← Chapters

#ရှောင်ဟိုင် ဆိုးတဲ့အရာတွေကို သင်ယူခဲ့တာလား?#

Vol. 46 Ch. 652

#ရှောင်ဟိုင် ဆိုးတဲ့အရာတွေကို သင်ယူခဲ့တာလား?#

Vol. 46 Ch. 652

စုမုယောင်၏အမူအရာက သူမရှုံးနိမ့်သွားရသည်ဆိုသော အချက်ကို လက်မခံခဲ့သည်မှာ သိသာထင်ရှားနေသည်။

သို့စေကာမူ ဒါကပုံမှန်သာ။

ယခုလိုကြီးမားသည့်အသာစီးရမှုတွင် မည်သူကမှ ဒါကိုလက်ခံမည်မဟုတ်။

နယ်ပယ်အရဆိုပါက စုမုယောင်က အင်မော်တယ်တပိုင်း အလယ်အလတ်အဆင့် ဖြစ်ပြီး ယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်သာ ဖြစ်သည်။

သူတို့အကြား ကြီးမားသည့်ကွာဟချက်တခုရှိသည်။

လက်နက်အရဆိုပါကလည်း လျှို့ဝှက်နည်းစနစ်၏ အကူအညီနှင့်အတူ နဂါးမြိုဒယ်စောက်က ကောင်းကင်အင်မော်တယ်အဆင့် လက်နက်အမျိုးအစားထဲတွင် တက်လှမ်းနေလေပြီ။

ဒီနှစ်ချက်တွင် စုမုယောင်၌ ကြီးမားသည့် အားသာချက်တခုရှိသည်။ အနိုင်ရခြင်းက စဉ်းစားထားသည့်ပမာဖြစ်ပြီး မည်သည့်အရှုံးမဆို ထိတ်လန့်ဖွယ် ကောင်းနေပေလိမ့်မည်။

အောက်တွင် လင်းကျိနန် ခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။

"တကယ်လို့သူသာမသေဘူးဆိုရင် ယဲ့ချိုးပိုင်က ဒီအလယ်.... မဟုတ်ဘူး၊ သူက သေချာပေါက် ဒီနယ်မြေရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်လိမ့်မယ်၊ သူက အထက်ကမ္ဘာကိုတောင် ဦးတည်သွားကောင်း ဦးတည်သွားနိုင်တယ်...."

ကုရှီကလည်း တခုခုကိုခံစားမိသည့်အလား ခေါင်းညိတ်သည်။

"ဒါပေမယ့် ယဲ့ချိုးပိုင်ရဲ့ပါရမီက အရမ်းကြောက်စရာကောင်းတယ်၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက သူ့ကိုအလွယ်တကူ သေစေမှာမဟုတ်ဘူး"

ယခုလိုပါရမီရှင်မျိုးကို အတင်းအကြပ် ကာကွယ်ရပေမည်။

အပေါ်တွင် ဟောင်ကျန်းဟန် အလွန်အမင်းပျော်နေသည်။

မူလက ဟောင်ကျန်းဟန် ယဲ့ချိုးပိုင်ကို ဒီတကြိမ်မဟာပြိုင်ပွဲတွင် လေ့ကျင့်ခွင့်ပေးရန် စီစဉ်ထားခြင်းပင်။

သေမင်းဝိဉာဉ်မြို့၌ လျို့ဝှက်ဂိုဏ်းများစွာ၏ ပေါ်ပေါက်လာခြင်းက ထိုထိပ်တန်းဂိုဏ်းများပင်လျှင် ဒီပြိုင်ပွဲအတွင်း ထိပ်တန်းသုံးနေရာကို ၀င်နိုင်ရန် ၁၀၀ရာခိုင်နှုန်း အခွင့်အရေးမရှိရသည့် အကြောင်းရင်းဖြစ်သည်။

ယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းနယ်ပယ်သာ ရှိသေးသဖြင့် ဒီတကြိမ်ကို အတွေ့အကြုံတခုအဖြစ်သာ သူသုံး၍ရသည်။

သို့သော် ယဲ့ချိုးပိုင်က ကောင်းကင်ဘုံဓားတောင်ထိပ်ကို ထိပ်ဆုံးသုံးနေရာသို့ အမှန်တကယ် ဦးတည်သွားလိမ့်မည်ဟု ဟောင်ကျန်းဟန် မမျှော်လင့်ထားပေ။

မြင့်မြတ်အဆောင်ဂိုဏ်းကို ဦးဆောင်လာသည့် အကြီးအကဲမှာ ခါးသီးစွာပြုံးလိုက်သည်။

မုဖူရှန်းတွင် ယဲ့ချိုးပိုင်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာက ထိုကိုယ်ခန္ဓာကျင့်ကြံသူတို့နှင့် နက်ရှိုင်းသည့် ဆက်ဆံရေးတခုရှိသည်။

သုံးယောက်စလုံးက မွန်းစတားများဖြစ်ကြသည်။ ဒီလိုမွန်းစတားတွေကို မည်သူကများ လေ့ကျင့်ပေးခဲ့လေသနည်း။

စစ်ဆေးရေးမှူးက ပို၍ပင်သေချာနေသည်။

မဟာပြိုင်ပွဲအဆုံးသတ်ပြီးနောက် ယဲ့ချိုးပိုင်၏ သတင်းအချက်အလက်များကို သူအထက်ကို တင်ပြရပေတော့မည်။

သူတို့က ယဲ့ချိုးပိုင်ကို စစ်ဆေးရေးမှူးလောင်းရာထူးစာရင်း၌ ထည့်ရန် ဆုံးဖြတ်ခဲ့ကြ၏။

စစ်ဆေးရေးမှူးများက အတော်လေးဆန်းကြယ်သည့်အဖွဲ့အစည်းတခုဖြစ်သည်။

မည်သူကမှ သူတို့ကိုမမြင်နိုင်ပေ။ သို့စေကာမူ ဂိုဏ်းတိုင်းက စစ်ဆေးရေးမှူးတွေက ရှေးကတည်းက တည်ရှိလာခဲ့တာကို သိကြသည်။

သူတို့က သေမျိုးကိစ္စရပ်များ၌ မပါ၀င်ဘဲ အလယ်အလတ်အဆင့်တွင် မဟာပြိုင်ပွဲကဲ့သို့ ပြိုင်ပွဲမျိုးများတွင်သာ တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ဆောင်ရွက်ကြသည်။

အကယ်၍ စစ်ဆေးရေးမှူးဘာကို တွေးတောနေသလဲဆိုတာ လူတိုင်းသိမည်ဆိုပါက သူတို့သေချာပေါက် ထိတ်လန့်သွားကြပေလိမ့်မည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ စုမုယောင် အသက်ပြင်းပြင်းရှုရင်း သူမရှေ့က ဓားသမားကို မှိန်ဖျော့သည့်အပြုံးဖြင့် ကြည့်လိုက်သည်။

ထိုအခိုက်အတန့်၌ ပန်းပေါင်းတစ်ရာက ပွင့်လန်းလာသည့်အလားပင်။

သူမနှုတ်ခမ်းများပေါ်ရှိ ခပ်ရေးရေးအပြုံးက ပန်းရနံ့အလား လူတိုင်း၏ နှလုံးသားများထဲသို့ စိမ့်၀င်သွားသည်။

လင်းကျိနန်၏မျက်ခုံးများပင်လျှင် ရှုံ့တွသွားရသည်။

"ဒီကောင်ကတော့၊ ငါသူ့ကို ငါ့ပြိုင်ဘက်စာရင်းထဲ ထည့်ထားချင်လိုက်တာကွာ"

ကုရှီရယ်မောလိုက်မိသည်။

လင်းကျိနန်က စုမုယောင်ကို နှစ်များစွာ လိုက်ခဲ့သော်လည်း သူမတွင်ဘာတုံ့ပြန်မှုမှမရှိပါ။ သူမကတနေ့လုံး၌ ရေခဲတုံးနှင့်တူပြီး တင့်တယ်ကာ အေးစက်သည်။

သို့စေကာမူ သူမက ယဲ့ချိုးပိုင်ရှေ့တွင် ခပ်ရေးရေးအပြုံးတပွင့်ကို ပြသခဲ့သည်။

လင်းကျိနန်အတွက် မနာလိုဖြစ်မိသည်က ပုံမှန်သာ။

"ဒါပေမယ့် ဒီမွန်းစတားကို မင်းနိုင်မှာမို့လား"

ကုရှီ၏ အညှာအတာကင်းမဲ့သော တိုက်ခိုက်မှုကို ကြားရသောအခါ လင်းကျိနန်၏ ဒေါသထွက်နေသည့်မျက်နှာက ရုတ်ချည်းဆိုသလို မကြည်မသာဖြစ်သွားရသည်။

"ကြည့်ရတာ....အခွင့်အရေးက အရမ်းမမြင့်ပုံပါပဲ"

"မဟုတ်ဘူး၊ အခွင့်အရေးကိုမရှိတာ"

"ငါမင်းကိုမေးပါရစေ၊ ငါတို့က ဂိုဏ်းတူတပည့်တွေရော ဟုတ်ရဲ့လား"

ကုရှီခေါင်းညိတ်သည်။

"ဒီလိုဆိုရင် မင်းဘာလို့ငါ့အစား သူ့ကို ရိုက်ပေးပြီး ငါ့ကိုပျော်ရွှင်အောင် မလုပ်ပေးရတာလဲ"

ကုရှီတည်ငြိမ်စွာပြောသည်။

"ငါကအမှန်တရားကို ပြောပြရုံပဲ"

လင်းကျိနန် မျက်နှာကိုဖုံးလိုက်မိသည်။

"ဒါကြောင့် ငါမင်းတို့လိုဓားသမားတွေကို မုန်းတာ၊ မင်းတို့က ကမ္ဘာကြီးရဲ့ နည်းလမ်းတွေကို ဘာတခုမှမသိဘူး၊ မင်းတို့က ဘယ်လိုတည့်တည့်ပြောရမလဲဆိုတာကိုပဲ သိတာ"

"ချီးမွမ်းတဲ့အတွက် ကျေးဇူးပါ" ကုရှီလေးနက်စွာပြောသည်။

ဒီစာသားက ဓားသမားများအတွက် သံသယမရှိ အကြီးမားဆုံး ခံယူချက်ပေတည်း။ လင်းကျိနန် ရုတ်ချည်းဆိုသလို ဝိဉာဉ်အင်မော်တယ်နန်းတော်တွင် နောက်ထပ်မနေချင်တော့ပါ။ ရှောင်ဟိုင် မုဖူရှန်းကို ကြည့်လိုက်သည်။

"ဂျူနီယာညီလေး၊ ငါတို့ဒါကို ငါတို့မရီးကို ပြောသင့်လား"

ဒီမရီးဆိုတာက မုဇီရှင်းကို ရည်ညွှန်းနေခြင်းပင်။

မုဖူရှန်းလက်မြှောက်ကာ ရှောင်ဟိုင်ခေါင်းကို ခေါက်ချင်နေသည်။

သို့သော် ရှောင်ဟိုင်က သူ့စီနီယာအစ်ကိုဆိုတာ သူသတိရသွားသည်။ ဒါ့အပြင် သူကိုယ်တိုင်က သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်လေရာ လက်ကို ရှက်ကိုးရှက်ကန်းဖြင့် ရုပ်သိမ်းလိုက်၏။

"စီနီယာအစ်ကို၊ ကျွန်တော်တို့ဒါကို လျှို့ဝှက်ချက်တခုအဖြစ် ထားသင့်တယ်"

"ကျွန်တော်တို့ အစ်ကိုကြီးကို ကာကွယ်ပေးရမယ်လေ၊ ဟုတ်တယ်မလား"

ရှောင်ဟိုင်စိတ်ရှုပ်ထွေးစွာ ခေါင်းညိတ်သည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ စုမုယောင် ယဲ့ချိုးပိုင်ကိုကြည့်ပြီး ခပ်ရေးရေးပြုံးသည်။

"ငါ့စကားလုံးတွေကို ငါရုတ်သိမ်းမှာမဟုတ်ဘူး၊ နင့်ရဲ့ခွန်အားနဲ့ပါရမီနဲ့ စုမိသားစုက အထောက်အကူ အပြည့်အ၀နဲ့ဆိုရင် အထွတ်အထိပ်အဆင့်ကို ပိုပြီးမြန်မြန်ဆန်ဆန် ရောက်နိုင်မှာပဲ၊ ဒီတော့ နင်ခေါင်းညိတ်နေသရွေ့ စုမိသားစုတံခါးပေါက်က နင့်အတွက် အမြဲဖွင့်လှစ်ထားပါတယ်"

ယဲ့ချိုးပိုင် သူ့ခံစားချက်များကို ဖိနှိပ်ထားရသော်လည်း သူ့မျက်ခုံးများက ရှုံ့တွနေဆဲပင်။

ရှောင်ဟိုင်နှင့် မုဖူရှန်းက စကားလုံးများကို ဖုံးကွယ်မထားကြသဖြင့် သူတို့စကားလုံးများက သူ့နားထဲ၀င်လာခဲ့သည်။

သူအောက်ဆင်းလာပြီးတဲ့အခါကျရင် ဒီကောင်စုတ်နှစ်ကောင်ကို အစ်ကိုကြီးအဖြစ် သူ့ဂုဏ်ပုဒ်ကို သိခွင့်ပေးသင့်သည်ဟုပင် ယဲ့ချိုးပိုင် တွေးနေသည်။

အာ၊ ခနလေး၊ ကောင်စုတ်ဆိုတာက ဘာကိုဆိုလိုတာလဲ!

မေ့လိုက်တော့၊ ဆရာကငါ့ကို အမြဲ မကျေမနပ်ဖြစ်နေတာလေ!

ဒါကသေချာပေါက် ဆဲရေးစော်ကားတာမျိုး မဟုတ်တော့ ဆရာငါ့ကိုအဲလိုမျိုး မဆက်ဆံလောက်ပါဘူး!

"ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်မလေးစု၊ ဒါပေမယ့် ငါ့မှာအင်အားစုတခုရှိပြီးသားမို့ သခင်မလေးကို မတတ်နိုင်ဘဲ ငြင်းရတော့မှာပဲ"

"အင်အားစု၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းလား"

ယဲ့ချိုးပိုင်ပြုံးနေပြီး မည်သည့်စကားမှမဆိုပေ။

ထိုအချိန်တွင် စစ်ဆေးရေးမှူးကလည်း ကောင်းကင်ဘုံဓားတောင်ထိပ်၏ အောင်ပွဲကို ကြေညာသည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၏ အမှတ်ကလည်း ၁၂၀ထိရောက်သွားခဲ့သည်။

သူတို့က မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ဆယ်မှတ်သာ ကွာဝေးတော့သည်။

အင်မော်တယ်မျောက်ဝံကျေးရွာကသာ သူတို့ကို စိန်ခေါ်မည်မဟုတ်။

အင်မော်တယ်မျောက်ဝံကျေးရွာက စိန်ခေါ်ရန် စုမိသားစု သို့မဟုတ် ငရဲဂိုဏ်းကို ရွေးချယ်ပေလိမ့်မည်။

စုမိသားစုနှင့်ငရဲဂိုဏ်းအတွက်မူ သူတို့က ရှုံးနိမ့်ခဲ့သဖြင့် အင်မော်တယ်မျောက်ဝံကျေးရွာ၏ စိန်ခေါ်မှုကို မလှုပ်မယှက်ဘဲ လက်ခံရုံသာ ရှိတော့သည်။

သူတို့က ကနဦးစိန်ခေါ်နိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ကြသည်။

ယွမ်ဟန် ရှောင်ဟိုင်ကိုကြည့်ပြီးမေးသည်။

"ဘယ်လိုလဲ၊ ဘယ်ဂိုဏ်းကိုရွေးမလဲ"

ယဲ့ချိုးပိုင်ဆင်းသွားတာကို ကြည့်နေရင်း ရှောင်ဟိုင်တခဏမျှ တွေးလိုက်သည်။

"စုမိသားစုကိုမေ့လိုက်တော့၊ အစ်ကိုကြီးမှာ စုမိသားစုသမီးကြီးနဲ့ ဆက်ဆံရေးကောင်း တခုရှိပုံပဲ၊ သူက ငါ့ရဲ့မရီးဖြစ်လာနိုင်တယ်"

"ဒီတော့ငရဲဂိုဏ်းကို စိန်ခေါ်ကြတာပေါ့"

တာအိုဆွေးနွေးစင်မြင့်၏ လှေကားထစ်များကနေ ဆင်းသွားသည့် ယဲ့ချိုးပိုင်မှာ ဒီစကားလုံးများကို ကြားသဖြင့် ယိမ်းယိုင်ကာ ပြုတ်ကျမတတ်ပင် ဖြစ်သွားသည်။

ချက်ချင်းပင် သူရှောင်ဟိုင်ရှေ့သို့ ပြေးသွားပြီး ခေါင်းခေါက်လိုက်လေသည်။

"အဲလိုဆက်ဆံရေးမျိုးမဟုတ်ဘူး၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့"

ရှောင်ဟိုင်ခေါင်းကုတ်ရင်း ရိုးသားစွာပြောလာသည်။

"အစ်ကိုကြီး၊ မစိုးရိမ်ပါနဲ့၊ ညီလေးမုနဲ့ ကျွန်တော်က သေချာပေါက်ပါးစပ်ပိတ်ထားပြီး မရီးရှေ့မှာ အဓိပ္ပာယ်မရှိတာ မပြောပါဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ထို့နောက်တွင်မူ တခုခုမှားနေသလို သူခံစားရသည်။

မုဖူရှန်း ဘေးကနေကျိတ်ရယ်လိုက်သည်။

မူလကရိုးရှင်းရိုးသားသည့်စီနီယာအစ်ကို ရှောင်ဟိုင်က လူဆိုးလေးတယောက် ဖြစ်လာလေပြီ။

သူဘယ်သူ့ဆီကဒါကို သင်ခဲ့တာလဲ!

ထို့နောက် အင်မော်တယ်မျောက်ဝံကျေးရွာက ငရဲဂိုဏ်းကို စိန်ခေါ်ရန် ဆုံးဖြတ်လိုက်၏။ တခြားတဘက်တွင် ပန်ရှီက ကြည့်ရဆိုးသည့်အမူအရာဖြင့် ငြင်းလိုက်သည်။

"ငါတို့ဒဏ်ရာတွေက ကုသမပြီးစီးသေးဘူးဆိုတော့ ငါတို့အရှူံးကို၀န်ခံတယ်"

မုဖူရှန်း၏အဆောင်အောက်တွင် ငရဲဂိုဏ်းက တကယ်တော့ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။

ပန်ရှီကလွဲပြီး ကျန်သောသူအားလုံးက အပြင်းအထန်ဒဏ်ရာရခဲ့ကြ၏။

ဒီနေရာတွင် မဟာပြိုင်ပွဲ၏ ထိပ်တန်းသုံးနေရာကို သတ်မှတ်လိုက်ပြီဖြစ်သည်။

သူတို့က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၊ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် အင်မော်တယ်မျောက်ဝံကျေးရွာတို့ဖြစ်သည်။

ဒါကလည်း အရင်က ညီအစ်ကိုသုံးယောက်ပြောဆိုခဲ့ကြသည့် အရာပေတည်း။

"ဒီတကြိမ် မဟာပြိုင်ပွဲရဲ့ထိပ်တန်းသုံးနေရာကို ငါတို့စံအိမ်တော်က လက်ဝါးကြီးအုပ်ပစ်မယ်"

ပြိုင်ပွဲပြီးဆုံးသွားသည်နှင့်တပြိုင်နက် ငရဲဂိုဏ်းနှင့် ကောင်းကင်ပြာမြစ်ဝါနန်းတော်တို့က ဒီနေရာကနေ တချိန်တည်းမှာပင် ပျောက်ကွယ်သွားခဲ့ကြသည်။

အပိုင်း(653) coming။

All Chapters