← Chapters

အခန်း (၁၅၅)

Vol. 11 Ch. 155

အခန်း (၁၅၅)

Vol. 11 Ch. 155

လူတိုင်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ သူတို့ မျက်လုံးများ အရောင်တစ်ချက်လက်သွားသော်လည်း ချက်ချင်း ပြန်လည် မှိန်ဖျော့သွားခဲ့သည်။

ရွှမ်ယီ အလွန်သန်မာကြောင်း သူတို့နားလည်ထား၏။ သူတို့ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူအားလုံးပေါင်းလျှင်တောင် ရွှမ်ယီအား အနိုင်ယူရန်မဖြစ်နိုင်ပေ။

သို့သော် ယခုသူတို့ရှေ့တွင် ရပ်နေသောသူက ကောင်းကင်ဒေသမှ လူငယ်မျိုးဆက်အား ကိုယ်စားပြုအစွမ်းထက်ဆုံးသူဖြစ်ပြီး ယခုတွင် ဘုရင်အဆင့်သို့ရောက်သွားချေပြီ။ ထို့ကြောင့် ရွှမ်ယီအပေါ်တွင် များစွာမျှော်လင့်ချက်များ မရှိတော့ပေ။

‌နှစ်ပေါင်းများစွာ သူတို့ကြားဖူးမြင်ဖူး သိသလောက်ဆိုလျှင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး မည်မျှအားကောင်းနေစေကာမူ ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအား ဆန့်ကျင်ရန်မဖြစ်နိုင်ပေ။

ရွှမ်ယီက ညာလက်ထဲတွင် ဓားရှည်အား ကိုင်ဆွဲထားပြီး အံ့အားသင့်နေသောအမူအရာဖြင့် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အတွင်းမှ တစ်လှမ်းခြင်းထွက်လာနေသည်။

သူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ထဲသို့ ၀င်ရောက်ခဲ့သော်လည်း အာရုံစိုက်ရလောက်အောင်အထိ ထူးဆန်းသောအရာတစ်ခုမှ မရှိခဲ့ချေ။

ဆန့်ကျင့်ဘက်အနေဖြင့် စိတ်ဝိညာဉ်ကိုယ်ပွား များသာရှိ၏။

၎င်းတို့က ယခင်နှစ်များတစ်လျှောက် မျှော်စင်၏ ပင်မအဆင့်သို့ ၀င်ရောင်နိုင်ခဲ့သူများ၏ ကိုယ်ပွားများဖြစ်ဟန်ရသည်။

ရွှမ်ယီတစ်ယောက် ထူးခြားမှု တစ်စုံတစ်ရာမှမတွေ့သောရသောကြောင့် သာမန်ဓားချက်တစ်ချက် ခုတ်ချလိုက်ပြီး ၎င်းတို့အား ရှင်းလင်းလိုက်သည်။

ထို့နောက် ၎င်းတို့ထံမှ ကျန်ခဲ့သော အလင်းလုံးများအားသိမ်းဆည်းလိုက်သည်။ ပထမအထပ်အား ရှင်းလင်းပြီးချိန်တွင် ဒုတိယအထပ်သို့တက်ရန်ပြင်လိုက်၏။ သို့သော် လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခုက သူ့အား မျှော်စင်ပြင်ပသို့ ပြန်ပို့လိုက်သည်။

ရွှမ်ယီက တစ်ခဏမျှစောင့်ဆိုင်းပြီးသော်လည်း ဘာမှထူးမလာသဖြင့် ခေါင်းယမ်းလိုက်ပြီး မျှော်စင်အပြင်သို့ ပြန်ထွက်လာခဲ့၏။

ထို နတ်ဘုရားသန့်စင်ခြင်းမျှော်စင်နှင့်ပတ်သက်ပြီး လျှို့ဝှက်ချက်ကြီးကြီးမားမားရှိနေကြောင်း ရွှမ်ယီ ခံစားမိနေသည်။ ၎င်းအတွင်း၌ ဒေါသအိုးဆေဘာဘုရင်ကဲ့သို့ ဟိုးးးရှေးခေတ်မှ ကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်ပင် ရှိနေခဲ့၏။

“ အချိန်တန်ရင် လျှို့ဝှက်ချက်တွေက သူ့ဟာသူထွက်ပေါ်လာပါလိမ့်မယ်…”

ရွှမ်ယီက မျှော်စင်အတွင်းမှထွက်လာစဉ် ခပ်ဟဟရယ်မောလိုက်၏။

သို့သော် သူအပြင်သို့ရောက်သည်နှင့် ပြင်းထန်သော အတက်အကျများနှင့် မီးတောက်များ၀န်းရံနေသည့် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအား တွေ့လိုက်ရသည်။ ထို့အပြင် ၎င်းက အလွန်အမင်းမောက်မာနေဟန်လည်းရ၏။

ရွှမ်ယီ ပြုံးလိုက်မိသည်။

ထိုလူကား အစောပိုင်း မူလဘုရင်အဆင့် ကျင့်ကြံသူလေးတစ်ဦးသာဖြစ်၏။

ဤသည်က ရွှမ်ယီအနေဖြင့် တစ်ပါးသူအား နှိမ့်ချတွေးကာ မောက်မာနေခြင်းမဟုတ်ပေ။ သူက လက်ရှိတွင် ဘုရင်အဆင့်သို့မရောက်သေးသော်လည်း အလယ်အလတ် မူလဘုရင်တစ်ယောက်ပင် သူ၏ တိုက်ခိုက်မှုအား ခုခံနိုင်မည်မဟုတ်ချေ။ နှောင်းပိုင်း မူလဘုရင်အဆင့်တစ်ယောက်သာလျှင် အနည်းငယ် တိုက်ခိုက်နိုင်ပေလိမ့်မည်။

“ ဘယ်သူလဲ…”

ဟွမ်တျန်ချန်ဇီ ရေရွတ်လိုက်၏။ ထို့အပြင် သူ့အား စကားပြောလိုက်သူက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ထွက်လာဟန်ရသည်။

နောက်လှည့်ကြည့်လိုက်လျှင် ဓားရှည်တစ်ချောင်းအား ကိုင်စွဲထားသည့် အဖြူ၀တ်လူငယ်အား တွေ့လိုက်ရ၏။

ထိုမြင်ကွင်းက ဟွမ်တျန်ချန်ဇီ၏ အမူအရာအား သိသိသာသာပြောင်းလဲသွားစေခဲ့သည်။

“ အဲ့တာ မင်းပဲ…”

ဟွမ်တျန်ချန်ဇီက ရွှမ်ယီအား မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီး အံကြိတ်မိလိုက်သည်။

ထိုအဖြူရောင်၀တ်စုံနှင့် လူအား သူဘယ်တော့မှ မေ့နိုင်မည်မဟုတ်ချေ။ သူ့အနေဖြင့် ခက်ခဲစွာနှင့် တန်ဖိုးကြီးကြီးပေးကာ ဖန်တီးထားသည့် ချပ်၀တ်အား ထိုလူက ဖျက်ဆီးပစ်ခဲ့သည်။

ထို့အပြင် ‌သူနှစ်ပေါင်းများစွာတည်ဆောက်ထားသော ပြိုင်ဘက်ကင်းသည့် ပုံရိပ်ကိုလည်း ထိုလူက ဖျက်ဆီးခဲ့သေး၏။

သို့သော် ယခုတွင် ထိုလူ၏ပုံစံက စိတ်ဝိညာဉ်ကိုယ်ပွားနှင့် မတူတော့ပေ။

လူအစစ်ပေလော…?

ဟွမ်တျန်ချန်ဇီ၏ အေးစက်သော အကြည့်များက ရွှမ်ယီအပေါ်သို့ စူးနစ်စွာ ကျရောက်နေသည်။

သို့သော် သူ့အကြည့်များက ရွှမ်ယီ၏ လက်ရှိရာသို့ရောက်သွားလျှင် တစ်ကိုယ်လုံး အေးခဲသွားသလိုခံစားလိုက်ရ၏။

ထိုလူ၏ လက်ထဲတွင် အရောင်အသွေးစုံလင်လှသော ဥပဒေသစွမ်းအားများက ဖဲကြိုးများသကဲ့သို့ဖြစ်နေပြီး ပြင်းထန်သော အတက်အကျများထုတ်လွှတ်နေသည်။

ဟွမ်တျန်ချန်ဇီ၏ မျက်၀န်းများ ကျဉ်းမြောင်းသွားခဲ့၏။

“ ဟမ့် ခန္ဓာကိုယ်အစစ်ဆိုတော့ ပိုကောင်းတာပေါ့.. ပြောရမယ်ဆိုရင် စိတ်ဝိညာဉ်ကိုယ်ပွားက လောက်လောက်လားလားအစွမ်းမထက်ဘူး.. အစစ်အမှန်ကို အနိုင်ယူမှ ပျော်စရာကောင်းမှာ…”

စကားဆုံးသည်နှင့် သူ၏နှုတ်ခမ်းထောင့်များတွန့်ကွေးသွားခဲ့ပြီး အေးစက်သော အပြုံးတစ်ပွင့်ဖြစ်ပေါ်လာခဲ့သည်။

သူက အရင်တုံးက ဟွမ်တျန်ချန်ဇီမဟုတ်တော့ပေ။ လက်ရှိတွင် ဘုရင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ အစောပိုင်းက စိတ်ဝိညာဉ်ကိုယ်ပွားနှင့် ပြန်ဆုံတွေ့လျှင်လည်း အနိုင်ရနိုင်မည်ဟု အခိုင်အမာခံစားနေမိသည်။

သို့သော် လက်ရှိတွင်ရင်ဆိုင်နေရသည့်လူက ထိုကိုယ်ပွား၏ ခန္ဓာကိုယ်အစစ်ဖြစ်ဟန်ရသည်။ ထို့အပြင် ထိုလူ၏လက်ထဲ၌ အလွန်အဖိုးတန်သော ရတနာများအား ကိုင်ဆောင်ထားသေးသည်။

ဟွမ်တျန်ချန်ဇီတစ်ယောက် ကျေနပ်စွာပြုံးလိုက်၏။ သူ့မျက်၀န်းများက တိုက်ခိုက်လိုစိတ်များဖြင့် တလက်လက်တောက်ပနေသည်။

သူကိုယ်တိုင်က ထိုအလင်းလုံးများအား သန့်စင်ပြီး ဘုရင်အဆင့်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ တန်ဖိုးအား ကောင်းစွာနားလည်ထား၏။

ထိုရတနာများအား ပိုမိုရရှိလေလေ သူနောက်မှအဖွဲ့အစည်းက ပို၍အစွမ်းထက်လေလေဖြစ်ပေလိမ့်မည်။ နှစ်အနည်းငယ်အတွင်း ပိုမိုအင်အားတောင့်တင်းလာကာ တိုက်ခိုက်နယ်ချဲ့နိုင်မည်ဖြစ်သည်။

ဤကမ္ဘာကြီးသည်ကား သန်မာသူများက အားနည်းသူများကို စားသုံးသော ကမ္ဘာကြီးဖြစ်၏။

ယခုတွင် လျှို့ဝှက်နယ်မြေအတွင်း၌ သူက တစ်ဦးတည်းသော ဘုရင်အဆင့်ကျင့်ကြံသူဖြစ်၏။ ယေဘုယျအားဖြင့်ဆိုလျှင် သူက လတ်တလောပြိုင်ဘက်ကင်းနေသည်ဟု ဆိုနိုင်သည်။

ရွှမ်ယီက အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

သူက ထိုလူအား ဘယ်တုန်းကမှ စော်ကားခဲ့ဖူးခြင်းမရှိချေ။ အဘယ်ကြောင့် ‌တွေ့တွေ့ချင်း ဤမျှရန်လိုနေရသနည်း။

“ ငါ မင်းဘယ်သူလည်း ဘယ်ကလည်းဆိုတာ သိလည်းမသိသလို သိလည်းမသိချင်ဘူး…”

ဟွမ်တျန်ချန်ဇီ၏ အရှိန်အဝါများက ရွှမ်ယီအား ဦးတည်ပစ်မှတ်ထားလိုက်ပြီး အေးစက်စွာဖြင့်

“ ပထမဆုံး မင်းလက်ထဲကဟာတွေ ငါ့ကိုပေး.. ပြီးရင် ငါနဲ့တိုက်ခိုက်ပါ.. တကယ်လို့ မင်းနိုင်တယ်ဆိုရင် အသက်ရှင်ခွင့်ရမယ်…”

မင်းကို ပေးရမှာလား ..?

ငါ့ကို အသက်ရှင်ခွင့်ပေးမယ်တဲ့လား…?

ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။

ထို့နောက်

“ ကြည့်ရတာ မင်းကိုယ်မင်း လျှို့ဝှက်နယ်မြေထဲမှာ အကြွင်းမဲ့တန်ခိုးရှင်လို့ထင်နေပုံပဲ….”

ထိုလူကား အစောပိုင်း မူလဘုရင်အဆင့်ကျင့်ကြံသူမျှသာဖြစ်၏။ သူသာဆန္ဒရှိပါက တစ်ချက်တည်းနှင့် အဆုံးသတ်ပေးလိုက်၍ရသည်။

“ မဟုတ်လို့လား…? “

ဟွမ်တျန်ချန်ဇီက ထီမထင်ဟန်ဖြင့် မေးငေါ့လိုက်ပြီး

“ ငါက ဘုရင်အဆင့်ရောက်နေချိန်မှာ မင်းက အခြေတည်ဝိညာဉ်အဆင့်ပဲရှိသေးတယ်… လျှို့ဝှက်နယ်မြေထဲမှာ ဘယ်သူမှ ငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး.. မင်းလည်း ပါတယ်….”

“ ငါပြောတဲ့အတိုင်း လုပ်မလား…? သေမလား….”

ဘန်း…

စကားဆုံးသည်နှင့် ဟွမ်တျန်ချန်ဇီက တိုက်ကွက်တစ်ခုထုတ်ဖော်လိုက်၏။

သူထံမှ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်ယွမ်စွမ်းအင်များက အုတ်က္ကာခဲကြွေသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။

( မှတ်ချက် ။ ဘုရင်အဆင့်ရောက်သွားရင် ရိုးရိုးစိတ်ဝိညာဉ်စွမ်းအင်က စိတ်ဝိညာဉ်ယွမ်စွမ်းအင်အဖြစ်ပြောင်းသွားပါတယ်)

၎င်းက တိုက်ခိုက်မှုတစ်ခုတည်းသာဖြစ်သော်လည်း သူ့ဘေးပတ်လည်မှ မြေနေရာလွတ်အား မြက်တစ်ပင်မှမကျန်အောင် လောင်ကျွမ်းသွားစေပြီး နဂိုက အသက်ဓာတ်များဖြင့် စိမ်းစိုနေသည့် မြေကြီးအား အသက်ဓာတ်များခမ်းခြောက်ကာ သေမင်းနယ်မြေအဖြစ် ပြောင်းသွားစေခဲ့သည်။

ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားကား ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

All Chapters