#စုမိသားစု၏သံလွင်ကိုင်း#
Vol. 46 Ch. 648
ချီပင်း၏အောင်ပွဲက ချူလန်နှင့် ကျွင်းကျိတုံတို့ကို အတော်လေးစိတ်လှုပ်ရှားသွားစေသည်။
တချိန်တည်းမှာပင် သူတို့တိတ်တဆိတ် အံ့ဩသင့်နေခဲ့ကြသည်။
ပုံမှန်အားဖြင့် နာမည်မရှိသည့်ဒီတပည့်က ယခုလိုအစွမ်းထက်သည့်ပါရမီနှင့် ထိုးထွက်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဝိဉာဉ်မီးတောက်ကို ဓားတာအိုထဲတွင် ပေါင်းစပ်တာဖြစ်စေ၊ အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ခွန်အားဖြစ်စေ၊ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ဖြစ်စေ သူက ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့်ချူလန်နှင့် ကျွင်းကျိတုံထက်ပင် သာလွန်နေလေပြီ။
ဟောင်ကျန်းဟန်မေ့စေ့ပွတ်ရင်း အပြုံးဖြင့်ပြောသည်။
"ကြည့်ရတာ ဒီကောင်လေးက ပြုစုပျိုးထောင်ထိုက်တဲ့သူတယောက်ပဲ"
တခြားတဘက်တွင် စုလင်တုက စုမုယောင်ဘေးသို့ စိတ်ပျက်နေသည့် အမူအရာဖြင့် ရောက်လာသည်။
"တောက်းပန်ပါတယ် မမလေး၊ ကျွန်တော်ပေါ့ဆမိသွားတယ်"
စုမုယောင် သူ့ကိုအပြစ်မတင်ဘဲ တည်ငြိမ်စွာပြောသည်။
"အဲဒီလူက ဝိဉာဉ်စွမ်းအားမှာတော်တယ်၊ သူကနင့်ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို ထိန်းချုပ်နေပြီးသားပဲ၊ နင့်ကိုယ်နင် အရမ်းအပြစ်တင်မနေပါနဲ့၊ အတွေ့အကြုံကနေ သင်ယူပြီး ကောင်းကောင်းကျင့်ကြံပါ"
စုလင်တုခေါင်းညိတ်သည်။
"ပြီးတော့ နင်သွား"
စုမုယောင် သူမနောက်က စုမိသားစုတပည့်ကိုကြည့်လိုက်သည်။
ထိုလူကအသာအယာ ခေါင်းညိတ်ကာ တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ တက်လာပြီး လက်ဖဝါးကြီးနည်းစနစ်ကို သုံးခဲ့သည်။
နှစ်ယောက်စလုံးက အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ဖြစ်ပြီး သူက ချီပင်းနှင့် တန်းတူဖြစ်နေသည်။
အဆုံးသတ်တွင် ချီပင်း၏ ဝိဉာဉ်မီးဓားမူက အနည်းငယ်အသာစီးရသွားပြီး သူ့ကိုအနိုင်ယူခဲ့သည်။
သူကိုယ်တိုင်ကလည်း စွမ်းအင်အများကြီး သုံးစွဲခဲ့ရသဖြင့် အခင်းအကျင်းထဲကနေ ဆုတ်ခွာသွားရသည်။
ထိုအချိန်မှစ၍ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် လူသုံးယောက်တည်းသာ ကျန်တော့သည်။
ယဲ့ချိုးပိုင်၊ ချူလန်နှင့် ကျွင်းကျိတုံတို့ဖြစ်သည်။
စုမိသားစုတွင်မူ စုမုယောင်နှင့် စုမုဟုခေါ်သော လူတစ်ယောက်သာ ကျန်ခဲ့သည်။
သူ့နယ်ပယ်က အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ဖြစ်သည်။
စုမုယောင် ကိုယ့်ကိုကိုယ်အရမ်းကြီး မမျှော်လင့်ထားသဖြင့် စုမုကို အရင်ဆုံး စင်ပေါ်သွားခွင့်ပေးရန် ဆုံးဖြတ်လိုက်၏။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းဘက်တွင် ချူလန် စင်ပေါ်သို့ကြည့်လိုက်သည်။
"အစ်ကိုယဲ့၊ ငါနဲ့ဂျူနီယာညီလေးကျွင်းတို့ အရင်တိုက်ခိုက်ပါရစေ၊ ငါ့မှာ အနိုင်ရဖို့အတွက် ယုံကြည်ချက်မရှိဘူးဆိုပေမယ့် အနည်းဆုံးတော့ တဘက်လူရဲ့ဝိဉာဉ်ချီကို ကုန်ခမ်းသွားအောင် လုပ်နိုင်ပါတယ်"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"မလိုပါဘူး၊ ငါ့ကိုလက်လွှဲထားလိုက်"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် တာအိုဆွေးနွေးစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။
စုမု ယဲ့ချိုးပိုင်ကိုကြည့်ရင်း လက်ဖဝါးပေါ်သို့ ဓားတလက်တင်ပြီး ဆုပ်ကိုင်ကာ အသံနိမ့်ရင်းပြောသည်။
"မင်းမှာနယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတာ ငါသိတယ်၊ ဒီတော့ ငါထိန်ချန်ထားမှာမဟုတ်ဘူး၊ မင်းရဲ့ဓားတာအိုကို သုံးပြီး ငါ့ကိုတွေ့ကြုံခံစားခွင့်ပေးပါ"
ယဲ့ချိုးပိုင်ရယ်မောလိုက်သည်။
ဒါကလည်းကောင်းပါသည်။ ဒါက သူ့အားထုတ်မှုအနည်းငယ်ကို သက်သာစေနိုင်သည်မဟုတ်ပေလော။
ဝိဉာဉ်အင်မော်တယ်နန်းတော်ဘက်ခြမ်း၌ ကုရှီက ဒီမြင်ကွင်းကိုမြင်သောအခါ ညင်သာစွာ ခေါင်းခါယမ်းသည်။
ယဲ့ချိုးပိုင်၏ဓားတာအိုက သူမြင်ဖူးသည်ာ
သူကဓားတာအို၏ဘုရင်တစ်ပါးအလားပင်။
မည်သည့်ဓားသမားမဆို သူ့၏ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။
သူ့အတွက်ပင်လျှင် အတူတူပင်။
စကားစစ်ထိုးပွဲစပြီးနောက် စုမုသုံးပေရှည်ဓားကိုလက်ထဲတွင်ကိုင်ပြီး ခြေကို အနည်းငယ်ကွေ့လိုက်၏။ သူရုတ်တရက် ရှေ့တိုးကာ ယဲ့ချိုးပိုင်ထံသို့ လေပြင်းတစ်စင်းပမာ ဝှေ့ယမ်းပစ်သည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ခပ်ပေါ့ပေါ့ပင် လှုပ်ယမ်းလိုက်သည်။
ထူးကဲဓားဆန္ဒက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပျံ့နှံ့သွားသည်။
ဓားပိုင်နက်ကို အသက်သွင်းလိုက်လေပြီ။
ရုတ်ချည်းဆိုသလို စုမု၏မျက်လုံးများက ပြူးကျယ်သွားပြီး သူ့မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။
သူ့ဓားတာအိုက ဖိနှိပ်ခံရတာကို သူရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။
သူထပ်ပြီးမတွေးတောနိုင်ခင်မှာပင် ဓားက ပိုင်းဖြတ်လာခဲ့လေပြီ။
ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကိုင်ပြီး ဝှေ့ယမ်းကာ ထိုးဖောက်ပစ်သည်။
ထူးကဲဓားဆန္ဒက ဓားနဂါးတကောင်အဖြစ် သိပ်သည်းသွားပြီး နဂါးဟိန်းသံကို ထုတ်လွှတ်ကာ စုမုဆီသို့၀င်လာသည်။
စုမုအံကြိတ်ရင်း ဓားဆန္ဒကို အတင်းလှည့်ပတ်သည်။ သူ့ကိုယ်ထဲက ဝိဉာဉ်ချီက ပေါက်ကွဲသွား၏။
သူဓားကို ဒေါင်လိုက်ကိုင်ထားပြီး ပြိုင်ဘက်၏ ဓားကိုပိတ်ဆို့ချင်သည်။
ဒီတချက်တည်းနှင့် ဓားနဂါးက ရုတ်တရက် သူ့လက်ထဲကဓားနှင့် တွေ့ဆုံသွားစဉ် သူ့လက်အစုံက ဓားကနေတဆင့် ကြီးမားသည့်အားကို ရုတ်တရက် ခံစားလိုက်ရသည်။
ဒါက ခုခံ၍မရနိုင်သည့်အားပေတည်း။
တချိန်တည်းမှာပင် တဘက်လူ၏ဓားဆန္ဒက သူ့လက်အစုံသို့ ဖြည်းဖြည်းချင်း တွားတက်လာပြီး မရီဒျန်များ၊ အရိုးများနှင့် လက်မောင်းထဲက အသားများအား ရူးသွပ်စွာ ထိုးဖောက်နေသည့် လောက်ကောင်များအလား။
ယဲ့ချိုးပိုင် ဒီဓားချက်ကိုဆက်မပိုင်းဘဲ ယင်းအစား ဓားချက်အပြီး၌ ဓားအဟုန်ကို ချက်ချင်းပြောင်းပစ်သည်။
ဓားလက်ကိုင်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး သူဦးတည်ရာကိုပြောင်းကာ အလျားလိုက် ပိုင်းဖြတ်လိုက်၏။
ဓားဆန္ဒကသိပ်သည်းလာပြီး ယဲ့ချိုးပိုင်အနားတွင် လှည့်ပတ်လာသည်။
ဓားပိုင်နက်ထဲတွင် ရုပ်လုံးပေါ်နေသည့် ဓားဆန္ဒက သူ့ဘေး၌ ဓားရှည်များအဖြစ် ပြောင်းသွားကာ စုမုပတ်ပတ်လည်ကို ဆက်လက်တိုက်ခိုက်နေသည်။
စုမုတစ်ယောက် သူ့ကိုယ်သူ ကာကွယ်နေရတော့သည်။
ထိုအချိန်မှာပင် ယဲ့ချိုးပိုင်၏ အလျားလိုက်ဖြတ်ချက်က ရောက်လာသည်။
ခေးအောစ့်အနှစ်သာရဓားကျင့်စဉ်၏ ဒုတိယဓားချက်!
စင်အောက်တွင် ဒီမြင်ကွင်းကိုမြင်သောအခါ စုမုယောင်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။
အကယ်၍ အဆင့်မချိုးဖျက်သေးသည့် သွေးပြောင်းလဲခြင်းနယ်ပယ် အစောပိုင်းအဆင့် ယဲ့ချိုးပိုင်သာဆိုပါက အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်စုမုအပေါ် ယခုလိုအစွမ်းထက်ဖိနှိပ်မှုကို ဖြစ်စေမည်မဟုတ်။
ရလဒ်အဖြစ် စုမုတွင် ပြန်တိုက်ခိုက်ရန်အတွက် အခွင့်အရေးပင်မရှိခဲ့ပါ။
သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားခဲ့သည့် ယဲ့ချိုးပိုင်၏ ခွန်အားအရာ၌ တိုးတက်မှုက အတော်လေး ကြောက်စရာကောင်းသည်။
နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်နှင့် ပေါင်းစပ်လိုက်ပါက စုမု၏အရှုံးက မြေကြီးလက်ခတ်မလွဲသည့်နိဂုံးတခုပင်။
မျှော်လင့်ထားသည့်အတိုင်းပင် စုမုမှာ ယဲ့ချိုးပိုင်၏ဓားအောက်တွင် လွင့်စင်သွားရပြီး တာအိုဆွေးနွေးစင်မြင့်အပြင်သို့ ကျသွားရသည်။
စစ်ဆေးရေးမှူးကြေညာလိုက်သည်။
"ယဲ့ချိုးပိုင်အနိုင်ရတယ်"
ချူလန်နှင့် ကျွင်းကျိတုံတို့က ဒီမြင်ကွင်းကိုကြည့်ရင်း စင်ပေါ်က ယဲ့ချိုးပိုင်ကို ကြည့်လိုက်မိကြသည်။ သူ့အော်ရာက လုံး၀အားမနည်းပေ။
ယင်းအစား ဒီတိုက်ပွဲကြောင့် သူ့အော်ရာက အထွတ်အထိင်အဆင့်ကိုပင် ရောက်နေလေပြီ။
စုမုနှင့်တိုက်ပွဲက သွေးနွေးအောင် လုပ်ခြင်းနှင့် ပိုတူသည်။
သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်တစ်ဦးက အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းတစ်ဦးနှင့် သွေးနွေးအောင်လုပ်သည်။
ဒီလိုအရာမျိုးကို သူအရင်က တခါမှ မမြင်ဖူးသဖြင့် ချူလန်သက်ပြင်းချမိသည်။
"ဘယ်လိုမွန်းစတားလဲ...."
ကျွင်းကျိတုံခါးသီးစွာပြုံးသည်။
"ငါတို့ဓားသမားတွေမှာ ယဲ့ချိုးပိုင်ရှိတယ်၊ ဒါက ကံဆိုးတာလား၊ ဒါမှမဟုတ် တခြားတခုခုလားဆိုတာ ငါမသိတော့ဘူး.."
ကုရှီ စိတ်လှုပ်ရှားကာ တိုက်ခိုက်ရေးစိတ်ဓာတ်၌ အထွတ်အထိပ်ကို ရောက်နေသည့် ယဲ့ချိုးပိုင်အား ကြည့်ကာ နှလုံးသားထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။
လက်ရှိယဲ့ချိုးပိုင်ကို ရင်ဆိုင်ပါက နိုင်ဖို့ အခွင့်အရေးရှိသေးသည်လား!
သို့စေကာမူ လူတယောက်တွင် ဒီလိုအတွေးမျိုးရှိလာသောအခါ သူ့တွင် ယုံကြည်မှုအပြည့်မရှိတော့ပါ။
ယဲ့ချိုးပိုင် စင်အောက်က စုမုယောင်ကို ကြည့်နေသည်။
စုမုယောင်၏မျက်နှာက စိမ်းလန်းနေသည့် ကြာပန်းတပွင့်ပမာ ပွင့်လန်းနေသည်။ ပေါ့ပါးသည့်ခြေလှမ်းများနှင့်အတူ သူမ တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ပေါ်လာခဲ့သည်။
စုမုယောင်၏နောက်ထပ်စကားလုံးများက ယဲ့ချိုးပိုင်ကို ဆွံအသွားစေသညါ။
"ယဲ့ချိုးပိုင်၊ နင်ငါ့ရဲ့စုမိသားစုကို ၀င်ဖို့ စိတ်၀င်စားလား"
"ဒါပေမယ့် အလျင်စလို မငြင်းလိုက်ပါနဲ့ဦး" စုမုယောင် ယဲ့ချိုးပိုင်ပြောတာကိုပင် စောင့်မနေတော့ဘဲ တိုက်ရိုက်ပြောသည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးမှာ ငါတို့စုမိသားစုရဲ့အခြေခံအုတ်မြစ်ကို ထိပ်တန်းဂိုဏ်းတခုအဖြစ် သတ်မှတ်လို့ရတယ်"
"စုမိသားစုရဲ့အကူအညီနဲ့ဆိုရင် နင့်အနာဂတ်ကျင့်ကြံခြင်းနဲ့ ဓားတာအိုက သေချာပေါက် ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာမှာပဲ"
"ငါတို့စုကလန်က မတူညီတဲ့မိသားစု အမည်ရှိတဲ့ ဘယ်သူ့ကိုမှ လက်မခံဘူး၊ နင်က တစ်ဦးတည်းသောသူပဲဖြစ်လိမ့်မယ်"
"ဒီတိုက်ပွဲပြီးရင် နင်ငါ့ကို အဖြေပေးလို့ရတယ်"
စုမုယောင် ဒီတိုက်ပွဲကိုအသုံးပြုပြီး ယဲ့ချိုးပိုင်ကို အနိုင်ယူကာ စုမိသားစုခွန်အားကို သက်သေပြချင်နေသည်မှာ သိသာထင်ရှားနေသည်။
ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းခါယမ်းသည်။
"ဒီတိုက်ပွဲကိုစောင့်နေစရာမလိုပါဘူး၊ သခင်မလေးစုရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးပါ၊ ငါစုမိသားစုကို ၀င်မှာမဟုတ်ဘူး"
ထိုစကားလုံးများပြောပြီးသည်နှင့်တပြိုင်နက် လူတိုင်းထိတ်လန့်သွားကြ၏။
စုမိသားစုက ဘယ်လိုအင်အားစုမျိုးနည်း။
ယဲ့ချိုးပိုင် တကယ်ပဲငြင်းခဲ့တာလား!
ကုရှီထူးမခြားနားစွာပြောသည်။
"စုမုယောင်က နည်းနည်းဆန္ဒစောနေတာပဲ၊ ယဲ့ချိုးပိုင်လိုလူတယောက်က အရင်းအမြစ်တချို့နဲ့ နောက်ခံကြောင့် မြူဆွယ်လို့ရမယ့် လူမျိုးမှမဟုတ်တာ...."
လင်းကျိနန် မတူညီသည့်အမြင်တခုကို ပြောသည်။
"စုမုယောင်ဆန္ဒစောနေတာမဟုတ်ဘူး၊ ဒီလိုလုပ်ခြင်းနဲ့ သူယဲ့ချိုးပိုင်ကို မချည်နှောင်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ သူနဲ့ မိတ်ဆွေဖွဲ့မယ့် အချက်ပြမှုတခုကို ပြသခဲ့တာပဲလေ"
စုမုယောင် ယဲ့ချိုးပိုင်၏ ပြတ်သားသော အဖြေကိုကြားသောအခါ အနည်းငယ် ထိတ်လန့်သွား၏။ ထို့နောက်သူမ ခေါင်းညိတ်သည်။
"ဒီလိုဆိုမှတော့ တိုက်ခိုက်ကြရအောင်"
အပိုင်း(649) coming။