#အင်မော်တယ်ချီသို့ပြောင်းလဲခြင်း#
Vol. 46 Ch. 654
ကိစ္စရပ်ဟောင်းများကို ထပ်မံဆောင်ကြဉ်းလာကြသည်။
ဒီအဆင့်နိမ့်ကြယ်နယ်မြေတွင် ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ရှီရှန်းတို့၏ တာ၀န်များက တိမ်ဖီးနစ်အင်ပါယာကို အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးအတွင်း လုံး၀အုပ်ချုပ်ခွင့်ရစေသည်အထိ ဦးဆောင်သွားရန်ဖြစ်သည်။
ဒါကဟုန်ရင်၏ခွန်အားကိုလည်း မြန်မြန်ဆန်ဆန်ပင် တိုးတက်လာစေသည်။
နင်းချန်ရှင်းကလည်း အတူတူပင်။
ရှီရှန်းက ဟုန်ရင်နှင့် နင်းချန်ရှင်းတို့နောက်က လိုက်လာခဲ့သည်။ သူတို့ကိုကူညီရင်း သူကလည်း ပရမ်းပတာကြယ်မှတ်တမ်း(ခေးအောစ့်ကြယ်မှတ်တမ်း)ကို ကျင့်ကြံနိုင်မည့် လျှို့ဝှက်နယ်မြေတခုကို တွေ့ရှိသွားခဲ့သည်။
ရက်အနည်းငယ်ကုန်ဆုံးပြီးနောက် ဟုန်ရင်သတင်းပို့လာသည်။
လက်ရှိတွင် လုံး၀လုံး၀သိမ်းပိုက်ထားပြီးဖြစ်ကာ အဆင့်နိမ့်နယ်မြေငါးခုသာ ကျန်တော့သည်။
လမ်းတစ်လျှောက် ဟုန်ရင်၏ အဆက်မပြတ် တိုးပွားလာသည့် အင်ပါယာချီကြောင့် ကောင်းကင်ဘုံတာအိုစွမ်းအားက ဆက်လက်တိုးတက်နေသည်။
သူမ၏နယ်ပယ်ကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်။
နင်းချန်ရှင်း၏ တိုးတက်မှုက အတော်လေးနှေးသည်။
လုံလောက်အောင် အားကောင်းသရွေ့ အုပ်ချုပ်ရန်ဟူသည် မခက်ခဲပေ။
လက်သီးကအကြောင်းပြချက်ဖြစ်သည်။
ဒါက ကျင့်ကြံခြင်းကမ္ဘာ၏ ထာ၀ရအမှန်တရားပေတည်း။
သို့စေကာမူ သူက ကွန်ဖြူးရှပ်တာအိုက နယ်မြေ၏ ရှေးရိုးစွဲတခုဖြစ်လာချင်သည်။
ဒါကအရမ်းခက်ခဲပြီး အချိန်အများကြီး ယူရမည်။
တိမ်ဖီးနစ်အင်ပါယာက အတင်းအားသုံးကူညီပြီး အချိန်က အရမ်းတိုသွားလျှင်ပင် အချိန်အများကြီး ကြာမည်သာ။
ထို့ကြောင့် နင်းချန်ရှင်း၏တိုးတက်မှုက အနည်းငယ်နှေးပုံရသည်။
ရှီရှန်းကမူ ကြယ်စွမ်းအားပမာဏ အများအပြားရှိသည့် လျှို့ဝှက်နယ်မြေသုံးခုကို တွေ့ခဲ့သည်။
သူ့ခွန်အားကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ အပြည့်အ၀ ရောက်လာခဲ့သည်။
လုချန်ရှန်း မေ့စေ့ပွတ်လိုက်သည်။
ဒီကျင့်ကြံခြင်းနှုန်းက သူ့မျှော်လင့်ချက်အတွင်းတွင် ရှိနေသည်။
သို့စေကာမူ အင်မော်တယ်နယ်မြေကို ရင်ဆိုင်ရသောအခါ ဒါကမလုံလောက်သေးပါ။
"ဒါပေမယ့် ငါအင်မော်တယ်နယ်မြေမှာ ရှိစဉ်က လက်ရှိသေမျိုးကမ္ဘာရဲ့ အင်မော်တယ်နယ်ပယ်တွေက အစစ်အမှန် အင်မော်တယ်နယ်ပယ်မဟုတ်ဘူးလို့ သူတို့ပြောခဲ့တာကို ငါကြားခဲ့ရတယ်"
ဒီအကြောင်းကိုတွေးမိသောအခါ လုချန်ရှန်း မိုးမခပင်ကိုကြည့်ရင်း ဒီမေးခွန်းကို မေးလိုက်သည်။
မိုးမခပင်ပြန်ဖြေသည်။
"သူတို့ပြောတာမှန်တယ်၊ လက်ရှိသေမျိုးကမ္ဘာမှာ အင်မော်တယ်နယ်ပယ်ရှိတယ် ဆိုပေမယ့် အစစ်အမှန်အင်မော်တယ်နယ်ပယ်လို့ မမှတ်ယူနိုင်ဘူး"
"ဒီလိုဆိုရင် အစစ်အမှန်အင်မော်တယ်နယ်ပယ်ကို ဘယ်လိုတက်လှမ်းနိုင်မှာလဲ"
မိုးမခပင်ဖြေကြားသည်။
"အကြောင်းရင်းက အရမ်းရိုးရှင်းပါတယ်၊ အခုသေမျိုးနယ်မြေမှာ အင်မော်တယ်ချီ အရမ်းနည်းပါးတယ်၊ ဒါကမရှိသလောက်ပဲ"
"ဒါကြောင့် သေမျိုးနယ်မြေကလူတွေက အင်မော်တယ်တပိုင်း ဒါမှမဟုတ် မြေအင်မော်တယ်နယ်ပယ်ကို ၀င်လာပါစေ သူတို့ကိုယ်ထဲမှာ အင်မော်တယ်ချီမရှိဘူး၊ သူတို့ ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ပြီးမှသာလျှင် အင်မော်တယ်ချီ အစိတ်အပိုင်းတခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ အင်မော်တယ်နယ်မြေမှာ နေရာတိုင်းမှာ အင်မော်တယ်ချီရှိတယ်၊ ဒါကြောင့် သူတို့ချိုးဖျက်တဲ့အခါ သူတို့ကိုယ်ထဲက ဝိဉာဉ်ချီက အင်မော်တယ်ချီအဖြစ် ပြောင်းလဲသွားလိမ့်မယ်၊ ဒါကိုပဲ အစစ်အမှန်အင်မော်တယ်နယ်ပယ်ကို ခေါ်တာ"
လုချန်ရှန်းခေါင်းညိတ်သည်။
ဒါကကောင်းကင်က ကောင်းချီးပေးထားသည်ဟု ဆိုလိုနေခြင်းပင်။
"သူတို့ကြားက ခွန်အားကွာဟချက်က ဘယ်လောက်များရှိလဲ"
မိုးမခပင်တုံ့ဆိုင်းမနေဘဲ ဖြေသည်။
"ငါခန့်မှန်းတာ မှန်မယ်ဆိုရင် အင်မော်တယ်နယ်မြေက အင်မော်တယ်တပိုင်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်က သေမျိုးကမ္ဘာက သာမန်ကောင်းကင်အင်မော်တယ် အစောပိုင်းအဆင့် သာမန်ကျင့်ကြံသူတယောက်ကို အလွယ်တကူ အနိုင်ယူနိုင်တယ်၊ သူက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူနဲ့တောင် တိုက်ခိုက်နိုင်တယ်"
ဒီလိုဆိုမှတော့ ခွန်အားအရာ၌ ခြားနားချက်က အရမ်းကြီးမားသည်။
လုချန်ရှန်းခေါင်းညိတ်ကာ မျက်မှောင်ကြုတ်လိုက်၏။
ဒီလိုသာဖြစ်မည်ဆိုပါက ထိုစည်းတံဆိပ်ဟု ခေါ်သည့်အရာ ကျိုးပျက်သွားသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတွင် ခုခံနိုင်စွမ်းရှိမည်မဟုတ်။
သူတို့က တဖက်သတ်အရိုက်ခံရပေလိမ့်မည်။
ထို့နောက် လုချန်ရှန်း တခုခုတွေးတောနေပုံရသည်။
သို့စေကာမူ ဒီအတွေး သူ့စိတ်ထဲ၀င်လာသည်နှင့် တပြိုင်နက် သူအနည်းငယ် အကူအညီမဲ့သွားရသည်။
မိုးမခပင်က တခြားသူတွေထက် လုချန်ရှန်းနှင့် အချိန်ပို၍ကုန်ဆုံးသွားခဲ့သည်။
ငှက်ကလေးပင်လျှင် သူ့နောက်မှ ဒီကို လာခဲ့ခြင်းပင်။ ထို့ကြောင့် မိုးမခပင်က လုချန်ရှန်း ဘာကို တွေးတောနေသလဲဆိုတာ သိပါသည်။
"နင် နင့်တပည့်တွေကို အင်မော်တယ်နယ်မြေကို အချိန်အတိုင်းအတာတခုအထိ ကျင့်ကြံဖို့ ခေါ်သွားပြီး သူတို့ကိုယ်ထဲက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် လုံး၀ပြောင်းလဲပစ်ဖို့ကို စဉ်းစားနေတာလား"
"ဒါပေမယ့် နင့်ရဲ့စရိုက်အရဆိုရင် အဲဒီကိုသွားပြီးနောက်မှ ဒုက္ခတွေအများကြီးကြုံရမှာကို မကြောက်ဘူးလား"
လုချန်ရှန်း အကူအညီမဲ့စွာ ခေါင်းညိတ်သည်။
"နင်အခုဒီစိတ်ကူးကို ယာယီလက်လျှော့ထားလို့ရတယ်"
လုချန်ရှန်းမေးလိုက်သည်။
"ဘာလို့လဲ"
မိုးမခပင်ရှင်းပြသည်။
"ယဲ့ချိုးပိုင်နဲ့ကျန်တဲ့သူတွေက အရမ်းပါရမီရှိတယ်ဆိုပေမယ့် သူတို့သာ အင်မော်တယ်နယ်မြေကိုသွားပြီး သူတို့ကိုယ်ထဲက ဝိဉာဉ်ချီကို ပြောင်းချင်တယ်ဆိုရင် အနည်းဆုံးတော့ သူတို့ မြေအင်မော်တယ်နယ်ပယ်ကို ရောက်ဖို့လိုတယ်"
"မြေအင်မော်တယ်နယ်ပယ်ကို ရောက်မှသာလျှင် သူတို့ကိုယ်ခန္ဓာတွေက ဝိဉာဉ်ချီအပြည့်အ၀ပြောင်းလဲမှုကို ခံနိုင်ရည်ရှိလိမ့်မယ်"
"ဒါကလည်း သူတို့ပါရမီတွေက အရမ်းအစွမ်းထက်နေလို့ပဲ၊ သာမန်ပါရမီရှင်တွေကတော့ အင်မော်တယ်နယ်မြေကိုသွားပြီး ဝိဉာဉ်ချီပြောင်းလဲတဲ့နာကျင်မှုကို ခံနိုင်ဖို့အတွက် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို အနည်းဆုံး ရောက်နေဖို့လိုတယ်"
"ဒါ့အပြင် နင်က နင်နဲ့အရမ်းနီးကပ်စွာ ဆက်နွှယ်နေတဲ့ ဧရာမကံကြမ္မာတခုနဲ့ စွန်းထင်းနေပြီ၊ နင် ဒီကံကြမ္မာကို ဖြေရှင်းနိုင်သရွေ့ တခြားကံကြမ္မာတချို့မှာ ပါ၀င်ရတာကို ဘာလို့စိုးရိမ်နေစရာလိုတာလဲ"
ဒါကိုကြားသောအခါ လုချန်ရှန်းခါးသီးစွာပြုံးရင်း ခေါင်းညိတ်သည်။
"မင်းပြောတာမှန်တယ်"
"ငါ့ရှေ့ကပြဿာနာကို ဖြေရှင်းမှသာလျှင် ဘာထပ်လုပ်ရမလဲဆိုတာကို ငါစဉ်းစားနိုင်မှာ၊ ဟုန်ရင်၊ ရှီရှန်းနဲ့ ချန်ရှင်းတို့က မကြာခင် ရောက်လာတော့မှာ၊ အချိန်ကျလာတဲ့ အခါကျရင် ငါသူတို့ကိုအရင် အင်မော်တယ်နယ်မြေကို ပို့ရမယ်...."
လုချန်ရှန်း ကောင်းကင်သို့ မော့ကြည့်လိုက်၏။
"ပြီးပြည့်စုံတယ်၊ အချိန်ရောက်ရင် ငါရှီရှန်းကို အဲဒီစေတီကို တချက်ကြည့်ဖို့ခေါ်သွားပြီး တံဆိပ်ကို ခိုင်မာအောင် လုပ်နိုင်မလားဆိုတာ ကြည့်ရမယ်"
မိုးမခကိုင်းများက လေထဲတွင် လူးယမ်းနေသည်။
ကံကြမ္မာဟူသည် ရှောင်လွှဲလို့မရပေ။
သင့်ကံကြမ္မာက သင်ကိုယ်တိုင်ကြုံရမည့် ကံကြမ္မာသာ။
ဒါအပြင် ဖြေရှင်းကိုင်တွယ်ရန်အတွက် စောင့်နေသည့် ပိုကြီးမားသော ကိစ္စတခုရှိသေးသည်။
လုချန်ရှန်း ဒါကိုမကြားနိုင်ခဲ့ပေ။
မိုးမခပင်က လုချန်ရှန်းစိတ်ဓာတ်ပြိုလဲကျသွားမှာကို ကြောက်မိသည်။
သူဒါကိုဖြည်းဖြည်းချင်း လက်ခံရန် လိုအပ်သည်။
ထို့နောက် လုချန်ရှန်း ထာ၀ရသက်တမ်းကမ္ဘာနှင့် ဆက်သွယ်ရန်အတွက် နယ်မြေအသီးသီးတွင် ပို့ဆောင်ရေးအခင်းအကျင်းများကို စတင်တည်ဆောက်သည်။
ပို့ဆောင်ရေးအခင်းအကျင်းများကို ဖန်တီးစဉ်ကာလအတောအတွင်း လုချန်ရှန်း အတော်လေး သတိထားသည်။
အကယ်၍တဘက်ကသာ ဒီအခင်းအကျင်းအစီအရင်ကိုသုံးပြီး ထာ၀ရသက်တမ်းကမ္ဘာသို့ ၀င်လိုပါက လုချန်ရှန်း၏ ဝိဉာဉ်ကို အရင်ဖြတ်ကျော်ရန် လိုအပ်သည်။
အန္တရာယ်မရှိကြောင်း အတည်ပြုပြီးမှသာ သူတို့ကို ပို့ဆောင်ပေးပေလိမ့်မည်။
တချိန်တည်းမှာပင် တဘက်လူက ထာ၀ရသက်တမ်းကမ္ဘာ၏ တိကျသည့်တည်နေရာကို သတ်မှတ်ရန်အတွက် ပို့ဆောင်ရေးအခင်းအကျင်းကို သုံး၍မရပေ။
ရှင်းရှင်းပြောရရင် သူပို့ဆောင်ရေးအခင်းအကျင်း၌ အော်ရာကာကွယ်ခြင်း အခင်းအကျင်းအစီအရင်နှင့် သတ်ဖြတ်ခြင်းအစီအရင်များစွာ တည်ဆောက်ခဲ့သည်။
တဘက်လူက အတင်းလမ်းဖောက်လိုပါက သူသတ်ဖြတ်ခြင်းအစီအရင်ကို အသက်သွင်းပြီး ထိုသူတို့ကို ပို့ဆောင်ရေး အစီအရင်ထဲ သတ်ပစ်ရုံသာ။
သို့မဟုတ် သူသတ်ဖြတ်ခြင်းအခင်းအကျင်းကို တိုက်ရိုက်အသုံးပြုပြီး သူတို့ကို ပို့ဆောင်ရေးအခင်းအကျင်းနှင့်အတူ ဖျက်ဆီးပစ်နိုင်သည်။
ဒီနည်းလမ်းနှင့်ဆိုပါက ဘာမှမှားမည်မဟုတ်။
လုချန်ရှန်း သက်ပြင်းချလိုက်မိသည်။
"ဟူးးး ငါကတကယ်ပဲ သောက်ရမ်းတော်တဲ့ ပါရမီရှင်တယောက်ပဲ"
မဟာပြိုင်ပွဲကပြီးဆုံးသွားလေပြီ။
၁၄ရက်တာကာလက ကုန်ဆုံးသွားခဲ့သည်။
ဒီ၁၄ရက်အတွင်း ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က မဟာပြိုင်ပွဲ စုစည်းရာ၌ တိုက်ခိုက်ရေးအတွေ့အကြုံများစွာ ရရှိခဲ့သည်။
ရှောင်ဟိုင်က ထာ၀ရနတ်ဆိုးခန္ဓာနှင့်အတူ ခြောက်ခုမြောက်လိုင်းကို အောင်မြင်စွာ သိပ်သည်းနိုင်ခဲ့သည်။
ဒါကသူ့လက်မောင်းကိုသာ ဖုံးပေးသော်လည်း သူ့ကိုယ်ခန္ဓာကလည်း အကြီးအမား အားကောင်းခိုင်မာလာခဲ့သည်။
မုဖူရှန်း မီးစုန်းစိမ်းဝိဉာဉ်မီးတောက်အလယ်တွင် အစိမ်းရောင်မီးတောက်တခုကို သိပ်သည်းနိုင်ခဲ့သည်။
ဒါက စိတ်ဝိဉာဉ်ပျိုးထောင်နည်း၏ အဆင့်ခြောက်ကို တက်လှမ်းတော့မည့် လက္ခဏာပေတည်း။
သူ့ဝိဉာဉ်က ပို၍ပင်ခိုင်မာလာသည်။
တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ အောင်မြင်မှုများက ပိုကြီးမားသည်။
သူ သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်သာမက အင်မော်တယ်ဓားနယ်ပယ် အစွန်းကိုပင် ထိမိသွားခဲ့သည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်၏ ဓားတာအိုတွင် အင်မော်တယ်ဆန္ဒအစက်စွန်းလေးတခု ရှိနေပြီဖြစ်သည်။
သေမင်းဝိဉာဉ်မြို့က တရက်တည်းအတွက်သာ ဖွင့်လှစ်ခြင်းဖြစ်သည်။
ထိုနေ့တွင်ပင် အလယ်အလတ်အဆင့် ကြယ်နယ်မြေကိုပင် တုန်လှုပ်စေသည့် သတင်းအပိုင်းအစတခု ရှိလာခဲ့သည်။
အပိုင်း(655) coming။