← Chapters

သေဆုံးခြင်း (၂)

Vol. 86 Ch. 1202

သေဆုံးခြင်း (၂)

Vol. 86 Ch. 1202

“ဟူး...”

ဝေ့ဝူယင်၏ အမူအရာက အလွန်ပင် ဖြူဖျော့ နေ၏။ သေဆုံးခြင်းကို တစ်ကြိမ်တစ်ခါ ကြုံတွေ့ခံစားရခြင်းက ပင်လျှင် ကြောက်စရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နှစ်ကြိမ်မြောက် ခံစားရခြင်းက သူ့ ဝိညာဉ်ကို လွန်ကဲသည့် နည်းလမ်း တစ်ခုခုဖြင့် သက်ရောက် သွားခဲ့သည်။ သေဆုံးခြင်း တည်းဟူသော အာရုံမှာ အလွန်ပင် ကြောက်စရာ ကောင်းလှ၏။

ဝေ့ဝူယင် အသက်ကို ပါးစပ် အပြည့် ရှူထုတ် လိုက်သည်။ သူ အမှန်တကယ် သေဆုံးသွားခဲ့သည်မှာ အလိမ်အညာ မဟုတ်ချေ။ အချိန် ဥပဒေသ အပေါ် သာမည အာဏာ၊ အစစ်အမှန် နဂါး သွေးမျိုးဆက်တို့နှင့် အတူ ထိုဖြစ်ရပ်များကို အမှန်တကယ်လို သူ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ကမ္မ ရှောင်ရှားခြင်း မျက်လုံးမှာ ပြီးပြည့်စုံသည့် ကျင့်စဉ် တစ်ခုတော့ မဟုတ်သေးချေ။ အားနည်းချက်များ ရှိပေသေးသည်။ လက်ရှိ ကျင့်ကြံခြင်း အခြေခံဖြင့် ထိုကျင့်စဉ်ကို သုံးစက္ကန့်လောက် သူ အသက်သွင်းနိုင်သည့်တိုင် လျှို့ဝှက်အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ဆိုပါက သုံး ပီကိုစက္ကန့် လောက်ပင် ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။ ထိုအရာက သူ၏ လက်ရှိ ကျင့်ကြံခြင်း အခြေခံမှာ သေမျိုး အကန့်အသတ် အတွင်း ရှိနေပြီး လည်ပတ်ရန် စွမ်းအင် လိုအပ်ချက် နည်းသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင်... တိမ်ပြာတို့ သုံးယောက်ကာ အချိန်နှင့် အာကာသ အမျိုးအစား လျှို့ဝှက် လမ်းစဉ်များကို နားလည် ထားကြပါက သူတို့ အပေါ် ထိုနည်းလမ်းကို သုံးနိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်း ထောက်မစွာပင် သူတို့မှာ မြေကြီး ရှန့်ထိုများ မဟုတ်ကြသေးချေ။

နောက်တစ်ချက်က... ထိုနည်းလမ်းမှာ အကန့်အသတ် ရှိခြင်း ဖြစ်သည်။ ကြမ္မာ ရှောင်ရှားခြင်း မျက်လုံး ကျင့်စဉ်ကို ဖော်ထုတ်ရန် အတွက် အဓိက လိုအပ်ချက်မှာ အချိန်နှင့် အာကာသ စွမ်းအင်များ ဖြစ်သည်။ တစ်ကြိမ် ဖော်ထုတ်လိုက်တိုင်း သွေးမျိုးဆက် စွမ်းအင်များမှာ သိသာစွာပင် စားသုံး ခံရသည်။ သွေးမျိုးဆက် ရင်းမြစ် မခမ်းခြောက်ခင် အချိန်အထိ ကြမ္မ ရှောင်ရှားခြင်း မျက်လုံးကို အများဆုံး ခြောက်ကြိမ်သာ သူ ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

နောက်တစ်ကြိမ်...

ဟင်းလင်းပြင် ကျင့်စဉ်... ကြမ္မာ ရှောင်ရှားခြင်း မျက်လုံး...

…

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများက လောကီ မျက်လုံး၏ အကျိုးအမြတ်များနှင့် ပေါင်းစပ်သွားကာ အချိန် ဥပဒေသ အပေါ် “သာမည အာဏာ”ကို ထုတ်ဖော် လိုက်သည်။ ကောင်းကင်အောက်ရှိ အချိန် အမတေ စီးဆင်းမှုများကို သူ ရှင်းလင်းစွာပင် မြင်တွေ့ နေရ၏။

...

“ဟူး...”

ခြောက်ကြိမ်မြောက်...

ဝေ့ဝူယင် ကြမ္မာ ရှောင်ရှားခြင်း မျက်လုံးကို ဖော်ထုတ်ခဲ့သည်မှာ ခြောက်ကြိမ်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်သည်။ ခြောက်ကြိမ်လုံးတွင် ကြောက်မက်ဖွယ် သေခြင်းတရားနှင့် သူ ရင်ဆိုင်ခဲ့ရသည်။ လက်ရှိ အချိန်အထိ ထိုပဟေဠိကို သူ ဖြေရှင်းနိုင်သေးခြင်း မရှိသေးချေ။ သေမျိုးဆက် စွမ်းအင်မှာ ကုန်ခမ်း သွားခဲ့ပြီ ဖြစ်လေရာ သူ၏ အစစ်အမှန် နဂါး အသွက်ပြောင်းခြင်း ပုံစံမှာလည်း ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်သည်။

တတိယ အကြိမ် တိုက်ခိုက်မှု၌ ဝေ့ဝူယင် ဗျူဟာကို ထပ်မံ ပြောင်းလဲခဲ့ကာ ချိပ်ပိတ်ရာတွင် ပေါက်ကွဲခြင်း စွမ်းအင်ကို ထည့်သုံးခဲ့သည်။ တိမ်ပြာ လျှို့ဝှက် တစ်ပိုင်း အဆင့်ဖြင့် လွတ်မြောက်လာချိန်တွင်လည်း ခွန်ရီမင်ကို ဒိုင်းကာ တစ်ခု အနေဖြင့် အသုံးပြုခဲ့သည်။

သို့သော်လည်း... လျှို့ဝှက် တစ်ပိုင်း ဆင့်မှ ချီးမြှင့်ထားသော စွမ်းအင်များမှာ အလွန်တရာပင် ကြောက်စရာ ကောင်းလွန်းလှပေသည်။ တိမ်ပြာမှာ သူ ဖန်တီးထားသည့် လှည့်ကွက်အားလုံးကို ကျော်ဖြတ်ကာ ဒုတိယမြောက် ပွဲသိမ်း တိုက်ကွက်ကို ဖော်ဆောင်နိုင်ခဲ့သည်။

စတုတ္ထ အကြိမ်မြောက်တွင်တော့ ဝေ့ဝူယင်မှာ တိုးဝင်လာသည့် ဒုတိယမြောက် ပွဲသိမ်း ဝိညာဉ် တိုက်ခိုက်မှုကို ရှောင်ရှားကာ ခုတ်ပိုင်းခြင်းဓား၏ ဓားကျင့်စဉ်ကိုလည်း ဟင်းလင်းပြင် ပေါ်တယ် တစ်ခု သုံး၍ လမ်းကြောင်းပြောင်း ပစ်ခဲ့သည်။ သို့သော်လည်း တိမ်ပြာမှာ တစ်နည်းနည်းဖြင့် သူ့ နောက်၌ ပေါ်လာကာ သူ့ ခန္ဓာကိုယ်ကို မြူမှုန်များ ဖြစ်သည် အထိ ဖျက်ဆီးနိုင်ခဲ့သည်။

အလွန် အရေးကြီးသည့် အခိုက်အတန့်တွင် မြေကြီး ရှန့်ထို အဆင့် တစ်ယောက် ရုတ်တရက် ပေါ်လာကာ ဝေ့ဝူယင်ကို ကယ်တင်လိမ့်မည်ဟု မျှော်လင့် ထားခဲ့လေရာ တိမ်ပြာတို့ သုံးယောက်မှာ တိုက်ခိုက်မှုများ၌ မည်သည့် အရာကိုမှ ချန်လှပ် မထားခဲ့ကြပါချေ။

ငါးကြိမ်မြောက်တွင်တော့ ဝေ့ဝူယင် ဝိညာဉ် အေးခဲခြင်း အစီအရင်ကို သုံးခဲ့သည်။ သူ၏ ဝိညာဉ်အာရုံက ဘယ်လောက်ပင် အစွမ်းထက် စေကာမူ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ ထို့ကြောင့်ပင်... လျှို့ဝှက် တာအိုနှင့် ထိတွေ့ထားသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ အပေါ် သက်ရောက်မှုမှာ နည်းပါးလွန်းလှသည်။ အထူးသဖြင့် သူတို့ ဝိညာဉ် အပေါ် သက်ရောက်နိုင်စွမ်း မရှိချေ။ သေမျိုး တစ်ယောက်၏ အကန့်အသတ်ကို လက်တွေ့ကျကျ ကြုံတွေ့လိုက်ရလေရာ ဝေ့ဝူယင်မျာ မချင့်မရဲ ဖြစ်မှုများကို ခံစားလိုက်ရ၏။

အမျိုးမျိုးသော ကျင့်စဉ်များ၊ နည်းလမ်းများ၊ အစီအရင်များ၊ ကျင့်ကြံခြင်း အခြေခံ၏ အားသာချက်များကို အသုံးပြုခဲ့သည့်တိုင် တိမ်ပြာတို့ သုံးယောက် သူ့အသက်အား ချွေယူသွားခဲ့ခြင်းကို မတားဆီး နိုင်ခဲ့ပါချေ။

နောက်ဆုံးသော အကြိမ်တွင်တော့ ဝေ့ဝူယင်မှာ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်၊ သာမည အချိန် ဥပဒေသ၊ ကြယ်တာရာ အမြုတေ ပေါင်းစည်းခြင်းတို့ အပါအဝင် အရာအားလုံးကို အသုံးပြုကာ စွမ်းအားကို ကြောက်မက်ဖွယ် အဆင့် တစ်ခုအထိ ရောက်အောင် မြှင်တင်ခဲ့သည်။ သူက ခွန်ရီမင်ကို ပြန်လည် တိုက်ခိုက်ကာ ဆက်တိုက် ဆိုသလိုပင် တိမ်ပြာကို ချိပ်ပိတ်ခဲ့သည်။

ခွန်ရီမင်မှာ အံ့အားသင့်သွားကာ နောက်ဆုတ်ဖို့ ကြိုးပမ်းခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင် ကမ်းလှမ်းခဲ့သည့် အရာအားလုံးနှင့် ရင်ဆိုင်ခဲ့ရပေသည်။ သူမမှာ တိုက်ခိုက်မှု ပေါင်းစုံ၏ အလယ်တွင် အသိစိတ် ပင်လယ် တစ်ခုလုံး ကွဲကြေကာ ရုပ်ခန္ဓာနှင့် လျှို့ဝှက် ဝိညာဉ်များပါ ပျက်စီးခဲ့ရသည်။ သူမ သေဆုံးခဲ့ပေသည်။

ထို့နောက်တွင်တော့ ဝေ့ဝူယင်မှာ မူလ နဂါးကိုးကောင်ကို ခုတ်ပိုင်းခြင်းဓားထံသို့ စေလွှတ်ခဲ့သည်။ ခုတ်ပိုင်းခြင်းဓား အကာအကွယ်ထဲမှ မထွက်ရသေးခင်မှာပင် မူလ နဂါး ကိုးကောင်မှာ ဟင်းလင်းပြင် ပေါ်တယ်ထဲမှ ထွက်ပေါ်လာကာ သူ့ မျက်နှာ ရှေ့တွင် ပေါက်ကွဲ ခဲ့သည်။

ထို့နောက်တွင်တော့ ဝေ့ဝူယင်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် ဝိညာဉ် အင်အားကို ခံစားခဲ့ရလေသည်။ တိမ်ပြာမှာ လျှို့ဝှက် တစ်ပိုင်း အဆင့်နှင့် အတူ အထပ်ထပ် ပိတ်ဆို့ထားသည့် ချိပ်စည်းကြားမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက်... သူ ဝေ့ဝူယင်ကို သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ထိုအရာက ဝေ့ဝူယင်၏ အတုအယောင် နတ်ဘုရား ကိုယ်ပွား တစ်ခုသာ ဖြစ်နေခဲ့သည်။

တိမ်ပြာ၏ နောက်ထပ် လှုပ်ရှားမှုက ဝေ့ဝူယင်ကို ဆွံ့အ သွားစေခဲ့လေသည်။ သူက အချိန် နောက်ပြန်ဆုတ်ခြင်း နည်းလမ်းကို သုံး၍ ခွန်ရီမင်ကို ပြန်ခေါ်ကာ ဝေ့ဝူယင်၏ မူလ ခန္ဓာ နောက်ကို တဟုန်ထိုး လိုက်ခြင်းပင် ဖြစ်လေသည်။

ထို့နောက်တွင်တော့ ဝေ့ဝူယင်မှာ ခုတ်ပိုင်းခြင်းဓား၏ လောက ချိပ်ပိတ်ခြင်း ဖိအားနှင့် ရင်ဆိုင်ခဲ့ရသည်။ သူက ဓားနှလုံးသား ရည်ရွယ်ချက်ကို သုံးကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် ပတ်လည်တွင် ဓားစွမ်းအင်များကို ဝန်းရံလိုက်ခြင်းပင် ဖြစ်သည်။ ထိုဖိအားအား ခုခံနေသည့် အခိုက်မှာပင် တိမ်ပြာမှာ လျှပ်စီး တစ်စနှယ် ရွေ့လျား လာခဲ့သည်။ ထို့နောက်တွင်တော့ ဝေ့ဝူယင်၏ ခန္ဓာကိုယ်လည်း ပေါက်ကွဲ သွားခဲ့ရပြန်သည်။

အချိန်ကိုက် လှုပ်ရှားမှု၊ မတူကွဲပြားသည့် ဗျူဟာနှင့် အမျိုးမျိုးသော နည်းလမ်းများကို သုံးခဲ့သည့်တိုင် ဝေ့ဝူယင် သေဆုံးခဲ့သည်။ သူ သေဆုံးခဲ့ပေသည်။ အကြွင်းမဲ့ ခွန်အား၏ အောက်တွင် အရာအားလုံးမှာ လေထုထဲမှ ဖုန်မှုန့်များလို လွင့်ပျံ သွားခဲ့ရသည်။

***

All Chapters