← Chapters

တုနှိုင်းမရ

Vol. 7 Ch. 92

တုနှိုင်းမရ

Vol. 7 Ch. 92

လွန်ခဲ့သည့် ဆယ်နှစ်က ပြည်နယ်ငါးဆယ်တွင် ပထမအဆင့်ရှိ ချန်ရှီသည် ဘယ်သူမှ မချိုးဖျက်နိုင်သော ၃၆ ပေစံချိန်ကို ပိုင်ဆိုင်ခဲ့သည်။ လက်ရှိချန်ရှီရဲ့ ၈၄ ပေ စံချိန်မှတ်တမ်းကိုသာ ပေးအပ်လိုက်သောအခါ ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းသွားမလဲ တွေးကြည့်နိုင်သည်။

"စကားမစပ် ချန်ရှီအတွက် ရမှတ် မလိုဘူးလေ!"

ထျန်းဟွာယိရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပလာလေသည်။

"သူ့ဓားစွမ်းအင်က လမ်းတစ်လျှောက်က ကောက်ရိုးဖျာအကုန်လုံးကို မှုတ်ထုတ်ပြီး ကွင်းအပြင်ကို ပြေးထွက်သွားတယ်... ကောက်ရိုးဖျာပေါ်မှာ ဓားစွမ်းအင် အမှတ်အသား မရှိဘူးဆိုတော့ ဒါကို ထည့်သွင်းတွက်ချက်ဖို့ မလိုဘူး...သူ့ကို ကိုယ်ခံပညာ စမ်းသပ်မှုမှာ ကျရှုံးသူအဖြစ် မှတ်တမ်းတင်လိုက်မယ်... အဲ့ကျရင် တရားရုံးကို အစီရင်ခံနေစရာ မလိုတော့ဘူး"

ဖုလိန်ရှန်းက သက်ပြင်းချလိုက်ပြီး "ရှင်းရှန်ခရိုင်မှာ လူတွေ အများကြီး စောင့်ကြည့်နေတာ... အနှေးနဲ့အမြန် သတင်းက ရှီးကျင်းကို ရောက်သွားလိမ့်မယ်"

ထျန်းဟွာယိ လဲကျသွားပြီး "ဘာလုပ်ရမလဲ?"

ထိုစဥ် ဖုလိန်ရှန်းက ရုတ်တရက် ပြုံးပြီးပြောလေ၏။

"သူက ရွှေအမြုတေကို မွေးထားပြီ... ဒါဆို သူ့ရလဒ်တွေက ပျက်သွားမလား?"

ထျန်းဟွာယိ အံ့အားသင့်သွားပြီး :"ချန်ရှီက ရွှေအမြုတေ နယ်ပယ်အထိ ကျင့်ကြံထားတာ?"

"သူက ခရိုင်မှူးနဲ့ သူ့မိန်းမကို သတ်ခဲ့တာ ငါမြင်ဖူးတယ်.... သူ့ခန္ဓာကိုယ်ထဲက ချီနဲ့ သွေးတွေက ဖြူစင်ပြီး အရမ်းသန့်စင်တဲ့ ရွှေအမြုတေကို ဖွဲ့စည်းထားတာ!"

"ခရိုင်မှူးနဲ့ သူ့မိန်းမကို သတ်လိုက်တာ ဟုတ်လား"

ထျန်းဟွာယိဟာ ချန်ရှီကို ကြည့်ပြီး သူကလည်း ဖုလိန်ရှန်းရဲ့ တပည့်ပဲလို့ အမြဲထင်ခဲ့သည်။ ဒါပေမယ့် ဒီနတ်ဆိုးနှစ်ကောင်ကို သတ်ခဲ့တဲ့လူက ချန်ရှီပဲ ဖြစ်နေဦးမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

“ဒါပေမဲ့ သူ့မှာ နတ်သန္ဓေသား မရှိဘူးဆိုရင် ရွှေအမြုတေကို ဘယ်လို ဖွဲ့နိုင်မှာလဲ သူက ရှဲ့လား ဆွေ့လား”

ဖုလိန်ရှန်းက ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး"

ထျန်းဟွာယိ: "ရွှေအမြုတေ အဆင့်နဲ့ဆို ကျစ်ဝူရှဲ့သတ်ဓားက ဘယ်လောက်အထိ ပျံသန်းနိုင်မှာလဲ"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဓားစွမ်းအင်ကို တွန်းထုတ်လိုက်ကြသည်။

၎င်းတို့ နှစ်ဦးစလုံးသည် ရွှေအမြုတေ နယ်ပယ်တွင် ရှိထားကြသည်။ အဆင့်ကိုးဆင့် အလိုက် သန့်စင်ထားကြပြီး အဆင့်၉ ရောက်ရှိသောအခါတွင် ရွှေအမြုတေက ပြင်းထန်လာကာ အခြေတည် ဝိညာဉ် ဖြစ်လာလိမ့်မည်။

ထျန်းဟွာယိဟာ မကျော်ကြားမီက နယ်ခြားစောင့်စခန်းတွင် နတ်ဆိုးများကို တွန်းလှန်ခဲ့ဖူး၏။ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူ့ကျင့်ကြံမှုက အလွန်အစွမ်းထက်နေပြီပဲ ဖြစ်သည်။

သူတို့နှစ်ဦးသည် ဓားစွမ်းအင်ကို အသီးသီး ထုတ်လွှတ်ကြည့်လိုက်သော် ဓားစွမ်းအင်က ပေသုံးဆယ်ကျော် အကွာအဝေးသို့သာ ပြေးထွက်သွားပြီး အရှိန်ကုန်သွားကာ ဝိညာဥ် စွမ်းအင်အဖြစ် ပြိုကျသွားသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စိတ်ပူသွားကြသည်။ ရွှေအမြုတေနယ်ပယ်က ချန်ရှီရဲ့ဓားစွမ်းအင်ဟာ ဘာကြောင့် ဒီလောက်အထိ ပျံသန်းနိုင်တယ် ဆိုတာကို အဖြေရှာလို့မရဘူး ဖြစ်နေ၏။

သူတို့နှစ်ဦးသည် ကျင့်ကြံမှု အပိုင်းတွင် ချန်ရှီထက် သာလွန်သော်လည်း ၎င်းတို့၏ ဓားစွမ်းအင်သည် ပေသုံးဆယ်ကျော်သာ ပျံသန်းနိုင်သည်။ ချန်ရှီ၏ ဓားစွမ်းအင်သည် တွန်းထိုးထားသော ဓားသွားပုံစံဖြင့် အဝေးဆုံးနေရာသို့ ရောက်ရှိသွားသင့်သည်။ ကံမကောင်းစွာပဲ ပြင်းထန်သော ဓားသွားပုံစံက လေပြင်းကြောင့် လွင့်ထွက်သွားပြီး ကောင်းကင်သို့ လွင့်မျောသွားခဲ့သည်။

"သူဘယ်လို လုပ်လိုက်တာလဲ"

သူတို့နှစ်ယောက်ဟာ ချန်ရှီရဲ့ အစပြုတဲ့လက်၊ ကိုယ်ဟန်အနေအထား၊ ဓားဟန်နဲ့ ကိုယ်ဟန်အနေအထားတွေ အားလုံးဟာ စံနှုန်း မပြည့်မီဘဲ လေ့ကျင့်မှုကို လျစ်လျူရှုထားခဲ့တာလို့ မှတ်ချက်ပေးခဲ့ဖူးလေသည်။

ချန်ရှီ လေ့ကျင့်ခဲ့တာ မှန်ကန်ရဲ့လား။

"မဟုတ်ရင်လည်း ဒီရမှတ်ကို ကိုင်လိုက်ရုံပဲ ရှိတော့တယ်"

ထျန်းဟွာယိ ဖုလိန်ရှန်းကို အံ့ဩစွာ ကြည့်နေသည်။

ဖုလိန်ရှန်းက မလှမ်းမကမ်းကို လှမ်းကြည့်နေ၏။ ထျန်းဟွာယိလည်း သူ့အကြည့်နောက်သို့ လိုက်သွားရာ စစ်လက်နက်ပစ္စည်းများကို သူတို့ဘက်သို့ ထိုးညွှန်နေသော လူအုပ်စုကြီးကို တွေ့လိုက်ရသည်။

"လောကီကောင်းမှုက လူတွေ ဖြစ်မယ်"

ထျန်းဟွာယိရဲ့ နှလုံးသားလည်း အနည်းငယ် တုန်ခါသွားသည်။

ယခုအခါတွင် လောကီကောင်းမှုက လူအချို့သည် ရှင်းရှန်ခရိုင်အထိ ရောက်ရှိလာပြီး ချန်ရှီရဲ့ ကျစ်ဝူရှဲ့သတ်ဓား တန်ခိုးကိုလည်း ကိုယ်တိုင် တွေ့မြင်သွားပြီ ဖြစ်တဲ့အတွက် လှည့်စားရန် မဖြစ်နိုင်တော့ပေ။ ဖျောက်ချင်ရင်တောင် ဖျောက်ဖျက်လို့ မရ​တော့ဘူး။

ဖုလိန်ရှန်းက ပြုံးပြီးပြော၏။

"အဆိုးဆုံး ဖြစ်လာရင် ဝမ်ချိုင်ကျောင်းတော်ကို ဖျက်သိမ်းပြီး ချန်ယန်တောင်မှာ ပုန်းနေမယ်... ကြီးကြီးမားမား ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ကောင်တွေက ချန်ယန်တောင်မှာ အမြဲပုန်းနေရတယ် သူတို့ထဲက တချို့ကိုတောင် အစိုးရက မဖမ်းမိ​သေးဘူးမလား"

ထျန်းဟွာယိက ပြုံးပြီး "ဆရာက ဖြောင့်မတ်ပါတယ်... ဒီလိုဆိုရင် ဆရာနဲ့အတူ ချန်ယန်တောင်ကို သွားကြတာပေါ့"

နှစ်ယောက်သား စိတ်အေးလက်အေး ဖြစ်သွားကလို ပိုခံစားလိုက်ရသည်။

ထျန်းဟွာယိ: "ဆရာ... လောကီကောင်းမှုက တစ်ယောက်ယောက် လာပြီဆိုမှတော့ အသေးစိတ် အချက်အလက်တွေကို သွားရှာရ​တော့မယ်"

ဖုလိန်ရှန်းက ခေါင်းညိတ်လိုက်သည်။

"ဟွာယိ... ဖြောင့်မတ်ခြင်းတရားက အရင်လာတယ်နော်... မင်းရဲ့အကျိုးစီးပွားအတွက် သွေးဆောင်လို့ မရဘူးဆိုတာ သတိရရမယ်"

ထျန်းဟွာယိရဲ့ နှလုံးသားက အနည်းငယ် တုန်လှုပ်သွားသည်။ သူက နောက်လှည့်ကြည့်ကာ ပြုံးလျက် ဆို၏။

"ဆရာ... ဆရာ ကျွန်တော့်ကို သင်ပေးနေတာ​ဖြင့် ကြာ​​နေပြီ ဒီတပည့်ရဲ့ စရိုက်ကို ဘာလို့ နားမလည်သေးတာလဲ"

အဲဒီနောက် ထိုလူများဆီသို့ လှည့်ကြည့်လိုက်သည်။

"ရှင်းရှန်ခရိုင်ရဲ့ စာမေးပွဲကြီးကြပ်သူ ထျန်းဟွာယိ ဒီကလူကြီးမင်းများကို ဂါဝရပြုပါတယ်"

ထျန်းဟွာယိ ထိုလူများထံလာပြီး ဦးညွှတ်နှုတ်ဆက်သည်။

"လူကြီးမင်းထျန်း ယဉ်ကျေးနေဖို့ မလိုပါဘူး"

ခေါင်းဆောင်သည် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ အပြာရောင်ပိတ်စနှင့် အနံကျယ်သော ခါးပတ်တစ်ထည်၊ ဦးခေါင်းပေါ်၌ ပဝါတစ်ထည် အုပ်ထားသော ဦးထုပ်ရှည်ကို စောင်းထားကာ မျက်လုံးများက တောက်ပြောင်ပြီး ထက်မြက်လှသည်။

"ကျွန်တော်က ချွမ်ကျိုးက လာတဲ့ လီရှောက်ကျန့်ပါ... ဒီတစ်ခါတော့ အစိုးရအဖွဲ့ရဲ့ အမိန့်အရ ရှင်းရှန်ခရိုင်ကို အပြေးလာခဲ့တာပါ"

ထျန်းဟွာယိ ဤစကားကို ကြားသောအခါ သူ့နှလုံးသားက ပြင်းထန်စွာ ခုန်သွားသည်။ ဒီစကားလုံးမှာ ဖော်ပြ​သော အရာဟာ သတင်းတစ်ပိုင်းတည်း မဟုတ်၊ သတင်းလေးပိုင်း ဖြစ်သည်။

ချွမ်ကျိုးက လီရှောက်ကျန့်။

ချွမ်ကျိုးမှာရှိတဲ့ မိသားစုက လာခြင်း ဖြစ်သည်။

အစိုးရအဖွဲ့ရဲ့ အမိန့်အရ သူသည် ရှင်းရှန်ခရိုင်ရဲ့ ခရိုင်မှူး ရာထူးကို ရယူရန် ရှင်းရှန်ခရိုင်ကို လာခဲ့ခြင်း ဖြစ်၏။ ကျောက်မိသားစု ပြိုလဲပြီးနောက် လီမိသားစုသည် နောက်ဆုံးတွင်တော့ ရှင်းရှန်ခရိုင်ထဲ ဝင်လာခဲ့သည်။ သူတို့ဟာ ချန်ယန်တောင်က ဘုရင်ကျန်းရဲ့ သင်္ချိုင်းဂူကို စတင်လှုပ်ရှားကြတော့မည်။

"ဒီနှိမ့်ကျတဲ့ ဒီအမှုထမ်းက ခရိုင်မှူးကို ဂါဝရပြုပါတယ်!"

"ထပါ ထပါ...ကျွန်​တော်က ရာထူး မရသေးတဲ့အတွက် ခရိုင်မှူးအဖြစ် သတ်မှတ်လို့ မရပါဘူး... လူကြီးမင်းထျန်းရဲ့ ခရိုင်မှာ တကယ်ကို ထူးချွန်သူတွေ ပြည့်နှက်နေတာပဲ... ဒီလိုမျိုး ထူးချွန်တဲ့လူ ရှိလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး... သူ့ဓားက ပေ ရှစ်ဆယ်ကျော် ပျံသန်းပြီး ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့ပြီ... စီရင်စုမြို့တော်မှာသာ ဒီသတင်းကို ကြားရရင် ကျွန်တော်တကယ် သံသယမျက်လုံးနဲ့ စဥ်းစားမိမှာပဲ"

သူက ခေါင်းယမ်းပြီး "ဒီကိစ္စကို ရှီးကျင်းကို သတင်းပို့ရမယ်... ရှီးကျင်းက လူတွေ မြင်လိုက်တာနဲ့ အံ့သြသွားလိမ့်မယ်... ပေရှစ်ဆယ်ကျော် ရှည်တဲ့ ကျစ်ဝူရှဲ့သတ်ဓား... မကြုံစဖူးပါပဲဗျာ"

သူဒီလိုပြောတဲ့အခါ အဓိပ္ပာယ်မရှိသလို ခံစားမိပေမယ့် သူ့မျက်စိရှေ့မှာပဲ ဖြစ်သွားလေသည်။ သူ့မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တာတောင် မယုံနိုင်စရာ ကောင်းနေ၏။

လီရှောက်ကျန့် နောက်တွင် လီမျိုးရိုး လူငယ်တစ်ယောက်က ရှေ့သို့ တိုးလာကာ ကျစ်ဝူရှဲ့သတ်ဓားရဲ့ ဓားစွမ်းအင်တစ်ခုကို လွှတ်ထုတ်လိုက်ရာ လေထဲတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ သို့သော် သူသည် ကျစ်ဝူရှဲ့သတ်ဓားကို အသက်သွင်းရန် စွမ်းအား ရင်းမြစ်အဖြစ် ရွှေအမြုတေကို အသုံးပြုခဲ့သည်။ ဓားစွမ်းအင်သည် နတ်သန္ဓေသားနယ်ပယ်ရှိ လူများထက် အဆများစွာ ကြီးမားသည်။

သို့သော် ဓား ပျံထွက်သွားသောအခါတွင် ဓားစွမ်းအင် ရုတ်တရက် မပြိုကျမီ ပေသုံးဆယ်ကျော်သာ ပျံသန်းသွားခဲ့သည်။

ဒါကိုမြင်တော့ လီမိသားစုမှ အခြားအဖွဲ့ဝင်အချို့သည် အခြေတည် ဝိညာဉ်ကိုပင် ထုတ်၍ ကျစ်ဝူရှဲ့သတ်ဓားအား ထုတ်လိုက်ရာ ၃၆ပေ အထိသာ ပျံသန်းနိုင်၏။ လူတိုင်း တုန်လှုပ်သွားကြသည်။ လီရှောက်ကျန့်ရဲ့ မျက်လုံးများက ချန်ရှီကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"စမ်းကြည့်ဖို့ မလိုတော့ဘူး... အဲဒီအချိန်က ပြည်နယ်ငါးဆယ်မှာ နံပါတ်တစ် ရှိတဲ့ ပညာရှင် က ပေသုံးဆယ့်ခြောက်ပေရှိတဲ့ ကျစ်ဝူရှဲ့သတ်ဓားရဲ့ ကန့်သတ်ချက်ကို စမ်းသပ်ပြီးသွားပြီ... ဒီဓားသိုင်းက အရိုးရှင်းဆုံး ဓားသိုင်းဖြစ်ပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ စွမ်းအားကြောင့်လည်း ဓားရဲ့ စွမ်းအားက ရိုးရှင်းသွားတာ.... တကယ်တော့ ဓားသိုင်းစွမ်းရည်က တခြားစွမ်းအင်တွေထက် ပိုသန်မာတယ်"

"ဓားစွမ်းအင် အားကောင်းလေ ဓားပုံသဏ္ဌာန်ကို ထိန်းထားဖို့ လိုအပ်တဲ့ စွမ်းအားတွေကလည်း အားကောင်းလေပဲ...ဒီသိုင်းကို ဖန်တီးခဲ့တဲ့ ဆရာကြီးချန်ယန်က ဓားစွမ်းအင်ကို ၃၆ ပေအထိ ကန့်သတ်ထားခဲ့တယ်... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကလေး ပညာရှင် ပါရမီရှင်ကလွဲရင် ဘယ်သူမှ ဒီကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

လီမိသားစုမှ လူအားလုံး အံ့ဩသွားကြသည်။

ဓားစွမ်းအင် စမ်းသပ်ခဲ့တဲ့ လူငယ်က "ဖေဖေ... ဒီကောင်လေးက သူ့ရဲ့ဓားစွမ်းအင်နဲ့ ပေရှစ်ဆယ်အကွာအဝေးကို ရောက်အောင် ဘယ်လိုလုပ်ခဲ့တာလဲ"

"ငါလည်း အရမ်းသိချင်နေတာ"

လီရှောက်ကျန့် ချန်ရှီကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ကြည့်နေသည်။

"သူက ဓားသိုင်းကို သိပ်မကျွမ်း​သေးဘူး... ဒီဓားသိုင်းကို ခဏလောက်ပဲ လေ့ကျင့်ထားတာ ဖြစ်မယ်၊ ဒါပေမဲ့ ဓားစွမ်းအင်က အားကောင်းလွန်းတယ်။ ဒီလို ပြင်းပြင်းထန်ထန် ထုတ်နိုင်ဖို့က ချီစွမ်းအင် အများကြီး လိုအပ်တယ်... ဓားစွမ်းအင်ကို သူ ဘယ်လို ထိန်းထားတာလဲ ဓားသွားမပျောက်အောင် ဘယ်လိုများ ထိန်းလဲ"

သူသည် လီမိသားစုလို ရှည်လျားသော ပညာရေးသမိုင်းကြောင်းနှင့် စာအုပ်ပေါင်းများစွာ ရှိသည့် ချမ်းသာသော မိသားစုမှ ဖြစ်သော်လည်း ချန်ရှီ ဘယ်လို လုပ်သွားသလဲ တကယ်ကို မသိချေ။

လီရှောက်ကျန့်: "လူကြီးမင်းထျန်း ဒီကလေးနာမည်က ဘာလဲ"

"သူ့နာမည်က ချန်ရှီ... ရှင်းရှန်ခရိုင် လက်အောက်က ချောင်ဝမ်မြို့က လာတာ"

"ရှင်းရှန်ခရိုင် ချောင်ဝမ်မြို့?"

လီရှောက်ကျန့် အံ့အားသင့်သွားပြီး သူ့မျက်နှာအရောင်ကလည်း အနည်းငယ် ပြောင်းသွားတော့သည်။

"ဟွမ်ဖောရွာက ချန်ရှီ?"

ထျန်းဟွာယိက သံသယစိတ်ဖြင့် မေးလိုက်သည်။

"လူကြီးမင်းက ချန်ရှီကို သိလား"

လီရှောက်ကျန့်ရဲ့ မျက်နှာသည် အစိမ်းရောင်၊ အဖြူ၊ အဝါနှင့် အနီ အရောင် စသဖြင့် အရောင်မျိုးစုံ ပြောင်းလဲသွားကာ ရုတ်တရက် အလွန်စိတ်လှုပ်ရှားသွားသည်။

"ကလေးက ပညာတတ်ပဲ.... ဟားဟား ဒီကလေးက ပညာတတ်ပဲ!"

သူ ရယ်မောသော်လည်း သူ့မျက်လုံးများက ထိတ်လန့်စရာမှုများဖြင့် ပြည့်နှက်နေသည်။ ရှီးကျင်းက မရေမတွက်နိုင်သော အရိုးများ၊ ကျိုးနေသော အလံများနှင့် အရပ်ရှည်ရှည် အဘိုးအို၏ ရုပ်သွင်ကို မြင်လိုက်ရသလိုပင် ရုတ်တရက် တုန်တက်သွားလေ၏။ ရှီးကျင်းရှိ မရေမတွက်နိုင်သော၊ ကြောက်စရာကောင်းသော ဂုဏ်သရေရှိလူများကပါ ကြောက်ရသော သူ့ကျောပြင်ကို လှမ်းမြင်လိုက်ရသည်။

"ပြီးသွားပြီ.... သူ နောက်ဆုံးတော့ အောင်မြင်သွားပြန်ပြီ!"

လီရှောက်ကျန့်၏ နဖူးပေါ်မှ ချွေးအေးများ လျင်မြန်စွာ ထွက်ကျလာလေသည်။ ချွေးပုတီးလုံးကြီးများ လှိမ့်ဆင်းလာကာ သူ့အသံမှာလည်း အနည်းငယ် တုန်နေသည်။ သေခြင်းရှင်ခြင်းကို နောက်ပြန်လှည့်ကာ တစ်စုံတစ်ယောက် အမှန်တကယ် ပြုလုပ်နိုင်ခဲ့ပြီ။

လွန်ခဲ့တဲ့ ဆယ်နှစ်က သေဆုံးသွားခဲ့တဲ့ ကလေးငယ်ဟာ ဘယ်သူမှ မချိုးဖျက်နိုင်တဲ့ မှတ်တမ်းတစ်ခု ချန်ရစ်ခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် သူသည် သေခြင်းမှ ပြန်ရောက်လာပြီး သူ့ကိုယ်ပိုင်စံချိန်ကို ဘယ်သူမှ မယှဉ်နိုင်သော အထွတ်အထိပ်သို့ တွန်းပို့ခဲ့​ပြန်သည်။

ဒါက သူ့နတ်သန္ဓေသားကို ယူပြီး သူ့ကို သတ်သွားတဲ့ ရန်သူကို ပြနေတာလား။

ဟုတ်လိမ့်မယ်!

ဒီတစ်ခေါက် သူပြန်လာတာက သူ့ရန်သူနဲ့ သူ့လူသတ်မှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖို့ပဲ ဖြစ်ရမယ်။

သူ့ရဲ့ ပေရှစ်ဆယ်ကျော် ဓားစွမ်းအင်က သူ့မှာ မွေးရာပါ ကောင်းကင်လမ်းစဥ် သန္ဓေသားလေး မရှိရင်တောင် သူနဲ့ ဘယ်သူမှ မယှဉ်နိုင်သေးဘူးလို့ ကမ္ဘာကြီးကို ပြောပြလိုက်သလိုပါပဲ။

အချိန်အတော် ကြာပြီးနောက်မှသာ လီရှောက်ကျန့်လည်း စိတ်တည်ငြိမ်မှုတွေကို ပြန်လည် ရရှိလာသည်။ သူ့အမူအရာသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားကာ အပြုံးမပျက် အမိန့်ပေးလိုက်သည်။

"လာကြစမ်း! အစိုးရအဖွဲ့ထဲက လူကြီးတွေကို ချက်ချင်း ဆက်သွယ်ပြီး ပေရှစ်ဆယ်ရှည်တဲ့ ကျစ်ဝူရှဲ့သတ်ဓား ပေါ်လာတဲ့အကြောင်း သတင်းကောင်း ပို့ပေးလိုက်!"

သူက အသက်ရှုကြပ်လာပြီး စိတ်ထဲကနေ တိတ်တိတ်လေး ပြောလိုက်သည်။

'ငါတစ်ယောက်တည်း စိတ်ပူနေလို့မရဘူး... ဒီလူကြီးတွေသာ ဒီသတင်းကို သိသွားရင် အိပ်မပျော်နိုင်လောက်အောင် ကြောက်နေ​ကြလိမ့်မယ်... ရှီးကျင်းတော့ မကြာခင် အသက်ဝင်လာမှာ သေချာနေပြီ'

ချက်ချင်းပဲ နောက်လိုက်တစ်ယောက်က မိုင်ထောင်ချီအသံပို့အဆောင်ကို ထုတ်ပြီး ရှီးကျင်းကို ဆက်သွယ်ခဲ့သည်။ မိုင်ထောင်ချီအသံပို့အဆောင်ထဲရှိ တစ်ဖက်ခြမ်းမှ ထိုင်ခုံ ပြုတ်ကျသံများ၊ လူအချင်းချင်း ထိမိ၍ လဲကျသံများကို ကြားလိုက်ရတဲ့အခါ လီရှောက်ကျန့် တိုးတိုးလေး အော်ရယ်ရင်း ပြောလိုက်သည်။

"ရှီးကျင်းက ဟိုလူကြီးတွေလည်း ဒီသတင်းကို ကြားရင် သေချာပေါက် လန့်ဖြတ်ကုန်လိမ့်မယ်"

ချန်ရှီသည် ကိုယ်ခံပညာ စစ်ဆေးသည့်ကွင်းမှ ထွက်သွားပြီး ဟေးကော်ကို ခေါ်ကာ ဟွမ်ဖောရွာသို့ အမြန်ဆုံး ပြန်သွားတော့မယ်လို့ တွေးနေတဲ့ အချိန်မှာပဲ ရင်းနှီးသော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။

"တစ်ဆယ်လေး ငါတို့ ပြန်တွေ့ကြ​ပြန်ပြီ!"

ချန်ရှီ အံ့အားသင့်သွားသည်။ ဝမ်းသာအားရနဲ့ ပြန်ကြည့်လိုက်တော့ လီထျန်းချင်က သူ့ဆီကို လျှောက်လာနေ၏။

"ထျန်းချင်.... မင်းရဲ့ မိသားစုဝင်တွေက မင်းပြန်သွားပြီးတော့ နတ်သန္ဓေသားကို မဖောက်ထုတ်သွားဘူးမလား... စကားမစပ် မင်းအဖိုး ဘယ်မှာလဲ"

လီထျန်းချင်ဟာ အားနည်းပြီး ခပ်ပိန်ပိန်လေး ဖြစ်သွားကာ အရင်ကထက် တည်ငြိမ်သွားသည်။

"ဒီတစ်ခါ လီမိသားစုက ကျောက်သင်္ဘောကို စူးစမ်းဖို့ ငါ့ကို လာခိုင်းလိုက်တာ... ဘုရင်ခံက ရှင်းရှန်​ပြည်နယ်ကို သွားပြီး ရာထူးတက်တော့ ဒီမှာ အခြေချတော့မယ်လေ... ငါ့အဖိုးက ခြေထောက် အဆင်မပြေတော့ လိုက်မလာဘူး... ဒါပေမဲ့ သူငါ့ကို စိတ်ပူပြီး တိတ်တိတ်လေး လိုက်လာနေမှာကိုပဲ ငါ့မှာ စိုးရိမ်နေရတာ!"

လီထျန်းချင်က သက်ပြင်းချရင်း သူ့အဘိုးက အရမ်းဒုက္ခပေးတာပဲလို့ ရေရွတ်လိုက်လေသည်။

"စကားမစပ်.. မင်းအဘိုး ဘယ်မှာလဲ"

ချန်ရှီ စိတ်မကောင်းစွာနဲ့ "ငါ့အဘိုးက မြေအောက်ကမ္ဘာကို သွားပြီ"

လီထျန်းချင်လည်း သူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိဘဲ ခဏလောက် ငြိမ်နေလိုက်သည်။ ထိုအခိုက် ချန်ရှီက ပြုံးပြီးပြောလိုက်သည်။

"ဒါပေမဲ့ ငါ့အဖိုးက မြေအောက်ကမ္ဘာမှာ ကောင်းကောင်းနေနေပါတယ်.. ငါ သူ့အတွက် ပိုက်ဆံတွေ အများကြီးပေးထားတယ်... စက္ကူအဘွားကြီးနဲ့ စာရွက်တွေကို မီးရှို့​ပေးလိုက်တယ်... ငါ့ရဲ့ ကျစ်ဝူရှဲ့သတ်ဓားကို မင်းမြင်​ပြီး​ပြီလား.."

အကြောင်းအရာ ပြောင်းလိုက်တာကို မြင်တော့ လီထျန်းချင်က သူ့အတိုင်း လိုက်လာခဲ့ပေးသည်။

"မြင်တယ်"

ချန်ရှီ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

"မင်းဘယ်လိုထင်လဲ"

"မင်းရဲ့ ဓားစွမ်းအင်က လုံလောက်ပါတယ်... ဒါပေမယ့် မင်းရဲ့စတင်လက်၊ ကိုယ်ဟန်အနေအထား၊ ဓားသိုင်း အနေအထားနဲ့ အပိတ်အနေအထားက ပြဿနာနည်းနည်း ရှိနေတော့ မင်းအမှတ်တွေကို နုတ်ယူသွားနိုင်တယ်..."

လီထျန်းချင်က စကားပြောနေရင်း အမူအယာများ အလွန်တိကျပြီး စံနှုန်းဖြင့် ပြုလုပ်​ပြသည်။

"ငါပေးခဲ့တဲ့ စာအုပ်ကနေ သင်ထားတာလား... မင်း ဒီအဆင့်ကို အချိန်တိုအတွင်းမှာ သင်ယူနိုင်တာကတင် အရမ်းအထင်ကြီးစရာ ကောင်းနေပြီ!"

ဆယ်ကျော်သက်နှစ်ဦးသည် ကိုယ်ခံပညာ စစ်ဆေးခြင်းကွင်း၏ အပြင်ဘက်တွင် တစ်ယောက်ကို တစ်ယောက် အပြင်းအထန် သင်ကြား သင်ယူနေ​ကြသည်။ ခဏအကြာတွင်တော့ လီထျန်းချင်က ရပ်ပြီး။

"တစ်ဆယ်လေး... မင်းသင်ယူတာ အရမ်းမြန်တာပဲကွ! စကားမစပ် မင်း စကားပြေ စာမေးပွဲရော ဘယ်လိုနေလဲ"

"စာပေစမ်းသပ်မှုက အရမ်းလွယ်ကူပါတယ်ကွာ... အောင်လောက်တယ် ဒါပေမဲ့ ကိုယ်ခံပညာစမ်းသပ် စာမေးပွဲကတော့ နည်းနည်းတော့ ယုံမှားစရာ မရှိပါဘူး..."

ချန်ရှီ ပြောရင်း အနည်းငယ် စိတ်ဆိုးလာသည်။

"ငါ မင်းဆီက စောစောစီးစီး သင်ထားလိုက်ရမှာ... မင်း ဘယ်သူနဲ့ လာတာလဲ ဘာအလုပ်မှမရှိရင် ငါတို့ အပြင်ထွက်ပြီး အတူတူ ကစားကြရအောင်လေ!"

လီထျန်းချင်လည်း တော်တော် စိတ်မကောင်းဖြစ်သွားသည်။

"ငါတို့ အပြင်မထွက်နိုင်တော့မှာ ကြောက်ရတယ်... ငါနဲ့ဒီတစ်ခေါက် လာတဲ့ လီမိသားစုက လူတွေက အရမ်းအရေးကြီးတဲ့ တာဝန်တွေပါတယ်... ခေါင်းဆောင်က လီရှောက်ကျန့်... ငါ့ရဲ့ စတုတ္ထဦးလေး.... ရှင်းရှန်ခရိုင်ရဲ့ ခရိုင်မှူးအသစ်... သူ့အပြင် လီမိသားစုမှာ အာဏာကိုင်ထားတဲ့သူတွေလည်း အများကြီး ရှိသေးတယ်... ဒီတစ်ခါတော့ မင်းနဲ့အတူ စာမေးပွဲ မဖြေရမှာ ငါကြောက်တယ်... ဒါနဲ့ မင်းစဥ်းစားဖူးလား ... နတ်ဘုရားက မင်းကို နတ်သန္ဓေသားကို မပေးရင် မင်း ဘယ်လိုလုပ်မလဲ?"

သူ ဒါကိုပြောပြီးတာနဲ့ ချန်ရှီ အံ့ဩသွားတာကို မြင်လိုက်ရလေသည်။

ဟုတ်သားပဲ။ သူဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသားကို လက်ခံရရှိခဲ့ပြီးပြီ။ နတ်သန္ဓေသား မရှိရင် ပညာရှင် မဖြစ်တော့ဘူး။ ရွာသားတွေကို ကျွန်ခံပြီး လူတွေကို ဖိနှိပ်နေတာကို သူဘယ်လို ဝင်ကာကွယ်ပေးရမလဲ။

All Chapters