← Chapters

ဒီတော့ မင်းက ပင့်ကူပေါ့..။အဲတော့ ဘာဖြစ်လဲ

Vol. 15 Ch. 220

ဒီတော့ မင်းက ပင့်ကူပေါ့..။အဲတော့ ဘာဖြစ်လဲ

Vol. 15 Ch. 220

သူတို့က ကြက်သွေးရောင် ဝင်္ကပါ ရဲ့ တောင်ဘက်နက်ရှိုင်းတဲ့ အပိုင်းကို သွားလေလေ အခြေအနေက ပိုပြီး ဆိုးလာလေလေပါပဲ..။

သံပင့်ကူတွေက ..စစချင်းမှာ သန်မာလှတဲ့ မုဆိုးအဖွဲ့သား တွေကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေမယ့် ခြေတစ်လှမ်းချင်းစီ တိုးသွားတိုင်း ပိုပိုပြီး များပြားလာခဲ့ပါတယ်..။သူတို့ရဲ့ အရေအတွက်က အတော်လေးကို များပြားလာတာကြောင့်..မကြာခင်မှာပဲ အန္တရာယ်တစ်ခုလို ဖြစ်လာခဲ့တယ်..။ပိုပြီး ကြီးမား ၊ သန်မာတဲ့ မွန်းစတားတွေက..ရှေ့မှာတိုက်ခိုက်နေတဲ့ သားရဲတွေရဲ့ ရှေ့ကနေ ပေါ်လာတိုင်း..သူတို့တွေကို ပြသနာ ဖြစ်စေခဲ့ပါတယ်..။

ပိုပြီး ဆိုးဝါးတာက သူတို့ထောင်ခြောက်အဖြစ် အသုံးပြုနေတဲ့ ပင်ကူအိမ်တွေကပါ ပြောင်းလဲသွားတာပါပဲ..။သူတို့အသုံးပြုနေတဲ့ သတ္တုဝိုင်ယာတွေက အတော်လေးကို ပါးလွှာတာကြောင့် သတိထားမိဖို့ မဖြစ်နိုင်သလောက်ပါပဲ..။ပြီးတော့ အကာအကွယ်တွေ၊ အရိုးတွေ ကို ဖြတ်တောက်နိုင်လောက်အောင် ထက်ရှပြီး ထိပ်တန်းစတီးတွေ လောက်ကို ခံနိုင်ရည် အားကောင်းပါတယ်..။

ဝင်္ကပါ တစ်ခုလုံးကို ဒီအရာတွေနဲ့ ဖုံးအုပ်နေခဲ့ပြီး ကြက်သွေးရောင်ကိုတောင် အညိုရောင် ဖြစ်စေခဲ့ပါတယ်..။

အဖွဲ့သားတွေဟာ..ပင်ကူတွေကို ရင်ဆိုင်ရတာကြောင့်ထက်..မမြင်ရတဲ့ ပင့်ကူအိမ်တွေကြောင့် ပိုပြီး သွေးထွက်သံယို ဖြစ်နေကြရတာပါ..။ဒါပေါ့ သံပင့်ကူတွေကလည်း တွက်ချက်တတ်ကြပါသေးတယ်..။

မကြာခန ဆိုသလိုပဲ..သူတို့က ပိုက်ကွန်မှာ ငြိနေကြတဲ့ လူသားတွေထဲက တစ်ယောက်ကို ဦးတည်တိုက်ခိုက်ကာ..အဖွဲ့သားတွေအတွက် ထိပ်လန့်မူကို ခံစားနေစေခဲ့ပါတယ်..။

ပြီးတော့ ကြက်သွေးရောင် သန္တာကျောက်တန်း တွေရဲ့ အကွေ့အကောက်တွေမှာ..သူတို့ကို တိုက်ခိုက်ဖို့ နောက်ထပ် ကြောက်စရာ သားရဲတွေ က စောင့်ဆိုင်းနေပါသေးတယ်..။သူတို့အတွက် ပိုပြီး အန္တရာယ်ရှိတဲ့အရာက..စောင့်ဆိုင်းနေတဲ့ သားရဲတွေက ဘယ်လိုစွမ်းဆောင်နိုင်စွမ်းရှိလဲ ဆိုတာကို မသိတာပါပဲ..။တိုက်ခိုက်မူတိုင်းက လောင်းကစားတစ်ခုလို ဖြစ်ပြီး..ရလာဒ်အနေနဲ့ သူတို့ထဲက တစ်ယောက် ဒါမှမဟုတ် အနည်းငယ် လောက်က ပြင်းထန်တဲ့ ဒဏ်ရာကို ရကြပါတယ်..။

တစ်နည်းအားဖြင့် အခြေအနေကို တောင့်ခံနိုင်တဲ့ အရာကတော့ သုံးခုရှိနေခဲ့တယ်..။

ပထမတစ်ခုက နစ်ဖီနဲ့ သူမရဲ့ ကုသနိုင်တဲ့ မီးတောက်တွေပါပဲ..။ဒီလို စွမ်းဆောင်ရည်က သူတို့ရဲ့ ခေါင်းဆောင်ကို နားကျင်မူခံစားရစေပေမယ့် ဒီဟာက ထိုက်တန်မူ ရှိပါတယ်..။အထူးသဖြင့် သူတို့ရဲ့ အဖွဲ့သားတစ်ယောက်လောက်က ဒဏ်ရာရပြီး လှုပ်ရှားနိုင်စွမ်း ကန့်သတ်နေတဲ့ အချိန်မှာပါ..။

ဝင်္ကပါထဲက ဘယ်အိပ်မက်ဆိုးသတ္တဝါ တွေထက်မဆိုး ပိုပြီးကြောက်ဖို့ ကောင်းတဲ့အရာက..၊ မေ့ပျောက်ကုန်းမြေပေါ်ကို အနက်ရောင်ပင်လယ်ကြီးက ကြောက်စရာသားရဲတွေ ခေါ်ဆောင်လာတဲ့ အချိန်မှာ ..လုံခြုံတဲ့နေရာကို မသွားနိုင်တာပါပဲ..။နစ်ဖီ ရဲ့ ကျေးဇူးနဲ့ပဲ သူတို့အဖွဲ့က ဒီအရာအတွက် စိတ်ပူစရာ မလိုခဲ့ပေ..။

ဒုတိယ အကြောင်းပြချက်ကတော့ မထင်မှတ်ထားစွာပဲ..သံပင်ကူ တွေ ကိုယ်တိုင်ပါ..။သူတို့ အမဲလိုက်တဲ့ ပုံစံ ကြောင့် မရေမတွက်နိုင်တဲ့ သားရဲတွေက ပင့်ကူအိမ်တွေ အောက်မှာ သေဆုံးကြရပါတယ်..။ဒါကြောင့် သူတို့အဖွဲ့က ပင့်ကူတွေရဲ့ နယ်မြေကို ရောက်လာတဲ့ အချိန်မှာ ဒီီလို သားရဲတွေရဲ့ အလောင်းတွေ ကို တွေ့ရတာက ပုံမှန်ပါပဲ..။

ဒီဟာကို ကျေးဇူးတင်စွာပဲ..လူသားခြောက်ယောက်က ဝင်္ကပါရဲ့ ဒီနယ်မြေမှာ ရှိနေတဲ့.မွန်းစတားတွေ အများကြီးကို လေ့လာခွင့် ရခဲ့ပါတယ်..။ဒါကြောင့် ဒီမှာတွေ့ခဲ့ရတဲ့ တစ်ချို့သားရဲတွေနဲ့ တိုက်ခိုက်ရတဲ့ အခါမှာ သူတို့အဖွဲ့က အံ့ဩစရာတွေ အများကြီးကို ကျော်လွှားနိုင်ခဲ့တယ်..။

တတိယ အကြောင်းပြချက်ကတော့ သွေးမြားတွေပါပဲ..။အတွေ့အကြုံရှိတဲ့ လေးသည်တော်ရဲ့ လက်ထဲကို ရောက်တဲ့ အချိန်မှာတော့..အတွေ့အကြုံမရှိတဲ့ လူရဲ့လက်ထဲမှာထက်ကို ပိုပြီး အစွမ်းထက် နေခဲ့ပါတယ်..။သူတို့ အန္တရာယ် အဖြစ်သတ်မှတ်ထားတဲ့ အရာက..အလျင်အမြန်ပဲ..သွေးမရှိတဲ့ အခွံတွေ ဖြစ်သွားခဲ့တယ်..။

ကိုင် ပထမဆုံး အသုံးပြုလိုက်တဲ့ အချိန်မှာတော့..ဆန်နီ အတော်ကို အံ့ဩသင့်ခဲ့ရတယ်..။အဲ့အချိန်မှာ သူတို့က များပြားလှတဲ့ သံပင့်ကူတွေ အများကြီးနဲ့ တွေ့နေရပြီး..ဒီသားရဲတွေကို ပိုကြီးကြီးမားတဲ့ နိုးထမူအဆင့် သားရဲတစ်ကောင်က ဦးဆောင်ထားခဲ့ပါတယ်..။

ဒီသားရဲတွေက ပိုလေးလံ၊ ပိုသန်မာပြီး ..ထူထဲတဲ့ သံအကာအကွယ်တွေလည်း ရှိနေခဲ့ပါသေးတယ်..။ကတ်စတာ ရဲ့ ထက်ရှတဲ့ ဓားတွေကတောင် သူတို့ရဲ့ အကာအကွယ်ကို ထိုးဖောက်ဖို့ ပြသနာ တက်နေခဲ့တယ်..။ပိုပြီးဆိုးဝါးတာက..သူတို့ရဲ့ လျင်မြန်လွန်းလှတဲ့ အရှိန်ကြောင့်..သူတို့ရဲ့ အကာအကွယ်နေရာလွတ်ကြားတွေကို ချိန်ရတာ အတော်ကို ခက်ခဲလှပါတယ်..။

ဆန်နီကတော့ သေးငယ်တဲ့ သံပင့်ကူ နှစ်ကောင်နဲ့ ထိပ်တိုက်တွေ့နေပြီး..ကျောက်တုံးသူတော်စင်ကတော့..တတိယတစ်ကောင်နဲ့ တိုက်ခိုက်နေခဲ့တယ်..။သူ့ရဲ့ အရိပ်က နောက်ကျောဘက်ကနေ အခြေအနေကို စောင့်ကြည့်နေတာကြောင့် တွက်ချက်တတ်တဲ့ သားရဲတွေက နစ်ဖီနဲ့ တိုက်ခိုက်နေရင်း သူ့ဆီကို ရုတ်တရက် ရောက်လာမှာကို စိတ်ပူစရာ မရှိပါဘူး..။

ရှောင်တိမ်းဖို့အတွက် တည်ငြိမ်စွာ ပြင်ဆင်ထားရင်း ဆန်နီရဲ့ ကြွက်သားတွေ တောင့်တင်းကာ မျက်လုံးတွေ ကျဥိးမြောင်းသွားခဲ့တယ်..။

သူ့ ပုခုံးအထက်ကနေပဲ..ထိပ်လန့်ဖို့ ကောင်းတဲ့ အနက်ရောက် မြားက လေကို ထိုးခွင်းသွားခဲ့ပါတယ်..။သူက အနက်ရောင် သစ်သားနဲ့ ပြုလုပ်ထားပြီး အနက်ရောင် ကြက်မွှေးကို ဟန်ချက်ထိန်းဖို့ တပ်ထားခဲ့တယ်..။ကြောက်ဖို့ကောင်းတဲ့ အဖြူရောင် မြားခေါင်းက ..အဖြူရောင် အရိုးကနေ ပြုလုပ်ထားပုံရပြီး..ကြောက်စရာသားရဲတစ်ကောင်ရဲ့ ထက်ရှတဲ့ အစွယ်နဲ့တောင် တူနေခဲ့ပါသေးတယ်..။

မြားက..ပင့်ကူသားရဲရဲ့ ထူထဲတဲ့ သံပြားအကာအကွယ်ကို အလွယ်တကူဖောက်ဝင်သွားပြီး ဆန်နီရဲ့ ခန္တာကိုယ်ကို ဖောက်ထွင်းတော့မယ့် အရေးကနေ ကာကွယ်ပေးသွားခဲ့ပါတယ်..။ကိုင် ရဲ့ မြားချက်က အနည်းငယ် လွဲချော်သွားပြီး..သားရဲ ရဲ့

ဦးခေါင်းအစား ဝမ်းဗိုက်ကို ဖောက်ဝင်သွားပေမယ့်

ရလာဒ်ကတော့ အတော်လေးကို ထိပ်လန့်စရာပါပဲ..။

ခနအကြာမှာတော့ နိုးထမူ အဆင့်သားရဲက အရှိန်လျော့ကျကာ တုန်ရီလာခဲ့တယ်..။ပြီးတာနဲ့ သူက ရှေ့ကို နောက်တစ်လှမ်းတက်ဖို့ ကြိုးစားလိုက်ပေမယ့် ဟန်ချပျက်ယွင်းသွားပြီး မြေကြီးပေါ်ကိုသာ လဲကျသွားခဲ့ပါတယ်..။သူ့ရဲ့ ခြေထောက်တွေက လှုပ်နေဆဲဖြစ်ပေမယ့် စုစည်းမူတွေ အလျင်အမြန်လျော့ ကျသွားခဲ့တယ်..။

သူတို့ရဲ့ လှုပ်ရှားမူတွေက ပိုပို နှေးကွေးလာခဲ့ပြီး..နောက်မှ ရပ်တန့်သွားခဲ့ပါတယ်..။သံအကာအကွယ်တွေရဲ့ အောက်မှာတော့ ပင့်ကူရဲ့ ခန္တာကိုယ်က မံမီ တစ်ကောင်လို မာကျောပြီး ရှုံ့တွ သွားခဲ့တယ်..။မကြာခင်မှာပဲ..သူက လုံးဝ ချောက်ကပ်သွားသလို ဖြစ်သွားခဲ့ပါတယ်..။

ဆန်နီ မျက်တောင်ခတ်လိုက်ပြီး ဒီမြင်ကွင်းကို ထိပ်လန့်သွားခဲ့ပေမယ့်..ကိုယ့်ကိုကို ပြန်ပြီး ပြင်ဆင်လိုက်ပါတယ်..။

ဝိီဗာသွေးကြောင့်သာ မဟုတ်ရင်လည်း သူက အခုချိန်မှာ အလောင်းကောင် ဖြစ်နေလောက်ပါပြီ..။

သူက သူ့ရဲ့ လက်ကို ဖြတိလိုက်ပြီးတော့ ဖြစ်ဖြစ်အသက်ရှင်နိုင်ပါသေးတယ်..။သို့ပေမယ့် သူသာ အနည်းငယ်လောက် ဖြစ်ဖြစ် နောက်ကျသွားခဲ့ရင်...

'အဲ့အကြောင်းကို မတွေးတာ ပိုကောင်းတယ်..'

ဘာပဲဖြစ်ဖြစ် သွေးမြားတွေက သူတို့ဘက်မှာ ရှိနေတာက ကောင်းမွန်တဲ့ အရာတစ်ခုပါ..။

သူနဲ့ အဝေးတစ်နေရာမှာ ရှိတဲ့ လေထဲမှာတော့ ကိုင် က ရုတ်တရက် ထူးဆန်းတဲ့ အသံတွေ ပြုလုပ်နေခဲ့တယ်..။တစ်စုံတစ်ယောက်ရဲ့ သွေးက ခမ်းခြောက်သွားပြီး..ရုတ်တရက် ခန္တာကိုယ်ထဲကို ပြန်ရောက်လာတာက ဘယ်လိုခံစားချက်လဲဆိုတာကို ဆန်နီ မသိပေမယ့် ဒါက ကောင်းမွန်မယ့် ပုံစံတော့ မရှိလောက်ပါဘူး..။

ပြီးတော့ နောက်ထပ် မေးခွန်းတစ်ခုလည်း ရှိနေပါသေးတယ်..။တကယ်လို့ ကိုင် ရဲ့ သွေးက မြားတစ်ချောင်း ဖန်တီးဖို့ အသုံးပြုရပြီး သူ့ဆီကို ပြန်ရောက်သွားတယ် ဆိုရင် - ဒါပေါ့..သူက ပစ်မှတ်ကို မှန်မှပါ..-

သားကောင် ဆီက ခြောက်သွေ့သွားတဲ့ သွေးတွေကရော ဘယ်ဆီကို ရောက်သွားတာလဲ..။

သူ သိချင်ရဲ့လားဆိုတာကိုတော့ သေချာမသိပါဘူး..။

ဘာပဲဖြစ်ဖြစ် နိုက်တင်ဂေး က တက်ရောက်မူ အဆင့် မှတ်သားမူကို ပိုင်ဆိုင်ထားတာကြောင့်..သူတို့ နဲ့ သံပင့်ကူတွေ ၊ တစ်ခြားသားရဲတွေနဲ့ တိုက်ပွဲက ပိုမို အန္တရာယ် နည်းလာခဲ့ပါတယ်..။သွေးမြားတွေကို ..

ဝိဥာဥ် အဆီအနှစ် အသုံးပြုပြီး..အသက်သွင်းစရာ မလိုအပ်တာကြောင့်..ချောမောတဲ့ လေးသည်တော်က အပြည့်အဝ အသုံချနိုင်နေခဲ့ပါတယ်..။

ဒီလို အံ့ဩစရာ ကောင်းတဲ့ လက်နက်ကို ပေးလိုက်ရတာကြောင့် ဆန်နီက အနည်းငယ် ခါးသက်နေတုန်းဖြစ်ပေမယ့်လည်း..သူ့ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာကို ပိုပြီး ယုံကြည်မူ ရှိလာနေခဲ့ပါပြီ..။

ဒီလိုနဲ့ပဲ..နောက်ထပ် ခြောက်ရက်လောက် ကုန်လွန်လာခဲ့တယ်..။ဒီအတောအတွင်းမှာ သူက မှတ်သားမူ အသစ် ထပ်မရခဲ့ပေမယ့်..အရိပ်အပိုင်းအစတွေ ပိုစုဆောင်းနိုင်ခဲ့ပြီး..စုစုပေါင်း သုံးရာနဲ့လေးဆယ် ခန့် ရှိပါတယ်..။သူက ကျောက်တုံးသူတော်စင်ကို ဖန်တီးခဲ့တဲ့ အချိန်ကလောက် မသန်မာသေးပေမယ့်လည်း..တဖြည်းဖြည်းနဲ့ ပြန်လည်နီးကပ် လာခဲ့ပါပြီ..။

ခြောက်ရက်မြောက် ညနေခင်းမှာတော့..သွေးစွန်းပြီး မောပန်းမူတွေနဲ့အတူပဲ..အဖွဲ့သားတွေဟာ နောက်ဆုံးမှာ သူတို့ရဲ့ ပထမဆုံးပန်းတိုင်ကို ရောက်လာခဲ့ကြတယ်..။

အခြေအနေကို ကြည့်လိုက်ပြီး..ဆန်နီ အကူညီမဲ့စွာပဲ သူ့ ရဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပါတယ်..။

သူ့ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်..။

' ဒါပေါ့...'

All Chapters