အသိုက်ကို ရှင်းလင်းခြင်း
Vol. 15 Ch. 222
ရှင်းလင်းပြီး သံစဥ်ညီတဲ့ အသံတစ်ခုက..ဝင်္ကပါအပေါ်က လေထုထဲမှာ လွင့်ပျံနေခဲ့ပါတယ်..။ဒီအရာက ကြီးမားတဲ့ အညိုရောင် ပင့်ကူအိမ်ထဲမှာ ရှိနေတဲ့ ပင့်ကူတွေကို သူတို့ရဲ့ သားကောင်တစ်ကောင်က တံခါးလာခေါက်နေပြီဆိုတာကို သတိပေးနေခဲ့တယ်..။
ခနအကြာမှာတော့..ကြီးမားတဲ့ သံ အကာအကွယ်ပြားတွေနဲ့ ခန္တာကိုယ်တွေက အညိုရောင်ပင့်ကူအိမ်ထဲကနေ လျင်မြန်တဲ့ အရှိန်နဲ့ ထွက်လာခဲ့ကြပါတယ်..။သူတို့ရဲ့ လမ်းကြောင်းကို တားဆီးသူ မှန်သမျှကို ရှင်းပစ်ဖို့အတွက် လုံလောက်တဲ့ အိပ်မက်ဆိုးသားရဲ ပမာဏ ရှိနေခဲ့တယ်..။
သို့ပေမယ့် သူတို့ လမ်းမှာ ရပ်နေတာက ပုံရိပ်နှစ်ခုပါ..။တစ်ယောက်က အရပ်ရှည်ပြီး ကြမ်းတမ်းတယ်..။တစ်ခြားတစ်ယောက်က မတူညီတဲ့ လေးနက်မူတွေနဲ့ ထူးဆန်းတဲ့ ခံစားချက်တွေကို ပေးနေခဲ့ပါတယ်..။
သူတို့က အယ်ဖီနဲ့ ကျောက်တုံးသူတော်စင်ပါ..။သူတို့နှစ်ယောက်လုံးက ဒိုင်းကာတွေကို မ ထားပြီး..လက်နက်တွေကို အပေါ်ကနေ တင်ထားခဲ့ပါတယ်..။မုဆိုးမိန်းကလေးက..ပြုံးနေတဲ့ အချိန်မှာတော့ အရိပ်က..သူမရဲ့ ဓားကို ဒိုင်းကာ နဲ့ နှစ်ချက်ရိုက်လိုက်ပါတယ်..။
ဒီခေါ်ဆိုမူကို ပြန်လည် ဖြေဆိုလိုက်သလိုပဲ..အနက်ရောင် မြားတစ်စင်း က ရုတ်တရက် လေထဲမှာပေါ်ထွက်လာပြီး..ရှေ့ဆုံးကနေ ဦးဆောင်းလာတဲ့ ပင်ကူရဲ့ မျက်လုံးကို ထိမှန်သွားခဲ့တယ်..။မွန်းစတားရဲ့ ခြေထောက်က ယိုင်နဲ့ သွားပြီး မြေကြီးပေါ် လဲကျသွားခဲ့ပါတယ်..။ဒီအခြေအနေကြောင့် နောက်က လိုက်ပါလာတဲ့ သားရဲတွေက ရှောင်သွားတာ တို့..ခုန်ကျော်တာတို့ကို ဖြစ်ပေါ်စေခဲ့တယ်..။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့ နေူက်မှာတော့ ပင့်ကူလှိုင်းကြီးနဲ့ နံရံ အသေးလေးက ထိတွေ့သွားခဲ့ပါပြီ..။သံ လက်နက်တွေနဲ့ သံအကာအကွယ်တွေ ထိတွေ့တဲ့ အသံတွေက..မေ့ပျောက်ကုန်းမြေရဲ့ အညိုရောက် ကောင်းကင်အောက်မှာ မိုးကြိုးပစ်သံလို ဆူညံနေခဲ့တယ်..။ရောက်လာတဲ့ အင်အားက အရမ်းပြင်းထန်ပေမယ့် အယ်ဖီ နဲ့ ကျောက်တုံး သူတော်စင်ကတော့ တစ်နည်းအားဖြင့် ထိန်းထားနိုင်ဆဲပါ..။
သံပင့်ကူ တွေရဲ့ တိုးအားတွေ လျော့ကျသွားပြီဆိုတာနဲ့ နစ်ဖီ နဲ့ ကတ်စတာက ဘယ်ကမှန်းမသိ ပေါ်ထွက်လာပြီး..ဒီ ရွံ့စရာကောင်းတဲ့ သားရဲတွေကို တိုက်ခိုက်ပါတော့တယ်..။တစ်ချိန်တည်းမှာပဲ ကျောက်တုံးလို ဓားတစ်ချောင်းနဲ့ လှပတဲ့ ကြေးလှံတစ်ချောင်းကလည်း အကာအကွယ် နောက်ကနေ ပေါ်ထွက်လာခဲ့တယ်..။
အနက်ရောင်သွေးတွေကတော့ လေထဲမှာ ပျံ့လွင့်နေခဲ့ပါပြီ..။
အဲ့အချိန်မှာတော့ ဆန်နီက..အိပ်မက်ဆိုးသားရဲတွေရဲ့ နောက်မှာရောက်နေပြီး သူတို့ရဲ့ နောက်ကျောဘက်ကို တိတ်တဆိတ်တိုးကပ်သွားခဲ့တယ်..။သန်းခေါင်ယံ အမြုတေက လေထဲမှာ အရောင်တစ်ချက်လက်သွားပြီး ပင့်ကူသားရဲတွေထဲက တစ်ကောင်ကို အဆုံးသတ်ပေးလိုက်ပါတယ်..။
[ သင်က နိုးထမူအဆင့် သားရဲကို သတ်လိုက်ပါပြီ ]
အခိုက်အတန့်ရဲ့ ကြေညာမူကို နားထောင်မနေပဲ..ရန်သူတွေက သူ့ကို သတိမထားမိတဲ့ အဖိုးတန်တဲ့ အချိန်လေးကို အပြင်းအထန် တိုက်ခိုက်ပြီး အသုံးချချင်နေခဲ့တယ်..။
'သစ္စာမဖောက် နဲ့...ဒီတိုင်း...ဥာဏ်ကောင်းလိုက်..'
အယ်ဖီ နဲ့ ကျောက်တုံးသူတော်စင်တို့ရဲ့ အရှေ့ကို ထိန်းထားမူ ၊ နစ်ဖီ နဲ့ ကတ်စတာ တို့ရဲ့ ဘေးတစ်ဖက်စီက တိုက်ခိုက်မူ နဲ့ ဆန်နီရဲ့ အနောက်ကနေ ပိတ်ဝင်လာမူကြောင့် မွန်းစတားတွေက လေးဖက်လေးလံကနေ ဝန်းရံခံနေရပြီး ပိတ်မိသလိုဖြစ်နေခဲ့ပါတယ်..။
..ကောင်းပြီ..ဒီသဘောမျိုးပေါ့..
ဒါပေါ့..သေးငယ်တဲ့ ပြောင်းလဲမူအဆင့် လူသားလေးတွေက..များပြားလှတဲ့ ထိပ်တန်းသားရဲတွေကို ဝန်းရံထားဖို့ ဘယ်တော့မှ
အမှန်တကယ် မျှော်လင့်နိုင်မှာမဟုတ်ပါဘူး..။သူတို့ဘက်မှာ သားရဲတစိကောင်ပိုင်ဆိုင်ထားတယ် ဆိုရင်တောင် ဒါက မဖြစ်နိုင်ပေ..။ပိတ်မိတာ ဟုတ်ဟုတ် မဟုတ်ဟုတ်..သံပင့်ကူတွေ စတင်ပြီး တုန့်ပြန်လာတာနဲ့ သူတို့က အလွယ်တကူ လွမ်းမိုးနိုင်ပြီး..လူသားတွေကို တစ်စစီလုပ်ပစ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်..။
အထူးသဖြင့်..ဒီ ကြမ်းတမ်းတဲ့ သားရဲတွေရဲ့ နောက်ဘက်မှာ တစ်ယောက်တည်း ရှိနေတဲ့ ဆန်နီပါပဲ..။တကယ်လို့ ပင့်ကူတွေသာ သူ့ဆီကို တိုက်ခိုက်ဖို့ အာရုံစိုက်လာကြမယ် ဆိုရင် စက္ကန့်ပိုင်းအတွင်းမှာတင် သေသွားနိုင်ပါတယ်..။
နောက်ထပ် အနက်ရောင်မြားတစ်စင်းက ပိုကြီးမားတဲ့ ပင်ကူရဲ့ ဝမ်းဗိုက်ကို စိုက်ဝင်သွားခဲ့တယ်..။ဆန်နီ ပင့်ကူ အရိုးဓားတွေရဲ့ အောက်ကို အလျင်အမြန်ပြေးဝင်လိုင်ကြီး..သူ့ရဲ့ ဦးခေါင်းကို နေရာလွတ်ကနေ တဆင့် ဓားနဲ့ ထိုးဖောက်လိုက်ပါတယ်..။
[ သင်က...]
သန်းခေါင်ယံ အမြုတေကို ပင်ကူရဲ့ ဦးခေါင်းကနေ ပြန်ဆွဲထုတ်ဖို့ အချိန်မရှိတာကြောင့် ဆန်နီ ဟာ ဓားရိုးကို လွတ်လိုက်ပြီး နောက်ကိင ခုန်ဆုတ်လိုက်တယ်..။ဒါကြောင့် နောက်ထက် သားရဲတစ်ကောင်ရဲ့ တိုက်ခိုက်မူကနေ ကပ်သီလေး လွတ်သွားခဲ့ပါတယ်..။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ သူတို့အသာစီးရနေတဲ့ အခြေအနေက အဆုံးသတ်စ ပြုလာခဲ့ပါပြီ..။အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့ ပင့်ကူတွေက အသိစိတ်ဝင်လာခဲ့ကြတယ်..။ဒီအချိန်အခိုက်အတန့်လေးမှာ သူတို့အဖွဲ့က ပင့်ကူ ဆယ်ကောင်လောက်ကို သတ်နိုင်ခဲ့ပေမယ့် သားရဲပမာဏက သူတို့ကို တစ်စစီ လုပ်ဖို့အတွက် လုံလောက်နေတုန်းပါပဲ..။
ဆန်နီဟာ နစ်ဖီ ရဲ့ လှုပ်ရှားမူတွေ ပြောင်းလဲသွားပြီဆိုတာကို လှည့်ကြည့်ဖို့တောင် မလိုအပ်ခဲ့ပေ..။ဝင်္ကပါထဲမှာ လတွေကြာအောင် အတူတူ တိုက်ခိုက်ရင်း ရလာခဲ့တဲ့ နားလည်မူက သူတို့ကြားထဲမှာ ရှိနေတုန်းပါပဲ..။ဒီအရာက သူတို့နှစ်ယောက်ကို ဘာစကားတစ်ခွန်းမဇ မပြောပဲ ပြီးပြည့်စုံစွာ ပူးပေါင်းနိုင်စေပါတယ်..။
တကယ်တော့ သူတို့ရဲ့ ဆက်ဆံရေးမှာဖြစ်နေတဲ့ အက်ကွဲကြောင်းတစ်ချို့က လွဲရင်..သူတို့ရဲ့ သံယောဇဥ်က အတော်လေးကို ခိုင်မာပါတယ်..။
ဖြစ်နိုင်တာက သူတိူ့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အများကြီး နားလည်ထားလို့လည်း ဖြစ်နိုင်ပါတယ်..။
အာ..ပြောင်းလဲနေတဲ့ကြယ်ပွင့် နဲ့ နောက်တစ်ကြိမ် ဘေးချင်းယှဥ်ပြန်ပြီး တိုကိခိုက်ရတာက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ..
ပင့်ကူ တွေက..တိုက်ပွဲရဲ့ရေစီးကြောင်းကို သူတို့ဘက်ကို အားသာလာအောင် မလုပ်နိုင်သေးခင်မှာပဲ..အယ်ဖီ နဲ့ ကျောက်တုံးသူတော်စင် တို့ဟာ ရုတ်တရက် ဘေဘက်ကို ရွေ့ရှားသွားခဲ့ကြတယ်..။
နစ်ဖီ ၊ ကတ်စတာ နဲ့ ဆန်နီ တို့ကတော့ ကိုယ့်ဟာကို ကိုင်တွယ်နေကြပါတယ်..။
ဒီ ဒိုင်းကာကြီးရဲ့ နောက်မှာတော့ ကတ်စီက မတ်တတ်ရပ်နေခဲ့တယ်..။သူမက လက်ထဲမှာ သစ်သားတုတ်ချောင်းကို ကိုင်ထားခဲ့ပြီး..ထည်ဝါလှတဲ့ ဓားပျံကတော့ သူမရဲ့ ပုခုံးနားမှာ ရှိနေခဲ့တာပါ..။
ဓားပျံရဲ့ ထိပ်ဖျားက ပင့်ကူတွေကို တည့်တည့် ဦးတည်ထားခဲ့တယ်..။တိတ်တဆိတ် ကခုန်သူ ရဲ့ ဦးတည်ချက်ကို လိုက်ပြီး ကတ်စီက သူမရဲ့ တုတ်ချောင်းကို လှုပ်ရှားကာ..စွမ်းအင်ကို အသက်သွင်းလိုက်ပါတယ်..။
ရုတ်တရက် ဆိုသလိုပဲ ဟာရီကိန်းလို အင်အားပြင်းတဲ့ လေထုက တိုက်ခတ်လာခဲ့ပြီး အိပ်မက်ဆိုးသားရဲ ထုကြီး ကို ရိုက်ခတ်သွားခဲ့တယ်..။သူတို့ထဲက တစ်ချို့က နောက်ကို ဆုတ်လိုက်ပြီး လေထဲကို ဖုန်မှုန့်တွေ ထွက်ပေါ်စေခဲ့ကြပါတယ်..။ဒါပေါ့..ဒီအရာက သားရဲတွေကို အမှန်တကယ် ဟန်ချက်ပျက်စေတာတွေ ၊ ထိခိုက်စေတာတွေတော့ မလုပ်နိုင်ပါဘူး..။
သို့ပေမယ့် ဒါက အစီစဥ်မဟုတ်ပေ..။
ကမ္ဘာပေါ်မှာရှိတဲ့ ပင့်ကူတွေကတော့ အကြားအာရုံ အရမ်းကောင်းကြတာပါ..။သို့ပေမယ့် သူတို့မှာ နားလိုမျိုး အစိတ်အပိုင်းတွေ မပါတာက ထူးဆန်းတဲ့အရာပါပဲ..။အမှန်တရားကတော့ ဒီပင့်ကူတွေက အသံလှိုင်းတွေရဲ့ တုန်ခါမူကို ခံစားနေနိုင်ခဲ့ပါတယ်..။
ဒီ အိပ်မက်ဆိုးသားရဲတွေက အတူတူပါပဲ..။ဒီလို အင်အားပြင်းတဲ့လေထု ပေါ်ထွက်လာခြင်းအားဖြင့်..ဘေးနားပတ်ဝန်းကျင်က ပင့်ကူအိမ်တွေ တုန်ခါသွားတာကြောင့် သူတို့အားလုံး ဗရမ်းဗတာ ဖြစ်စေပါတယ်..။
အဖွဲ့ဝင်တွေက..ဒီလို အခိုက်အတန့်မျိုးကို စောင့်နေကြတာပါ..။ချက်ချင်းဆိုသလိုပဲ သူတို့က ဆုံးဖြတ်ချက်ပြတ်သားစွာနဲ့..ပင့်ကူတွေရဲ့ အနက်ရောင်သွေးတွေ မြေပေါ်မှာ မြစ်တစ်စင်းလို ဖြစ်ပေါ်လာတဲ့ အထိ တိုကိခိုက်ကြတော့တယိ..။ဆန်နီ ကိုယ်တိုင်လည်း သူ့ရဲ့ လွတ်သွားတဲ့ ဓားကို ပြန်ရနေပြီဖြစ်ပြီး..သူ့ကို နောက်ဆုတ်အောင် တွန်းအားပေးနေတဲ့ သားရဲကို ဓားသွားနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်..။
[ သင် သတ်နိုင်ခဲ့.....]
သံပင့်ကူတွေ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာတော့ သူတို့ရဲ့ အရေအတွက်က အတော်ကို နဲနေခဲ့ပါပြီ..။
...သို့ပေမယ့် ဒါတောင် အများကြီးကျန်နေဆဲပါပဲ..။
ပြီးတဲ့နောက်မှာတော့ တိုက်ပွဲကွင်းပြင်က ဗရမ်းဗတာ ဖြစ်လာခဲ့တယ်..။ဒီနေရာမှာ နည်းစနစ်တွေ ၊ ဗျူဟာတွေ အတွက် အချိန်မရှိတော့ပါဘူး..။အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းက..သူတို့ထက် ခွန်အားရော ၊ အရေအတွက်ရော အများကြီးသာတဲ့ သားရဲတွေ အများကြီးနဲ့ တိုက်ခိုက်နေကြရပါတယ်..။
ကျောက်တုံးသူတော်စင် တစ်ယောက်တည်းသာ..သံပင့်ကူတွေက ဘာမှ မဟုတ်သလိုမျိုး အမူအရာမပြောင်းလဲပဲ တည်ငြိမ်နေနိုင်ခဲ့ပါတယ်..။
တိုက်ပွဲက အတော်လေးကို ကြမ်းကြမ်းတမ်းတမ်းဖြစ်လာခဲ့တယ်..။ကိုင် ကလည်း သူ့ရဲ့ အပေါင်းအပါတွေကို ကူညီပေးဖို့ကြိုးစားနေပေမယ့်..တိုက်ပွဲက အရမ်းကို ပြင်းထန်နေတာကြောင့် မလွဲနိုင်မယ့် ပစ်မှတ်ကို ရှာဖို့တောင်ခက်နေခဲ့ပါပြီ..။
သွေးမြားတွေရံ့ သက်ရောက်မူက အရမ်းကို ပြင်းထန်တာကြောင့် သူက စွန့်စားမူ တွေလည်း မလုပ်ရဲပါဘူး..။ဒီမှတ်သားမူကြောင့် အဆင့်တစ်ဆင့်မြင့်တဲ့ သားရဲတွေတောငိ သေကြေနေတဲ့အချိန်မှာ သူ့လို လူသားတစ်ယောက်က ရှင်သန်နိုင်ဖို့ အခွင့်အရေး မရှိပေ..။
အခုတော့..မြေပြင်က လူတွေက ကိုယ့်ကိစ္စကို ဖြေရှင်းနေကြရတာပါ..။
ဆန်နီ ကတော့ သားရဲနှစ်ကောင်နဲ့ ထိပ်တိုက်တွေ့ကာ ရုန်းကန် နေခဲ့ရပြီး အံကို ကြိတ်ထားခဲ့ပါတယ်..။ဒီခွေးသားတွေက..အကာအကွယ်နေရာလွတ်နေရာကို တိုက်ခိုက်ဖို့ အရမ်းကို လျင်မြန်လွန်းပြီး..ထိပ်တိုက် ရင်ဆိုင်ဖို့အတွက်လည်း အရမ်းကို သန်မာလွန်းလှပါတယ်..။ရလာဒ်အနေနဲ့ သူက သားရဲနှစ်ကောင်ကြားထဲမှာ သူတို့ရဲ့ တိုက်ခိုက်မူတွေကိုသာ ရှောင်ရှားနေခဲ့ရတယ်..။
"ချီးပဲ..."
သူ အနောက်ကို ခုန်ဆုတ်လိုက်ရင်း..လက်တစ်ဖက်က သန်းခေါင်းယံအမြုတေကို ကိုက်ထားကာ နောက်တစ်ဖက်က သုံးမြှောင့်ဆူးချွန်ကို ထုတ်ပြီး ပင့်ကူတစ်ကောင် ရှိနေတဲ့ နေရာကို ပစ်လိုက်တယ်..။သားရဲက ကူနယ်ကို အလွယ်တကူ ရှောင်ရှားပြီး..သူ့ဆီကိုသာ ဆက်လက်ဦးတည်လာခဲ့ပါတယ်..။
ဆန်နီ ရွေးချယ်စရာ မရှိပဲ နောက်ကို ထပ်ဆုတ်လိုက်ပါတယ်..။
သားရဲရဲ့ နောက်မှာတော့ ကူနယ်က လည်ပတ်နေခဲ့တယ်..။ခနအကြာမှာတော့ ဒါက လေထဲမှာ နောက်တစ်ကြိန်ပျံသန်းလာခဲ့ပြန်ပါတယ်..။
စိတ်မကောင်းစွာပဲ..ဒီသားရဲတွေကလည်း..ကမ္ဘာမြေပြင်ပေါ်က သားရဲတွေလိုမျိုး အမြင်အာရုံ အရမ်းကောင်းမွန်ကြပါတယ်..။ဒုတိယ ပင့်ကူကလည်း ကူနယ်ကို လှည့်တောင်ကြည့်မနေပဲ တန်းပြီး ရှောင်တိမ်းလိုက်တယ်..။
သို့ပေမယ့် ဆန်နီက အိပ်မက်ဆိုးသားရဲတွေကို သုံးမြှောင့်ဆူးချွန်နဲါ ဒဏ်ရာရအောင် လုပ်ဖို့ရည်ရွယ်ထားတာ မဟုတ်ပါဘူး..။အဲဒီအစား သူက သူတို့ကို ကိုယ်ဖော်စပ်ထားတဲ့ဆေးအတိုင်း ပြန် မြည်းစမ်းစေချင်တာပါ..။
ခနအကြာမှာတော့..ကူနယ်ရဲ့ မမြင်ရတဲ့ကြိုးတွေက..တင်းလာပြီး..ကြီးမားတဲ့ ခန္တာကိုယ်ကြီးနှစ်ခုကို ရစ်ပတ်လာခဲ့တယ်..။သူတို့ရဲ့ ပင့်ကူအိမ်မှာ မိနေကြ သားကောင်တွေလိုပဲ..အခုလည်းသံပင့်ကူ တွေက ကူနယ် ရဲ့ ကြိုးတွေမှာ ပိတ် မိနေကြပါပြီ..။
ဆန်နီ ရှေ့ကို တက်သွားပြီး သန်းခေါင်ယံ အမြုတေကို သီချင်းဆိုခွင့်ပေးလိုက်တယ်..။ဓားသွားရဲ့ အရောင်က နှစ်ချက်လက်သွားပြီး..ရုတ်ဆိုးတဲ့ ပင့်ကူနှစ်ကောင်ရဲ့ ဦးခေါင်းတွေကို လေထဲမှာ ပျံ့လွင့်စေခဲ့ပါတယ်..။
[ သင်က နိုးထမူအဆင့် သားရဲ , သံပင့်ကူကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့အရိပ်က ပိုသန်မာလာပါပြီ ]
ဦးခေါင်းခွံတစ်ခုကို အဝေးဆီ ကန်လိုက်ရင်း ဆန်နီဟာ ပတ်ဝန်းကျင်က နောက်ထပ်ပစ်မှတ်တစ်ခုကို ရှာဖွေလိုက်တယ်..။
သို့ပေမယ့် မရှိတော့ပါဘူး..။
[ ...သင်က နိုးထမူအဆင့် သားရဲ သံပင့်ကူကို သတ်လိုက်ပါပြီ ]
[ သင့်ရဲ့ အရိပ်ပိုသန်မာလာပါပြီ ]
[ သင်က မှတ်သားမူ တစ်ခု ရရှိခဲ့သည် ]
ကြီးမားလှတဲ့ ပင့်ကူအိမ်တွေကလည်း မရှိတော့ပေ..။သူတို့ရဲ့ ပိုင်ရှင် သားရဲတွေကလည်း မြေကြီးပေါ်မှာ အလောင်းကောင်တွေ ဖြစ်နေခဲ့ပါပြီ..။
အဖွဲ့သားတွေက နိုးထမူအဆင့် သားရဲတွေပြည့်နေတဲ့ အသိုက်တစ်ခုလုံးကို ရှင်းပစ်လိုက်တာပါ..။
သူတို့က ဘယ်လောက်ပဲ မယုံကြည်နိုင်လောက်အောင် သန်မာကြပါစေ..ဒါက ရှောင်လွဲလို့မရတဲ့..အမှန်တရားပါပဲ..။