#အရှုံးကို၀န်ခံခြင်း#
Vol. 46 Ch. 646
စုမုယောင်တင်မဟုတ်ဘဲ စုလင်တု၊ လင်းကျိနန်နှင့် ကုရှီတို့၏ မျက်နှာများတွင်လည်း လေးနက်နေသည့် အမူအရာကိုယ်စီ ရှိနေကြသည်။
ဝိဉာဉ်ချီက သူ့ကိုယ်ခန္ဓာကနေ မသိစိတ်ကတဆင့် စီးဆင်းလာကြ၏။
ဒါက အဆောင်ကနေ ထုတ်လွှတ်သည့် စွမ်းအား၏ နောက်ဆက်တွဲလှုပ်ခတ်မှုမှ ထိခိုက်စေခြင်းကနေ သူတို့အား ကာကွယ်ပေးရန် ဖြစ်ပုံရသည်။
"ဂျူနီယာညီလေးမုအဆောင်က နည်းနည်းအားကောင်းလွန်းတယ်မလား" ရှောင်ဟိုင်ညည်းညူလိုက်သည်။
ယဲ့ချိုးပိုင် အကူအညီမဲ့စွာခေါင်းခါယမ်းသည်။
"ဒီကောင်က ဘေးကင်းဖို့နဲ့ တဘက်က သူ့ကို မနိုင်အောင် အဆောင်မဲ့တားဆီးကာကွယ်ဖို့အတွက် အဆင့်မြင့်အဆောင်တခုကို ရေးထွင်းခဲ့တာပဲ"
ယဲ့ချိုးပိုင် မုဖူရှန်း၏ ရည်ရွယ်ချက်များကို နားလည်ပြီးသားဆိုတာ သိသာထင်ရှားနေသည်။
မုဖူရှန်းကလည်း ထိုကဲ့သို့တွေးနေသည်။
ဒါပေမယ့် ဒီအကြံကဘာများမှားလို့လဲ!
သတိကြီးကြီးထားတာက ဘာမှားလို့လဲ!
လုချန်ရှန်းတပည့်ဆိုတဲ့အတိုင်းပါပဲ!
တာအိုဆွေးနွေးစင်မြင့်အပေါ်၌ မြင့်မြတ်အဆောင်ဂိုဏ်းအကြီးအကဲက ထူးဆန်းသည့်အမူအရာတခုကို ဖော်ပြလာသည်။
ထိုအချိန်က မုဖူရှန်းက မြင့်မြတ်အက္ခရာဘိုးဘေးမြေ၌ ကောင်းကင်အင်မော်တယ်အဆင့် အဆောင်တခုကို ဖန်တီးခဲ့သည်ဟု သူကြားခဲ့သည်။
အဆင့်မြင့်အဆောင်များကို ရေးထွင်းရန်ဆိုတာက ပြဿာနာကြီးတော့မဟုတ်။
ဒါပေမယ့် ဒါက အင်မော်တယ်တပိုင်းနယ်ပယ်တွေကြားက ဂျူနီယာတွေရဲ့ အုပ်စုတိုက်ပွဲပဲမလား!
မင်းဘာလို့ မြေအင်မော်တယ် အလယ်အလတ်အဆင့်နဲ့တောင် ယှဉ်နိုင်တဲ့ သတ်ဖြတ်ခြင်းအဆောင်တတခုကို ရေးထွင်းရတာတုန်း!
ဒီလောက်ထိလိုအပ်လို့လား!
တခြားဂိုဏ်းများက ခေါင်းဆောင်များတွင်လည်း မတူညီသည့်အမူအရာများ ရှိနေကြသည်။
မုဖူရှန်းရဲ့အဆောင်စွမ်းရည်က တကယ်ပဲ အရမ်းမြင့်မားတာပဲ!
ဒီလိုအဆောင်မျိုးက အင်မော်တယ်တပိုင်းနယ်ပယ်ကို ကျော်လွန်နေတာ ရှင်းလင်းနေတာပဲကို!
"ဒီမြင့်မြတ်အဆောင်ဂိုဏ်းမှာ ဘယ်လိုမွန်းစတားမျိုး ပေါ်ပေါက်လာတာလဲ"
"ဒီလိုအရွယ်မျိုးမှာတောင် အလုပ်နှစ်ခုလုပ်ရင်း မြေအင်မော်တယ်အဆင့်အဆောင်ကို ရေးထွင်းနိုင်တယ်"
"ပြီးတော့ အချိန်တိုအတွင်းမှာလုပ်ခဲ့တာ...."
"ဒီကလေးမသေသေးသရွေ့ မြင့်မြတ်အဆောင်ဂိုဏ်းက ဒီကလေးကြောင့် မကြုံစဖူးအမြင့်ကို ရောက်သွားလိမ့်မယ်"
စစ်ဆေးရေးမှူးကလည်း စင်မြင့်ပေါ်မှ မြင်ကွင်းကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေသည်။
မဟာပြိုင်ပွဲ၏ ကြီးကြပ်ရေးအင်အားစုအနေနှင့် သူတို့က သေမင်းဝိဉာဉ်မြို့ ဖွင့်လှစ်မှုကြောင့် မရေမတွက်နိုင်လောက်သည့် လျှို့ဝှက်ဂိုဏ်းများနှင့် ပါရမီရှင်များ ဒီပြိုင်ပွဲထဲတွင် ပေါ်လာတာကို သူတို့သိကြပါသည်။
သို့စေကာမူ ဒီအကြောင်းကို သူတခါမှမတွေးဖူးသလို မည်သည့်သတင်းမှလည်း မကြားခဲ့ဖူးပါ။
တခြားဂိုဏ်းများတွင်လည်း ကြောက်မက်ဖွယ်ရာပုံရိပ်ကိုယ်စီရှိကြသည်။
ဥပမာအားဖြင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ယဲ့ချိုးပိုင်တွင် ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းရည်ရှိသည်။
ဥပမာအားဖြင့် အင်မော်တယ်မျောက်ဝံကျေးရွာက ရှောင်ဟိုင်က အလွန်အမင်း ကြောက်စရာကောင်းသည့် သွေးကြောတခုရှိပြီး သူပင်လျှင် ဖိနှိပ်ခံရသည်ဟု ခံစားခဲ့ရသည်။
ဥပမာအားဖြင့် တာအိုစင်မြင့်ပေါ်ရှိ မြင့်မြတ်အဆောင်ဂိုဏ်းက မုဖူရှန်းက မြေအင်မော်တယ်အဆင့်အဆောင်များကိုပင် ရေးထွင်းနိုင်သည်။
ပါရမီရှင်များစွာပေါ်ပေါက်လာခဲ့သည်။
ဒါကတခုခုကိုဆိုလိုတာလား!
ဒါမှမဟုတ် ဘာကိုဆိုလိုတာလဲ!
ထုံးစံအတိုင်း ခေတ်တိုင်းတွင် အထွတ်အထိပ်ကာလနှင့် မဟာကပ်ဘေးဟူသည်ရှိသည်။
မကြာခဏဆိုသလို ပါရမီရှင်များက မဟာကပ်ဘေးအတောအတွင်း အဆက်မပြတ် ပေါ်ပေါက်လာတတ်ကြသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ကပ်ဘေးတခုရှိနိုင်တာများလား!
စစ်ဆေးရေးမှူး ခေါင်းကိုညင်သာစွာ ခါယမ်းသည်။ ဒါကသူခန့်မှန်းနိုင်သည့် အရာတခုမဟုတ်ပေ။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ပန်ရှီက မုဖူရှန်းထုတ်လွှတ်သည့် ဝိဉာဉ်မီးတောက်ကနေ ချိုးဖျက်လွတ်မြောက်သွားလေပြီ။
သို့စေကာမူ ထိုအခိုက်အတန့်၌ သူအလျင်စလိုမလုပ်ပေ။ သူ ကျန်ချန်းနှင့် ကျန်နှစ်ယောက်တို့နှင့် ဘေးချင်းယှဉ် ရပ်လိုက်သည်။ သူ့မျက်နှာက လေးနက်နေပြီး သူ့မျက်သူငယ်အိမ်များက ငလျင်တစင်းပမာ တုန်ယင်နေသည်။
သူမုဖူရှန်းလက်ချောင်းများကြားက အဆောင်ကိုကြည့်လိုက်သည်။
အဆောင်စာရွက်ပေါ်ကနေ စီးဆင်းနေသည့် ခရန်းမိုးကြိုးအရည်များက သူ့ကို သေခြင်း၏ အန္တရာယ်ကို ခံစားရစေသည်။
အဆောင်၏အော်ရာတခုတည်းကပင် အတော်လေးအစွမ်းထက်နေလေပြီ။
ဒီအဆောင်ကြောင့် ဖြစ်စေမည့်သတ်ဖြတ်ခြင်းစွမ်းအားက သေချာပေါက် သူတို့နယ်ပယ်ထက် ကျော်လွန်နေတယ်ဆိုတာ ပြောစရာပင်မလိုတော့။
ပန်ရှီ၏အသံက အနည်းငယ်တုန်ယင်နေပြီး အရင်ကလို မမောက်မာတော့ပါ။
"မင်း.....မင်းကဘယ်သူလဲ"
သူတို့ကမဟာပြိုင်ပွဲ၏ ဂိုဏ်းအသီးသီးအကြောင်း သတင်းအချက်အလက်များစွာကို စုစည်းခဲ့သည်။
အထူးသဖြင့် ဒါတွေက အပေါ်ယံက ထိုထိပ်တန်းဂိုဏ်းများနှင့် အတော်လေးရင်းချာသည်။
ထောက်လှမ်းရေးသတင်းများအရ ငရဲဂိုဏ်းက မြင့်မြတ်အဆောင်ဂိုဏ်းကို အကောင်းဆုံးဖြည့်စွက်မှုတခုအဖြစ်သာ ရှုမြင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ စိတ်ဝိဉာဉ်စွမ်းအားက အားအကောင်းဆုံး မဟုတ်ပေလော။
သို့စေကာမူ ကြည့်ရတာ သူတို့ရန်သူကို လျှော့တွက်မိခဲ့ပုံပင်။
ယခုလိုမွန်းစတားတယောက်က မြင့်မြတ်အဆောင်ဂိုဏ်းတွင် ရှိနေလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။
မုဖူရှန်းပြန်မဖြေပေ။
ဒီမူကို သူနက်ရှိုင်းစွာနားလည်သည်။
ဒီမူကို သူငယ်ရွယ်စဉ်ကတည်းက သင်ကြားခံခဲ့ရသည်။
ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့မည်ဆိုပါက တုံ့ဆိုင်းမနေပါနဲ့၊ စကားပြောရင်း အချိန်မဖြုန်းပါနဲ့!
အဘယ်ကြောင့်ဆိုသော် ဒီစကားလုံးအနည်းငယ်ကပင် တဘက်လူကို အကူအညီခေါ်ရန် သို့မဟုတ် ပိုအားကောင်းသည့်ဝှက်ဖဲများကို သုံးရန်အတွက် လှုံ့ဆော်နိုင်သောကြောင့်ဖြစ်သည်။
ရလဒ်အနေဖြင့် အခြေအနေက ပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် အများကြီးပြောရန် မသင့်တော်ပေ။
မုဖူရှန်း ထိုလေးယောက်ကို အေးစက်စွာကြည့်ရင်း လက်ချောင်းကြားက အဆောင်ကို သူတို့ရှိရာသို့ ပစ်လွှတ်လိုက်၏။
ပန်ရှီနှင့် ကျန်သုံးယောက်က ဒါကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။
သူတို့ကချက်ချင်းပင် ဆက်သွယ်မှုမပါဘဲ ပေါင်းစပ်ခန္ဓာအစီအရင်ကို ထုတ်လွှတ်လိုက်ကြသည်။
သွေးမြူများက သူတို့ကိုယ်ထဲကနေ ထွက်လာပြီး ဆက်လက်သိပ်သည်းကာ ဘဲဥပုံသွေးမြူအတားအဆီးတခုကို ဖန်တီးလာသည်။
သူတို့ဒီတိုက်ခိုက်မှုကို ခုခံချင်သည်။
အဆောင်က သွေးမြူထဲသို့ ဖြည်းဖြည်းချင်း မျောလွင့်နေပြီး မိုးကြိုးသံများကို ကြားနေရသည်။
အဆောင်စာရွက်ပေါ်၌ ဆန်းကြယ်ရှုပ်ထွေးသည့် ပုံစံကွက်များက ခရမ်းမိုးကြိုးနှင့်အတူ စတင်လင်း၀င်းလာသည်။
ထို့နောက်ချက်ချင်းဆိုသလို တိမ်မည်းများက အဆောင်စာရွက်ထဲကနေ ထွက်လာပြီး တာအိုတွေးနွေးစင်မြင့်အပေါ်၌ ပျံ့သွားသည်။
မုဖူရှန်းလက်ထဲက တံဆိပ်ပြောင်းလဲသွားသည်နှင့် တိမ်မည်းများ၊ ခရမ်းကြိုးမိုးများ ထိုးထွက်လာပြီး တိမ်မည်းအလွှာတခုလုံးက အဆက်မပြတ် တုန်ခါနေသည်။
ဒါက ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၏ အလေးချိန်ကို မခံနိုင်သည့်အလား။
တိမ်များထဲမှ ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက သွေးမြူအတားအဆီးပေါ်သို့ မက်မွန်ပွင့်များ ပွင့်လန်းလာသည့်အလား အရူးအမူး ဆင်းသက်ကာ အလေးချိန်ကို ထုတ်လွှတ်ပေးနေသည်။
ဂျုန်း.....ဂျုန်း.....!
နှစ်ထောင်ချီသစ်ပင်တစ်ပင်၏ ပင်စည်ကဲ့သို့ ထူထဲသည့် မရေမတွက်နိုင်လောက်သော မိုးကြိုးစင်းများက ကျယ်လောင်သည့်အသံတခုကို ထုတ်လွှတ်ပြီး သွေးရောင်အတားအဆီးကို ရိုက်ခတ်သည်။
ပထမမိုးကြိုးစင်းကျဆင်းလာပြီးနောက် ရပ်သွားခြင်းမရှိဘဲ ဒုတိယ၊ တတိယ၊ စတုတ္တတို့က ဆက်တိုက်ကျဆင်းလာကြ၏။
သွေးမြူအတားအဆီးပေါ်၌ မရေမတွက်နိုင်လောက်သည့် အက်ကြောင်းများပေါ်လာပြီး ဆန်းကြယ်ယင်ခရမ်းမိုးကြိုးက ဆက်လက်ဆင်းသက်လာနေသည်။
ပင့်ကူအိမ်များကဲ့သို့ပင် အက်ကြောင်းမျ။းက သွေးမြူအတားအဆီးပေါ်၌ သိပ်သည်းစွာ ထုပ်ပိုးရင်း ကန့်လန့်ဖြတ်နေသည်။
ပန်ရှီနှင့် ကျန်သုံးယောက်တို့၏ အမူအရာများက အကြီးအကျယ်ပြောင်းလဲသွား၏။
သူတို့အော်ရာက မတည်မငြိမ်ဖြစ်လာပြီး တချိန်တည်းမှာပင် သွေးများက ပါးစပ်ကနေ စီးကျလာကြ၏။
"ငါတို့ထပ်မစောင့်နိုင်တော့ဘူး"
ပန်ရှီအော်ဟစ်သည်။
"ငရဲဂိုဏ်းက အရှုံးကို၀န်ခံပါတယ်"
ကျန်းချန်နှင့်ကျန်နှစ်ယောက်တို့က မဲရွဲ့နေကြသော်လည်း သူတို့တွင် ပိုကောင်းသည့် အကြံဉာဏ်မရှိပါ။
သွေးမြူအတားအဆီးက ဆန်းကြယ်ယင်ခရမ်းမိုးကြိုးကြောင့် ကျိုးပျက်သွားစဉ် အဖိုးအိုတစ်ဦးက မိုးကြိုးစင်းများရှေ့တွင် ပေါ်လာသည်။
သူကစစ်ဆေးရေးမှူးဖြစ်သည်။
စစ်ဆေးရေးမှူး လက်ကိုဆန့်ထုတ်စဉ် လေပြေလေညင်းတစင်း တိုက်ခတ်သွားပြီး လေပြင်းတချက်သာဖြစ်သော်လည်း ထူထဲသည့် လျှပ်စီးတိုင်များက တိုက်ရိုက်ပင် ပြန့်ကြဲသွားရသည်။
လေပြင်းတချက်ရိုက်ခတ်သည်နှင့် အဆောင်က တိုက်ရိုက်ပင် စုတ်ဖြဲခံရသည်။
ဒါကညင်သာစွာ လွင့်မြောနေပုံပေါ်သော်လည်း အတော်လေးထက်ရှသည်။
စစ်ဆေးရေးမှူးမှာ နှလုံးသားထဲကနေ အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။
သူ့တွင်လည်း ငရဲဂိုဏ်းအပေါ် အမြင်ကောင်းဟူ၍မရှိပါ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ငရဲဂိုဏ်းကို နားလည်သူတိုင်းတွင် သူတို့အပေါ် ခံစားချက်ကောင်းတခု ရှိလာစေရန်ဟူသည် မဖြစ်နိုင်ပေ။
သို့သော် သူကစစ်ဆေးရေးမှူးဖြစ်သည်။
တဘက်လူက အရှုံးကို၀န်ခံရန် အော်ဟစ်လိုက်သည်နှင့်တပြိုင်နက် သူက တဘက်လူကို ကယ်တင်ပေးရပေမည်။ တခြားရွေးချယ်စရာမရှိ။
အကယ်၍ဖြစ်နိုင်ပါက သူကလည်း ထိုလေးယောက်ကို ဒီအဆောင်အောက်တွင် သေသွားစေချင်သည်။
အပိုင်း(647) coming။