← Chapters

အခန်း (၁၆၀)

Vol. 11 Ch. 160

အခန်း (၁၆၀)

Vol. 11 Ch. 160

[ ဒင်..! လျှို့ဝှက်နယ်မြေထဲမှာ ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… အစောပိုင်း အင်ပါယာအဆင့် ရဲ့ရီဆောင်၏ တိုက်ခိုက်မှုသုံးကြိမ် ဆုလာဘ်ရရှိပါတယ်…]

ရွှမ်ယီက နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့သည်။

ထိုအချိန်တွင် ကိုင်လျန်ရီက ရှေ့တစ်လှမ်းတိုးလိုက်ပြီး ရွှမ်ယီရှေ့၌ ပိတ်ရပ်လိုက်သည်။

“ စီနီယာအကြီးအကဲများရှင့်… ကျွန်မတို့ ကိုင်မိသားစုကို ခိုင်မာတဲ့ အကြောင်းပြချက်မရှိဘဲ ဘာလို့များ ဖိအားပေးချင်ရတာလဲဆိုတာ မေးလို့ရမလား…”

ရွှမ်ယီ၏ ပါရမီက အလွန်မြင့်မားလွန်းလှသည်။ အကယ်၍ သူသာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခြင်းမရှိလျှင် လူသားဘုရင်အဆင့်က သူ့အတွက် ကန့်သတ်ချက်မဖြစ်နိုင်ပေ။

သူမက ရွှမ်ယီနှင့်ပတ်သက်‌သည့် အခြေအနေများအား ကိုင်မိသားစုထံသို့ အကြောင်းကြားခဲ့ပြီးဖြစ်သည်။ ထို့နောက် မိသားစုထံမှ ပြန်စာနှစ်ကြောင်းတည်းသာရရှိခဲ့၏။

၎င်းက ‘ ရွှမ်ယီကို ကာကွယ်ပါ..’ ဟူ၍ဖြစ်သည်။

“ ကိုင်မိသားစုက ကလေးမ.. ဒီမှာ မင်းအတွက် လုပ်စရာဘာမှမရှိဘူး…”

၀မ်မိသားစုခေါင်းဆောင်က ကိုင်လျန်ရီအား အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။

ပြင်းထန်သောဖိအားတစ်ခု သူမထံသို့ကျဆင်းလာခဲ့ပြီး မျက်နှာဖြူဖျော့သွားကာ ဒူးညွတ်ကျသွား၏။

“ အဲ့ကောင်က ငါတို့ ဝမ်မိသားစုက ဆက်ခံသူကို သတ်ခဲ့တယ်.. ဒီနေ့ ဘယ်သူမှ သူ့ကိုလာကယ်လို့မရဘူး.. ‌မင်းနောက်ဆုတ်လိုက်.. ဒီနေ့ အဲ့ကောင် ဒူးထောက်ပြီး တောင်းပန်စေရမယ်…”

၀မ်မိသားစုခေါင်းဆောင်၏ လေသံက တဖြည်းဖြည်းကျယ်လောင်လာခဲ့ပြီး အလွန် ထက်ရှသည့် ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

“ ကိုင်လျန်ရီ… ငါတို့ ဖီးနစ်လှိုဏ်ဂူကလည်း မင်းတို့ ကိုင်မိသားစုနဲ့ ဘာပြသနာမှမရှိခဲ့ဘူး.. ဒီနေ့ ငါဒီကိုလာတာ မြင့်မြတ်သားတော်အတွက် လက်စားခြေဖို့ကိစ္စ တစ်ခုတည်းပဲ… မင်း အသက်ရှုသုံးကြိမ်စာအတွင်း နောက်ပြန်ဆုတ်လိုက်ပါ.. ဒါဆို မင်းကိုခွင့်လွှတ်ပေးမယ်….”

“ ဒါပေမယ့် အသက်ရှုသုံးကြိမ်ပြီးတာနဲ့ မင်းကလွဲပြီး လူတိုင်း သေရမယ်….”

ဖီးနစ်လှိုဏ်ဂူမှ လူသားဘုရင်က ဆံပင်အနီရောင်နှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမထံမှ ကမ္ဘာတုန်လောက်သည့် သတ်ဖြတ်ငွေ့များထွက်ပေါ်နေပြီး စကားများက အလွန်ကြမ်းတမ်းနေခဲ့သည်။

ဟွမ်တျန်ချန်ဇီက သူမ၏ သားဖြစ်ပြီး သားဖြစ်သူအား ဆုံးရှုံးလိုက်ရသည့်အတွက် အလွန်ဒေါသထွက်နေခဲ့ပြီး ရွှမ်ယီ၏ ခန္ဓာကိုယ်အား တစ်လက်မချင်း လှီးထုတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။

ကိုင်မိသားစုအဖွဲ့မှ လူတိုင်း သူမထံမှ သတ်ဖြတ်ငွေ့များကြောင့် နှစ်လုံးသားတစ်ခုလုံး အေးခဲသွားသလိုခံစားလိုက်ရ၏။

လူသားဘုရင်အဆင့်ဆိုသည်မှာ ကောင်းကင်ဒေသ၌ အကြီးမားဆုံး တိုက်ခိုက်ရေးစွမ်းအားတစ်ခုဖြစ်သည်။ အများအားဖြင့်ဆိုလျှင် ၎င်းအဆင့်က အဖွဲ့အစည်းများအား အုပ်ချုပ်သည့် ခေါင်းဆောင်များအဆင့်ဖြစ်သည်။

အတိအကျဆိုရမည်ဆိုလျှင် ကောင်းကင်ဒေသမှ အင်အားစုကြီးလေးခုက အထွတ်အထိပ်တွင်ရှိနေရခြင်းမှာ ၎င်းတို့၌ လူသားဘုရင်အဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏။

လူသားဘုရင်အဆင့်ဆိုသည်မှာ ကောင်းကင်ဒေသ၌ ထိပ်ဆုံးသော တည်ရှိမှုအဖြစ်သတ်မှတ်နိုင်သည်။

တစ်စုံတစ်ယောက်က လူသားဘုရင်တစ်ဦးအား စော်ကားမိလျှင် ပျက်စီးခြင်းမှလွဲ၍ တခြားမရှိချေ။

သို့သော် လက်ရှိတွင် ထို ရွှမ်ယီက ကောင်းကင်ဒေသမှ ထိပ်တန်းအင်အားစုကြီးနှစ်ခုအား အမြီးသွားဆွဲခဲ့ချေပြီ။

“ ဇာတ်သိမ်းပြီ…”

လူတိုင်း၏ မျက်နှာများ ဖြူဖျော့နေပြီး မျက်၀န်းများထဲ၌ ကြောက်လန့်မှုများ ပြည့်နှက်နေခဲ့၏။

ချင်တျန်ဂီက ရွှမ်ယီအား လေးနက်စွာ ကြည့်လိုက်ပြီး ချင်အင်ပါယာမှ လူများအား ကိုင်မိသားစုလူများနှင့် ခွဲထုတ်လိုက်သည်။

လက်ရှိအခြေအနေက သူအနည်းငယ်မျှ ကိုင်တွယ်နိုင်သည့်အဆင့်မဟုတ်ချေ။

ဘုရင်အဆင့် ရောက်ကာစ လူတစ်ယောက်နှင့် လူသားဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်….

အကယ်၍ မထင်မှတ်ထားသော အဖြစ်အပျက်များသာဖြစ်မလာခဲ့လျှင် ရွှမ်ယီအတွက် သေလမ်းသာရှိသည်။

ကိုင်လျန်ရီ၏ မျက်နှာလေးကလည်း ဖြူဖျော့လျက်ရှိပြီး နောက်ပြန်မဆုတ်ဘဲ ခေါင်းမာစွာက် ဆက်လက်ရှိနေခဲ့သည်။

ရွှမ်ယီ ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး ကိုင်လျန်ရီအား နောက်သို့ပြန်ပို့လိုက်၏။

“ စိတ်မပူနဲ့…”

ရွှမ်ယီက ထူးမခြားနားဟန်ဖြင့် ရှေ့သို့ တစ်လှမ်းခြင်း လျှောက်သွားခဲ့သည်။

“ ဘယ်သူက ဘယ်သူ့ကိုသတ်မယ်ဆိုတာ တရားသေပြောလို့မရသေးပါဘူး…”

ရွှမ်ယီက ကိုင်လျန်ရီအား နောက်သို့တွန်းထုတ်လိုက်၏။

လူသားဘုရင်နှစ်ဦးက ‌ရွှမ်ယီအား လေးနက်စွာ စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်၀န်းများက အေးစက်၍နေ၏။

ရွှမ်ယီက အနည်းငယ်ခေါင်းယမ်းလိုက်မိသည်။

နောက်ဆုံးတွင် အလယ်အလတ် မူလဘုရင်နှင့် လူသားဘုရင်အကြားကွာခြားချက်မှာ အလွန်ကြီးမား‌လှသည် မဟုတ်ပေလော။

ဘန်း….

သူ့၏ ခန္ဓာကိုယ်မှနေ၍ ငွေဖြူရောင် ဓားဒြပ်စင်ထွက်ပေါ်လာခဲ့ပြီး ဘုရင်တစ်ဦး၏ အရှိန်အဝါများထွက်ပေါ်လာခဲ့သည်။

ထို့နောက် သူ၏ သုံးပေပတ်လည်အား အကာအကွယ်ဖြစ်သွားစေခဲ့သည်။ ထိုသုံးပေဧရိယာအတွင်းမှ လူသားဘုရင်နှစ်ဦး အရှိန်အဝါများ ပျောက်ကွယ်သွား၏။

“ အိုး..”

၀မ်မိသားစုခေါင်းဆောင်နှင့် ဖီးနစ်ဘုရင်တို့က ထိတ်လန့်အံ့ဩနေသည့် မျက်၀န်းများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထို ရွှမ်ယီက အချိန်တိုအတွင်း ဘုရင်အဆင့်သို့ ရောက်နေခဲ့ချေပြီ။

ထို့အပြင် ၎င်းအား သူတို့၏ လူသားဘုရင်အဆင့် အရှိန်အဝါများနှင့်ပင် ဖိနှိပ်၍မရချေ။

သူ့ကို အသက်ဆက်ရှင်ခိုင်းလို့ မဖြစ်တော့ဘူး….!

“ ပါရမီကောင်းတယ်.. စွမ်းအား ကောင်းတယ်…ဟမ့်…”

၀မ်မိသားစု ခေါင်းဆောင်က အေးစက်စွာ နှာတစ်ခေါင်းရှုံ့လိုက်၏။ သူ၏ မျက်၀န်းများက အေးစက် ‌မှောင်မိုက်နေပြီး ရွှမ်ယီရှိရာသို့ ဓားတစ်ချက်ခုတ်လွှတ်လိုက်သည်။

သူ့အမြင်တွင် အကယ်၍ ရွှမ်ယီကြောင့်သာမဟုတ်ပါက သူတို့၀မ်မိသားစုမှ လူငယ်ခေါင်းဆောင်လည်း ယနေ့တွင် ဘုရင်အဆင့်ဖြင့် ပြန်ထွက်လာနိုင်ပေလိမ့်မည်။

လူသားဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး တိုက်ခိုက်လိုက်သည့် ဓားတစ်ချက်က အလွန်အစွမ်းထက်လွန်းလှသည်။

ကောင်းကင်ကြီးတစ်ခုလုံး အရောင်ပြောင်းသွားသကဲ့သို့ပင်။

အနောက်ပိုင်း နယ်မြေတစ်ခုလုံး၏ စွမ်းအား ရွှမ်ယီထံ တိုး၀င်သွားသကဲ့သို့ဖြစ်နေ၏။

ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သွားခဲ့သည်။

ထို ပြင်းထန်လှသည့် တိုက်ကွက်အား ကာကွယ်နိုင်ရန်ယုံကြည်ချက်ရှိသည်။ သို့သော် သူ့အနေဖြင့် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်၏။

“ ပင်းယု.. မင်း နောက်တစ်ကြိမ် ထွက်လာဖို့ အချိန်ကျပြီ…”

ရွှမ်ယီ သက်ပြင်းချလိုက်ပြီး စိတ်ထဲ၌ ရေရွတ်လိုက်သည်။ သူ့မျက်၀န်းများက အေးစက်သွားပြီး ပင်းယုအား ဆင့်ခေါ်ပေတော့မည်။

ကောင်းကင်ဘုရင်အဆင့်တစ်ဦးဖြစ်သော ပင်းယုအတွက် ဤနှစ်ယောက်ကား ဘာမျှမဟုတ်ချေ။

သူ့တွင် သူမအား ဆင့်ခေါ်ရန် အခွင့်အရေးတစ်ခုသာ ကျန်တော့၏။

မှန်ပေသည်။ သူ့တွင် အင်ပါယာအစောပိုင်းအဆင့် ရဲ့ရီဆောင်လည်း ကျန်သေး၏။ သို့သော် ထိုဝှက်ဖဲအား ဤနေရာတွင် အသုံးပြုခြင်းက ဖြုန်းတီးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

“ ၀မ်မိသားစုခေါင်းဆောင်.. ခင်းဗျားက နှစ်တွေ ဒီလောက်ကြာတာတောင် ဒေါသ မထိန်းနိုင်သေးဘူးကိုး…”

ရွှမ်ယီ ပင်းယု‌အားခေါ်ထုတ်တော့မည့်အချိန်တွင် ကျယ်လောင်သည့် ရယ်မောသံနှင့်အတူ ကောင်းကင်ထက်၌ ရောင်စုံအလင်းတန်းများ လင်းလက်တောက်ပလာခဲ့၏။ ထိုလူထွက်ပေါ်လာသည်က ပတ်၀န်းကျင်တစ်ခုလုံးကို တုန်ခါသွားစေသည့် အနောက်ပိုင်းနယ်မြေထံသို့ ကောင်းကင်ထက်မှ ဥက္ကာခဲ ‌ကြွေကျလာသည့်အလားပင်။

၀မ်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားပြီး ရောက်လာသည့် ကိုင်ရှောင်အား ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။

ထိုတတိယမြောက် ရောက်လာသည့်လူ၏ အရှိန်အဝါများက ကိုင်မိသားစုခေါင်းဆောင်နှင့် ဖီးနစ်ဘုရင်တို့ထက် ပိုမိုပြင်းထန်နေခဲ့ပြီး ရွှမ်ယီအား တောက်ပစွာပြုံးပြလိုက်သည်။

ထိုလူငယ်လေးကား လူသားဘုရင်အဆင့်နှစ်ဦး၏ ဖိအားအောက်တွင်ပင် အမူအရာတစ်ချက်ပျက်မသွားဘဲ တွန်းလှန်ပြီး ပြန်လည်တိုက်ခိုက်ရန်ပြင်နေပုံက သူ့အား ပြုံးမိသွားစေခဲ့သည်။

“ ငါ့ နာမည်က ကိုင်ရှောင်ဘဲ.. ကိုင်မိသားစု ခေါင်းဆောင် ဆိုလည်းမမှားဘူး... စိတ်မပူနဲ့တော့… ဒီနေ့ ငါ ဒီမှာရှိနေသ၍ မင်းကို ဘယ်သူမှ ထိ‌ခိုက်အောင် လုပ်လို့မရစေရဘူး….”

All Chapters