← Chapters

အထွပ်အထိတ်

Vol. 15 Ch. 221

အထွပ်အထိတ်

Vol. 15 Ch. 221

သူတို့ရဲ့ ရှေ့မှာတော့ မြေကြီးက ကွဲကြေနေပြီး ကြီးမားတဲ့ အက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်နေစေခဲ့ပါတယ်..။ချောက်ကြီးက အရမ်းကို ကြီးမား ကျယ်ပြန့်တာကြောင့်..တစ်ခြားတစ်ဖက်ကို မြင်ဖို့ ဆန်နီ သူ့ရဲ့ မျက်လုံးတွေကို အတော်အားစိုက်ယူထားရတယ်..။ကြက်သွေးရောင် သန္တာကျောက်တွေက နံရံတွေကို တွယ်ကပ်နေပြီး သွေးစီးကြောင်းတွေလိုတောင် ထင်မှတ်နေခဲ့ရပါတယ်..။

လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက..အဖြူရောင် ကျောက်တုံးတံတား တစ်ခုဟာ..ချောက်ကြီးရဲ့ နှစ်ဖက်ကို ဆက်သွယ်ပေးထားခဲ့တာပါ..။သို့ပေမယ့် အခုတော့ ဒါက ပျက်ဆီးနေပြီး..သူ့ရဲ့ အုတ်မြစ်တွေသာ နေရာမှာ ရှိနေခဲ့တော့တယ်..။

တံတားကြီးကို ကြည့်လိုက်ပြီး..သူတို့ရဲ့ ခြေထောက်အောက်မှာ ရှေးဟောင်း လမ်းကြောင်းရှိနိုင်တယ် ဆိုတာကို ဆန်နီ နားလည်လိုကိပါတယ်..။ဒီအရာက ရှေးဟောင်း မြို့တော်ရဲ့ ဂိတ်ပေါက်ဝ တည့်တည့်ကို ဦးတည်သွားပြီး..ကြက်သွေးရောင် ချောင်ကြီးကို..ဆန်းကျယ်တဲ့ တံတားတစ်ခုနဲ့ ဖြတ်ထားခဲ့ပါတယ်..။

ဒီလို တွေးကြည့်တဲ့ အချိန်မှပဲ..ဦးခေါင်းမရှိတဲ့ စစ်သည်ရုပ်ထု ၊ အဖြူရောင် ကုန်းမြင့် နဲ့ သူတို့ အသက်ကို နှစ်ကြိမ် ကယ်တင်ခဲ့တဲ့ကျတ်သရေ ရှိတဲ့ အမျိုးသမီး ရုပ်ထုတို့က တစ်တန်းတည်း ရှိနေတာကို သိလိုက်ရတယ်..။အရှေ့ဘက်ကို ဦးတည်ထားတဲ့ နောက်ထပ်လမ်းကြောင်းတစ်ခု ရှိနေသေးတာလည်း ဖြစ်နိုင်ပါတယ်..။

သို့ပေမယ့်..ဒီအတွေးက ပေါ်လာတာနဲ့ တစ်ပြိုင်နက် ပြန်ပျောက်သွားခဲ့တယ်..။သူ့ရဲ့ အာရုံစူးစိူက်မူတွေက..ကျောက်တုံးတံတား အနားက တစ်ခုခု ဆီကို ရောက်သွားခဲ့ပါတယ်..။

နောက်ထပ် ကြီးမားတဲ့ ရုပ်ထုကြီး..

အပျက်အစီးတွေရဲ့ အထက်မှာတော့ ကြီးမားတဲ့ ကျောက်တုံး စစ်သည်တော် တစ်ခု ရှိနေခဲ့တယ်..။သူက ရှေးဟောင်း သံချပ်ကာ အင်္ကျီကို ဝတ်ဆင်ထားပြီး လှပတဲ့ လှ့ရှညိတစ်ခုကို သူ့ပုံခုံးပေါ်မှာ မှီထားခဲ့ပါတယ်..။စစ်သည်တော်က တောင်ဘက် အရပ်ကို မျက်နှာမူထားပြီး..ရှေးဟောင်းမြို့တော်ထဲကို လမ်းအတိုင်းသွားလာကြတဲ့ လူတွေကို နှုတ်ဆက်နေသလိုတောင် ထင်နေရတယ်..။

..ဒါပေါ့ သူ့ရဲ့ ဦးခေါင်းကတော့ မရှိပါဘူး..။

ထပ်ပြောရရင် ရုပ်ထုကြီးတစ်ခုလုံးကိုလည်း ကြီးမားကျယ်ပြန့်တဲ့ အညိုရောင် ပင့်ကူ အိမ်တွေနဲ့ ဖုံးအုပ်ထားခဲ့ပါတယ်..။ဒါက ပင့်ကူမျှင် အင်္ကျီကို ဝတ်ဆင်ထားတာနဲ့တောင် တူနေခဲ့ပါပြီ..။ဘယ်လို သတ္တဝါကများ ကြီးမားတဲ့ ကျောက်တုံး ရုပ်ထုကြီးတစ်ခုလုံးကို ပတ်နိုင်တဲ့အထိ ထူထဲတဲ့ ပင့်ကူ ကြိုးတွေ ဖန်တီးနိုင်ရတာလဲ ဆိုတာကို ဆန်နီ သိချင်သွားခဲ့တယ်..။

သူ့ရဲ့ အမူအရာကို သတိထားမိတဲ့အလား အယ်ဖီက ပြုံးလိုက်ပြီး..

"ကြောက်နေတယ်ပေါ့..ဟင်.."

သူ့ရဲ့မေးခွန်းအပေါ်မှာ အဖြေမရှိမှာကို သိနေတဲ့အလား ဆန်နီ သူမကို ခေါင်းညိမ့်ပြလိုက်တယ်..။

တစ်ခါလောက်ဖြစ်ဖြစ်..သူ့ရဲ့ မျှော်လင့်ချက်တွေက အပိုင်းပိုင်း အစစ မဖြစ်ခဲ့ပါဘူး..။

မုဆိုး မိန်းကလေးက သက်ပြင်းချလိုက်ပြီး..

"ငါ ကိုယ်တိုင်တော့ မမြင်ခဲ့ရဘူး..။ဒါပေမဲ့ ဒီနေရာမှာ အသိုက်လုပ်ပြီး နေနေတဲ့ သားရဲနဲ့ ပတ်သက်ပြီးတော့ ပုံပြင်တွေ အများကြီးကြားဖူးထားတယ်..။ဒီဟာက ငါတို့ တစ်ပတ်လုံးလုံးတိုက်ခိုက်နေရတဲ့ ပင့်ကူတွေ အားလုံးရဲ့ မိခင်ကြီးပဲ..။အိပ်မက်ဆ်ိုးသားရဲတစ်ကောင်ရဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မူတစ်ခုလို့တောင် ပြောလို့ရတယ်..။သူ့ရဲ့ ခန္တာကိုယ်က အိမ်တစ်လုံးလောက် ရှိပြီး အတော်လေး ကြောက်ဖို့ကောင်းတယ်..။သူ့ရဲ့ အကာအကွယ်ကလည်း ဟိုဗာ တင့်ကား လိုပဲ.."

ဆန်နီ တံတွေးကို မြိုချပြီး ဘေးနားမှာ ရှိနေတဲ့ နစ််ဖီကို တစ်ချက်လှမ်းကြည့်လိုက်တယ်..။

"ဟိုဗာ တင့်ကားဆိုတာက ဘာကိုပြောတာလဲ.."

အယ်ဖီက အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးမှ သဘောကျစွာ ပြန်ဖြေလိုက်ပါတယ်..။

"အိုး..ဟုတ်သားပဲ..နင် ကျောင်းမတက်ခဲ့ရဘူးဆိုတာကို မေ့သွားတာ..။နင် အရင်တုန်းကတော့ PTV ကို မြင်ဖူးတယ်မလား..။PTV ဆိုတာက သယ်ယူပို့ဆောင်ရေး ယာဥ်ကို ပြောတာ..။နင်သိမယ်လို့ မျှော်လင့်တာပဲ..။ကောင်းပြီ..တင့်ကား ဆိုတာကလည်း အဲလိုပဲ..ဒါပေမဲ့ ပိုကြီးပြီး ပိုလေးလံတယ်..။ကြီးမားတဲ့ အကာအကွယိရှိပြီး တိုက်ခိုက်ရေး ကိုလည်း တပ်ဆင်ထားတယ်..။တစ်ခါတစ်လေမှာ အစိုးရက လူများတဲ့ နေရာတွေမှာ ဂိတ်ပေါတွေ ပွင့်လာရင် နိုးထသူတွေကို ကူညီဖို့ တပ်ဆင်ထားတတ်တယ်လေ.."

ဆန်နီ ဒီလိုယာဥ်မျိုးကို မြင်ယောင်ကြည့်ရင်း သူ ကလေးဘဝတုန်းက သတင်းစာမှာ ဒီလိုမျိုး မြင်ခဲ့ဖူးတယ်ဆိုတာကို အမှတ်ရလိုက်တယ်..။အများအားဖြင့်တော့..အယ်ဖီပြောရတဲ့ တင့်ကားတွေက မွန်းစတားတွေ အတွက်ကတော့..အစာသွပ် သံဗူးတစ်ခုကို ဖွင့်ဖောက်ပြီး စားနေရသလို ဖော်ပြပါတယ်..။

သူ ကြက်သီးထသွားခဲ့တယ်..။ရူးနေတဲ့လူတွေတောင် အိပ်မက်ဆိုးသားရဲတွေနဲ့ ဖက်ပြိုင်ပြီး တိုက်ခိုက်နေကြမှာမဟုတ်ပေ..။

အရိုးသားဆုံး ပြောရရင် နိုးထသူတွေက သားရဲတွေကို တိုက်ခိုက်နေကြတယိ ဆိုတာကလည်း ရွေးချယ်စရာ မရှိလို့ပါ..။

"..ငါတို့က ဒီ ပင့်ကူကြီးကို သတ်ရမှာတော့ မဟုတ်ပါဘူးနော်..။သတ်ရမှာလား..."

ရယ်ဖီ ရယ်မောလိုက်တယ်..။

"တကယ်တော့ နင်ကံကောင်းသွားတယ်..။ငါတို့က အဲဒီ ပင့်ကူ အမေကြီးနဲ့ တွေ့ရမှာမဟုတ်ဘူး..။တကယ်တော့ ဘယ်သူမှလည်းတွေ့ကြရမှာမဟုတ်ဘူး..။သူမက အစောကတည်းက သေသွားပြီ.."

ဆန်နီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မုဆိုးမိန်းကလေးကို ကြည့်လိုက်တယ်...။

"ဟုတ်လား..တော်သေးတယ်..။ဒါပေမဲ့ နင်က ဘယ်လိုသိတာလဲ.."

သူမက ပုခုံးတွန့်လိုက်ပြီး..

"သူမကို ..ဒုတိယ ရဲတိုက်အရှင်သခင်က ကြက်သွေးရောင် ထိပ်ဖျားဆီကို မသွားခင်မှာ သတ်ခဲ့တာ..။ငါ မေ့ပျောက်ကုန်းမြေကို ရောက်တော့ ကူညီပေးခဲ့တဲ့ မုဆိုးမိန်းကလေးက..တကယ်တော့ ရဲတိုက်အရှင်သခင်ရဲ့ မူလအဖွဲ့ဝင်ပဲ..။နင် ဒါကို ယုံကြည်လို့ရတယ်..။တကယ်တော့ သူမကပဲဒီသားရဲကြီးကို နောက်ဆုံး အဆုံးသတ်ပေးခဲ့တာ..."

အယ်ဖီဟာ..ကြီးမားတဲ့ ပင့်ကူ အိမ်တွေကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

ဆန်နီ မျကိမှောင်ကျုတ်လိုက်ပြီး..

"နင် ဘာကိုပြောနေတာလဲ.."

မုဆိုးမိန်းကလေးဟာ သူမရဲ့လှပတဲ့ ကြေး လှံကို မှီရင်း လက်နဲ့ ပုတ်ပြလိုက်တယ်..။

"ငါ့ရဲ့ လှံ..။ဒါက အဆင့်ငါး နိုးထမူ အဆင့်ပဲ..။ဒီတော့ ပင့်ကူ သားရဲက နိုးထမူအဆင့် နတ်ဘီလူး ဖြစ်လိမ့်မယ်..ထင်တယ်..။နင် စဥ်းစားကြည့်စမ်း..။ဒီကောင်တွေ အားလုံးသား သူမရဲ့ အမိန့်ပေးမူအောက်မှာသာ ရှိနေရင် မတွေးရဲစရာပဲ..။ကျေးဇူးတင်စွာပဲ သူမက သေသွားခဲ့ပြီ..။

ဆန်နီ သူမကို သံသယဖြစ်စွာကြည့်လိုက်ပြီး..

"အဲ့ ဆရာက ဘာလို့ နင့်ကို ဒီလို ရတနာမျိုးပေးရတာလဲ ."

အယ်ဖီဟာ ခနလောက် တိတ်ဆိတ်နေပြီးကာမှ ပြုံးလိုက်တယ်..။

"အာ..ငါတို့က အတော်လေး ရင်းနှီးကြတယ်..။ပြီးတော့ သူမက လှံကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို မသိဘူး..။မှောအတတ်တွေ..။ဘာပဲဖြစ်ဖြစ် သူမက ငါ့ကို ဒီ အထွတ်အထိပ် အမြုတေကို ​ပေးခဲ့တာပဲ.."

သူမမှာ လွတ်လပ်တဲ့ အသံရှိနေပေမယ့် သူမရဲ့ အပြုံးက အတုအယောင် ဆိုတာကို သူ ပြောနိုင်ပါတယ်..။အယ်ဖီကဒီအရာကိုတော့ ထုတ်မပြခဲ့ပေ..။ဒီ အမည်မသိတဲ့ မုဆိုးမိန်းကလေး သေဆုံးခံ့ရတာက သူမအပေါ်မှာ အတော်လေး သက်ရောက်မူရှိတယ်ဆိုတာကိုတော့ ဆန်နီ သေချာသိပါတယ်..။

ဘယ်သူသိမှာလဲ..။အယ်ဖီ ရဲ့ မူလ အဖွဲ့က ဥမင်ထဲမှာ သေဆုံးခဲ့ကြတာဆိုတော့ သူတို့ရဲ့အလောင်းတွေကလည်း အဲဒီမှာ ရှိနေလောက်သေးပါတယ်..။

သို့ပေမယ့် သူ့စိတ်ထဲကို တစ်ခုခု ဝင်လာခဲ့တယ်..။

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပါတယ်..။သန်းခေါင်ယံ အမြုတေနဲ့ အထွတ်အထိပ် အမြုတေက ဆက်နွယ်မူ ရှိနေတာလား..။သူ သေချာမသိပေ..။

ဒါက ဖြစ်နိုင်ပါတယ်..။သန်းခေါင်ယံ အမြုတေက ကြေးခွံ နတ်ဆိုးကို သတ်လို့ အပြီးမှာ သူက နစ်ဖီ ဆီကနေ ရခဲ့တာပါ..။

နတ်ဆိုးကလည်း..ဝိဥာဥ်စားသုံးသူ ရဲ့ ထိန်းချုပ်မူကို ခံထားရပေမယ့်ဝင်္ကပါရဲ့ အဲ့ဘက်ပိုင်းမှာရှိတဲ့ နယ်မြေက အိပ်မက်ဆိုးသားရဲတွေ အတွက်တော့ ခေါင်းဆောင်တစ်ယောက်ပါပဲ..။ဒါက ပင့်ကူ အမေကြီးနဲ့ အဆင့်အတန်းချင်း တူပါတယ်..။

ဦးခေါင်းမရှိတဲ့ ရုပ်ထု နှစ်ခု ၊ အရမ်းသန်းမာတဲ့ သားရဲနှစ်ကောင် ၊ နာမည်ဆင်တူတဲ့ မှတ်သားမူ နှစ်ခု..။ဒီတိုက်ဆိုင်မူက နည်းနည်းများနေတာ မဟုတ်ဘူးလား..။

အယ်ဖီကို စိုက်ကြည့်ရင်း သူမေးလိုက်တယ်..။

"နင့်ရဲ့ လှံက ကျရှုံးခြင်း ကြယ်တစ်ပွင့်ရဲ့ အမြုတေကနေ ထွင်းထုထားတာလား.."

ဒါကိုကြားတာနဲ့ ကတ်စီကပါ ခေါင်းလှည့်လာပြီး သူတို့ပြောတာကို နားထောင်လာခဲ့တယ်..။ဒီသေးငယ်တဲ့ အချက်အလက်က ဆန်နီ သိချင်နေတဲ့ အရာတိုင်းရဲ့ အဖြေပါပဲ..။

မုဆိုးမိန်းကလေးက မျက်ခုံးပင့်တင်လိုက်ပြီး..

"ဖော်ပြချက် အရဆိုရင်တော့ အဲလိုပဲပေါ့..။နင့်ကို ဘယ်သူပြောတာလဲ.."

ဆန်နီ ရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့တယ်..။

"ဘယ်သူမှမဟုတ်ဘူး..ခန့်မှန်းကြည့်တာ.."

သူ တွေးနေတာက မှန်ကန်နေတဲ့ပုံပါပဲ..။ဒီ မှတ်သားမူ နှစ်ခုရဲ့ နောက်ကွယ်မှာ လျိုဝှက်ချက်တစ်ချို့ ရှိနေလောက်ပါတယ်..။ကတ်စီက ဒီအကြောင်းကို တစ်ခုခု သိနေပုံထောက်ရင် နစ်ဖီ လည်း သိနေလောက်ပါတယ်..။

ဒါတောင်မှ သူတို့က ဆန်နီ အပါအဝင် ကျန်တဲ့ အဖွဲ့သားတွေကို မပြောပြဖို့ ရွေးချယ်ထားခဲ့တာပါ..။

သူ သက်ပြင်းချလိုက်တယ်..။

'ဒီတော့ ဒီ စူးစမ်းဖော်ထုတ်မူက ထင်သလောက် မရိုးရှင်းဘူးပေါ့..'

စတင်တဲ့ အချိန်ကတည်းက မရိုးရှင်းတာ ဖြစ်နိုင်ပါတယ်..။

သူက အစောကတည်းက ပြောင်းလဲနေတဲ့ကြယ်ပွင့် အနက်ရောင်မြို့တော်ကနေ ထွက်ခွာတာဟာ တစ်ခြားတစ်ခုခု ရှိနေသေးတယ်လို့ ခန့်မှန်း မိခဲ့ပေမယ့် အခုတော့ သူ့ရဲ့ သံသယတွေက ပိုပြီး သေချာလာခဲ့တယ်..။

ဆန်နီရဲ့ မျက်နှာပေါ်က အပြုံးကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ..။

အမှောင်ထဲမှာ ထားခံရတဲ့ ဘဝကို သူလုံးဝ မကြိုက်ပေ..။

'အမှောင်ထဲမှာထားထားမယ်ပေါ့..ဟင်..ဘယ်လောက်ရက်စက်လိုက်လဲ..'

အဲ့အချိန်မှာပဲ သူ့အရိပ်က ရုပ်ထုကြီးရဲ့ အောက်ခြေကို ရောက်သွားခဲ့တယ်..။မျက်မှောင်ကျုတ်ထားရင်း ဆန်နီ သန်းခေါင်းယံ အမြုတေကို ထုတ်ယူလိုက်ကာ..မလိုလားအပ်တဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ပါတယ်..။သူ နစ်ဖီကို ကြည့်လိုက်ပြီး..

"အရှေ့မှာ အသိုက်တစ်ခု ရှိတယ်..။ငါတို့ ရုပ်ထုကို ရဖို့ဆိုရင် ဒါကိုဖျက်ဆီးမှရမှာ..။ပင့်ကူတွေ အများကြီးပဲ..ပိုကြီးတဲ့ အကောင်တွေလည်း ပါတယ်.."

သူမက သူ့ကို ခေါင်းညိမ့်ပြလိုက်ပြီး တစ်ခြားလူတွေကို ကြည့်လိုက်တယ်..။

"ငါတို့က အသိုက်ကို ရှင်းလင်းပြီး နေမဝင်ခင် ရုပ်ထုပေါ်ကို တက်ကြရမယ်..။တိုက်ပွဲအတွက် ပြင်ဆင်ထားတော့.."

All Chapters