← Chapters

အခွင့်အလမ်း

Vol. 86 Ch. 1192

အခွင့်အလမ်း

Vol. 86 Ch. 1192

လျှို့ဝှက် ဝိညာဉ် အဆင့် သုံးယောက်၏ ခန္ဓာ၊ စိတ်နှင့် ဝိညာဉ် အလုံးစုံမှာ တောင့်တင်း နေခဲ့ကြ၏။ ခွန်ရီမင်မှာ ပြန်လည် နိုးနေခဲ့ပြီ ဖြစ်ကာ ကိစ္စ အလုံးစုံကို တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ထံမှ ပြန်လည် ကြားသိခဲ့ရပြီး ဖြစ်သည်။

သေမျိုး တစ်ယောက်နှင့် တိုက်ခိုက်ရမည့် တိုက်ပွဲ အတွက် သူတို့ ထိုမျှ စိတ်လှုပ်ရှားနေကြောင်းကိုသာ အခြားလူများ သိရှိသွားပါက ကျိန်းသေပင် လှောင်ရယ်ခံရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူတို့ မသိကြသည့် အရာအား ဝေ့ဝူယင်မှာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် သေမျိုး တစ်‌ယောက် ဖြစ်နေသည် ဆိုခြင်းပင်။

ထိုအရာက ပါရမီ၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် အင်ပါယာ၏ သတ္တမမြောက်သား ထျန်းရီဝူ၏ ဒဏ္ဍာရီများ အကြောင်းကို သူတို့ ကြားခဲ့ဖူးသည်။

ထိုတော်ဝင် မင်းသားမှာ အသက် သုံးရွယ် အရွယ်မှာပင် ကောင်းကင် အုပ်စိုးသူ အဆင့်ကို တက်လှမ်းနိုင်ခဲ့ကာ လောကသခင် တစ်ပါးကို အနိုင်ယူ နိုင်ခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ် ပါရမီ ကြောင့်ပင် ကိုယ်လုပ်တော် တစ်ပါးမှ မွေးဖွားလာသော သားဖြစ်သော်လည်း ဒုတိယမြောက် အဆုံးမဲ့ နတ်ဘုရား အင်ပါယာ ဖြစ်လာရန် အခွင့်အ‌ရေးကို ပိုင်ဆိုင်လာခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထျန်းရီဝူ အကြောင်းကို ကြားရတိုင်း သူတို့ မယုံကြည်နိုင် ဖြစ်ခဲ့ရသည်။ ယခုတွင်တော့ ဝေ့ဝူယင်မှာ ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

လျှို့ဝှက် အာဏာရှင် အဆင့်များ အနေဖြင့် သူတို့မှာ ဂြိုဟ်များကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ဘီလျံ ချီသည့် အသက်များကို မျက်တောင် တစ်ခပ်စာ အတွင်း အဆုံးသတ် ပစ်နိုင်စွမ်း ရှိသည်။ နေကြယ်များကို ဖန်တီးနိုင်သည်။ ဆန္ဒရှိပါက အချိန်ကိုပင် ပြောင်းပြန် လှန်ပစ်နိုင်သည်။ အကာအကွယ် မလိုပဲ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်စွမ်း ရှိသည်။

သူတို့ သုံးယောက်စလုံးမှာ လျှို့ဝှက် ဝိညာဉ် အဆင့်များထဲတွင်ပင် သာမန် ကျင့်ကြံသူများ မဟုတ်ကြချေ။ ခွန်ရီမင်ဆိုလျှင် အစစ်အမှန် မွေးဖွားခြင်း၏ ချဉ်းကပ်ခြင်းကိုပင် ခံခဲ့ရသည်။ ထိုအချက်က သူမ၏ ခွန်အားနှင့် ပါရမီ မည်မျှ မြင့်မားကြောင်း ဖော်ပြနေသည်။ ခုတ်ပိုင်းခြင်းဓားမှာလည်း ဓားတန်ခိုးရှင်များထဲတွင် ထိပ်ဆုံး နေရာမှ ရပ်တည်နေသူ ဖြစ်သည်။ မှန်ကန်သည့် အခွင့်အရေးသာ ရမည် ဆိုပါက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကိုပင် သူ ခုတ်ပိုင်းနိုင်စွမ်း ရှိသည်။

တိမ်ပြာကတော့ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကိုပင် အလွန် နီးကပ်နေခဲ့သူ တစ်‌ယောက် ဖြစ်သည်။ သူ ဖော်ထုတ်လိုက်သည့် အစီအရင် တစ်ခုချင်းစီမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များကိုပင် အန္တရာယ် ပေးနိုင်စွမ်း ရှိသည်။

သို့သော်လည်း... ဝေ့ဝူယင်နှင့် တိုက်ခိုက်သည့် အချိန်တွင်တော့ သူတို့၏ အဖြစ်က...။

“အရှင်ဝေ့က ပုံမှန် မဟုတ်ဘူး...”

ခုတ်ပိုင်းခြင်းဓားက ရေရွတ်လိုက်၏။ အခြားတစ်ဖက်တွင်တော့ သူက လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ သူ၏ ဓားသွားက အဘယ်ကြောင့် ထိုမျှ အားနည်းရသနည်း။

“အမှန်ပဲ...”

ခွန်ရီမင်က အရှက်ရမှုကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် အလား အဝေးကို လှမ်းကြည့်လိုက်သည်။ သူမ ဘဝ တစ်လျှောက်လုံးတွင် ဂုဏ်အယူရဆုံး အရာက အမြန်နှုန်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်နှင့် ရင်ဆိုင်စဉ် အချိန်တွင်တော့ သူ ဖန်တီးထားသည့် လောကနယ်မြေ အတွင်းမှပင် လွတ်မြောက်အောင် မပြေးနိုင်ခဲ့ချေ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား လူငယ်မှာ ခြေလှမ်း အနည်းငယ်ဖြင့် သူ့ကို မှီသွားခဲ့သည်ချည်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ ဝေ့ဝူယင်မှာ သူမကို ဖမ်းဆီးကာ လူသားဒိုင်းကာ အဖြစ်ပင် အသုံးပြုခဲ့သည်။

“...”

တိမ်ပြာကတော့ တိတ်ဆိတ်နေ၏။ သူက မျက်မှောင်များကိုသာကြုတ်ထားခဲ့သည်။ သူ မည်သည့် အရာများ စဉ်းစားနေမည်ကို သူ တစ်ယောက်တည်းသာ သိနိုင်ပေလိမ့်မည်။

တစ်ခဏ ကြာပြီးနောက် လူအိုကြီးမှာ စတင် လှုပ်ရှားလာကာ သူ့ ရင်ဘတ်ကို ထိလိုက်၏။ ထို့နောက် ချက်ချင်း ဆိုသလိုပင် သူ့ မျက်လုံးများက စတင်ကာ တောက်ပလာခဲ့ကာ ခုတ်ပိုင်းခြင်းဓားကို ကြည့်လိုက်သည်။

“မင်း ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်...”

သူက လမ်းညွှန်လိုက်၏။ ခုတ်ပိုင်းခြင်းဓားမှာ အနည်းငယ် အံ့သြသွားသော်လည်း အဘိုးဖြစ်သူ ပြောသည့် အတိုင်း လိုက်လံ လုပ်ကြည့်လိုက်သည်။ ထိုအခါ... ထူးဆန်းသည့် လောကအော်ရာ တစ်ခုမှာ သူ့ ခန္ဓာကိုယ် အတွင်း လှည့်ပတ်နေကြောင်း တွေ့လိုက်ရ၏။

“သူ့ လောက အင်အားက ကျုပ်ကို ကူးစက်သွားတာလား...”

ခုတ်ပိုင်းခြင်းဓားမှာ ထိတ်လန့်သွား၏။ ခွန်ရီမင်က ကပျာကယာပင် ယောက်ျားဖြစ်သူ၏ ရင်ဘတ်ပေါ် လက်တင်ရင်း စစ်ဆေး ကြည့်လိုက်သည်။

မိန်းကလေး၏ မျက်ဝန်း အတွင်း၌ ထိတ်လန့်မှုများက ယခုတိုင် နေရယူနေဆဲ ဖြစ်သည်။ တိုက်ပွဲ အတွင်း၌ ဝေ့ဝူယင်မှာ တစ်နည်းနည်းဖြင့် သူမကို အာကာသ ရွှေ့ပြောင်းခဲ့ကာ ဒိုင်းကာ တစ်ခုလိုမျိုး အသုံးပြုခဲ့သည်။

ကံကောင်း ထောက်မစွာပင် ခုတ်ပိုင်းခြင်းဓားမှာ သူမ ဒဏ်ရာ အတွင်းရှိ ဓားအလင်းကို ပြန်လည် ထုတ်ယူ ပေးခဲ့လေရာ အနာမှာ မြန်မြန်ဆန်ဆန်ပင် ကျက်သွားခဲ့ပြီ ဖြစ်သည်။ မိန်းကလေး တစ်ယောက် အနေဖြင့် ရုပ်ရည်ပိုင်း ဆိုင်ရာ အသွင်အပြင်မှာ အလွန်ပင် အရေးကြီးလှသည်။ အလွန်ဂရုစိုက်ခဲ့၍သာ အသက် ထောင်ကျော် နေသည့်တိုင် နှစ်ဆယ် အရွယ် မိန်းကလေး တစ်ယောက်လို သူမ လှပနေခြင်း ဖြစ်သည်။

“အဲဒါက နောက်လာမယ့် တိုက်ပွဲ အတွက် နည်းဗျူဟာ တစ်ခုများလား”

သူမက ထိတ်လန့်တကြား ဆိုလိုက်၏။ တိမ်ပြာကတော့ တိတ်ဆိတ်နေ၏။ ခန္ဓာကိုယ် အတွင်းရှိ လောက အော်ရာကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးလိုက်ရင်း ထူးဆန်းသည့် ခံစားချက်များက ပိုမို၍ တိုးလာခဲ့သည်။ လူအိုကြီး အံ့အားသင့် နေစဉ်မှာပင် ခုတ်ပိုင်းခြင်ဓားက လက်ကျန် လျှို့ဝှက် အင်အားများကို သုံးကာ ထိုလောက အော်ရာကို ဖယ်ထုတ်ဖို့ လုပ်လိုက်သည်။

“ကျွန်မ ကူညီပေးမယ်...”

ခွန်ရီမင်ကလည်း ဆိုကာ ခုတ်ပိုင်းခြင်းဓား၏ ရင်ဘတ်ပေါ် လက်လှမ်းတင်လိုက်၏။ ထိုအခိုက်အတွင်ပင် တိမ်ပြာက အလန့်တကြား အော်ဟစ်လိုက်ရင်း ခွန်ရီမင်၏ လက်ကို လှမ်းဆွဲ လိုက်လေသည်။

“မလုပ်နဲ့...”

သူ၏ လှုပ်ရှားမှုက အလွန် ကြမ်းတမ်းသွားလေရာ ခွန်ရီမင်၏ မျက်နှာထက်တွင် နာကျင်သည့် အငွေ့အသက်များ ပေါ်ထွက်လာခဲ့၏။

“အဘိုးကြီး... ကျုပ် မိန်းမကို ဘာလုပ်တာလဲဗျ...”

ခုတ်ပိုင်းခြင်းဓားက ဒေါသတကြီး ထကာ ဟိန်းဟောက်လိုက်၏။ ခွန်ရီမင် တစ်ယောက် အဆိုးရွားဆုံး ထိခိုက် ခံစားရမှုများအား ကြုံတွေ့ အပြီးတွင် ခုတ်ပိုင်းခြင်းဓား၏ စိတ်များမှာ ဆတ်ဆတ်ထိ မခံ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် သူမ နာကျင်ရမည့် မည်သည့် ဖြစ်ရပ်မျိုးကို မဆို သူ ခွင့်မပြုနိုင်ချေ။

ဖျောင်း...

ရုတ်တရက် လက်ဝါးတစ်ဖက်က ခုတ်ပိုင်းခြင်းဓား၏ ပါးပြင်ထက်သို့ ကျဆင်းလာကာ ခပ်ပြင်းပြင်း ရိုက်နှက်လိုက်၏။

“ခွေးသား... ငါက မင်း အဘိုးဆိုတာ မမေ့နဲ့”

“...”

လင်နှင့် မယား နှစ်ယောက်စလုံးမှာ ဆွံ့အ သွားကြ၏။ သူတို့ သုံးယောက်ထဲ၌ တိမ်ပြာမှာ အခြေအနေ အကောင်းဆုံး ဖြစ်သည်။ ထိုအခိုက်၌ နှစ်ယောက် ပိုင်းတိုက်မည် ဆိုလျှင်ပင် လူအိုကြီးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

"မင်းအဖေနဲ့ မင်းအမေက ဘယ်လို ပုံစံမျိုးနဲ့ မင်းကို ပြုစု ပျိုးထောင်ခဲ့တာလဲကွာ... တကယ့်ကို လူမိုက်ပဲ... မင်းကိုယ်မင်း သေသေချာချာ ထပ်စစ်ကြည့်ဦး... အရှင်ပေးတဲ့ အခွင့်အရေးကို ဖျက်ဆီး မပစ်နဲ့”

တိမ်ပြာက မာန်မဲရင်း ညွှန်ကြားလိုက်၏။ တစ်ချိန်တည်း၌ သူက ခွန်ရီမင်ကို သနားဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ် အတွင်း၌ မည်သည့် လောကအော်ရာကိုမှ သူ အာရုံခံ၍ မရပါချေ. ကြည့်ရသည်က... မိန်းကလေး၏ လုပ်ရပ်များမှာ အရှင်ဝေ့ အပေါ် မကျေမနပ် ဖြစ်စေဟန် တူသည်။

“ဘာလဲဗျ...”

ခုတ်ပိုင်းခြင်းဓားက ပါးကို ပွတ်သပ်ရင်း တိမ်ပြာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။ သို့သော်လည်း အခွင့်အရေး ဆိုသည့် စကားလုံးက သူ့ အာရုံကို ဖမ်းစားသွားလေရာ လောကအော်ရာကို နောက်တစ်ကြိမ် အာရုံခံ ကြည့်လိုက်သည်။

“ဒါက...”

ရုတ်တရက် သူ့ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။ ထိုအရာက လောက ဖိအား မဟုတ်ချေ။ အလွန် ထူးဆန်းသည့် လောကဆန္ဒ တစ်ခု ဖြစ်ကာ စွမ်းအင် သွေးကြောများကို ဖြတ်သန်း၍ သူ့ ခန္ဓာကိုယ် တစ်လျှောက် စီးဆင်းနေသည်။ ၎င်းက သူ၏ လျှို့ဝှက် ဝိညာဉ် မှီတင်း နေထိုင်ရာ ထျန်းတျန် အတွင်းကို ဝင်ရောက်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။

“လောက နှလုံးသား ရည်ရွယ်ချက်...”

“အမှန်ပဲ...”

တိမ်ပြာက သုန်မှုန်စွာဖြင့် ခေါင်းညိတ်လိုက်၏။

“အစတုန်းက ငါလည်း မရိပ်မိဘူး.. တကယ်တော့ အရှင်ဝေ့ အဆက်မပြတ် တိုက်ခိုက်နေရတဲ့ အကြောင်းရင်းက ငါတို့ကို လမ်းညွှန်ပေးဖို့ သက်သက်ပဲ..."

“ဘာတွေဖြစ်နေတာလဲ...”

ခွန်ရီမင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။ အခြားတစ်ဖက်တွင်တော့ ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများမှာ တဖိတ်ဖိတ်ဖြင့် တောက်ပနေခဲ့ပြီ ဖြစ်သည်။ ထိုအရာက တိုက်ခိုက်ခြင်း မဟုတ်။ ဗျူဟာလည်း မဟုတ်။ အခွင့်အရေးသာလျှင် ဖြစ်သည်။ လူငယ်မှာ အဘိုးဖြစ်သူကို ကျေးဇူးတင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်မိတော့၏။

တိမ်ပြာမှာလည်း အလားတူပင် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်း မရှိပါချေ။ ခံစားချက် အပြောင်းအလဲများကြောင့် သူ့ ခန္ဓာကိုယ် အပူချိန်မှာ တိုး၍ပင်လာခဲ့၏။

“အရှင်ဝေ့က ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားတယ်လို့ ငါ ကြားဖူးတယ်... နောက် ငါတို့ တွေ့ခဲ့ရတဲ့ လောကနယ်မြေကလည်း မူလ ဒြပ်စင် အမျိုးအစားပဲ... ကြည့်ရတာ ကောလဟလတွေက တကယ် မှန်နေတဲ့ပုံပဲ”

သုံးရက်...

သူတို့ထံတွင် သုံးရက် အချိန် ရှိပေသည်။ ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပ နေခဲ့၏။ ခန္ဓာကိုယ် အတွင်း ဖြည်းညင်းစွာ စီးဆင်းနေသည့် လောကအော်ရာများမှာ လောကနှလုံးသား ရည်ရွယ်ချက်ကို ချီးမြှင့်ဖို့ အတွက် သူ သန့်စင်အလာကို စောင့်ဆိုင်းလျှက် ရှိနေခဲ့ပေသည်။ အကယ်၍ သူသာ အောင်မြင်ခဲ့ပါက...။

ခွန်ရီမင်မှာ သူမ၏ ခန္ဓာကိုယ်ကို အပြန်ပြန် အလှန်လှန် စစ်ဆေး နေခဲ့၏။ သို့သော်လည်း မည်သည့် အပြောင်းအလဲ ပမွှားလေးကိုမှ မတွေ့ရပါချေ။ စိတ်ပျက် အားလျော့သည့် ခံစားချက်များက သူမ မျက်ဝန်းများ အတွင်း မင်းမူ လာခဲ့၏။ ထိုအရာက... သူမ ကျူးလွန်ခဲ့သည့် အပြစ်များကြောင့်ပင် ဖြစ်ရပေမည်။

ခုတ်ပိုင်းခြင်းဓားမှာ စိတ်လှုပ်ရှားနေသည့် ကြားမှပင် ဇနီးဖြစ်သူ၏ စိတ်အခြေအနေကို သတိပြုမိလိုက်၏။ သူက မိန်းကလေး၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်ရင်း နှစ်သိမ့်လိုက်သည်။ သူတို့ ရရှိထားသည်မှာလည်း အခွင့်အရေး တစ်ခုသာ ဖြစ်သည်။ အောင်မြင်ခြင်း၊ မမြင်ခြင်းက ကြိုးစားမှုနှင့် ကံတရား အပေါ်တွင် မူတည်နေဆဲ ဖြစ်သည်။

“ဟမ်...”

ခွန်ရီမင်၏ ပခုံးကို လက်ဖြင့် ထိမည်သည်နှင့် တစ်ပြိုင်နက် ခုတ်ပိုင်းခြင်းဓား၏ အမူအရာက ထူးဆန်းသွား၏။ သူက ထခုန်လုနီးပါး ဖြစ်သွားခဲ့ကာ ကပျာကယာပင် သူမ၏ နောက်ကျောကို ကြည့်လိုက်သည်။ ထိုအခါ သူမ၏ ကျောထက်ရှိ အတောင်ပံ နှစ်ခုမှာ မီးခိုးရောင် အလင်းတန်း ခပ်ဖျော့ဖျော့ဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။

“မင်းရဲ့ အတောင်ပံတွေ...”

ခုတ်ပိုင်းခြင်းဓားက ဝမ်းသာအားရဖြင့် ဆိုလိုက်၏။ ခွန်ရီမင်မှာလည်း အံ့သြသွားကာ အတောင်ပံများကို အရှေ့သို့ ယူဆောင် ကြည့်လိုက်သည်။ ထိုအခါ... သူမသည်လည်း မီးခိုးရောင် အလင်းများကို တွေ့လိုက်ရသည်။ ၎င်းတို့က အတောင်ပံ၌ ပါဝင်နေသည့် အာကာသ အမျိုးအစား ရုပ်ဝတ္ထုများကို ကူးစက်နေခြင်းပင် ဖြစ်သည်။

တိမ်ပြာက အတောင်ပံများကို ကြည့်ရင်း ပြုံးလိုက်၏။

“ငါ သဘောပေါက်ပြီ... အရှင်ဝေ့က နင့်ကို တိုးတက်ဖို့ ကူညီ မပေးခဲ့ပေမဲ့ တစ်နည်းနည်းနဲ့တော့ ကူညီပေးသွားခဲ့တာပဲ...”

ငွေရောင် အတောင်ပံရှိ အပြောင်းအလဲများကို ကြည့်ရင်း ခုတ်ပိုင်းခြင်းဓား၏ အမူအရာက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်လာခဲ့သည်။

“အရှင်ဝေ့ရဲ့ အားထုတ်မှုတွေကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူး... ကျုပ်တို့မှာ အချိန် သုံးရက်ပဲ ကျန်တော့တာ”

အလွန် အဖိုးထိုက်တန်သည့် အခွင့်အရေးများအား နားလည် သဘောပေါက်ပြီး နောက်တွင် ခုတ်ပိုင်းခြင်းဓား၏ စိတ်နှလုံးက ဝေ့ဝူယင် အပေါ် ဒေါသထွက်ခြင်း၊ မိမိကိုယ်ကို မချင့်မရဲ ဖြစ်ခြင်းများနှင့် ကင်းစင် သွားခဲ့ပြီ ဖြစ်သည်။ ‌လောက နှလုံးသား ရည်ရွယ်ချက်... မည်သည့် ဓားကျင့်ကြံသူက ဓားနှလုံးသား ရည်ရွယ်ချက်ကို မယူချင်ပဲ နေပါမည်နည်း။

ဝေ့ဝူယင်မှာ အဂ္ဂိရတ် ပညာနှင့် ချမ်းသာ ကြွယ်ဝမှုတို့တွင်သာ အင်အားကြီးသည် မဟုတ်ပဲ ခွန်အား အရာတွင်လည်း သာမန် သေမျိုး တစ်ယောက် မဟုတ်ကြောင်း သူတို့ နားလည် သဘောပေါက် လိုက်ကြပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူက သူတို့၏ အရှင်သခင်ပင် မဟုတ်ပါလော။

...

ဝေ့ဝူယင်မှာ ပိုင်လင်ကို စီးနင်းရင်း မူလ အာရုဏ်ဦး နန်းတော် ဝင်ပေါက်ထံသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ နန်းတော် အတွင်း မဝင်ခင် ဝေ့ဝူယင်က နောက်ကို လည်ပြန် တစ်ချက် ကြည့်လိုက်သည်။ သူ့ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြည်းညင်းစွာ ဖြစ်ပေါ်လာ၏။

“ငါ့ကို စိတ်မပျက်စေကြနဲ့...”

***

All Chapters