မျှော်လင့်မထားသည့် ဧည့်သည်
Vol. 86 Ch. 1194
နာရီငါးဆယ် ကြာမြင့်ပြီးနောက်...
ဝေ့ဝူယင်မှာ ခုတင်အစွန်းတွင် ထိုင်နေခဲ့၏။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက ဝိညာဉ် အလင်းများနှင့် တဖိတ်ဖိတ် တောက်ပနေကာ နတ္ထိ ဟင်းလင်းပြင်ကို ငေးမော နေခဲ့သည်။ မိန်းကလေး ခုနစ်ယောက်ကတော့ နှစ်ရက်တိုင်တိုင် နောက်တစ်ကြိမ် တိုက်ပွဲတစ်ခု ဆင်နွှဲပြီးနောက် ပြန်လည် အိပ်မောကျသွားကြပြီ ဖြစ်လေသည်။
“သူ အောင်မြင်သွားပြီပဲ... ကောင်းတယ်...”
ဝေ့ဝူယင် ပြုံးရင် ရေရွတ်လိုက်၏။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲ၌ အဂ္ဂိရတ် စွမ်းအင်များကို ချေဖျက်ကာ အခြားလူ တစ်ယောက်၏ သွေးကြော၊ ဆုံမှတ်၊ ခန္ဓာကိုယ် စသည့် အစိတ်အပိုင်းများထဲ ထည့်ပေးကာ လွယ်ကူ လျှင်မြန်စွာ သန့်စင်စေနိုင်စွမ်း ရှိသည့် ‘ဆက်သွယ်ခြင်း နည်းလမ်း’ တစ်ခု ရှိသည်။ ဧဒင်နန်းတော် စာကြည့်တိုက်၏ အကူအညီဖြင့် ဝေ့ဝူယင်မှာ ထိုနည်းလမ်းကို သေမျိုးများ အသုံးပြုနိုင်အောင် တီထွင်နိုင်ခဲ့သည်။
မြေကြီးရှန့်ထို အဆင့် တစ်ယောက် ဖြစ်သည့် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များကို စုပ်ယူပြီး နောက်တွင် လျှို့ဝှက် လမ်းစဉ် အပေါ် ဝေ့ဝူယင်၏ နားလည်မှုများမှာ နောက်တစ်ဆင့်ကို တိုးမြင့်သွားခဲ့ပြီ ဖြစ်သည်။ ပိုမို၍ အရေးကြီးသည့် အရာက ထိုမှတ်ဉာဏ်များမှ တစ်ဆင့် လျှို့ဝှက် ဘာသာစကားကို သူ နားလည်ခဲ့ခြင်းပင် ဖြစ်သည်။
ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် အနေဖြင့် ကျင့်ကြံခဲ့သည့် ကာလ တစ်လျှောက်လုံး ဧဒင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ မှတ်ဉာဏ်များကို စုပ်ယူရန် အမြဲလိုလို ငြင်းဆန်ခဲ့သည်။ ၎င်းက အလွန် ဆိုးရွားသည့် အကျိုးဆက်များကို ဦးတည်သွားစေနိုင်သည်ဟု ဆိုသည်။ လက်ရှိ အချိန်အထိ ထိုအမှန်တရားက ပြောင်းလဲခဲ့ခြင်း မရှိချေ။
ကံကောင်းထောက်မစွာပင် အချိန်မြစ်မှာ ကပ်ဘေး အတွင်း၌ ဝတ်စုံဝတ် ဝေ့ဝူယင်၏ ကျင့်ကြံခြင်း အခြေခံကို လောကသခင် အဆင့် အထိ လျှော့ချပစ်ခဲ့သည်။ သူ၏ စိတ်၊ ရုပ်၊ ဝိညာဉ်၊ အမတေ စွမ်းအင် အကုန်လုံးက ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိခဲ့သည်။ ယင်းက ဝေ့ဝူယင် အတွက်တော့ ဧရာမ ကံကောင်းမှု တစ်ခု ဖြစ်ခဲ့ကာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယာက်၏ မှတ်ဉာဏ်များကို စုပ်ယူဖို့ ပထမဆုံး အခွင့်အရေး ဖြစ်လာခဲ့သည်။
ဝေ့ဝူယင် အင်္ကျီလက်ကို မတင်ကာ လက်ရှိ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်၏။
ကမ္မတန်ဖိုး... ၄၁၁၂၃.၃
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁ နှစ်
တတိယ ကပ်ဘေး စတင်ရန် တစ်နှစ်သာ လိုပေတော့သည်။ ထိုအတွက် ပြင်ဆင်မှုများကိုလည်း အတတ်နိုင်ဆုံး အနေအထားတစ်ခုထိ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယုံကြည်ချက် ရှိသလား ဆိုလျှင်တော့ သူ့ထံတွင် အပြည့်အဝ မရှိချေ။ သို့သော်လည်း... ကိုယ်ပိုင် လမ်းစဉ် တစ်ခုကို အကောင်းဆုံး ထွင်းထုခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သေဆုံးရမည် ဆိုလျှင်ပင် သူ နောင်တ မရချေ။
ဝမ်...
ဝေ့ဝူယင် အတွေးအတွင်း နစ်မြောနေစဉ်မှာပင် ရှန့်ထို လက်စွပ်မှာ ဝိညာဉ် အလင်းတန်း တစ်ချို့နှင့် လင်းလက်လာခဲ့၏။ ဝိညာဉ် ဆက်သွယ်မှုကို လက်ခံပြီးနောက် လူငယ်၏ ငွေရောင် မျက်ဝန်းများက တောက်ပသွားသည်။
“သူ ရောက်လာတာလား...”
သူ ခုတင်ပေါ်မှ ထရပ်လိုက်၏။ အတွေးတစ်ချက်ဖြင့်ပင် စစ်အမတေများက လက်စွပ်ထဲမှ ထွက်ပေါ်လာကာ ဝတ်စုံတစ်ခု အဖြစ် ဖန်တီးလိုက်သည်။
ခုတင်ထက်၌ အိပ်ပျော်နေသည့် ဝတ်လစ်စလစ် မိန်းကလေး ခုနစ်ယောက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝေ့ဝူယင် အခန်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာလာခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များမှာ သန့်စင် ထူထပ်လှသည့် ယန်စွမ်းအင်များနှင့် ပြည့်နှက် နေကာ လွန်ခဲ့သည့် လေးဆယ့် ရှစ်နာရီ အတွင်း ကျင့်ကြံခြင်းတွင် တိုးတက်မှု များစွာ ရရှိခဲ့ကြောင်း ထင်ရှားလှသည်။
မူလ အာရုဏ်ဦး နန်းတော် အတွင်းရှိ ခန်းမများကို ဖြတ်ကျော်လာရင်း မကြာခင်မှာပင် ဝေ့ဝူယင်မှာ ဟင်းလင်းပြင် ဂိတ်တံခါး တည်ရှိရာ ဧည့်ခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာတွင်တော့ အဖြူရောင် ဝတ်စုံ၊ အနက်ရောင် ဆံပင်ရှည်များနှင့် သွယ်လျ လှပသည့် မိန်းမငယ်လေး တစ်ယောက်၏ နောက်ကြောကို တွေ့လိုက်ရသည်။
“နာ့ရှင်းရီ...”
မိန်းကလေးက လှည့်ကြည့်လိုက်သော အခိုက်၌ ဝေ့ဝူယင်မှာ နှလုံးသား တစ်ခုလုံး အရည်ပျော်ကျသွားတော့ မလိုပင် ခံစားလိုက်ရ၏။
နာ့ရှင်းရီက အလွန် လှပသည်။ ထိုလှပမှုကို ကြီးမြတ်မှု၊ တော်ဝင်ဆန်မှုတို့က ထောက်ပံ့ပေးထားသည်။ သူမ၏ အော်ရာက နယ်ပယ် ဒေသကြီး တစ်ခုကို အပိုင်စားရသည့် ဧကရီ တစ်ပါး၏ အော်ရာမျိုးပင်။ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ မြေကြီး ရှန့်ထို ချင်းဖုန်းနှင့် အင်ပါယာ မျိုးနွယ်မှ ဧကရီ ရှောင်ချွမ်းတို့သည်လည်း အလားတူ အော်ရာမျိုးကို ပိုင်ဆိုင်ထားကြသည်။
နာ့ရှင်းရီမှာ ထိုအမျိုးသမီး နှစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို မရောက်သေးသည့်တိုင် နိမ့်ကျခြင်းတော့ မရှိလှချေ။ ခေါင်းမှ ခြေအဆုံး ပြိုင်စံရှားလှသည့် အလှတရား၊ အလွန်တရာ ကြွယ်ဝလှသည့် ယင်အော်ရာ၊ ဧကရီ တစ်ပါးလို ထည်ဝါမှုများနှင့် အတူ သူမမှာ အဆုံးမဲ့ ကောင်းကင်၏ နံပတ်တစ် အလှတရားကိုပင် စိန်ခေါ်နိုင်စွမ်း ရှိသည်။
နာ့ရှင်းရီက အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ မကျေနပ်သည့် အငွေ့အသက်များက သူမ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။ မိန်းကလေးက ဝေ့ဝူယင် နောက်ကို ကြည့်လိုက်ရာ မည်သူမှ ပါမလာသည်ကို တွေ့လိုက်ရ၏။ ထိုအခါတွင်မှ သူမက...
“နာ့ရှင်းရီလား...”
သူမ၏ လေသံက ခြောက်ကပ်ကပ် ဖြစ်နေ၏။ ဝေ့ဝူယင်မှာ ကြောင်အအ ဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ပြုံးလိုက်သည်။
“ရှင်းရီ...”
သူက အသုံးအနှုန်းကို ပြန်လည် ပြင်လိုက်၏။ သူ၏ လေသံက နွေးထွေး သိမ်မွေ့ခြင်းများနှင့် ပြည့်နှက် နေသည်။
နာ့ရှင်းရီ၏ မျက်နှာထက်ရှိ မကျေနပ်သည့် အမူအရာက အရည်ပျော်သွားကာ အပြုံးတစ်ခုက အစားထိုး နေရာယူ လာခဲ့သည်။
သူမက သိမ်မွေ့သည့် ခြေလှမ်းများနှင့် အတူ သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လာခဲ့၏။ ထို့နောက် ဝေ့ဝူယင် ရှေ့သို့ ရောက်ရှိလာကာ ငွေရောင် မျက်ဝန်းများကို မော့ကြည့်လိုက်သည်။
“ရှင်ပုံံစံက ဘာလို့ အရမ်း တောင့်တင်း နေတာလဲ... ဘေးနားမှာလည်း ဘယ်သူမှ ရှိတာ မဟုတ်ပဲနဲ့”
မိန်းကလေးက ဝေ့ဝူယင်၏ ရင်ဘတ်ပေါ်သို့ သူမ လက်ကလေးကို တင်ရင်း ဆိုလိုက်၏။ သူမက ဝေ့ဝူယင်၏ ဇနီးလောင်း ဖြစ်သည်။ ထိုအဆင့်အတန်းအား ဝေ့ဝူယင် ကိုယ်တိုင်က သူမကို ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... လူငယ်မှာ ထိုတာဝန်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ယူခဲ့ပြီး ဖြစ်သည်။
ဝေ့ဝူယင်မှာ တိတ်ဆိတ်နေခဲ့၏။ ကြီးမား ကျယ်ပြန့်သည့် ရင်ဘတ်ထက်တွင်တော့ နူးညံ့သည့် လက်ချောင်းကလေးများ၏ အထိအတွေ့ကို သာယာစွာပင် ခံစားနေရသည်။ မိန်းကလေးကို ငုံ့ကြည့်ရင်း သူမ ပိုင်ဆိုင်ထားသည့် အလှတရားက ဘယ်လောက် ခမ်းနားကြောင်း သူ တွေးတောနေမိ၏။
“ဘယ်သူမှ မလာဘူး... ဟုတ်တယ် မလား”
နာ့ရှင်းရီက သတို့သားလောင်း၏ ငွေရောင် မျက်ဝန်းများကို မော့ကြည့်ရင်း မေးလိုက်၏။ ဝေ့ဝူယင် ခေါင်းခါ ပြလိုက်သည်။ ကျန်ခုနစ်ယောက် စလုံးမှာ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်မောကျရင်း ကျင့်ကြံခြင်း အဆီအနှစ်များကို စုပ်ယူ နေကြပေသည်။ နောက်ထပ် ဆယ့်နှစ်နာရီလောက် အထိ သူတို့ ဤအခန်းထဲကို ရောက်ရှိလာကြဦးမည် မဟုတ်ချေ။ ဝူယုတို့လို အခြား နောက်လိုက်များမှာလည်း သီးသန့် လျှို့ဝှက် နယ်မြေများထဲတွင် လေ့ကျင့် နေကြပေသည်။
ထိုအရာကို အတည်ပြုရန် အတွက် နာ့ရှင်းရီမှာ ဝိညာဉ်အာရုံကို ဖြန့်ကျက် ကြည့်လိုက်၏။ ထိုအခါ အနီးအနားရှိ ခန်းမများထဲတွင် မည်သည့်သက်ရှိ အော်ရာကိုမှ မတွေ့ရကြောင်း သူမ သိရှိလိုက်သည်။
မိန်းကလေးက ဝေ့ဝူယင်၏ ရင်ဘတ် ဝတ်ရုံစကို ဆုပ်ကိုင်ကာ ခပ်တင်းတင်းကလေး ဆွဲလိုက်၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က ရှေ့သို့ ပိကျလာကာ သူမ နှုတ်ခမ်းသားများနှင့် နွေးထွေးစွာ တွေ့ဆုံသွားသည်။
မူလ အာရုဏ်ဦး နန်းတော်၏ ဧည့်ခန်းမ အတွင်းမှာပင် ခပ်ကြမ်းကြမ်း အနမ်းပွဲ တစ်ခု ပေါ်လာခဲ့၏။ အရှိန်တဖြည်းဖြည်း တက်လာသည်နှင့် အမျှ ဝေ့ဝူယင်မှာ သူမ ခါးကလေးကို ဖမ်းဆုပ်လိုက်ကာ မကြာခင်မှာပင် လက်များက ရင်ဘတ်ပေါ်သို့ ရောက်ရှိသွားသည်။ ထိုမှတစ်ဆင့်...။
အချိန်အကြာကြီး နမ်းရှုပ်ပြီးနောက်တွင်မှ နာ့ရှင်းရီက ဝေ့ဝူယင်ကို ပြန်လည် တွန်းလွှတ်လိုက်သည်။ သူမ၏ မျက်ဝန်းကလေးများက ရှက်ရွံ့သည့် အငွေ့အသက်များနှင့် ထုံမွှမ်းနေ၏။ ဤသည်က သူတို့ နှစ်ယောက် ပထမဆုံး အကြိမ် နမ်းကြခြင်းတော့ မဟုတ်ချေ။ လွန်ခဲ့သည့် နှစ်များ အတွင်း သူတို့ အကြိမ်ကြိမ် အခါခါ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။
အနန္တ ကုန်းမြေတိုက်ကြီးမှာတုန်းက အန္တရာယ် နေ့ရက်များကိုပင် နာ့ရှင်းရီ ပြန်လည် သတိရလိုက်မိ၏။ ထိုစဉ်တုန်းက ဝေ့ဝူယင်မှာ နတ်ဆိုး တစ်ယောက်သဖွယ် ဖြစ်ကာ သူမ၏ အရာအားလုံးကို ပထမဆုံး အကြိမ် အဖြစ် သိမ်းပိုက်သွားခဲ့ဖူးပေသည်။
နာ့ရှင်းရီက တွန်းလွှတ်လိုက်သည့်တိုင် ဝေ့ဝူယင်ကတော့ ကျေနပ်ခြင်း မရှိပါချေ။ သူက သူမကို နောက်တစ်ကြိမ် ဆွဲဖက်ကာ အနမ်းကို ဆွဲဆန့် လိုက်ပြန်၏။
နှစ်မိနစ်လောက် အထိ ကြာအောင် သူတို့ နှစ်ယောက်၏ နှုတ်ခမ်းများက တစ်ယောက်ကို တစ်ယောက် လွတ်ထွက်သွားမှာ စိုးရိမ်သည့် အလား ကြိမ်ဖန်များစွာ ပွတ်တိုက် နေခဲ့ကြသည်။ ဝေ့ဝူယင် လက်ချောင်းများ၏ လှုပ်ရှားမှု အောက်တွင် မိန်းကလေးထံမှ ငြီးသံများပင် ထွက်ပေါ်လာခဲ့၏။
ခန္ဓာကိုယ် အပူချိန်များ အရှိန်အဟုန် ပြင်းထန်စွာ ထွက်ပေါ်လာကာ စိတ်လွတ်လုနီးပါး အချိန်သို့ ရောက်မှ နာ့ရှင်းရီက ဝေ့ဝူယင်ကို တစ်ကြိမ် တွန်းထုတ် ပစ်လိုက်၏။
“ခု မရသေးဘူး...”
***