ၊ ရှင်းလင်းမူ တွေ ကို အပြည့်အဝဖော်မပြနိုင်ပေမယ့် နားလည်ရခက်တဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေခဲ့တယ်..။သူမရဲ့ ငယ်ရွယ်တဲ့ ခန္တာကိုယ်က လိုက်လျောညီထွေပြီး နူးညံ့ပျော့ပြောင်းနေပေမယ့် စစ်သည်တော် တစ်ယောက်လိုလည်း သန်မာအောင် လေ့ကျင့်ထားပါသေးတယ်..။သူမရဲ့ အကသမားတစ်ယောက် အဖြစ်ကျွမ်းကျင်မူက တကယ်ကို တိုက်ပွဲ မာစတာ တစ်ယောက်လိုပါပဲ..။
ဒါက ညို့ယူဖမ်းစားနိုင်လွန်းတယ်..။
လှပတဲ့ မိန်းကလေးဟာ..လှပတဲ့ စည်းချက်တွေအတိုင်း ရွေ့လျားနေခဲ့တယ်..။တေးသွားရဲ့ အနိမ့်အမြင့် နဲ့ သဘာဝက..လေးနက်မူ ၊ ထက်ရှမူ ၊ သိမ်မွေ့မူ ၊ ရှင်းလင်းမူ ၊ မခန့်မှန်းနိုင်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။သူမက တစ်ယောက်တည်းက နေတာဖြစ်ပေမယ့် ..အဖော် ခုနှစ်ယောက်လည်း ပါဝင်နေခဲ့တယ်..။
အခုချိန်မှာတော့ ဘယ်တစ်ခုက အစစ်အမှန်လဲ ဆိုတာကို ပြောရခက်နေခဲ့ပါပြီ..။
သူမရဲ့ အက မှာ...စိမ့်ဝင်နေမူ ၊ ပုံသဏ္ဌာန်ကင်းမဲ့မူ နဲ့ အမြဲပြောင်းလဲနေမူ တွေပါဝင်နေတာကို မြင်နေခဲ့ရပါတယ်..။
ဆန်နီ အေးခဲသွားတယ်..။
သူ ဒီလှုပ်ရှားမူတွေကို မှတ်မိတာပေါ့..။သူတို့က သူ့ရဲ့ အရိပ်လှုပ်ရှားနေတဲ့ ပုံစံနဲ့ တစ်ထပ်တည်းပါပဲ..။
ဒါက သူဖန်တီးချင်နေတဲ့ တိုင်ပွဲ ဟန်ပန် ရဲ့ မူလ အရင်းအမြစ် ပါ..။
ဒါက အရိပ် ကခုန်မူ ပါပဲ....