#နဂါးမြိုဒယ်စောက်#
Vol. 46 Ch. 649
လျှို့ဝှက်ဂိုဏ်းများတွင်လည်း အဆင့်များရှိသည်။
စုမိသားစု၏အခြေခံအုတ်မြစ်နှင့် ခွန်အားအရ ရှေးခေတ်ကတည်းက တည်ရှိလာခဲ့သည့် ဒီမိသားစုကို လျှို့ဝှက်အင်အားစုများကြားတွင် ထိပ်တန်းတည်ရှိမှုတခုဟု ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်သည်။
တချိန်တည်းမှာပင် စုမိသားစုက ပြင်ပမိသားစုနာမည်နှင့် တပည့်ဟူ၍ ဘယ်တော့မှ လက်မခံခဲ့ပေ။
များသောအားဖြင့် သူတို့က အပြင်ကနေ စုမိသားစုနှင့်လက်ထပ်ပြီး သူတို့၏ မိသားစုနာမည်ကို ပြောင်းပစ်ကြသည်။
ထို့ကြောင့် စုမုယောင်က ယဲ့ချိုးပိုင်ကို မိသားစုနာမည်မပြောင်းဘဲ စုမိသားစုထဲသို့ ၀င်နိုင်သည်ဟု ပြောလာသောအခါ စုမိသားစုအခြေအနေကို သိသူတိုင်းက တုန်လှုပ်သွားကြ၏။
သို့စေကာမူ ယဲ့ချိုးပိုင်က တုံ့ဆိုင်းမနေဘဲ ငြင်းလာသောအခါ သူတို့အနည်းငယ် စိတ်ရှုပ်ထွေးသွားကြရသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အခြေခံအုတ်မြစ်က စုမိသားစုထက် အများကြီးနိမ့်ကျသည်။
သူတို့အမြင်အရ စုမိသားစုအား ယဲ့ချိုးပိုင်၏ ငြင်းပယ်မှုက အမြန်ဆုံးကြီးထွားလာစေနိုင်မည့် အခွင့်အရေးတခုကို သံသယမရှိ ဆုံးရှုံးခြင်းပင်။
မွန်းလွဲပိုင်းက နေမင်းကြီးက တောက်ပစွာ ထွန်းလင်းနေခဲ့သည်။
အရမ်းကြီးပူပြင်းသည်ဟု မပြောပသည့်နေရောင်ခြည်က လူတိုင်းအပေါ် လင်း၀င်းနေသည်။
အပူဓာတ်အော်ရာက သဲကန္တာရအတွင်း လွင့်မြောနေသည်။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ အရင်က တိုက်ပွဲလက်ကျန်များက ပျောက်ကွယ်သွားပြီဖြစ်ကာ အခင်းအကျင်းအစီအရင်များဖြင့် ပြင်ဆင်ကာ အစားထိုးလိုက်သည်။
စင်ပေါ်၌ ဖုန်မှုန့်ဟူ၍ပင်မရှိပါ။
သို့စေကာမူ စုမုယောင်နှင့် ယဲ့ချိုးပိုင်အနီးတွင် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး မီးခိုးများကို ထွက်လာစေသည်။
တိုက်ပွဲကမစသေးသလို ဘယ်ဘက်ကမှ သူတို့၏ခွန်အားများကို မထုတ်ဖော်ကြသေး။
သူတို့၏တိုက်ပွဲဆန္ဒများက တာအိုဆွေးနွေးစင်မြင့်တခုလုံးတွင် ပြည့်နှက်နေသည်။
စုမုယောင်၏နယ်ပယ်က ကုရှီနှင့်တူသည်။ သူမက အင်မော်တယ်တပိုင်း အလယ်အလတ်အဆင့်ဖြစ်သည်။
ယဲ့ချိူးပိုင်က အဓိကနယ်ပယ်ကြီးတခု ကွာခြားနေသည်။
သို့စေကာမူ ဒီကောင်းကင်ဘုံဓားတောင်ထိပ်၏ ဓားသမားကို မည်သူကမှ အထင်မသေးရဲပါ။
ယဲ့ချိုးပိုင် စုမုယောင်ဆီကနေ လှုပ်ရှားမှုဘယ်နှစ်ခုလောက်ကို ခုခံနိုင်မလဲဆိုတာ သူတို့တွေးပင်မတွေးကြ။
လက်ရှိယဲ့ချိုးပိုင်က တိုက်ပွဲတစ်ခုပြီးတစ်ခုဆင်နွှဲကာ သူ့ကိုယ်သူ သက်သေပြခဲ့ပြီးဖြစ်သည်။
ယဲ့ချိုးပိုင်က သာမန်ဓားသမားတစ်ယောက်အဖြစ် ဆက်ဆံနိုင်သော လူတယောက် မဟုတ်တာကို ဂိုဏ်းအသီးသီးမှ တပည့်များနှင့် ကျွမ်းကျင်သူများသိကြသည်။
သူ့တကယ်တိုက်ခိုက်ရေးခွန်အားက သူ့တကယ့်နယ်ပယ်ထက်ပင် အများကြီး မြင့်မားသည်။
စစ်ဆေးရေးမှူးက နှစ်ဦးစလုံးကို စိတ်၀င်တစားကြည့်ပြီးပြောလိုက်သည်။
"စကြတော့"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် ထူးကဲနယ်ပယ်ဓားဆန္ဒအမျှင်တန်းများက ယဲ့ချိုးပိုင်၏ကိုယ်မှ စိမ့်ထွက်လာသည်။
ဓားပိုင်နက်က တာအိုဆွေးနွေးစင်မြင့်တခုလုံးကို ရုတ်ချည်းလွှမ်းမိုးသွား၏။
ယဲ့ချိုးပိုင်ကလည်း စုမုယောင်ကို လုံး၀လျှော့မတွက်ရဲပေ။
သူမ၏နယ်ပယ်က ကုရှီနှင့်ယှဉ်၍ရသော်လည်း မူလက ကုရှီက ယဲ့ချိုးပိုင်၏ ဓားပိုင်နက်အတွင်း ထိန်းချုပ်ခံထားရသည့် ဓားတစ်ယောက်ဖြစ်သည်။
စုမုယောင်ကရော!
ဓားပိုင်နက်၏ ဖိနှိပ်မှုမပါဘဲ သူမက အစစ်အမှန် အင်မော်တယ်တပိုင်း အလယ်အလတ်အဆင့်ဖြစ်သည်။ သူတို့အကြားက အဓိကနယ်ပယ်က အလွယ်တကူ ဖြတ်ကျော်နိုင်သည့် အရာတခုမဟုတ်။
ဒါကိုမြင်သောအခါ စုမုယောင်၏ အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ စိမ်းလန်းနေသည့် ကြာပန်းတပွင့်ပမာ စွဲမက်ဖွယ်ကောင်းနေဆဲပင်။
သူမဘယ်ဘက်လက်ညိုးက သိုလှောင်လက်စွပ်ကို ညာလက်နှင့်ပွတ်သပ်နေသည်။
ထိုစဉ် ခပ်မှိန်မှိန်အလင်းတခု လင်း၀င်းသွား၏။
စုမုယောင်ရှေ့တွင် ဧရာမစတုရန်းပုံဒယ်စောက်တစ်လုံးပေါ်လာသည်။
ဒယ်စောက်ကိုယ်ထည်တခုလုံးက ကျောက်စိမ်းရောင်ရှိပြီး ကြီးမားကာ ခံ့ညားထည်ဝါသည်။
ဒီဧရာမဒယ်စောက်ကို စွဲမက်စရာကောင်းပြီး မစွန်းထင်းသောစုမုယောင်သုံးတယ်ဆိုတာက စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲသည်။
ဒယ်စောက်၏ရှေ့နှင့်နောက်တွင် ခမ်းနားသည့် နဂါးခွေပုံစံကွက်များ ခြယ်သထားသည်။
ဘက်ညာတွင်မူ အံ့ဖွယ်လှပစွာ ထွင်းထုထားသည့် တက်တူးပုံစံကွက်များရှိသည်။
ရစ်ခွေနေသည့်နဂါးဖြစ်စေ တက်တူးဖြစ်စေ အတော်လေးအသက်၀င်နေပုံရသည်။ ၎င်းတို့၏ ဧရာမပါးစပ်ကြီးများက ဧရာမဒယ်စောက်လေးနေရာ၏ ချည်နှောင်မှုကနေ လွတ်မြောက်ချင်ပြီး ဒေသကြီးကိုးခုကို လှည့်ပတ်ချင်သည့်အလား ပွင့်လာသည်။
ဒီဧရာမစတုရန်းဒယ်စောက်ပေါ်လာသည်နှင့် တပြိုင်နက် တာအိုဆွေးနွေးစင်မြင့်တခုလုံး၌ မမြင်ရသည့် ဆွဲငင်အားစက်ကွင်းတခု ဖိသိပ်ကျလာသည်။
ယဲ့ချိုးပိုင် သူ့ထံရုတ်တရက် ဖိကျလာသည့် အလွန်အမင်းလေးလံသောဖိအားကို ခံစားနေရသည်။
ယဲ့ချိုးပိုင်၏ လေးနက်သောအမူအရာကို မြင်သောအခါ စုမုယောင် ထူးမခြားနားစွာပြောသည်။
"နယ်ပယ်အရဆိုရင် နင့်မှာအသာစီးမရှိဘူးဆိုပေမယ့် နင်နဲ့ရင်ဆိုင်တဲ့အခါ ငါထိန်ချန်မထားချင်ဘူး"
"ဒီဒယ်စောက်ကို စုမိသားစုရဲ့ ကောင်းကင်အင်မော်တယ်တ၀က်အဆင့်ဒယ်စောက်ဖြစ်တဲ့ နဂါးမြိုဒယ်စောက်လို့ခေါ်တယ်"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ရုတ်တရက် ဖိသိပ်ခံထားရသည့် ခန္ဓာကို ဖြောင့်တန်းလိုက်၏။
"လက်နက်ရဲ့စွမ်းအားကို အလိုလိုထုတ်လွှတ်နိုင်အောင် လုပ်တာက မင်းရဲ့ကိုယ်ပိုင်ခွန်အားပဲ၊ လမ်းကြောင်းပေးတယ်၊ မရှိဘူးဆိုတဲ့ အရာမျိုးမရှိဘူး"
စုမုယောင် သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"နင်က ဓားတာအိုလမ်းစဉ်မှာ အရမ်းအစွမ်းထက်နေတာ အံ့ဩသင့်စရာမရှိတော့ပါဘူးလေ"
"ဒီတော့ဂရုစိုက်ပါ"
စုမုယောင် စကားပြောပြီးသည်နှင့် လက်အစုံကို ရှေ့သို့တွန်းလိုက်၏။
နဂါးမြိုဒယ်စောက်က ယဲ့ချိုးပိုင်ထံသို့ အလွန်အမင်းအားကောင်းသည့် ဖိအားတခုနှင့်အတူ လှည့်ပတ်သွားသည်။
၎င်းရွေ့လျားနေစဉ် လှိုင်းများက လေဟာနယ်ထဲတွင် ပြိုကွဲတော့မည့်အလား အဆက်မပြတ် ပေါ်ပေါက်လာသည်။
ယဲ့ချိုးပိုင်၏ အမူအရာက လေးနက်နေပြီး ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို လက်နှစ်ဖက်နှင့် ကိုင်ထားသည်။
ဒီဒယ်စောက်ကို ရင်ဆိုင်ရခြင်းက တောင်တန်းတစ်ခုက သူ့ဆီတိုက်မိလာသည့်အလားပင် ခံစားရစေသည်။
ဖိအားကို စိတ်ကူးယဉ်ကြည့်နိုင်ပါသည်။
ဒီဖိအားက ယဲ့ချိုးပိုင်ကို လွှမ်းခြုံကာ ထိုနေရာ၌ပင် ပိတ်ဆို့ပစ်ပြီး အလွယ်တကူ မရှောင်တိမ်းနိုင်စေရန် လုပ်ဆောင်နေသည်။
သို့စေကာမူ ယဲ့ချိုးပိုင်တွင် ရှောင်တိမ်းရန်အတွက် ရည်ရွယ်ချက်မရှိပါ။ သူ့လက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားက အရူးအမူးလှုပ်ရှားကာ ဧရာမဒယ်စောက်ရှိရာသို့ ထိုးဖောက်သွား၏။
ဓားဆန္ဒက နဂါးတကောင်အဖြစ်ပြောင်းလဲကာ နဂါးဟိန်းသံများကထွက်လာပြီး ဧရာမဒယ်စောက်နှင့် တိုက်မိသည်။
သတ္တုချင်းတိုက်မိသည့်အသံများက တာအိုဆွေးနွေးစင်မြင့်တခုလုံးအတွင်း ပဲ့တင်ထပ်နေသည်။
ဒီဟိန်းသံက အသံလှိုင်းတိုက်ခိုက်မှုတခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ထံ တိုး၀င်လာသည်။
ယဲ့ချိုးပိုင်၏အမူအရာက အေးခဲသွား၏။ သူအချိန်မီမတားဆီးနိုင်ခဲ့သဖြင့် နောက်ထပ်ဆယ်လှမ်းခန့် ဆုတ်လိုက်ရသည်။
အောက်တွင် လင်းကျိနန်ရှင်းပြသည်။
"ဒီနဂါးမြိုဒယ်စောက်က တောင်တလုံးလို လေးရုံတင်မက ဖိအားကလည်း အရမ်းများတယ်၊ တိုက်မိတဲ့အခါကျရင် ဧရာမဒယ်စောက်ရဲ့ အတွင်းပိုင်းက ပဲ့တင်ထပ်ပြီး အသံလှိုင်းတွေကို တိုက်ခိုက်သူဆီ ပြန်ပို့ပေးမယ့် တိုက်ခိုက်ရေးအဟုန်တခုအဖြစ် ဖန်တီးပေးတယ်"
ကုရှီ၏အမူအရာက အနည်းငယ် လေးနက်နေပြီး ခေါင်းညိတ်သည်။
"စုမုယောင်ကို ရင်ဆိုင်ရတဲ့အခါကျရင် ငါတောင်မှ ဂရုစိုက်ရတယ်"
မုဖူရှန်းဒီမြင်ကွင်းကိုကြည့်ရင်း တွေးနေသည်။
ဓားသမားတစ်ဦးတဖြစ်လဲ သူ့အစ်ကိုကြီးက စုမုယောင်လိုပြိုင်ဘက်တစ်ဦးကို ရင်ဆိုင်ရသောအခါ တကယ့်ကို အခွင့်မသာဖြစ်နေသည်။
ဒါ့အပြင် သူတို့၏ကျင့်ကြံခြင်းနယ်ပယ်အကြား ကြီးမားသည့်ကွာဟချက်တခုရှိနေသေးသည်။
စုမုယောင်မရပ်ဘဲ လှပသည့်လက်အစုံကို မြှောက်လိုက်စဉ် ဧရာမဒယ်စောက်ကလည်း ပျံသန်းသွားပြီး ယဲ့ချိုးပိုင်ခေါင်းပေါ်သို့ ရောက်လာသည်။
ထိုအချိန်တွင် စုမုယောင်လက်အစုံကို ညင်သာစွာ အောက်သို့ဝှေ့ယမ်းလိုက်၏။
ဧရာမဒယ်စောက်က ကောင်းကင်ပေါ်ကနေ ပြိုကျလာသည့်အလား ယဲ့ချိုးပိုင်ဆီသို့ ကြောက်မက်ဖွယ်ရာအသံတခုဖြင့် ဆင်းလာသည်။
ယဲ့ချိုးပိုင်၏မျက်လုံးများက လေးနက်သည့်အမူအရာများဖြင့် ပြည့်သွားခဲ့သည်။
ဒီတိုက်ချက်က အရင်တိုက်မိမှုထက် အများကြီးပိုအစွမ်းထက်သည်။
သူ့လက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို ကောင်းကင်သို့ ညွှန်လိုက်စဉ် ဓားပိုင်နက်ထဲတွင် မရေမတွက်နိုင်လောက်သည့် ဓားဆန္ဒများက ဓားကိုယ်ထည်၌ စတင်စုစည်းလာသည်။
ဒါကနဂါးလေးတကောင် ရစ်ခွေနေသည့်အသွင်။
ထို့နောက် အဆုံးမဲ့ဆန္ဒက ယဲ့ချိုးပိုင်လက်ကနေ စီးဆင်းကာ ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို စပျစ်နွယ်များပမာ တွယ်ကပ်လာသည်။
ရှေးဦးမူလဓားကျမ်း၏ ပထမဓားချက်၊ ငြိမ်ချမ်းခြင်းတောင်နှင့်မြစ်!
လက်ရှိယဲ့ချိုးပိုင်က ရှေးဦးမူလဓားကျမ်း၏ ပထမဓားချက်နှစ်ချက်စွမ်းအားကို အပြည့်အ၀ထုတ်လွှတ်နိုင်ပြီဖြစ်သည်။
ဓားထိပ်က ပိုင်းဖြတ်လာသည်။
ယှဉ်၍မရနိုင်သည့်ထက်ရှသော ဓားဆန္ဒက ဧရာမဓားချက်တခုအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပစ်လွှတ်သည်။
ထို့နေုက် လေဟာနယ်ကိုစုတ်ဖြဲကာ ဧရာမဒယ်စောက်အောက်တွင် ပိုင်းချသည်။
ဂျုန်း ......!
ကျယ်လောင်သည့်အသံများထွက်လာပြီး ဧရာမဒယ်စောက်က ပြုတ်ကျနေတာကနေ ရပ်သွားကာ အသံလှိုင်းများက ယဲ့ချိုးပိုင်ကို ပြန်လည်တိုက်ခိုက်သည်။
ယခုတကြိမ်တွင် ယဲ့ချိုးပိုင်ပြင်ဆင်ထားပြီးဖြစ်သည်။ အသံလှိုင်းကို လျော့ကျသွားစေရန်အတွက် ဓားဆန္ဒကိုသုံးပြီးနောက် သူရှေ့သို့တက်လှမ်းကာ လက်ထဲတွင် ဓားကိုကိုင်လျက် စုမုယောင်ထံပြေးသွားသည်။
အကယ်၍ သူသာလက်ဦးမှုမရယူပါက စုမုယောင်ထိန်းချုပ်ထားသည့် ဧရာမဒယ်စောက်၏ လုံး၀ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။
သူတို့နယ်ပယ်ကြားက ဧရာမကွာဟချက်တွင် သေစေလောက်သည့်ချို့ယွင်းချက်တခုရှိသည်။ ဒါက ကိုယ်ထဲက ဝိဉာဉ်ချီပမာဏဖြစ်သည်။
သူ့၏ဝိဉာဉ်ချီပမာဏက စုမုယောင်ထက်နည်းသည်။
ထို့ကြောင့် ယဲ့ချိုးပိုင် သမားရိုးကျမဟုတ်သည့်လမ်းကြောင်းကိုသာ ရွေးချယ်နိုင်ပြီး စုမုယောင်ကို တိုက်ရိုက် အနိုင်ယူရန် ဧရာမဒယ်စောက်၏တိုက်ခိုက်မှုကြားက ကြားကာလကိုသာ အသုံးပြုနိုင်သည်။
အပိုင်း(650) coming။