မူလနဂါးများ (၂)
Vol. 86 Ch. 1200
ဘုန်း... ဘုန်း... ဘုန်း..
ပေါက်ကွဲမှုများက နောက်တစ်ကြိမ် ဖြစ်ပေါ်လာကာ နဂါးများမှာ ၁၀၈ မီတာ ဖြစ်သည် အထိ ကျုံ့ဝင် သွားကြပြန်သည်။ သို့သော်လည်း ၎င်းတို့မှာ အလွန်ပင် လျှင်မြန်လှကာ ပေါက်ကွဲမှုများ မဖြစ်ပေါ်ခင်ကတည်းက နောက်သို့ ဆုတ်ခွာ သွားခဲ့ကြပြီး ဖြစ်သည်။
တိမ်ပြာမှာ နောက်တစ်ကြိမ် လွတ်မြောက်သွားပြန်၏။ သို့သော်လည်း... သူ့ ရင်ဘတ် နေရာရှိ ကြိုတင် ပြင်ဆင်ထားသည့် အကာအကွယ် အစီအရင်ကတော့ အနည်းငယ် မှေးမှိန်သွားကာ အဆက်မပြတ် တိုက်ခိုက်မှုများ အောက်တွင် တစ်စုံတစ်ရာ ထိခိုက်သွားပုံ ရလေသည်။
ဝှစ်... ဝှစ်...
တိမ်ပြာမှာ တူညီသည့် ဗျူဟာ အတွင်း နောက်တစ်ကြိမ် အကျမခံတော့ချေ။ အတွေးတစ်ချက်နှင့် အတူ သူက လှုပ်ရှားမှု ကျင့်စဉ် တစ်ခုကို ထုတ်ဖော် လိုက်သည်။ ခပ်ဖျော့ဖျော့ အလင်းများနှင့် အတူ အပြာရင့်ရောင် တိမ်တိုက် တစ်ခုမှာ သူ့ ခြေထောက်အောက်၌ ပေါ်လာခဲ့၏။ ထို့နောက် လျှပ်စီး တစ်ခုလိုပင် သူ့ ခန္ဓာကိုယ်က ပျောက်ကွယ် သွားခဲ့သည်။
ဝှစ်...
တဒင်္ဂ အတွင်းမှာပင် သူက မိုင်ပေါင်း ရှစ်ထောင် အကွာအဝေးဆီသို့ ရောက်ရှိသွား၏။ ၎င်းက နဂါးများနှင့် အတော်လေး အလှမ်းကွာသည်ဟု ဆိုနိုင်သည့် အကွာအဝေး ဖြစ်သည်။ သူတို ရောက်ရှိလာမည် ဆိုလျှင်ပင် သူ့အတွက် ပြင်ဆင်ရန် အချိန် ရှိပေလိမ့်မည်။
အချိန်တစ်ခဏမျှ တိုက်ခိုက်ပြီး နောက်တွင် နဂါးများမှာ အစစ်အမှန် သတ္တဝါများ မဟုတ်ကြောင်းနှင့် သူ့ အာရုံ ခံစားမှုများကို သက်ရောက်စေသည့် အစီအရင် တစ်ခုသာ ဖြစ်ကြောင်း သတိထားမိပြီး ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ၎င်းတို့၏ စက်ကွင်းမှ အချိန်မှီ ရှောင်ထွက်နိုင်လိုက်လေရာ တိမ်ပြာမှာ အနည်းငယ် စိတ်သက်သာရာ ရသွားမိ၏။
ဖောက်...
လေဟာနယ် အတွင်း ဖြစ်သည့်တိုင် ထူးဆန်းသည့် အသံ တစ်ခုကို သူ ကြားလိုက်ရ၏။ လျှို့ဝှက် အော်ရာမှ တစ်ဆင့် တစ်စုံတစ်ရာကို သူ အာရုံခံမိလိုက်သည်။ သူမတုန့်ပြန်နိုင်ခင်မှာပင် တတိယမြောက် အကြိမ် အဖြစ် နဂါးခြောက်ကောင်မှာ သူ့ ပတ်လည်တွင် ဝိုင်းပတ် လာခဲ့ပြန်၏။ နဂါးခြောက်ကောင်မှာ မတူကွဲပြားသည့် ဟင်းလင်းပြင် ပေါ်တယ် ခြောက်ခုကို အသုံးပြု၍ ခုန်ကူးလာခြင်း ဖြစ်ကြောင်း သတိထားမိသော အခိုက်၌ တိမ်ပြာ၏ နှလုံးသားမှာ ရိုင်းစိုင်းစွာ တုန်ရီသွားခဲ့ရ၏။
ရား... ရား... ရား...
ရား... ရား... ရား...
လက်ကျန် မူလဒြပ်စင် နဂါး ခြောက်ကောင် ဖြစ်သည့် မြေ၊ ရေ၊ လေ၊ မီး၊ သသတ္တုနှင့် သစ်သားတို့မှာ သူတို့၏ ဝိညာဉ် ဟိန်းဟောက်သံ အသီးသီးကို ထုတ်လွှတ် လိုက်ကြ၏။ တိမ်ပြာမှာ ဝေ့ဝူယင်ထက်ပင် အစွမ်းထက်သည့် ဝိညာဉ် စွမ်းအင် အထူးပြုသည့် ကျင့်ကြံသူ ခြောက်ယောက်နှင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသလိုပင် ခံစားလိုက်ရသည်။
တိမ်ပြာ၏ အမူအရာက ချက်ချင်းပင် ရူးသွပ်မှုများနှင့် ပြည့်နှက် သွား၏။ ဒြပ်စင်များက သူ့ ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့ကို တိုက်ရိုက် ဦးတည် တိုက်ခိုက်နေလေရာ သူ၏မျက်လုံးများမှာ သတိထားမှုများ လျော့နည်း သွားခဲ့သည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို လေလောလတ်လတ် တက်လှမ်းထားခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ထိုတိုက်ခိုက်မှုမှာ သူ့ လျှို့ဝှက် ဝိညာဉ်ကို ကြီးမားစွာ ထိခိုက်သွားစေဖို့ လုံလောက်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
မကြာခင်မှာပင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ဒြပ်စင် နဂါးများမှာ ပြန်လည် ကျုံ့ဝင်သွားကြပြန်၏။ ဒြပ်စင် စွမ်းအင် ခြောက်မျိုးက တိမ်ပြာ၏ တည်ရှိရာ မိုင်ပေါင်းများစွာကို ဖြန့်ကျက် သိမ်းပိုက်ထားသည်။ လူအိုကြီး၏ ရင်ဘတ်ရှိ လျှို့ဝှက် သင်္ကေတမှာမီးတောက် အဖြစ် ပြောင်းလဲသွားကာ အလင်းများမှာ သူ့ ခန္ဓာကိုယ်ကို သိပ်သည်းစွာ ဝန်းရံလျှက် ရှိပေသည်။
ရား... ရား... ရား...
တစ်ရာ့ရှစ် မီတာ အရွယ်အစား ရှိသည့် နဂါး ခြောက်ကောင်ကတော့ လျှင်မြန်စွာပင် ဝေ့ဝူယင်ထံသို့ ပြန်လည် ရောက်ရှိသွားကာ နဂါးကကြိုးဖြင့် သူ့ ခန္ဓာကိုယ်ကို ဝန်းရံ ပျံသန်းလျှက် ရှိနေကြ၏။ ဝေ့ဝူယင်ကတော့ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဆယ်ကောင်မြောက် နဂါး၏ ဦးခေါင်းထက်၌ ရပ်နေဆဲ ဖြစ်သည်။ သူ၏ အမူအရာက တည်ငြိမ်လှကာ ကျောရိုးများမှာ ကောင်းကင် ထောက်တိုင်ကြီးလို ဆန့်တန်းနေ၏။ ထိုအခိုက်၌ သူက နတ်နဂါးတို့၏ အရှင်သခင် တစ်ပါးနှယ် ဆင်တူလှပေသည်။
ဘုန်း...
ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ ပုံရိပ် တစ်ခုမှာ ဒြပ်စင်များ ကြီးစိုးရာ အရပ် ဒေသမှ အပြင်သို့ ပျံသန်း ထွက်ခွာလာသည်။
အလင်းများက သူ့ ခန္ဓာကိုယ်ကို ဝန်းရံနေဆဲ ဖြစ်သည့်တိုင် သူ့ ရင်ဘတ်ရှိ သင်္ကေတတော့ အပိုင်းပိုင်း အစစ အဖြစ် ပျက်စီး သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့က အမှောင် ဟင်းလင်းပြင် အတွင်း လှပသည့် အစက်အပျောက်များ သဖွယ် လွင့်ပျံ သွားကြ၏။
တိမ်ပြာက မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သည့် ခုတ်ပိုင်းခြင်းဓားကို လှမ်းကာ ကြည့်လိုက်၏။ ထိုဓားသမား၏ အကာအကွယ် အလွှာက ယခုတိုင် မထိမခိုက် တည်ရှိနေသေးဆဲ ဖြစ်သည်။ လူအိုကြီး အနည်းငယ် စိတ်ရှုပ်ထွေး သွားခဲ့၏။ ဝေ့ဝူယင်က သူ့ကို ယခုအထိ အဘယ်ကြောင့် မတိုက်ခိုက်ရသေးသနည်း။
ထို့အစား လူငယ်မှာ အစမှ အဆုံး သူ တစ်ယောက်တည်းကိုပဲ အာရုံစိုက်ကာ တိုက်ခိုက် နေခဲ့ခြင်းဖြစ်သည်။ လူအိုကြီး၏ မျက်ဝန်းများထဲ၌ စိတ်ပျက်လက်ပျက် ဖြစ်သည့် အရိပ်အယောင် တစ်ချို့ ပေါ်လာခဲ့၏။ သို့သော်လည်း ထိုခံစားချက်က တဒင်္ဂမျှသာ ဖြစ်ကာ မခံချင်စိတ် ဒေါသများ အဖြစ် ဆင့်ကဲ ပြောင်းလဲ သွားခဲ့သည်။ တိမ်ပြာ ဝေ့ဝူယင်ကို ပြန်လည် အာရုံစိုက် လိုက်၏။
သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် နှစ်စက္ကန့်မျှလောက် အထိ ငေးကြည့် နေမိကြသည်။ မည်သူမှ လှုပ်ရှားခြင်း မပြုချေ။ ယာယီ ငြိမ်းချမ်းရေး စာချုပ် တစ်ခု ချုပ်ဆို ထားသလိုပင်။ ဝေ့ဝူယင် တိုက်ခိုက်ခြင်း မပြုသည်ကို ကြည့်ကာ တိမ်ပြာက လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းက ဝေ့ဝူယင် သူ့ကို ပေးထားခဲ့သည့် ပြန်လည် ကုသရေး ထုတ်ကုန် တစ်မျိုးပင် ဖြစ်သည်။ လူအိုကြီးက ထိုအရာကို တစ်ခါတည်းပင် မြိုချလိုက်၏။
ထို့နောက်တွင်တော့ သူ့ တိမ်တိုက်ပေါ်တွင် တင်ပျဉ်ချိတ် ထိုင်ကာ မျက်လုံးများကို မှိတ်လိုက်ရင်း စတင်ကာ သန့်စင်လိုက်လေတော့သည်။
“...”
ဝေ့ဝူယင်မှာ လှုပ်ရှားခြင်း မပြုချေ။ သူက မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားမှာ စိုးရိမ်သည့် အလား တိမ်ပြာကိုသာ တစ်ချိန်လုံး စိုက်ကြည့် နေခဲ့၏။
ခွန်ရီမင်မှာ သတိလစ် နေခဲ့သည်။ ခုတ်ပိုင်းခြင်းဓားကတော့ ကြီးမားသည့် လှုပ်ရှားမှု တစ်ခု ပြုလုပ်ရန်ပြင်ဆင် နေသည့်ပုံ ပေါ်သည်။ သို့သော်လည်း... အကြီးမားဆုံး ခြိမ်းခြောက်မှုက တိမ်ပြာသာလျှင် ဖြစ်ကြောင်း ဝေ့ဝူယင် ခံယူထးသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ အကြီးကျယ်ဆုံးသော အားသာချက်က လျှို့ဝှက်တစ်ပိုင်း အဆင့်ပင် ဖြစ်သည်။ ထိုအဆင့်နှင့် အတူ သူတို့မှာ မြေကြီး ရှန့်ထိုများ၏ ခွန်အား တစ်စိတ်တစ်ပိုင်းကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။ ထိုစွမ်းအားက မျက်တောင် တစ်ခပ်စာမျှ အတွင်း သူ့ကို အမှုန့်ချေ ပစ်နိုင်သည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် လောကီ မျက်လုံး၏ အကျိုးအမြတ်များနှင့် ပေါင်းစပ်ထားကာ အချိန် ဥပဒေသ အပေါ် “သာမည အာဏာ”ကို ထုတ်ဖော် ထားသည်။ ကောင်းကင်အောက်ရှိ အချိန် အမတေ စီးဆင်းမှုများကို သူ ရှင်းလင်းစွာပင် မြင်တွေ့ နေရ၏။
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း အကြီးမားဆုံးသော ခြိမ်းခြောက်မှုကို ပထမဆုံး ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ် လိုက်သည်။ သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖော်ထုတ်လိုက်ရာ တိမ်ပြာ၏ ပတ်ဝန်းကျင်ရှိ အာကာသက အနည်းငယ် ပွက်ပွက်ဆူ လာခဲ့၏။ တိမ်ပြာ၏ မျက်လုံးများက ချက်ချင်းပင် ပြန်လည် ပွင့်ဟလာကာ ပတ်ဝန်းကျင်ကို သံသဖြင့် ကြည့်လိုက်သည်။
“ချိပ်ပိတ်စမ်း...”
ဒသမ လောက မူလ ကျင့်စဉ်... ဒြပ်စင် ဥပဒေသ၏ မူလ ချိပ်စည်း....
ဟူး... ဟူး...
သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ လောကကြီး တစ်ခုလုံးမှာ ဘယ်ဆီဘယ်ဝယ်က ထွက်ပေါ်လာမှန်း မသိသည့် မြူနှင်းများနှင့် ပြည့်နှက်သွားကြောင်း တိမ်ပြာ တွေ့လိုက်ရ၏။ ၎င်းတို့က အမှောင် ဟင်းလင်းပြင် အတွင်း ပြန့်ကျဲ ကျန်ရစ်သည့် ဒြပ်စင် မူလ နဂါး ကိုးကောင်၏ စွမ်းအားများပင် ဖြစ်ကာ ဝေ့ဝူယင်က အာကာသကို ဖြတ်သန်း၍ ပြန်လည် ဆင့်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်၏ ကြယ်တာရာ အင်အားမှာ ထာဝရ စွမ်းအားကို ပိုင်ဆိုင်ထားပေသည်။ ပိုမို ကြီးကျယ်သည့် ခွန်အား တစ်ရပ်ဖြင့် ဖျက်ဆီး မပစ်နိုင်မချင်း ၎င်းက ထာဝရ တည်မြဲ နေလိမ့်မည် ဖြစ်သည်။ တိမ်ပြာမှာ ခုခံရုံလောက်သာ အားထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအင်များမှာ အာကာသ၏ စုပ်ယူမှုနှင့် အတူ အဆုံးမဲ့ အမှောင်ထု အတွင်း တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ခြင်းသာ ဖြစ်သည်။
ယခုတွင်တော့ ထိုစွမ်းအင်များမှာ တစ်ပြိုင်နက်တည်း ပြန်လည် ပေါ်လာခဲ့ကာ နေရာ တစ်ခုတည်းတွင် စုစည်း နေခဲ့ပြီ ဖြစ်လေသည်။ တိမ်ပြာမှာ ချက်ချင်းပင် တုန့်ပြန်ဖို့ ဟန်ပြင်လိုက်သော်လည်း... စွမ်းအင်များက အလွန်ပင် လျှင်မြန်လှကာ တဒင်္ဂ အတွင်းမှာပင် သူ့ပတ်လည်ကို အေးခဲ ပစ်လိုက်ပြီ ဖြစ်လေသည်။
အဝေးမှ ကြည့်ပါက တိမ်ပြာကို ဝန်းရံ၍ အဖြူရောင် နေကြယ် တစ်စင်း ထွက်ပေါ် လာသလိုပင် တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ထိုအရာက အခွင့်အရေးပင် ဖြစ်သည်။ ဘေးနားတွင် နဂါး ဆယ်ကောင်ကို ဝန်းရံရင် သူ ခုတ်ပိုင်းခြင်းဓားထံသို့ ပျံသန်း သွားခဲ့သည်။ မကြာခင်မှာပင် ထိုဓားသမား၏ အကာအကွယ် စက်ဝိုင်းနားသို့ သူ ရောက်ရှိသွား၏။ ထို့နောက်တွင်တော့ သူ၏ နဂါး ဆယ်ကောင်က ဟိန်းဟောက်ကာ တိုက်ခိုက် လိုက်ကြတော့သည်။
ထိုအခိုက်တွင်ပင် ငွေရောင် အလင်းတန်း တစ်ခုမှာ ဝေ့ဝူယင် နောက် မိုင်အနည်းငယ် အကွာအဝေးတွင် လင်းလက် လာခဲ့၏။ ၎င်းက လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက် မျက်တောင် တစ်ခပ်စာ မပြည့်ခင်မှာပ်င ခရီးသွားလာနိုင်သည့် အကွာအဝေး ဖြစ်သည်။ ငွေရောင် အလင်းတန်းမှာ လှံကို ကိုင်ဆောင်ထားသည့် ခွန်ရီမင်ပင် ဖြစ်လေသည်။ သူမ၏ နဖူးနှင့် လည်ပင်းတို့က သွေးကြောများနှင့် ထောင်ထနေကာ လျှို့ဝှက် စွမ်းအင်များကို အကန့်အသတ်ထိ ရောက်ရှိအောင် သုံးထားကြောင်း ထင်ရှားလှသည်။
ဝေ့ဝူယင်မှာ သေမျိုး တစ်ယောက် ဖြစ်လေရာ လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်သည့် ခွန်ရီမင်ကို ဝိညာဉ်အာရုံဖြင့် တွေ့မြင်နိုင်စွမ်း မရှိပါချေ။ ထို့အပြင်... ခွန်ရီမင်မှာ ပုံရိပ် ကျင့်စဉ်နှင့် ဖုံးကွယ်ခြင်းတို့တွင် အလွန် ကျွမ်းကျင်သူ ဖြစ်သည်။ သတိလစ်နေသည့် သူမအား အခြား တစ်နေရာသို့ ပို့ဆောင်ခံလိုက်ရသည်ကို ဝေ့ဝူယင် မြင်တွေ့ခဲ့ရသော်လည်း ထိုအရာက လှည့်ကွက် တစ်ခုသာ ဖြစ်သည်။
ဝိညာဉ်အာရုံဖြင့် မမြင်တွေ့နိုင်သည့်တိုင် ဝေ့ဝူယင်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမှာ အလွန်ပင် အစွမ်းထက်လေရာ အန္တရာယ်အငွေ့အသက်ကို ချက်ချင်းပင် ရရှိလိုက်သည်။ ထို့ကြောင့်ပင် ခွန်ရီမင် ချဉ်းကပ်လာလာချင်းပင် သူ လောက သံချပ်ကာ ကို ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ လှံတံ မထိုးဖောက်ခင်မှာပင် သူ နောက်ကို ပြန်လည် လှည့်ကာ ရင်ဆိုင်လိုက်၏။
ရွှင်း...
ဝေ့ဝူယင်၏ မျက်လုံးများက ပြင်းထန်သည့် အန္တရာယ် ခံစားချက်များနှင့် ပြည့်နှက် နေ၏။ သို့သော်လည်း... ထိုတိုက်ခိုက်မှုက အစသာ ဖြစ်ပေသည်။ ထိုအခိုက်တွင်ပင် တရားထိုင်နေပုံ ပေါ်သည့် ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများမှာ ဖျပ်ခနဲ ပွင့်လာခဲ့၏။ သူ၏ လက်ထဲရှိ ဓားက အရှိန်အဟုန်နှင့် လှုပ်ရှားလာကာ ဝေ့ဝူယင် ခေါင်းပေါ်သို့ ကျဆင်း လာခဲ့တော့သည်။ ထိုဓားအလင်းထဲတွင် ခုတ်ပိုင်းခြင်းဓား၏ ဘဝ တစ်လျှောက် ကျင့်ကြံခဲ့သမျှ အခြေခံ အားလုံး ပါဝင် နေပေသည်။
၎င်းက မျက်တောင်တစ်ခါစာမျှသာ ကြာမြင့်သော်လည်း ဝေ့ဝူယင်ကတော့ ငရဲ၏ ကပ်ဘေးများနှင့်ပင် ယှဉ်နိုင်လုနီးပါး ရှိသည့် အကြပ်အတည်း ခံစားချက်မျိုးကို ခံစားလိုက်ရလေသည်။
***