← Chapters

အခန်း (၁၅၉)

Vol. 11 Ch. 159

အခန်း (၁၅၉)

Vol. 11 Ch. 159

“ ရွှမ်မိသားစု…! ရွှမ်မိသားစုက တစ်ယောက်က ငါတို့ ၀မ်မိသားစုရဲ့ ဆက်ခံသူကို ဓားသုံးပြီး သတ်ရဲတယ်လား…”

၀မ်မိသားစုခေါင်းဆောင်က အရိုးဖြူများအား ထူးမခြားနားဟန်ဖြင့် ကြည့်လျက် ရေရွတ်လိုက်သည်။ သူ့၏ စိတ်ထဲတွင် ဤကိစ္စအား လေးနက်စွာ တွေးတောနေခဲ့၏။

ကောင်းကင်ဒေသ၌ ဓားတာအိုတွင် အနောက်ပိုင်းနယ်မြေရှိ ၀မ်မိသားစုက အစွမ်းထက်ဆုံးဖြစ်သည်။

သူတို့မိသားစုက ၀မ်ချောင်နှင့်ပတ်သက်၍ များစွာမျှော်လင့်ထားခဲ့သည်။ ထို့ကြောင့် သူ့အား များစွာသော အကာအကွယ်များနှင့် အသက်ကယ်ပစ္စည်းများ ပေးထားခဲ့၏။

နှင်းလျှို့ဝှက်နယ်မြေမှာ ၀မ်မိသားစု၏ ပိုက်နက်အတွင်း၌ရှိသည်။ သို့သော် လျှို့ဝှက်နယ်အတွင်းသို့ ဘုရင်အဆင့်များ ၀င်မရပေ။

မူလက ၀မ်မိသားစုအနေဖြင့် ၎င်းအတွင်မှ မိမိတို့၏ အင်အားကို တိုးမြှင့်ပေးနိုင်မည့် ရတနာများ မျှော်လင့်ထားခဲ့ကြသည်။

သို့သော် ထိုအထဲတွင် ၀မ်ချောင် သေဆုံးသွားလိမ့်မည်ဟု လုံး၀‌မျှော်လင့်ထားခဲ့ခြင်းမရှိချေ။

“ ငါတို့သာ ဒီကိစ္စကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကောင်းကင်‌ဒေသတစ်ခုလုံးက ၀မ်မိသားစုကို ဟာသအဖြစ်မြင်တော့မယ်….”

“ ရွှမ်ယီ..! မင်း သေကိုသေရမယ်…”

ဘုန်း…

၀မ်မိသားစုခေါင်းဆောင်က အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် လျှို့ဝှက်နယ်မြေရှိရာဆီသို့ ဦးတည်လိုက်သည်။

သူက လျှို့ဝှက်နယ်မြေအပြင်ဘက်တွင်စောင့်နေမည်ဖြစ်ပြီး ထိုရွှမ်ယီဆိုသည့်ကောင် ထွက်လာပါက သတ်ပေးရန်အတွက် ဒူးထောက်တောင်းပန်စေရန်အထိ နှိပ်စက်ပစ်မည်ဟု တေးထားခဲ့၏။

…………

ဖီးနစ်လှိုဏ်ဂူ တည်ရှိရာကောင်းကင်အထက်တွင် ပြင်းထန်သည့်ရောင်ဝါများနှင့် မှော်‌အဆောင်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းထံမှ အရှိန်အဝါများအရ တစ်စုံတစ်ယောက် ဘုရင်အဆင့်သို့ ချိုးဖျက် ရောက်ရှိသွားကြောင်း သိရှိနိုင်သည်။

သို့သော် နေ့၀က်ခန့်ကြာပြီးနောက်

သူတို့ အပြည့်အ၀မပျော်ရသေးမီမှာပင် စိတ်ဝိညာဥ်မှော်အဆောင်မှ အလင်းရောင်များ မှိန်ကျသွားခဲ့၏။ အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် ၎င်းက (၉)ပိုင်းကွဲသွားလေသည်။

ပြီးနောက် ၎င်းအတွင်းမှ ပုံရိပ်များ ထွက်ပေါ်လာသည်။

၎င်းပုံရိပ်များထဲတွင် ဟွမ်တျန်ချန်ဇီ၏ မုန်းတီးစွာ ကြည့်နေသည့် အကြည့်များကို မြင်နေရ၏။ ထို့အပြင် သူ၏ မျက်နှာချင်းဆိုင်၌ အလွန်ကြီးမား ပြင်းထန်သည့် အနက်ရောင်းကြီးတစ်ချောင်းရှိနေသည်။ ထို့နောက် ၎င်းကရုတ်တရက် ဟွမ်တျန်ချန်ဇီအား ပိုင်းဖြတ်သွားခဲ့၏။

ထို့နောက် သာမန်ဆန်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ အမှိုက်က အမှိုက်ပဲ.. ဘုရင်အဆင့်ရောက်နေရင်တောင် အမှိုက်ဖြစ်နေတုန်းပဲ…”

ခလွပ်…

ဖီးနစ်လှိုဏ်ဂူမှ လူတိုင်း လက်သီးများအား တင်းနေအောင်ဆုပ်ထားမိလိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများက မီးထွက်မတတ် နီရဲနေ၏။

“ မိုက်မဲ.. ရိုင်းစိုင်းလိုက်တာ…”

“ ယောက်ျား..! အဲ့ကောင် ဘယ်သူပဲဖြစ်ဖြစ် ရအောင်ရှာပါ.. ကျွန်မ သူ့ကို သေစေချင်တယ်….”

ဟွမ်တျန်ချန်ဇီက ကောင်းကင်အဆင့် နံပါတ်(၁) ဖြစ်သည့်အပြင် ကောင်းကင်ဒေသတစ်ခုလုံးမှ လူငယ်မျိုးဆက်တွင် နံပါတ်(၁)ဖြစ်၏။

သူ့အား သတ်ဖြတ်ရန်ကြိုးစားသူတိုင်းကို ရေအဆုံး မြေအဆုံးလိုက်လံသတ်ဖြတ်မည်ဖြစ်ကြောင်း ဖီးနစ်လှိုဏ်ဂူက ရှေးယခင်ကတည်းက ကြေငြာထားခဲ့သည်။

ကောင်းကင်ဒေသတစ်ခုလုံး စစ်ပွဲခေါ်သံတစ်ခုအလား တိမ်များ အုံ့မှိုင်းလာ၏။

……..

လျှို့ဝှက်နယ်မြေထဲတွင်

ရွှမ်ယီ ဘုရင်အဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက ဓားဒြပ်စင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ၏ နာမည်ကို မှတ်ကျောက်တင်လိုက်ပြီးနောက် ဓားဒြပ်စင်များက သေးငယ်သောဓားလေးများအဖြစ်ပြောင်းလဲပြီး သူ၏ခန္ဓာကိုယ်အား လှည့်ပတ်နေသည်။

နေ့တစ်၀က်ခန့်အချိန်ယူပြီး လက်ရှိအဆင့်နှင့် အသားကျအောင်ပြုလုပ်ခဲ့ရသည်။

“ လူငယ်ခေါင်းဆောင်ရွှမ်.. ခင်ဗျားရဲ့ ခွန်အားက တကယ်ကို အံ့အားသင့်စရာပဲ…”

ချင်တျန်ဂီက တောက်ပသောမျက်၀န်းများဖြင့် ရွှမ်ယီ၏ ခန္ဓာကိုယ်အား အထက်အောက် သေချာစစ်ဆေးနေ၏။ သူ၏ မျက်၀န်းများအတွင်း၌ ၀မ်းနည်းနေဟန်များ ရောယှက်ပါ၀င်နေသည်။

ရွှမ်ယီ၏ စွမ်းအားများအား မြင်ခဲ့ပြီးနောက် သူ့စိတ်ထဲတွင် ရွှမ်ယီအား ချင်အင်ပါယာဖို့ ပူးပေါင်းရန် အကြိမ်ကြိမ်သိမ်းသွင်း ဖိတ်ခေါ်လို စိတ်များ ဖြစ်ပေါ်လျက်ရှိ၏။ အကယ်၍ ချင်အင်ပါယာ၌ ရွှမ်ယီကိုသာ ပိုင်ဆိုင်နိုင်ပါက နှစ်(၁၀၀)ပင်မကြာမြင့်ဘဲ ချင်အင်ပါယာ၏ လွှမ်းမိုးမှု လက်ရှိအနေအထားထက် နှစ်ဆတိုးသွားမည်ဟု အခိုင်အမာယုံကြည်နေခဲ့သည်။

ဤကိစ္စက ချင်အင်ပါယာ၏ လက်ရှိအနေအထားဖြင့်ဆိုလျှင် နှစ်ပေါင်း ထောင်သောင်းချီ၍ ကြာနိုင်ပေသည်။

“ သခင်လေးရွှမ်.. သူပြောတာကို ခေါင်းထဲမထည့်နဲ့.. မျှော်စင်က စိတ်ဝိညာဉ်ကိုယ်ပွားတွေအားလုံး နီးပါး ကျွန်မတို့ သတ်ခဲ့ပြီးပြီ… အခု ဘာဆက်လုပ်သင့်လဲ…”

ကိုင်လျန်ယီက ချင်တျန်ဂီ၏ ရှေ့သို့ရောက်လာခဲ့ပြီး ပြင်းထန်စွာစိုက်ကြည့်ပြီးနောက် ရွှမ်ယီဘက်လှည့်ကာ ပြုံးလျက်မေးလိုက်၏။

ရွှမ်ယီက ပြုံးလိုက်ပြီး တခဏမျှ စဉ်းစားလိုက်ပြီးလျှင်

“ ဒါဆို ငါတို့ လျှို့ဝှက်နယ်မြေက ထွက်ကြမယ်လေ.. ပြီးရင် မြောက်ပိုင်းကို ပြန်ကြတာပေါ့…”

သူ၏ လက်ရှိခွန်အားက မူလဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ကျင့်ကြံမှုအဆင့်က အလယ်အလတ် မူလဘုရင်သာဖြစ်နေသေး၏။

လူသားဘုရင်အဆင့်သို့ ရောက်ရန်မှာမူ အလှမ်းဝေးနေသေးသည်။

လျှို့ဝှက်နယ်မြေအတွင်းမှ အကျိုးအမြတ်များက မသေးငယ်လှပေ။ ၎င်းက ဆယ်နှစ်အတွင်း ရွှမ်မိသားစုတွင် ဘုရင်အဆင့်(၁၀)ဦး ပေါ်ထွက်လာရန်လုံလောက်သည်။

ဤကဲ့သို့ အကျိုးအမြတ်များဖြင့်ဆိုလျှင် သူတို့အား မည်သူမှ လက်ပိုက်ကြည့်နေမည်ဟု မထင်ပေ။ အနောက်ပိုင်းနယ်မြေရှိ ၀မ်မိသားစုက လျှို့ဝှက်နယ်မြေအား ၀န်းရံထားပြီး ထိုရတနာများအား လုယက်ရန်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

လူသား ဘုရင်အဆင့်တစ်ဦးကိုပင် အသုံးချရန် ဖြစ်နိုင်ချေများ၏။

ရွှမ်ယီက သူ့အနေဖြင့် ၎င်းတို့အား သိပ်ဂရုမစိုက်လှသော်လည်း သူ့နောက်မှ ရွှမ်မိသားစု တပည့်များကို ငဲ့ကွက်ရဦးမည်။

“ ကောင်းပြီလေ…”

ကိုင်လျန်ရီက ရွှမ်ယီနောက်မှ လိုက်ပါလာခဲ့သည်။ သူမတို့ ကိုင်မိသားစုအတွက်လည်း ထို ဆန်းကျယ်သည့်ရတနာ အများအပြားရရှိထားသည်ဖြစ်ရာ အနောက်ပိုင်းနယ်မြေတွင် ကြာရှည်စွာနေ၍ အဆင်မပြေပေ။

ဘန်း…

လျှို့ဝှက်နယ်မြေ ပြင်ပသို့ရောက်သည်နှင့် အသံကျယ်ကြီးတစ်ခုအား ကြားလိုက်ရ၏။

နောက်သို့ လှည့်ကြည့်လိုက်ကြလျှင် တောက်ပသော အလင်းရောင်တစ်ချက် တောက်ပသွားပြီး သူတို့နောက်ဘက်ရှိ လျှို့ဝှက်နယ်မြေ ၀င်ပေါက် ကျောက်တံခါးကြီးကား ပိတ်သွားချေပြီ။

သူတို့အနေဖြင့် လျှို့ဝှက်‌နယ်မြေအတွင်း နောက်တစ်ကြိမ် ပြန်လည်၀င်ရောက်၍ မရတော့ချေ။

“ ခွေးကောင်.. မင်းရဲ့ အသက်ကိုပေးစမ်း…”

လျှို့ဝှက်နယ်မြေနှင့် ပတ်သက်၍ မစဉ်းရသေးမီ ကောင်းကင်ထက်မှ အလွန်ကြီးမားသည့် ဖိအားကြီးတစ်ရပ်ကျဆင်းလာ၏။

လူတိုင်း၏ ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ပြီး တချို့လူများဆိုလျှင် ဒူးထောက်ကျသွားခဲ့ရသည်။

“ လူသားဘုရင်.. ဒါ လူသားဘုရင်အဆင့်ပဲ…”

“ သွားပြီ.. အားလုံး ပြီးသွားပြီ…”

လူတိုင်း အလွန်ထိတ်လန့်သွားခဲ့ကြ၏။ သူတို့ခေါင်းအား မော့ကြည့်လိုက်လျှင် မိုးကုတ်စက်ဝိုင်းအစွန်းမှ ပျံသန်းလာနေသည့် အလင်းတန်းနှစ်ခုအား တွေ့လိုက်ရသည်။ ထိုအလင်းတန်းနှစ်ခုတွင် တစ်ခုက နေကဲ့သို့ ပူပြင်းလျက်ရှိပြီး ကျန်တစ်ခုက အလွန်ထက်ရှသည့် ဓားအရှိန်အဝါများ ထွက်ပေါ်နေသည်။

“ စောနက စကားပြောလိုက်တာ ၀မ်မိသားစုခေါင်းဆောင် မဟုတ်လား… ကြည့်ရတာ ၀မ်မိသားစု လူငယ်ခေါင်းဆောင်လည်း သေသွားပြီဖြစ်မယ်…”

တစ်စုံ‌တစ်ယောက်က ပြောလိုက်သည်နှင့် လူတိုင်း ရွှမ်ယီအား လှည့်ကြည့်လိုက်ကြသည်။

သူတို့၏ နှလုံးသားများပင် တုန်ယင်သွားခဲ့၏။

ဘယ်လိုတောင် ရက်စက်တဲ့လူလဲ..?

ဖီးနစ်လှိုဏ်ဂူက မြင့်မြတ်သားတော်တင်မဟုတ်.. ၀မ်မိသားစု ဆက်ခံသူကိုတောင် အလွတ်မပေးခဲ့ဘူး….!

ချင်တျန်ဂီ၏ နောက်ကျောမှ ချွေးအေးများ စီးကျလာခဲ့၏။ အကယ်၍ သူသာ လျှို့ဝှက်နယ်မြေအတွင်း ရွှမ်ယီ အဆင့်တက်နေစဉ် လှုပ်ရှားခဲ့ပါက လက်ရှိ ရောက်လာသူက နှစ်ယောက်တည်းမဟုတ်ဘဲ ချင်အင်ပါယာမှ လူသားဘုရင်ပါ ပါ၀င်လာပေလိမ့်မည်။

All Chapters