#ခြောက်သွေ့သောသစ်ပင်များနှင့်အတူ နွေဦးရောက်လာခြင်း#
Vol. 46 Ch. 651
အင်မော်တယ်ဓားက ဘာကိုကိုယ်စားပြုသလဲဆိုတာ တာအိုဆွေးနွေးစင်မြင့်ပေါ်က ကျွမ်းကျင်သူများထက် တခြားမည်သူမှ ပိုသိမည်မဟုတ်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဓားသမားမချို့တဲ့ပါ။
သို့စေကာမူ ဓားသမားဘယ်နှစ်ယောက်ကများ အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နိုင်ကြသနည်း။
လူသိကြသည့်ကျင့်ကြံသူဆယ်ဦးထက် နည်းပါသည်။
ဟောင်ကျန်းဟန်က သူတို့ထဲကတယောက်ပင်။
ယဲ့ချိုးပိုင်က ဓားအင်မော်တယ်အဆင့်ကို အစစ်အမှန်မ၀င်ရောက်သေးသော်လည်း သူက ဓားအင်မော်တယ်၏ အစွန်းကို ထိနေပြီဖြစ်သည်။
ဂိုဏ်းအသီးသီး၏ တပည့်များနှင့် တာအိုဆွေးနွေးစင်မြင့်ပေါ်ရှိ ကျွမ်းကျင်သူများက မည်မျှထိ ကြောက်မက်ဖွယ် ကောင်းသလဲဆိုတာ စိတ်ကူးကြည့်နိုင်ပါသည်။
သူတို့က အတွေ့အကြုံရှိပြီး အသိကြွယ်၀သော်လည်း သွေးပြောင်းလဲခြင်းနယ်ပယ်က ဓားသမားတစ်ယောက်က အင်မော်တယ်ဓားနယ်ပယ်၏ အစွန်းကို ထိနိုင်တယ်ဆိုတာ သူတို့တခါမှမကြားဖူးပါ။
ရှေးခေတ်ကတည်းက ယခုထိ လူတစ်ယောက်တည်းသာ ရှိသည်ဟုဆို၍ပင် ရနိုင်သည်။
အရင်က မည်သူကမှ နီးပင်မနီးစပ်ခဲ့။ ဒီစံချိန်ကို နောက်ပိုင်းတွင် တယောက်ယောက် ချိုးဖျက်နိုင်မလားဆိုတာ သူတို့မသိကြပေ။
သို့စေကာမူ ဒီလိုလူမျိုးက နှစ်သိန်းချီအတွင်းမှာပင် ပေါ်လာမည်မဟုတ်ဟု စိတ်ကူးယဉ်ကြည့်၍ရသည်။
သူ့ပါရမီက ကြောက်မက်ဖွယ်ကောင်းလွန်းသည်။
လူတိုင်း၏အမူအရာကို တွေ့ပြီးနောက် မုဖူရှန်းအနည်းငယ်စိုးရိမ်သွား၏။
"ဘာလို့ အစ်ကိုကြီးက အရမ်းဆွဲဆောင်ရအောင် လုပ်နေတာလဲ၊ ကျွန်တော့်ဆီက မသင်ယူနိုင်ဘူးလား"
ရှောင်ဟိုင်ဆွံအကာ တွေးနေမိသည်။
အဲဒီအချိန်က မင်းလည်း မဟာပြိုင်ပွဲမှာ အစ်ကိုကြီးနဲ့ ဘာကွာလို့လဲ!
မဟာပြိုင်ပွဲအပြီးတွင် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့၏နာမည်က အလယ်အလတ်အဆင့်ကြယ်နယ်မြေအတွင်း ပဲ့တင်ထပ်နေလိမ့်မယ်ဆိုတာ စိတ်ကူးယဉ်ကြည့်၍ပင်ရသည်။
ရှောင်ဟိုင်ခေါင်းကုတ်လိုက်သည်။
အကြောင်းရင်းတချို့ကြောင့် သူ့ဆရာ၏ ခုန်ဆွခုန်ဆွနှင့် ဆဲရေးကြိမ်းမောင်းနေသည့် ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာသည်။
ယဲ့ချိုးပိုင်ခေါင်းပေါ်၌ လွင့်မြောနေသည့် ဧရာမဓားကို ခံစားမိသဖြင့် စုမုယောင် မထိန်ချန်ထားရဲပေ။
သာမန်ဓားများနှင့် အင်မော်တယ်ဓားမတားက အင်မော်တယ်ဓားနယ်ပယ်သို့ လုံး၀မတက်လှမ်းသေးလျှင်ပင် ကြားက ကွာဟချက်က မိုးနှင့်မြေပမာဖြစ်သည်။
ထို့ကြောင့် စုမုယောင် ဒီတိုက်ချက်တွင် ခွန်အားအပြည့်သုံးထားသည်။
နဂါးမြိုဒယ်စောက်ပေါ်၌ ဆန်းကြယ်သည့် ရှေးဟောင်းစာလုံးများက ဆက်လက်ပေါ်လာသည်။
ကမ္ဘာတုန်ခါစေသည့်ဖိအားတခုက ယဲ့ချိုးပိုင်ထံ တိုက်ခတ်သွား၏။
ယဲ့ချိုးပိုင်၏အမူအရာက တည်ငြိမ်နေသည်။ သူညာလက်ကိုဆန့်ထုတ်စဉ် သူ့လက်ချောင်းများက ဓားလက်ချောင်းများအဖြစ် ပြောင်းလဲသွားပြီး နဂါးမြိုဒယ်စောက်အား ညွှန်ပြလိုက်သည်။
ရုတ်ချည်းဆိုသလို တာအိုဆွေးနွေးစင်မြင့်ပတ်ပတ်လည်က ဒီအင်မော်တယ်ဓားအော်ရာဖြင့် ပြည့်လျှမ်းသွားသည်။
သစ်တောထဲက မနက်ခင်းမိုးကဲ့သို့ပင် ဓားဆန္ဒက လေထဲ၌ ရေငွေ့ပမာပျံ့သွားပြီး နေရာတိုင်းသို့ ရောက်သွားသည်။
ယဲ့ချိုးပိုင်လက်ညိုးထိုးလိုက်သည်နှင့် သူ့ခေါင်းပေါ်က မြောလွင့်နေသည့် အင်မော်တယ်နယ်ပယ်ဓားက နဂါးမြိုဒယါယ်စောက်ကို ပိုင်းဖြတ်ပစ်သည်။
ဒီဓားက လေဟာနယ်ကိုပိုင်းဖြတ်ပြီး ပုံရိပ်ယောင်အားလုံးကို ဖျက်ဆီးပစ်ချင်သည့်အလား။
ဒါကိုမြင်သောအခါ စုမုယောင်၏ အမူအရာက လေးနက်သွားပြီး ရှေးဟောင်းစာလုံးများက သူမ၀န်းကျင်၌ ပျံဝဲနေသည်။
သူမလက်နှစ်ဖက်စလုံးဖြင့် တချိန်တည်းတွင် တွန်းထုတ်လိုက်၏။
ထိုအခိုက်အတန့်၌ နဂါးမြိုဒယ်စောက်က စတင်အရူးအမူးလှည့်ပတ်လေတော့သည်။
ရစ်ခွေနေသည့်အစားကြူးနဂါးက နိုးထလာပုံရပြီး ဒယ်စောက်၏ အချုပ်အတည်းများကနေ လွတ်မြောက်သွား၏။
နဂါးမြိုဒယ်စောက်က အလျင်အမြန် ဆက်လက်လှည့်ပတ်နေစဉ် ကမ္ဘာကြီးကို လှုပ်ခါစေသည့် ဟိန်းသံတစ်ခုကို ထုတ်လွှတ်သည်။
ဒီဟိန်းသံက အဆုံးမဲ့အသံလှိုင်းများအဖြစ် ပြောင်းလဲသွားပြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လှိုင်းများထလာသလို ပိုင်းဖြတ်လာသည့် အင်မော်တယ်နယ်ပယ်ဓားကို လွှမ်းခြုံပစ်သည်။
သို့စေကာမူ အင်မော်တယ်ဓားအော်ရာကို သယ်ဆောင်ထားသည့် ဧရာမဓားက လုံး၀အဟန့်အတားမဖြစ်ခဲ့ပေ။
ဓားဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အသံလှိုင်းများနှင့် အသံလှိုင်းစည်းမျဉ်းများက ကျုံ့ကာ ပျောက်ကွယ်သွားနေသည်။
ဒါကိုမြင်သောအခါ စုမုယောင် အနည်းငယ် မျက်မှောင်ကြုတ်ရင်း လက်နှစ်ဖက်နှင့် စည်းတံဆိပ်များကို ဖန်တီးလိုက်ပြန်သည်။
နဂါးမြိုဒယ်စောက်ကို ဝိုင်းရံနေသည့် နဂါးပုံရိပ်က ဒေါသတကြီးဟိန်းကာ ဧရာမဓားထံသို့ ပစ်၀င်လာပြီး ၎င်း၏ ခြေလေးချောင်းက ဟင်းလင်းပြင်ကို နင်းမိသည်။
ဒါကပုံရိပ်ယောင်တခုသာဖြစ်သော်လည်း အစားကြူးနဂါးက ရုပ်ပိုင်းပေါ်ခြင်းနှင့် နီးစပ်နေလေပြီ။
၎င်း၏ကိုယ်မှ ရှေးဦးအော်ရာတခုထွက်လာပြီး တချိန်တည်းမှာပင် နဂါးဟိန်းသံအပြီးတွင် ရစ်ခွေနေသည့်နဂါးက အမြီးကို လှုပ်ယမ်းကာ ဧရာမဓားကို ခြေလေးချောင်းနှင့် တပြိုင်တည်း ထိုးပစ်သည်။
ဧရာမဓား၏အမြန်နှုန်းက နောက်ဆုံးတွင်ရပ်သွားရသည်။
ဓားဆန္ဒကနေ ဖန်တီးထားသည့် အင်မော်တယ်နယ်ပယ်ဓားက အမှန်တကယ် စတင် ပျောက်ကွယ်လာပြီး ဧရာမဓားကြီးတခုလုံးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
အောက်က တစ်ယောက်က အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။
"နယ်ပယ်ခြားနားချက်က အရမ်းကြီးမားနေတုန်းပဲ၊ ဒါ့အပြင် စုမုယောင်က ကောင်းကင်အင်မော်တယ်တ၀က်အဆင့် ဒယ်စောက်ကို အသုံးပြုခဲ့သေးတယ်"
လင်းကျိနန် အကြောင်းရင်းကိုရှင်းပြသည်။
"ဒါကစုမိသားစုရဲ့ လျှို့ဝှက်နည်းစနစ်တခုပဲ၊ လျှို့ဝှက်နည်းစနစ် ထုတ်လွှတ်မှုအောက်မှာ အဲဒါကို နဂါးမြိုဒယ်စောက်ကို ကောင်းကင်အင်မော်တယ်အဆင့်အထိ အတင်းမြှင့်တင်ဖို့အတွက် နဂါးမို့ဒယ်စောက်နဲ့အတူ အသုံးပြုတာပဲ"
"လက်နက်တွေရဲ့ကွာဟချက်က လျော့ကျသွားတာမို့ နယ်ပယ်ကွာဟချက်က စပြီး ပေါ်လွင်လာတာပဲ"
ယဲ့ချိုးပိုင်လက်ထဲကဓားက ကောင်းကင်အင်မော်တယ်ဓားတစ်လက်ဆိုတာ သူတို့အားလုံးသိကြသည်။
ယဲ့ချိုးပိုင် အဆက်မပြတ် နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ဖို့အတွက် ဒီကောင်းကင်အင်မော်တယ်ဓားကိုပဲ အားကိုးခဲ့တာလား!
သူတို့ ယဲ့ချိုးပိုင်ကို ပြန်ကြည့်သောအခါ အားလုံးအနည်းငယ် ကြက်သေသေသွားကြ၏။
ယဲ့ချိုးပိုင်က ဒီအတွက်ကြောင့် အံ့ဩသင့်မနေတာကို သူတို့သဘောပေါက်သွားကြသည်။
သူ့အမူအရာက ထူးမခြားနားသည့်အသွင်။
အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလားပင်။
သူလက်တစ်ဘက်နှင့် ဧရာမဓားကို ညွှန်ပြသည်။
ရုတ်တရက် အဆုံးမဲ့ဆန္ဒက ဧရာမဓားကို ရစ်ပတ်သွားသည်။
မူလပြန့်ကြဲနေသည့်ဓားဆန္ဒများက ဧရာမဓားကို ပျောက်ကွယ်သွားတော့မည့်အလား မှိတ်တုတ်မှိတ်တုန်လင်း၀င်းလာစေသည်။
သို့စေကာမူ ထိုအခိုက်အတန့်၌ ဧရာမဓား၏ လင်း၀င်းနေသည့်အပိုင်းများက အနှီမျက်စိဖြင့် မြင်နိုင်သည့် အမြန်နှုန်းနှင့် စတင်ပြုပြင်နေသည်။
ဓားဆန္ဒက လျော့ကျသွားရမည့်အစား မြှင့်တက်လာသည်။ ဒါက ဆွေးမြေ့နေသည့် သစ်ပင်က နွေဦးနှင့်တွေ့ဆုံနေသည့်အလား။
စုမုယောင်၏ အမူအရာက ပြောင်းလဲသွား၏။
ရှင်ခြင်းဆန္ဒ!
(ရှေ့မှာ ဘ၀ဆန္ဒအဖြစ်လည်းသုံးခဲ့ပါတယ် အခုကနေစပြီး ရှင်ခြင်းဆန္ဒအဖြစ် သုံးသွားပါမည်)
သေခြင်းရှင်ခြင်းအဓိပ္ပာယ်က ကမ္ဘာကြီး၏ အချုပ်အချာအာဏာဖြစ်သည်။
ယဲ့ချိုးပိုင်က ဓားဆန္ဒတာအို၌ ဒီလောက်ထိ ခရီးပေါက်ခဲ့သည်သာမက တကယ်တမ်းတွင် အချုပ်အချာနိယာများအနက် ရှင်ခြင်းဆန္ဒနှင့်ပင် ပတ်သက်နေခဲ့သည်။
ယဲ့ချိုးပိုင်ကိုယ်ထဲက ရှေးဦးမူလဓားကျမ်းကို လှည့်ပတ်လိုက်သည်။
ရှင်ခြင်းဆန္ဒ၏ ပြုပြင်မှုအောက်တွင် ဧရာမဓား၏စွမ်းအားက ကောင်းမွန်လာသည်သာမက အရင်ကထက်ပိုမိုအားကောင်းလာသည်။
ထို့နောက် ယဲ့ချိုးပိုင်၏ဓားလက်ချောင်းများက အပေါ်ကနေအောက်သို့ ပိုင်းဖြတ်လိုက်၏။
ဓားစည်းချက်ညီသံများကထွက်လာပြီး ကောင်းကင်တခုလုံး၌ မြည်ဟီးနေသည်။
ဧရာမဓားက တိုက်ရိုက်ပိုင်းချကာ နဂါးပုံရိပ်ကို အမှန်တကယ်နှစ်ပိုင်းပိုင်းပစ်ခဲ့သည်။
နဂါးပုံရိပ်က ပျောက်ကွယ်သွားရသည်။
ဧရာမဓားကရှေ့သို့ဆက်သွားပြီး ယှဉ်၍မရနိုင်သည့် ထက်ရှသောဓားသွားက လှီးဖြတ်သွား၏။
ထို့နောက် အဆက်မပြတ်လှည့်ပတ်နေသည့် နဂါးမြိုဒယ်စောက်ပေါ်သို့ တိုက်ရိုက်ပိုင်းဖြတ်သည်။ ဒယ်စောက်က ဆန်းကြယ်သည့် ရှေးဟောင်းစာလုံးများနှင့် ပြည့်နှက်နေသည်။
ဂျုန်း......!
နောက်ဆက်တွဲလှိုင်းများက ချက်ချင်းပင် မွှေနှောက်သွားသည်။
ထိုအခိုက်အတန့်၌ လေဟာနယ်တွင် အက်ကြောင်းလေးတွေ စပေါ်လာသည်။
လူတိုင်းနှင့် စုမုယောင်ကို ပို၍ထိတ်လန့်စေတာက နဂါးမြိုဒယ်စောက်ပေါ်ရှိ ရှေးဟောင်းစာလုံးများပေါ်၌ အက်ကြောင်းများစတင်ပေါ်လာခြင်းပင်။
ကျင့်ကြံခြင်းနယ်ပယ်မှာ ဒီလောက်ကြီးမားတဲ့ ခြားနားမှုနဲ့ သူစုမုယောင်ကို အနိုင်ယူနိုင်သေးတာလား!
ကုရှီ၏အမူအရာက ပို၍ပင်လေးနက်သွား၏။
သူသာ စုမုယောင်ကို ရင်ဆိုင်ရမည်ဆိုပါက စုမုယောင်၏ နဂါးမြိုဒယ်စောက်ရဲ့ ကန့်သတ်မှုအောက်တွင် သူရှုံးနိမ့်မှာကိုသာ အာမခံနိုင်သည်။
အနိုင်ယူရန်ကျတော့ရော၊ ဖြစ်နိုင်ချေက အရမ်းနည်းလွန်းသည်!
သို့သော် ယဲ့ချိုးပိုင်ကရော!
နဂါးမြိုဒယ်စောက်ပေါ်က ရှေးဟောင်စာလုံးများက အဆက်မပြတ်ပြိုကွဲနေသည်။
ထိုထဲရှိ ဖိနှိပ်ခြင်းအော်ရာကလည်း အဆက်မပြတ် အားနည်းလာသည်။
ယဲ့ချိုးပိုင်ထပ်ပြီးညွှန်ပြလိုက်သည်။
ဧရာမဓားက ထပ်မံပိုင်းဖြတ်သည်။
ရှေးဟောင်းစာလုံးများက ဘန်းခနဲ မြည်သံနှင့်အတူ ပြိုကွဲသွားကြသည်။
နဂါးမြိုဒယ်စောက်ကလည်း အလင်းတန်းတခုအဖြစ် ပြောင်းလဲသွားပြီး စုမုယောင်၏ သိုလှောင်လက်စွပ်ထဲသို့ ပြန်ရောက်သွားသည်။
ယဲ့ချိုးပိုင်ရှေ့တစ်လှမ်းတိုးပြီး လက်ထဲက ဓားနှင့် စုမုယောင်အားညွှန်ရင်းပြုံးသည်။
"ပြီးသွားပြီလား"
စုမုယောင်၏တင့်တယ်သည့် မျက်နှာလေးထဲတွင် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ သူမမတုံ့ပြန်နိုင်သေးတာက ရှင်းလင်းနေသည်။
ငါရှုံးသွားတာလား!
အပိုင်း(652) coming။