#သေမျိုးဓားနှင့် အင်မော်တယ်ဓား#
Vol. 46 Ch. 650
မဟာပြိုင်ပွဲတွင် ယဲ့ချိုးပိုင်က အင်မော်တယ်တပိုင်း အလယ်အလတ်အဆင့်များဖြစ်ကြသည့် ကုရှီ၊ စုမုယောင်တို့နှင့် တိုက်ခိုက်ခဲ့ရသည်။
ခွန်အားအရာ၌ စုမုယောင်က သေချာပေါက် ကုရှီထက် အားကောင်းသည်ဟု ယဲ့ချိုးပိုင်ခံစားနေရသည်။
ဧရာမဒယ်စောက်ကို ထိန်းချုပ်ရင်း ယူလာသည့်ဖိအားက တောင်ပြိုကျလာသည့်အလားပင်။
အကယ်၍ သူသာ ဒီဧရာမဒယ်စောက်၏ တားဆီးခြင်းကိုသာ ခံနေရမည်ဆိုပါက ဒီတိုက်ပွဲ၏ အောင်ပွဲက တဖြည်းဖြည်း မှေးမှိန်သွားလောက်သည်။
အောက်တွင် လင်းကျိနန်က ယဲ့ချိုးပိုင်၏ လျင်မြန်ပြတ်သားသည့် လုပ်ရပ်များကို ကြည့်ရင်း လေးစားသဘောကျသည့် အကြည့်တချက်ကို ပြသလာသည်။
"အစ်ကိုယဲ့ဆိုတဲ့အတိုင်းပါပဲ၊ သူ့ရဲ့တိုက်ခိုက်ရေးအတွေ့အကြုံက အရမ်းကြွယ်၀တယ်၊ ဒါကစုမုယောင်နဲ့ တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဆိုတာ ရှင်းနေပေမယ့် အကောင်းဆုံးအဖြေတခုကို တွေးပြီးသွားပြီ"
ကုရှီနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်က ကျန်သောသူများက လင်းကျိနန်ကို ကြည့်လိုက်ကြ၏။ သူက ယဲ့ချိုးပိုင်ကို ဒီရက်အနည်းငယ်အတွင်း မရေမတွက်နိုင်လောက်သော အကြိမ်များစွာ ချီးမွမ်းခဲ့ပြီးဖြစ်သည်။ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ တိုက်ရိုက်တပည့်ဖြစ်သည့် ကုရှီပင်လျှင် ဒီလိုဆက်ဆံမှုမျိုးကို မရခဲ့ဖူးပါ။
ယဲ့ချိုးပိုင်က ပထမဆုံးဖြစ်သည်။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ စုမုယောင် သူမထံပြေး၀င်လာသည့် ယဲ့ချိုးပိုင်အား ကြည့်ရင်း သူမ၏ တင့်တယ်သည့် မျက်နှာလေးက အေးခဲသွား၏။
သူမလက်ကိုရုတ်သိမ်းပြီး ယဲ့ချိုးပိုင်အား ရိုက်ချရန်အတွက် နဂါးမြိုဒယ်စောက်ကို ထိန်းချုပ်ချင်သည်။
လေထဲတွင် ဧရာမဒယ်စောက်ကို ၀န်းရံနေသည့် ဓားဆန္ဒနဂါးက နဂါးကိုယ်ထည်နှင့် အဆက်မပြတ်ရစ်ခွေထားသည်။
စုမုယောင် ယဲ့ချိုးပိုင်၏တိုက်ချက်ကို ရှောင်တိမ်းရန်အတွက် နောက်ဆုတ်ရုံသာ တတ်နိုင်တော့သည်။
တဘက်လူက သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်သာဖြစ်ပြီး သူမနယ်ပယ်နှင့် အတော်လေးကွာဝေးသော်လည်း ဒီတိုက်ပွဲအနည်းငယ်အပြီးတွင် သာမန်ခံစားမှုဖြင့် အကဲဖြတ်၍မရသည့် ဒီဓားသမားကို စုမုယောင် အထင်အသေးရဲတော့ပါ။
သူမရှောင်ရှားချင်သည်။
တချိန်တည်းမှာပင် သူမရုတ်တရက် လက်နှစ်ဖက်ကို အတူတကွစုစည်းလိုက်၏။
ဧရာမဒယ်စောက်မှ ကြောက်မက်ဖွယ်လှိုင်းများက ထိုးတက်လာပြီး နေရာအနှံ့ ပျံ့သွားကြသည်။
ဓားဆန္ဒနဂါးက ဒီလှိုင်းကြောင့် ရုတ်တရက်ကြေမွသွားရသည်။
စုမုယောင်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းက ယဲ့ချိုးပိုင်ကျောကို ၀င်တိုက်လာသည်။
ယဲ့ချိုးပိုင်အကူအညီမဲ့သွားရသည်။ သူတဘက်လှည့်ပြီး ပိုင်းဖြတ်ရုံသာ တတ်နိုင်သည်။
၎င်း၏ အမြန်နှုန်းက အတော်လေးမြန်ဆန်ပြီး ဒါကိုကန့်သတ်ရန်အတွက် နည်းလမ်းမရှိ။
ဒါက ယဲ့ချိုးပိုင်ကို ခေါင်းကိုက်လာစေသည်။
"နင်ကအရမ်းအစွမ်းထက်တယ်၊ နင်ငါနဲ့ ဒီလိုအကြာကြီးတောင် တိုက်ခိုက်နိုင်တယ်၊ တကယ်လို့ ဒါက အင်မော်တယ်တပိုင်းနယ်ပယ်က တယောက်သာဆိုရင် ငါတိုက်ချက်တချက်တောင် မခံနိုင်လောက်ဘူး" စုမုယောင်ပြောသည်။
"ငါတူညီတဲ့အရာကိုပဲပြောမယ်၊ နင် စုမိသားစုကို ၀င်ဖို့ဆန္ဒရှိသရွေ့ စုမိသားစုက နင့်ကို အကောင်းဆုံးလေ့ကျင့်ရေး အရင်းအမြစ်တွေနဲ့ ထောက်ပံ့ပေးမယ်"
"အဲဒီအချိန်ကျရင် နင့်ရဲ့တကယ့်တိုက်ခိုက်ရေးစွမ်းအားမဲ့ဆိုရင် နင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ အထွတ်အထိပ်အဆင့်ကို ရောက်လာမှာပဲ"
ကိစ္စဟောင်းတွေကို ပြန်ယူလာပြန်လေပြီ။
အရင်က ယဲ့ချိုးပိုင် တိုက်ရိုက်ပယ်ချခဲ့လျှင်ပင် ဒါက စုမိသားစုသမီးကြီးရဲ့သည်းခံနိုင်စွမ်းကို လုံး၀မပျက်ပြားသွားစေခဲ့ပေ။
ဒါကိုတခြားသူများကိုပင် စိတ်လှုပ်ရှားမှုကြောင့် သက်ပြင်းချမိစေသည်။
ပါရမီနှင့်ခွန်အားရှိသောသူများက သံလွင်ကိုင်းတွေ ဘယ်တော့မှပြတ်မည်မဟုတ်။
ယဲ့ချိုးပိုင်ပြုံးသည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ အထွတ်အထိပ်လား!
သူ သို့မဟုတ် စံအိမ်တော်၏ပန်းတိုင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေလေးနှင့် ကျေနပ်မည်မဟုတ်ပါ။
"ငါအခုရှုံးမယ်လို့ သတ်မှတ်ယူဆတာက နည်းနည်းစောလွန်းနေသေးတယ်"
ဓားက တိုက်ခိုက်လာသည့် နဂါးမြိုဒယ်စောက်ကို ဖြတ်တောက်ပစ်စဉ် ယဲ့ချိုးပိုင်ပတ်ပတ်လည်ကနေ ကောင်းကင်ပေါ်သို့ ဓားဆန္ဒများမြှင့်တက်လာပြီး ကောင်းကင်ထဲတွင် အဆက်မပြတ်စုစည်းလာသည်။
တချိန်တည်းမှာပင် ဓားပိုင်နက်၏ အကွာအဝေးက အဆက်မပြတ်ကျုံ့လာပုံရသည်။
သို့စေကာမူ ဓားပိုင်နက်ကျုံ့လာသည်နှင့် ဓားပိုင်နက်ထဲက အဆုံးမဲ့ဓားဆန္ဒကလည်း အဆက်မပြတ်ကျုံ့ကာ အားကောင်းလာသည်။
စုမုယောင်၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် ကျုံ့နေသည့်ဓားပိုင်နက်နှင့် ယဲ့ချိုးပိုင်ထုတ်လွှတ်သည့် ထူးကဲဓားဆန္ဒတို့က ဧရာမဓားတလက်အဖြစ် အမှန်တကယ် ပေါင်းစပ်သွား၏။
ဒီဧရာမဓားက တကယ့်အရာ၀တ္ထုတခုအဖြစ် ပြောင်းလဲသွားသည်။
ဓားက ၂၀မီတာရှည်ပြီး လေထဲတွင် ရပ်နေကာ အလွန်အမင်းထက်ရှသည်။
ဒါက ယဲ့ချိုးပိုင် တကယ့်တိုက်ပွဲများ၌ လှုပ်ရှားခဲ့သည့် လှုပ်ရှားမှုတခုပေတည်း။
အကာ်၍ ဓားပိုင်နက်ထဲက ဓားဆန္ဒကို အဆက်မပြတ် ဖိသိပ်ထားပါက ယခုလိုဓားဆန္ဒက ပို၍ထက်ရှလာမည်၊ ပို၍ အစွမ်းထက်လာမည် မဟုတ်ပေလော။
အဖြေကသိသာထင်ရှားနေသည်။
ထိုအချိန်တွင် ဒီဓားက ထူးကဲဓားဆန္ဒစုစည်းမှုနှင့် ဓားပိုင်နက်၏ ဖိသိပ်မှုအောက်တွင် ဖြစ်တည်လာခြင်းပင်။
သူ့ဓားဆန္ဒက ထူးကဲနယ်ပယ်ကနေ ထွက်ခွာသွားပုံရသည်။
ထူးကဲဓားတာအိုအထက်တွင် ဓားအင်မော်တယ်ရှိသည်။ အင်မော်တယ်နှင့် ဆက်ဆံမှုရှိနေသရွေ့ ဒါက လုံး၀ပြောင်းလဲမှုတခု ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်တစ်ဦးနှင့် မော်တယ်(သေမျိုး)!
မည်သူကပိုအားကောင်းလေသနည်း။
သာမန်သေမျိုးများပင် ခြားနားချက်ကို နားလည်နိုင်ပါသည်။
အပေါ်က ဟောင်ကျန်းဟန် ဓားကိုကြည့်ရင်း သူ့မျက်လုံးများက အံ့ဩသင့်မှုဖြင့် ပြည့်နှက်နေသည်။ ယဲ့ချိုးပိုင် သူ့ကိုယ်ပိုင်စွမ်းရည်များကိုသုံးရင်း ထူးကဲဓားပညာနှင့်အတူ ဓားပညာကို အတင်းအဓမ္မတိုးတက်အောင် လုပ်ခဲ့သည်။
သူကဓားအင်မော်တယ်နယ်ပယ်ကို မရောက်သေးသော်လည်း ထိုခြေလှမ်းကို လှမ်းနေပြီဖြစ်သည်။
ဓားသမားများအတွက် ထူးကဲဓားနယ်ပယ်ကို ရောက်လျှင်ပင် ဓားသမားအများစု မရောက်နိုင်သည့် အခြေအနေကို ရောက်နေပြီဖြစ်သော်လည်း ဒါက သေမျိုးဓားသာ ဖြစ်နေသေးသည်။
သန်းချီသော သို့မဟုတ် သန်းဆယ်ချီသောဓားသမားများအကြား ထူးကဲဓားနယ်ပယ်ကို အောင်မြင်နိုင်သူဟူ၍ လူလေးငါးယောက်သာရှိသည်။
ထိုလူလေးငါးယောက်အတွက် သေမျိုးဓားကိုကျော်လွန်ပြီး ဓားအင်မော်တယ်အဆင့်ရောက်ရန်ဟူသည် မည်မျှပင် ခက်ခဲလေမည်နည်း။
ဒါက ကောင်းကင်ဘုံကို တက်သကဲ့သို့ပင် ခက်ခဲသည်။
ယဲ့ချိုးပိုင် ဓားအင်မော်တယ်၏ အစွန်းကို ထိမိခဲ့လေပြီ။
သူ့ပါရမီအရ သေမျိုးဓားကိုကျော်လွန်ပြီး အင်မော်တယ်ဓားလမ်းစဉ်ကို ရောက်ဖို့ဆိုတာက အချိန်အတိုင်းအတာတခုသာ။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ကျန်သောသူများတွင်လည်း ရှုပ်ထွေးနေသည့် အမူအရာများရှိနေကြ၏။
ယဲ့ချိုးပိုင်၏ပါရမီက သူ့ခြေရာနောက်ကနေ လိုက်ရန်ကို တွေးတောခြင်းကနေပင် တားဆီးနေသည်။
ဒါကအရမ်းရူးမိုက်လွန်းပြီး ကောင်းကင်ပေါ် ထိုးတက်နေသည့် တောင်တစ်တောင်အလား တက်ရန်ခက်ခဲသည်။
ဓားသမားတစ်ယောက်ဖြစ်သည့် ကုရှီကလည်း အနည်းငယ်သက်ပြင်းချသည်။ သူက ထူးကဲဓားနယ်ပယ်နှင့် ခြေလှမ်းတ၀က်သာ လိုသော်လည်း ယဲ့ချိုးပိုင်ကမူ ဓားအင်မော်တယ်အစွန်းကိုပင် ထိနေလေပြီ။
ဝိဉာဉ်အင်မော်တယ်နန်းတော်တွင် မရေမတွက်နိုင်လောက်သည့် တပည့်များနှင့် အကြီးအကဲများက သူ့ဓားသိုင်းပါရမီကို ချီးမွမ်းကြသည်။
သူ့ဆရာဖြစ်သည့် ဝိဉာဉ်အင်မော်တယ်နန်းတော်သခင်ပင်လျှင် တခါကပြောခဲ့သည်။ ' မင်းကအနာဂတ်မှာ အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ဓားသိုင်းကျင့်ကြံခြင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်လိမ့်မယ်'
သို့စေကာမူ ကုရှီ ယဲ့ချိုးပိုင်ကို သူ့မျက်လုံးများနှင့် ကိုယ်တိုင်မြင်သောအခါမှသာ အမှန်တရားကို နားလည်လာသည်။
ပိုမြင့်မားသောတောင်ဆိုတာ အမြဲရှိသည်။
နားလည်မှုဆိုတာက သဘောပေါက်သည်ဟု ဆိုလိုနေခြင်းမဟုတ်။
ဒီမူကအရမ်းရိုးရှင်းသည်။ လူတိုင်းကြားဖူးကြသည်။ လူတိုင်းကြားသောအခါ နားလည်သည်ဟု ပြောကြလိမ့်မည်။
သို့စေကာမူ သူတို့က ချီးမွမ်းမှုထဲတွင် ကိုယ့်ကိုကိုယ် ဆုံးရှုံးနေဆဲပင်။ သူတို့၏မသိစိတ်က သူတို့က ဒီနယ်ပယ်တွင် ပါရမီအရှိဆုံးဟု ပြောဆိုရင်း နက်နက်နဲနဲ နစ်မြှုပ်နေကြသည်။
ယဲ့ချိုးပိုင်ကိုမြင်ပြီးနောက် ကုရှီ ဒီစကားလုံးများ၏ အဓိပ္ပာယ်ကို အပြည့်အ၀နားလည်လာပြီဟု ဆို၍ရသည်။
စင်မြင့်ပေါ်၌ ဒီမြင်ကွင်းကိုကြည့်ရင်း စုမုယောင်၏ တင့်တယ်သည့်မျက်နှာလေးက နောက်ဆုံးတော့ အရောင်ပြောင်းသွားခဲ့သည်။
သူမကဓားသမားတစ်ယောက်မဟုတ်သော်လည်း သာမန်ဓားများနှင့် ဓားအင်မော်တယ်က ဘာကိုကိုယ်စားပြုသလဲဆိုတာ သူမကောင်းကောင်းသိပါသည်။
စုမုယောင်၏ လက်များက ချက်ချင်းဆိုသလို တံဆိပ်များကို ပြောင်းပစ်သည်။
နဂါးမြိုဒယ်စောက်၏ ဧရာမကိုယ်ထည်၌ ရှေးဆန်ပြီးဆန်းကြယ်သောစကားလုံးများက တခုပြီးတခုပေါ်လာကြ၏။
စကားလုံးများ တခုပြီးတခုပေါ်လာသည်နှင့် နဂါးမြိုဒယ်စောက်၏ လေးလံမှုနှင့် ဖိအားက ပို၍ပင်ကြီးမားလာသည်။
သူမ၏ဝှက်ဖဲကိုသာ မသုံးပါက ယဲ့ချိုးပိုင်၏ဓားက်ု ခုခံနိုင်မှာမဟုတ်တာကို စုမုယောင်ရှင်းရှင်းလင်းလင်းသိသည်။
ဒီမြင်ကွင်းကိုမြင်ပြီးနောက် စစ်ဆေးရေးမှူး၏ အမူအရာကလေးနက်လာသည်။
ယဲ့ချိုးပိုင်တွင် ယခုလိုအရည်အချင်းမျိုး ရှိသဖြင့် စစ်ဆေးရေးမှူးတစ်ဦးဖြစ်လာရန် သင့်တော်သည်ဟု သူခံစားခဲ့ရသည်။
သို့သော်သူ့တွင် တကယ်ပင် အရည်အချင်းများ ရှိပုံရသည်။
ထို့ကြောင့် ဒီတိုက်ပွဲတွင် ယဲ့ချိုးပိုင်၏ လုံခြုံမှုကို သူသေချာစေချင်သည်။ သူ့အသက်က နှစ်ဘက်စလုံး၏ ခွန်အားအပြည့်နှင့် အာမခံထားလေသည်။
အပိုင်း(651) coming။