ပြိုင်ဘက်မရှိ ကိုယ်ခံပညာ စမ်းသပ်မှု
Vol. 7 Ch. 91
သူက ပြောလည်းပြော စကားလုံး ၂၀၀ ကျော်သာရှိသော်လည်း ခေါင်းစဉ်စတင်ခြင်း၊ စကားပြောခန်းကို တိုတိုတုတ်တုတ်နဲ့ အလွန်ကောင်းမွန်သော မျဉ်းပြိုင်စကားပြေတစ်ပုဒ် ရေးသားပေးလိုက်သည်။
ထျန်းဟွာယိက ချီးကျူးပြီး မှင်ခြောက်တဲ့အထိ စောင့်လိုက်သည်။
"ခရိုင်မှူးက ဆုံးသွားပြီ အခု ရှင်းရှန်ခရိုင်မှာ ခရိုင်မှူး မရှိတော့ဘူး ခရိုင်စာမေးပွဲက လှည့်စားရတာ ပိုလွယ်သွားပြီ... ခရိုင်မှူးအသစ် ခန့်အပ်လိုက်တာနဲ့ ဒီကိစ္စက ပြီးသွားပြီဆိုတော့ ဘယ်သူကမှ စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူး"
ဖုလိန်ရှန်း: "ငါက ပညာရှင်ပဲလေ... ဘယ်သူက လာစစ်ဆေးမှာလဲ"
ထျန်းဟွာယိ: "ချမ်းသာတဲ့ စာပေအသက် မွေးဝမ်းကျောင်းရှိတဲ့ ရှန်ယွိရှန်းလည်း ရှိတယ်။ သူက စစ်မှန်တဲ့ဘုရားရဲ့ မျက်နှာသာပေးမှုနဲ့ နတ်သန္ဓေသားကို ရသွားတော့ လူအတော်များများရဲ့ အာရုံစိုက်မှုကို ခံရမှာပဲ ဆရာက သူ့ကို ပိုကာကွယ်သင့်တယ်... သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိတယ်... တကယ်တော့ သူ ခရိုင်စာမေးပွဲ ဖြေဆိုဖို့တောင် မလိုတော့ဘူး..."
ဖုလိန်ရှန်းက ခေါင်းညိတ်ပြီး "ဆောင်းဦးရာသီမှာ ပြည်နယ်စာမေးပွဲကို ကျင်းပတော့မှာ... စာမေးပွဲအောင်ရင် နတ်သန္ဓေသားလေး အဆက်ဖြတ်ခံရမှာကို စိုးရိမ်နေစရာ မလိုပါဘူး... ဆောင်းဦးပေါက်တဲ့အထိ သူ့ကို ကာကွယ်ရမှာပေါ့ ကံကောင်းချင်တော့ ကျောက်မိသားစုက ပြုတ်ကျသွားပြီလေ..."
ထျန်းဟွာယိကလည်း ဒီစကားကိုကြားတော့ ပြုံးလေသည်။
"ကံကောင်းတာက ကျောက်မိသားစု ပြုတ်ကျသွားတာပဲ... ကျောက်မိသားစုသာ မကျဘူးဆိုရင် ဆရာတူညီလေး ရှန်ရဲ့ နတ်သန္ဓေသားကို သေချာပေါက် ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး!"
ယနေ့ ရှင်းရှန်ခရိုင်မှာ အင်အားကြီးသော မိသားစုအချို့ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့၏ စွမ်းအားသည် ကျောက်မိသားစုထက် များစွာ နိမ့်နေခဲ့၏။
ပြည်နယ်မြို့ဝန်အသစ်က ရာထူး မရသေးချေ။ ကျောက်မိသားစုအား ခေါင်းဖြတ်သတ်ခြင်းမှာ မပြီးပြတ်သေးသော်လည်း၊ ခရိုင်မြို့တော်တွင် မှူးမတ်များစွာ ရှိနေသော်လည်း ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကို အကာအကွယ် မပေးနိုင်တော့မှာကို စိုးရိမ်နေကြသဖြင့် တောရွာများဘက်သို့ လာရောက်ရန် အချိန်မရှိကြပေ။
ဖုလိန်ရှန်းလည် အတိတ်ကို တွေးပြီး ရေရွတ်လိုက်သည်။
"အဲဒီတုန်းက ပထမအဆင့်ကို ကျော်ပြီး ငါတို့ရဲ့ ခရိုင်ထဲကနေ မြင့်မြတ်တဲ့ သန္ဓေသားလေး ထွက်လာတယ်... အဲဒါကို ကောင်းကင်လမ်းစဥ် နတ်သန္ဓေသားလို့ ခေါ်တယ်တဲ့... အဲဒီသတင်း ထွက်လာတော့ အမဲလိုက်ခံရတယ်လေ.."
ထျန်းဟွာယိ: "သိတယ်... သူက ကျုပ်နဲ့အတူတူ ခရိုင်စာမေးပွဲဖြေပြီး စစ်မှန်တဲ့ဘုရားက စာမေးပွဲကြီး ဖြေနေတုန်း ဆင်းချလာတာ... အဲဒီအချိန်မှာ ကျုပ်က ချီကို အသက်သွင်းပြီး မှော်စွမ်းအင် ထုတ်ဖို့ ကြိုးစားတုန်း ရှိသေးတယ်... ကျေးလက်က ကလေးတစ်ယောက်က ဘုရားရဲ့ နှစ်သက်မှုကို ခံရတယ်လို့ ဆူညံသံတွေ ကြားလိုက်ရတယ်... နောက်တော့ ခရိုင်ကသူ့ကို မကယ်နိုင်ခဲ့ဘူး... သနားလိုက်တာ... သူသေသွားရတယ်..."
ဖုလိန်ရှန်းက သက်ပြင်းချလိုက်ပြီး "ငါလည်း ဒီအကြောင်းကို ကြားဖူးပါတယ်... စာပေစမ်းသပ်မှုမှာ ကောင်လေးရဲ့ ရှစ်ပိုင်းစာစီစာကုံးက ပြည်နယ်ငါးဆယ်မှာ ပထမရခဲ့တယ်တဲ့... သူ့နည်းဗျူဟာတွေကို ဖတ်ဖူးသူတိုင်း မကျေမနပ် မဖြစ်ကြဘူး... သူ့ရဲ့ ကိုယ်ခံပညာစမ်းသပ်မှုက စံချိန်တွေကိုတောင် ချိုးဖျက်ခဲ့သေးတယ်...သူ့ရဲ့ ကျစ်ဝူရှဲ့သတ်ဓားကဆို ၃၆ပေ အထိ ပြေးတယ်တဲ့... ပုံမှန် ကျစ်ဝူရှဲ့သတ်ဓားက ၂၇ပေ မဟုတ်ရင် ၂၉ပေက အမြင့်ဆုံး စံချိန်ပဲ...သူက ကိုးပေအထိ ကျော်လွန်သွားခဲ့တာ"
ထျန်းဟွာယိ: "ဆရာ အဲဒီကလေးနာမည်ကို မှတ်မိသေးလား"
ဖုလိန်ရှန်းက ခေါင်းခါလိုက်ပြီး "အရမ်းကြာနေပြီ... ဘယ်သူကမှတ်မိမှာလဲ"
ထျန်းဟွာယိ: "အဲဒီတုန်းက ကျွန်တော့်ဘေးမှာ စာမေးပွဲစစ်ဆေးသူ တော်တော်များများ ရှိတယ်... အဲဒီကလေးရဲ့ မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသားကို စျေးကောင်းကောင်းနဲ့ ရောင်းနိုင်တယ် ဆိုတာကို သူတို့ ဆွေးနွေးနေကြတာ.... ရှီးကျင်းမှာရှိတဲ့ တစ်ယောက်ယောက်က ဈေးကြီးပေးရမှာ သေချာတယ်တဲ့... မွေးရာပါ ကောင်းကင်လမ်းစဥ် သန္ဓေသားကို ရထားသူက ချန်ရှီလို့တောင် ခေါ်ကြသေးတယ်"
သူက ချန်ရှီရဲ့ အဖြေစာရွက်ကို ကိုင်လိုက်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
"သူပုန် အငယ်တန်းညီလေးနဲ့ နာမည်ချင်း တူတယ်"
ဒီတိုက်ဆိုင်မှုက ဖုလိန်ရှန်းကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
"ချန်ရှီက မွေးရာပါ သန္ဓေသားကို ရရှိနိုင်စေဖို့အတွက် ဘယ်လို ထူးထူးခြားခြား အရည်အချင်းမျိုး ရှိခဲ့လဲမှမသိတာ... အခုချန်ရှီက ငါတို့ရဲ့ကျောင်းရဲ့ နံ့သာပေါင်းကြောင့် ထက်ဝက်လောက်အထိ ထက်မြက်နေတာပဲ တော်ပြီ!"
ခေါင်းယမ်းကာ လှည့်ထွက်သွားမလို့ လုပ်ရင်း ရုတ်တရက် ရပ်သွားပြန်သည်။
"ဟွာယိ! ရှန်ယွိရှန်းကို ကာကွယ်ရမယ်နော်... ဟိုတုန်းက မင်းကို ငါကာကွယ်ခဲ့သလိုပေါ့!"
ဖုလိန်ရှန်း အသံမှာ ပြင်းထန်လာသည်။
"ဆင်းရဲပြီး နှိမ့်ချရတဲ့ မိသားစုတွေအတွက် ဒီလို သားတစ်ယောက်ရဖို့က ခဲယဉ်းတယ်... လုပ်ကြံတာတွေကို ထိန်းနိုင်မှာ မဟုတ်ဘူး.... ကမ္ဘာကြီးက အဲဒီလိုချည်းပဲ...ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ထားရမယ်... မဟုတ်ရင် မျှော်လင့်ချက် မရှိတော့ဘူး!"
ထျန်းဟွာယိကလည်း တည်တည်ကြည်ကြည်နဲ့ ဦးညွှတ်လိုက်သည်။
"စိတ်မပူပါနဲ့ ဆရာ... ဟွာယိက ဆရာတူညီလေးရှန်ရဲ့ ဘေးကင်းရေးအတွက် အားလုံး တာဝန်ယူသွားမှာပါ!"
ဤနတ်ဘုရား ဆင်းသက်မှုကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုမှာ မသေးချေ။ ရှန်ယွိရှန်းရဲ့ အမည် သို့မဟုတ် နတ်သန္ဓေသား အဆင့်ကို မည်သူမျှ မထုတ်ဖော်ရန် ထျန်းဟွာယိက အမိန့်ထုတ်ခဲ့သည်။
သို့သော် နေ့ခင်းဘက်တွင်တော့ ရှင်းရှန်ခရိုင် တစ်ခုလုံးနီးပါးသည် ရှန်ယွိရှန်း ဟုခေါ်သော ကလေးတစ်ယောက်ရှိကြောင်း စာပေစမ်းသပ်မှုတွင် စစ်မှန်သောဘုရားမှ ဆင်းသက်လာပြီး နံပါတ်တစ် အမျိုးအသား ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသားကို ပေးခဲ့ကြောင်း သတင်းများက ကျော်ကြားသွားခဲ့သည်။
ဒီအဖြစ်အပျက်က ထျန်းဟွာယိကို အလွန်အမင်း ဒေါသထွက်သွားစေခဲ့သည်။ သူ စာမေးပွဲ စစ်ဆေးသူများကို ဆင့်ခေါ်ကာ ပြစ်တင်ရှုတ်ချရင်း အချက်အလက် ပေါက်ကြားခဲ့သူကို မေးမြန်းခဲ့သော်လည်း မည်သူမှ ဝန်ခံခြင်း မရှိပေ။
သူသည် သတင်းပေါက်ကြားစေသူ တစ်ဦးရှိကြောင်း သိနေသော်လည်း သူ့တွင် အထောက်အထား မရှိသောကြောင့် ယင်းကိစ္စကို ဦးစွာ နှိမ်နှင်းရန်သာ အာရုံစိုက်ရတော့သည်။
နောက်တစ်နေ့တွင် ကိုယ်ခံပညာစမ်းသပ်မှုအား မြို့ပြင်ရှိ စစ်ရေးပြင်ဆင်ကွင်း၌ ပြုလုပ်ခဲ့သည်။
ကိုယ်ခံပညာစမ်းသပ်မှုရဲ့ အကြောင်းအရာသည် အလွန်ရိုးရှင်းသည်။ ဆိုလိုသည်မှာ နတ်သန္ဓေသား မရှိသည့်အခါ ကျောင်းသားတွေဟာ ၎င်း၏စစ်မှန်သော ချီစွမ်းအင်ကို စုစည်းပြီး ဓားစွမ်းအင် အဖြစ် သုံးကာ ဆယ်ပေအကွာရှိ ကောက်ရိုးဖျာကို ထိုးဖောက်ပြရမှာပဲ ဖြစ်သည်။
သို့သော် ဓားစွမ်းအင်ကို ခြောက်မျိုးသာ သုံးပေးရမည်။
ချန်ရှီ၊ ဟူဖေးဖေးနဲ့ ဝမ်ချိုင်ကျောင်းတော်က အခြားကျောင်းသားများလည်း စာမေးပွဲခန်းသို့ တစ်ဦးချင်း ရောက်လာကြသည်။ ကိုယ်ခံပညာစာမေးပွဲ အပြင်ဘက်တွင် ကျောင်းသားများ၏ ဆွေမျိုးများအပြင် ပုဂ္ဂလိကကျောင်းဆရာများပါ လာရောက်ကြည့်ရှု အားပေးနေကြ၏။
ကိုယ်ခံပညာ စမ်းသပ်မှုက လှည့်စားရန် ခက်ခဲသောကြောင့် ပိုမိုသက်တောင့်သက်သာ ရှိသည်။ အပြင်လူတွေ ကြည့်မကြည့်ကို ဘယ်သူကမှ စိတ်မ၀င်စားပါ။ နတ်ကွန်းနယ်ပယ်တွင် ကျောင်းသား ၃၀% ကသာ ဓားစွမ်းအင်ခြောက်မျိုးကို အပြည့်အဝ ထုတ်လွှတ်နိုင်၏။ ၎င်းတို့ရဲ့ ဓားစွမ်းအင်ကို ဆယ်ပေအကွာအထိ လွှတ်နိုင်သူအရေအတွက်မှာ ပို၍ပင် နည်းသေးသည်။
ဓားစွမ်းအင် ခြောက်မျိုးကို ပြီးမြောက်အောင် သင်ယူထားတာထက် ဓားစွမ်းအင်ကို ဆယ်ပေအကွာမှ ထုတ်လွှတ်သောအခါ တိကျမှုကို ထိန်းသိမ်းထားဖို့က ပို၍ပင် ခက်ခဲ ရှားပါးသည်။ လူများစွာဟာ ကောက်ရိုးဖျာကို ထိမှန်သော်လည်း ၎င်းတို့သည် အခြားသူများကြားက အသုံးမဝင်သော ကောက်ရိုးဖျာများသာ ဖြစ်နေ၏။
ချန်ရှီလည်း ဒါကိုမြင်တော့ စိတ်သက်သာရာ ရသွားတယ်။
မူလက သူလေ့လာခဲ့သော ကျစ်ဝူရှဲ့သတ်ဓားက စာမေးပွဲ မအောင်နိုင်ကြောင်း၊ ၎င်းသည် စာမေးပွဲကြီးကြပ်သူရဲ့ အမြင်ထဲက စံနှုန်းမဟုတ်ဘူးဟု ထင်ခဲ့သော်လည်း ယခုအခါ ကျောင်းသား အများစုထက် မိမိက များစွာ သာလွန်နေသေးသည်ဟု ထင်လာရပါပြီ။
"ကိုယ်ခံပညာ စမ်းသပ်မှုမှာ အထူးကောင်းမွန်တဲ့ ရလဒ်တွေ မရှိဘူးပဲ... ဒါပေမဲ့ စာပေစမ်းသပ်မှုမှာ ကောင်းကောင်း လုပ်နိုင်သရွေ့တော့ ပညာရှင် တစ်ယောက်အနေနဲ့ ပြည်နယ် စာမေးပွဲကို လွယ်လွယ်ကူကူ ဖြေဆိုနိုင်လောက်ပါတယ်!"
မကြာခင်မှာပဲ ဟူဖေးဖေးရဲ့ အလှည့် ဖြစ်လာသည်။ ဟူဖေးဖေးက ဆူး၊ ခုတ်၊ သုတ်သင်၊ ကောက်၊ တိမ်၊ ခွဲ ဓားစွမ်းအင် ခြောက်ခုစလုံးကို အလွန်ပြင်းထန်စွာ လုပ်ဆောင်ပြခဲ့သည်။
သူမ၏ ဓားစွမ်းအင်များ ထွက်လာပြီး လေထဲသို့ ဖောက်ထွက်လိုက်သော အသံက အလွန်ကျယ်လောင်လှသည်။ ဓားစွမ်းအင် ထွက်ပေါ်လာသည်နှင့် ဆယ်ပေအကွာင ကောက်ရိုးဖျာကို ထိုးဖောက်သွားသည်။
ကောက်ရိုးဖျာ၏ ပထမတန်းနောက်တွင် အခြားကောက်ရိုးဖျာများလည်း တန်းစီထား၏။ သို့သော် ကျောင်းသားအများစုရဲ့ ဓားစွမ်းအင်သည် ပထမ ကောက်ရိုးဖျာကိုတောင် မဖြတ်ကျော်နိုင်ဘဲ ဓားအမှတ်အသားများသာ ချန်ထားခဲ့သည်။
ဟူဖေးဖေး၏ ဓားစွမ်းအင်သည် ၎င်း၏စွမ်းအား မကုန်မီအထိ ကောက်ရိုးဖျာဆယ့်ခုနစ်ခုကို ဆက်တိုက် ဖြတ်ကျော်သွားခဲ့သည်။ ထျန်းဟွာယိနဲ့ စစ်ဆေးသူအားလုံးမှာ သူမကို တစ်ယောက်ပြီး တစ်ယောက် တအံ့တသြဖြင့် ကြည့်နေကြလေသည်။
ယခုလို အားကောင်းသော ဓားစွမ်းအင်ကို နတ်သန္ဓေသားနယ်ပယ်က လူများပင် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းသည် ကျစ်ဝူရှဲ့သတ်ဓားရဲ့ စွမ်းအား ကန့်သတ်ချက်နှင့် နီးကပ်နေပြီဖြစ်သည်။
"ဝမ်ချိုင်ကျောင်းတော်က အရည်အချင်းရှိတဲ့သူတွေကို အများကြီး မွေးထုတ်ပေးနေတာပဲ"
စစ်ဆေးသူတစ်ဦးက မုတ်ဆိတ်မွေးကို လှုပ်ယမ်းကာ ပြုံးပြုံးလေးနဲ့ ပြောလာသည်။
"ဂုဏ်ယူပါတယ် လူကြီးမင်းထျန်း.."
ထျန်းဟွာယိက ပြုံးပြီး "ဆရာက ကောင်းကောင်း သင်ပေးနိုင်လို့ပါ... ကျုပ်နဲ့က ဘာမှ မဆိုင်ပါဘူးဗျာ"
သူက လယ်ကွင်းဘက်ကို လှမ်းကြည့်လိုက်တော့ ချန်ရှီက ကောက်ရိုးဖျာရှေ့ကို ရောက်လာပြီး ကြိုးစားချင်စိတ် ပြင်းပြနေတာကို တွေ့လိုက်ရသည်။ ထျန်းဟွာယိ အဝေးမှကြည့်ရင်း ချန်ရှီရဲ့ အခြေခံအုတ်မြစ်က မခိုင်မာကြောင်း သိလိုက်သည်။
"ကျစ်ဝူရှဲ့သတ်ဓားရဲ့ အစ အနေအထားက မှားနေပြီး ကိုယ်ဟန်အနေအထားက နည်းနည်းတော့ မှားနေတယ်... ဒီလိုလုပ်ရင် ဓားသိုင်းက မသပ်မရပ်နဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကလည်း ချောမွေ့မှု မရှိဘဲနေမယ်..."
သူက ခေါင်းယမ်းပြီး "ဟူဖေးဖေးက ဒီကိုယ်ခံပညာ စမ်းသပ်မှုမှာ ထူးချွန်သူပဲ... ရှန်ယွိရှန်းကလည်း မပါဝင်ခဲ့ဘူး နတ်သန္ဓေသားကို ရပြီးရင် နောက်ထပ် စမ်းသပ်မှုလည်း လုပ်ဖို့ မလိုတော့ဘူး... ဆောင်းဦးရာသီမှာ ပြည်နယ်စာမေးပွဲကို ဖြေဆိုဖို့ ပြင်ဆင်ထားလို့ ရပြီ... ထူးချွန်ထက်မြက်တဲ့ ကျောင်းသားနှစ်ယောက်က ဝမ်ချိုင်ကျောင်းတော်က ပေါ်ထွက်လာတာ မှတ်သားစရာပါပဲ..."
ဖုလိန်ရှန်းကလည်း ချန်ရှီရဲ့ ချွင်းချက် ပြဿနာအမျိုးမျိုးကို ချက်ချင်း သတိပြုမိလေသည်။
"အဲဒီညက ခရိုင်မှူးနဲ့ သူ့မိန်းမကို သတ်ခဲ့တဲ့ တခြားတစ်ယောက် ရှိနိုင်ပါ့မလား"
ရုတ်တရက်ဆိုသလိုပင် လယ်ကွင်းထဲတွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာလေသည်။ ကံကောင်းရန် ကြိုးစားနေသော ကျောင်းသားများစွာလည်း ထိုအသံကြောင့် တုန်လှုပ်ခြောက်ခြားသွားကြ၏။ စုဆောင်းထားသော ဓားစွမ်းအင်များ ပရမ်းပတာ လှည့်ပတ် ပြေးသွားကုန်တော့သည်။
ထျန်းဟွာယိသည် အရှိန်ပြင်းပြင်းဖြင့် လေထဲသို့ ထိုးဖောက် ဝင်ရောက်လာသော ဓားစွမ်းအင်တစ်လိုင်းကိုသာ မြင်လိုက်ရသည်။ ထိုအခိုက် သူ့ရှေ့မှ ကောက်ရိုးဖျာများ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကာ ဓားစွမ်းအင်က တဟုန်ထိုးမြည်ကာ ချက်ချင်းပင် ၃၆ ပေကို ဖြတ်သွားကာ ကောက်ရိုးဖျာနှစ်ဆယ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။
ထျန်းဟွာယိရဲ့ နှလုံးက ပြင်းထန်စွာ ခုန်ပေါက်သွားကာ သူ့သူငယ်အိမ်များလည်း ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။
လွန်ခဲ့သော ဆယ်နှစ်က ပြည်နယ်ငါးဆယ်တွင် ပထမအဆင့်ရှိ ချန်ရှီသည် ၃၆ ပေအထိရှိသော သူ၏ ဓားစွမ်းအင်ကို ထုတ်လွှတ်ခဲ့ပြီး မည်သူမျှမချိုးဖျက်နိုင်သော စံချိန်တစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ကိုယ်ခံပညာစမ်းသပ်ရန်အတွက် ကောက်ရိုးဖျာနှစ်ဆယ့်ခုနစ်ခုသာ ပြင်ဆင်ခဲ့ပြီး နှစ်ဆယ့်ခုနစ်ခုမြောက်ဖျာကို ၃၆ ပေအကွာတွင် ထားရှိခဲ့သည်။
ဒီစံချိန်ကို ဘယ်တုန်းကမှ မချိုးဖျက်ခဲ့ဖူးပါဘူး။
ယနေ့အထိ!
သူရုတ်တရက် ထရပ်ကာ ၃၆ ပေအကွာကို စိုးရိမ်တကြီးကြည့်ကာ အော်လိုက်သည်။
"ပြေး! မြန်မြန်ပြေးပြီး အဲဒီဓားစွမ်းအင် ဘယ်လောက်ဝေးလဲ တိုင်းကြည့်စမ်း!"
စာမေးပွဲအစောင့်လည်း အံသြပြီး လန့်ဖျပ်သွားကာ အမြန်ပြေးကာ နှစ်ဆယ့်ခုနစ်ခုမြောက် ကောက်ရိုးဖျာဆီသို့ ပြေးသွားလိုက်သည်။ စစ်ပြင်ဆင်ရေးကွင်း အပြင်ဘက်က ဖုလိန်ရှန်းလည်း စိုးရိမ်လာကာ စာမေးပွဲအစောင့်ကို လှမ်းအော်လိုက်၏။
"သံချပ်ကာမြင်းကို သုံး!"
အစိုးရ အမှုထမ်းများသည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို ဆောလျင်စွာ အသက် သွင်းလိုက်သော်လည်း ဓားစွမ်းအင်ကို ဖမ်းမမိသေးပေ။ ထိုစဥ် ထျန်းဟွာယိက ရုတ်တရက် သူ့ခြေထောက်ကို လှုပ်ရှားကာ ဓားစွမ်းအင်ကို လိုက်ကာ ထွက်ပြေးသွားခဲ့သည်။
ဒီဓားစွမ်းအင်ရဲ့ စွမ်းအင် ကန့်သတ်ချက်ကို သေချာပေါက် တိကျစွာ တိုင်းတာထားရမည်။
သို့သော် သူစစချင်းမှာပဲ လေပြင်းကသာ တိုက်ခတ်သွားပြီး ပေခြောက်ဆယ် ဒါမှမဟုတ် ခုနစ်ဆယ်အကွာက သစ်ပင်ကြီးတစ်ပင်ကို သူမြင်လိုက်ရသည်။ သစ်ပင်ထိပ်ဖူးဟယ ရုတ်တရက် ပျောက်ကွယ်သွားကာ မရေမတွက်နိုင်တဲ့ အကိုင်းအခက်တွေ၊ အရွက်တွေ တစ်ခုပြီးတစ်ခု ကြွေကျနေတာ တွေ့လိုက်ရသည်။
ထျန်းဟွာယိ ဒေါသတကြီး ရပ်တန့်ကာ နဖူးပေါ်ရှိ သွေးကြောများ ပေါက်ထွက်မတတ် အံကြိတ်လိုက်သည်။
"လေအားပြင်းအဆောင်လက်ဖွဲ့! လေအားပြင်းအဆောင်လက်ဖွဲ့ ဘယ်မှာလဲ?"
စာမေးပွဲ မဖြေဆိုမီတွင် သစ်သားဆိုင်းဘုတ်ပေါ်တွင် ရေးခြစ်ထားနေသော အဆောင်ဆွဲဆရာ တစ်ဦးသည် လေအားပြင်းအဆောင်လက်ဖွဲ့ကို မဖြစ်မနေ ဆွဲပေးထားဖို့ လိုလေ၏။
လေပြင်းတိုက်ခတ်သောအခါ ကျောင်းသား၏ ဓားစွမ်းအင်သည် ပထမဦးစွာ အခြားသူများကို ထိခိုက်မိစေဖို့က လွယ်ကူပြီး ဒုတိယအချက်မှာ စာမေးပွဲခန်းအတွင်း သစ်သားဘုတ်ပြားများ ထားရှိတာက ပြင်ပလူတွေ မထိခိုက်အောင် ကာကွယ်ပေးနိုင်သည်။
ချန်ရှီရဲ့ ဓားစွမ်းအင်သည် ရုတ်တရက် လေပြင်းကြောင့် လွင့်ထွက်သွားသလိုမျိုး ဓားစွမ်းအင်သည် ဘယ်အကွာအဝေးမှ ကုန်ဆုံးမလဲ မသိနိုင်ပေ။
"လူကြီးမင်း...ဒါက သူတို့ကို အပြစ်တင်လို့ မရပါဘူး"
စာမေးပွဲအစောင့် တစ်ယောက်က ထျန်းဟွာယိအနားကို လျင်မြန်စွာ ရောက်လာ၏။
"လေအားပြင်းအဆောင်လက်ဖွဲ့ အရေအတွက်က မများဘူး... ပြီးတော့ အဆောင်စွမ်းအင်ရဲ့ အဝေးဆုံး အကွာအဝေးက သုံးဆယ့်ခြောက်ပေပဲ"
ဤတော့မှ ထျန်းဟွာယိလည်း ရုတ်တရက် လန့်နိုးလာပြီး ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲက ဒေါသတွေလည်း အနည်းငယ် ပြေပျောက်သွားသည်။
"ငါ စိတ်တွေ ပူနေမိတာပဲ..."
သူပြောပြီးတာနဲ့ တပြိုင်နက် မိုးခြိမ်းသံတစ်ခု ထပ်မံထွက်ပေါ်လာပြီး ချန်ရှီက သူ့ရဲ့ဒုတိယဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်လေပြီ။ ချန်ရှီရဲ့ ကျစ်ဝူရှဲ့သတ်ဓား ပုံစံသည် အခြားကျောင်းသားများကို ကျော်လွန်သွားတာကြောင့် အားလုံးက စာမေးပွဲခုံဆီ ကိုးရိုးကားရားဖြင့် ဆုတ်ခွာသွားခဲ့သည်။ ဒါပေဲ့ စာမေးပွဲခုံမှာလည်း စာစစ်သူ မရှိတော့ပေ။ အားလုံးက ထွက်ပြေးကြပြီ။
"ဆရာ.... ဘာလုပ်ကြမလဲ"
ထျန်းဟွာယိရဲ့ ပါးစပ်ထောင့်များမှာ တုန်ရီနေပြီး ပြုံးနေသော်လည်း ပြုံးနေသလား မဲ့နေသလား ခွဲခြားရခက်လေသည်။
"လွန်ခဲ့တဲ့ ၁၂လောက်က ပြည်နယ်ငါးဆယ်ရဲ့ နံပါတ်တစ်လူကို ကျော်သွားပြီ... ဒီကျောင်းသားရဲ့ ရလဒ်တွေကို အမှန်အတိုင်း သတင်းပို့သင့်လား သို့မဟုတ် သူ့အဆင့်ကို နည်းနည်း ပြောင်းသင့်လား"
အကယ်၍ သူတို့ အမှားကို မပြင်ပါက ဤရလဒ်ကြောင့် ရှီးကျင်းက စုံစမ်းရန် ရောက်လာပါက ချန်ရှီရဲ့ စာစီစာကုံး စာမေးပွဲတွင် လှည့်စားပြောင်းခဲ့တာကို တွေ့သွားမည်။ ထိုအချိန်တွင် သူတို့ဆရာတပည့် နှစ်ယောက်ဟာ ဝိညာဥ်တစ်သောင်းအလံထဲ ဝင်သွားရလိမ့်မည်။
ဖုလိန်ရှန်း: "မင်း ခြားနားချက်ကို နည်းနည်းပြောင်းလိုက်ရင် မြေကြီး အက်ကွဲသွားမှာတောင် ကြောက်ရတယ်...မင်း ဒီအကွာအဝေးကို ဘယ်လောက် ပြောင်းလဲနိုင်မှာလဲ"
ထျန်းဟွာယိရဲ့ ဦးခေါင်းမှာ ရေပုံးတစ်ပုံးစာလောက် ကြီးသွားတော့သည်။
လိမ်ချင်ရင်တောင် ဒီစံချိန်ကို ချိုးဖျက်လိုက်တာက အရမ်းများလွန်းတာကြောင့် ပြောင်းပစ်ဖို့ ခက်လိမ့်မည်။