← Chapters

အနားယူခြင်း

Vol. 86 Ch. 1193

အနားယူခြင်း

Vol. 86 Ch. 1193

ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ တောင်တမာ သစ်ကတိုးသားကို ထွင်းထားသော ခမ်းနားထည်ဝါသည့် နန်းတော် တံခါးဝထံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ တံခါးက အလွန်တရာ ကြီးမားလျသည့် စက်ဝိုင်းခြမ်း သဏ္ဌာန် ရှိကာ တံခါးရွက် တစ်ဖက်ချင်းစီတွင် နဂါးကိုးကောင် ပန်းပုလက်ရာများကို အသက်ဝင်စွာ ထုလုပ်ထားသည်။ အကယ်၍ အဝေးမှ ကြည့်ပါက တစ်ဖက်တစ်ချက်ရှိ နဂါးကိုးကောင်တိုင်းမှာ တစ်ကောင်တည်း အဖြစ် ပေါင်းစည်းဖို့ ကြိုးပမ်းနေသယောင် အလွန်တရာ လှပသည့် မြင်ကွင်းကို လူတိုင်း သတိထားမိကြလိမ့်မည် ဖြစ်သည်။

ညာဘက် တံခါးရွက်ရှိ နဂါးများ အနက် ‌လေးကောင်ကို အခြေခံ ဒြပ်စင် လေးမျိုး ဖြစ်သည့် မြေ၊ ရေ၊ လေ၊ မီးကို အခြေခံပြု၍ ခြယ်မှုန်းထားကာ သူတို့၏ မျက်လုံးများကတော့ ကျောက်မျက်ရတနာများနှင့် တဖိတ်ဖိတ် တောက်ပနေသည်။ နောက်ထပ် လေးကောင်ကတော့ ပျော်ရွှင်ခြင်း၊ ဒေါသ၊ သိမ်မွေ့ခြင်း၊ မေတ္တာတရား စသည့် အခြေခံ စိတ်ခံစားချက် လေးမျိုးကို ကိုယ်စားပြုနေ၏။ နောက်ဆုံးသော နဂါးကတော့ ဆေဘာတစ်စင်းနှင့် ဆင်တူကာ ၎င်း၏ အကြေးခွံ တစ်ခုချင်းစီက ထက်ရှခြင်းများနှင့် ထုံလွှမ်းနေသည်။

ဘယ်ဘက် တံခါးရွက်ထက်တွင်တော့ အဆင့်မြင့် ဒြပ်စင် ငါးမျိုး ဖြစ်သည့် သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်ပူနှင့် ရေခဲ ဟူသည့် နဂါး ငါး‌ကောင် ရှိသည်။ နောက်ထပ် သုံးကောင်ကတော့ နောက်ထပ် ခံစားချက် သုံးမျိုး ဖြစ်သည့် နာကျင်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကို ကိုယ်စားပြုနေသည်။ နောက်ဆုံးသော နဂါးကတော့ မြူနှင်းများ၏ ဝန်းရံမှု အလယ်၌ ရှိနေလေရာ အမျိုးအမည် ခွဲခြားဖို့ ခက်ခဲလှသည်။

ဝေ့ဝူယင် ဖြည်းညင်းစွာပင် သူ ကိုယ်တိုင် ဒီဇိုင်းဆွဲထားသည့် တံခါးထံ လက်ကို လှမ်းလိုက်သည်။

ချပ်...

သူ့ လက်ချောင်းများမှာ တံခါးရွက်ပေါ် ကျရောက်သွား၏။

ဘုန်း...

အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မိုးကြိုးတစ်ခု ကျဆင်းလာကာ သစ်သား တံခါးမှာ တမုဟုတ်ချင်း ခြောက်ကပ် အသက်မဲ့သွားသည်။ နဂါးများမှာ စတင် အက်ကွဲလာကာ အစိတ်စိတ် အမွှာမွှာ ပဲ့ကြွေသွား၏။ ထိုအရာက ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များပင်...။

တံခါးက ပုံမှန်အတိုင်းပင် ရှိနေဆဲ ဖြစ်လေသည်။ လူငယ်၏ ငွေရောင် မျက်ဝန်းများမှာ များစွာသော ခံစားချက် အငွေ့အသက်များနှင့် ပြည့်လျှံသွား၏။ ပိုင်လင်က ခပ်ဖျော့ဖျော့ တွန်သံ တစ်ချက် ပေးလိုက်ရင်း သူမ၏ ဦးခေါင်းဖြင့် ဝေ့ဝူယင်၏ ရင်ဘတ်ကို တိုးဝှေ့လိုက်သည်။

လူငယ် ပင့်သက် တစ်ချက် ရှိုက်လိုက်ရင်း သူက မည်သူ ဖြစ်ကြောင်း ပြန်လည် အမှတ်ရလိုက်သည်။ ဤသည်က သူ ပိုင်ဆိုင်ထားသည့် ဘဝ ဖြစ်သည်။ အခြား ဝေ့ဝူယင် တစ်ယောက်မှာ သူ ပိုင်ဆိုင်ထားသည့် ဘဝ မဟုတ်သလို နောင်တစ်ချိန် ဖြစ်လာမည့် သူ့ အနာဂတ်လည်း မဟုတ်ချေ။

နွေးထွေးသည့် အပြုံးတစ်ခုက ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ ဖြစ်ပေါ်လာကာ ပိုင်လင်၏ ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ် ပေးလိုက်၏။ ထို့နောက်တွင်တော့ သူက ခြေတစ်လှမ်း လှမ်းကာ နဂါး ဆယ့်ရှစ်ကောင် ခြယ်မှုန်းသည့် တံခါးအတွင်း လှမ်းဝင် လိုက်လေတော့သည်။

“ကြိုဆိုပါတယ်... အရှင်...”

မူလ အာရုဏ်ဦး နန်းတော် အတွင်း ပြန်လည် ဝင်ဝင်ချင်းပင် မိန်းကလေး တစ်ဦးမှာ ဝေ့ဝူယင်ကို ကြိုဆို နေခဲ့၏။ သူမက အစေခံ တစ်ဦး၏ ဝတ်စုံကို ဆင်မြန်းထားသည်။ သို့သော်လည်း ထိုဝတ်စုံမှာ အဖိုးတန် အဖြူ၊ အနက် ပိုးချည်များနှင့် ရက်လုပ်ထားခြင်း ဖြစ်ကာ ချပ်ကပ်လျှက် ခန္ဓာကိုယ် ကောက်ကြောင်းများကို ရှင်းလင်းစွာပင် ဖော်ပြ နေခဲ့၏။ အောက်ပိုင်းကတော့ အနက်ရောင် စကပ်တိုလေး ဖြစ်ကာ ရှည်လျားဖြောင့်စင်းသော ပေါင်တံများက အထင်းသားပင် ပေါ်လွင် နေခဲ့သည်။

မေးခွန်းထုတ်စရာ မလိုလောက်အောင်ပင် သူမမှာ အလွန်လှပသည့် မိန်းမပျို တစ်ဦး ဖြစ်သည်။ သူမ၏ မျက်ဝန်းများက ‌ရွှေရောင် ဖြစ်ကာ သဘာဝ၏ ခမ်းနားမှု တစ်ခုကို ဖော်ကျူးနေသည်။ အသက်ရှူ မှားလောက်စရာ အ‌ကောင်းဆုံး အပိုင်းကတော့ ရွှေရောင်ဖောက်ထားသည့် သူမ၏ ငွေဘော်ရောင် ဆံပင်ရှည်များပင် ဖြစ်သည်။ ၎င်းတို့က ကျောအောက်ရှိ လုံးဝန်းသော တောင်ပို့ နှစ်ခုပေါ် အထိ ဖြောင့်တန်း ကျရောက်နေကာ ရှုမြင်ခွင့် ရရှိသည့် မည်သည့် ယောက်ျားကို မဆို အပူမီးများ တဟုန်းဟုန်း တောက်ပလာအောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

“မင်း နိုးနေပြီလား... ငါက မင်း ပင်ပန်းလို့ နားနေတုန်းလို့ ထင်နေတာ”

လူငယ်၏ လေသံက အနည်းငယ် ကမြူနေသယောင် ထင်ရသည်။ သူ့ မျက်လုံးများကတော့ ရွှင်မြူးသည့် အလင်းတန်း တစ်ချို့နှင့် တဖျပ်ဖျပ် တောက်ပနေခဲ့၏။

မိန်းကလေး၏ အမူအရာက ရှက်သွေးကြွယ်သွားကာ ပါးအို့လေးများက အနည်းငယ် နီရဲသွားခဲ့သည်။

“အရှင်... အစေခံ တစ်ယောက် အနေနဲ့ အရှင် ပြန်အလာကို အမြဲတမ်း ကြိုဆိုရမှာပါက ကျွန်မရဲ့ တာဝန်ပါ”

သူမက မဝံ့မရဲ လေသံကလေးဖြင့် ဆိုလိုက်၏။

“အေးပါကွာ... အသုံးအနှုန်းလေးကတော့ လှပါရဲ့... အစေခံ... အစေခံသာ ဆိုတယ်... မင်း ချက်ပြုတ်တာ၊ သန့်ရှင်းရေး လုပ်တာလည်း တစ်ခါမှ မတွေ့ဖူးဘူး... မင်း ငါ့ကို ကြိုဆိုတာကလည်း အိပ်ယာခန်းထဲမှာပဲ များပါတယ်... ဟုတ်တယ် မလား... ဟား ဟား...”

ဝေ့ဝူယင်က သဘောကျစွာဖြင့် ရယ်မောလိုက်ရင်း မိန်းကလေး၏ နံဘေးမှ ဖြတ်လျှောက် လာခဲ့၏။ မိန်းကလေးက နောက်မှ လိုက်လာရင်း နှုတ်ခမ်းကလေးကို စူလိုက်သည်။

"အရှင်ကလည်း... အကောင်းပြောလို့ကို မရဘူး”

ဝေ့ဝူယင်က မိန်းကလေး မှီလာစေရန် အတွက် ခြေလှမ်းကို အနည်းငယ် နှေးရင်း စောင့်လိုက်သည်။

“ဒါနဲ့ မေ့ယန်... အခြားလူတွေရော...”

ထိုအမျိုးသမီးမှာ အယ်ဗန် တောအုပ်၏ နေကျီးကန်း စုန်းမ အဖြစ် ကျော်ကြားသည့် မေ့ယန်မှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာတုန်းက အနန္တ ဧကရာဇ်ဂိုဏ်းအား လွှမ်းမိုးနိုင်သည့် တစ်နေ့ ရောက်လျှင် သူမ အတွက် ပြန်လာခဲ့မည်ဟု ဝေ့ဝူယင် ကတိပေးခဲ့ဖူးသည်။ နှစ်‌ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ဝေ့ဝူယင် ထိုကတိကို ဘယ်တုန်းကမှ မမေ့ခဲ့။

လွန်ခဲ့သည့် ခြောက်နှစ်ခန့်တုန်းက သူ မာ့ကျန်းအား ဆက်သွယ်ကာ မေ့ယန်ကို ရှာဖွေ၍ သူ့ထံ ခေါ်ဆောင်လာခဲ့ပေးဖို့ ညွှန်ကြားခဲ့သည်။ အံ့အားသင့်စွာပင် သူမကို ထာဝရဂြိုဟ် အစား အနီးအနားရှိ ဂြိုဟ်တစ်ခု၏ တောအုပ် တစ်ခုတည်းတွင် တွေ့ရှိခဲ့ရသည်။ မာ့ကျန်း၏ အဆိုအရ ဆိုလျှင် မိန်းကလေး၏ အခြေအနေက အတော်လေး ဆိုးရွားနေခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံက တစ်ဝက်တစ်ပျက် ပျက်စီးနေသည့် အပြင် ဒဏ်ရာများစွာလည်း ရရှိနေခဲ့သည်။

နောက်ခံအကြောင်းကို စုံစမ်းကြည့်လိုက်တော့ မေ့ယန်မှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ ကျင့်ကြံသူ အချို့ကို စော်ကားမိခဲ့ခြင်း ဖြစ်ပြီး စည်းမျဉ်းအရ အနီးအနားရှိ ဂြိုဟ်တစ်ခုထံသို့ နယ်နှင်ဒဏ်ပေးခံခဲ့ရခြင်း ဖြစ်သည်။ သူမ အသက်ရှင်နေသေးတာပင် ကံကောင်းလှသည်။

မာ့ကျန်း၏ တမန်တော်များ ရှာဖွေ တွေ့ရှိချိန်၌လည်း မေ့ယန်မှာ သူတို့ကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း... လွယ်ကူစွာပင် သူမ အဖမ်းခံခဲ့ရသည်။ ထို့နောက်တွင်တော့ ဟင်းလင်းပြင် တံခါးတစ်ခုမှ တစ်ဆင့် ဝေ့ဝူယင်ထံသို့ ရောက်ရှိခဲ့သည်။ ဝေ့ဝူယင်ကို တွေ့လျှင်တွေ့ချင်း မိန်းကလေးမှာ သူ့ ရင်ခွင် အတွင်း တိုးဝင်ကာ တစ်နေ့လုံး ငိုကြွေးနေခဲ့သည်။ အိပ်ပျော်သွားသော အခါတွင်မှ သူမမှာ ရပ်တန့်ခဲ့တော့သည်။ နောက်ခံ မရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူမ ဘဝက ခက်ခဲလွန်းခဲ့သည်။

မေ့ယန်မှာ ဝေ့ဝူယင်နောက် ခြေတစ်လှမ်း အကွာမှ လိုက်လာခဲ့၏။

“သူတို့ကတော့ အနားယူနေကြတုန်းပဲ... အရှင်”

“အင်း...”

ဝေ့ဝူယင် အနည်းငယ် ခေါင်းညိတ်လိုက်၏။ ဆက်လက် လမ်းလျှောက်လာရင်း မေ့ယန်မှာ ဝေ့ဝူယင်၏ ကျယ်ပြန့်သည့် နောက်ကြောကို ‌ငေးကြည့်နေမိခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း သူမ၏ ဘဝမှာ အဆိုးရွားဆုံး အနေအထား တစ်ခုသို့ ရောက်ရှိခဲ့သည်။

အနန္တ ကုန်းမြေတိုက်ကြီးမှာ နေထိုင်စဉ်တုန်းက သူမမှာ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ခဲ့‌သော်လည်း နယ်မြေအသစ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လောကကြီးက ဘယ်လောက် အပြောကျယ်ကြောင်း သူမ နားလည်လာခဲ့သည်။ သူမက ဘာပါရမီမှ မရှိ။ ဘာအရည်အချင်းမှ မရှိ။ ဘာခွန်အားမှ မရှိ။ ရုပ်ရည် တစ်ခုမှ ကျန်အရာ အားလုံးက နတ္ထိ ဖြစ်သည်။ သူမလို တည်ရှိမှုမျိုးကို မည်သူမဆို အလွယ်တကူ မေ့ဖျောက်ပစ်နိုင်သည်။

ဤသည်က ဝေ့ဝူယင်၏ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် ဂုဏ်သတင်းတို့ အထွတ်အထိပ်ကို ရောက်ရှိ နေသည့် အချိန် ဖြစ်သည်။ ထို့အပြင် သူ ပိုင်ဆိုင်ထားသည့် ရုပ်ရည်မျိုးဖြင့် လိုချင်ပါက အင်ပါယာ၏ သမီးတော်ကိုပင် ကမ်းလှမ်းနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ သူမလို အညတရ မိန်းကလေး တစ်ယောက်ကို သတိတရ ရှိနေခဲ့သည်။ သူမကို ရှာဖွေရန် ကြီးကျယ် ခမ်းနားသည့် လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် စေလွှတ်ခဲ့သည်။

ဝေ့ဝူယင်တို့ နှစ်ယောက်မှာ ဆက်လက် လမ်းလျှောက်လာရင်း မကြာခင် အခန်းထဲမှ ထွက်လာသည့် မိန်းကလေး တစ်ယောက်နှင့် ဆုံတွေ့လိုက်၏။ သူမ၏‌ ရွှေအိုရောင် ဆံနွယ်များက အနည်းငယ် ရှုပ်ထွေးနေကာ စကပ်မှာလည်း ဖြဲထားသည့် အရာများနှင့် ပြည့်နေခဲ့သည်။ ထိုအောက်ရှိ အသားစိုင်များကတော့ ခပ်ကြမ်းကြမ်း ရိုက်နှက်မှုကို ခံထားရလေရာ နီရဲသည့် လက်ချောင်းရာများနှင့် ပြည့်နှက်နေ၏။

“မင်းနိုးလာပြီလား...”

ဝေ့ဝူယင်က မိန်းကလေးကို ကြည့်ရင်း ပြုံးလိုက်၏။ မိန်းကလေးမှာ ရုတ်တရက် ပေါ်လာသည့် လူငယ်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင် နောက်ဖက်နားမှ နတ်ဆိုး တစ်ယောက်လို ပြုံးနေသည့် နေကျီးကန်း စုန်းမကို မြင်သော အခါတွင်တော့ ဒေါသအငွေ့အသက်များက သူမ မျက်ဝန်းများထဲတင် ပေါ်လာခဲ့၏။ မေ့ယန်က သူမထက် တစ်လှမ်းဦးကာ အမှတ်ယူလိုက်ပြန်ပြီ ဖြစ်သည်။

“အရှင်... ကျွန်မ...”

သူမက ရှင်းပြဖို့ ပြင်လိုက်သော်လည်း ဝေ့ဝူယင်က လက်ကာပြလိုက်သည်။

“ရှန်းရှန်း... ကိစ္စ မရှိပါဘူး”

ရွှေအိုရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် ထိုမိန်းမလှလေးမှာ အသက် ဆယ့်ရှစ်၊ ဆယ့်ကိုး ကျော်ပုံပင် မရ‌သေးချေ။ သူမက အခြားသူ မဟုတ်...။ အစစ်အမှန် ဒြပ်စင် ဂိုဏ်းချုပ် တစ်ဖြစ်တည်း လင်းရှန်းရှဲ့၏ အမေ လင်းရှန်းရှန်းပင် ဖြစ်လေသည်။

ထိုနေ့မှာတုန်းက လင်းရှန်းရှန်းမှာ ဝေ့ဝူယင်ထံတွင် အစေခံ လုပ်ဖို့ သဘောတူခဲ့သည်။ ဝေ့ဝူယင်က ထိုကတိကို လွန်ခဲ့သည့် ခြောက်နှစ်က အတည်ပြုခဲ့ကာ မေ့ယန်နှင့် အတူ သူ့ အာရုဏ်ဦး မူလ နန်းတော်ထံ ခေါ်ဆောင် ခဲ့သည်။ လင်းရှန်းရှန်းမှာ မူလ အာရုဏ်ဦး နန်းတော်ကို ရောက်ရောက်ချင်းပင် လျှို့ဝှက် အော်ရာကို ပယ်ဖျက်ကာ ကျင့်ကြံခြင်း အခြေခံကို ချိပ်ပိတ်ခဲ့သည်။ ဝေ့ဝူယင်ထံတွင် အသုံးတော်ခံခဲ့သည်။

လှပသည့် မိန်းကလေး တစ်ယောက် ပိုင်ဆိုင်ရမည့် အခွင့်အရေးကို ဝေ့ဝူယင်ကလည်း မည်ကဲ့သို့ ငြင်းဆန်မည်နည်း။ သူ သူမကို သိမ်းပိုက်ခဲ့သည်။

ထပ်ခါ ထပ်ခါဖြင့်...။

လွန်ခဲ့သည့် ခြောက်နှစ် အတွင်း ထိုမိန်းကလေး နှစ်ယောက်မှာ သူ့ နန်းတော်ကို ထိန်းသိမ်း စောင့်ရှောက်သည်ထက် များစွာ ပိုလွန်ခဲ့ပေသည်။

ဂီး...

ပိုင်လင်မှာ မည်သည့် အရာများ ဖြစ်ပျက်တော့မည် ဖြစ်ကြောင်း သဘောပေါက် လိုက်လေရာ ခန်းမကို ဖြတ်သန်း၍ သူမ၏ စားကျက် အတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့၏။ ပိုင်လင်၏ အတွေးကို သဘောပေါက် လိုက်လေရာ ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိသည်။

လင်းရှန်းရှန်းနှင့် မေ့ယန်တို့ကို နောက်မှ လိုက်လာရန် အချက်ပြလိုက်ရင်း ဝေ့ဝူယင် ခန်းမ အနည်းငယ်ကို ဖြတ်သန်းလာခဲ့၏။

မကြာခင်မှာပင် သူတို့ သုံးယောက်သားမှာ အခက်အလက်၊ အလှဆင်ထားမှု မရှိသည့် ငွေရောင် တံခါးကြီး တစ်ခုနားသို့ ရောက်ရှိလာခဲ့သည်။ တံခါးအား ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ချိုမြိန်အိစက်သည့် ရနံ့ တစ်ခုက ဝေ့ဝူယင်၏ နှာသီးဝသို့ တိုးဝင်လာခဲ့သည်။

သူ လေထုကို တဝကြီး ရှူရှိုက်လိုက်ရင်း တံခါးတစ်ဖက်ကို လှမ်းဝင်လိုက်၏။ အခန်းထဲတွင်တော့ အလွန် ကြီးမားလှသည့် ခုတင်ကြီး တစ်ခု ရှိနေခဲ့သည်။ ထိုအထက်တွင်တော့ ပင်ပန်း နွမ်းနယ်စွာ အိပ်မောကျနေသည့် နူးညံ့သော ခန္ဓာကိုယ် ငါးခု ရှိနေခဲ့၏။ သူတို့က မျိုးနွယ်အားဖြင့် ကွဲပြားလှကာ နတ်ဆိုး တစ်ယောက်၊ အယ်ဗန် မျိုးနွယ် တစ်ယောက်၊ ရှို့ရန် တစ်ယောက် ပါဝင်နေခဲ့ပေသည်။

နတ်ဆိုး မိန်းကလေးမှာ ပထမဆုံး နိုးလာကာ မျက်တောင်များကို အားယူ၍ ဖွင့်ကြည့်လိုက်၏။

“ဟမ်...”

သူမက ငြီးငြူသလို အိပ်ချင်မူးတူး အသံကလေးဖြင့် ရေရွတ်လိုက်သည်။

“အိပ်ရာထဲကို ပြန်လာခဲ့...”

သူမက ဖိတ်ခေါ်လိုက်၏။ မကြာခင်မှာပင် အခြား မိန်းကလေးများမှာလည်း တစ်ယောက်ပြီး တစ်ယောက် နိုးလာခဲ့ကြကာ ဝေ့ဝူယင်ကို တွေ့လိုက်ကြရသည်။ အမှတ်တရများကို ပြန်လည် သတိရသည်နှင့် တစ်ပြိုင်နက် သူမတို့၏ မျက်ဝန်းများမှာ ပူလောင်သည့် ခံစားချက်များနှင့် ပြည့်နှက် လာခဲ့၏။

သူတို့က အခြားသူများ မဟုတ်။ ဝေ့ဝူယင်နှင့် အကြိမ်ပေါင်းများစွာ အကျွမ်းဝင်ဖူးသည့် တရှန်း၊ အိယင်၊ နယ်လာရှား၊ စီတနှင့် ရှန်းလင်တို့ပင် ဖြစ်လေတော့သည်။

“မင်းတို့ကို ကြည့်ရတာ မလုံလောက်သေးဘူး ထင်တယ်...”

ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ခုတင်ရှိရာထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့၏။

“ကောင်းပြီလေ... ပြောရရင် ငါလည်း အတူတူပဲ... နောက်ပြီး ငါ့မှာ အချိန်ဖြုန်းစရာ သုံးရက် ကျန်သေးတယ်... ဟား ဟား...”

နောက်ထပ် လေးဆယ့်ရှစ်နာရီလုံးကတော့ အဆုံးမဲ့ ငြီးငြူသံများ၊ ‌အော်ဟစ် မာန်သွင်းမှုများ၊ တရစပ် ထိုးသွင်းသံများနှင့် ပြည့်နှက် နေခဲ့တော့သည်။

***

All Chapters