← Chapters

ရုပ်ထုကြီး၏ ပုခုံးပေါ်တွင်

Vol. 15 Ch. 225

ရုပ်ထုကြီး၏ ပုခုံးပေါ်တွင်

Vol. 15 Ch. 225

သူတို့အားလုံး ကျောက်တုံးရုပ်ထုကြီးရဲ့ ပုခုံးပေါ်ကို တက်ပြီးတာနဲ့..စခန်းချဖို့ သင့်တော်တဲ့နေရာကို တွေ့လိုက်ကြတယ်..။လူတိုင်းက ဘာတစ်ခုမှ ပြောမနေကြပဲ အောက်ကိုသာ ငုံ့ကြည့်လိုက်ပါတယ်..။

သူတို့ရဲ့ အောက်ဘက်မှာတော့ ကြီးမားတဲ့ အသိုက်ကြီးက မီးတွေ တောက်လောင်နေတုန်းပါပဲ..။ဒီအရာကို ဖန်တီးပေးထားတဲ့ ပိုးချည်ကြိုးတွေကလည်းအရည်ပျော်ပြီး သတ္တုရေ စီးကြောင်းတွေ ဖြစ်ပေါ်စေခဲ့တယ်..။

အောက်ဘက်မှာ ရှိနေတဲ့ အနက်ရောင် ဒီရေတွေကတော့ သူတို့ကို တွေ့ဖို့ တဖြည်းဖြည်းမြင့်တက် လာနေခဲ့ပါတယ်..။ရေစီးကြောင်း နှစ်ခု တွေ့ဆုံတဲ့ အချိန်မှာ တော့ ဒါက အလင်းရောင်နဲ့ အမှောင်ထုက ယှဥ် တွဲ လမ်းလျောက် နေသလို တောင် ထင်ရပါတယ်။

အဲဒီနောက်မှာတော့ ကျိန်စာ သင့်ပင်လယ်က တစ်စထက်တစ်စ မြင့်တက်လာခဲ့ပြီး အလင်းရောင် တွေကို တိုက်စားသွားခဲ့တယ်။အနက်ရောင်ရေထု ကြီးက တောက်လောင်နေတဲ့ အသိုက် ကြီးကို တိုက် စားသွား ပြီး ဖုံးလွှမ်းသွား ခဲ့ပါတယ်။

မိနစ် အနည်းငယ် ကြာပြီး နောက် မှာ တော့ မီးတောက်တွေ မရှိတော့ပေ။အနက်ရောင် ဒီရေရဲ့ မျက်နှာ ပြင်က ဘာမှ မဖြစ် ခဲ့တဲ့ အတိုင်း ဆက်လက် မြင့် တက်နေခဲ့ ပါတယ်။

ဆန်နီ သက်ပြင်းချ ပြီး နစ်ဖီ ဘက်ကို လှည့် ကြည့် လိုက် တယ်။

အခု သူတို့က ပန်းတိုင်ကို ရောက် လာပြီ ဆို တော့ အန္တရာယ် အစစ်အမှန်ကို တွေ့ ဖို့ အတွက် အချိန်ရောက် ပါပြီ။မျက်နှာ ပေါ်မှာ အပြုံးတစ်ခု နဲ့ အတူ ပဲ သူက မေးလိုက် တယ်။

"ဒီတော့ အခု ဘာလုပ် ကြမလဲ "

သူမက မေ့ပျောက် ကုန်းမြေရဲ့ တောင်ဘက်စွန်းပိုင်းကို ရောက် ဖို့ ဘယ်လို တွေ ပြင်ဆင် နေလဲ ဆိုတာကို သူသိထား ပေမယ့် အသေးစိတ်ကို တော့ မသိထား ပါဘူး ။

ပြောင်းလဲ နေတဲ့ ကြယ်ပွင့် က သူ့ကို ကြည့်ကာ ခနလောက်စဥ်းစား လိုက် ပြီး မှ ပြောလိုက် ပါတယ်။

"ငါတို့ အဖွဲ့က ငါထင်ထားတာထက် ကို ပိုပြီး မြန်မြန် ရောက်လာတာ ပဲ။ငါတို့ လှုပ်ရှား ရမယ့် နေ့ကလည်း နှစ်ရက် လောက်တော့ လိုသေးတယ်။ဒီတော့ ကိုယ့်အိမ်လိုပဲ သဘော ထားကြ။ငါတို့က မနက်ဖြန် တစ်ရက်ကို အနားယူပြီး နောက်တစ်ရက် မှာ အစီအစဥ် အတွက် ပြင်ဆင် ကြမယ်။

ဆန်နီ ပြုံးလိုက်တယ်။

အနားယူ ရမှာလား ။ ဒါက သိပ်တော့ မဆိုးဘူး ပဲ။

ထပ်ပြောရရင် နစ်ဖီပြောခဲ့တဲ့ အတိုင်း ဝက်ပါထဲ ခရီးသွား တဲ့ အချိန်မှာ အသုံးပြုနေတဲ့ မြန်ဆန်ပြီး လုံခြုံတဲ့ နည်းလမ်းကို သူ တကယ် မသ်ိချင် တော့ ပေ။

တကယ်တော့ ဒီနည်းလမ်းကို ဘယ်တော့ မှ ထပ် မသုံးမပြုရင် ပို တောင်ကောင်းပါသေး တယ်။

***

ဒီလို နဲ့ ပဲ အဖွဲ့သား တွေဟာ နောက်ထပ်နှစ် ရက် လောက် ဘာမှ လုပ်စရာ မရှီ ခဲ့ကြ ပေ။အမှာင်မြို့တော်က နေ ထွက်လာခဲ့တဲ့ အချိန်တုန်းက ပြောင်းလဲ နေတဲ့ ကြယ်ပွင့် ဟာ သူတို့ အဖွဲ့ကို နှောင့်နှေးစေ မယ့် အရာ တွေ ဖြစ်လာန်ိုင်မယ်လို့ ထင် ထားခဲ့ ပြီး အချိန်ဇယား တွက်ချက် မူကို ပိုတွက် ထားခဲ့ပါတယ်။

တကယ်တော့ သူတို့က ပျက်ဆီး နေတဲ့ တံတား ဆီကို ဒီလောက် အစောကြီး ရောက်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။

ဘာပဲ ဖြစ်ဖြစ် ဆန်နီက ကွန်ပလိန်း တက်မှာ မဟုတ်ပေ။သူ့မှာက တွေးစရာ တွေ လုပ်စရာ တွေ အများကြီး ရှ်ိ နေခဲ့ပါတယိ။

ဥပမာ အနေနဲ့ ပြောရရင် သူ့ရဲ့ဓား နဲ့ အယ်ဖီ ရဲံ လှံရှည် ဆက်နွယ်မူ တွေ ၊ မေ့ပျောက်ကုန်း မြေပေါ်က ဦးခေါငိး မရှိတဲ့ ရုပ်ထုတွေ အကြောင်းပါ။

ဒီရုပ်ထု တွေက လွန်ခဲ့တဲ့ နှစ်ထောင် ပေါင်းများစွာ အချိန်တုန်းက ဒီကျိန်စာသင့် ကုန်းမြေကြီးကို အလင်းပြန်လည် ရရှ်ိဖို့ အတွက် ကျိန်စာ ဆိုခဲ့ ကြတဲ့ သူရဲ ကောင်းခုနှစ်ယောက်ကို ရည်ညွှန်းတာပါ

ရုပ်ထု တစ်ခု ချင်းစီတိုင်းက သီးခြား မှတ်သားမူ တွေနဲ့ ဆက်နွယ်မူ တွေ ရှိနေ တာလား။ဒီလိုသာ ဆိုရင် အဲဒီ ဆက်နွယ်မူက ဘာလဲ ။ပြီးတော့ နစ်ဖီ ကရော ဒီ အချက်အလက်ကို ဘာလို့ တစ်ခြားအဖွဲ့ဝင် တွေနဲ့ မမျှဝေ ချင် ရတာလဲ။

ကောင်းပြီ...သူနဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အခုဆက်ဆံ ရေးက အရမ်းကြီး ဆိုးဝါး နေတာလည်း မဟုတ်ပါဘူး ။ဆန်နီ ကိုယ်တိုင် ကပဲ သူတို့ရဲ့ ဆက်ဆံရေးကို မျဥ်းတစ်ခု တားပြီး သီး ခြားဖော်ပြထားခဲ့တာပါ။သူက အဖွဲ့ဝင် အစစ်အမှန် တစ်ယောက် အဖြစ် မခံယူပဲ ၊ ဘာမဟုတ်တဲ့ အလုပ်သမား တစ်ယောက်အဖြစ် သာ နေခဲံ ပါတယ်။

ဒီတော့ သူမရဲ့ လျိုဝှက်ချက်ကို ဘာလို့ သူ့ကို ပြောပြနေ ရဦး မှာလဲ။

ဒီအရာက နည်းလမ်းကျတဲ့ အဖြေတစ်ခု ဆိုပေမယ့် ဆန်နီကို တော့ မသက်မသာ ခံစားရစေပါတယ်။'

သူက သူမရဲ့ ပထမဆုံး အပေါင်းအပါ တစ်ယောက်ဖြစ်ခဲ့တယ် ဆို ပေမယ့် အခုက အခြေအနေ မတူ တော့ ပေ။နစ်ဖီမှာက ကတ်စတာ လိုမျိုး တစ်ခြား အားကိုး စရာ လူတွေ ရှိနေ ခဲ့ပါပြီ။

ဒါဆိုရင် သူမက ဘာလို့ မေ့ပျောက် ကုန်မြေပေါ်မှာ ကတ်စီ ပြီး ရင် ဆန်နီကို အယုံကြည်ဆုံး လို့ ပြောရတာလဲ။ပြီးတော့ ဘာလို့ သူမရဲ့ နည်းစနစ်ကို ကတ်စတာကို ဖုံးကွယ် ထား ရတာလဲ။

အရာရာ တိုင်းက အရမ်း ကို ရှုပ်ထွေး ပါတယ်။

ဘာပဲဖြစ်ဖြစ် အဖွဲ့ဝင် အစစ်အမှန်တွေ နဲ့ အပြင်လူတွေ ဖြစ်တဲ့ ဆန်နီ ၊ ကိုင် တို့ ကြားထဲ မှာ စည်းတစ်ခု ခြားနေတာကတော့ အမှန်တရား ပါပဲ။

ဘယ်သူမှတော့ သူတို့ကို ရှောင်မနေပေ မယ့် ဒီမျဥ်းတစ်ခုက ရှိနေ တယ် ဆို တာ ထင် ရှားပါတယ်။အားလုံး ပြီးဆုံး သွားတဲ့ အချိန်ဆိုရင် အဖွဲ့ ဝင် လေးယောက်ကအတူတူ ပဲ ရှ်ိနေ ချင်ကြတာပါ။ဒါကြောင့်လည့် ဆန်နီ နဲ့ ကိုင် တို့ နှစ်ယောက် ဟာ ဟိုဟို ဒီဒီ ပြောရင်း နဲ့သာ အချိန်ကောင်း တစ်ခု အဖြစ် ဖြတ်သန်း ကြရတာပါ။

အရိုးသားဆုံး ပြောရရင် ဆန်နီက တော့ ကွန်ပလိန်း မတက်ပေ။အပေါင်းအဖော် အဖြစ်် ရွှေးချယ်ရမယ် ဆို ရင် ခန့်ညားတဲ့ လေးသည်တော်ကလည်း မဆိုးလှပါဘူး။

ထပ်ပြောရရင် သူတို့ပြောနေကြတဲ့ စကားတွေကလည်း အတော်လေးကို ဖျော်ဖြေမူပေးစွမ်းနိုင်ပါတယ်..။

ကိုင် က သူ့ရဲ့ ဆယ်လီ ဘဝနဲ့ ပတ်သက်ပြီး ရယ်စရာ ဇာတ်လမ်းတွေ အများကြီးရှိသလို ဆန်နီရဲ့ မြို့ပြင်က ဘဝကလည်း..ရယ်စရာ အတိုအထွာ ဖြစ်ရပ်တွေ များပြားနေခဲ့တာပါ..။

သူတို့ရဲ့ ဘဝတစ်ခုခြင်းစီက ကွာခြားမူ အရမ်းကြီးမားလွန်းတာကြောက့်..မတူညီတဲ့ ကမ္ဘာနှစ်ခုကနေ လာကြတဲ့ လူတွေလို့တောင် ခံစားနေကြရပါတယ်..။ရလာဒ်အနေနဲ့..သူတို့တစ်ခါမှ မကြားခဲ့ဖူးတဲ့ ထူးဆန်းတဲ့ နယ်မြေအကြောင်း ဇာတ်လမ်းတွေကို နားထောင်နေရသလိုတောင် ခံစားနေကြရတယ်..။

ကျန်တဲ့ အချိန်မှာတော့ ဆန်နီဟာ အရိပ်ကခုန်မူကို အတွင်းပိုင်း အတွေးအခေါ်ကနေ လက်တွေ့ကျင့်သုံးမူ အဓိက စည်းမျဥ်းတွေ အဖြစ်ပြောင်းလဲဖို့ ကြိုးစားလေ့ကျင့်ရင်း..အချိန်ကုန်ဆုံးနေခဲ့ပါတယ်..။တိုးတက်မူ က ဆ်ိုးဆိုးဝါးဝါးကို နှေးကွေးနေပေမယ့် အနည်းဆုံးတော့ တိုးတက်မူ ရှိနေပါသေးတယ်..။

သူရွေးချယ်လိုက်တဲ့ တိုက်ပွဲ ဟန်ပန်က အရမ်းထူးဆန်းပြီး နားလည်ရခက်ခဲတာကြောင့် ဆန်နီ ပြသနာ နဲ့ကြုံတွေ့နေရတယ်..။ပုံမှန်ရွေ့လျားမူတွေ ၊ ခြေရွေ့ကွက်တွေနဲ့ စတင်ရတဲ့ ဟန်ပန် နဲ့ မတူပဲ ဒီတစ်ခုက အရာရာတိုင်းကိုတစ်ထပ်တည်း ကျအောင် လိုက်ပြီး ပုံတူကူးရတာပါ..။

ဒီတော့ ဒါက စိတ်အခြေအနေ နဲ့ ခန္တာကိုယ်လိုက်လျော ညီထွေဖြစ်မူတွေ ထက်ကို ပိုပါတယ်..။ဆန်နီဟာ သူ့ရဲ့ ခန္တာကိုယ် နဲ့ကြွက်သားတွေကို ဘယ်လို ဟန်ပန်နဲ့ မဆို လိုက်လျောညီထွေမူရှိပြီး အရိပ်တစ်ခုလို စွမ်းဆောင်နိုင်ဖို့ လေ့ကျင့်ခန်း ပိုင်းဆိုင်ရာတွေပါ ပြင်ဆင်နေခဲ့ရတယ်..။

ပထမဆုံး ကြိုးစားတဲ့နေ့မှာတော့ သူ့ရဲ့ ခန္တာကိုယ် တစ်ခုလုံးက ကိုက်ခဲနေခဲ့တာပါ..။သူ့ရဲ့ မယုံနိုင်စရာ ခန္တာကိုယ်ပုံစံ နဲ့ ကြမ်းတမ်းတဲ့ လေ့ကျင့်မူ အတွေ့အကြုံတွေ ရှိနေတာတောင်မှ ဆန်နီဟာ သူ့ရဲ့ကြွက်သားတွေ ကို အရမ်းအားစိုက်နေခဲ့ရပါတယ် ..။ပြီးတော့ ဒီခွန်အားတွေကိုလည်း ..ခါတိုင်းသုံးနေကြမဟုတ်ပဲ ပြောင်းလဲအသုံးပြုမယ့် နည်းကို သူ မသိရှိသေးပေ..။

တကယ်တော့ သူ့ရဲ့ အရင်ပြုလုပ်ခဲ့တဲ့ လေ့ကျင့်မူတွေက ဖြစ်စဥ်တစ်ခုလုံးကို အနှောက်အယှက်ဖြစ်နေခဲ့တာပါ..။ဒီထူးဆန်းတဲ့ ဟန်ပန် ကို အရိုးအသားထဲ အထိ နှစ်မြုပ်နိုင်ဖို့ဆိုရင် သူ အရင် က လေ့လာခဲ့တဲ့ အရာတွေကို အရင်ခေါင်းထဲက ထုတ်ပစ်ဖို့ လိုအပ်နေခဲ့ပါတယ်..။ကျေးဇူးတင်စွာပဲ သူ့ရဲ့ အခြေခံနည်းစနစ် က ပြောင်းလဲနေတဲ့ကြယ်ပွင့် သင်ကြားပေးခဲ့တဲ့ စီးဆင်းမူ ဟန်ပန် ပါ..။ ဒီနည်းစနစ် ကိုယ်တိုင်က..လိုက်လျောညီထွေမူ ဖြစ်စေဖို့ အတွက် ဒီဇိုင်းဆွဲ ဖန်တီးထားခဲ့ပါတယ်..။

တကယ်လို့ ဆန်နီသာ တစ်ခြားဟန်ပန် ဒါမှမဟုတ် တစ်ခြား တည်ရှိနေတဲ့ နည်းစနစ် တစ်ခုခုကိုသာ သင်ယူထားခဲ့မယ်ဆိုရင် အခြေအနေ တွေက ဆယ်ဆ လောက်တောင် ပိုပြီး ခက်ခဲသွားပါဦးမယ်..။

ဒါက မဖြစ်နိုင်တာ မဟုတ်ဘူးဆိုရင်ပေါ့..။

...ပြောစရာမလိုအောင်ပဲ သူလေ့ကျင့်နေတဲ့ ပုံစံတွေက အိပ်မက်ထဲက မိန်းမလှလေးကနေတဲ့ လှပပြီး ကျတ်သရေ ရှိတဲ့ ပုံစံနဲ့ လားလားမျှ မတူညီခဲ့ပေ..။တကယ်တော့ ဆန်နီ ရဲ့ ပုံစံက ဘေးနားက လူတွေအတွက် အာရုံစိုက်ချင်စရာ ဖြစ်နေခဲ့ပါတယ်..။သူ လေ့ကျင့်နေတဲ့ အချိန်မှာ ပြုံးပြီးကြည့်နေတဲ့ အကြည့်တွေ တစ်ခုထက် မက သူ မြင်နေရတာပါ..။

ဒါက ကိစ္စ မရှိပေ..။

ကိစ္စရှိတဲ့ တစ်ခုတည်းသော အရာက..သူက အရိပ်ကခုန်မူ ရဲ့ အခြေခံအဆင့်တွေကို ကျွမ်းကျင်မူ ရှိအောင် ကိုယ့်ကိုကို တွန်းအားပေးဖို့ပါပဲ..။ပြီးတော့ မျှော်လင့်ချက်ကြီးစွာပဲ သူ့ရဲ့ ပထမဆုံး အမွေကို လိုချင်ပါတယ်..

All Chapters