#သေမင်းဝိဉာဉ်မြို့ဖွင့်လှစ်ခြင်း#
Vol. 46 Ch. 656
သေမင်းဝိဉာဉ်မြို့၏ ကန့်သတ်ချက်များကို ထုတ်ပြန်ခဲ့သည်။
ဒါက မရေမတွက်နိုင်လောက်သည့် ဂိုဏ်းများနှင့် တကိုယ်တော်ကျင့်ကြံသူများ၏ ခံစားချက်များကို နှိုးဆွပေးသည်။ တချို့ဂိုဏ်းများတွင် လုံလောက်သည့် အခြေခံအုတ်မြစ် မရှိသော်လည်း သူတို့က သေမင်းဝိဉာဉ်မြို့သို့ တပည့်များနှင့် အကြီးအကဲများကိုပင် ပို့နေဆဲပင်။ ဒီနေရာက အန္တရာယ်နှင့် ပြည့်နှက်နေပြီး သေမင်းဝိဉာဉ်မြို့ထဲ၌ ခြေလှမ်းတိုင်းက သေခြင်းတရားဆီသို့ ဦးတည်နေသည်။
သို့စေကာမူ သူတို့သာ အမွေအနှစ်ကို ရနိုင်ပါက ဒါကကြီးမားသည့်တိုးတက်မှုတခုပေတည်း။ တကယ်တမ်းတွင် ဒါက အနာဂတ်ကျင့်ကြံခြင်းလမ်းကြောင်းကို အကြီးအမား ချဲ့ထွင်ချဲ့ကားပေးပေလိမ့်မည်။
ထို့ကြောင့် သေခြင်းတရား၏ အန္တရာယ်ရှိတော့ရော ဘာအရေးနည်း။
မရေမတွက်နိုင်လောက်သည့်လူများက အားကျနေကြဆဲပင်။
ထို့ကြောင့် ဒီတကြိမ်တွင် မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူများက ၀င်လာကြပေလိမ့်မည်။
သေမင်းဝိဉာဉ်မြိုဖွင့်ပွဲအချိန်တွင် အနောက်ဘက်ဝေးလံသည့် နေရာတခုတွင် မရေမတွက်နိုင်လောက်သည့် ဂိုဏ်းများက ရောက်နေကြပြီဖြစ်သည်။
လူအုပ်စုထဲတွင်လည်း လူအများကြီးရှိသည်။ မျက်လုံးနှင့် မြင်နိုင်သလောက်ဆိုပါက အမှောင်ထုကြီးတခုအလား ထင်ရသည်။
တကယ်တမ်းတွင် ရာထူးအဆင့်သတ်မှတ်ချက်များကလည်း အရမ်းထူးခြားသည်။
ရှေ့တန်းတွင် အလယ်အလတ်အဆင့် ကြယ်နယ်မြေ၏ ထိပ်တန်းဂိုဏ်းများရှိသည်။ ဒီထဲတွင် ထိုလျှို့ဝှက်ဂိုဏ်းများ၊ လက်ရွေးစင်များနှင့် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများရှိကြသည်။
ပထမဆုံး၀င်နိုင်သူက ကနဦးခြေလှမ်းလှမ်းနိုင်မည် မဟုတ်ပေလော။
အရေးကြီးသဲလွန်စများကို ရယူရန်ပင် ဖြစ်နိုင်ချေရှိသည်။
ဥပမာအားဖြင့် မဟာပြိုင်ပွဲ၏ ထိပ်တန်းသုံးဂိုဏ်းဖြစ်သည့် ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ အက္ခရာလေးလုံးဂိုဏ်းနှင့် စုမိသားစုတို့က ရှေ့တန်း၌ ရပ်နေကြ၏။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၊ မြင့်မြတ်အဆောင်ဂိုဏ်းနှင့် အင်မော်တယ်မျောက်ဝံကျေးရွာတို့က အတူတကွ စုစည်းနေကြသည်။
"လူအရမ်းများတာပဲ" ယဲ့ချိုးပိုင်လှည့်ကြည့်လိုက်သည်။
မုဖူရှန်းခါးသီးစွာပြုံးသည်။
"အစောကြီးကတည်းကသာ သိခဲ့မယ်ဆိုရင် မဟာပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့ ဒီလောက်ထိ ကြိုးစားအားထုတ်ခဲ့မှာ မဟုတ်ဘူး၊ ထိပ်တန်းသုံးနေရာရဲ့ ဆုလာဘ်တွေက အသုံးမ၀င်ဘူး"
ရှောင်ဟိုင်နှင့် ယဲ့ချိုးပိုင်တို့က မုဖူရှန်းကို လှည့်ကြည့်လိုက်ကြ၏။
"ကောင်စုတ်လေး၊ မင်းမှာဝှက်ဖဲရှိသေးတယ်မလား"
မုဖူရှန်း၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွား၏။ သူလက်ချောင်းကို ပါးစပ်ရှေ့တွင်ထားပြီး တိတ်ဆိတ်နေရန် လက်ဟန်ပြပြီး စိုးရိမ်ပူပန်စွာပြောသည်။
"အစ်ကိုကြီး၊ အစ်ကိုရှောင်ဟိုင်၊ ကျွန်တော်တို့က ဂိုဏ်းတစ်ဂိုဏ်းတည်းကလေ၊ ကျွန်တော့်ကို ဒီလိုထိခိုက်အောင်လုပ်ပြီး ဝှက်ဖဲတွေကို မဖွင့်ပြသင့်ဘူးလေ"
ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့ အကူအညီမဲ့သွားရသည်။
မုဖူရှန်းက သတိထားတတ်သူပင်။
ဆရာ့တပည့်ဖြစ်လာကတည်းက သူပိုပို၍ပင် လေးနက်လာခဲ့သည်။ ထိုအချိန်တွင် ဓားရှည်ကိုင်ထားသည့်လူတစ်ယောက် လျှောက်လာပြီး ယဲ့ချိုးပိုင်အား ပြုံးပြသည်။
"အစ်ကိုယဲ့၊ မင်းက ဆယ်ရက်အတွင်းမှာ ပိုပြီး အားကောင်းလာပြန်ပြီနော်"
ထိုလူက ကျန်းတျန်ရှင်းဖြစ်သည်။
ယဲ့ချိုးပိုင်၏ ကောလဟာလများက အလယ်အလတ်အဆင့်ကြယ်နယ်မြေ တခုလုံးအတွင်း ပျံ့နေပြီဖြစ်သည်။
ကျန်းတျန်ရှင်းကလည်း ဒါကိုကြားခဲ့သည်။
သူဒီသတင်းကို ကြားသောအခါ အလွန်အမင်း အံ့ဩသင့်သွားခဲ့ရသည်။
ပို၍အံ့ဩသင့်စေသည့်အရာက ယဲ့ချိုးပိုင်က သွေးပြောင်းလဲခြင်းနယ်ပယ်ခွန်အားဖြင့် အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ကို အမှန်တကယ် အနိုင်ယူခဲ့ခြင်းပင်။
တဘကါလူ၏ခွန်အားက သူ့ထက် သိသာစွာသာလွန်နေသည့်အပေါ် သူအတော်လေး အံ့သြသင့်မိရသည်။ ဒါက ကျန်းတျန်ရှင်းအတွက် ကြီးမားသည့်မိုတီတခုပင်။
ယဲ့ချိုးပိုင်ပြုံးသည်။
"ဒါကတိုက်ဆိုင်မှုသက်သက်ပါပဲ"
ထိုအချိန်တွင် သွေးပင်လယ်ကဲ့သို့ သတ်ဖြတ်ခြင်းဆန္ဒတခု ထိုးထွက်လာသည်။ သွေးနီရောင်က ဒီနေရာကို အမှောင်ထုထဲတွင် ၀န်းရံပစ်ပုံရသည်။
အင်အားစုတိုင်းက ခေါင်းမော့လိုက်ကြ၏။
တည်ငြိမ်ခြင်း၊ ကြောက်လန့်ခြင်း၊ သို့မဟုတ် လေးနက်ခြင်း အစရှိသည့် အမူအရာများက ကိုယ်စီကိုယ်စီရှိနေကြသည်။
လူတိုင်း ငရဲဂိုဏ်းရောက်လာတယ်ဆိုတာကို သိလိုက်ကြသည်။
ပန်ရှီက အောက်ကလူစုကို ခြုံငုံကြည့်ရင်း မိစ္ဆာဆန်သည့်အပြုံးတပွင့်ကို ဖော်ဆောင်ကာ သူ့မျက်လုံးများက လောဘဖြင့် ပြည့်လျှမ်းနေသည်။
သူ့အကြည့်က မုဖူရှန်းရှိရာ မြင့်မြတ်အဆောင်ဂိုဏ်းသို့ ကျရောက်လာသောအခါ နှုတ်ခမ်းသပ်လိုက်သည်။
မုဖူရှန်းကလည် အကြည့်ကိုခံစားမိသဖြင့် မျက်လုံးချင်းဆုံရန် ခေါင်းမော့လိုက်၏။
"ငါမင်းကို မဟာပြိုင်ပွဲမှာ ရှုံးခဲ့ပေမယ့် သေမင်းဝိဉာဉ်မြို့မှာ အရာတွေက ပြောင်းလဲသွားလိမ့်မယ်"
ပန်ရှီနှာခေါင်းရှုံ့သည်။
"မင်း၀င်ပြီးရင် မင်းဝိဉာဉ်ကို ထိခိုက်ခွင့်မပြုနဲ့"
မုဖူရှန်းမော့ကြည့်လိုက်၏။
တာအိုဆွေးနွေးစင်မြင့်ပေါ်၌ ပြင်ပအရာ၀တ္ထုများကို အသုံးပြု၍မရပေ။
သို့စေကာမူ သေမင်းဝိဉာဉ်မြို့၌ ကန့်သတ်ချက် အများအပြားမရှိပါ။
မိစ္တာကျင့်ကြံသူတဖြစ်လဲ ငရဲဂိုဏ်းတွင် နည်းလမ်းမျိုးစုံရှိတာကို စိတ်ကူးယဉ်ကြည့်၍ရသည်။
မုဖူရှန်း ရုတ်တရင် လုချန်ရှန်းနည်းလမ်းကို သတိရသွားသည်။
ခြိမ်းခြောက်မှုတခုဖြစ်လာသည်နှင့် ဒါကို အမြန်ဆုံးဖယ်ရှားပစ်ရပေမည်။ မဖယ်ရှားနိုင်ပါက တတ်နိုင်သမျှမြန်မြန် ပြေးရမည်။ ဒီကံကြမ္မာကနေ လွတ်မြောက်ရန်ဟူသည် မဖြစ်နိုင်ပေ။
ငရဲဂိုဏ်းက လူတွေကိုအရင်ဆုံး လုပ်ကြံဖို့အတွင် ငါနေရာတစ်ခုရှာသင့်လား!
မုဖူရှန်းတွေးနေမိသည်။
ဒီဆယ့်ငါးရက်အတွင်း သူစိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ကျင့်ကြံနေသည်သာမက အရေးပေါ်အခြေအနေအတွက် အဆောင်တချို့ကိုပင် ရေးထွင်းခဲ့သည်။ တခြားတဘက်တွင် ကောင်းကင်ပြာမြစ်ဝါနန်းတော်က လူများလည်း ရောက်လာကြသည်။
ကွေ့ကောရင်ဦးဆောင်လာသည့် လူလေးယောက်က အနက်ရောင်၀တ်ရုံများ ၀တ်ဆင်ထားကြသည်။ သူတို့ကိုယ်ခန္ဓာက ပိနလှီပြီး သေခြင်းအော်ရာဖြင့် ပြည့်နှက်နေသည့်အလား မျက်နှာက ဖြူရော်နေသည်။ သို့စေကာမူ သူ့နောက်က လူသုံးယောက်က အရင်က မဟာပြိုင်ပွဲတွင် ပါ၀င်ခဲ့သူများနှင့် မတူပေ။
ကွေ့ကောရင်၏အကြည့်က ရှောင်ဟိုင်ပေါ်သို့ ကျရောက်လာသည်။
ရှောင်ဟိုင်ကလည်း တည်ငြိမ်စွာ ပြန်ကြည့်သည်။
"သေမင်းဝိဉာဉ်မြို့က တကယ့်စင်မြင့်ပဲ၊ အချိန်ကျလာတဲ့အခါကျရင် မင်း ကောင်းကင်ပြာမြစ်ဝါနန်းတော်ရဲ့ ခွန်အားကို တကယ်မြင်ရတော့မှာပါ၊ ပြီးတော့ မင်းက မြေအောက်ကမ္ဘာရဲ့ အမွေခံထိုက်သူမဟုတ်ဘူး"
ဒီလိုနှိုးဆွပေးနေသည့် စကားလုံးများကို ရင်ဆိုင်ရသည့်တိုင် ရှောင်ဟိုင်မဖြေပါ။
ကောင်းကင်ပြာမြစ်ဝါနန်းတော်ကို ရင်ဆိုင်ရစဉ် မထီမဲ့မြင်အော်ရာတခုက မသိစိတ်ကနေ စိမ့်ထွက်လာသည်။
ကောင်းကင်ပြာမြစ်ဝါနန်းတော်က သူ့အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။
"ကြည့်ရတာ နင့်ဂျူနီယာတွေက ပစ်မှတ်ထားခံနေရပုံပဲ"
ထိုအချိန်တွင် စုမုယောင်နှင့် လင်းကျိနန်တို့က ယဲ့ချိုးပိုင်ဘေးတွင် ရောက်လာကြ၏။
ယဲ့ချိုးပိုင်လက်အစုံကို ဆန့်လိုက်၏။
"အချိန်ကျလာတဲ့အခါကျရင် ငါတို့ဒါကို အတူတကွ ဖြေရှင်းကြမှာပါ"
လင်းကျိနန်သတိပေးသည်။
"သတိထားဦးနော်၊ ငရဲဂိုဏ်းရဲ့ လက်ရှိအခြေခံအုတ်မြစ်ကို ဘယ်သူမှမသိကြဘူး၊ဒါပေမယ့် သူတို့က အခုအရမ်းမောက်မာကြတယ်၊ သူတို့မှာ ယုံကြည်ချက်ရှိကိုရှိရမယ်၊ ဘယ်လိုပဲဆိုဆို အဲဒီအချိန်က သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေ တခုလုံးကို ဂိုဏ်းတစ်ဂိုဏ်းရဲ့စွမ်းအားလေးနဲ့ လှုပ်ခါစေနိုင်ခဲ့တဲ့ တည်ရှိမှုတခုပဲလေ၊ ကောင်းကင်ပြာမြစ်ဝါနန်းတော်ကိုတော့ နန်းတော်သခင်တောင် မသိဘူး"
နန်းတော်သခင်ဆိုတာက ဝိဉာဉ်အင်မော်တယ်နန်းတော်သခင်ကို ရည်ညွှန်းခြင်းပင်။
ဝိဉာဉ်အင်မော်တယ်နန်းတော်သခင်ပင် မသိသည့်ဂိုဏ်းတစ်ဂိုဏ်းက အမှန်တကယ် ဆန်းကြယ်ပေသည်။
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးပါ ညီအစ်ကိုလင်း"
ဘေးက စုမုယောင်က အချိန်မှန်တွင် ကြင်နာမှုကို ဖွင့်ဟလာသည်။
"တခုခုဖြစ်ပျက်လာခဲ့ရင် ငါတို့နင့်ကို ကူညီနိုင်ပါတယ်"
ဒီအတွက်ကြောင့် လင်းကျိနန် ယဲ့ချိုးပိုင်ကို မကျေနပ်စွာပြန်ကြည့်သည်။
စုမုယောင်ဆက်ပြောသည်။
"အဖိုးကနင့်ကို အရမ်းအမြင့်တွေးထားတယ်၊ နင်စုမိသားစုကို မ၀င်နိုင်ဘူးဆိုပေမယ့် ငါတို့မဟာမိတ်ဖြစ်လာနိုင်တာပဲလေ"
စုမုယောင် သူမ၏ရည်ရွယ်ချက်များကို ဖုံးကွယ်မထားခဲ့ပေ။
ဒါကမိုက်မဲခြင်းမဟုတ်ဘဲ အလွန်ကို ပါးနပ်သည့်လုပ်ရပ်ပေတည်း။
ဒီကမ္ဘာကြီးထဲတွင် ရှင်းပြလို့မရနိုင်သည့် ကြင်နာမှုဆိုတာ မရှိပါ။
သင်မသိသောလူတစ်ယောက်က သင့်ကို ကြင်နာမှုကို ပြသလာပါက သူ့တွင် သင့်အပေါ် နောက်ကွယ်က စေ့ဆော်မှုတခု ရှိရပေမည်။
ယဲ့ချိုးပိုင်ဒါကိုနားလည်ပါသည်။
ဒီကနေ စုမိသားစုက သူ့စွမ်းရည်ကို တန်ဖိုးထားတယ်ဆိုတာ ရှင်းလင်းစွာပြောနိုင်သည်။
ဒီလိုရက်ရောသည့်နည်းလမ်းက တဘက်လူကို သူတို့အပေါ် သဘောကျလာအောင် လုပ်ရန်အတွက် ရည်ရွယ်ချက်ရှိသည့် အရာတခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
စုမိသားစု၏ အကြီးဆုံးသမီးတဖြစ်လဲ စုမုယောင်တွင် အင်္ကျီလက်ထဲ၌ လှည့်ကွက်တချို့ရှိသည် ဟုဆို၍ရသည်။
ယဲ့ချိုးပိုင်ပြုံးကာ ပြန်ဖြေသည်။
"အချိန်ကျလာတဲ့အခါကျရင် အကူအညီလိုကောင်း လိုလာနိုင်ပါတယ်၊ အဲချိန်ကျရင် ကူညီပေးပါဦး၊ ကျေးဇူးပါ စီနီယာစု"
ယဲ့ချိုးပိုင်မငြင်းတာကို မြင်သောအခါ စုမုယောင် ခေါင်းညိတ်သည်။
ထိုအချိန်တွင် သေမင်းဝိဉာဉ်မြို့၀င်ပေါက်၌ လှိုင်းများပေါ်လာသည်။ လှိုင်းများအလယ်တွင် ဝိဉာဉ်အော်ရာအစက်အပျောက်လေးများက ဝိဉာဉ်ပင်လယ်တခုအဖြစ် ပြောင်းလဲသွားပြီး ၀င်ပေါက်က အက်ကြောင်းများကို ဖိသိပ်နေသည်။
ဒါတင်မက ဖိနှိပ်ခြင်းအားများလည်း ရောယှက်ပါ၀င်နေသည်။
ဒါက အရမ်းအဆင့်မြင့်သော သို့မဟုတ် အရမ်းအဆင့်နိမ့်သော နယ်ပယ်က လူများ ၀င်လာခြင်းကနေ တားဆီးရန်ဆိုတာ သိသာထင်ရှားနေသည်။
အင်အားစုတိုင်းက စကားပြောနေတာကို ရပ်လိုက်ကြပြီး ၀င်ပေါက်ကို စိုက်ကြည့်နေကြ၏။
အပိုင်း(657) coming။