#ဝိဉာဉ်များ၏မြို့
Vol. 46 Ch. 657
စိတ်ဝိဉာဉ်က အဆက်မပြတ်ထွက်လာပြီး ဝိဉာဉ်ပင်လယ်၌စုစည်းကာ ဒီနေရာအတွင်း ပျံ့နှံ့နေသည်။
ရက်တ၀က်မပြည့်ခင်မှာပင် အဆက်မပြတ် ချဲ့လာသည့် အက်ကြောင်းနှင့် စပ်ကြောင်းများက စိမ့်ထွက်လသည့် ဝိဉာဉ်စွမ်းအားကြောင့် အဆက်မပြတ်ပွင့်လာသည်။
ထိုအချိန်မှာပင် မရေမတွက်နိုင်လောက်သည့် အင်အားစုများက ထိုအပေါက်လေးထဲသို့ ၀င်ရန် အလုအယက်ကြိုးပမ်းကြသည်။
ရှေ့ပိုင်းကို သိမ်းပိုက်ထားသည့် အင်အားစုအနည်းငယ်ကတော့ ၀င်သွားခဲ့ကြလေပြီ။
သေမင်းဝိဉာဉ်မြို့ကို မြို့တစ်မြို့ဟု မဖော်ပြနိုင်လောက်ပေ။ ဒီနေရာက ဧရာမကျောက်နံရံကြီးများနှင့် ၀န်းရံနေသည့် အထင်ကရနေရာတခုနှင့် တူသည်။
ဒီအထင်ကရကြီးမားသည့်နေရာ၌ အရွယ်အစားမျိုးစုံရှိသည့် ရှေးဟောင်းမြို့များလည်းရှိသည်။
ဒါက ကမ္ဘာငယ်လေးတလုံးဟုပင် ခေါ်နိုင်သည်။
အက်ကြောင်းထဲ၀င်ပြီး စက္ကန့်အနည်းငယ်အတွင်း ယဲ့ချိုးပိုင် မြို့ပြင်ဘက်သို့ တစ်ယောက်တည်းရောက်လာတာကို တွေ့လိုက်ရသည်။
မြို့အပေါ် ကောင်းကင်၌ နေရောင် သို့မဟုတ် လရောင်ဟူ၍ မရှိသော်လည်း နဂါးငွေ့တန်းကဲ့သို့ တောက်ပနေသည့် ကြယ်စင်စုတခုရှိသည်။
ယဲ့ချိုးပိုင် ကြယ်ရောင်ကဲ့သို့ရှိနေသည့် တောက်ပနေသောအရောင်များ၌ အလွန်အမင်းအားကောင်သည့် ချိပ်တံဆိပ်အားတခုကို ခံစားမိသည်။
သေမင်းဝိဉာဉ်မြို့ရဲ့စည်းတံဆိပ်ကို ကြယ်စွမ်းအားကို အခြေခံအဖြစ် ထားပြီး တည်ဆောက်ခဲ့တာလား!
ယဲ့ချိုးပိုင် ရှေ့သို့ကြည့်လိုက်စဉ် သူ့ရှေ့တွင် ရပ်နေသည့် ရှေးဟောင်းမြို့တစ်မြို့ကို မြင်လိုက်ရသည်။
ပတ်၀န်းကျင်က ရှေးဟောင်းအော်ရာနှင့် ပြည့်နှက်နေသည်။
မြို့အလယ်တွင် ကောင်းကင်နှင့်မြေကြီးအား ထိုးဖောက်နေသည့် တိုင်ပုံသဏ္ဍာန် ကျောက်တိုင်ကြီးတစ်တိုင်ရှိသည်။
ကြယ်စွမ်းအားက ကောင်းကင်ကနေ ကျလာပြီး ကျောက်တိုင်ထဲတွင် စုစည်းကြသည်။
ရလဒ်အဖြစ် မြို့တစ်ဝိုက်တွင် ကြောက်မက်ဖွယ်ရာ ဖိနှိပ်အားတခုရှိနေသည်။
ယဲ့ချိုးပိုင် မြို့ထဲသို့ ဖြည်းဖြည်းချင်း၀င်လာပြီး ပတ်၀န်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဒါကသတင်းအချက်အလက် အနည်းငယ်သာရှိသည့် လျှို့ဝှက်နယ်မြေတခု မဟုတ်ပေလော။။
ခြေလှမ်းတိုင်းက သေခြင်းရှင်ခြင်း အန္တရာယ်များဖြင့် ပြည့်နှက်နေလောက်သည်။
ဆွေးမြေ့ပျက်စီးနေသည့် လမ်းပေါ်၌ လျှောက်နေစဉ် ပတ်၀န်းကျင်က နံရံများနှင့် အုတ်ချပ်များက ပြိုကျနေကြ၏။
ဒါတွေအားလုံးက တစ်ယောက်ယောက် ဒီမှာနေခဲ့ဖူးသည်ဟု ဆိုလိုနေခြင်းပင်။
သို့စေကာမူ ဒီပျက်စီးနေသည့်မြို့ထဲတွင် မည်သည့်အသက်ဓာတ်ကိုမှ ယဲ့ချိုးပိုင်မခံစားရပေ။
ဆန့်ကျင်ဘက်အနေနှင့် အဆုံးမဲ့နတ်ဝိဉာဉ်အော်ရာစီးကြောင်းတခုသာ ရှိသည်။
ဒါက ယဲ့ချိုးပိုင်ကို စိတ်ရှုပ်ထွေးနေသည်။
အသက်ဓာတ်မရှိဘူးဆိုရင် ဒီဝိဉာဉ်တွေက ဘယ်ကလာကြတာလဲ!
ယဲ့ချိုးပိုင်ကို ပို၍စိတ်ရှုပ်ထွေးနေတာက သူမြို့ထဲသို့ ၀င်လိုက်တာနှင့် ဒီဝိဉာဉ်များက လျှောက်သွားနေတာရပ်ပြီး သူ့ကို ပိတ်ဆို့လိုက်ပုံရသည်။
မသိစိတ်ကနေ ယဲ့ချိုးပိုင် ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး သူ့ပတ်၀န်းကျင်ကို စစ်ဆေးကြည့်လိုက်၏။
သို့စေကာမူ သူ့ဝိဉာဉ်က တွေ့ရှိသည့် အော်ရာက သူ့ကို ကြက်သီးမွေးညင်းများ ထသွားစေသည့် ခံစားချက်တခုကို ပေးလာသည်။
ဒီဝိဉာဉ်များက တကယ့်ဝိဉာဉ်များပင်။
ဝိဉာဉ်အသွင်က ဦးခေါင်းနှင့် ခန္ဓာအထက်ပိုင်းရှိသည့် လူသားပုံစံဖြစ်ပြီး အောက်ပိုင်းကမူ မီးခိုးများပမာဖြစ်ကာ လေထဲတွင် မြောပါနေကြ၏။
"အပြင်လူတွေလား"
ဝိဉာဉ်တခုက ယဲ့ချိုးပိုင်ရှေ့သို့ ဖြည်းဖြည်းချင်းမျောလာသည်။
အဖိုးအို၏ဝိဉာဉ်က ကြင်နာသည့်အပြုံးတပွင့်ကို ဖော်ပြသည်။
"နှစ်များစွာအကြာမှာတော့ ငါနောက်ဆုံးတော့ အပြင်လူတစ်ယောက်ကို တွေ့ခဲ့ပြီ"
ယဲ့ချိုးပိုင်မေးလိုက်၏။
"ဒီကအခြေအနေကဘယ်လိုမျိုးလဲ"
"မင်းမြင်တဲ့အတိုင်းပါပဲ" အဖိုးအိုက ပြုံးနေသေးသော်လည်း သူအပြုံး၌ စိတ်ပျက်နေသည့် အရိပ်အယောင်တခုရှိနေသည်။
"ဒါက မူလက လူသားမြို့တစ်မြို့ပါ၊ ဒါပေမယ့် အပြင်လူတွေရဲ့ ကျူးကျော်မှုက မြို့တခုလုံးကို ဖျက်ဆီးပစ်ရုံတင်မက ငါတို့ရဲ့ စိတ်ဝိဉာဉ်တွေကိုလည်း ဒီမြို့ထဲမှာ ထာ၀ရပိတ်မိနေစေခဲ့တယ်၊ ငါတို့မသေနိုင်သလို ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲမှာလည်း မ၀င်နိုင်ဘူး"
အပြင်လူတွေရဲ့ကျူးကျော်မှုလား!
ဒီမြို့ထဲမှာ ဖိနှိပ်ခံရတာလား!
ယဲ့ချိုးပိုင် မြို့အလယ်က ကျောက်တိုင်ကို မော့ကြည့်လိုက်မိသည်။
ဒါကိုမြင်သောအခါ အဖိုးအိုကလည်း ယဲ့ချိုးပိုင်အကြည့်အတိုင်း လိုက်ပါကြည့်ရှုရင်း ခါးသီးစွာပြုံးသည်။
"မှန်တယ်၊ ဒါကငါတို့ကိုဖိနှိပ်ထားတဲ့ တရားခံပဲ"
အကြောင်းအရာကို ပြောင်းပစ်ကာ အဖိုးအိုကပြုံးသည်။
"ဒါပေမယ့် မင်းတို့အပြင်လူတွေ အမွေအနှစ် အခွင့်အလမ်းတွေ ရှာဖို့အတွက် ဒီမှာရှိနေရတာဖြစ်မယ်၊ ဟုတ်တယ်မလား"
ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်ရင်း တည်ငြိမ်စွာခေါင်းညိတ်သည်။
"ကောင်းပြီ၊ ငါ့လက်ထဲမှာ အမွေအနှစ်နဲ့ ပတ်သက်တဲ့ သဲလွန်စတခုရှိတယ်၊ တကယ်လို့ မင်းကျောက်တိုင်ပေါ်က တံဆိပ်ကို ပြန်ဖျက်ပြီး ငါတို့ကို ပြန်လည်မွေးဖွားခြင်းကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ရင် ငါမင်းကို ဒီသဲလွန်စကို ပေးမယ်၊ ဘယ်လိုသဘောရလဲ"
အဖိုးအိုက ယဲ့ချိုးပိုင်သူ့ကို မယုံမှာကို စိုးရိမ်သည့်အလား လက်ချောင်းကို ဆန့်ထုတ်ပြီး ဝိဉာဉ်အမှတ်အသားတခု ထုတ်လွှတ်သည်။
ထိုအမှတ်မသားထဲတွင် အမှတ်တကယ်ပင် ဓားဆန္ဒအမျှင်စတခုရှိသည်။
"ဒါကအမွေအနှစ်နဲ့ပတ်သက်တဲ့ သဲလွန်စပဲ၊ ဘယ်လိုလဲ"
ယဲ့ချိုးပိုင်အဖိုးအိုအားကြည့်ကာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်သည်။
"သေချာတာပေါ့၊ ဒါပေမယ့် စည်းတံဆိပ်ကို ဘယ်လိုချိုးဖျက်ရမလဲဆိုတာ ခင်ဗျား ကျွန်တော့်ကို ပြောဖို့လိုတယ်"
ထိုစကားကိုကြားသောအခါ အဖိုးအိုက အနည်းငယ်ပျော်သွားပုံရသည်။
"ငါနဲ့အတူလိုက်ခဲ့"
ထို့နောက် သူကျောက်တိုင်ရှိရာသို့ မျောသွားစဉ် ယဲ့ချိုးပိုင် အနီးကပ်လိုက်ပါလာသည်။
မြို့က ကြီးပုံမရသော်လည်း ကျောက်တိုင်ဆီသို့ရောက်ရန် အချိန်အတော်ယူခဲ့ရသည်။
သူကျောက်တိုင်နှင့်ပိုနီးလာလေလေ၊ တံဆိပ်ခတ်ထားသည့်အော်ရာက ပို၍ အားကောင်းလာလေလေပင်။
ယဲ့ချိုးပိုင် သူ့အသိစိတ်ပင်လယ်ကပင် အဆက်မပြတ် တုန်ခါနေတာကို ခံစားနေရသည်။
သို့စေကာမူ သူ့ရှေ့က အဖိုးအိုက မည်သည့်ပုံမှန်မဟုတ်သည့် လက္ခဏာကိုမှ မပြသပေ။
သူတို့ ကျောက်တိုင်အောက်ခြေသို့ ရောက်လာကြသည်။
ဒီနေရာက အောက်ပိုင်းဒေသတခုအတွင်း ဖြစ်သည်။
အပေါ်မော့ကြည့်သောအခါ ဧမရာကျောက်တိုင်ကြီးက ကြယ်ရောင်အများစုကို ဖုံးထားသဖြင့် အတော်လေး မှောင်မိုက်နေစေသည်။
ကျေးဇူးရှင်က ယဲ့ချိုးပိုင်ရှေ့တွင် အမှန်တကယ် အဆောင်များအတွင်း ဖုံးအုပ်ခံထားရပုံရသည်။
အဆောင်များကို အစီအရင်တခုဖန်တီးရန် အတူတကွဆက်သွယ်ထားကြသည်။
အဖိုးအို၏ဝိဉာဉ်က ထိုအဆောင်များကို လက်ညိုးထိုးပြသည်။
"လူငယ်လေး၊ ဒီမြို့ရဲ့စည်းတံဆိပ်ကို ဖျက်ပြီး ငါတို့ကိုလွတ်မြောက်စေဖို့အတွက် မင်းဒီအဆောင်တွေကိုပဲ ချိုးဖျက်ဖို့လိုတယ်"
ယဲ့ချိုးပိုင်မေးသည်။
"ကျွန်တော့်ခွန်အားနဲ့ ဒါကို မချိုးဖျက်နိုင်ရင်ရော"
အဖိုးအိုပြုံးပြသည်။
"ဘယ်လိုပဲဆိုဆို အရမ်းကြာလှပြီဆိုတော့ အဆောင်ရဲ့စွမ်းအားကလည်း ကုန်ခမ်းနေပါပြီလေ၊ ဒါပေမယ့် စိတ်ဝိဉာဉ်ကို မဖယ်ရှားနိုင်သေးဘူး၊ ဒါကို ရုပ်ပိုင်းအရ ထိတွေ့မှသာလျှင် စည်းတံဆိပ်ကို ချိုးဖျက်နိုင်မှာ"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ခေါင်းညိတ်ပြီး ရှေ့သို့လျှောက်သွားသည်။
သူရှေ့သို့လှမ်းလိုက်နိုင်း ကျောက်တိုင်နှင့် မီတာပို၍ပို၍ပင်နီးလာသည်။
သူ့နောက်က အဖိုးအိုဝိဉာဉ်၏ ပါးစပ်ထောင့်စွန်းက ဖြည်းဖြည်းချင်းကျယ်လာပြီး သူ့မျက်နှာပေါ်က ကြင်နာသည့်အပြုံးက ဖြည်းဖြည်းချင်းမိစ္ဆာဆန်လာသည်။
ယဲ့ချိုးပိုင် လက်ကို ဆန့်ထုတ်လိုက်သည့် အခိုက်အတန့်၌ အဖိုးအိုဝိဉာဉ်၏ အော်ရာက စတင်ပြောင်းလဲလာပုံရသည်။
သူကအဆောင်နှင့် လက်ချောင်းနှစ်ချောင်းစာမျှသာ လိုတော့ချိန်တွင် ယဲ့ချိုးပိုင် ရုတ်တရက်ရပ်ပြီး မျက်နှာ၌ ကြင်နာသည့် အပြုံးတခုရှိသည့် အဖိုးအိုကို လှည့်ကြည့်လိုက်လေသည်။
"ဘာဖြစ်လို့လဲ"
ယဲ့ချိုးပိုင်ရုတ်တရက်ပြုံးသည်။
"ကျုပ်တံဆိပ်ကို ချိုးဖျက်လိုက်တဲ့အချိန်က ခင်ဗျားကျုပ်ကို တိုက်ခိုက်လာမယ့်အချိန်မလား"
အဖိုးအိုကအရူးတစ်ယောက်ပမာ ဟန်ဆောင်နေသည်။
"မင်းဘာတွေပြောနေတာလဲ"
ယဲ့ချိုးပိုင်လက်ကိုချရင်း လှည့်ကာ အဖိုးအို၏ ဖြည်းဖြည်းချင်း အေးစက်လာသည့် အကြည့်အောက်တွင် မှိန်ဖျော့စွာပြုံးရင်း ပြောသည်။
"ဒီမြို့မှာ ခင်ဗျားက နှစ်များစွာဖိနှိပ်ခံထားရပြီး အပြင်လူတွေက ခင်ဗျားတို့ကို တိုက်ရိုက်သတ်နိုင်တာဆိုတော့ ဘာလို့ ခင်ဗျားကို ဖိနှိပ်ခဲ့ရတာလဲ၊ ခင်ဗျားမှာ ကြောက်စရာခွန်းအားရှိလို့လား ဒါမှမဟုတ် သူတို့မှာ ခင်ဗျားကို ဖိနှိပ်ရုံကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့တာများလား"
"ဒါ့အပြင် ခင်ဗျားက အသတ်ခံရပြီး အကြောင်းမဲ့ဖိနှိပ်ခံထားရတာဆိုရင် အပြင်ပကမ္ဘာရဲ့ အမွေအနှစ်အကြောင်းကို ဘယ်လိုသိတာလဲ၊ ဒါ့တင်မကဘူး၊ ခင်ဗျားလက်ထဲမှာ အရေးကြီးတဲ့သဲလွန်စတွေတောင်ရှိနေတယ်"
အဖိုးအို၏မျက်လုံးများမှ ကြင်နာမှုက လုံး၀ပျောက်ကွယ်သွားပြီး ပါးစပ်ထောင့်စွန်းက ကွေးညွတ်သွားသည်။
"ပြီးတော့ ခင်ဗျားဘာဖြစ်လို့ ဓားသမားတစ်ယောက်ရဲ့ အမွေအနှစ်ကို ယူခဲ့ရတာလဲ၊ ကျွန်တော် ဓားဆန္ဒကို မထုတ်ဖော်ခဲ့တာ ရှင်းနေပေမယ့် ခင်ဗျားကသိထားတယ်၊ ဒါကဆိုလိုတာက ခင်ဗျားက သာမန်လူတစ်ယောက်မဟုတ်သလို သာမန်စိတ်ဝိဉာဉ်တခုလည်းမဟုတ်တာပဲ...."
အပိုင်း(658) coming။