← Chapters

အခန်း (၁၅၆)

Vol. 11 Ch. 156

အခန်း (၁၅၆)

Vol. 11 Ch. 156

“ လူငယ်ခေါင်းဆောင် ရွှမ်… သူပြောတာလက်ခံလိုက်ပါ…”

ကိုင်လျန်ရီတစ်ယောက် မနေနိုင်‌တော့ဘဲ ရှေ့တိုးကာ စကားဆိုလိုက်၏။ သူမမျက်နှာထက်တွင် စိုးရိမ်နေဟန်များ အတိုင်းသားပေါ်လွင်နေသည်။

အခြေတည်ဝိညာဉ်အဆင့်မှ ဘုရင်အဆင့်သို့ရောက်ရှိသွားလျှင် စိတ်ဝိညာဉ်စွမ်းအင်များက မူလစိတ်ဝိညာဉ်စွမ်းအင်များအဖြစ်သို့ ကူးပြောင်းသွား၏။ ၎င်းတွက် ဥပဒေသစွမ်းအားများလည်း ရောယှက်ပါ၀င်နေသည်။

သာမန်တိုက်ခိုက်မှုတစ်ခုကပင် ကောင်းကင်နှင့် မြေပြင်အား တုန်ယင်သွားစေနိုင်စွမ်းရှိ၏။ ဤသည်မှာ အခြေတည်ဝိညာဉ်အဆင့်တစ်ယောက် အနေဖြင့် ယှဉ်နိုင်သောအရာမဟုတ်ချေ။

သူ့မအမြင်တွင် ရွှမ်ယီ၌ အလွန်ကြီးမားသော အနာဂါတ်အား ပိုင်ဆိုင်ထား၏။ သူ့အနေဖြင့် ဤအခိုက်အတန့်လေးသာ သည်းခံရန်လိုအပ်သည်။ အကယ်၍ သူသာဘုရင်အဆင့်သို့ရောက်ရှိသွားပါက မည်သူမှ ယှဉ်ပြိုင်နိုင်တော့မည်မဟုတ်ချေ။

“ ကိစ္စမရှိဘူး…”

ရွှမ်ယီက လှည့်ကြည့်ပြီးပြောလိုက်သည်။ သူ့မျက်နှာထက်တွင် ယုံကြည်မှုအပြည့်နှင့်ဖြစ်ပြီး အပြုံးပင်မပျက်ချေ။

“ သူက အခုမှဘုရင်အဆင့်ရောက်ရုံပါပဲ.. ကောင်းကင်ကြီးကို အံ့တုနိုင်စွမ်းရှိသွားတာမဟုတ်ဘူး…”

ရွှမ်ယီ၏ အမူအရာက သဘာ၀ကျစွာ အေးဆေးပင်ရှိနေ၏။ ဤနေရာမှ လူတိုင်းကြောက်လန့်နေရသော ဘုရင်အဆင့်နှင့်ရင်ဆိုင်နေရသော်လည်း စိတ်ပူခြင်း အလျင်းမရှိချေ။

“ ဟဟ.. ဟာသပဲ…”

ဟွမ်တျန်ချန်ဇီက မည့်သည့်စကားမျှ ဆက်ပြောလိုစိတ် မရှိတော့ဟန်ဖြင့် တင်းတင်းမာမာနှင့် ပြတ်သားစွာပြောလိုက်၏။

“ ဒီနေ့ ငါ ဟွမ်တျန်ချန်ဇီက ဘုရင်အဆင့်ဆိုတာ မင်း စော်ကာနိုင်တဲ့အရာမဟုတ်ကြောင်း ပြပေးမယ်…”

ဘုန်း…

စကားဆုံးသည်နှင့် သူ၏ နံဘေးပတ်လည်တွင် အလွန်ပြင်းထန်သော မီးတောက်များထွက်ပေါ်လာ၏။ ထိုမီးတောက်များက ကြောက်မက်ဖွယ်အတိဖြစ်နေပြီး လေဟာနယ်ကိုပင် တွန့်လိမ်သွားစေသည်။

သူ၏အထက် ကောင်းကင်ယံတစ်ခုလုံး ‌မီးတောက်များဖြင့် ဖုံးလွှမ်းသွားပြီး ဖီးနစ်တစ်ကောင်၏ ဟစ်ကြွေးသံက ကျယ်လောင်စွာထွက်ပေါ်လာလေသည်။

“ ကောင်းကင်ဒေသရဲ့ နံပါတ်(၁) ပါရမီရှင်ဆိုတဲ့အတိုင်းပါပဲလား… ဘုရင်အဆင့်ကို တချို့ဘုရင်အဆင့်ရောက်တာကြာနေတဲ့ လူတွေတောင် သူ့လောက်အစွမ်းထက်မယ်မထင်ဘူး…”

ချင်အင်ပါယာမှ လူတစ်ယောက်က အောက်သက်သက်ဖြင့်ရေရွတ်လိုက်၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် စိုးရိမ်မှုထိတ်လန့်မှု အပြည့်နှင့်ဖြစ်သည်။

အနှီ ဟွမ်တျန်ချန်ဇီ၏ ခွန်အားက အစောပိုင်းမူလဘုရင်အဆင့်မှ ဝါရင့်ကျင့်ကြံသူများနှင့် အမှန်တကယ် ယှဉ်နိုင်စွမ်းရှိနေသည်။

တစ်ဖက်တွင် သူနှင့် ရင်ဆိုင်နေသည့် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်သာရှိသေး၏။

အားလုံးစိတ်ထဲတွင် ရွှမ်ယီတော့ သွားပြီးဟူ၍ တွေးမိနေခဲ့ကြသည်။

ကလန်…

ထိုအချိန်တွင် ဓားနှင့် ဓားအိမ်ထိခတ်ရာမှ မြည်သော အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ပတ်၀န်းကျင်မှလူတိုင်း အဖြူရောင် အလင်းတန်းတစ်ခုကို မြင်လိုက်ရပြီး ၎င်းက အချိန်နှင့် အာကာသကိုပင် ဖြတ်ပိုင်းသွားဟန်ရသည်။

ထို့နောက် ဓားချီက မျက်စိတစ်ဆုံးအလွန်ဝေးကွာလှသည့်နေရာတိုင်အောင် ဆက်လက်ရွေ့လျားသွား၏။

‌အလွန်မောက်မာနေသော ဟွမ်တျန်ချန်ဇီကား ဓားတစ်ချက်ဖြင့်ပင် ဒဏ်ရာပြင်းထန်စွာရသွားချေပြီ။

“ မဖြစ်နိုင်ဘူး…”

ဟွမ်တျန်ချန်ဇီ၏ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာခဲ့သည်။ သူ၏ မျက်၀န်းများက ရွှမ်ယီအား စိုက်ကြည့်လျက်ရှိပြီး နှလုံးသားထဲ၌ ကြောက်လန့်မှုများ ပြည့်နှက်လာ၏။

“ ဘုရင်အဆင့်အောက်က လူတွေအားလုံးက ပုရွတ်ဆိတ်တွေလေ.. ဒီလောက် သန်မာဖို့က မဖြစ်နိုင်ဘူး….”

သူ၏ မျက်၀န်းများက ရွှမ်ယီအား တွေတွေကြီး စိုက်ကြည့်လျက် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ရွှမ်ယီက ပြုံးလိုက်ပြီး ထူးမခြားနားဟန်ဖြင့် စကားဆိုလိုက်၏။

“ ဘုရင်အဆင့်က ဘယ်လိုလဲ…”

“ ငါက ဘုရင်အဆင့်မရောက်သေးတာတောင် မင်းကို အေးဆေး အနိုင်ယူနိုင်တယ်…”

ပတ်၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။

ကိုင်လျန်ရီ အပါအ၀င် ပတ်၀န်းကျင်မှ လူတိုင်း မှင်သက်နေခဲ့ကြပြီး မြေ‌ပြင်ထက်၌ လဲကျနေသော ဟွမ်တျန်ချန်ဇီကိုတစ်လှည့် ရွှမ်ယီကိုတစ်လှည့် ကြည့်နေမိကြသည်။

“ ဟွမ်.. ဟွမ်တျန်ချန်ဇီ ရှုံးနိမ့်သွားပြီလား…”

ဘုရင်အဆင့် ဟွမ်တျန်ချန်ဇီကား ရွှမ်ယီထံမှ ဓားတစ်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

ပြင်ပကမ္ဘာသို့ပြန်ရောက်ပါက ထိုသတင်းမှာ ကောင်းကင်ဒေသတစ်ခုလုံးသို့ ပျံနှံ့သွားမည်မှာအသေအချာပင်။

အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူထံတွင် ဓားတစ်ချက်ဖြင့် ရှုံးနိမ့်သွားခြင်းက ဟွမ်တျန်ချန်ဇီမှမဟုတ် ဘုရင်အဆင့်ကျင့်ကြံသူတိုင်းအတွက် အလွန်အမင်းရှက်ဖွယ်ဖြစ်၏။

“ မင်းက အရမ်းသန်မာတာပဲ…”

“ ဒါပေမယ့် ငါရှုံးတာမဖြစ်နိုင်ဘူး… ဒီလျှို့ဝှက်နယ်မြေထဲမှာ ငါက ကောင်းကင်ဘုံပဲ.. မင်းက ကောင်းကင်ကိုအံ့တုချင်တာလား.. ဒါ လုံး၀ မဖြစ်နိုင်ဘူး….”

ဟွမ်တျန်ချန်ဇီ၏ မျက်လုံးများက ရွှမ်ယီအား စိုက်ကြည့်နေပြီး ကယောင်ချောက်ခြား အဆက်မပြတ်ရေရွတ်နေခဲ့သည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော စိတ်ဝိဉာဉ်စွမ်းအင် အတက်အကျများ အဆက်မပြတ်ဖြစ်ပေါ်လာသည်။ ထို့နောက် အသက်ရှုအကြိမ်အနည်းငယ်အတွင်းမှာပင် အလွန်ကြောက်မက်ဖွယ် အဆင့်တစ်ခုသို့ ရောက်ရှိသွား၏။

သူ့ထံမှ အလွန်နီရဲတောက်ပနေသည့် မီးတောက်များက အစိမ်းရောင်အဖြစ်သို့ပြောင်းလဲသွားပြီး ပတ်၀န်းကျင်လေထုကိုပင် လောင်ကျွမ်းသွားစေသည်။

ထို့နောက် ဟွမ်တျန်ချန်ဇီ၏ ခန္ဓာကိုယ်မှ အစိမ်းရောင် အငွေ့များထွက်ပေါ်လာပြီး လေဟာနယ်အား အက်ကွဲသွားစေကာ အလွန်စူးရှသော အသံများထွက်ပေါ်လာ၏။

ရွှမ်ယီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး

“ အမှိုက်ပဲ…”

ဘုန်း…

ဟွမ်တျန်ချန်ဇီ၏ မျက်နှာ ရှုံ့တွသွားခဲ့သည်။

ပတ်၀န်းကျင်လေဟာနယ်အတွင်း ဖီးနစ်တစ်ကောင် ပြန်လည်မွေးဖွားလာသည့်အလား မီးတောက်များ ပြင်းထန်စွာ တောက်လောင်လာ၏။

သူ၏ ဦးခေါင်းအားမြှောက်ပြီး ကျယ်လောင်စွာ ဟစ်ကြွေးလိုက်လျှင် ထိုမီးတောက်များ သေးငယ်သော စိတ်ဝိညာဉ်စွမ်းအင် အမျှင်အတန်းများအဖြစ်ပြောင်းလည်း သွားပြီး ရွှမ်ယီအား စည်းနှောင်လိုက်သည်။

“ နောက်ဆုတ်.. နောက်ဆုတ်ကြ…”

ပတ်၀န်းကျင်မှ လူတိုင်း အချင်းချင်း နှိုးဆော်လျက် နောက်ဆုတ်သွားကြ၏။ လက်ရှိ တိုက်ပွဲက သူတို့အဆင့်ထက် များစွာကျော်‌လွန်နေပေသည်။

ဟွမ်တျန်ချန်ဇီထုတ်လွှတ်လိုက်သည့် မီးတောက်ချည်မျှင်များ သူ့တို့အား လာထိလျှင် ချက်ချင်း ပြင်းထန်စွာ လောင်ကျွမ်းသွားနိုင်၏။

လူတိုင်း အဝေးသို့ဆုတ်ခွာပြီး တိုက်ပွဲအား ဆက်လက်ကြည့်ရှုနေကြ‌သည်။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင် ပတ်၀န်းကျင် အထက် ကောင်းကင်ယံ၌ မီးတောက်များ တောက်လောင်နေသည်က အလွန်ခမ်းနားသည့် မြင်ကွင်းတစ်ခုပင်။

ထိုမီးတောက်များကြားထဲတွင် လောကကြီးအား အထက်စီးမှ ကြည့်ရှုနေဟန်ဖြင့် အလွန်မောက်မာသည့်မျက်၀န်းများဖြင့် မီးငှက်ကြီးတစ်ကောင်ရှိနေ၏။ ၎င်း၏ ပုံစံက သားရဲများကြားမှ သားရဲတစ်ကောင်ကဲ့သို့ပင်။

ထို ငှက်ကြီး၏ မီးတောက်အမွေးအတောင်များတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေပြီး ကောင်းကင်ကြီးကိုပင်ဖျက်ဆီးတော့မည့် ပုံစံရှိနေသည်။

ထိုမြင်ကွင်းအားကြည့်ပြီး ရွှမ်ယီ၏ နှုတ်ခမ်းထောင့်များ အနည်းငယ်တွန့်ကွေးသွားခဲ့သည်။

ထိုမီးတောက်ငှက်ကြီး သူ့ထံသို့ ဆင်းသက်လာတော့မည့်အချိန်တွင် သူက အနည်းငယ်လှုပ်ရှားလိုက်၏။ ထိုအခါ မိစ္ဆာမီးလျှံနယ်မြေက ရုတ်ချည်းထွက်ပေါ်လာကာ သူ၏ နံဘေး (၃)မီတာပတ်လည်အား ၀န်းရံပြီး အကာအကွယ်အတားအဆီးအဖြစ်ပြောင်းလဲလိုက်သည်။

ထိုမီးငှက်ကြီးက မီးဓာတ် စိတ်ဝိညာဉ်စွမ်းအင်များမှ ဖြစ်ပေါ်လာသည်ဖြစ်ရာ မိစ္ဆာမီးလျှံနယ်မြေ ၎င်းအား သဘာ၀အတိုင်း အနိုင်ယူနိုင်၏။

မီးငှက်ကြီးက ကမ္ဘာတစ်ခွင်လုံးအား ဖျက်ဆီးတော့မည့်ဟန်ဖြင့် ဆင်းသက်လာသော်လည်း ရွှမ်ယီအနီး (၃)မီတာအကွာသို့ရောက်လျှင် လုံး၀ရှေ့ဆက်တိုးနိုင်ခြင်းမရှိတော့ချေ။

ဟွမ်တျန်ချန်ဇီ၏ ဒေါသဖြင့်တိုက်ခိုက်လိုက်သည့် ကောင်းကင်နှင့် အပြည့်ဖြစ်လုနီးပါးဖြစ်နေသော တိုက်ကွက်က အနည်းငယ်မျှအရာမထင်ခဲ့ပေ။

ထိုမြင်ကွင်းက ဟွမ်တျန်ချန်ဇီ၏ မျက်လုံးများအား ပြူးကျယ်သွားစေ၏။

မီးတောက်ငှက်မွေးများက ရွှမ်ယီ၏ အတားအဆီးအား လုံး၀ဖြတ်သန်းနိုင်ခြင်းမရှိခဲ့ချေ။

All Chapters