အခန်း (၁၆၁)
Vol. 11 Ch. 161
၀မ်မိသားစု ခေါင်းဆောင်က စူးနက်စွာ စိုက်ကြည့်လိုက်ပြီး
“ မင်းတို့ ကိုင်မိသားစုက သူ့ကို ကာကွယ်ချင်တာလား…”
ကိုင်ရှောင်က ၎င်း၏ ဦးခေါင်းအား ကောင်းကင်ထက်သို့မော့ကာ အားပါးတရရယ်မောလိုက်၏။
“ ဟားဟားဟား…”
ကိုင်မိသားစု ခေါင်းဆောင်၏ ခန္ဓာကိုယ်မှ သက်တံရောင်များ တောက်ပလာခဲ့ပြီး ရယ်သံက အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
သူတို့အားလုံး လူသားဘုရင်များဖြစ်ကြပြီး သက်ဆိုင်ရာအင်အားစုများ၌ ခေါင်းဆောင်များဖြစ်ကြသည်။ ဤကဲ့သို့ လူငယ်မျိုးဆက်များရှေ့တွင် မည်သူက နှိမ့်ချကာ အရှုံးပေးချင်မည်နည်း။
ကိုင်ရှောင်က အလယ်အလတ် လူားဘုရင်အဆင့်မှဖြစ်ပြီး ထိုနှစ်ယောက်ထက် ပိုအစွမ်းထက်သည်။
ဘုန်း…
လူတိုင်း ကောင်းကင်ထက်သို့ တုန်လှုပ်ကာ မော့ကြည့်နေခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ ထိုလူသားဘုရင်အဆင့်သုံးဦးက ကောင်းကင်ထက်၌ တိုက်ခိုက်လိုက်ကြပြီး ထိုတိုက်ပွဲမှ ထွက်ပေါ်လာသည့် စွမ်းအား တစ်ပိုင်းတစ်စကပင် သူတို့အား သတ်ဖြတ်ရန်လုံလောက်၏။
၀မ်မိသားစုခေါင်းဆောင်က ၎င်း၏ ဓားဖြင့်တိုက်ခိုက်နေခဲ့ပြီး ဓားချက်များက လျှပ်စီးတမျှ လျင်မြန်ပေသည်။ သူ၏ ဓားချက်ဖြတ်သွားရာနေတိုင်းမှ လေဟာနယ်ပင် အက်ကွဲသွားခဲ့ရသည်။
ဖီးနစ်လှိုဏ်ဂူမှ လူသားဘုရင်အဆင့် အမျိုးသမီးကမူ ဖီးနစ်ကြီးတစ်ကောင်အဖြစ် အသွင်းပြောင်းလဲသွားခဲ့ပြီး မီးတောက်များ၀န်းရံလျှက် သူမ၏ အမွေးအတောင်များဖြင့် ပစ်လွှတ်တိုက်ခိုက်နေခဲ့သည်။
သူမ တိုက်ခိုက်ပုံက စာသင်သားတစ်ဦး ၎င်း၏ စုတ်ချက်အား မဆင်မခြင်ဆွဲနေသကဲ့သို့ပင်။
ကိုင်မိသားစု ခေါင်းဆောင်ကမူ အပြုံးပင်မပျက်ချေ။ သူ့အနီးတစ်ဝိုက်တွင် ခုနှစ်ရောင်ချယ်အလင်းတန်းများ တောက်ပနေခဲ့ပြီး သူ၏ အရှိန်အဝါက အဆုံးမရှိသကဲ့သို့ဖြစ်နေ၏။ မည်သည့်ဓားချက်ဖြစ်စေ မီးတောက်များဖြစ်စေ သူ၏အကာအကွယ်အား ထွင်းဖောက်ကာ သူ့အား ထိခိုက်စေနိုင်ခြင်းမရှိချေ။
ရွှမ်ယီက ကောင်းကင်ထက်မှတိုက်ပွဲအား တောက်ပသောမျက်၀န်းများဖြင့် မော့ကြည့်နေ၏။
ထိုသုံးယောက်၏ တိုက်ကွက်များ ရင်ဆိုင်တွေ့ဆုံချိန်တိုင်း ကောင်းကင်ထက်မှ ဟင်းလင်းပြင်များ ပေါက်ကွဲလျက်ရှိသည်။
နှင်လျှို့ဝှက်နယ်မြေအထက်ရှိ ဧရိယာတစ်ခုလုံး မုန်းတိုင်ထန်နေသည့်အလား လေဟာနယ်မှာ ပုံပျက်နေချေပြီ။
နေ့၀က်ခန့်ကြာပြီးနောက် ဖီးနစ်လှိုဏ်ဂူမှ အမျိုးသမီးက ၎င်း၏ လူပုံစံသို့ ပြန်လည်ရောက်ရှိသွား၏။ သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက်ရှိပြီး မျက်၀န်းထဲ၌ မုန်းတီးမှုများ အတိုင်းသား ပေါ်လွင်နေသည်။
အသက်ရှုကြိမ်အနည်းငယ်ကြာပြီးနောက် သက်တံ့ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထို အလင်းတန်းရှေ့တွင် ၀မ်မိသားစုခေါင်းဆောင် ရပ်လျက်ရှိနေပြီး ၎င်း၏ မျက်နှာက မဲမှောင်နေပေသည်။
သူ၏ ရင်ဘတ်အား ဆုပ်ကိုင်ထားလျက်ရှိပြီး မထိန်းနိုင်တော့ပဲ ရေခဲပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွား၏။ မီတာ (၃၀၀၀)၀န်းကျင် မြင့်မားသည့် နှင်းတောင်ကြီးမှာ အုန်း ခနဲအသံနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။
ရွှစ်..
သက်တံ့ရောင်အလင်းများ ပြန်လည်ပျောက်ကွယ်သွားခဲ့ပြီး ကိုင်ရှောင်၏ ပုံရိပ်ပြန်လည် ပေါ်ထွက်လာ၏။
“ ငါတို့ ကိုင်မိသားစု ကာကွယ်ချင်တဲ့ လူကို ဘယ်သူသတ်ချင်တာလဲ…”
ကိုင်ရှောင်က ၀မ်မိသားစုခေါင်းဆောင်းနှင့် ဖီးနစ်ဘုရင်အားကြည့်ပြီး သတိပေးဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက် အေးစက်စွာ ရယ်မောလိုက်ပြီး
“ ဟမ့်.. အနည်းဆုံးတော့ မင်းတို့ နှစ်ယောက် အဲ့လို လုပ်နိုင်စွမ်းမရှိဘူး…”
“ ကိုင်ရှောင်…”
၀မ်မိသားစုခေါင်းဆောင်က ၎င်း၏ မျက်လုံးများအား မှိတ်ကာ ဒေါသများအား မြိုသိပ်ထားလိုက်၏။
သူက ကိုင်ရှောင်အား လေးနက်စွာကြည့်ကာ နာမည်ခေါ်လိုက်ပြီးလျှင် ခေတ္တ ရပ်တန့်လိုက်ပြီး
“ ရွှမ်ယီကို ကာကွယ်ခြင်းရဲ့ အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတာ မင်းကောင်းကောင်းနားလည်မယ်လို့ ထင်တယ်… မင်းတို့ ကိုင်မိသားစု အဲ့လိုမလုပ်နိုင်မှာ စိုးမိတယ်…”
ဖီးနစ်လှိုဏ်ဂူမှ ဟွမ်လန်က လည်း သူမ၏ ရှည်လျားကျဉ်းမြောင်းသည်ဘ ဖီးနစ် မျက်လုံးများဖြင့် ရွှမ်ယီအား စိုက်ကြည့်နေခဲ့သည်။ သူမ အကြည့်များထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးမနိုင် ဖိမရ ပေါ်ထွက်နေ၏။
“ ဖီးနစ် လှိုဏ်ဂူရဲ့ မြင့်မြတ်သားတော်ကို သတ်ခဲ့တဲ့ လူသတ်သမားကို ဒီတိုင်း လွှတ်ပေးရမှာလား….”
“ ဒါက တစ်ဖက်မဟုတ်တစ်ဖက် မသေဆုံးခင်အချိန်ထိ ရပ်တန့်လို့မရမယ့် ရန်ကြွေးပဲ…”
သူမက အလွန်ဒေါသထွက်နေဟန်ရပြီး တင်းမာသော လေသံဖြင့်
“ ဟမ့်.. ဒီနေ့ ကိုင်ရှောင်က သူ့ကို ကယ်ခဲ့တယ်.. ဒါပေမယ့် အနာဂါတ်မှာရော.. ဘယ်လိုလဲ…”
ဟွမ်လန်၏ မျက်လုံးများက ကိုင်မိသားစုအဖွဲ့အပေါ် ရစ်ဝဲကျရောက်သွားခဲ့သည်။ သူမက အကြည့်က ကိုင်လျန်ရီအား သေချာလေးနက်စွာ ကြည့်လိုက်၏။
သူမက လူသားဘုရင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ ဥပဒေသစွမ်းများနှင့် အလွန်ရင်းနှီးပေသည်။ ထို မိန်းကလေးထံမှနေ၍ ဥပဒေသစွမ်းများ အများအပြားခံစားမိနေခဲ့၏။
ထိုစွမ်းအင်များက သန့်စင်သုံးစွဲပြီးဟန်မတူပေ။ ၎င်းတို့အား ဘုရင်အဆင့်သို့တက်ရန်ဖြစ်စေ ၊ ထိပ်တန်းတပည့်များအား ဥပဒေသစွမ်းအားနှင့် ရင်းနှီးစေရန်ဖြစ်စေ ၊ တချို့ လျှို့ဝှက်ဆန်းကျယ်သည့် ကိစ္စအများအပြားအတွက်ဖြစ်စေ အသုံး၀င်ပေသည်။
ထို ရတနာများက ထိပ်တန်းအင်အားစုတစ်ခုအား ဆယ်နှစ်အတွင်း လျင်လျင်မြန်မြန်နှင့် များစွာ တိုးတက်သွားစေရန် လုံလောက်၏။
ကောင်းကင်ဒေသတွင် ထိပ်သီးအင်အားစုကြီးလေးခုရှိပြီး ဖီးနစ် လှိုဏ်ဂူနှင့် ၀မ်မိသားစုက ဘာမှမရရှိခဲ့သော်လည်း ကိုင်မိသားစုက အများအပြားရရှိခဲ့သည်။
နှစ်အနည်းငယ်ကြာပြီးလျှင် မည်သူက ခုခံနိုင်တော့မည်နည်း။
မူလက သူတို့နှစ်ဦး ထိုအရာများအား အာရုံခံမိသည်နှင့် ရွှမ်ယီအား ဖမ်းဆီးကာ ကိုင်လျန်ရီထံမှ ၎င်းတို့အား တောင်းယူရန် ကြံစည်ထားခဲ့ကြ၏။
ရွှမ်မိသားစုက ကိုင်မိသားစုလက်အောက်တွင်ရှိသည်ဖြစ်ရာ ဟွမ်တျန်ချန်ဇီသေဆုံးသွားပြီးနောက် ရွှမ်ယီက သူပိုင်ဆိုင်ထားသည့် အလင်းလုံးများအား ကိုင်လျန်ရီထံသို့ တစ်၀က်ခွဲပေးခဲ့ခြင်းဖြစ်သည်။
သို့သော် ကိုင်ရှောင်ရောက်လာသောကြောင့် သူတို့အကြံအစည်များအားလုံး ပျက်စီးသွားခဲ့ရ၏။
ထိုလူအား သူတို့နှစ်ဦးပေါင်းတိုက်သည့်တိုင်အောင် အနိုင်မရခဲ့ပေ။ ကိုင်ရှောင်၏ စွမ်းအားက သူတို့နှစ်ဦးအား တုန်လှုပ်သွားစေခဲ့သည်။
ထိုလူကား အလွန်အစွမ်းထက်လှသည်။ သူတို့နှစ်ဦး အစွမ်းကုန်တိုက်ခိုက်ခဲ့ကြသည့်တိုင် အနည်းငယ်မျှ အသာစီးမရခဲ့ချေ။
အလင်းလုံးများ သာမက ရွှမ်ယီပါ သူတို့လက်ထဲရောက်သွားလျှင် ကောင်းကင်ဒေသအား လှုပ်ခါရန်မှာ (၁၀)နှစ်တောင် ကြာမည်မထင်ပေ။
“ ရွှမ်ယီ သေကိုသေရမယ်…”
၀မ်ချုံ၏ မျက်၀န်းများက အေးစက်လာခဲ့သည်။ ရွှမ်ယီအား ကြည့်လိုက်ချိန်တိုင်း သူ့အနေဖြင့် ထိတ်လန့်သွားသလို ခံစားနေရ၏။ အသက်(၂၀) ၀န်းကျင်မျှဖြင့် ဘုရင်အဆင့်သို့ ရောက်ရှိနေသည်။ ထို့အပြင် အလယ်အလတ်မူလဘုရင်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး လူသားဘုရင်နှစ်ယောက်၏ ဖိအားအောက်၌ပင် အနည်းငယ်မျှ အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်နေခဲ့၏။
အချိန်ကျလာလျှင် ၀မ်မိသားစုထံသို့ ကပ်ဘေးကြီးရောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ ရွှမ်ယီကို ငါတို့ဆီလွှဲပေး.. ဒါဆိုရင် ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စအားလုံး မေ့ထားပေးလိုက်မယ်.. အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါတို့ အင်အားစုကြီးနှစ်ခုကို စော်ကားခဲ့တဲ့အတွက် မင်းတို့ ကိုင်မိသားစု ပေးရမယ့် တန်ဖိုးက မသေးဘူးနော်….”
၀မ်ချောင်၏ စကားဆုံးသည်နှင့် လူတိုင်း အံ့ဩသွားခဲ့ရသည်။
၀မ်မိသားစု ခေါင်းဆောင်က ဘာကိုဆိုလိုသနည်း…?
ယနေ့ ရွှမ်ယီအား လွှဲပြောင်းမပေးပါက ဖီးနစ်လှိုဏ်ဂူနှင့် လက်တွဲလျက် ကိုင်မိသားစုအား ရင်ဆိုင် တိုက်ခိုက်တော့မည်လော…?
၎င်းက ကောင်းကင်ဒေသတစ်ခုလုံး မုန်တိုင်းထန်ပြီး အများကြီးပြောင်းလဲသွားစေနိုင်စွမ်းရှိသည်။
လူတိုင်း ရွှမ်ယီ ရှိရာဆီသို့ အလိုလိုလှည့်ကြည့်မိလိုက်ကြ၏။
ထိုလူငယ်လေးက ထိပ်သီးအင်အားစုကြီး သုံးခုအား စစ်ပွဲဖြစ်လာစေရန် လှုံ့ဆော်ပေးနိုင်စွမ်းရှိနေသည်။