← Chapters

မူလနဂါးများ

Vol. 86 Ch. 1199

မူလနဂါးများ

Vol. 86 Ch. 1199

အာရုဏ်ဦး ကြယ်တာာ နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်း၌...

ဟူး... ဟူး...

မီးခိုးရောင် တိမ်တိုက်များ ပျက်စီးသွားသည့်တိုင် သေမျိုးတစ်ပိုင်း အရှင် အဆင့် လူအိုကြီး တိမ်ပြာ၏ လျှို့ဝှက် အော်ရာက ကွပ်လပ် တစ်ခုပင် မရှိစေရပဲ တစ်လောကလုံးကို လွှမ်းမိုးထားဆဲ ဖြစ်သည်။ ထိုဖိစီးမှု အောက်မှ လွတ်‌မြောက်ရန် လျှို့ဝှက် အာဏာရှင် အဆင့်များပင် လမ်းစ တစ်ခု ရှာတွေ့လိမ့်မည် မဟုတ်ပါချေ။

ဝေ့ဝူယင်၏ နောက်ကျောဘက်ရှိ အပေါက်သုံးပေါက်မှာ သွေးထွက်ခြင်း မရှိသော်လည်း ခွန်ရီမင်၏ လျှို့ဝှက် စွမ်းအားက သူ၏ ရုပ်ပိုင်းဆိုင်ရာ ဆဲလ်များတွင် ကပ်တွယ်နေကာ ခန္ဓာကိုယ် အတွင်းပိုင်း အင်္ဂါများနှင့် ကြယ်တာရာ ဝိညာဉ်များကို ကူးစက်ဖို့ ကြိုးပမ်း နေကြသည်။ စစ်မှန်သည့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များမှာ ထိုအော်ရာများထဲတွင် ကိန်းအောင်း နေလေ၏။

လျှို့ဝှက် အော်ရာများက ပတ်ဝန်းကျင်ကို အဆက်မပြတ် ထိုးဖောက်ကာ အခွင့်အရေး မရှိတော့ဟု ထင်ရသော်လည်း ကံကောင်းထောက်မစွာပင်... အစစ်အမှန် နဂါး ဟိန်းဟောက်သံကြောင့် တိမ်ပြာ အနည်းငယ် သတိလစ်သွားသည့် တဒင်္ဂ အချိန်လေးက ဝေ့ဝူယင် အတွက် အခွင့်အရေး တစ်ခု မွေးဖွားပေးခဲ့ပေသည်။

အလွန်တရာ တိုတောင်းလှသည့် အချိန်ကလေး အတွင်းမှာပင် လူငယ်မှာ လက်ဟန် ချိပ်စည်းများကို အဆက်မပြတ် ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ ချက်ချင်း ဆိုသလိုပင် ခရာတိုနှင့် အိုရီတို့မှာ အတူတကွ ချိတ်ဆက် သွားကြ၏။ ဘုရင်နှင့် ဧဒင်တို့မှာလည်း မတုန့်မဆိုင်းပင် သူတို့၏ ကြယ်တာရာ အင်အား ပမာဏ မြောက်များစွာကို ခရာတိုနှင့် အိုရီတို့ထံ ပို့လွှတ် လိုက်ကြလေသည်။ အရာအားလုံးက မျက်တောင် တစ်ခပ်စာမျှလောက်သာ ကြာမြင့်ခဲ့သည့်တိုင် အစီအရင်မှာ အသက်ဝင်လာခဲ့ပြီ ဖြစ်လေသည်။

ရား... ရား... ရား...

ရုတ်ချည်း ဆိုသလိုပင် နဂါး ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။ အချိန်၊ အကာသ၊ ဝိညာဉ်နှင့် အမတေ အလုံးစုံမှာ ထိုဟိန်းဟောက်သံများ အောက်၌ တုန်ရီ သွားခဲ့ကြလေသည်။ နဂါးများမှာ အမှောင် ဟင်းလင်းပြင် အတွင်း၌ တစ်ကောင်ပြီး တစ်ကောင် စတင်ကာ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့မှာ သန်စင် ထူထပ်သည့် ကြယ်တာရာ အင်အားဖြင့် ဖွဲ့စည်းထားကာ အစစ်အမှန် နဂါး တစ်‌ကောင်၏ သွေးမျိုးဆက်က နောက်ကွယ်မှ လှုံ့ဆော်ထားသည်။

နဂါးများအား ရေတွက် ကြည့်ရပါက စုစုပေါင်း ဆယ်ကောင်အထိ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုအထဲမှ ကိုးကောင်မှာ အလွန်ပင် ကြီးမားလှကာ ၁၀၈ ကီလိုမီတာလောက် အထိ အလျား ရှိကြပေသည်။ အားလုံးမှာ အဖြူရောင် ဖြစ်ကြသော်လည်း သူတို့ကို ပေါင်းစပ် ဖွဲ့စည်းထားသည့် သတ္တိများကတော့ ခြားနားလှပေသည်။ ၎င်းတို့ တစ်ကောင်ချင်းစီမှာ သိုင်းတာအို၏ ဒြပ်စင် ကိုးခု ဖြစ်သည့် မြေ၊ ရေ၊ လေ၊ မီး၊ သတ္တု၊ မိုးကြိုး၊ သစ်သား၊ ချော်ရည်ပူနှင့် ‌ရေခဲတို့ကို ကိုယ်စားပြု နေပေသည်။

ဆယ်ကောင်မြာက် နဂါးကတော့ အခြား နဂါးများနှင့် နှိုင်းယှဉ်လျှင် သေးငယ်လှသည်။ ၎င်းက အကြမ်းအားဖြင့် ၁၀၈ မီတာလောက်သာ အရွယ်အစား ရှိပေလိမ့်မည်။ သို့သော်လည်း... အခြား နဂါးများထက် မလျော့သည့် ကြီးမြတ်မှုနှင့် အော်ရာတို့ကိုတော့ ပိုင်ဆိုင်ထားပေသည်။

နဂါးအားလုံးမှာ ဝိညာဉ် အလင်းရောင် တလက်လက် တောက်ပနေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ ထိုအတွင်း ကိန်းအောင်းနေသည့် အသိဉာဏ်က အခြား သက်ရှိများထက် လျော့နည်းခြင်း မရှိပါချေ။ ၎င်းတို့မှာ အမှောင် ဟင်းလင်းပြင်း လွတ်လပ်စွာပင် တွန့်‌ခေါက် ပျံသန်းနေကြကာ အလွန် လှပသည့် မြင်ကွင်း တစ်ခုကို ဖန်တီး နေကြ၏။

ဆယ်ကောင်မြောက် နဂါး၏ ခေါင်းထက်တွင်တော့ ငွေရောင် မျက်ဝန်းများနှင့် ဝေ့ဝူယင် ရပ်နေခဲ့လေသည်။ လူငယ်မှာ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ၏ အမူအရာမှာ အလွန်ပင် တည်ငြိမ်နေ၏။ သူ၏ မျက်ဝန်းများကတော့ အသန့်စင်ဆုံးသော အေးစက်စက် အလင်းကို ထုတ်လွှတ်နေကာ သူ့ အော်ရာမှာလည်း အချိန်နှင့် အမျှ မြင့်တက်လာနေခဲ့လေသည်။

တိမ်ပြာမှာ သတိပြန်လည်လာချင်းပင် ရှေ့၌ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြ၏။ ဧရာမ နဂါးကြီး ကိုးကောင်နှင့် နဂါးငယ် တစ်ကောင်... ၎င်းတို့ တစ်ကောင်ချင်းစီမှာ ကိုယ်ပိုင် မြေဆွဲအား စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ လက်သည်းများက လှုပ်ရှားမှုတိုင်းတွင် အာကာသကို စုတ်ဖြဲ နေကြ၏။ သူတို့၏ မျက်လုံးများကတော့ အလွန် ပမာဏ များပြားလှသည့် ဝိညာဉ် အလင်းများကို ပိုင်ဆိုင် ထားပေသည်။ အပျက်အစီး မန်နာများမှာ သူတို့ အသက်ရှူလိုက်ရင်း ဆွဲယူ ခံနေရ၏။

“သူ့မှာ နဂါးတွေပါ ရှိတာလား...”

ထိုအရာက တိမ်ပြာ၏ အတွေး အတွင်း ပထမဆုံးပေါ်လာခဲ့သည့် မေးခွန်း ဖြစ်သည်။ ဝိညာဉ်အာရုံဖြင့် ဆန်းစစ်ရသမျှ... ထိုနဂါးများမှာ အသွေးအသားနှင့် တည်ဆောက်ထားသည့် အစစ်အမှန် သားရဲများလိုပင် ဖြစ်သည်။ သူတို့၏ အရှင်သခင် ဝေ့ဝူယင်ကတော့ ကောင်းကင် အောက်ရှိ နဂါးတို့၏ အင်ပါယာ တစ်ပါး ကဲ့သို့ အသေးငယ်ဆုံးသော နဂါး၏ ဦးခေါင်းထက်၌ ဝင့်ကြွားစွာ စီးနင်းနေသည်။

အစစ်အမှန် ဖီးနစ်နှင့် နဂါးများကို ချိတ်ဆက် တွေးတောမိသော အခိုက်၌ ကြောက်ရွံ့သည့် ခံစားချက် တစ်ခုက သူ့ အတွေးအတွင်း ဖျပ်ခနဲ ပေါ်လာခဲ့၏။ လူငယ် သေမျိုး အဂ္ဂိရတ် အာဏာရှင်လေးမှာ ဒဏ္ဍာရီလာ ရှေးဟောင်း သားရဲများနှင့် ချိတ်ဆက်မှုများ ရှိနေသည်လော။ ရုတ်တရက်... ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသလိုပင် တိမ်ပြာ ခံစားလိုက်ရ၏။

ကံမကောင်းစွာပင် တိမ်ပြာ အတွက် စုံစမ်း စစ်ဆေးဖို့နှင့် အတွေးများကို အကျဉ်းချုပ်ဖို့ အချိန် မရှိပါချေ။ သူ့ ယုံကြည်ချက်များက မည်မျှ မှားယွင်းသည် ဖြစ်စေ... နောက်ဖြစ်ပေါ်လာမည့် အရာကတော့ ပြောင်းလဲလိမ့်မည် မဟုတ်ပါချေ။

“သွား...”

ဝေ့ဝူယင်က ကြီးကျယ် ခမ်းနားသည့် စစ်ဗိုလ်ချုပ် တစ်ယောက်၏ လေသံမျိုးဖြင့် အော်ဟစ်လိုက်၏။ နဂါး ကိုးကောင်မှာ ဝေ့ဝူယင် အမိန့်အတိုင်း နာခံကြကာ ပြိုင်တူပင် ကြောက်မက်ဖွယ် ဟိန်းဟောက်သံများကို ထုတ်လွှတ် လိုက်ကြသည်။ ထို့နောက်တွင်တော့ ကြမ်းတမ်း ခက်ထန်သည့် လှုပ်ရှားမှုများနှင့် အတူ သူတို့မှာ စတင် လှုပ်ရှားလာကြ၏။

ခရက်... ခရက်...

နဂါး လက်သည်းများ၏ ကုတ်ခြစ်မှု အောက်၌ အာကာသမှာ တွန့်လိမ်သွားကာ သူတို့၏ ခန္ဓာကိုယ်များမှာ ရှေ့သို့ တဟုန်ထိုး ပြေးထွက် သွားကြသည်။ သူတို့ အသက်ရှူလိုက်တိုင်း ကိုးရောင်ခြယ် မြူနှင်းများက မုန်တိုင်းများ သဖွယ် တိုက်ခတ်နေသည်။

တိမ်ပြာက ချက်ချင်းပင် အကာအကွယ်ကို ပြင်ဆင်လိုက်၏။ သူက လက်ဟန်ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ကာ လက်ဝါးတစ်ဖက်ကို ခုတ်ပိုင်းခြင်းဓားထံသို့ ဆန့်ထုတ်လိုက်သည်။ အကာအကွယ် အရံအတား တစ်ခုမှာ ခုတ်ပိုင်းခြင်းဓား၏ ပတ်လည်တွင် ဖြစ်ပေါ်လာကာ စတင်ကာ ထူထပ် သိပ်သည်း လာခဲ့၏။

ဝှစ်...

တိမ်ပြာ ပထမဆုံး ရင်ဆိုင်လိုက်ရသည်က နဂါးကိုးကောင်တွင် အလျှင်မြန်ဆုံး ဖြစ်သော လျှပ်စီး မူလ နဂါးပင် ဖြစ်သည်။ ၎င်းမှာ မူလ နေရာမှ ရိပ်ခနဲ ပျောက်ကွယ်သွားကာ တဒင်္ဂချင်းပင် တိမ်ပြာ၏ နံဘေး၌ ပေါ်လာခဲ့သည်။ နဂါးက အလွန် ကျယ်ပြန့်လှသည့် ပါးစပ်ကြီးကို ဟကာ မိုးကြိုး ထစ်ချုန်း သကဲ့သို့ ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်၏။

အစစ်အမှန် မူလ လျှပ်စီး နဂါး၏ မိုးကြိုးဟိန်းဟောက်သံ...။

ဂါး...

အလွန်တရာ ကြမ်းတမ်း ခက်ထန်သည့် ဝိညာဉ် အင်အား တစ်ခုက လျှို့ဝှက် ဝိညာဉ်ထံ တိုးဝင်လာသည်ကို ခံစားလိုက်ရရာ တိမ်ပြာ၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။ ၎င်းက ဝေ့ဝူယင် ဖော်ထုတ်လိုက်သည့် အစီအရင် အတိုင်း အတိအကျပင် ဖြစ်သည်။ နဂါးတစ်ကောင်က အစီအရင် တစ်ခုကို အသုံးပြု နိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ချေ။

ထို့အပြင်... နဂါး၏ လှုပ်ရှားမှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့်များပင် တုန့်ပြန်ရန် ခက်ခဲလှသည့် အချိန်အတွင်း သူ့ နံဘေးသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ကံမကောင်းထောက်မစွာပင်... သူက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်သည်။ အတွေးတစ်ချက်၊ ဆန္ဒ တစ်ခုဖြင့်ပင် သူက အကာအကွယ် တစ်ခုကို စီမံခဲ့ပြီး ဖြစ်သည်။

ဘုန်း...

မိုးကြိုးအလား ဟိန်းဟောက်သံမှာ တိမ်ပြာ၏ အသိစိတ် ပင်လယ် အတွင်း တိုက်ရိုက်ပင် တိုးလျှိုး ဝင်ရောက် သွား၏။ နာကျင်မှု၊ သံသယ၊ မသေချာ မရေရာမှုတို့နှင့် အတူ လူအိုကြီး၏ အမူအရာက ပြောင်းလဲ သွားသည်။

ထိုဝိညာဉ် ဟိန်းဟောက်သံမှာ ဝေ့ဝူယင် ဖော်ထုတ်ခဲ့သည့် အစစ်အမှန် နဂါး ဟိန်းဟောက်သံထက် အဆပေါင်း များစွာ ပိုမို အစွမ်းထက် ပေသည်။ မိုးကြိုးတစ်စင်း သူ့ အသိစိတ် ပင်လယ်ထံ တိုက်ရိုက် ပစ်ချ လိုက်သလိုမျိုးပင်။

ဝှစ်...

တိမ်ပြာ၏ ရင်ဘတ်မှ နေ၍ လျှို့ဝှက် သင်္ကေတ တစ်ခုမှာ တောက်ပလာ၏။ ကြည်လင် ရှင်းလင်းသည့် လျှို့ဝှက် အလင်းတန်းများမှာ စီးထွက်လာကာ သူ့ ခန္ဓာကိုယ်ကို ဝန်းရံ၍ ကြက်ဥ သဏ္ဌာန် တည်ဆောက် ဖွဲ့စည်း လိုက်ကြသည်။

ဂါး...

လျှပ်စီး မူလ နဂါးကြီး၏ ကီလိုမီတာပေါင်း များစွာ ကျယ်ပြန့်သော ပါးစပ်ကြီးမှာ နှိုင်းယှဉ်ပါက အလွန် သေးငယ်လှသည့် သေမျိုးတစ်ပိုင်း အရှင်၏ ခန္ဓာကိုယ်ကို လှုပ်ရှားမှု တစ်ချက်တည်းဖြင့် ဝါးမြို ပစ်လိုက်၏။

ဘုန်း... ဘုန်း.... ဘုန်း...

နောက်ထပ် မီလီ စက္ကန့်မျှ မကြာခင်မှာပင် သိန်းနှင့် ချီသည့် မိုးကြိုး ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ပေါက်ကွဲမှု တစ်ခုချင်းစီတိုင်း၌ လျှပ်စီး မူလ နဂါးမှာ ကြုံ့ဝင်သွားခဲ့ကာ တစ်စက္ကန့် အတွင်းမှာပင် တစ်ရာ့ရှစ် မီတာလောက်သာ အရွယ်အစား ရှိပေတော့သည်။

ဝှစ်…

လျှပ်စီး မူလ နဂါး၏ ဝမ်းဗိုက်မှ နေ၍ လျှို့ဝှက် အလင်း တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက လျှပ်စီးများ၏ ဝန်းရံမှု အလယ်တွင်ပင် အလွန် လျှင်မြန်စွာ ပြေးထွက်သွားသည်။ မိုင်တစ်ရာခန့် ထွက်‌ပြေးပြီးနာက် ၎င်း၏ အသွင် သဏ္ဌာန်က ရုပ်လုံးပေါ်လာခဲ့၏။ သူကတော့ အခြားလူ မဟုတ်...။ တိမ်ပြာပင် ဖြစ်လေသည်။ သူ၏ အိုမင်းနေသည့် မျက်နှာထက်တွင်တော့ အကျဉ်းတန်သည့် အမူအရာ တစ်ခု ရှိနေခဲ့၏။

ရား... ရား..

သူ အနားမယူရသေးခင်မှာပင် နဂါး နှစ်ကောင်မှာ သူ့ခန္ဓာကိုယ် ပတ်လည်သို့ ဝန်းရံလာကာ ကမ္ဘာပျက် မတတ် ဟိန်းဟောက်သံများကို ထုတ်လွှတ် လိုက်ကြ၏။

အလွန် ပြင်းထန်သည့် အပူချိန်က ရင်ဘတ်ထံ တိုးဝင်လာသလို ရေခဲမတတ် အအေးဓာတ်ကလည်း ကြောပြင်ဆီ ကျဆင်း လာလေရာ တိမ်ပြာ၏ မျက်လုံးများက ပြူးကျယ်သွား၏။ ယခုတစ်ကြိမ်လည်း နဂါးများ၏ ချဉ်းကပ်လာမှုကို တုန့်ပြန်ရန် သူ နှေးကွေးခဲ့ပြန်သည်။ ထိုဟင်းလင်းပြင် သားရဲကြီးများ၏ လှုပ်ရှားမှုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် မြန်ဆန်လွန်းလှသည်။

“အား...”

လူအိုကြီးက ပြင်းထန်စွာ အော်ဟစ်လိုက်လေရာ ဝိညာဉ် စွမ်းအင်များမှာ သူ့ ခန္ဓာကိုယ်မှ ကြမ်းတမ်း ခက်ထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က သူ့ အသိစိတ် ပင်လယ် အတွင်း တိုးဝင်ကာ အတွေးတိုင်းကို သက်ရောက်နေသည့် အပူဓာတ်နှင့် အေးခဲခြင်း စွမ်းအင်တို့ အပါအဝင် အပျက်အစီး စွမ်းအင် ပေါင်းစုံကို ဖယ်ရှား ပစ်လိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း...

***

All Chapters