← Chapters

#လျှို့ဝှက်စီးကြောင်းများထွက်လာခြင်း#

Vol. 46 Ch. 653

#လျှို့ဝှက်စီးကြောင်းများထွက်လာခြင်း#

Vol. 46 Ch. 653

မဟာပြိုင်ပွဲက ယာယီပြီးဆုံးသွားခဲ့သည်။

အဆင့်သတ်မှတ်ချက်ကိုလည်း ဒီကနေတဆင့် သတ်မှတ်ခဲ့သည်။

မြင့်မြတ်အဆောင်ဂိုဏ်းက အမှတ်၁၃၀ရခဲ့သည်။

အင်မော်တယ်မျောက်ဝံကျေးရွာက အမှတ်၁၃၀ရခဲ့သည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက နောက်ကနေ အနီးကပ်လိုက်ပါလာခဲ့ပြီး အမှတ်၁၂၀ရခဲ့သည်။

ဒီဂိုဏ်းသုံးဂိုဏ်းက မဟာပြိုင်ပွဲ၏ ထိပ်တန်းသုံးနေရာတွင် ၀င်လာခဲ့သည်။

ဒီအတွက်ကြောင့် အလယ်အလတ်အဆင့် ကြယ်နယ်မြေ၏ စွမ်းအားတည်ဆောက်ပုံကလည်း ပြောင်းလဲသွားခဲ့သည်။

မူလထိပ်တန်းဂိုဏ်းလေးခုအနက် ရွှမ်ယွမ်အင်ပါယာဂိုဏ်းဖြစ်စေ အက္ခရာလေးလုံးဂိုဏ်းဖြစ်စေ သူတို့က ထိပ်တန်းဂိုဏ်းအဆင့်ကနေ ကျသွားခဲ့သည်။

စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် အင်မော်တယ်မျောက်ဝံကျေးရွာတို့က ထိပ်တန်းဂိုဏ်းလေးခုအနက် တခုဖြစ်သည့် မြင့်မြတ်အဆောင်ဂိုဏ်းတို့နှင့်အတူ အဆင့်၀င်လာခဲ့သည်။ မည်သည့်အတွက်ကြောင့် ငရဲဂိုဏ်းက မပါ၀င်ရလေသနည်း။

အဘယ်ကြောင့်ဆိုသော် ငရဲဂိုဏ်းက ဂိုဏ်းအများစုက ဖယ်ရှားပစ်ချင်ကြသည့် မိစ္ဆာကျင့်ကြံသူဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေသောကြောင့်ပင်။

ဤသို့ဆိုပါက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကရော!

ယဲ့ချိုးပိုင်ကဲ့သို့ စူပါပါရမီရှင်တစ်ဦးပင်လျှင် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ပေါ်လာခဲ့သည့်တိုင် ယေဘုယျအခြေခံအရ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း မဖြစ်လာနိုင်ခဲ့ပေ။

သို့စေကာမူ ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာရန် လုံလောက်တာထက် ပိုနေလေပြီ။

ဒီမဟာပြိုင်ပွဲတွင် စုမုယောင်ဖြစ်စေ၊ လင်းကျိနန်၊ ကုရှီ၊ သို့မဟုတ် တခြားလျှို့ဝှက်ပါရမီရှင်များဖြစ်စေ သူတို့က အမှောင်ထဲကနေ အလင်းသို့ စတင်ကူးပြောင်းလာကြခြင်းဖြစ်သည်။

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် အတော်လေးကျော်ကြားနေခဲ့သည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်မှ ငန်းဆိပ်ကမ်းဂိုဏ်းတွင် လက်ရှိငန်းဆိပ်ကမ်းဂိုဏ်း၏ ကောင်းကင်မုန်းတီးတောင်ထိပ်က အဓိကတောင်ထိပ် မဟုတ်သော်လည်း လူကြိုက်များမှုကမူ အလ်ကိုက်တောင်ထိပ်၊ ရှေးဦးခေးအောစ့်တောင်ထိပ်၊ ကောင်းကင်မြင့်တောင်ထိပ်နှင့် မိုးကြိုးတိမ်တိုက်တောင်ထိပ်တို့ထက် အများကြီး ကျော်လွန်သွားခဲ့သည်။

အကြောင်းရင်းက ယဲ့ချိုးပိုင် တခါက ကောင်းကင်မုန်းတီးတောင်ထိပ်တွင် ၀င်ခဲ့သည့်အတွက်ကြောင့်ပင်။

နယ်နိမိတ်မဲ့သမုဒ္ဒရာလွင်ပြင်က မရေမတွက်နိုင်လောက်သည့် လူငယ်များက ငန်းဆိပ်ကမ်းဂိုဏ်း၀င်ခွင့်စာမေးပွဲကို အောင်မြင်ပြီးနောက် ကောင်းကင်မုန်းတီးတောင်ထိပ်ကို ရွေးချယ်ခဲ့ကြသည်။

နယ်နိမိတ်မဲ့သမုဒ္ဒရာဂိုဏ်းနှင့် တိုက်ပွဲအပြီး ငန်းဆိပ်ကမ်းဂိုဏ်းတွင် အခြေခံအုတ်မြစ်တခု ရှိသော်လည်း တပည့်များသိပ်မရှိပေ။

ဒီအကြောင်းရင်းကြောင့်ပင် ဂိုဏ်းချုပ်ယန်ဝေရှန်းက ဂိုဏ်း၀င်ခွင့်အကဲဖြတ်မှုကို ထပ်မံစတင်ရန် ဆုံးဖြတ်ခဲ့သည်။

ဒီနည်းလမ်းဖြင့် သူကနောက်ထပ်သွေးသစ်များကို စုပ်ယူနိုင်ပေလိမ့်မည်။

ကျန်းကျိ မောပန်းနေသည့်အမူအရာဖြင့် တောင်ထိပ်ပေါ်တက်လာသည်။ သူမလဲလျောင်းကာ သေရည်သောက်နေသည့် ကျဲလောင်ဆီသို့ လျှောက်လာပြီး ခါးသီးသောမျက်နှာဖြင့် ပြောသည်။

"တောင်ထိပ်သခင်၊ ရှင်လည်းလာရမယ်"

"အပြင်ကလူတိုင်းက ကောင်းကင်မုန်းတီးတောင်ထိပ်ကို ၀င်ချင်နေကြတယ်"

ကျဲလောင်ဝေဝါးနေသည့် မျက်လုံးများကို အနည်းငယ်ဖွင့်ပြီး အိပ်မူးနမူးပြောသည်။

"အားလုံးကိုငြင်းလိုက်"

အားလုံးကိုငြင်းရမယ်!

ကျန်းကျိပဟေဠိဖြစ်သွားရသည်။

"သူတို့ထဲမှာ မျိုးစေ့ကောင်းတွေ အများကြီးရှိတယ်လို့ ကျွန်မထင်တယ်"

ကျဲလောင်ခေါင်းခါယမ်းသည်။

"အဲဒီလူတွေက မလုံလောက်ဘူး၊ သူတို့မှာ ယင်ယန်မိုးကြိုးရေကန်ထဲ ၀င်ဖို့တောင် အခွင့်အလမ်းမရှိလောက်ဘူး"

ဒီမတိုင်ခင်က အောက်က အခြေအနေကို စုံစမ်းစစ်ဆေးရန်အတွက် ကျဲလောင် သူ့ဝိဉာဉ်ကို ထုတ်လွှတ်ခဲ့သည်။

"ဒါပေမယ့်မောင်လေးယဲ့ရဲ့ စံနှုန်းတွေကိုတော့ ရှင့်လိုက်နာနေလို့မရဘူးလေ၊ မောင်လေးယဲ့လို မွန်းစတားကို ယှဉ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ"

ကျဲလောင်အနည်းငယ်ဆွံအသွားပြီးနောက် အကူအညီမဲ့စွာ ပြုံးလိုက်သည်။

မှန်ပေသည်။ ယဲ့ချိုးပိုင်ရောက်လာကတည်းက သူ့စံနှုန်းက ပိုတောင်မြင့်လာခဲ့သည်။

"မေ့လိုက်တော့၊ မေ့လိုက်တော့"

ကျဲလောင် စိတ်မရှည်စွာလက်ဝှေ့ယမ်းရင်း သေရည်တငုံသောက်ပြီး ကြိမ်းမောင်းလိုက်သည်။

"ဘာလို့ယဲ့ချိုးပိုင်က အပြင်မှာအရမ်း လူသိများနေရတာလဲ၊ သူကငါ့အတွက် ပြဿာနာတွေအများကြီး ဖန်တီးနေတာပဲ"

ကျန်းကျိပါးစပ်ပိတ်ကာ ရယ်မောလိုက်သည်။ သူမအဝေးတစ်နေရာသို့ ကြည့်လိုက်မိသည်။

ထိုနေရာက အသင်္ချေပိုင်နက်သဲကန္တာရရှိရာနေရာဖြစ်သည်။

"အနာဂတ်မှာ မောင်လေးယဲ့ ဘယ်လောက်ထိ သွားနိုင်မလဲဆိုတာ ကျွန်မသိချင်မိတယ်၊ ကျွန်‌မစောင့်ကြည့်နေမယ်....."

တခြားတဘက်တွင် အဆောင်မျှော်စင်၌...

အဆောင်မျှော်စင်ကလည်း သတင်းများကို ရခဲ့သည်။

တာအိုဆွေးနွေးစင်မြင့်ပေါ်၌ မုဖူရှန်း၏ ဖျော်ဖြေမှုများကလည်း သူတို့နားထဲကို ရောက်လာခဲ့သည်။

"အင်မော်တယ်အဆင့်အဆောင်တွေကို ရေးထွင်းဖို့အတွက် အာရုံကို ခွဲပစ်လို့ရတာလား၊ ဒါပေမယ့် ဒီကလေးရဲ့စရိုက်အရဆိုရင် သူကသေချာပေါက် တခုခုကိုတော့ ဖုံးကွယ်ထားတုန်းပဲမလား"

အဆောင်မျှော်စင်ထိပ်ပိုင်းက တိမ်များထဲထိ ထိုးထွက်နေသည်။

မျှော်စင်သခင် သစ်သားပြတင်းပေါက်ဆီသို့ လျှောက်သွားစဉ် မြူထူနေသည့်တိမ်များကို တွေ့လိုက်ရသည်။

မျှော်စင်သခင်ပြောသည်။

"ဒီကြယ်နယ်မြေက ဒီကလေးအတွက် အရမ်းသေးလွန်းမှာကို ငါကြောက်မိတယ်....."

စစ်ဆေးရေးမှုများကို ဂိုဏ်းတစ်ဂိုဏ်းအဖြစ် သတ်မှတ်၍မရပေ။ အတိအကျဆိုရပါက ဒါကအဖွဲ့အစည်းတခုဖြစ်သည်။

အဖွဲ့အစည်းထဲတွင် စစ်ဆေးရေးမှူး(စစ်ဆေးသူ)ကိုးဦးရှိပြီး အားလုံးက ကောင်းကင်အင်မော်တယ်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။

ထိုအခိုက်အတန့်၌ တောင်နက်ပိုင်းတနေရာ၌ မြက်ခင်းပြင်တွင် ခြံ၀င်းလေးတခုရှိသည်။

ခြံ၀င်းထဲတွင် လူရှစ်ယောက်က လက်ဖက်ရည်သောက်နေကြသည်။

ထိုအချိန်တွင် အဖိုးအိုတစ်ဦးက ရုတ်တရက် ကျောက်စားပွဲရှေ့တွင် ပေါ်လာခဲ့သည်။

ထိုအဖိုးအိုက မဟာပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ကို ဦးဆောင်ကြီးကြပ်ခဲ့သည့် အဖိုးအိုပေတည်း။

"မင်းကိုယ်စားလှယ်လောင်းတယောက် တွေ့ခဲ့တယ်လို့ ငါကြားခဲ့တယ်"

သက်လတ်ပိုင်းအရွယ်လူတစ်ဦးက ပြုံးကာမေးသည်။

"ဒါက အကြီးအကဲဟန်ကို ပထမဆုံးအကြိမ် အလေးထားရအောင် လုပ်နိုင်ခဲ့တဲ့ လူငယ်ဖြစ်ရမယ်"

ဟန်ကျင်းဟီက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တငုံသောက်ပြီး ထူးမခြားနားစွာပြောသည်။

"ဒီလူက စစ်ဆေးရေးမှူးရာထူးအတွက် သင့်တော်တယ်"

"ဘာလို့ဒီလိုပြောရတာလဲ"

"သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်တပိုင်းနယ်ပယ်က အဲဒီလျှို့ဝှက်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေကို နယ်ပယ်ဖြတ်ကျော်အနိုင်ယူနိုင်တယ်၊ တချိန်တည်းမှာပဲ သူက အင်မော်တယ်ဓားရဲ့အစွန်းအဖျားကို ထိနေပြီ"

ဟမ်!

ကျန်သောခြောက်ဦးခေါင်းမော့လိုက်စဉ် မူလကဂရုမစိုက်သည့် အမူအရာများက လေးနပ်သွားကြ၏။

သွေးပြောင်းလဲခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်က အင်မော်တယ်တပိုင်းကို အနိုင်ယူခဲ့တယ်!

ဒါ့အပြင် သူက ဒီအဆင့်လေးနဲ့ အင်မော်တယ်ဓားနယ်ပယ်ရဲ့ အစွန်းကိုထိနေပြီလား!

"သမိုင်းတလျှောက်မှာ စစ်ဆေးသူကိုးယောက်ပဲရှိတယ်ဆိုတာ မင်းသိလား"

အကြီးအကဲဟန်ခေါင်းညိတ်သည်။

"သေချာပေါက်ငါသိတာပေါ့၊ ဒါပေမယ့် စည်းမျဉ်းတွေကသေသွားပြီဖြစ်သလို လူတွေကတော့ ရှင်သန်နေသေးတယ်၊ ဒီလူကိုသာ ငါ့ရဲ့စစ်ဆေးရေးမှူးစာရင်းထဲ မထည့်ရင် ကြီးမားတဲ့ဆုံးရှုံးမှုတခု ဖြစ်လောက်တယ်လို့ ငါခံစားရတယ်"

"ဒါပေမယ့် သူ့ကျင့်ကြံခြင်းအဆင့်က...."

"ဒီလိုလူမျိုးအတွက် ကောင်းကင်အင်မော်တယ်နယ်ပယ်ကို တက်လှမ်းဖို့ဆိုတာက အချိန်တခုပဲလိုအပ်တာပါ"

ကျန်ရှစ်ယောက်က တိတ်ဆိတ်သွားခဲ့သည်။

ဒါကိုမြင်သောအခါ အကြီးအကဲဟန် ဘာတခုမှ မပြောတော့ပါ။

ရက်တ၀က်ခန့်ကုန်ဆုံးသွား၏။

အနည်းငယ်ကိုင်းနေသည့်ခန္ဓာနှင့် အကြီးအကဲတစ်ဦးက ရင်ဘတ်ရှေ့ထိ ရှည်လျားကျနေသည့် မုတ်ဆိတ်ဖြူကို ပွတ်သပ်ရင်းပြောသည်။

"ဒီလိုဆိုရင်ရော၊ ငါနတ်သံတမန်ကို မေးလိုက်မယ်"

"တကယ်လို့နတ်သံတမန်က ဒါကအဆင်ပြေတယ်လို့ ထင်ရင် သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းကြတာပေါ့၊ ဘယ်လိုလဲ"

အဖိုးကြီးဟန်ခေါင်းညိတ်သည်။

"နတ်သံတမန်ငြင်းမှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်"

"ကောင်းပြီ၊ နောက်တခုက သေမင်းဝိဉာဉ်မြို့ကိစ္စပဲ"

"သေမင်းဝိဉာဉ်မြို့ ဘယ်တော့ဖွင့်မလဲဆိုတာ မင်းသူတို့ကို ပြောခဲ့သင့်တယ်မလား"

အကြီးအကဲဟန်ခေါင်းညိတ်သည်။

မဟာပြိုင်ပွဲမှ ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းတွင် သေမင်းဝိဉာဉ်မြို့သို့ ၀င်ရန်အတွက် အခွင့်အရေးရှိသည်။

ဒါကတမင်တကာကန့်သတ်ထားခြင်းမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သေမင်းဝိဉာဉ်မြို့၏ဝိဉာဉ်က မြေအင်မော်တယ်နယ်ပယ်အောက်က လူဆယ့်နှစ်ယောက်ကိုသာ ၀င်ခွင့်ပေးနိုင်သောကြောင့်ပင်။

သေမင်းဝိဉာဉ်မြို့က ဒါအပြီး ဆယ့်ငါးရက်အကြာတွင် ဖွင့်လှစ်မည်ဖြစ်သည်။

"ဒီတော့ငါတို့ကလည်း ပြင်ဆင်ထားရမယ်၊ သေမင်းဝိဉာဉ်မြို့ကို ဖွင့်တဲ့အကြိမ်တိုင်း ကပ်ဘေးတခုခုနဲ့ တွဲပါလာတယ်"

"ငါတို့စစ်ဆေးသူဆတွက ဒီနေရာမှာ အလယ်အလတ်ကြယ်နယ်မြေရဲ့ ဟန်ချက်ညီမှုကို ထိန်းသိမ်းဖို့နဲ့ ဖျက်ဆီးမခံရအောင် တားဆီးကာကွယ်ဖို့အတွက် ရှိနေတာပဲ"

"အားလုံးပဲ၊ လာမယ့်ရက်အနည်းငယ်မှာ ငါတို့လုပ်နေတာကို ရပ်လိုက်ကြရအောင်"

မုတ်ဆိတ်ရှည်အဖိုးအို စကားပြောပြီးသည်နှင့်တပြိုင်နက် အကြီးအကဲဟန်အပါအ၀င် ကျန်ခုနှစ်ဦးက လေးနက်သည့် အမူအရာများဖြင့် ခေါင်းညိတ်လိုက်ကြ၏။

တခြားတဘက်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အနောက်ဖျားရှိ နေရာတ်ုတွင် သေမင်းဝိဉာဉ်မြို့၏ ၀င်ပေါက်ရှိသည်။

၀င်ပေါက်ရှေ့တွင် အနက်၀တ်ရုံ၀တ်ဆင်ထားကြသည့် လူခုနှစ်ယောက်ရပ်နေကြသည်။

"ဒီနတ်ဝိဉာဉ်တွေက လုံလောက်သင့်တယ်မလား"

တစ်ယောက်ကခေါင်းညိတ်သည်။

"ဒါကလုံလောက်ရုံမျှလုံလောက်ပါပြီ"

"အားလြံးပဲ၊ အရင်ကကတိပေးခဲ့ကြတာတွေကို မှတ်မိနေကြပါ၊ နားလည်လား"

"ဟမ့်၊ ငါသေချာပေါက်မမေ့ပါဘူး"

ဖြစ်ပျက်ခဲ့သည့်အရာအားလုံးက သေမင်းဝိဉာဉ်မြို့မဖွင့်လှစ်ခင်တည်းက ပေါ်လာသည့် ဧရာမလျှို့ဝှက်စီးကြောင်းတခုလို ဖြစ်နေသည်။

အဆင့်နိမ့်ကြယ်နယ်မြေ၊ ထာ၀ရသက်တမ်းနယ်မြေ၌ လုချန်ရှန်း ပို့ဆောင်ရင်း အခင်းအကျင်းကို စတင်ပြင်ဆင်နေသည်။

အပိုင်း(654) coming။

All Chapters