← Chapters

#လဲ့ကျန်းချီ#

Vol. 46 Ch. 655

#လဲ့ကျန်းချီ#

Vol. 46 Ch. 655

သေမင်းဝိဉာဉ်မြို့ကို အရေအတွက်ကန့်သတ်ချက်မရှိဘဲ အားသုံးအတင်းဖွင့်လှစ်နိုင်သလို မဟာပြိုင်ပွဲ၏ ထိပ်ဆုံးသုံးနေရာအတွက်သာ ကန့်သတ်ထားခြင်း မဟုတ်ပေ။

တစ်ခုတည်းသောကန့်သတ်ချက်က သွေးပြောင်းလဲခြင်းနယ်ပယ်အောက်က ကျင့်ကြံသူများနှင့် မြေအင်မော်တယ်နယ်ပယ်အထက်က ကျင့်ကြံသူများ မ၀င်နိုင်ခြင်းပင်။

ဒီသတင်းထွက်လာသည်နှင့်တပြိုင်နက် အလယ်အလတ်အဆင့်ကြယ်နယ်မြေ တစ်ခုလုံးသို့ ကပ်ရောဂါတစ်ခုပမာ အလျင်အမြန် ပျံ့သွားခဲ့သည်။

ရုတ်ချည်းဆိုသလို အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းအားလုံးက ထိတ်လန့်သွားကြ၏။ ထိတ်လန့်မှုကနေ နာလန်ထူပြီးနောက်တွင် သူတို့ချက်ချင်းပင် ဂိုဏ်း၏တပည့်များကို စတင်ရွေးချယ်ကြသည်။ သူတို့ဘ၀တွင် တခါသာရနိုင်သည့် ဒီအခွင့်အရေးကို သူတို့အသုံးချပြီး အခွင့်အလမ်းများ ရှာဖွေရန်အတွက် စီစဉ်ခဲ့ကြသည်။ ဒီသတင်းထွက်ပေါ်လာသည်နှင့် စစ်ဆေးရေးမှူးကလည်း တိတ်တဆိတ် စတင်လျှို့ဝှက်စုံစမ်းသည်။ မည်သူ့တွင်များ သေမင်းဝိဉာဉ်မြို့၏ အမြင့်ဆုံး အကန့်အသတ်ကို ကျော်ဖြတ်ကာ အတင်းဖွင့်ရန်အတွက် နည်းလမ်းများရှိလေသနည်း။

မြင့်မြတ်အဆောင်ဂိုဏ်းတွင် မုဖူရှန်းသီးသန့်နေရာကနေ ထွက်လာပြီးနောက် ဂိုဏ်းချုပ်နှင့် အဆင့်မြင့်မဟာအကြီးအကဲ သုံးဦးတို့၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသည်။

ဂိုဏ်းချုပ်ခန်းမတွင် မုဖူရှန်းရောက်လာသောအခါ လန်ယင်ချူ၊ နင်းရှီနှင့် ရှန်ကျိယုတို့ကလည်း စောင့်နေကြသည်။

မုဖူရှန်းရောက်လာတာကို မြင်ပြီးနောက် ဂိုဏ်းချုပ်က သေမင်းဝိဉာဉ်မြို့ဖွင့်ပွဲကို အတိုချုပ်ပြောပြသည်။

ထိုသတင်းများကို ကြားရပြီးနောက် ပထမက ဒါက ငရဲဂိုဏ်းဟု မုဖူရှန်းတွေးမိသည်။ ထိုအချိန်က ငရဲဂိုဏ်း၏လုပ်ရပ်များက အတော်လေးပုံမှန်မကျပေ။

တဘက်လူက မိစ္ဆာကျင့်ကြံသူများဖြစ်သော်လည်း ငရဲဂိုဏ်း၏ အရင်လုပ်ဆောင်ချက်များအရ ဂိုဏ်းများစွာက သူတို့ကိုလုံး၀မုန်းတီးပြီး တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ချင်ကြသည်။

တခါက မျိုးသုဉ်းမှုကို တွေ့ကြုံခံစားခဲ့ရဖူးသည့် ငရဲဂိုဏ်းက ပြန်ပေါ်လာခဲ့သည်။

ယုတ္တိတန်စွာပြောရပါက သူတို့က အရမ်း မမောက်မာသင့်ပေ။ အလယ်အလတ်အဆင့် ကြယ်နယ်မြေက ဂိုဏ်းတိုင်းနီးပါး အာရုံစိုက်ထားကြသည့် မဟာပြိုင်ပွဲတွင် သူတို့က ပြိုင်ဘက်များကို သတ်ပစ်ခဲ့သဖြင့် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် ဒီလိုရက်စက်သောအရာမျိုးကို သူတို့သာ ကျုးလွန်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ တခါက ဖယ်ရှားခံရသည့် မိစ္ဆာကျင့်ကြံသူဂိုဏ်းတစ်ဂိုဏ်းက ပြန်ပေါ်လာခဲ့သည်မဟုတ်ပေလော။

ဒီလိုမျက်စိစပါးမွေးစူးဖွယ်အရာမျိုးကို သူတို့သာလုပ်ဆောင်လိမ့်မည်။

သူတို့က သေချာပေါက် ထိပ်ဆုံးထိ တွန်းအားပေးခံရမည်ဖြစ်ကာ ထပ်မံဖျက်ဆီးခံရနိုင်သည်။

ဒါကိုလုပ်ရန်အတွက် မှန်ကန်သောနည်း သို့မဟုတ် ယခုလိုအခြေအနေတွင် ဒါကို လုပ်ရမည့်နည်းလမ်းက အမှောင်ထဲတွင် ပုန်းနေခြင်းပင်။

သို့စေကာမူ ငရဲဂိုဏ်းက ယခုလိုမှားယွင်းထူးခြားသည့်နည်းလမ်းကို ရွေးချယ်ခဲ့သည်။

အကြောင်းပြချက်နှစ်ခုသာရှိသည်။

ပထမတစ်ခုက သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေမှ ဂိုဏ်းများ၏ ခွန်အားကို အထင်အမြင်သေးခြင်းပင်။

ဖျက်ဆီးခံရပြီး ပြန်ပေါ်လာသောဂိုဏ်းတစ်ဂိုဏ်းတွင် ယခုလိုယုံကြည်ချက်မျိုး ရှိလိမ့်မည်ဟု မုဖူရှန်းသေချာပေါက် မယုံကြည်ပါ။

သူတို့က အတော်ကြာဖုံးကွယ်နေခဲ့လျှင်ပင် ပြန်ကောင်းဖို့ဖြစ်နိုင်ချေနည်းသည်။ ဒုတိယက သူတို့တွင် ဒီလိုလုပ်ရန်အတွက် အကြောင်းရင်းရှိရပေမည်။

တိုက်ဆိုင်စွာပင် သူတို့က မဟာပြိုင်ပွဲ၌ သေမင်းဝိဉာဥ်မြို့ဖွင့်လှစ်သည့်အချိန်နှင့် ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် မုဖူရှန်းတွင် သူတို့ကို သံသယမထားရန် အကြောင်းရင်းမရှိချေ။

"သေမင်းဝိဉာဉ်မြို့ရဲ့ ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်ခြင်းက ဂိုဏ်းများစွာပါ၀င်နိုင်ပြီး ပြိုင်ဆိုင်မှုကလည်း ပိုကြီးမားလာမယ်လို့ ဆိုလိုနေတာပဲ" ဂိုဏ်းချုပ်က လေးနက်သည့်အမူအရာဖြင့်ပြောသည်။

"ဒီနေရာမှာ လျှို့ဝှက်နယ်မြေဖြစ်စေ တခြားဂိုဏ်းတွေရဲ့ဟန့်တားမှုဖြစ်စေ ဘယ်သူကမှ မင်းတို့ကို မကယ်တင်နိုင်တာမို့ ဂရုစိုက်ရမယ်"

"အခုကန့်သတ်ချက်တွေကို ဖွင့်လိုက်ပြီဆိုတော့ လူတွေပိုများလာလိမ့်မယ်၊ သေမင်းဝိဉာဉ်မြို့ရဲ့ သွေးဆောင်မှုကလည်း မင်းတို့ရဲ့ ပြိုင်ဘက်တွေကို သူတို့ပြိုင်ဘက်တွေကို ချိတ်နဲ့ ဒါမှမဟုတ် လှည့်စားပြီး ဖျက်ဆီးစေလိမ့်မယ်"

လေးယောက်လုံးကခေါင်းညိတ်ကြသည်။

ထို့ထဲတွင် မုတ်ဆိတ်ဖြူအကြီးအကဲက မုဖူရှန်းအားကြည့်ရင်း ပြောသည်။

"ငါတခြားဘာမှတော့ မပြောတော့ပါဘူး၊ ဒါပေမယ့် အရာတွေကမမှန်ဘူး၊ မင်း လျှို့ဝှက်နယ်မြေအမွေအနှစ်နဲ့ ရတနာတွေကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ချက်ချင်းလွတ်မြောက်အောင် လုပ်ပြီး မင်းအသက်ကို ဦးစားပေးရမယ်၊ ငါပြောတာနားလည်လား"

မုဖူရှန်းခေါင်းညိတ်သည်။

ဟား၊ ငါဘယ်လိုလုပ် ဒီအကြောင်းကို မသိဘဲနေမလဲ၊ အသက်ကယ်တင်တာက ငါ့ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်ပဲ!

"ကောင်းပြီ၊ သေမင်းဝိဉာဉ်မြို့မဖွင့်ခင် ရှစ်နာရီလိုသေးတယ်၊ ငါမင်းကို ခေါ်သွားပေးမယ်"

ဒီကိစ္စ၏အရေးပါမှုကြောင့် အဆင့်မြင့်မဟာအကြီးအကဲသုံးဦးက သူ့ကို ကိုယ်တိုင်လိုက်ပို့ရန် ဆုံးဖြတ်ခဲ့သည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် ယဲ့ချိုးပိုင်ကလည်း ဟောင်ကျန်းဟန်နှင့်အတူ သတင်းကို လက်ခံရရှိသည်။

သူ့အကြည့်က အနည်းငယ်ပြောင်းသွားသည်။

မြို့ထဲတွင် လမ်းမများက လူများခြေချင်းခတ်ရှုပ်နေကြ၏။

မြို့အလယ်ဗဟို၌ ဂီတအလုပ်ရုံတခုရှိပြီး အင်မော်တယ်ဂီတသံစဉ်က ဘယ်တော့မှ မရပ်တော့သည့်အလား လေထုထဲတွင် ပြည့်နှက်နေသည်။

ဒီမြို့ကို အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် တတိယတန်းစားအင်အားစုတခုဖြစ်သည့် မင်းဆက်တစ်ဆက်က အုပ်ချုပ်နေခြင်းပင်။

ဒီမြို့ထဲတွင် သူတို့က အလုံးစုံသောဘုရင်စနစ်ပင်။

လက်ရှိတွင် ဂီတအလုပ်ရုံခန်းမ၌ မင်းဆက်၏ တော်၀င်ပုဂ္ဂိုလ်များနှင့် မြင့်မြတ်သောသူများက ဒီနေရာတွင် သောက်စားရယ်မောနေကြ၏။

သူတို့အလယ်တွင် အဖြူ၀တ်လူတစ်ယောက်ရှိပြီး သူ့ဆံပင်ရှည်က ကြမ်းပြင်ပေါ်၌ ပြန့်ကြဲနေသည်။ သူ့မျက်လုံးများက မှိတ်နေပြီး သူ့လက်အစုံကမူ ‌ဗျပ်စောင်းကို အပြင်းအထန် တီးခတ်နေသည်။

သူ့ပတ်ပတ်လည်က ရယ်မောသံများက သူနှင့်ဘာမှမသက်ဆိုင်သည့်အလား။

သူ့အမြင်ထဲတွင် လက်ထဲက ဗျပ်စောင်းသာရှိသည်။

ထိုအချိန်တွင် ၀န်ကြီးတစ်ဦး၏သားက ရိုကျိုးစွာပြုံးလိုက်၏။

"ဗျပ်စောင်းသံတခုတည်းက တစ်မျိုးတည်းဖြစ်နေသလိုဖြစ်နေတယ်၊ ကျွန်တော်တို့နဲ့အတူ တခြားကချေသည်တွေကို ခေါ်ရမလား"

မင်းသား၏မျက်လုံးများက ရီဝေမူးနေပြီး ချက်ချင်းပင်ခေါင်းညိတ်သည်။

"သေချာတာပေါ့"

သို့စေကာမူ ထိုအခိုက်အတန့်၌ အေးစက်သည့်အသံတစ်သံ ထွက်လာသည်။

"ကျုပ်ဂီတက တခြားသူတွေအတွက် မဟုတ်ဘူး"

၀န်ကြီးသားကအရက်မူးနေသည်။ ထိုစကားလုံးများကိုသူကြားသောအခါ ဒေါသက သူ့ခေါင်းထဲထိုးတက်လာပြီး အသံအရင်းအမြစ်လာရာဆီသို့ ကြည့်လိုက်သည်။

"မင်းလိုဂီတပညာရှင်လေးအတွက် ကြားဖြတ်ပြောရမယ့် နေရာရောရှိလား"

"ငါတို့မင်းဆက်မှာ မင်းလိုမျိုး ဂီတပညာရှင်တွေ မချို့ယွင်းဘူးဆိုတာ မင်းသိသင့်တယ်"

အဖြူ၀တ်လူက ဒါကိုကြားသောအခါ ဗျပ်စောင်းကိုကိုင်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

"အဲမှာရပ်လိုက်စမ်း"

သူ့လိုမျိုး အဆင့်မြင့်အရာရှိတစ်ဦး၏ သားရှေ့တွင် ဂီတပညာရှင်လေးတယောက်က ဘယ်လိုလုပ်ပြီး ဒီလောက် မောက်မာရဲလေသနည်း။

"မင်းဒီနေ့မတီးခတ်ဘူးဆိုရင် ဒီနေ့ကစပြီး ဒီဂီတခန်းမရှိနေစရာမလိုတော့ဘူး"

အကယ်၍သူသာ ဂီတပညာရှင်လေး၏ လွှမ်းမိုးမှုအောက်တွင် ရှိနေပါက မင်းသားအတွက် မည်သို့ အလုပ်လုပ်ပေးနိုင်တော့မည်နည်း။

"သေချာတာပေါ့၊ မင်းတို့လုပ်နိုင်တယ်"

အဖြူ၀တ်လူက ရုတ်တရက် ငြိမ်သွားသည်။

၀န်ကြီးသားက အဖြူ၀တ်လူက အညံ့ခံလိုက်ပြီဟု တွေးထင်နေစဉ် အဖြူရောင်၀တ်စုံရှင်က လက်တစ်ဘက်နှင့် ဗျပ်စောင်းကိုကိုင်ပြီး တခြားဘက်နှင့် ကြိုးတစ်ချောင်းကို ညင်သာစွာ ဆွဲလိုက်၏။

ဗျပ်စောင်းအသံက ဓားတစ်လက်ပမာ လေဟာနယ်အား ဆုတ်ဖြဲကာ ၀န်ကြီးသားအား လှီးဖြတ်ပစ်သည်။

လူတိုင်းနှင့် သူတို့နောက်က သွေးပြောင်းလဲခြင်းနယ်ပယ်အစောင့်များ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့၏ခေါင်းများက ခန္ဓာကိုယ်ကနေ ကင်းကွာသွားကြပြီဖြစ်သည်။

ထို့နောက်အဖြူရောင်၀တ်စုံရှင်က ရှေ့တစ်လှမ်းလှမ်းကာ နောက်လှည့်မကြည့်တော့ဘဲ ဂီတအလုပ်ရုံကနေ ထွက်သွားလေတော့သည်။

မင်းသား သတိပြန်လည်လာသောအခါ ဒေါသထွက်သွားသည်။

သူကတကယ်ပဲငါ့ရှေ့မှာ တယောက်ယောက်ကို သတ်ရဲတာလား၊ ငါ့လိုမင်းသားကို ဒီကောင်အထင်သေးနေတာလား!

ဒီမြိူ့တွင် သူ့အဖေကလွဲ၍ သူကအကြွင်းမဲ့ဘုရင်ဖြစ်သည်။

သို့စေသည့်တိုင် ဂီတပညာရှင်လေးတယောက်က အရမ်းမောက်မာရဲသည်။

သူတခုခုပြောရန်ပြင်နေစဉ်မှာပင် အဖိုးအိုတစ်ယောက်က ရုတ်တရက် မင်းသားဘေးတွင် ပေါ်လာပြီး လက်ကို ပခုံးပေါ်သို့ တင်လိုက်ကာ ထရပ်လုနီးပါးမင်းသားကို ဖိနှိပ်လိုက်သည်။

"ဧကရာဇ်မင်းဆရာ၊ သူ့ကိုအမြန်ရှင်းပစ်စမ်းပါ"

ဧကရာဇ်မင်းဆရာက လေးနက်သည့် အမူအရာဖြင့် ခေါင်းခါယမ်းသည်။

"အရှင်မင်းသား၊ ကျေးဇူးပြုပြီး ပိုကြီးမားတဲ့ပုံရိပ်တွေကို ကြည့်ပါဦး၊ အဲဒီလူရဲ့ ခွန်အားကို ကျွန်တော်တောင် မမြင်နိုင်ဘူး၊ သူလှုပ်ရှားရင် ကျွန်တော့်မှာ တုံ့ပြန်ဖို့အတွက် အခွင့်အလမ်းတောင် ရှိမှာမဟုတ်ဘူး"

မင်းသား၏ ယစ်မူးနေသည့်မျက်လုံးများက ထိုအချိန်မှာပင် ရုတ်တရက် တည်ကြည်သွား၏။

"ငါ....နားလည်ပါပြီ"

သူဆန္ဒမရှိသော်လည်း ဧကရာဇ်မင်းဆရာက သူ့အဖေကလွဲပြီး ဒုတိယလိုက်ကာ အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ဖြစ်သည်။

ဧကရာဇ်မင်းဆရာကိုပင် ယခုလိုစကားမျိုးကို ပြောနေလေရာ ထိုအမည်မသိ ဂီတပညာရှင်၏ခွန်အားက သူ့အဖေထက် နိမ့်ကျမည်မဟုတ်။

ငါ့အဖေထက်တောင် မြင့်ချင်မြင့်နေလောက်တယ်!

ထွက်ခွာပြီးနောက် အဖြူရောင်၀တ်စုံရှင်က သူ့ရင်ဘတ်ရှေ့က ကျောက်စိမ်းဆွဲသီးကို ရုတ်တရက် ကောက်ကိုင်လိုက်၏။

အဖိုးအိုတစ်ဦး၏အသံက ကျောက်စိမ်းဆွဲသီးကနေ ထွက်လာသည်။

"နောက်ကျနေပြီ၊ သေမင်းဝိဉာဉ်မြို့က အတင်းဖွင့်လှစ်ခံနေရပြီ၊ ကပ်ဘေးတခုရှိနေတာဖြစ်ရမယ်၊ သွားကြစို့"

ကပ်ဘေးများက မကြာခဏဆိုသလို ဧရာမအခွင့်အလမ်းများနှင့် တွဲဖက်နေတတ်သည်။

လဲ့ကျန်းချီ ဒါကိုကြားသောအခါ ခေါင်းညိတ်ရင်း လူရှုပ်နေသည့်လမ်း၌ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။

မည်သူမှ သူ့ကိုသတိမထားမိကြပေ။

အပိုင်း(656) coming။

All Chapters