← Chapters

အခန်း (၁၅၈)

Vol. 11 Ch. 158

အခန်း (၁၅၈)

Vol. 11 Ch. 158

ထိုအချိန်တွင် ရွှမ်ယီ၏ ခန္ဓာကိုယ်မှ သောင်းနှင့်ချီသော အပ်စိုက်မှတ်များပွင့်နေသည်။

လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် အပ်စိုက်မှတ် မည်မျှရှိကြောင်း ရွှမ်ယီ တိတိကျကျမသိသော်လည်း လက်ရှိတွင် သူ့ခန္ဓာကိုယ်မှ အပ်စိုက်မှတ်ပေါက်း (၄၈၀၀၀)ကျော် လင်းလက်နေ၏။

အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအင်များ ထိုအပေါက်များအတွင်းသို့ ဖြတ်သန်း၀င်ရောက်သွားပြီး ငွေဖြူရောင်စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းတို့က ဓားချီများနှင့် အလားသဏ္ဌာန်တူညီနေပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်နေ၏။

သာမန်စိတ်ဝိညာဉ်စွမ်းအင်များမှ ပြောင်းလဲသွားသည့် ငွေဖြူရောင်စိတ်ဝိညာဉ်စွမ်းအင်များက ဓားချီများနှင့် တူညီနေပြီး ၎င်းတို့က ပိုအစွမ်းထက်သည့်ဟန်ရသည်။

ဘုန်း…

လေထုကြီးတစ်ခုလုံး တုန်ခါသွား၏။

လျှို့ဝှက်နယ်မြေတစ်ခုလုံး ပြင်းထန် ကျယ်လောင်စွာ တုန်ခါသွားခြင်းဖြစ်သည်။ ဓားရည်ရွယ်ချက်စွမ်းအားများ ပါ၀င်သည့် ဥပဒေသစွမ်းအားက ကောင်းကင်ထက်သို့ လွင့်ပျံသွားပြီး ငွေဖြူရောင်များဖြစ်ပေါ်လာစေသည်။

၎င်းက ရွှမ်ယီ၏ လက်ချောင်းများဖြင့် ရေးထိုးလိုက်သည့် ဥပဒေသစွမ်းအားဖြစ်ချေသည်။ ကြည့်ရသည်မှာ ထိုနေရာ၌ ထာ၀ရတောက်ပနေတော့မည့်အလားပင်။

( မှတ်ချက် ။ ဟိုးရှေ့က အပိုင်းမှာပါဖူးတဲ့ အဘိုးကြီးတစ်ယောက် နှင်းနယ်မြေမှာ အဆင့်တက်တုန်း ဘုရင်အဆင့်ကိုတက်ရင် ကိုယ့်နာမည်ကို ကောင်းကင်ဆီမှာ မှတ်ကျောက်တင်ရတယ်ဆိုတဲ့ကိစ္စလေ အခုလည်းအဲ့လို ပါပဲ။ နားမလည်မှာစိုးလို့ရှင်းပြတာပါ…)

အနာဂါတ်တွင် ဤနေရာသို့ ရောက်လာသော ဘုရင်အဆင့်နှင့်အထက် ကျင့်ကြံသူများအားလုံး စိတ်ဝိညာဉ်ဥပဒေသစွမ်းအားများကို သိလျှင် လေဟာနယ်အတွင်းမှ ရွှမ်ယီ၏ နာမည်အား ‌တွေ့ရှိပေလိမ့်မည်။

ရွှမ်ယီကား ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သွားချေပြီ။

ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအား ဆက်လက်စုပ်ယူခြင်းမရှိတော့သည်ဖြစ်ရာ ပတ်၀န်းကျင်မှလူများအနေဖြင့် ယခုမှ အသက်ရှုကြပ်ခြင်း သက်သာသွားတော့သည်။

အားလုံး အနီးသို့ ပြန်ကပ်သွားစဉ်အတွင်း ရွှမ်ယီ၏ မျက်လုံးများ ပွင့်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ငွေဖြူရောင် ဓားချီများဖြင့်ဖုံးလွှမ်းထား၏။ သူ၏ အဖြူရောင်၀တ်စုံကလည်း လေနှင့်တူလွင့်မျောနေသည်ဖြစ်ရာ အင်မော်တယ်ဓားသမားတစ်ဦး အလားပင်။

ဘုန်း…

ရွှမ်ယီက လက်ညှိုးအား အသာအယာညွှန်လိုက်လျှင် အတန်အလှမ်းဝေးသော နေရာမှ မြေကြီးက ပေါက်ကွဲထွက်သွားခဲ့သည်။

၎င်းက ဓားဖြင့်ပိုင်းဖြတ်လိုက်သကဲ့သို့ တိတိရိရိ ပိုင်းထွက်သွားခြင်းဖြစ်၏။

“ လူငယ်ခေါင်းဆောင် ရွှမ်… ရှင်…”

ရွှမ်ယီ၏ ပေါ့ပေါ့ပါးပါးတိုက်ခိုက်လိုက်မှုတစ်ခုအား ကြည့်ကာ ကိုင်လျန်ရီ မှင်သက်သွားခဲ့ရ၏။ ဤသည်က အသာအယာပင် ပေါ့ပါးစွာ တိုက်ခိုက်လိုက်သည့်တိုင်အောင် အစောပိုင်း မူလဘုရင်အဆင့်တစ်ယောက်၏ စွမ်းအားထက် ကျော်လွန်နေခဲ့သည်။

“ အင်း.. ကျုပ် အဆင့်တက်တုံးက ဒီအနီးပါတ်၀န်းကျင်က ဥပဒေသစွမ်းအားတွေကို စုပ်ယူပြီး အလယ်အလတ် မူလဘုရင်အဆင့် တိုက်ရိုက်ရောက်သွားခဲ့တယ်…”

ရွှမ်ယီက ပြုံးလျက်ပြောလိုက်သည်။

သူအဆင့်တက်ခဲ့စဉ်က အနီးပတ်၀န်းကျင်မှ ဥပဒေသစွမ်းအားများအား စုပ်ယူနိုင်သေးသည်ဟု ခံစားရသဖြင့် ရ‌သလောက် ဝါးမြိုခဲ့ခြင်းဖြစ်သည်။

ဤသည်က သူ့အား အလယ်အလတ် မူလဘုရင်အဆင့်သို့ တိုက်ရိုက်ရောက်သွားစေခဲ့သည်။

သူ့ ခန္ဓာကိုယ်ထဲမှ ဓားဒြပ်စင်ဖြင့်ဆိုလျှင် သူ၏တိုက်ခိုက်စွမ်းအားက မူလဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေချေပြီ။

( ဒီနေရာမှာ ရှင်းပြပေးပါမယ်။ ဘုရင်အဆင့်ကိုရောက်ဖို့ ဥပဒေသစွမ်းအားတွေကို နားလည်ဖို့ စုပ်ယူဖို့လိုအပ်ပါတယ်။ ဘုရင်အဆင့်ရောက်ရင် သူတို့ခန္ဓာကိုယ်ထဲမှာ ရေခဲကျင့်ကြံရင် ရေခဲဒြပ်စင် ၊ မီးကျင့်ကြံရင် မီးဒြပ်စင် ဥပမာ ဟွမ်တျန်ချန်ဇီဆိုရင် မီးဒြပ်စင်ပိုင်ဆိုင်သွားတာပါ။ ရွှမ်ယီက ဓားကျင့်ကြံသူမို့ ဓားဒြပ်စင်ဖြစ်တည်လာတာပါ…)

ဤနေရာတွင် ဆန်းကျယ်သည့် ဥပဒသစွမ်းအင် အလင်းလုံးများကျန်ရှိနေသေး၏။ ရွှမ်ယီက ၎င်းတို့အား သိမ်းဆည်းလိုက်သည်။

ထိုအထဲမှ တချို့တ၀က်က ရွှမ်မိသားစုအတွက်ဖြစ်ကာ တစ်ချို့က သူ့တပည့်များအတွက်ဖြစ်၏။

ပတ်၀န်းကျင်မှ လူတိုင်းနီးပါး ရွှမ်ယီအား ထိတ်လန့်နေသည့် မျက်၀န်းများဖြင့် ကြည့်နေခဲ့ကြသည်။

အခြေတည်ဝိညာဉ်အဆင့်မှ ဘုရင်အဆင့်သို့ ကူးပြောင်းခြင်းမှာ အလွန်ကြီးကျယ်ခမ်းနားသည့် ကိစ္စတစ်ခုဖြစ်သည်။ သူတို့တွင် ဥပဒေသအလင်းလုံးကဲ့သို့ ဆန်းကျယ်သည့် ရတနာများရှိနေသည့်တိုင်အောင် ကောင်းမွန်သည့်အခြေခံနှင့် နားလည်နိုင်စွမ်းမရှိလျှင် ဘုရင်ဖြစ်လာရန် အလွန်ခက်ခဲသေး၏။ ကံကောင်းပြီး ချိူးဖျက်နိုင်သွားလျှင်တောင် အားနည်းသည့် ဘုရင်များသာဖြစ်လာပေလိမ့်မည်။

ထိုကံကောင်းပြီး ချိုးဖျက်နိုင်သွားသူများအနေဖြင့် မူဘဘုရင်အစောပိုင်းမှ အလယ်အလတ်အဆင့်သို့ရောက်ရန် နှစ်ထောင်‌နှင့်ချီ၍ ကျင့်ကြံရန်လိုအပ်သည်။

သို့သော် အသက်(၂၄)နှစ်၀န်းကျင် လူငယ်လေးဖြစ်သူ ရွှမ်ယီက သူတို့မျက်စိရှေ့၌ပင် နယ်ပယ်နှစ်ခုတိုင်အောင်ချိုးဖျက်လျက် အလယ်အလတ် မူလဘုရင်အဆင့်သို့ရောက်ရှိသွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်က အလွန်မြင့်မားပြီး ‌မွေးရာပါ ပါရမီစွမ်းအားက ကြောက်မက်ဖွယ်အတိဖြစ်‌သည်။ အသက်(၁၀၀)အောက်တွင် သူ့အား ယှဉ်ပြိုင်နိုင်မည်လူ မရှိနိုင်ပေ။

………….

အနောက်ပိုင်းနယ်မြေ ၀မ်မိသားစု ၊

ဘန်း…

ဓားသဏ္ဌာန်မျက်ခုံးမွေးရှိသည့် အဘိုးကြီးတစ်ဦးက သူ့ရှေ့မှ စားပွဲအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ အနက်ရောက်သံမဏိဖြင့် ပြုလုပ်ထားသည့် အလွန်မာကြောသော စားပွဲကြီးမှာ အမှုန့်ဖြစ်သွားခဲ့၏။

လျှို့ဝှက်နယ်မြေက ဘုရင်အဆင့်ကျင့်ကြံသူများ ၀င်ရောက်ခြင်းကို ကန့်သတ်ထားသော်လည်း အတွင်းမှ အပြင်သို့ထွက်ခွာခြင်းကိုမူ ကန့်သတ်ထားခြင်းမရှိပေ။

၀မ်ချောင်သေဆုံးသွားခဲ့သည်နှင့် တပြိုင်နက် ထိုနေရာမီ ထွက်ပြေးလာခဲ့သည့် ခရမ်းရောင်၀တ်အဘိုးကြီးက အနောက်ပိုင်းနယ်မြေရှိ အင်အားစုမှလူများအား ဆက်သွယ်ခဲ့သည်။

ထို့နောက် ကိုယ်စားလှယ်တစ်ဦးစေလွှတ်ကာ ဖြစ်ခဲ့သည်များအား ၀မ်မိသားစုထံသို့ အကျဉ်းချုပ်တင်ပြန်ရန် ဆုံးဖြတ်ခဲ့ကြ၏။

၀မ်ချောင်ဟူသည်မှာ ကောင်းကင်အဆင့်မှလူတစ်ဦးဖြစ်ပြီး ၀မ်မိသားစု၏ ဆက်ခံသူဖြစ်ကာ အနောက်ပိုင်းနယ်မြေတစ်ခုလုံး၏ အနာဂါတ် မျှော်လင့်ချက်ဖြစ်သည်။

သို့သော် ယခုတွင် ၀မ်ချောင် သေဆုံးသွားခဲ့ချေပြီ။ သူက ရွှမ်မိသားစုမှ တပည့်တစ်ယောက် လက်ချက်ဖြင့် စေဆုံးခဲ့ခြင်းဖြစ်၏။

ဤဖြစ်ရပ်က အနောက်ပိုင်းနယ်မြေအတွက် ကပ်ဘေးတစ်ခုဟု ပြောလျှင်ပင် လွန်မည်မဟုတ်ချေ။

မျှော်လင့်ထားသည့်အတိုင်းပင် ၀မ်မိသားစုခေါင်းဆောင်တစ်ယောက် ဒေါသပေါက်ကွဲနေချေပြီ။

သူက တင်းကြပ်စွာမျက်မှောင်ကြုတ်ထားပြီး ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်၏။

သူ့၏ မျက်၀န်းများက မှောင်မှိုင်းနေပြီး မယုံကြည်နိုင်မှု ၊ ၀မ်းနည်းမှုနှင့် ‌ဒေါသတရားများ ရောယှက်ကာဖြစ်ပေါ်နေသည်။

“ ခုနက မင်းပြောခဲ့တာကို နောက်‌တစ်ခေါက် ပြန်ပြောစမ်း…”

သူက အဝေးသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်လုံးများပိတ်ကာ အသက်ပြင်းပြင်းရှုလိုက်၏။

ဒေါသများအား အတင်းအကြပ်မြိုသိပ်ထားလိုက်သည်။ ထို့နောက် သတင်းလာ‌ပို့သော ခရမ်းရောင်၀တ်အဘိုးကြီးအား နီရဲနေသော မျက်၀န်းများဖြင့် ကြည့်လိုက်၏။

သူ၏ အကြည့်များကြောင့် ခရမ်းရောင်၀တ်အဘိုးကြီး တုန်ယင်သွားပြီး မနေနိုင်ပဲ ခေါင်းငုံ့မိလိုက်သည်။ သူက ၀မ်မိသားစုခေါင်းဆောင်နှင့် အကြည့်ချင်းဆုံဝံ့ခြင်း မရှိချေ။

သူ၏ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်(၉)၌သာ ရှိသေးသည်။ ထို့အပြင် ထို့အဆင့်သို့ရောက်ရန် ဆေးဝါးများ ရတနာများ များစွာအသုံးပြုခဲ့၏။ ၀မ်မိသားစု ခေါင်းဆောင် မဆိုထားနှင့် သာမန် အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူတစ်ဦးထက်ပင် အားနည်းသေးသည်။

၀မ်မိသားစုခေါင်းဆောင်က အမှန်အကန်အစွမ်းထက်သည့် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်၏။ သူ့ထံမှ သမုဒ္ဒရာကြီး တစ်စင်းပမာကျယ်ပြန့်သည့် ကျက်သရေရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ထိုကဲ့သို့ ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ နှလုံးသားအတွင်းမှ ခံစားချက်များအား ဖိနှိပ်နိုင်ခြင်းမရှိတော့သည်ဖြစ်ရာ အကြည့်ချင်းပင်မဆုံဝံ့ခြင်းဖြစ်၏။ ၀မ်မိသားစု ခေါင်းဆောင်၏ အကြည့်များက သူ့အပေါ်သို့ တောင်ကြီးနှစ်လုံး ကဲ့သို့ ဖိနှိပ်နိုင်စွမ်းရှိနေသည်။

“ ဟောဒီက အစေအပါးက သခင်ကြီးကို မလိမ်ညာရဲပါဘူး.. သခင်လေးက အမှန်တကယ် ရွှမ်မိသားစုက တပည့်တစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးသွားတာပါ… သူ့နာမည်က ရွှမ်ယီလို့တော့ ကြားခဲ့ရပါတယ်.. သူက ဓားချီတွေနဲ့ တိုက်ခိုက်ပြီး အရမ်းအစွမ်းထက်လွန်းပါတယ်.. ဟောဒီက ငယ်သားက ရှေ့တစ်လှမ်းမှ တိုးနိုင်စွမ်းမရှိတဲ့အတွက် သခင်လေးကို မကာကွယ်နိုင်ခဲ့ပါဘူး…”

ခရမ်းရောင်၀တ်အဘိုးကြီး၏ နှဖူးမှ ချွေးများ စီးကျလျက်ရှိနေပြီး တုန်ယင်စွာ ပြောလိုက်သည်။

ရုတ်တရက် သူ့အား တစ်စုံတစ်ခုက ပိတ်ဆို့လိုက်သလိုခံစားရပြီး အနည်းငယ်မျှပင် ရွေ့လျားနိုင်ခြင်းမရှိတော့ချေ။

“ အမှိုက်ကောင်.. မင်းက မင်းရဲ့ သခင်လေးကိုတောင်မှ မကာကွယ်နိုင်ဘူး.. ဘာလုပ်ဖို့ အသက်ဆက်ရှင်နေဦးမှာလဲ…”

ဘုန်း…

ဓားချီအလင်းတန်းတစ်ခုပြေးထွက်လာပြီး ခရမ်းရောင်၀တ်အဘိုးကြီးအား ပိုင်းဖြတ်သွားခဲ့သည်။

ထိုအဘိုးကြီးကား မျက်လုံးအပြူးသားနှင့် အံ့ဩလျက်ရှိနေပြီး ထိုအတိုင်းပင် ဒူးထောက်ကျသွားကာ သေဆုံးသွားတော့သည်။ သူ၏ ခန္ဓာကိုယ်က အသွေးအသားများမရှိတော့‌ပဲ အရိုးဖြူများသာကျန်ခဲ့၏။

All Chapters