← Chapters

ဒုတိယ အကြော့၊ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စွမ်းအား

Vol. 86 Ch. 1197

ဒုတိယ အကြော့၊ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စွမ်းအား

Vol. 86 Ch. 1197

ဘုန်း...

ကြမ်းတမ်း ခက်ထန်သည့် လျှို့ဝှက် အော်ရာ တစ်ခုမှာ အရှိန်အဟုန်နှင့် ရှေ့ကို တိုးဝင် လာခဲ့၏။ ၎င်းက ဓားသမားထံမှ မဟုတ်သလို ပုံရိပ်ယောင်များ၏ အရှင်သခင်မထံမှလည်း မဟုတ်ချေ။ လျှို့ဝှက် အော်ရာကို အမြင့်ဆုံး အကန့်အသတ်ထိ ထုတ်ဖော်ကာ ပထမဆုံး တိုက်ခိုက်လိုက်သူက တိမ်ပြာပင် ဖြစ်သည်။

ယင်းကား သေမျိုးတစ်ပိုင်း အရှင် အဆင့်များသာ ပိုင်ဆိုင်နိုင်သည့် စစ်မှန်သော အော်ရာမျိုးပင်..။ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက် ယှဉ်နိုင်သည့် ဖြစ်တည်မှု တစ်ခု မဟုတ်...။ အဆပေါင်းများစွာ ပိုမို အစွမ်းထက် ပေသည်။ အဆုံးမဲ့လောက်အောင် ပိုမို ကြောက်စရာ ကောင်းလှသည်။

၎င်းက မိုင်ပေါင်း သောင်းချီကို တဒင်္ဂ အတွင်း လွှမ်းခြုံသွားကာ ပိုင်နက် နယ်မြေ တစ်ခုလိုမျိုး လွှမ်းမိုး ချုပ်ကိုင် လိုက်သည်။

‘ကောင်းကောင်း သင်ယူနိုင်ခဲ့တာပဲ...’

ဝေ့ဝူယင် နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ တိမ်ပြာသည် သူ့ အမှားမှ တစ်ဆင့် သင်ယူခဲ့ပြီး ဖြစ်ပုံ ပေါ်ကာ စစချင်းပင် ကိုယ်ပိုင် လွှမ်းမိုးနိုင်စွမ်း ရှိသည့် စစ်မြေပြင် တစ်ခု ဖန်တီးခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် သူ၏ လျှို့ဝှက် အော်ရာမှာ ဝေ့ဝူယင်၏ လောကနယ်မြေ ဖြန့်ကျက်မှုထက် အဆပေါင်းများစွာ ပိုမို လျှင်မြန်ပေသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို တက်လှမ်းထားခဲ့ပြီး ဖြစ်သည့်တိုင် တိမ်ပြာမှာ ဝေ့ဝူယင်၏ လောကနယ်မြေကို နည်းနည်းလေးမှ အထင်သေးရဲခြင်း မရှိတော့ချေ။

ဘုန်း... ဝရုန်း...

လျှို့ဝှက် အော်ရာက ပတ်ဝန်းကျင်ကို ဆက်သွယ်သွားလေရာ အပျက်အစီး မန်နာ၊ အမတေနှင့် စွမ်းအင် အားလုံးမှာ လုံးဝ အပျက်အစီး သဖွယ် ဖြစ်သွားခဲ့၏။ ဝေ့ဝူယင်၏ လောကနယ်မြေမှာ အသွင် သဏ္ဌာန် တစ်ခု အဖြစ် ဖော်ဆောင်ရန် အတွက် လုံးဝ ခက်ခဲနေကြောင်း တွေ့ရှိလိုက်ရသည်။ ရိုးရှင်းစွာ ဆိုရလျှင်... တိမ်ပြာမှာ သူ၏ လောကနယ်မြေကို ဖြစ်ပေါ်မလာခင် ကြိုတင် ဖျက်ဆီးလိုက်ခြင်းပင် ဖြစ်သည်။

တစ်ချိန်တည်း၌ အခြား လျှို့ဝှက် အာဏာရှင် အဆင့် နှစ်ယောက်မှာလည်း သူတို့၏ လျှို့ဝှက် အော်ရာများကို ထုတ်ဖော်လိုက်ကြကာ ဝေ့ဝူယင်ကို ဖိနှိပ်လိုက်ရင်း အဖက်ဖက်မှ အခွင့်အရေး မရှိအောင် ကြိုးစား လိုက်ကြသည်။ သူတို့ တစ်ယောက်ချင်းစီ ထုတ်ဖော် နေကြသည့် လျှို့ဝှက် အော်ရာများမှာ အလွန်ပင် ပြင်းထန်လှကာ သာမန် အချိန်သခင် တစ်ယောက်ကို သွေးမြူအဖြစ် ပြောင်းလဲ ပေါက်ကွဲ သေဆုံး သွားစေဖို့ လုံလောက်ပေသည်။

ခွန်ရီမင်၊ တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ သုံးယောက်မှာ ဤတစ်ကြိမ်တွင်တော့ တိုက်ပွဲ အတွက် အစီအစဉ် ကြီးမားစွာ ရေးဆွဲလာကြောင်း ထင်ရှားလှသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ သူတို့၏ တိုက်စစ် ဗျူဟာများ အောက်တွင် အကူအညီမဲ့ သွားခြင်း မရှိပါချေ။

လောကသံချပ်ကာ...

ယင်းက မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင် စုမေ့ အသုံးပြုခဲ့သည့် နည်းလမ်းပင် ဖြစ်ကာ လောက နယ်မြေ တစ်ခု၏ အသိပ်သည်းဆုံးသော စွမ်းအင်ပုံစံလည်း ဖြစ်သည်။

ဟူး... ဟူး...

လောကနယ်မြေ၏ စွမ်းအားများက လှိုင်းများသဖွယ် သူ့ ခန္ဓာကိုယ်နှင့် အဝတ်အစားများ ပတ်လည်တွင် ရစ်ပတ်သွား၏။ ၎င်းတို့က တိမ်ပြာတို့၏ လျှို့ဝှက် အော်ရာများကို ပြီးပြည့်စုံစွာပင် ကာကွယ် လိုက်သည်။ အရှိန်အဟုန် အောက်၌ ဝေ့ဝူယင်၏ ဝတ်ရုံများပင်လျှင် တွန့်သွားခြင်း မရှိပါချေ။

တိမ်ပြာ၏ ခပ်ထူထူ မျက်ခုံးများမှာ မျက်မှောင်ကြုတ် သွားခဲ့၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် အနေဖြင့် လက်ဦးမှု ရယူကာ တိုက်ခိုက်ခဲ့သည့်တိုင် ဝေ့ဝူယင်ကို တစ်ချက်မှ မလှုပ်ရှားစေနိုင်ခဲ့သည်လား...။ နောင်တစ်ချိန် ထိုအကြောင်းကို ပြန်ပြောခွင့် ရှိခဲ့ပါက မည်သူမှ ယုံကြည်ကြလိမ့်မည် မထင်ချေ။

မူလ အာရုဏ်ဦး နန်းတော် အပြင်ဘက်တွင်တော့ မိန်းကလေး ခုနစ်ယောက်၏ အမူအရာများမှာ အမျိုးမျိုးကွဲပြား နေကြ၏။ ဝေ့ဝူယင် ရင်ဆိုင်နေရသည့် လူများထဲမှ တစ်ယောက်က သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်ကြောင်း သူတို့ ရိပ်မိခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ ရင်ခုန်သံများမှာ အချိန်နှင့် အမျှ ပိုမို ကျယ်လောင် လာနေခဲ့ကြ၏။ သူတို့၏ ခြေလက်များမှာလည်း ပိုမို အေးစက်လာသည်။

ဝေ့ဝူယင်မှာ အလစ်ချောင်း တိုက်ခိုက်မှုကို ပြီးပြည့်စုံစွာ ခုခံနိုင်ခဲ့သည့်တိုင် ဤသည်က အစသာ ရှိပေသေးသည်။

ဝှစ်...

ခွန်ရီမင်၏ ငွေရောင် အတောင်ပံများမှာ လှုပ်ရှားသွား၏။ သူမက အလွန်ပြင်းထန်လှသည့် ပေါက်ကွဲမှု အရှိန်အဟုန်ဖြင့် မူလ နေရာမှ ပျောက်ကွယ်သွားသည်။ သူမမှာ အာကာသနှင့် ပေါင်းစပ်သွားပုံ ပေါ်သည်။ ထို့အပြင်... တိမ်ပြာ၏ လျှို့ဝှက် အော်ရာက နေရာအနှံ့ ဖြန့်ကျက် နေရာယူထားလေရာ သူမ၏ တည်ရှိမှုကို အာရုံခံရန် ပိုမို၍ ခက်ခဲလှသည်။

အာကာသ ပေါင်းစပ်ခြင်း...

၎င်းက အာကာသ ပဲ့တင်သံ အဆင့်တွင် မဟာ ပေါင်းစည်းခြင်း အာကာသ ပဲ့တင်သံ အမျိုးအစားကို ပိုင်ဆိုင်ထားကြသူများနှင့် အာကာသ အမျိုးအစား လျှို့ဝှက် လမ်းစဉ်ကို နားလည် ထားကြသူများသာ ထုတ်ဖော်နိုင်သည့် စွမ်းအား တစ်ခု ဖြစ်သည်။ အာကာသ အမျိုးအစား ဝိညာဉ်ကို ကျင့်ကြံ မထားပါက သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင် သူမကို အာရုံခံနိုင်လိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း... သူမ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အသက်ဝင် လာခဲ့၏။ ထို့နောက် သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားလေသည်။

အချိန်နှင့် တစ်ပြေးညီပင် ခွန်ရီမင်၏ ပုံရိပ်မှာ ကွဲထွက်သွားကာ သူ့ထံ အရှိန်အဟုန်နှင့် ဦးတည်နေသည့် မှုန်ဝါးဝါး အော်ရာက ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်သာ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင် မထားသည့် သာမန် ကျင့်ကြံသူ တစ်‌ယောက် ဆိုပါက ထိုကိုယ်ပွားကို သတိထားမိလိမ့်မည် မဟုတ်ချေ။

အစစ်အမှန် ခွန်ရီမင်မှာ ငွေရောင် အတောင်ပံများ၏ အသစ် ရရှိထားသော စွမ်းအားကို အပြည့်အဝပင် အသုံးချထား၏။ သူမက အာကာသ စွမ်းအားကို လျှို့ဝှက် အော်ရာ၊ အာကာသတို့နှင့် ပေါင်းစပ်ထားကာ တစ်ချိန်တည်း၌ တိမ်ပြာနှင့် ပေါင်းစည်းလျှက် သူမ၏ လှုပ်ရှားမှုတိုင်းကို ဖုံးကွယ်ထား၏။

ငွေရောင် မျက်လုံးများနှင့် မိန်းကလေး၏ တည်ရှိမှုကို ရှာဖွေဖို့ ကြိုးပမ်းရင်း ဝေ့ဝူယင် သူတို့ကို စိတ်ထဲမှ ချီးကျူး လိုက်မိ၏။ သို့သော်လည်း သူ ကိုယ့်ကိုယ်ကို ပြင်ဆင်ဖို့ လိုအပ်ပေသည်။ အသက်ကို ခပ်ဖျော့ဖျော့ ရှူလိုက်ရင်း သူ နှလုံးသားနှင့် ထိတွေ့လိုက်သည်။

ဝရား...

နဂါးတစ်ကောင်၏ ဟိန်းသံမှာ သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာာ ဟင်းလင်းပြင် စွမ်းအင်လှိုင်း တစ်ခုကို တွန်းထုတ်လိုက်၏။ ခွန်ရီမင်၏ ပုံရိပ်ယောင်က ချက်ချင်းပင် ကွဲကြေသွားသည်။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ စွမ်းအားကို ထိန်ချန်ထားရဲခြင်း မရှိပါတော့ချေ။

နဂါးအသွင်ပြောင်းခြင်း... အစစ်အမှန် နဂါး သံချပ်ကာ...

အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ ခန္ဓာကိုယ်မှာ လူတစ်ပိုင်း နဂါးတစ်ပိုင် အသွင်သို့ ပြောင်းလဲ သွားခဲ့၏။ လှပသည့် အကြေးခွံများက သူ့ ခန္ဓာကိုယ် အနှံ့ ဖြစ်တည်လာသည်။ နဂါးအင်အား၏ အားဖြည့်မှု အောက်တွင် အကြေးခွံများမှာ သာမန် အင်အားထက် ဆယ့်ရှစ်ဆ အထိ ပိုမို အစွမ်းထက် လာခဲ့၏။

ဝေ့ဝူယင် ခွန်ရီမင်နှင့် တိုက်ခိုက်နေသည့် အချိန်အတွင်းမှာပင် တိမ်ပြာမှာ လက်ဟန် ချိပ်စည်း အခု တစ်ထောင်ခန့်ကို ဖန်တီးခဲ့ပြီး ဖြစ်သည်။ ခုတ်ပိုင်းခြင်းဓားကတော့ ဓားရိုးကို ဆုပ်ကိုင်ထား၏။ သူက မျက်လုံးများကို မှိတ်ထားသည့်တိုင် ဓားအလင်း အငွေ့အသက်များက သူ့ မျက်လုံး ထောင့်စွန်းများမှ ထွက်ပေါ် နေခဲ့၏။ ထိုအခိုက်၌ သူ့ ခန္ဓာကိုယ် တစ်ခုလုံးက ဓားတစ်စင်းလိုပင်။

တိမ်ပြာ၏ အစီအရင်မှာ အလျှင်မြန်ဆုံးသော နှုန်းထားနှင့် ပြီးပြည့်စုံ သွား၏။

ကောင်းကင်ပြာ၊ တိမ်မီးခိုး အစီအရင်...

ပတ်ဝန်းကျင် တစ်ခုလုံးကို ကြမ်းတမ်း ခက်ထန်စွာ ထိန်းချုပ်ထားသည့် လျှို့ဝှက် အော်ရာနှင့် အတူ တိမ်ပြာ၏ လျှို့ဝှက် စွမ်းအင်များမျာ ပြန့်ကျဲ ထွက်ပေါ်လာခဲ့၏။ သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ မီးခိုးရောင် တိမ်တိုက်များက ဝေ့ဝူယင်၏ ပတ်လည်တွင် တောင်ကုန်း ထောင်ပေါင်းများစွာလို ဝန်းရံ ဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့က အ‌သေးစား လငယ် တစ်စင်းလို အလယ်တွင် တဖြည်းဖြည်း စုစည်း ကျုံ့ဝင် လာနေခဲ့၏။

တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ မီးခိုးရောင် တိမ်စိုင်များ အလယ်၌ ပိတ်မိသွားခဲ့ပြီ ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ဝိညာဉ်ရေး ဖိနှိပ်မှုကို သူ ခံစားလိုက်ရ၏။

တိမ်ပြာမှာ ဝိညာဉ် ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ သူ၏ လှုပ်ရှားမှုက အမြဲတမ်း ဝိညာဉ်ကိုပင် ဦးတည် နေပေသည်။ ဝေ့ဝူယင် နေရာတွင် သာမန် လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဆိုလျှင်ပင် ကြောက်မက်ဖွယ် ဝိညာဉ် ဖိအား ဖိနှိပ်မှုကို ခံစားရကာ ကျင့်ကြံခြင်း ဝိညာဉ် တစ်ခုလုံး သုံးစား မရအောင် ဖြစ်သွားလိမ့်မည် ဖြစ်သည်။ ထို့နောက် အလွန် ပြင်းထန်သည့် နာကျင်မှုနှင့် အတူ သူ လဲကျသွားပေလိမ့်မည်။

ခွန်ရီမင်မှာ ဝေ့ဝူယင်၏ နောက်ဖက် မိုင်ပေါင်း တစ်ထောင်ခန့် အကွာတွင် ရှိနေခဲ့၏။ ပုံရိပ်ယောင် ကိုယ်ပွား လွယ်ကူစွာ ချေမှုန်းခံလိုက်ရသည်ကို ကြည့်ရင်း သူမ၏ မျက်လုံးများက အံ့အားသင့်သည့် အလင်း တစ်ချို့ဖြင့် ပြည့်နှက် နေ၏။ သို့သော်လည်း... ဤသည်က သူမတို့၏ အစီအစဉ် အတွင်း ရှိနေသေးဆဲ ဖြစ်သည်။

မိန်းကလေးက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ ငွေ‌ရောင် အတောင်ပံများမှ ထုတ်လွှတ်နေသည့် အလင်းက အာကာသနှင့် အတူ ဖုံးကွယ်သွားကာ မည်သည့် အော်ရာကိုမှ မထုတ်လွှတ် နိုင်အောင် တားဆီး လိုက်သည်။ သူမ၏ မျက်လုံးများက သတ်ဖြတ်လိုသည့် အလင်းတန်းများနှင့် ပြည့်နှက် နေကာ လျှို့ဝှက် စွမ်းအားကို နှစ်ဆယ် ရာခိုင်နှုန်း ကျော်သည် အထိ စုစည်းလိုက်၏။ ၎င်းက တဒင်္ဂ အတွင်း သူမ လုပ်နိုင်စွမ်း ရှိသည့် အကြွင်းမဲ့ အကန့်အသတ်လည်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် သူမ၏ စွမ်းအင် သွေးကြောများမှာ နာကျင်နေခဲ့ပြီ ဖြစ်ကာ လျှို့ဝှက် ဝိညာဉ် ပင်လျှင် ငြီးငြူ နေခဲ့၏။

ခုတ်ပိုင်းခြင်းဓားကတော့ တိမ်ပြာ၏ နောက်ဘက်တွင် လွင့်မြော နေခဲ့၏။ သူက ဓားရိုးကို တင်းတင်း ဆုပ်ကိုင်ရင်း မျက်လုံးကို မှိတ်ထားဆဲ ဖြစ်သည်။ သူ့ အော်ရာက လှုပ်ရှားမှု တစ်ခုမှ လုပ်မည့်ဟန် မရပဲ တည်ငြိမ်နေသည်။

မီးခိုးရောင် တိမ်တိုက် ကမ္ဘာ၏ အလယ်တွင်တော့ ဝေ့ဝူယင်၏ မျက်လုံးများမှာ ငွေရောင် အလင်းတန်းများနှင့် တောက်ပနေခဲ့၏။ သူ၏ အကြည့်က တိမ်ပြာထံမှ ဘယ်တော့မှ မခွာခဲ့ချေ။

ဘုန်း... ဘုန်း...

အခြားတစ်ဖက်တွင်တော့ ခွန်ရီမင်မှာ လျှို့ဝှက် စွမ်းအားကို အကန့်အသတ်ထိ ဖော်ထုတ်လိုက်လေရာ အမှောင် ဟင်းလင်းပြင်မှာ စတင်၍ တုန်ရီလာခဲ့သည်။ လက်ဟန်ချိပ်စည်းများကို ဖော်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ငွေရောင်နှင့် မီးခိုးရောင် ရောနှောနေသည့် ရှစ်စင်တီမီတာမျှ ရှည်သော ငှက်မွေး တစ်ခု ပေါ်လာခဲ့၏။ ၎င်းက အလွန် ပြင်းထန်လှသည့် ဖျက်ဆီးခြင်း အော်ရာများကို ထုတ်ဖော်နေကာ အမှောင် ဟင်းလင်းပြင်ကိုပင် လဲပြိုကျ သွားစေခဲ့သည်။

“သွား...”

မိန်းကလေးက အော်ဟစ်လိုက်၏။ ငှက်မွေးက သူမ ဆန္ဒ အတိုင်းပင် ပြုမူကာ သေမျိုး မြင်နိုင်ရန် ခက်ခဲလှသည့် အရှိန်အဟုန်နှင့် ရွေ့လျား သွားသည်။ ၎င်းက မီးခိုးရောင် တိမ်တိုက်များကို တမုဟုတ်ချင်း ထွင်းဖောက်သွားကာ မျက်တောင် တစ်ခပ်စာ အတွင်း ဝေ့ဝူယင်ထံ တိုးဝင်သွားသည်။

ဘုန်း...

သက်ရောက်မှုက မီးခိုးရောင် တိမ်တိုက်ကြီးများကို ကစဉ့်ကလျားဖြစ်သွားစေကာ အစီအရင်ကိုပါ သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ပြိုကွဲသွားစေခဲ့သည်။

သို့သော်လည်း... တိမ်ပြာက လက်ဟန်ချိပ်စည်း ဆယ်ချီကို ထပ်မံ၍ ဖန်တီးလိုက်ကာ ဝိညာဉ် စွမ်းအားများကို အဆက်မပြတ် သွန်းလောင်းလိုက်သည်။ မီးခိုး‌ရောင် တိမ်တိုက်များမှာ နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကာ ဝေ့ဝူယင်၏ ပတ်လည်တွင် ပြန်လည် ဝန်းရံသွားပြန်သည်။ လူငယ် ရှောင်ထွက်သွားလိုလျှင်ပင် နည်းလမ်း ရှိသည့်ပုံ မရချေ။

ဝှစ်... ဝှစ်...

ခွန်ရီမင်က လက်ဟန် ချိပ်စည်းများကို ထပ်မံ၍ ဖော်ထုတ်လိုက်ရာ ငွေရောင် ငှက်မွေး တစ်ခု ထပ်မံ၍ ပျံထွက်လာပြန်သည်။ ၎င်းက ပထမ ငှက်မွေးထက် တစ်စင်တီမီတာမျှ ပိုမို၍ ရှည်လျားကာ ယခင် အတိုင်းပင် အဆုံးမဲ့ ဖျက်ဆီးခြင်းအော်ရာများနှင့် ပြည့်နှက်နေ၏။ လျှို့ဝှက် စွမ်းအားကို အကန့်အသတ်အထိ ဖော်ထုတ်နေရလေရာ မိန်းကလေး၏ မျက်လုံးများမှာ ချင်းချင်းနီရဲ လာခဲ့သည်။ သူမက တိတ်တဆိတ် အော်ငေါက်လိုက်ရင်း ထိုငှက်မွေးတောင်ကို ပစ်လွှတ်လိုက်ပြန်၏။

ဘုန်း...

ထို့နောက်တွင်တော့ နောက်တစ်ကြိမ်...။

ဘုန်း...

***

All Chapters