← Chapters

မီးလောင်တိုက်

Vol. 15 Ch. 224

မီးလောင်တိုက်

Vol. 15 Ch. 224

ကြီးမားတဲ့ ပင့်ကူအိမ် အသိုက် ရဲ့ အတွင်းထဲမှာတော့..ပင့်ကူခေါင်းဆောင် ရဲ့ အလောင်းဟာ မြေကြီးပေါ်မှာ ရှိနေခဲ့တယ်..။သူ့ရဲ့ သံ အကာအကွယ်တွေကတော့ ​ပြင်းထန်တဲ့ အားတစ်ခုကြောင့် ပျက်ဆီးနေခဲ့ပါတယ်..။သားရဲကြီးက အတော်ကြာကတည်းက..သေဆုံးပြီးခဲ့ပြီဖြစ်ပေမယ့်လည်း မြင်ကွင်းကတော့ အတော်ကြောက်ဖို့ကောင်းနေတုန်းပါပဲ..။

သူမရဲ့ ကျယ်ပြန်တဲ့ ဝမ်းဗိုက်ကြီးကတော့..ရဲတိုက်အရှင်နဲ့ ပြင်းထန်တဲ့ တိုက်ပွဲအပြီးနောက်မှာ အကြီးအကျယ် ဒဏ်ရာ ရခဲ့တဲ့ ပုံပါပဲ..။ဒီအရာက..စုပ်ပြဲ လု နီးပါးကို ဖြစ်နေခဲ့တာပါ..။ဒဏ်ရာကြီးရဲ့ အတွင်းမှာတော့..ကွဲကြေနေတဲ့ သတ္တုဥ ငါးခုကို ဆန်နီ သတိထားမိလိုက်တယ်..။

သူတို့ရဲ့ အရွယ်အစားက..အနက်ရောက်မြို့တော်ထဲမှာ မူလကျောက်တုံးသူတော်စင်ကို သတ်ဖြတ်ခဲ့ကြတဲ့ ကျရှုံးမူအဆင့် သားရဲငါးကောင် နဲ့တောင် အရွယ်အစား တူနေပါသေးတယ်..။

'ဒီတော့..ဒါက သူတို့လာတဲ့နေရာပေါ့..'

.

ကြက်သီးမွှေးညှင်းထစွာပဲ အကြည့်ကို လွှဲလိုက်တဲ့အချိန်မှာတော့..ပင့်ကူအိမ်တွေက..သေဆုံးနေတဲ့ ခေါင်းဆောင် ဝန်းကျင်က..နံရံတွေကို တွယ်တက်နေတာကို တွေ့လိုက်ရပါတယ်..။ဒီအထဲမှာတော့..အိပ်မက်ဆိုးသားရဲ အလောင်း တွေ ပုံသဏ္ဍာန်မျိုးစုံ ၊ အရွယ်အစားမျိုးစုံ ရှိနေခဲ့ကြတယ်..။သူတို့က ထူးဆန်းစွာပဲ..ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေကြတုန်းပါ..။

ဒါက တကယ်ကို စစ်မှန်တဲ့ ထိပ်လန့်စရာ ပြတိုက်တစ်ခုပါ..။

အိပ်မက်ဆိုးသားရဲတွေက ဒီ ပင့်ကူအိမ်တွေမှာ အသက်ရှင်လျက် ပိတ်​ေလှာင်ထားခြင်း ခံရပြီး နောက်ဆုံးမှ သေဆုံးသွားကြပုံပေါ်ပါတယ်..။ဒီ ပင့်ကူ သားရဲတွေက သူတို့ကို နောက်ပိုင်းစားသောက်ဖို့အတွက် သိမ်းဆည်းထားကြတဲ့ ပုံပါပဲ..။

ဒါမှမဟုတ်...

အနည်းငယ်ပွင့်နေတဲ့ ပိုးအိမ်တစ်ချို့ကို မြင်ပြီး အထဲကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ဆန်နီဟာ ကိူယ့်ကိုကို မအန်မိအောင် မနည်းကြိုးစားနေခဲ့ရတယ်..။

သံပင့်ကူတွေက..ပိုးအိမ်ထဲမှာ ဖမ်းမိထားတဲ့ သားရဲတွေကို အစားအသောက်အဖြစ် အသုံးပြုတာ မဟုတ်ပါဘူး..။

သူတို့က ဥဥ ဖို့အတွက် အသုံးပြုကြတာပါ..။

ကျိုးပျက်နေတဲ့ ပိုးအိမ်ထဲက သားရဲတွေက ဝါးမြိုခြင်းခံထားရပါတယ်..။သူတို့ထဲက အချို့မှာတော့ ရာနဲ့ချီတဲ့ သေးငယ်တဲ့ ဥလေးတွေကို သူတို့ရဲ့ အသွေးအသားတွေ ထဲမှာ ထည့်ထားခြင်းခံထားရပြီး..တစ်ချို့အကောင်ပေါက်လေးတွေကတော့ ကြေးခွံတွေရဲ့ နောက်ဘက်မှာ အားနည်းစွာ ရွေ့လျားနေကြပါတယ်..။

' ချီးပဲ...ဒါတွေအကုန်လုံး...'

သောက်ကျိုးနဲ ပင့်ကူတွေ ၊ သောက်ကျိုးနဲ ဝင်္ကပါ ၊ သောက်ကျိုးနဲ မေ့ပျောကိကုန်းမြေ ...ပြီးတော့ သူ့ကို ဒီကို ခေါ်လာတဲ့ သောက်ကျိုးနဲ အခိုက်အတန့်ကိုရောပဲ..။ဆန်နီဟာ ရုတ်တရက် သူတွေ့နေရတဲ့ အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေကို စိတ်ကုန်စပြုလာခဲ့တယ်..။

သို့ပေမယ့် နောက်ထပ် ဆိုးဝါးတာတွေက ကျန်ရှိနေဆဲပါ..။

သူက ဒါကို ပထမဆုံး သတိထားမိတဲ့လူပါပဲ..။သူ့မျက်နှာက ရှုတ်မဲ့နေခဲ့ပြီး ဆန်နီ က အပေါင်းအပါတွေကို လှမ်းခေါ်လိုက်ပါတယ်..။ယင်းနောက် သူက ဒီလူတွေကို အသိုက်ထဲကို ခေါ်သွားပြီး တစ်ခြားနေရာတွေနဲ့မတူပဲ နံရံပေါ်မှာ တွယ်တက်နေတဲ့ ပိုးအိမ်တစ်ခု ဆီကို ခေါ်သွားခဲ့တယ်..။

ဘာလို့လဲဆိုတော့ ဒီတစ်ခုတည်း မှာ လူသားခန္တာကိုယ် ပုံစံ အရိပ်တစ်ခုကို မြင်တွေ့နေရလို့ပါ..။

သူတို့ခြောက်ယောက်ဟာ ပိုးအိမ်ရဲ့ အနားမှာ နေရာဝင်ယူလိုက်ကြပြီး အတွေးနက်နေခဲ့ကြတယ်..။နောက်ဆုံးတော့ နစ်ဖီက ကတ်စတာ ဘက်ကို လှည့်လိုက်ပြီး..

"နင့်ရဲ့ ဓားနဲ့ ဒါကို ဖွင့်လို့ရလား..."

ခေါင်းညိမ့်ပြလိုက်ပြီး..ဂုဏ်ယူရတဲ့ ဆက်ခံသူက ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်..။ပိုးအိမ် အနားကို ရောက်တာနဲ့ သူက ရပ်တန့်လိုက်ပြီး အနည်းငယ် တွေဝေနေခဲ့တယ်..။

"သတိထားဦး..."

ပြောင်းလဲနေတဲ့ကြယ်ပွင့်ကို ပြန်လှည့်ကြည့်လိုက်ရင်း ကတ်စကာဟာ စက္ကန့်အနည်းငယ်လောက် ထပ်တွေဝေနေခဲ့ပြန်ပါတယ်..။ပြီးမှ ဆုံးဖြတ်ချက်ပြတ်သားတဲ့ အမူအရာနဲ့ပိုးအိမ်ကို မျက်နှာမူလိုက်တယ်..။ဓားသွားကနေ အစိမ်းရောင်တစ်ချက်လက်သွားပြီး..ကျွမ်းကျင်တဲ့ ဓားသမားတစ်ယောကိရဲ့ အမူအရာအတိုင်းပဲ..သူက ပိုးအိမ်ကို ထိုးခွဲလိုက်ပါတယ်..။

ဓားက က ပိုးအိမ်ကို ထိုးဖောက်ပြီး ကွဲထွက်သွားခဲ့တယ်..။အထဲမှာရှိနေတဲ့ လူသား ခန္တာကိုယ်က မြေကြီးပေါ် ပြုတ်ကျလာတာကြောင့် ကတ်စတာဟာ နောက်ကို ခုန်ဆုတ်လိုက်ရပါတယ်..။

နစ်ဖီ ကတ်စတာ နဲ့ ဆန်နီ တို့ဟာ..ဒီဟာကို မြင်ပြီး မျက်နှာဖြူဖျော့သွားခဲ့တယ်..။ယင်းနောက် ဆန်နီဟာ ခါးကို ကိုင်းပြီး သူ့အစာအိမ်ထဲက အရာတွေကို ရှင်းထုတ်ပေးလိုက်ပါတယ်..။

ဒါက အရမ်းကို များလွန်းတယ်..။

သူတို့တွေ့နေတဲ့လူငယ်လေးရဲ့ အလောင်းက ကောင်းကောင်းမွန်မွန် သေခဲ့ရတဲ့ပုံ မပေါ်ပါဘူး..။တကယ်တော့ သေးငယ်တဲ့ အိပ်မက်ဆိုးသားရဲတွေက သူ့ဗိုက်ထဲက ကလီစာတွေကို စားသုံးနေတာကိုအသက်ရှင်လျက် ခံစားနေရတာက အဆုံးဝါးဆုံး ကံတရားပါပဲ..။အနည်းဆုံးတော့ ဒီထက်ဆ်ိုးဝါးတဲ့အရာကို ဆန်နီ အစဥ်းစားနိုင်ခဲ့ပေ..။

သို့ပေမယ့် ဒီလောက်ဆိုးဝါးနေတာတောင် သူက ဒီအိပ်စက်သူကို မှတ်မိနေပါသေးတယ်..။

သူ့ရဲ့ မျက်နှာပေါ်မှာတော့ အပြင်းအထန် နာကျင်ခံစားနေရတဲ့ ခံစားချက်တွေပေါ်နေခဲ့တယ်..။အားလုံးကို ခြုံပြီး ကြည့်မယ်ဆိုရင် တစ်ချက်ကြည့်တာနဲ့ ဒါက ဘယ်သူလဲဆိုတာကို ဆန်နီ ပြောနိုင်ပါတယ်..။

ဒီလူငယ်လေးက..သူတို့ရဲ့ အတူ အကယ်ဒမီ ကို တက်ရောက်ခဲ့တဲ့ သူတစ်ယောက်ပါ..။ပြီးတော့ ဆန်နီက ကတ်စတာ အနားကို ကတ်ပြီး ဆိုးဝါးတဲ့ ထင်မြင်မူတွေ ဖန်တီးတုန်းကလည်း..ဒီလူငယ်လေးက သူ့ကို ရှော်တီလေး လို့ ခေါ်ခဲ့ပါသေးတယ်..။

သူတို့ရဲ့ အမူအရာကိုကြည့်ပြီး အယ်ဖီက မျက်မှောက်ကျုတ်လိုက်တယ်..။

"နင်တို့ သူ့ကို သိလို့လား..."

အတော်ကြာပြီးကာမှ ကတ်စတာက ဖြည်းဖြည်းချင်း ခေါင်းညိမ့်လိုက်တယ်..။

"အင်း..သူ့နာမည်.က....သူ့နာမည်က စတီဗင် ။သူက ပန်ဒါဗါ ကလန် ရဲ့ အငယ်ဆုံး အမွေဆက်ခံသူ "

'စတီဗင် '

အကယ်ဒမီ မှာ အိပ်မက်ကမ္ဘာအတွက် ပြင်ဆင်နေချိန်တုန်းက ဆန်နီဟာ ဒီကလေးရဲ့ နာမည်ကို စိတ်တောငိ မဝင်စားခဲ့ပါဘူး..။တကယ်တော့ သူက အကြောင်းပြချက်တစ်ချို့ကြောင့် ဒီကလေးကို သဘောမကျခဲ့ပေ..။

.

သို့ပေမယ့် သူ့ရှေ့မှာ ဒီလို ဆိုးဝါးတဲ့ အလောင်းကောင် အဖြစ်မြင်နေရတော့ ဒီအရာတွေ အကုန်လုံးကို မေ့ပျောက်သွားခဲ့ပါပြီ..။ဆန်နီအနေနဲ့ ဒီလို ကံတရားမျိုးကို ဘယ်သူ့ကိုမှ မကြုံစေချင်ခဲ့ပေ..။သူနဲ့ ကျောင်းနေဖက် တွေကို ဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး..။

ဖြည်းညှင်းစွာပဲ အဖွဲ့သားတွေ ဟာ ခံစားချက်မကောင်းဖြစ်လာခဲ့ကြတယ်..။မေ့ပျောက်ကုန်းမြေကို ပို့လိုက်တဲ့ တစ်ခြားအိပ်စက်သူ သုံးယောက်က အနက်ရောင်မြို့တော်ကို မလာနိုင်တာဟာ..ဝင်္ကပါထဲက တစ်နေရာရာမှာ သေဆုံးသွားလို့ဆိုတာကို သူတို့ သိထားပြီးသားပါ..။သို့ပေမယ့် ဒီလို အလောင်းကို တွေ့လိုက်ရတာက သူတို့ရဲ့ ဘဝတွေက ဘယ်လောက် အန္တရာယ်များလဲဆိုတာကို သိစေပါတယ်..။

.

အနာဂတ်မှာ သူတို့လည်း ဒီလိုဖြစ်လာမှာလားဆိုတာ ဘယ်လို သိနိုင်မှာလဲ..။သေခြင်းတရားက ဒီနေ့မဟုတ်ရင်တောင် မနက်ဖြန်မှာ စောင့်နေတုန်းပါ..။

အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့ နစ်ဖီဟာ အံကိုကြိတ်ပြီးတစ်ဖက်ကို လှည့်သွားခဲ့တယ်..။ယင်းနောက် သူမက အက်ကွဲနေတဲ့ အသံနဲ့ပြောလာခဲ့ပါတယ်..။

"ငါတို့ သွားမှရတော့မယ်..။နေဝင်နေပြီ..."

သူမရဲ့ စကားလုံးတွေက တိတ်ဆိတ်မူတွေကို ဖြိုခွင်းပြီး လူတိုင်းကို အသိစိတ်ပြန်ဝင်လာစေခဲ့တယ်..။ကတ်စတာက မိနစ်အနည်းငယ်လောက် တွေဝေနေပြီးကာမှ ပြောလိုက်ပါတယ်..။

"ငါတို့...ငါတို့ သူ့ကို မသင်္ဂြိုလ် ပေးတော့ဘူးလား..."

.

ပြောင်းလဲနေတဲ့ကြယ်ပွင့်က ခေါင်းခါယမ်းလိုက်ပြီး..

"အချိန်မရတော့ဘူး..။ဒီ ဥတွေနဲ့ ထိတွေ့ထားတဲ့ ခန္တာကိုယ်ကိုလည်း ဘယ်သူ့ကိုမှ မကိုင်စေချင်ဘူး..။ဒါက အန္တရာယ်များလွန်းတယ်..."

အဖွဲ့ဝင်တွေဟာ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြတယ်..။ဘယ်သူမှတော့ ငြင်းပယ်စရာ အချက်အလက် မရှိပေမယ့်..သူတို့ရဲ့ အတန်းဖော်တစ်ယောက်ကို ဒီတိုင်း မထားသွားသင့်ဘူးလို့ ခံစားနေကြရပါတယ်..။

နောက်ဆုံးတော့ နစ်ဖီဟာ သက်ပြင်းချလိုက်တယ်..။သူမရဲ့ မျက်နှာမှာ ရှုတ်ထွေးတဲ့ အမူအရာ ပေါ်လာပြီး ပြောလိုက်ပါတယ်..။

"...ကောင်းပြီလေ..။သွားကြ..ငါနောက်ကနေ လိုက်ခဲ့မယ်..."

ဆန်နီသူမကို အနည်းငယ် စိုက်ကြည့်ပြီးမှ လှည့်ထွက်လာခဲ့တယ်..။သူတို့ငါးယောက်စလုံးက ပြောင်းလဲနေတဲ့ ကြယ်ပွင့်ကို ကြည့်ပြီး..သေဆုံးနေတဲ့ လူငယ်လေး၊ ပင့်ကူပိုးအိမ် တွေကို ထားခဲ့ကာ လှည့်ထွက်လာခဲ့ကြပါတယ်..။

နောက်ဆုံးအဖွဲ့ဝင် အသိုက်ထဲက ထွက်လာပြီးတာနဲ့ ဝင်ပေါက်ဝမှာ သန့်စင်တဲ့ အလင်းတန်းတွေက အပူချိန်တစ်ခုနဲ့အတူ ထွက်ပေါ်လာခဲ့တယ်..။ဒီ သန့်စင်တဲ့ မီးတောက်တွေကို ပြောင်းလဲနေတဲ့ကြယ်ပွင့်က ဖန်တီးလိုက်တာဖြစ်ပြီး လူငယ်လေးရဲ့ အလောင်း ၊ သားရဲတွေကို ပိတ်လှောင်ထားတဲ့ ပိုးအိမ်တွေနဲ့ ပင့်ကူခေါင်းဆောင်ရဲ့ အလောင်း ကိုယ်တိုင်ကိုပါ မီးလောင်တိုက် သွင်းပေးလိုက်ပါတယ်..။

အသိုက်ရဲ့ အတွင်းပိုင်းက အလင်းရောင်တွေ ထွက်နေတဲ့ မီးပြင်းဖိုကြီး တစ်ခုလို ပြောင်းလဲလာခဲ့တယ်..။အထဲမှာ ရှိနေတဲ့ အရာရာတိုင်းက ပြာ အဖြစ် ပြောင်းလဲခြင်းကိုခံခဲ့ရပါတယ်..။

မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ အသိုက်တစ်ခုလုံးက အဖြူရောင်မီးတောက်တွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပါပြီ..။

နစ်ဖီ က အဖွဲ့ဝင်တွေ အပြင်ရောက်တာနဲ့ အသိုက်ကို မီးရှို့ကာ ပြန်ထွက်လာခဲ့တာပါ။သူမရဲ့ မျက်နှာကတော့ ဖြူဖျော့ပြီး ပင်ပန်းနေခဲ့တယ်..။

ခမ်းနားတဲ့ အသုဘ မီးလောင်တိုက် ကြီးကို နောက်မှာထားခဲ့ရင်း အဖွဲ့ဝင်တွေဟာ ရှေးဟောင်း စစ်သည်တော် ရုပ်ထုကြီးပေါ်ကို စတင်တက်လိုက်ကြပါတယ်..။

ညအချိန်က နီးကပ်လာနေခဲ့ပါပြီ..။

All Chapters