← Chapters

#ဝိဉာဉ်မီးတောက်၊ အဆောင်အောင်မြင်မှု#

Vol. 46 Ch. 645

#ဝိဉာဉ်မီးတောက်၊ အဆောင်အောင်မြင်မှု#

Vol. 46 Ch. 645

ဝိဉာဉ်ပိတ်လှောင်နည်းစနစ်က မုဖူရှန်းစိတ်ထဲတွင် ပေါ်လာသည့် နောက်ထပ်အကြံဉာဏ်တခုဖြစ်သည်။

လန်ယင်ချူနှင့်ကျန်နှစ်ယောက်က သူတို့၏ စိတ်ဝိဉာဉ်စွမ်းအားများကို အသုံးပြုရင်း ပိတ်လှောင်နည်းစနစ်များကို သုံးကာ အချိန်ဆွဲနေကြသည်။

နောက်တွင် မုဖူရှန်းက အဆောင်များကို ရေးထွင်းနေသည်။

အကယ်၍ ပိုအားနည်းသည့် စိတ်ဝိဉာဉ်စွမ်းအားရှိသူဆိုပါက သူတို့က အမှန်တကယ် ချိုးဖျက်နိုင်မည်မဟုတ်။

ဝိဉာဉ်စွမ်းအားအရာတွင် သာမန်ကျင့်ကြံခြင်းလေ့ကျင့်သူတစ်ဦးက အဆောင်သခင်တစ်ဦးနှင့် ယှဉ်ပြိုင်၍ရမည်နည်း။

သို့သော် ဘယ်အရာကမှ အကြွင်းမဲ့မဟုတ်ပါ။

ပန်ရှီနှင့် ကျန်သုံးယောက် ဒါကိုမြင်သောအခါ သူတို့အမူအရာက လေးနက်သွားရမည့်အစား မိစ္ဆာဆန်သည့်အပြုံးဖြင့် နှုတ်ခမ်းကို ကွေ့ညွတ်လိုက်ကြ၏။

ဝိဉာဉ်စွမ်းအားလား!

ပန်ရှီနှင့် ကျန်သုံးယောက်က တချိန်တည်းတွင် သူတို့လက်များကို မြှောက်လိုက်ကြ၏။

ဒါက ဝိဉာဉ်စွမ်းအားကနေ သိပ်သည်းထားသည့် ဧရာမလက်ကြီးဆီသို့ တိုက်ရိုက် ပြေး၀င်သွားသည်။ လူလေးယောက်၏ လက်များက ဝိဉာဉ်ကနေကျစ်လျစ်ထားသော ဧရာမလက်ကို တချိန်တည်းတွင် ရိုက်ခတ်ပစ်ကြသည်။

ဒါကိုမြင်သောအခါ လန်ယင်ချူနှင့် ကျန်နှစ်ယောက်က အနည်းငယ် ကြက်သေသေသွားခဲ့သည်။

သူတို့ဘာလုပ်ဖို့ကြိုးစားနေတာလဲ!

သူတို့ဝိဉာဉ်က တန်ပြန်ထိခိုက်သွားမှာကို မစိုးရိမ်ကြဘူးလား!

သို့စေကာမူ နောက်အခိုက်အတန့်၌ သုံးယောက်စလုံး၏ အမူအရာများက တဖြည်းဖြည်းလေးနက်လာကြပြီး အလွန်အမင်း ကြည့်ရဆိုးသွားခဲ့သည်။

သူတို့သုံးယောက်၏ ဝိဉာဉ်စွမ်းအားကနေ သိပ်သည်းထားသည့် ဧရာမလက်ဖြင့် ထုတ်လွှတ်ထားသော ဝိဉာဉ်ပိတ်လှောင်နည်းစနစ်က ပန်ရှီနှင့်ကျန်သုံးယောက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

မရေမတွက်နိုင်လောက်သော ဝိဉာဉ်စွမ်းအားများက သူတို့လက်ဖဝါးထဲတွင် စုပ်ယူခံရသည်။

ကျန်းချန်အရူးအမူးရယ်မောသည်။

"အဆောင်သခင်တယောက်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားဆိုတဲ့အတိုင်းပါပဲ၊ အရင်စိတ်ဝိဉာဉ်စွမ်းအားတွေနဲ့ ဒါက လုံး၀ကွဲပြားတဲ့ အဆင့်တခုမှာရှိတယ်"

"ထပ်ပြီးထုတ်လွှတ်ပေးပါဦး၊ ဒီလိုဆိုမှ ငါတို့အလိုရှိသလောက် စုပ်ယူနိုင်မှာလေ"

ဝိဉာဉ်နှုတ်ယူခြင်းက ဝိဉာဉ်ပိတ်လှောင်နည်းစနစ်ကိုတောင် စုပ်ယူနိုင်တာလား!

သူတို့ ငရဲဂိုဏ်းက လူလေးယောက်ကို ရှေ့ဆက်ခြင်းကနေ ဘယ်လိုတားဆီးနိုင်တော့မည်နည်း။

လန်ယင်ချူနှင့် ကျန်နှစ်ယောက်က သူတို့၏ ဝိဉာဉ်စွမ်းအားများကို ရုပ်သိမ်းရန် ပြင်လိုက်စဉ် သူတို့နောက်မှ မုဖူရှန်း၏ ပါးစပ်က လှုပ်ရှားသွား၏။

လန်ယင်ချူနှင့် ကျန်နှစ်ယောက်က အနည်းငယ်နောက်ဆုတ်လိုက်ကြပြီး လေးနက်စွာခေါင်းညိတ်သည်။ သူတို့ ပြန်မရုပ်သိမ်းခဲ့သည်သာမက ဝိဉာဉ်စွမ်းအားကိုပါ တိုးမြှင့်ခဲ့လေသည်။

ဒါကိုမြင်သောအခါ လူတိုင်း ဝေခွဲမရဖြစ်နေသည့် အမူအရာများကို ပြသလာသည်။

"ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်နေသေးတာလား၊ ငရဲဂိုဏ်းကလူတွေက ဝိဉာဉ်ကို စုပ်ယူနိုင်တယ်ကွ"

"ဒီလိုမျိုး အထိန်းအကွပ်မဲ့ထုတ်လွှတ်ခြင်းက ဝိဉာဉ်ကို ပြန်ပြောင်းမရနိုင်တဲ့ ပျက်စီးမှုကို ဖြစ်စေလိမ့်မယ်"

စုမုယောင်၊ လင်းကျိနန်နှင့် ကျန်သောသူများကသာ မပြောဘဲ မုဖူရှန်းအား စူးစိုက်စွာ ကြည့်နေခဲ့ကြသည်။

အဆောင်သခင်များတဖြစ်လဲ သူတို့အဖို့ ဒါကိုမသိရန်ဟူသည် မဖြစ်နိုင်ပေ။

သို့စေကာမူ သူတို့ဝိဉာဉ်က ထိခိုက်ရမည်ဆိုလျှင်ပင် သူတို့ဒါကို လုပ်နေသေးသည်။

ဖြစ်နိုင်ချေတခုတည်းသာရှိတော့သည်။ သူတို့အချိန်ဆွဲနေခြင်းပင်။

မုဖူရှန်းလက်ထဲက အဆောင်စုတ်တံက ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၏ တိုးတက်အားဖြည့်မှုနှင့်အတူ ဆက်တိုင်းရေးထွင်နေသည်။

အဆောင်စာရွက်ပေါ်၌ အဆောင်စုတ်တံအောက်မှ ဖြစ်ပေါ်လာသည့် အလွန်အမင်းရှုပ်ထွေးဆန်းကြယ်သော ပုံစံကွက်များရှိသည်။

ဒီတွေးခေါ်မှုကို ပန်ရှီလည်းတွေးနိုင်ပါသည်။

သူခေါင်းမော့ရင်း မုဖူရှန်းရှိရာဘက်သို့ ကြည့်လိုက်၏။

အဆောင်စာရွက်ပေါ်၌ အင်မော်တယ်မိုးကြိုးစွမ်းအားက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း စတင်ပျံ့နှံ့သွားသည်။

ရုတ်ချည်းဆိုသလို ဘာလိုတဘက်လူက ဒီလိုလုပ်နေရသလဲဆိုတာ သူနားလည်သွား၏။

ပန်ရှီချက်ချင်းဆုံးဖြတ်ချက်တခုချသည်။

"အခင်းအကျင်းကို ဖယ်ရှားလိုက်၊ မင်းတို့သုံးယောက်က ဝိဉာဉ်ကို ဆက်လက်ထုတ်ယူနေကြ၊ ငါမုဖူရှန်းကို သွားသတ်လိုက်မယ်"

ကျန်းချန်နှင့် ကျန်နှစ်ယောက်က ဘာတခုမှမပြောတော့ဘဲ ခေါင်းညိတ်သည်။

အဘယ်ကြောင့်ဆိုသော် မုဖူရှန်းက တဘက်လူ၏ အကြွင်းမဲ့ဗဟိုချက်ဖြစ်နေသောကြောင့်ပင်။

မုဖူရှန်းသေသွားသရွေ့ တိုက်ပွဲကသံသယမရှိ အဆုံးသတ်သွားရပေလိမ့်မည်။

ပန်ရှီ ပြောသည့်အတိုင်းပင် လုပ်ဆောင်ကာ အခင်းအကျင်းကို ချိုးဖျက်ပြီး မုဖူရှန်းဆီသို့ ပြေးဝင်သွား၏။

လန်ယင်ချူနှင့် ကျန်နှစ်ယောက်က ဒါကိုမြင်သောအခါ ချက်ချင်းဆိုသလို အာရုံပြောင်းလိုက်ပြီး ဝိဉာဉ်စွမ်းအားအမျှင်တန်းများကို ပန်ရှီရှေ့တွင် စုစည်းရင်း သူ့လမ်းကြောင်းကို ပိတ်ဆို့ပစ်ချင်သည်။

ငရဲဂိုဏ်းဘက်တွင် ကျန်းချန်နှင့် ကျန်နှစ်ယောက်က ချက်ချင်းပင် ပန်ရှီဘေးသို့ ရောက်လာသည်။ သူတို့ကရုတ်တရက် လက်များကို ဆန့်ထုတ်ကာ သူတို့ဝိဉာဉ်စွမ်းအားများကို ထုတ်ယူပြီး ပန်ရှီအတွက် လမ်းကြောင်းတခု အတင်းဖွင့်လှစ်ပေးသည်။

လမ်းတစ်လျှောက်တွင် ပန်ရှီလုံး၀မရပ်ပေ။ သူ့အမြန်နှုန်းက တိုးမြှင့်နေပြီး သွေးမြူတခုက သူ့ကိုယ်တဝိုက်၌ လှည့်ပတ်နေသည်။

သတ်ဖြတ်ခြင်းဆန္ဒက လေထဲတွင် ပြည့်နှက်သွားပြီး မုဖူရှန်းအပေါ်သို့ ပိတ်ဆို့လိုက်၏။

လန်ယင်ချူချက်ချင်းအော်ဟစ်သည်။

"အစ်ကိုမု၊ ဂရုစိုက်၊ ရေးထွင်းတာရပ်ပြီး ပုန်းနေတော့"

မုဖူရှန်းဒါကိုကြားသော်လည်း ရေးထွင်းနေတာကိုမရပ်ခဲ့ပေ။

သူ့လက်ထဲက မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံက အဆောင်စာရွက်ပေါ်၌ ဆက်လက်ကနေပြီး လိုင်းများက အဆက်မပြတ် ဆက်သွယ်နေသည်။

သို့စေကာမူ ပန်ရှီသူ့အနားသို့ ချဉ်းကပ်လာတာာကို မြင်ရသောအခါ မုဖူရှန်း၏ မျက်ခုံးကြား၌ ကျောက်စိမ်းရောင်မီးတောက်တခု ပေါ်လာခဲ့သည်။

စိတ်ဝိဉာဉ်ပျိုးထောင်နည်း၊ မီးစုန်းစိမ်းဝိဉာဉ်မီးတောက်!

ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်း အလွန်အမင်းတုန်လှုပ်သွားကြ၏။

ဒါကဝိဉာဉ်မီးတောက်ကြောင့်မဟုတ်ဘဲ ဝိဉာဉ်မီးတောက်တခုကို သိပ်သည်းနိုင်သည့် လူက မရှိသလောက်နည်းပါးသောကြောင့်ပင်။ သို့သော် ဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါ။

ပို၍ကြောက်မက်ဖွယ်ကောင်းတာက မုဖူရှန်း အဆင့်မြင့်အဆောင်များကို ရေးထွင်းနေရင်း ဝိဉာဉ်မီးတောက်များကိုလည်း သိပ်သည်းအောင် လုပ်နိုင်ခြင်းပင်။

နှစ်ခုစလုံးက တည်ငြိမ်သည့် စိတ်အခြေအနေနှင့် အာရုံစိုက်ရသည့် စိတ်ဝိဉာဉ်ကို လိုအပ်သည်။

တခုတည်းကို ထုတ်ယူဖို့ဆိုလျှင်ပင် အပြည့်အ၀အာရုံစိုက်ရပေမည်။

ဒါပေမယ့် မုဖူရှန်းက တချိန်တည်းမှာ အလုပ်နှစ်ခုလုပ်နေတာလား!

ပန်ရှီ တခဏမျှကြက်သေသေသွားပြီးနောက် နှာခေါင်းရှုံ့သည်။

"ဝိဉာဉ်မီးတောက်လား၊ ဒီတော့ဘာဖြစ်လဲ၊ ငါတို့အပေါ် ဝိဉာဉ်စွမ်းအားက အသုံးမ၀င်တာကို မင်းနားမလည်ဘူးလား"

စကားပြောနေစဉ် ပန်ရှီ ညာလက်ကို ရှေ့သို့ ဆန့်ထုတ်သည်။

မုဖူရှန်း သူ့လက်ဖဝါးပေါ်က အရိုးစုအမှတ်အသားတခုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ဒီအရိုးစုအမှတ်အသားကြောင့်သာ ငရဲဂိုဏ်းကလူများက စိတ်ဝိဉာဉ်များကို နှုတ်ယူနိုင်စွမ်းရှိခြင်းပင်။

"ဝိဉာဉ်မီးတောက်က မင်းတို့ကိုကြီးမားတဲ့ ထိခိုက်မှုမဖြစ်စေနိုင်ပေမယ့် ငါမင်းကို အနိုင်ယူချင်တာလို့ မပြောမိခဲ့ပါဘူး၊ ဟုတ်တယ်မလား"

မုဖူရှန်းလက်တစ်ဘက်တွင် မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကို ကိုင်ရင်း ကျန်တစ်ဘက်တွင် မီးစုန်းစိမ်းဝိဉာဉ်မီးတောက်ကို ကိုင်ကာ ပန်ရှီရှိရာသို့ ရိုက်နှက်လိုက်သည်။

မီးစုန်းစိမ်းဝိဉာဉ်မီးတောက်က နေရာအနှံ့သို့ ချက်ချင်းပျံ့သွားပြီး ပန်ရှီကိုယ်ပေါ်သို့ မီးပွားများပမာ ကျဆင်းကာ မီးပွားများက ပေါက်ကွဲသွားသည်။

မီးပွားတိုင်းက ကျောက်စိမ်းမီးကြာပန်းတပွင့်ကို ပွင့်လန်းလာစေပြီး ပန်ရှီကို၀န်းရံလိုက်သည်။ ဒါကလှောင်အိမ်တခုနှင့်တူသည်။

မီးစုန်စိမ်းဝိဉာဉ်မီးတောက်ကြာပွင့်လေးပွင့်က တောက်ပသည့်အလင်းတခုစီကို ထုတ်လွှတ်ပြီး ပန်ရှီဆီသို့ နတ်အလင်းပမာ တိုး၀င်သွား၏။

ပန်ရှီတစ်ချက်အော်ဟစ်ကာ လက်နှစ်ဖက်ကို တချိန်တည်းတွင် ဆန့်ထုတ်လိုက်သည်။

သွေးမြူတခုပေါ်လာသည်။

သွေးမြူက သူ့လက်ဖဝါးပေါ်၌ အရိုးစုအမှတ်အသားတခုအဖြစ် အမှတ်တကယ် ကျစ်လျစ်သွားသည်။

ပန်ရှီကိုဗဟိုပြုရင်း အရိုးစုအမှတ်အသားက အပေါ်လွင့်မြောလွင့်နေပြီး ပါးစပ်ကို ဖွင့်လိုက်၏ ဧရာမဝဲဂယက်တခုက အရိုးစုပါးစပ်ထဲတွင် ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ မီးစုန်းစိမ်းမီးတောက်အော်ရာက လမ်းကြောင်းပြောင်းသွားပြီး ဝဲဂယက်၏စုပ်ယူခြင်းကို ခံရသည်။

တခြားတဘက်တွင် အဆုံးသတ်၌ လန်ယင်ချူနှင့် ကျန်နှစ်ယောက်က မခံနိုင်တော့ပါ။

သူတို့ဝိဉာဉ်ကို ပြန်ရုပ်သိမ်းလိုက်ကြ၏။ သူတို့၏မျက်နှာများက ဖြူဖျော့နေပြီး အော်ရာများက အားနည်းသွားကာ တာအိုဆွေးနွေးစင်မြင့်ပေါ် ကျသွားကြသည်။

ကျန်းချန်တို့သုံးယောက်အုပ်စုက အကျပ်အတည်းကာလကနေ လွတ်မြောက်လာပြီး ဝိဉာဉ်များကို နှုတ်ယူရန် လန်ယက်ချူတို့အုပ်စုဆီသို့ ချက်ချင်းမသွားဘဲ ယင်းအစား မုဖူရှန်းထံသို့ တိုက်ရိုက် ဦးတည်သွားကြသည်။

မုဖူရှန်းအသက်ရှင်နေသရွေ့ တခြားသုံးယောက်က ပြဿာနာမဟုတ်ပေ။

ဒါ့အပြင် မုဖူရှန်းရေးထွင်းသည့်အဆောင်က တဖြည်းဖြည်း တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပျံ့နှံ့လာနေပြီဖြစ်သည်။

မိုးကြိုးစင်းများဖြင့် လိုက်ဖက်နေသည့် အင်မော်တယ်မိုးကြိုးအော်ရာက လေထဲတွင် ထိုးထွက်လာသည်။

ဒါကသူတို့သုံးယောက်ကို အန္တရာယ်ရှိသည့်ခံစားချက်ကို ခံစားရစေသည်။

သို့စေကာမူ ထိုအချိန်တွင် မုဖူရှန်း ရေးထွင်းနေတာကို ရပ်လိုက်သည်။

သူ မြင့်မြတ်အက္ခရာဆန်းကြယ်မိုးကြိုးစုတ်တံကိုပင် သိမ်းဆည်းလိုက်ပါပြီ။

ထိုအဆောင်ကို မုဖူရှန်း၏ လက်ချောင်းများကြားတွင် ညှစ်ထားသည်။

ခရမ်းမိုးကြိုးစွမ်းအားများက အဆောင်စာရွက်ထဲကနေ မိုးကြိုးအရည်များပမာ စီးဆင်းနေကြ၏။

အော်ရာက ကြောက်စရာကောင်းနေသည်။

စုမုယောင်အံ့ဩသင့်သွားသည်။

"ဒီ‌အဆောင်က ဘယ်အဆင့်လဲ"

ဒါကတကယ်ပဲငါ့ကိုတောင် နှလုံးသားထဲက မခံမရပ်နိုင်တဲ့အားတခုလို ခံစားရစေတာလား!

အပိုင်း(646) coming။

All Chapters