← Chapters

အခန်း (၁၆၅)

Vol. 11 Ch. 165

အခန်း (၁၆၅)

Vol. 11 Ch. 165

ဖီးနစ်လှိုဏ်ဂူဆိုသည်မှာ ကောင်းကင်ဒေသ၌ ရှေးအကျဆုံး အင်အားစုကြီးဖြစ်သည်။

၎င်းတို့၏ အခြေခံအုတ်မြစ်က အနက်ရှိုင်းဆုံးလည်းဖြစ်၏။

ဟွမ်လန်သေဆုံးသွားချိန်၌ သူမ၏ အသက်ကျောက်စိမ်းကွဲအက်သွားသည်ဖြစ်ရာ ဖီးနစ်လှိုဏ်ဂူက သူမသေသွားပြီဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ ဤကိစ္စအား တင်ပြရန် သူတို့ ဘိုးဘေးကိုပင် ဆင့်ခေါ်ခဲ့ကြ၏။

ဖီးနစ်လှိုဏ်ဂူမှ ဘိုးဘေးကြီး၏ အမူအရာမှာ အလွန်မှုန်မှိုင်းလျက်ရှိနေခဲ့သည်။ ဟွမ်လန်သေဆုံးသွားသည်နှင့် နောက်ဆုံးမြင်ကွင်းအား အသက်ကျောက်စိမ်းမှ ဖော်ပြခဲ့သည်။

တစ်ဖက်မှ ရန်သူ၏ ခွန်အားက အလွန်မြင့်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သူတို့မြင်ရသလောက်ဆိုလျှင် ဟွမ်လန်အနေဖြင့် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိခဲ့ချေ။

တစ်ဖက်ရန်သူ၏ ခွန်အားက လူသားဘုရင်တစ်ယောက်မဖြစ်သင့်ပေ။

ဖီးနစ်ဘိုးဘေး၏ ခေါင်းထဲ အတွေးတစ်ခု၀င်လာခဲ့သည်။

‘ ကောင်းကင်ဘုရင်ပေလော…?’

ကောင်းကင်ဘုရင်တစ်ယောက်သာလျှင် ထိုကဲ့သို့ လုပ်နိုင်စွမ်းရှိပေလိမ့်မည်။

“ ဟင်း… ဒီကိစ္စ ငါတို့ အမှားလို့ပဲထားလိုက်ရအောင်… ရွှမ်ယီရောက်လာခဲ့ရင် ငါကိုယ်တိုင် ရှင်းပြလိုက်ပါ့မယ်….”

ဖီးနစ်ဘိုးဘေး၏ မျက်နှာအမူအရာကတည်ငြိမ်လျက်ရှိပြီး သူ၏ မျက်လုံးများအား မှိတ်ထားလိုက်သည်။

ကောင်းကင်ထက်မှ လေဟာနယ်အက်ကွဲသွားချိန်၌ သူ၏ မျက်လုံးများ တစ်ဖန်ပြန်လည်၍ ပွင့်လာခဲ့သည်။ သူ့မျက်၀န်းများထဲ၌ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သော်လည်း ချက်ချင်းပြန်လည်မြိုသိပ်ထားလိုက်၏။

ထို့နောက် သူ၏ မျက်နှာအမူအရာအား တည်ငြိမ်စေလိုက်ကာ လက်နောက်ပစ်လျက် ရွှမ်ယီတို့ရှေ့၌ ပေါ်လာခဲ့သည်။

ရွှမ်ယီနှင့် အတူ ကောင်းကင်ဘုရင်အဆင့်တစ်ဦး ပါလာသည်အား သိထားသည့်တိုင် အထူးတလှယ် ကြောက်လန့်နေဟန်မပြခဲ့ချေ။

“ ဟောဒီက မိတ်ဆွေလေးက ရွှမ်ယီဆိုတာလား…”

ဖီနစ်ဘိုးဘေးက ထူထဲသည့် လီနင်၀တ်စုံအား၀တ်ဆင်ထားပြီး သူ့အရှိန်အဝါက များစွာ ထူးခြားနေခြင်းမရှိချေ။

အမှတ်တမဲ့ကြည့်လိုက်လျှင် သာမန်အဘိုကြီးတစ်ဦးအလားဖြစ်နေ၏။

သူက ပင်းယုအား အနည်းငယ်ကြောက်လန့်နေသည့် မျက်၀န်းများဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် လက်အား ရှေ့သို့ထုတ်ကာ ဆုပ်ကိုင်လိုက်ပြီးလျှင် ရွှမ်ယီအား ပြုံးပြလိုက်၏။

“ ကျုပ်တို့ ဖီးနစ်လှိုဏ်ဂူက မိတ်ဆွေလေးရွှမ်ယီ ရောက်လာတာကို ၀မ်းသာစွာကြိုဆိုပါတယ်… ကျန်တဲ့လူတွေကိုလည်း ထပ်တူကြိုဆိုပါတယ်.. ကိုင်း.. စကားစမြည်ပြောရင်း ကျုပ်တို့ ဖီးနစ်လှိုဏ်ဂူထဲကို လိုက်ခဲ့ပါဦး….”

ဖီနစ်ဘိုးဘေး၏ တည်ငြိမ် ဖော်ရွေသည့် အမူအရာက ရွှမ်ယီအား အနည်းငယ်အံ့အားသင့်သွားစေပြီး မျက်ခုံးပင့်လိုက်မိသည်။

ဖီးနစ်လှိုဏ်ဂူမှ ဘိုးဘေးကား သူတို့ရောက်လာမည်ကို ကြိုသိနေဟန်ရသည်။ ထို့အပြင် ထိုအဘိုးကြီးက သူတို့အား အလွန်လေးစားစွာဆက်‌ဆံနေပြီး ကောင်းကင်ဘုရင်တစ်ယောက်ပါလာသည်အား သိသည့်တိုင် အထူးတလှယ် ကြောက်လန့်နေဟန်တော့မရှိပေ။

“ ကျုပ်တို့ ဒီကိုရောက်လာမှာကို ခင်ဗျား ကြိုသိနေတာလား….”

ရွှမ်ယီက ဖီးနစ်ဘိုးဘေးအား စိုက်ကြည့်ကာမေးလိုက်၏။

သူက ၎င်းတို့၏ မြင့်မြတ်သားတော်နှင့် လူသားဘုရင်အဆင့်တစ်ဦးအား သတ်ဖြတ်ပစ်ခဲ့သည်။ ဤဖြစ်ရပ်က သူတို့၏ ကြီးထွားမှုအား နှစ်ရာပေါင်းများစွာ နောက်ကျသွားစေခြင်းနှင့် အလားသဏ္ဍာန်တူ၏။ သို့တိုင် ထိုလူများက ဘာမှမဖြစ်ခဲ့သလို ပြုမူနေခဲ့သည်။

“ မှန်ပါတယ်.. ကျုပ် ကြိုသိနေခဲ့တယ်… မိတ်ဆွေလေးရွှမ်ယီ မင်းက ကျုပ်တို့ ဖီးနစ်လှိုဏ်ဂူက မြင့်မြတ်သားတော်ကိုသတ်ခဲ့တဲ့အပြင် ခေါင်းဆောင်တစ်ယောက်ကိုတောင် သတ်ခဲ့ပြီးပါပြီ.. မင်းရဲ့ ဒေါသတွေ ‌ပြေလျော့သွားလောက်ပြီဟုတ်လား…”

ဖီးနစ်ဘိုးဘေးက ပြုံးပြီး မျက်၀န်းများကျဉ်းမြောင်းထားခဲ့သည်။ သူ၏ အကြည့်များက မီးတောက်တစ်ခုကဲ့သို့ဖြစ်နေပြီး ရွှမ်ယီအား ထွင်းဖောက်သွားမတတ်ပင်။

“ ကျုပ်တို့က ရန်သူတွေဆိုပေမယ့် မကျေနပ်ချက်တွေကို ဖြေရှင်းလို့ရပါသေးတယ်.. စကားကောင်းကောင်းပြောကြတာပေါ့.. ကျုက်တို့ ဖီးနစ်လှိုဏ်ဂူက ဒီကိစ္စကို ထပ်ပြီး အစမဖော်တော့ဘူး.. မင်းရော ဘယ်လိုထင်လဲ…”

သူတို့က ဒီကိစ္စအား ဤအတိုင်း ထားလိုက်တော့မည်လော…?

ရွှမ်ယီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ဖီးနစ်ဘိုးဘေး၏ လေသံက ၎င်းတို့၏ အရေးကြီးအဖွဲ့၀င်နှစ်ဦး အသတ်ခံခဲ့သည့်တိုင် သိပ်ပြီး ထူးခြားမှုမရှိချေ။ သူတို့က သူ့အား ခွင့်လွှတ်ပေးနေခဲ့သည်။

သို့သော် ဖြစ်စဉ်တစ်ခုလုံးအား ခြုံကြည့်မည်ဆိုလျှင် ဟွမ်တျန်ချန်ဇီက ပြသနာအား အစပျိုးခဲ့သူဖြစ်ပြီး ဟွမ်လန်ကလည်း သူ့အား သတ်ရန်ကြိုးစားခဲ့သည်။

ကိစ္စတစ်ခုလုံး ၎င်းတို့ဘက်မှအမှားသာဖြစ်၏။

ရွှမ်ယီက သူ့အား သတ်ရန်ကြိုးစားခဲ့သဖြင့် ပြန်လည် သတ်ဖြတ်လိုက်ခြင်းသာဖြစ်သည်။

ရွှမ်ယီ၏ မျက်၀န်းများက အေးစက်လာခဲ့သည်။

“ ကျုပ်ကို လာပြီးခြိမ်းခြောက်တာကို ကျုပ်ကသည်းမခံနိုင်ဆုံးဘဲ.. ခင်ဗျားတို့က ကျုပ်ကို ခြိမ်းခြောက်ပြီး သတ်ဖို့ ကြိုးစားခဲ့မှတော့.. ဟား… စိတ်မကောင်းပါဘူး.. ဒီနေ့ပြီးရင် ဖီးနစ်လှိုဏ်ဂူဆိုတာ မရှိတော့ဘူး…”

ရွှမ်ယီ၏ ပြတ်သားသည့် ‌စကားသံကထွက်ပေါ်လာခဲ့သည်။

သူ့အနေဖြင့် ဖီးနစ်လှိုဏ်ဂူမှ ဘိုးဘေးနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲဆင်နွှဲကာ ကစားလိုစိတ်မရှိပေ။

“ ဟမ့်..”

ဖီးနစ် ဘိုးဘေး၏ အပြုံးများက ပျောက်ကွယ်မသွားသော်လည်း မျက်၀န်းထဲ၌ ဒေါသရောင်များ ယှက်သန်းလာခဲ့သည်။

သူက ဖီးနစ်လှိုဏ်ဂူမှ ဘိုးဘေးဖြစ်သော်လည်း ရွှမ်ယီအား များစွာ အောက်ကျို့ဆက်ဆံခဲ့၏။

“ ကောင်လေး.. ကောင်းကင်ဒေသမှာ ငါတို့ ဖီးနစ်လှိုဏ်ဂူက သက်တမ်းအရင့်ဆုံးပဲဆိုတာ မင်းမသိဘူးလား…. ငါတို့ ဖီးနစ်လှိုဏ်ဂူရဲ့ အခြေခံအုတ်မြစ်က မင်းစိတ်ကူးယဉ်နိုင်တဲ့အရာမဟုတ်ဘူး… ဒီတိုင်းလေးပြီးသွားတာက နှစ်ဖက်လုံးအတွက် ကောင်းလိမ့်မယ်.. မဟုတ်ရင် အကျိုးဆက်တွေက လွယ်ကူမှာ မဟုတ်ဘူး…”

သူ၏ မျက်၀န်းများထဲမှ ခြိမ်းခြောက်မှုအား ဖုံးကွယ်ထားခြင်းမရှိပေ။

ရွှမ်ယီက‌ပြုံးလိုက်၏။

အကျိုးဆက်တွေက လွယ်ကူမှာမဟုတ်ဘူးတဲ့လား..?

ဘယ်လောက် ဆိုးရွားနိုင်မှာလဲ...?

“ ခင်ဗျားက ကျုပ်ကို ဘာတွေ ခက်ခဲစေမှာလဲ.. ကြည့်ရအောင်…”

စကားဆုံးသည်နှင့် ပင်းယုထံမှ ကမ္ဘာတုန်လောက်သည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုရင် တစ်ဦးရှေ့တွင် လူသားဘုရင်များမှာ ပုရွတ်ဆိတ်များထက် မပိုချေ။

ဖီးနစ်ဘိုးဘေး၏ အမူအရာက တဖြည်းဖြည်း ပို၍ မှုန်မှိုင်းလာခဲ့သည်။

သူ့လက်ထဲ၌ ကျောက်စိမ်းအဆောင်တစ်ခုထွက်ပေါ်လာပြီး ၎င်းအား ဖောက်ခနဲ အသံနှင့်အတူ ချိုးဖျက်လိုက်၏။

ဘုန်း…

အလွန်ကြီးမားသည့် ဖိအားကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုဖိအားများက ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည့် ပုံရိပ်တစ်ခုထံမှ လာခြင်းဖြစ်၏။

၎င်း၏ မျက်လုံးများအား ဖွင့်လိုက်သည်နှင့် ကြောက်မက်ဖွယ်‌ကောင်းသည့် အရှိန်အဝါတစ်ခု လွင့်ပျံ့လာခဲ့သည်။

ထို ဒုတိယမြောက် ကောင်းကင်ဘုရင်က ကျောက်စိမ်းအဆောင်အား ချိုးဖျက်လိုက်ရမှာ ထွက်ပေါ်လာသည်မှာ ထင်ရှား၏။

၎င်းက ကိုယ်ပွားတစ်ခုကဲ့သို့ ဖြစ်နေသော်လည်း ထိုလူသာ ဆန္ဒရှိမည်ဆိုလျှင် လေဟာနယ်အား ခွဲလျက် တခဏအတွင်း ဤနေရာသို့ ရောက်လာနိုင်စွမ်းရှိသည်။

“ ကောင်လေး.. မင်းနောက်မှာ ကောင်းကင်ဘုရင်တစ်ယောက်ရဲ့ ထောက်ပံ့မှုရှိတာနဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်နိုင်ပြီလို့ ထင်နေတာလား…”

“ မင်းက ကောင်းကင်ဘုရင်တစ်ယောက် အကူအညီနဲ့ ငါတို့ ဖီးနစ်လှိုဏ်ဂူကို ဖျက်ဆီးချင်နေတာလား.. အဲ့တာက မလုံလောက်သေးဘူး…”

ဖီးနစ်ဘိုးဘေးက လှောင်ရယ်လိုက်သည်။

ကောင်းကင်ဘုရင်တစ်ယောက် ရှိနေတော့ရော အဘယ်သို့နည်း…?

ကောင်းကင်ဘုရင်တစ်ယောက် အကူအညီနဲ့ နှစ်သောင်းးနဲ့ချီပြီး တည်တံ့လာတဲ့ ဖီးနစ်လှိုဏ်ဂူကို ဖျက်ဆီးနိုင်မယ်လို့ထင်နေတာလား…?

အိမ်မက်မက်နေခြင်းသာဖြစ်ရမည်…!

All Chapters