← Chapters

#အစွယ်များအားထုတ်ပြခြင်း#

Vol. 46 Ch. 658

#အစွယ်များအားထုတ်ပြခြင်း#

Vol. 46 Ch. 658

ဒီအဖိုးအိုက အသက်ရှင်စဉ်က ဆန်းကြယ်သော ကျူးကျော်သူတစ်ယောက်၏ သတ်ပစ်ခြင်းကို ခံခဲ့ရပြီး သူတို့အရင်စကားများအရ ဒီနေရာတွင် ဖိနှိပ်ခံခဲ့ရခြင်းပင်။ ဒီလိုဆိုပါက မေးခွန်းတခုရှိလာသည်။ မည်သည့်အတွက်ကြောင့် အဖိုးအို၏ ဝိဉာဉ်က အသတ်ခံရပြီးနောက်တွင် ဒီနေရာ၌ ဖိနှိပ်ခံထားရလေသနည်း။

သူဘယ်လိုလျှို့ဝှက်ချက်မျိုးတွေကို ဖုံးကွယ်ထားလေသနည်း။

များသောအားဖြင့် သူတို့ဖိနှိပ်ထားရသည့် အကြောင်းရင်းက ဒီလူကအရမ်းအားကောင်းပြီး လုံး၀မသတ်နိုင်သောကြောင့်ပင်။ ထို့ကြောင့် သူ့ကို သူတို့ ဖိနှိပ်ရုံသာ တတ်နိုင်ကြသည်။

ဖြစ်နိုင်တာက ထိုကျူးကျော်သူဟု ခေါ်သူက လုံလုံလောက်လောက် အားမကောင်းဘဲ အဖိုးအိုကို ဖိနှိပ်နိုင်ရုံမျှသာဖြစ်နိုင်သည်။

ဒီလိုသာဆိုပါက ဒါကယဲ့ချိုးပိုင်ကို အနည်းငယ်စိတ်ရှုပ်သွားစေပြီး ဘယ်အရာကိုမှ သေချာတော့မည်မဟုတ်ပေ။

သို့စေကာမူ အဖိုးအိုက ဓားတာအိုအမွေအနှစ်နှင့် ပတ်သက်သည့် ဝိဉာဉ်အမှတ်အသားတခုကို ထုတ်ပြသောအခါ ဒီအဖိုးအိုက တခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ ယဲ့ချိုးပိုင်သေချာသည်။ မဟုတ်ပါက ဒီမြို့မှာနေထိုင်ပြီး မြို့ထဲကနေ မထွက်သွားနိုင်အောင် ဖိနှိပ်ခံထားရသည့် ဝိဉာဉ်တခုက အပြင်ပကမ္ဘာက ဓားတာအိုအမွေအနှစ်တခုကို မည်သည့်အတွက်ကြောင့် သိနေရလေသနည်း။

သူတို့အချင်းချင်းမသိသလို မည်သည့်ခင်မင်းရင်းနှီးမှုမျိုးမှ မရှိသည့်အခြေအနေတွင်ပင် သူက ယဲ့ချိုးပိုင်ကို စည်းတံဆိပ်အား ဖျက်ခွင့်ပေးလေသည်။

ယဲ့ချိုးပိုင်တိုက်ခိုက်လာပါကရော! သူဒီလိုလုပ်မည်မဟုတ်!

ယဲ့ချိုးပိုင် မျက်နှာကရက်စက်နေပြီး မျက်လုံးများက မိစ္ဆာဆန်ကာ အညှာတာကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည့် အဖိုးအို၏ဝိဉာဉ်ကို ပြန်ကြည့်လိုက်သည်။

"ဓားသမားတစ်ယောက်အတွက် ဓားတာအိုအမွေအနှစ်က အရမ်းဆွဲဆောင်မှုရှိသင့်တာမလား"

ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။

"ရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျုပ်မလိုအပ်ဘူးလေ"

"ဒါ့အပြင် ဒါကိုသုံးဖို့အတွက် အရင်ဆုံး အသက်ရှင်နေဖို့ လိုသေးတယ်လေ"

အကယ်၍တခြားဓားသမားများဆိုပါက သေမင်းဝိဉာဉ်မြို့၌ ဖိနှိပ်ထားသည့် အမွေအနှစ်က အဆင့်အနိမ့်ဆုံးဆိုလျှင်ပင် ကျင့်ကြံသူများအတွက် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ သူတို့ကံကြမ္မာကို ပြောင်းလဲပစ်ရန် အခွင့်အရေးတခုလည်း ဖြစ်သဖြင့် သူတို့ တုံ့ဆိုင်းနေခဲ့လောက်သည်။

ဒီတုံ့ဆိုင်းမှုက သူ့အတွေးကိုနှောင့်ယှက်ပြီး ပုန်းကွယ်နေသည့် အန္တရာယ်များအကြောင်း တည်ငြိမ်စွာ တွေးတောခြင်းကနေ တားဆီးပေလိမ့်မည်။

ဒါကသေစေလောက်ပေသည်။

အဖိုးအို၏ဝိဉာဉ်က အမှားတခုလုပ်ခဲ့သည်။

ယဲ့ချိုးပိုင်တွင် အမွေအနှစ်များစွာရှိသည်။

ကြယ်ကြွေဓားပညာရပ် သို့မဟုတ် ခေးအောစ့်အနှစ်သာရဓားအင်မော်တယ် အမွေအနှစ်၊ ရှေးဦးမူလဓားကျမ်းနှင့် သူ့ဆရာ သူ့ကိုပေးခဲ့သည့် တိမ်ပြာဓားလည်းရှိသည်။

အမွေအနှစ်တခုအတွက် ဒီလောက်ကြီးမားသည့် စွန့်စားမှုမျိုးကို လုပ်နေစရာမလိုပေ။

ဒါကိုကြားသောအခါ အဖိုးအို၏ဝိဉာဉ်က ကောက်ကျစ်သည့်အပြုံးတခုကို ပြသသည်။

"ဒီလိုဆိုမှတော့ ငါမင်းကို ပိုင်ဆိုင်အောင်လုပ်ပြီး တံဆိပ်ကို ဖျက်ဆီးရုံပဲပေါ့"

ယဲ့ချိုးပိုင်အနည်းငယ်အံ့ဩသင့်သွား၏။

"ဒါဆိုဘာလို့အရင်က ဒါကိုတိုက်ရိုက်မလုပ်ခဲ့ရတာလဲ၊ ဘာလို့ဒီလောက်ထိ လမ်းကြောင်းပြောင်းနေခဲ့ရတာလဲ"

အဖိုးအို၏ဝိဉာဉ်က အေးစက်စွာပြောသည်။

"ငါတို့ဝိဉာဉ်တွေက အချိန်နဲ့အတူ ပျက်စီးနေပြီး အဆက်မပြတ်အားနည်းနေတယ်၊ ငါတို့ဝိဉာဉ်တွေရဲ့ ပုံမှန်လှုပ်ရှားမှုကိုတောင် ထိန်းသိမ်းထားဖို့ဆိုတာ ငါတို့အတွက် အရမ်းခက်ခဲနေပြီ၊ ငါတို့သာ ဒါကို ပြန်သိမ်းဖို့ကြိုးစားရင် ဒါက ငါတို့ဝိဉာဉ်ကို စားသုံးသွားလိမ့်မယ်"

ထိုနေရာသို့ရောက်သောအခါ အဖိုးအို၏ဝိဉာဉ်က နှာခေါင်းရှုံ့သည်။

"ဒါပေမယ့်မစိုးရိမ်ပါနဲ့၊ ဝိဉာဉ်က စားသုံးခံရမှာဆိုပေမယ့် စည်းတံဆိပ်ပျက်သွားသရွေ့ ဒါကို ပြန်လည်တည်ဆောက်ဖို့အတွက် ငါတို့ ဝိဉာဥ်အမျိုးအစား ရှေးဟောင်းပစ္စည်းတခုကို ရှာဖွေမှာပါ"

ထို့နောက် အဖိုးအို၏ဝိဉာဉ်က အဖြူရောင်အလင်းတန်း အစက်အပျောက်တခုအဖြစ် ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်၏ မျက်ခုံးကြားသို့ ထိုးဖောက်၀င်ရောက်လာသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်၏ အမူအရာက တည်ငြိမ်နေသည်။ သူ့လက်ထဲတွင် ဓားအိမ်ပါဓားတစ်လက်ပေါ်လာသည်။

ဓားရှည်က ရိုးစင်းကာ အလှဆင်မထားသလို သူ့မျက်နှာရှေ့၌ ကာဆို့ထားသည်။

ထိုအချိန်တွင် အဖိုးအို၏ဝိဉာဉ်က တိမ်ပြာဓား၏ဓားအိမ်နှင့် တိုက်မိစဉ် မူလကတိတ်ဆိတ်နေသည့် တိမ်ပြာဓားက ရုတ်ချည်းဆိုသလို ကြောက်ခမန်းလိလိ ဓားဆန္ဒဖြင့် ပေါက်ကွဲကာ သူ့ရှေ့က အဖိုးအို၏ ဝိဉာဉ်က နှစ်ပိုင်းဖြတ်ပစ်သည်။

ကျန်စိတ်ဝိဉာဉ်တ၀က်က အလျင်အမြန် လွတ်မြောက်သွားသည်။

ဒီအခိုက်အတန့်မှာပင် သေခြင်းတရားကနေ လွတ်မြောက်ခဲ့သော်လည်း အဖိုးအို၏ ဝိဉာဉ်က တပိုင်းတစကြည်လင်လာသည်။

သူ့မျက်နှာက ကြောက်စိတ်ဖြင့် ပြည့်နှက်နေသည်။

"ဒါဘာဓားကြီးလဲ"

တိမ်ပြာဓား၏အဆင့်အရ သူတော်စင်အဆင့် လက်နက်တခုတဖြစ်လဲ ဒီစိတ်ဝိဉာဉ်ကျူးကျော်မှုအဆင့်ကို ခုခံရန်ဟူသည် လွယ်ကူသည်။

ယဲ့ချိုးပိုင်မဖြေဘဲ တိမ်ပြာဓားကိုဖယ်ရှားလိုက်၏။ ယခုဆိုပါက အဖိုးအိုတွင် တဘက်လူ၏ကိုယ်ခန္ဓာကို ထိန်းချုပ်ရန်အတွက် စွမ်းရည်ပျောက်သွားလောက်ပါပြီ။

"ကောင်းပြီ၊ ကျုပ်ကို အမွေအနှစ်ကို လွဲပေးရင် ခင်ဗျားကို သွားခွင့်ပေးမယ်ဆိုရင်ရော"

အခြေအနေက ပြန်ပြောင်းသွားလေပြီ။

သူသာ အမွေအနှစ်ကို လက်လျှော့လိုက်ပါက ဒါကအဆင်ပြေလောက်သည်ဟု ယဲ့ချိုးပိုင်ထင်ခဲ့သည်။ သို့သော် ဒီဝိဉာဉ်က သူ့ကို ခေါင်းချင်းဆိုင်လာသည်မှာ သနားစရာပင်။

အဖိုးအို၏အမူအရာက အတော်လေး ကြည့်ရဆိုးသွား၏။

သူ့ဝိဉာဉ်စွမ်းအားတစ်၀က်ကျော် ဆုံးရှုံးသွားလျှင်ပင် သူအသက်ရှင်နိုင်ပါသေးသည်။

ဒါကိုတွေးမိသောအခါ အဖိုးအို၏ ဝိဉာဉ်ကိုယ်ထည်က ရွေးချယ်စရာမရှိတော့ဘဲ ဝိဉာဉ်အမှတ်အသားကို လက်လွှဲလာသည်။

ထို့နောက် သူအေးစက်စွာ နှာခေါင်းရှုံ့ရင်း ထွက်သွားချင်နေသည်။

ယဲ့ချိုးပိုင်ပြောသည်။

"ခနလေး"

အဖိုးအို၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

"ဘာလဲ၊ မင်းလိုချင်တာကို မင်းကိုပေးပြီးပြီ၊ ဓားသမားတစ်ယောက်အနေနဲ့ မင်းက ကတိဖျက်တော့မှာလား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"မဟုတ်ပါဘူး၊ ကျုပ်ခင်ဗျားကို ကျုပ်ကို သေမင်းဝိဉာဉ်မြို့ရဲ့ အခြေအနေရပ်အကြောင်းကို ပြောပြစေချင်တာပါပဲ"

"ဒါ့အပြင် ကျုပ်ခင်ဗျားကို လွှတ်ပေးဖို့ ပြောခဲ့ပေမယ့် နောက်ပိုင်းကျရင်လည်း မသတ်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ"

ဒီစကားကိုကြားသောအခါ အဖိုးအို၏ ကြည်လင်နေသည့်မျက်နှာက မကြည်လင်တော့ပါ။

မျှော်လင့်မထားစွာပင် သူက လူငယ်ဂျူနီယာလေးတစ်ယောက်၏ ဖမ်းဆုပ်ခြင်းကို ခံခဲ့ရလေသည်။

သို့သော်ဘာအရေးနည်း။

တခြားတစ်ယောက်၏ခေါင်မိုးအောက်တွင် ခေါင်းငုံ့ရန်ကလွဲ၍ သူ့မှာ တခြားရွေးချယ်စရာမရှိပါ။

"ကောင်းပြီ၊ ဒါပေမယ့် မင်းငါ့အသက်ကို ကယ်တင်ပေးရမယ်"

"မဟုတ်ဘူးဆိုရင် ငါသေရင်တောင် မင်းကိုမပြောဘူး၊ ဒါက ဒီသေမင်းဝိဉာဉ်မြို့ရဲ့ သေခြင်းတရားကနေ မင်းလွတ်မြောက်နိုင်မယ့် သတင်းမဟုတ်ဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကျုပ်ကိုလှည့်စားဖို့ကို တွေးတောမတွေးနဲ့၊ ကျုပ်ဝိဉာဉ်က ခင်ဗျားကို ပိတ်ဆို့ထားတယ်၊ ခင်ဗျားလိမ်ပြောတာနဲ့ ကျုပ်က မူမမှန်မှုကို ရှာတွေ့နိုင်လိမ့်မယ်၊ တွေ့မိရင်တော့ ကျုပ်တိုက်ရိုက်အရေးယူမယ်"

ဒါကိုမြင်သောအခါ အဖိုးအိုပြောသည်။

"မင်းဘာသိချင်တာလဲ"

"ပထမဆုံးအနေနဲ့ ဒီမှာဖြစ်ပျက်တာကို ပြောကြရအောင်၊ ဘာလို့ခင်ဗျားတို့က ဒီမှာ ဖိနှိပ်ခံနေရတာလဲ"

အဖိုးအိုက အနည်းငယ်သက်ပြင်းချကာ ပြန်ဖြေသည်။

"ငါတို့အကြောင်းရင်းကိုတော့ မသိဘူး၊ ဒါပေမယ့် ငါတို့စိတ်ဝိဉာဉ်တွေက တချိန်လုံး ထုတ်ယူခံနေရတယ်"

"အမြန်နှုန်းက အရမ်းနှေးတယ်ဆိုပေမယ့် ကြာလာတော့ ငါတို့ဝိဉာဉ်ကိုယ်ထည်တွေက လုံး၀ပျောက်ကွယ်သွားလိမ့်မယ်၊ ဒါကြောင့် ငါအရမ်းစိုးရိမ်နေရတာပဲ၊"

အကယ်၍အပြင်လူတစ်ယောက်ကသာ မစုပ်ယူပါက အားကောင်းသည့် လူတစ်ယောက်၏ ဝိဉာဉ်ကို အင်မော်တယ်ဟု ဆို၍ရသည်။

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဒီတော့ သေမင်းဝိဉာဉ်မြို့ကိုဖွင့်တဲ့ အကြိမ်ရေက နည်းတယ်ဆိုပေမယ့် ပထမအကြိမ်ရေအနည်းငယ်မှာ ခင်ဗျားမအောင်မြင်ခဲ့တာများလား"

အဖိုးအိုနှာခေါင်းရှုံ့သည်။

"ဘယ်သူမှမအောင်မြင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"သေမင်းဝိဉာဉ်မြို့ဖွင့်လိုက်တိုင်း အကျိုးခံစားခွင့်တွေကနေ လိမ်လည် လှည့်စားခံရတဲ့သူတွေဆိုတာ အမြဲရှိတာပဲ၊ သူတို့က စည်းတံဆိပ်ကိုအသက်သွင်းနိုင်ပြီး ငါတို့က သူတို့ဝိဉာဉ်တွေကို ဝါးမြိုနိုင်တာပဲလေ"

"ဒါက သေမင်းဝိဉာဉ်မြို့ကို ၀င်လာတဲ့ အပြင်လူတိုင်းက အပြင်ကမြို့တစ်မြို့စီကို ကျပန်းပို့ဆောင်ပေးလို့ပဲ၊ မင်းကငါရှိတဲ့ မြို့ကို ပထမဆုံးလာခဲ့တဲ့သူပဲ၊ ပြီးတော့ အဲဒီချိတ်တံဆိပ်ကို ဖွင့်လှစ်နိုင်ခဲ့တဲ့ ဝိဉာဉ်ကိုယ်ထည်တွေကတော့ သေမင်းဝိဉာဉ်မြို့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး ဒီဒေသကနေ စွန့်ခွာနှင့်ပြီးပြီ"

"အရမ်းမအံ့ဩပါနဲ့၊ ဒီနေရာမှာ ဖိနှိပ်ခံထားရတဲ့သူတွေက အားမနည်းဘူး၊ သူတို့ ခွန်အားကိုရနိုင်တာနဲ့ ဒီကန့်သတ်ချက်တွေကို ကျော်လွှားဖို့ဆိုတာ လွယ်ကူတယ်"

ထို့နောက် ယဲ့ချိုးပိုင်၏ နောက်မေးခွန်းက သူ့ကို သေမင်းဝိဉာဉ်မြို့က မြို့အုပ်စုများစွာ၏ ၀န်းရံခြင်းကိုခံထားရပြီး မြို့တစ်မြို့စီတွင် ဖိနှိပ်ထားသည့်အားကောင်းသော ဝိဉာဉ်တခုစီရှိတာကို သိစေသည်။ တခြားဝိဉာဉ်များကမူ ဒီနေရာကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်သည့် စစ်သားများနှင့် ဗိုလ်ချုပ်များသာ။

ဒီအစွမ်းထက်ဝိဉာဉ်အားလုံးတွင် သူတို့လက်ထဲ၌ အမွေအနှစ်သဲလွန်စများ အနည်းနှင့်အများရှိပါသည်။

ဒီနေရာက အလယ်ဗဟို၌ အမွေအနှစ်လျှို့ဝှက်မြေပင်။

သို့စေကာမူ အလယ်တွင် ဘာတွေဝှက်ထားသလဲဆိုတာ မည်သူမှမသိကြပါ။ အကြောင်းရင်းက ဘယ်သူမှ အလယ်တွင် ခြေမချခဲ့ကြသောကြောင့်ဖြစ်သဘ်။

ဒါက ယဲ့ချိုးပိုင်ကို မှန်းဆခွင့် အနည်းငယ် ပေးလေသည်။

အရာရာတိုင်းက တစ်ယောက်ယောက် တမင်တကာလုပ်ခဲ့သည့် အရာများဟု ထင်ရပြီး ဒါအားလုံးက စမ်းသပ်မှုတခုဖြစ်ပုံရသည်။

အပိုင်း(659) coming။

All Chapters