← Chapters

#ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက စုမိသားစုကို တိုက်ခိုက်ခြင်း#

Vol. 46 Ch. 647

#ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက စုမိသားစုကို တိုက်ခိုက်ခြင်း#

Vol. 46 Ch. 647

ငရဲဂိုဏ်း!

ရှေးခေတ်ကတည်းက သူတို့က ကောင်းကင်ဘုံနှင့် လူသားများမုန်းတီးသည့် မရေမတွက်နိုင်လောက်သော အရာများစွာကိုလုပ်ခဲ့သည်။

ဥပမာအားဖြင့် ငရဲဂိုဏ်းတွင် ကျင့်ကြံခြင်းကို ဆက်လက်မတိုးမြှင့်နိုင်တော့ဘဲ သူတို့သက်တမ်းကုန်ဆုံးခါနီးသို့ ရောက်သောအခါ စိတ်ဝိဉာဉ်ကို ထုတ်ယူလျက် သူတို့ကိုကျွေးမွေးရန်အတွက် အထူးနည်းစနစ်ကို အသုံးပြုကြသည်။

တချိန်တည်းမှာပင် ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး အပြင်ပက ပါရမီရှင်လူငယ်များ၏ ရုပ်ခန္ဓာများကို ရှာဖွေကြသည်။

ထိုဂိုဏ်းများ၏ ပါရမီရှင်များက သူတို့၏ ပထမဆုံးရွေးချယ်မှုပင်။

ထိုအချိန်က မရေမတွက်နိုင်လောက်သော ဂိုဏ်းများ၏ ပါရမီရှင်အားလုံးနီးပါးက ငရဲဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံရသည်။

ဒါတင်မကဘဲ သေမျိုးများထံတွင်လည်း သူတို့က ရက်တစ်ရာမပြည့်သေးသည့် ကလေးငယ်များကို ရှာဖွေကာ မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံရန်အတွက် အပျိုစင်သွေးများကို အသုံးပြုကြသည်။

ဒါက ရေီးခေတ်က ဂိုဏ်းများစွာကို မုန်းတီးစေခဲ့သည်။

ထိုအချိန်က ငရဲဂိုဏ်းက အတော်လေးအစွမ်းထက်သည်။

ငရဲဂိုဏ်း၌ ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ နှစ်ဆယ်ကျော်ပင်ရှိသည်။

ထို့ကြောင့်ဂိုဏ်းများစွာက ပူးပေါင်းကြပြီး ငရဲဂိုဏ်းကို ဖျက်ဆီးရန်အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။

သို့သော် ပထမတန်းစားဂိုဏ်းများအထက်ရှိ မည်သူမဆို ဂိုဏ်း၏ရှေးဟောင်းစာအုပ်များတွင် ငရဲဂိုဏ်းအကြောင်းကို အခြေခံအားဖြင့် ကြားဖူးကြသည်။

လောလောဆယ် တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ငရဲဂိုဏ်းမှလူတယောက်က အရှုံးကို ၀န်ခံရန်အတွက် ပဏာမခြေလှမ်း လှမ်းခဲ့ကြသည်။

မုဖူရှန်းကလည်း ရပ်လိုက်သည်။

ယခုလိုအခြေအနေတွင် သူက တဘက်လူကို အတင်းသတ်၍မရပေ။

မည်သို့ပင်ဆိုစေကာမူ သူ့ရှေ့က စစ်ဆေးရေးမှူးက ကောင်းကင်အင်မော်တယ်နယ်ပယ် ဖြစ်နေသည်မဟုတ်ပေလော။

ပန်ရှီ၏မျက်နှာက မည်းမှောင်နေပြီး အရင်ကကဲ့သို့ မောက်မာခြင်းမရှိတော့ဘဲ မုဖူရှန်းကို အဓိပ္ပာယ်ရှိသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။

ထို့နောက် ကျန်းချန်နှင့် ကျန်နှစ်ယောက်တို့နှင့်အတူ သူတာအိုဆွေးနွေးစင်မြင့်ပေါ်ကနေ ထွက်သွားသည်။

မြင့်မြတ်အဆောင်ဂိုဏ်းကလည်း သူတို့ထိပ်တန်းသုံးနေရာတွင် ၀င်ရရန် ပို၍ သေချာသွားခဲ့သည်။

ထို့နောက် အင်မော်တယ်မျောက်ဝံကျေးရွာ၊ ကောင်းကင်ဘုံဓားတောင်ထိပ်၊ စုကလန်နှင့် ငရဲဂိုဏ်းတို့ လုယုရမည့် နေရာနှစ်နေရာ ကျန်သေးသည်။

‌အောက်တွင် ရှောင်ဟိုင်က ယဲ့ချိုးပိုင်ကို ကြည့်ပြီးမေးသည်။

"အစ်ကိုကြီး၊ ဘယ်သူ့ကိုစိန်ခေါ်မလဲ"

ယဲ့ချိုးပိုင် တခဏမျှတွေးတောရင်း စုမိသားစုရှိရာဘက်သို့ ကြည့်လိုက်သည်။ စုမုယောင်ကလည်း ယဲ့ချိုးပိုင်၏ အကြည့်ကို ခံစားမိသဖြင့် မေ့စေ့မော့လိုက်သည်။

"တစ်ဦးချင်းတိုက်ပွဲလား၊ ဒါမှမဟုတ် အုပ်စုလိုက်တိုက်ပွဲလား"

ယဲ့ချိုးပိုင်ပြုံးသည်။

"တစ်ဦးချင်းတိုက်ပွဲ"

စုမုယောင်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့၊ စုလင်တု၊ နင်အရင်သွား"

စုလင်တု၊ အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်!

ယဲ့ချိူးပိုင် ချီပင်းအားကြည့်ရင်း နူးညံ့စွာမေးသည်။

"မင်းယုံကြည်ချက်ရှိလား"

တိတ်တိတ်နေတတ်သည့် ချီပင်းက ဘာတခုမှမပြောဘဲ ဓားကိုကိုင်ကာ တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။

ချီပင်းအတွက် သူကနည်းနည်းလေးသာ ပြောသော်လည်း သူ့အပြုအမူကို လုပ်ဆောင်ချက်အဖြစ် ဆောင်ရွက်လေ့ရှိသည်။

စုလင်တု သူ့ကိုသတိထားကြည့်လိုက်၏။

တဘက်လူကလည်း အင်မော်တယ်တပိုင်း အစောပိုင်းနယ်ပယ်ဖြစ်သည်။

သူက ဝိဉာဉ်မီးတောက်၏ အားသာချက်နှင့်အတူ သာမန်အင်မော်တယ်တပိုင်းနယ်ပယ်များထက် ပိုအားကောင်းသည်။

သို့သော် စုလင်တုတွင် အရှုံးကို အလွယ်တကူ၀န်ခံရန်အတွက် ရည်ရွယ်ချက်မရှိပါ။

သူကစုမိသားစုကဖြစ်သည်။

နယ်ပယ်တူက ဒုတိယတန်းဂိုဏ်းတပည့်တယောက်ကို သူဘယ်လိုလုပ်ရှုံးနိုင်မည်နည်း။

ဒါကိုတွေးမိသောအခါ ဓားမြှောင်တလက်က စုလင်တု၏လက်ဖဝါးပေါိ၌ ပေါ်လာသည်။

ဓားမြှောင်က အေးစက်သည့်အလင်းဖြင့် တောက်ပနေပြီး နေ၏ရောင်ပြန်ဟပ်မှုအောက်တွင် အတော်လေးမျက်စိကျစရာပင်။

စတင်ရန်ကြေညာပြီးသည်နှင့် စုလင်တု၏ ပုံဂိပ်က တာအိုဆွေးနွေးစင်မြင့်ကနေ ရုတ်ချည်းပျောက်ကွယ်သွား၏။

တဘက်လူ၏ ပုံရိပ်ကို အနှီမျက်စိဖြင့် မမြင်နိုင်တော့ပါ။

လင်းကျိနန်ရှင်းပြသည်။

"စုလင်တုက သူ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ရာမှာ တော်တယ်၊ တချိန်တည်းမှာပဲ သူက သူ့အော်ရာအားလုံးကို ဖုံးကွယ်နိုင်တယ်၊ နယ်ပယ်တူက လူတွေအဖို့ စုလင်တုရဲ့ တည်နေရာကို ရှာတွေ့ဖို့ဆိုတာက မဖြစ်နိုင်သလောက်လုနီးပါးပဲ"

"ပုံမှန်အားဖြင့် သူကအမှောင်ထဲမှာ အခွင့်အရေးတခုရှာပြီး တချက်တည်းနဲ့ သတ်ပစ်တတ်ကြတယ်"

ယဲ့ချိုးပိုင်ပြုံးသည်။

"မင်း စုမိသားစုက အဲဒီမိန်းကလေးကို လိုက်နေတာမလား၊ မင်းငါ့ကို သူ့ရဲ့နောက်ခံကိုတောင် ပြောပြနေပြီ၊ သူမင်းကို မုန်းသွားမှာကို မကြောက်ဘူးလား"

လင်းကျိနန်ယပ်တောင်ကို ဖွင့်ပြီး ခပ်ပေါ့ပေါ့ပင်ပြုံးသည်။

"ငါပြောခဲ့တယ်ဆိုရင်တောင် ဒါကို ဖောက်ထွင်းဖို့က အရမ်းခက်ခဲတယ်၊ ဒါ့အပြင် စုမုယောင်က ဒီလိုအမြင်ကျဉ်းတဲ့ မိန်းကလေးတယောက်မဟုတ်ပါဘူး၊ မဟုတ်ရင် ငါသူ့ကို ဘယ်လိုလုပ် သဘောကျမိသွားမှာလဲ"

မုဖူရှန်းပြုံးလိုက်သည်။

ဒါကို ဖောက်ထွင်းဖို့ခက်ခဲတာလား!

ယခုလိုဖုံးကွယ်နည်းစနစ်မျိုးက နယ်ပယ်တူဆိုပါက ချိုးဖျက်ရန် တကယ်ပင် ခက်ခဲသည်။

သို့စေကာမူ ဒီလူ၏စိတ်ဝိဉာဉ်စွမ်းအားကသာ လုံလုံလောက်လောက်အားမကောင်းပါက ပုန်းနေစဉ် တခြားဘက် လှုပ်ရှားမှုများ၏ ခြေရာကို ဖမ်းယူကာ သူ့တည်နေရာကို လုံး၀ရှာတွေ့ရန်ဟူသည် အရမ်းလွယ်ကူသည်။

ချီပင်းက ဒီလိုလူမျိုးဖြစ်သည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်တွင် ချီပင်း တယောက်တည်းရပ်နေတာကိုသာ သူမြင်ရသည်။

သူ့မျက်နှာ၌ ကြောက်စိတ်ဟူ၍မရှိဘဲ ယင်းအစား ပုံမှန်မဟုတ်စွာပင် တည်ငြိမ်နေသည်။

ချီပင်း မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။

ဒါကိုအနှီမျက်လုံးဖြင့် မမြင်နိုင်သဖြင့် သူဒီ၀န်ထုပ်၀န်ပိုးနှစ်ခုကို လောလောဆယ် စွန့်လွှတ်ထား၍ရလောက်သည်။

တခါတရံ မျက်လုံးများက လိမ်နေနိုင်သည်။

သူမျက်လုံးမှတ်လိုက်သည်နှင့်တပြိုင်နက် ဝိဉာဉ်မီးတောက်အမျှင်စများက သူ့နဖူးကြားကနေ စိမ့်ထွက်လာသည်။

ဧရာမဝိဉာဉ်စွမ်းအားက သူ့ကိုဗဟိုပြုရင်း ပြန့်ကြဲသွားသည်။

ချီပင်း ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်စဉ်က မလှုပ်ရှားခဲ့ပေ။

စုလင်တုကမူ သူကအတော်လေး စိတ်ရှည်တတ်သူဖြစ်သည်။ ချီပင်းက ဘာဟာကွက်ကိုမှ မထုတ်ဖော်ပြသဖြင့် သူမဆင်ခြင်မလုပ်ပေ။

ဒီတိုက်ပွဲတွင် နှစ်ဘက်စလုံးက ပိတ်ဆို့မှုထဲတွင်ရှိနေသည်။

အမွေးတိုင်တစ်တိုင်စာအချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။

ထိုအချိန်တွင် ချီပင်း၏ ဝိဉာဉ်စွမ်းအားက စတင်မတည်ငြိမ်စွာ တုန်ယင်လာသည်။

အောက်ကလူများက ဒါကိုမြင်သဖြင့် သူတို့၏အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။

တဘက်လူ၏တည်နေရာကို ဝိဉာဉ်စွမ်းအားဖြင့် ဆက်လက်ရှာဖွေခြင်းက စွမ်းအင်အများအပြားကို ကုန်ဆုံးစေသည်။

ချီပင်းအနည်းငယ်မျက်မှောင်ကြုတ်ကာ ငုံ့လိုက်သည်။

ထိုအချိန်တွင် ချီပင်း၏ဘယ်ဘက်၌ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် အေးစက်သည့် အလင်းတန်းတခုဖြတ်သွားပြီး သူ့ပခုံးထံ တည့်တည့်ဦးတည်လာသည်။

ရုတ်တရက် ချီပင်း မျက်လုံးများကို ဖွင့်လိုက်၏။

သူ့ဝိဉာဉ်စွမ်းအားက ထိုအချိန်တွင် ဆက်သွယ်မိလာပြီး အေးစက်သည့်အလင်းတန်းအပေါ် ပိတ်ဆို့ပစ်သည်။

သူ့ကိုယ်ခန္ဓာက ရုတ်ချည်းဆိုသလို ဖြောင့်တန်းသွားကာ သူ့လက်ထဲက ဓားရှည်၌ ဝိဉာဉ်မီးတောက်က ရစ်ပတ်သည်။

ထို့နောက် ချီပင်း ဘယ်ဘက်သို့ ဒေါင်လိုက်ပိုင်းချလိုက်၏။

ကလန်ဟူသော အသံကိုကြားရသည်။

ဝိဉာဉ်မီးတောက်ဓားရှည်က အေးစက်သည့်အလင်းတန်းနှင့် ထိမိသွားသည်။

ဒါကထောင်ချောက်တခုပေတည်း။

လူတိုင်းအံ့ဩသင့်သွားကြ၏။

ချီပင်း၏ ဝိဉာဉ်စွမ်းအားက ရှာဖွေနေစဉ် သူက စုလင်တုက မည်သည့်ဟာကွက်ကိုမှ အလွယ်တကူမပြသဘဲ ဝိဉာဉ်စွမ်းအား၏ ပိတ်ဆို့ခံရခြင်းကနေ ရှောင်တိမ်းကာ တိုက်ခိုက်လာမှာကို သူသိသည်။

သူက တဘက်လူ၏ဝိဉာဉ်စွမ်းအား စတင်အားနည်းလာတာကို စောင့်ပြီးမှ အခြေအနေကို လက်ဦးမှုရယူလိုက်ခြင်းပင်။

ဒီကိစ္စတွင် ချီပင်းက ဆန့်ကျင်ဘက်လုပ်ရပေတော့မည်။

သူတမင်တကာပင် စုလင်တု ပဏာမခြေလှမ်းလှမ်းပြီး တိုက်ခိုက်ကာ သူ့နေရာကို ပိတ်ဆို့စေရန်အတွက် ဟာကွက်တခုကို ထုတ်ဖော်ခဲ့သည်။

စုလင်တု၏ အမူအရာက အနည်းငယ်မည်းမှောင်သွား၏။ သူဝိဉာဉ်မီးတောက်ဓားရှည်နှင့် ထိမိသည်နှင့်တပြိုင်နက် လက်ကို ရုပ်သိမ်းကာ နောက်ဆုတ်ရင်း တာအိုဆွေးနွေးစင်မြင့်ပေါ်ကနေ ထပ်မံပျောက်ကွယ်သွားပြန်သည်။

သို့စေကာမူ ချီပင်း စုလင်တုနောက်ကနေ လိုက်ဖမ်းပြီး သူ့လက်ထဲကဓားရှည်က ထပ်မံပိုင်းဖြတ်ပစ်သည်။

စုလင်တု လွှမ်းမိုးခံနေရပြီး အရူးအမူးနောက်ဆုတ်သည်။

သူ့မျက်စိရှေ့တွင် ဝိဉာဉ်မီးတောက်ဓားရှည်က ပိုင်းဖြတ်လာလေပြီ။

သူကာကွယ်ပိတ်ဆို့ရန်အတွက် လက်ထဲက ဓားမြှောင်ကို မြှောက်ရုံသာ တတ်နိုင်တော့သည်။

ဘန်း....!

ကြွပ်ရွရွအသံတစ်သံက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပျံ့သွားသည်။

ချီပင်းက သူ့တည်နေရာကို ဆက်လက်ခြေရာခံနိုင်လေရာ စုလင်တုအံ့ဩသင့်နေရပြီး အသင့်ပင်မဖြစ်ခဲ့ပါ။

ချီပင်း၏ဓားကြောင့် ပိုင်းဖြတ်ခံရပြီး သူ့လက်ထဲက ဓားက လွင့်စင်သွား၏။

စုလင်တု၏ပုံရိပ်ပေါ်လာသောအခါ သူ့ရှေ့၌ ဒူးတဖက်ထောက်နေလေသည်။

"မင်းဘယ်လိုလုပ်လိုက်တာလဲ"

ချီပင်း ယခု‌လေးတင် အဝေးကိုကျသွားသည့် ဓားမြှောင်ကိုလက်ညိုးထိုးပြသည်။

စုလင်တုကောက်ကိုင်လိုက်စဉ် ဓားမြှောင်ပေါ်၌ အနှီမျက်လုံးဖြင့် မြင်ရရန် ခက်ခဲသည့် ဝိဉာဉ်မီးတောက်တခု မြောလွင့်နေသည်။

ချီပင်းက မကြာသေးခင်က ဓားချက်တွင် ဓားမြှောင်ပေါ်၌ ဝိဉာဉ်မီးတောက် အမှတ်အသားတခုကို စိုက်ပျိုးခဲ့ခြင်ပင်။

စုလင်တု၏ အမူအရာက ကြည့်ရဆိုးသွားသော်လည်း သူ့တွင်အရှုံးကို ၀န်ခံခြင်းကလွဲပြီး တခြားရွေးချယ်စရာမရှိပေ။ သူခေါင်းငုံ့ကာ အသံနိမ့်ပြီးပြောသည်။

"ငါရှုံးသွားပြီ...."

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနှင့် စုမိသားစုတို့အကြား ပထမတိုက်ပွဲတွင် ချီပင်းအနိုင်ရသွားခဲ့သည်။

အပိုင်း(648) coming။

All Chapters