← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

သူက ထိုလူများ၏ နောက်ခံအား သိပ်ဂရုမစိုက်လှသော်လည်း ရန်ငြိုးများ မနှောင်ဖွဲ့လိုပေ။ သူ၏ ရွှမ်မိသားစုအင်းအားမှာလည်း သေးငယ်လှသေး၏။

ထို့ကြောင့် ထိုလူများအား ခေါ်သွားရန်ဆုံးဖြတ်လိုက်သည်။

သူတို့၏ အစွမ်းအစဖြင့် ဘယ်လောက်များများ ရိတ်သိမ်းနိုင်မှာမို့လို့လဲ…?

ချင်တျန်ဂီက ၀မ်းသာအားရဖြစ်သွားပြီး လက်ယှက်ကာ

“ ကျုပ် ချင်တျန်ဂီက ခင်ဗျားရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်…”

ပထမက သူ့စိတ်ထဲတွင် လျှို့ဝှက်နယ်မြေခရီးမှာ ဤတွင်း အဆုံးသတ်ပြီဟု တွေးနေခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်သောအရာများ တစ်ခုပြီးတစ်ခုဖြစ်လာခဲ့၏။

ထို့နောက် ထိုလူစုက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ရှိရာ ဦးတည်လိုက်ကြသည်။

ရွှမ်ယီက လူအုပ်ရှေ့တွင်ရပ်လျက် အရှေ့သို့ ဓားတစ်ချက်ခုတ်ချလိုက်လျှင် ကျယ်လောင်သောအသံနှင့်တကွ မီတာ(၁၀၀)နီးပါး ဓားချီအလင်းတန်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ဘန်း…

ထိုအခါ ဒါဇင်နှင့်ချီသော အလင်းလုံးလေးများ ထွက်ပေါ်လာခဲ့သည်။

ရွှမ်ယီကလက်တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကိုင်မိသားစုနှင့် ရွှမ်မိသားစုမှ လူများအား ၎င်းတို့အား လိုက်လံစုဆောင်းရန် အချက်ပြလိုက်၏။

ထို သေးငယ်သော အလင်းလုံးထဲတွင် ပါ၀င်သော ဥပဒေသစွမ်းအား ပမာဏက ဆယ်ခုခန့်ဆိုလျှင် အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူတစ်ဦးအား ဘုရင်အဆင့်သို့ တွန်းပို့ပေးနိုင်စွမ်းရှိသည်။

ဘန်း..ဘန်း..ဘန်း..

စိတ်ဝိညာဉ်ကိုယ်ပွားများ အဆက်မပြတ် ပေါက်ကွဲနေ၏။ ၎င်းတို့က အခြေတည်ဝိညာဉ်အဆင့်(၇)သာရှိပြီး ရွှမ်ယီအတွက် ဖိအားအနည်းငယ်မျှမရှိပေ။ အလွယ်တကူဖျက်ဆီးနိုင်စွမ်းရှိသည်။

“ ဒီမှာပဲ စောင့်နေကြ.. ကျုပ် မျှော်စင်ထဲ တစ်ချက်၀င်ကြည့်လိုက်ဦးမယ်…”

ရွှမ်ယီက လက်စသတ်သည့်အနေနှင့် ဓားတစ်ချက်ထပ်ခံထုတ်လွှတ်လိုက်ပြီးနောက် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အား မော့ကြည့်လိုက်သည်။

၎င်းက လျှို့ဝှက်နယ်မြေအတွင်း၌ နှစ်ပေါင်းများစွာတည်ရှိနေပြီး အလွန်အမင်းဆန်းကျယ်နေဟန်ရ၏။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ဖန်တီးထားသည့် စိတ်ဝိညာဉ်ကိုယ်ပွားများ အတွင်း၌ ဘုရင်အဆင့်၏ ဥပဒေသစွမ်းအားများပါ၀င်နေသည်။

တချို့သော ကိုယ်ပွားများတွင် အနည်းငယ်မျှသာပါ၀င်သည့်တိုင် အလွန်အမင်း ထူးဆန်းနေဆဲဖြစ်၏။

ဤ မျှော်စင်ကား အလွန်ထူးခြားလှပေသည်။

၎င်းအတွင်းမှ လျှို့ဝှက်နယ်မြေနှင့်ပတ်သက်သော တချို့လျှို့ဝှက်ချက်များအား သိရှိခွင့်ရနိုင်မည်လော...?

လက်တစ်ဖက်၌ ဓားကိုင်စွဲရင်း လျှောက်လှမ်းလာနေသည့် ရွှမ်ယီ၏ မျက်၀န်းများက ထူးဆန်းသောအငွေ့အသက်များဖြင့် တောက်ပလာခဲ့သည်။

သူကား နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အား နောက်တစ်ကြိမ် ကျော်ဖြတ်ပေတော့မည်။

“ လူငယ်ခေါင်းဆောင် ရွှမ်က တော်တော်လေး ယုတ္တိမတန်တဲ့လူပဲ…”

…………………….

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ရှိရာဆီသို့ ဦးတည်သွားနေသည့် ရွှမ်ယီအား မြင်လျှင် ချင်တျန်ဂီ၏ မျက်၀န်းများက တောက်ပသွားခဲ့သည်။

လက်ရှိ မျှော်စင်ပြင်ပ၌ပင် စိတ်ဝိညာဉ်ကိုယ်ပွားများက လူတိုင်းအား အလုပ်ရှုပ်စေနိုင်စွမ်းရှိ‌သည်။

၎င်းတို့က အခြေတည်ဝိညာဉ်အဆင့်(၇)မျှသာဖြစ်သော်လည်း လူ(၇)ယောက် (၈)ယောက်၀န်းကျင် ဝိုင်း၀န်းသတ်ဖြတ်နေရ၏။

သို့တိုင် ၎င်းတို့က မျှော်စင်ပြင်ပမှ အခြေအနေသာဖြစ်သည်။

မျှော်စင်အတွင်းမှ မြင်ကွင်းအား စိတ်ကူးယဉ်၍ပင်မရချေ။

အထဲတွင် စိတ်ဝိညာဉ်ကိုယ်ပွား လှိုင်းလုံးကြီး ရှိနေသလော..?

ဒါမှမဟုတ် ဆက်တိုက်ထွက်လာပြီး တစ်ဆင့်ခြင်းပိုအားကောင်းလာသလော…?

ချင်တျန်ဂီ၏ မျက်၀န်းများ ပူလောင်လာခဲ့သည်။

သူက မျှော်စင်အတွင်းသို့ အလွန်တရာ၀င်ကြည့်ချင်နေ၏။ သို့သော် ချင်အင်ပါယာမှ မင်းသားတစ်ယောက်အနေဖြင့် ထိုမျှ လက်လွတ်စပယ်စွန့်စား၍ မရချေ။

ထို့အပြင် သူ့ထံ၌ ထိုသို့ပြုလုပ်နိုင်သည့် ခွန်အားလည်းမရှိချေ။

“ လူငယ်ခေါင်းဆောင် ရွှမ်က ငါတို့နဲ့ မတူတဲ့အဆင့်ကိုရောက်နေတာကြာပြီ… သူ့ရှေ့မှာ ဘယ်သူကများ ကိုယ့်ကိုယ်ကို တစ်မိုးအောက်တစ်ယောက် ပါရမီရှင်လို့ ပြောရဲမှာလဲ…”

ကိုင်လျန်ရီက ရှုပ်ထွေးနေသော အမူအရာနှင့် ရေရွတ်လိုက်၏။

အနှီရွှမ်ယီက ကိုင်မိသားစုနှင့် ဆက်စပ်နေသော ရွှမ်မိသားစုမှ အမွေဆက်ခံသူဖြစ်နေသောကြောင့် တော်တော့သည်။ သို့မဟုတ်ပါက လက်ရှိ လျှို့ဝှက်နယ်မြေခရီး၌ ကိုင်မိသားစု၏ အကျိုးအမြတ်ရိတ်သိမ်းနိုင်မှုမှာ သနားစရာပင်ကောင်းသွားပေလိမ့်မည်။

ရွှမ်ယီက ဓားတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အလင်းလုံးဆယ်လုံး၀န်းကျင် ထွက်ပေါ်လာခဲ့သည်။

လက်ရှိတွင် ရွှမ်မိသားစုနှင့် ကိုင်မိသားစုမှ လူများလက်ထဲတွင် လူငါးယောက်အား ဘုရင်အဆင့်သို့ မြှင့်တင်ပေးရန်လုံလောက်သော အလင်းလုံးများ ရှိနေချေပြီ။

တစ်ဖက်တွင်မူ ကိုင်လင်းအာတစ်ယောက် အားပါးတရပြုံးလျက်ရှိနေပြီး သူမ၏ ပါးစပ်ပင်မစေ့နိုင်တော့ချေ။

တစ်ဖက်တွင် ချင်အင်ပါယာမှ လူများ၏ အခြေအနေကမူ အားရကျေနပ်ဖွယ်ရာမရှိချေ။ သူတို့အနေဖြင့် လုယူရန်လည်းမဖြစ်နိုင်ပေ။

ချင်တျန်ဂီက ခေါင်းအနည်းငယ်ညိတ်လိုက်မိပြီး သူ၏မျက်၀န်းများကမူ ပူလောင်နေခဲ့သည်။

ရွှမ်ယီ၏ စွမ်းအားက သူကလန်ကဆန်လုပ်နိုင်သောအရာမဟုတ်ချေ။ ထို့အပြင် သူသာ ရွှမ်ယီကဲ့သို့အစွမ်းမျိုးရှိလျှင် ချင်အင်ပါယာမှမဟုတ်သော လူတိုင်းကို အနီးသို့ပင် ကပ်ခွင့်ပေးမည်မဟုတ်ချေ။

ထိုအလင်းလုံးများ ပိုမိုပိုင်ဆိုင်လေလေ ဘုရင်အဆင့်သို့ရောက်ရန် အလားအလာကောင်းလေလေဖြစ်၏။

သို့တိုင် ရွှမ်ယီက ချင်အင်ပါယာမှလူများအား ကိုယ်တိုင်တိုက်ခိုက်ရိတ်သိမ်းရန် အခွင့်အရေးပေးခဲ့သေးသည်။

၎င်းကပင် သူတို့အတွက် အလွန်ကျေနပ်စရာတစ်ခုဖြစ်နေချေပြီ။

သူတို့စွမ်းအားရှိသလောက် သူတို့ ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

သို့သော် ရွှမ်ယီ၏ ဓားချက်တိုင်းက စပါးပင်များအား ရိတ်သိမ်းသွားသကဲ့သို့ဖြစ်နေ‌သည်။ တစ်ဖက်တွင် အလွယ်တကူ အကျိုးအမြတ်များရနေချိန်၌ တစ်ဖက်တွင်မူ ခရီးသိပ်မတွင်ချေ။

ချင်တျန်ဂီတစ်ယောက် ဖိအားများ ရင်ဆိုင်နေရ၏။

သို့သော် ယခုတွင် ထိုလူက မျှော်စင်အတွင်း၀င်တော့မည်ဖြစ်ရာ ချင်တျန်ဂီ၏ မျက်၀န်းများ တောက်ပလာခဲ့သည်။

နဂိုက ရွှမ်ယီ တိုက်ခိုက်နေသဖြင့် သူတို့အတွက် တိုက်ခိုက်ရန် အခွင့်အရေးများစွာမရှိခဲ့ချေ။

ယခုတွင်မူ သူတို့အတွက် အကျိုးအမြတ်များ ရိတ်သိမ်းရန် အခွင့်အရေးရောက်လာချေပြီ။

“ သတ်…”

ချင်အင်ပါယာမှ မင်းသားကား သူ၏ ဓားကြီးအား ဝံ့လျက် အားရပါးရ ဦးဆောင်တိုက်ခိုက်တော့သည်။

ကိုင်လျန်ရီက ထိုမြင်ကွင်းအားကြည့်ကာ အနည်းငယ်ခေါင်းယမ်းလိုက်မိ၏။

ဤ အလင်းလုံးများဖြင့် ဆိုလျှင် ပြင်ပကမ္ဘာသို့ပြန်ရောက်ပါက ၎င်းတို့အဖွဲ့အစည်းများ၏ အင်အားမှာ များစွာမြင့်တက်လာပေလိမ့်မည်။

ကောင်းကင်နယ်မြေမှ အင်အားစုများ၏ ချိန်ခွင်လျှာပင် ပြောင်းလဲသွားစေနိုင်စွမ်းရှိသည်။

တစ်ချိန်တည်းတွင် ကိုင်လျန်ယီ၏ နှလုံးသားအတွင်း၌ သံသယတချို့ လည်းဖြစ်ပေါ်နေ၏။

နှင်းလျှို့ဝှက်နယ်မြေကား ယခင်ကနှင့်ယှဉ်လျှင် များစွာပြောင်းလဲသွားခဲ့သည်။ ကောင်းကင်နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားသင့်ပေသည်။ သို့သော် လျှို့ဝှက်နယ်မြေနှင့် အနီးစပ်ဆုံးတွင်ရှိသော ၀မ်မိသားစုက အဘယ်ကြောင့် လှုပ်ရှားမှုမရှိသနည်း..?

နတ်ဘုရားသန့်စင်က စိတ်ဝိညာဉ်ကိုယ်ပွား‌တွေက အဝေးကို ပျံ့မသွားတာမျိုးလား…?

ဒါမှမဟုတ် သူတို့တွေက အကျိုးအမြတ်တွေ အများကြီးရိတ်သိမ်းပြီးသွားပြီလား…?

ထိုနည်းတူစွာပင် ဖီးနစ်လှိုဏ်ဂူမှ လူများကိုလည်း မတွေ့ရပေ။

သို့သော် သူမမသိသည်က ၀မ်မိသားစုမှ လူငယ်ခေါင်းဆောင်ကား ရွှမ်ယီလက်ထဲတွင် အနိစ္စရောက်သွားပြီးချေပြီ။ လက်ရှိအချိန်တွင် ၀မ်မိသားစုအဖွဲ့တွင် ခေါင်းဆောင်မရှိတော့ချေ။

သူတို့အနေဖြင့် ၀မ်မိသားစုမှ လူငယ်ခေါင်းဆောင် သေဆုံးသွားသည့်သတင်းအား မိသားစုရှိရာသို့ပြန်ပို့ရန်က ပိုအရေးကြီးနေသည်။

ဖီးနစ်လှိုဏ်ဂူနှင့် ပတ်သက်၍မူ ၎င်းတို့ကား ရွှမ်ယီ၏ စိတ်ဝိညာဉ်ကိုယ်ပွားကြောင့် တစ်ယောက်တစ်နေရာရောက်ကုန်ကြပြီး အချိန်တိုအတွင်း ပြန်လည်စုစည်းရန် မလွယ်ကူလှချေ။

လက်ရှိအချိန်၌ သူတို့၏ မြင့်မြတ်သားတော်ပင် ဘယ်နားရောက်နေမှန်းမသိပေ။ ထွက်ပြေးစဉ်က အလွန်ကြောက်လန့်နေကြသောကြောင့် ဘယ်သူ့ကိုမှ ဂရုမစိုက်မိခဲ့ကြချေ။

All Chapters