← Chapters

ဆရာ့ကျေးဇူး တောင်လိုကြီးမား၏

Vol. 7 Ch. 96

ဆရာ့ကျေးဇူး တောင်လိုကြီးမား၏

Vol. 7 Ch. 96

ဆန်းကြယ်ဝိညာဥ်က အလှမ်းဝေးသော တောင်ထွတ်ပေါ်တွင် ခိုင်ခံ့၊ ငြိမ်သက်နေသော ကျောက်ဆစ်ရုပ်တုကဲ့သို့ မလှုပ်မယှက် ရပ်လျက် ချန်ရှီကို ကြည့်နေသည်။ သိုးစိမ်းနဲ့ မြေခွေးဖြူ သူ့ကိုဘယ်လိုပဲ စော်ကားနေပါစေ မတုန်မလှုပ်ပါပဲ။

ချန်ယန်တောင်ကနေ အရာအားလုံးကို မျက်ဝါးထင်ထင် မြင်နေရပြီး သူ့မျက်လုံးတွေက ဖုံးကွယ်လို့မရနိုင်တဲ့ တကယ့်နတ်ဘုရားရဲ့ မျက်လုံးလိုပင်။

ကျားဝိညာဉ်က ချန်ရှီဦးခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းငယ် အတွင်းသို့ ဝင်ရောက်သွားတာ သူသိသည်။ ကောင်းကင်က နတ်ဘုရား တောင်တန်းအရှင်ဘုံကျောင်းကို ပျက်စီးရခြင်းမှာ ဘုံကျောင်းငယ်လေးမှ ကျားဝါက သူ့ဦးခေါင်းကို ထုတ်​ပြလိုက်ခြင်းကြောင့်မှန်းလည်း သူသိသည်။

ကျားဦးခေါင်းသည် တောင်တန်းအရှင်ဘုံကျောင်းက သစ်ပင်များ မဖုံးအုပ်ထားနိုင်လောက်အောင် ကြီးမားပြီး ၎င်း၏ခြေရာလက်ရာများကို ကောင်းကင်ပြင်ရှိ နတ်ဘုရား၏ မျက်လုံးများက ဖမ်းယူထားနိုင်ခဲ့သည်။

ရှာတွေ့ပါက ဖျက်ဆီးပစ်မှာပင်။ ဒီလို အလားတူဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းတတ်တာက ကောင်းကင်ပြင်နတ်ဘုရားရဲ့ နိယာမပဲ ဖြစ်သည်။ ထူးဆန်းသော အရာတစ်ခုကို ရှာဖွေတွေ့ရှိသည့်အခါတိုင်း ပျက်စီးခြင်းက ဖြစ်ပေါ်လာတတ်သည်။

ကံကောင်းထောက်မစွာ ချန်ရှီသည် ကျားကိုသယ်ကာ တောင်ပေါ်မှ ဆင်းလာခဲ့ပြီး​ပြီ ဖြစ်သည်။

"ကောင်းကင်အပြင်က နတ်ဘုရားက ဘာလို့ ကျားနဲ့တူတဲ့ တောင်တန်းအရှင် တည်ရှိနေတာကို တွေ့တာနဲ့ ဖျက်ဆီးပစ်ရတာလဲ"

ဆန်းကြယ်ဝိညာဥ်ဟာ အလွန်ပင် တန်ခိုးကြီးမားသော်လည်း ကောင်းကင်မှ စစ်မှန်သော နတ်ဘုရားက ဘာကြောင့် သူ့ကို မဖျက်ဆီးခဲ့သလဲ ဆိုတာကိုလည်း နားမလည်နိုင်အောင် ဖြစ်နေ၏။ နတ်ဘုရား ဖျက်စီးပစ်ဖို့ ဘယ်လို အ​ခြေအနေတွေ ရှိမှ ဖြစ်မှာလဲ။

သူနားမလည်နိုင်ခဲ့ပါ။

တဖြည်းဖြည်းနှင့် ချန်ရှီရဲ့နားက အသံအချို့ကို ​ပြန်ကြားလာနိုင်သည်။

ပတ်ဝန်းကျင်ရှိ နတ်သားရဲများ တဖြည်းဖြည်း ပြန့်ကျဲလာသည်။

ချန်ရှီက ပြုံးပြီး "အဘွား၊ ဦးလေးဟူ၊ ဦးလေးချင်းယန်...ကျွန်တော့်မှာ နတ်သန္ဓေသားလေး ရှိနေပြီ!"

အဘွားရှား သက်ပြင်းချလိုက်ပြီး "မင်းမှာ နတ်သန္ဓေသားလေး ရသွားပြီဟုတ်လား...အင်း အရမ်းကောင်းတယ် ဆက်ပြီး လေ့ကျင့်နေတယ်... ကျားက​တော့ သနားစရာပဲ ရှင်ပြန်ထမြောက်ပြီးတာနဲ့ လဲကျသွားတယ်..."

သူမ ဒီလိုပြော​ပြီးတဲ့အခါ ရုတ်တရက် အေးခဲသွားပြီး ခေါင်းကို လှည့်ကာ ချန်ရှီကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

"မင်းမှာ နတ်သန္ဓေသားလေး ရှိပြီ! တစ်ယောက်ယောက်က သန္ဓေသားကို ဖြတ်လိုက်ရင် နတ်ဘုရားက မင်းကို နောက်ထပ် နတ်သန္ဓေသားကို ပေးဖို့ မသေချာဘူးလေ!!"

ဒီလိုစကားမျိုး ကြားရတာ ဒါပထမဆုံးအကြိမ်မို့ သူမ အံ့ဩသွားမိသည်။

ချန်ရှီ အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ သူ၏ စစ်မှန်သော ချီစွမ်းအင်သည် ရုတ်တရက် စုစည်းကာ သူ့ခေါင်းနောက်တွင် သေးငယ်သော ဘုံကျောင်းတစ်ခုကို ဖော်ပြလိုက်ပေ၏။

အဘွားရှားမှာ ကြက်ဥတွေအများကြီး စားခဲ့မိလို့ သူမမျက်လုံးများက ခြေစွပ်များမှ ပေါက်ထွက်တော့မလို ပြူးကျယ်သွားသည်။ မျက်တောင်မခတ်နိုင်ဘဲ ချန်ရှီခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။

သူ့ခေါင်းနောက်မှာ နတ်ကွန်း မရှိ​တော့ဘူးလား။

တစ်ဆယ်လေး ဘာဖြစ်သွားတာလဲ။

အဘွားအို အလွန်ထိတ်လန့်သွားသည်။ တောင်တန်းအရှင် ဘုံကျောင်းကို ဖျက်ဆီးပစ်ခံရတာကို ဂရုမစိုက်အားတော့ဘဲ ချန်ရှီရဲ့ ဘုံကျောင်းငယ်ကို ဂရုတစိုက် ကြည့်မိသွားသည်။ ဘုံကျောင်းသည် အလွန်ရိုးရှင်းပြီး သာမန်သာဖြစ်ကြောင်း သူမ မြင်နိုင်သည်။

ရုတ်တရက်ဆိုသလို အဝါရောင် ကျားလေးတစ်ကောင်က သူ့ခေါင်းကို လှည့်ကာ သူမကို စူးစူးဝါးဝါး စိုက်ကြည့်လာ၏။ ဘုံကျောင်းငယ်လေးရှိ ကျားဝါကို ညွှန်ပြရင်း အဘွားရှားရဲ့ မျက်လုံးများ ပြူးကျယ်သွားသည်။

"ကျား၊ ကျား..."

ကျားဝါသည် ဘုံကျောင်း တံခါးနောက်တွင်ထိုင်ကာ ကြင်နာတတ်သော အဘွားကြီးတစ်ယောက်လို ကြင်နာမှုအပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။ အဘွားရှားလည်း လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ဆန်းကြယ်ဝိညာဥ်ကို ကြိမ်းမောင်းဆဲဖြစ်သော မြေခွေးဖြူကို ပုတ်လိုက်သည်။

"လောင်ဟူ ကျား ကျား!"

အမြီးကိုးကောင်ရှိတဲ့ ကောင်းကင်မြေခွေးက ဒေါသတကြီးနဲ့ ပြန်ပြော၏။

"ကျုပ် ဒီမှာ ရှိတယ်ဟ! ဆန်းကြယ်ဝိညာဥ်က ကျေးဇူးကန်းတယ်ဟေ့.... သူ့ကိုအရင်က ငါ့ရဲ့သူငယ်ချင်းအရင်းလို့ ထင်ခဲ့တာ... ဒါပေမယ့် ဒီနေ့တော့ ငါသူနဲ့အဆက်အသွယ် ဖြတ်လိုက်ပြီ... ဟေး တစ်ဆယ်လေး မင်းရဲ့နတ်ကွန်း ဘယ်ရောက်သွားတာလဲ?"

အဘွားရှားက သူ့ကို နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် ကန်ထုတ်ပြီးမှ အမြီးကိုးချောင်း မြေခွေးဖြူ ဟူရှောင်လျောင်က ပြန်လှည့်ကြည့်လာသည်။

"မင်းငါ့ကို ဘာလို့ ကန်နေတာလဲ? တစ်ဆယ်လေးက နတ်ဆိုး ဖြစ်သွားတော့မှာမလို့လား"

ထိုအချိန်မှပင် ချန်ရှီခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲမှ ကျားဝါကို သူ သတိပြုမိပြီး မျက်လုံးများ ပြူးကျယ်လာကာ တုန်တုန်ယင်ယင်ဖြင့်။

"ချင်းယန်... ချင်းယန် ဒီမှာကြည့်! ဆန်းကြယ်ဝိညာဥ်ကို ဆူပူကြိမ်းမောင်းမနေနဲ့ ရပ်လိုက်!"

သိုးစိမ်းကလည်း သူ့ခေါ်သံကို ကြားပြီးနောက် လှည့်ကြည့်လာ၏။ သူ့ရဲ့ကြီးမားလှတဲ့ တောင်လိုခေါင်းက ချန်ရှီဆီ ဦးတည်သွားပေမယ့် သူ့မျက်လုံး အရွယ်အစားက လျင်မြန်စွာပဲ ကျုံ့ဝင်သွားလေသည်။

မုတ်ဆိတ်မွေးနဲ့ ဟူရှောင်လျောင်က တုန်တုန်ယင်ယင်အသံနဲ့ ပြော၏။

"ချင်းယန် မင်းမြင်လား"

ချင်းယန်ရဲ့ ခန္ဓာကိုယ်သည်လည်း တုန်ယင်နေသည်။ သူ့မျက်လုံးများထဲ​မှ မျက်ရည်များလည်း စီးကျလာကာ အသံတုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။

“ငါမြင်တယ်… ကျား”

သူက ဒူးထောက်ပြီး ကျားကို ငုံ့ကြည့်​​နေသည်။ ဟူရှောင်လျောင်ကလည်း ဘုံကျောင်းငယ်ကို စေ့စေ့ကြည့်ကာ ခေါင်းကို တွင်တွင်ခါပြသည်။

"ကျားဝါက တောင်တန်းအရှင် မဟုတ်ဘူး... နတ်ကွန်းထဲက တစ်ယောက်ကမှ တောင်တန်းအရှင်..."

ချင်းယန်လည်း အံ့အားသင့်သွားပြီး သေသေချာချာ ထပ်ကြည့်လိုက်တော့ နတ်ကွန်းထဲမှာ နွားချိုလူကိုယ်လုံးရှိတဲ့ နတ်ဘုရား တစ်ဆူ ထိုင်နေတာကို တွေ့လိုက်ရလေသည်။

"တောင်တန်းအရှင် အသက်ရှင်နေသေးတယ်!"

ချင်းယန်နဲ့ ဟူရှောင်လျောင်တို့ဟာ ပျော်ရွှင်နေကြသော်လည်း နောက်ပိုင်းတွင် သူတို့သည် ကောင်းကင်ကို မော့ကြည့်ကာ မာန်မာနကြီးမနေရဲတော့ဘဲ သတိကပ်သွားကြသည်။

"တစ်ဆယ်လေး... မင်း ဘုံကျောင်းက ဘယ်လို​ဖြစ်တာလဲ"

ချန်ရှီလည်း ကန့်ညောင်က သူ့ကို ကောင်းချီးပေးကာ နတ်ကွန်းကို ဘုံကျောင်းအဖြစ် ပြောင်းလဲပေးခဲ့ကြောင်း ပြောပြလိုက်သည်။

"ဒီဘုံကျောင်းငယ်လေးက အရမ်းထူးဆန်းတယ်... နတ်တွေနဲ့တွေ့တိုင်း ဘုံကျောင်းထဲကို ခေါ်သွားပြီး နတ်ကွန်းပေါ် တင်ထားလိုက်မယ်လေ... သူတို့ ထွက်သွားချင်ရင်တောင် ထွက်သွားလို့မရဘူး"

ချန်ရှီက ဘုံကျောင်းငယ်လေးထဲက ထူးဆန်းတဲ့အရာတွေ အကြောင်း ဆက်ပြောပြသည်။

"ကျူးရှို့ချိုင် နတ်ကွန်းထဲကို ပြုတ်ကျပြီးတော့ ကျားလည်း ဒီလိုပဲ ဖြစ်သွားတာ... ကျွန်တော် လှုပ်ရှားလိုက်ရင် သူတို့လည်း ထွက်လာနိုင်တယ်"

အဘွားရှား၊ ချင်းယန်နဲ့ မုတ်ဆိတ်မွေး ဟူရှောင်လျောင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ အချင်းချင်းရဲ့ မျက်လုံးတွေထဲ ကြောက်ရွံ့နေသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။ တောင်တန်းအရှင်တောင် ရိုးရိုးသားသားနဲ့ ဝင်သွားနိုင်တဲ့ ဘုံကျောင်းကို ချန်ရှီရဲ့ ကန့်ညောင်က ပေးခဲ့သည်။

ဒါဆို ချန်ရှီကန့်ညောင်ရဲ့ မူလဇာစ်မြစ်က ဘာဖြစ်မလဲ။

"တစ်ဆယ်လေး... ကျားကို မလွှတ်ပေးသေးနဲ့ နတ်ဘုရားက ကောင်းကင်ကနေ ကြည့်နေတယ် ​​ဒီမှာ လှုပ်ရှားမှုတိုင်းကို သူ့မျက်လုံးတွေကနေ ဖုံးကွယ်ထားလို့ မရဘူး...တောင်တန်းအရှင်ရဲ့ နတ်ရုပ်သဏ္ဌာန် လုံး၀ ပြည့်စုံသွားတဲ့အထိ စောင့်ပြီးမှ ဘုံကျောင်းအသစ် ထပ်ဆောက်ပြီး တောင်တန်းအရှင်ကို ထုတ်ကြမယ်"

နောက်ဆုံးတော့ အဘွားရှားကလည်း ခေါင်းညိတ်လာသည်။

"တောင်တန်းအရှင် ရှိနေတဲ့ သတင်းကို အပြင်လူတွေကို ဖုံးကွယ်ထားရမယ် ရှန့်တာထျန်းထင်း ကြားသွားရင် နတ်ဘုရားက ကြာသွားလိမ့်မယ်...ဘုံကျောင်းကို မပြောနဲ့ မင်းကိုယ်မင်းတောင် မကာကွယ်နိုင်ဘူး ဖြစ်သွားမယ်!"

ချင်းယန်နှင့် မုတ်ဆိတ်မွေး ဟူရှောင်လျောင်ကလည်း "နတ်ဘုရား ကြားလိမ့်မယ်" ဟူသော စကားလုံးကို ကြားလိုက်သောအခါ အသီးသီး အံ့သြထိတ်လန့်သွားကာ မျက်နှာပေါ်တွင်လည်း လေးနက်သော အမူအရာများ ဖြစ်ကုန်ကြသည်။

ချန်ရှီလည်း သူတို့အမူအရာများကို မြင်တော့ "နတ်ဘုရား ကြားလိမ့်မယ်" ဟူသော စကားလုံးက အလွန်အရေးကြီးကြောင်း သိသွားသည်။

"ရှန့်တာထျန်းထင်း?? လောကအပြင်ဘက်က နတ်ဘုရားကို ဆက်သွယ်နိုင်တဲ့ လူတစ်ယောက် ရှိနေတာလား"

"ဒီအရာတွေကို အရမ်းမသိချင်စမ်းပါနဲ့... သူတို့နဲ့ ထိတွေ့မိသူတိုင်း အချိန်မတန်ခင် သေသွားကြတာ"

အဘွားရှား: "ချင်းယန်...လောင်ဟူ တောင်တန်းအရှင်ကို အရင်ဦးဆုံး အမွှေးတိုင်တွေ လှူရအောင်"

လူတစ်ဦး၊ မြေခွေးတစ်ကောင်နှင့် သိုးတစ်ကောင်စီသည် အမွှေးတိုင်များကို ကိုင်ဆောင်ကာ ချန်ရှီကို ဦးညွှတ်လိုက်ကြသည်။ ချန်ရှီ လျင်မြန်စွာ ရှောင်တိမ်းခဲ့သော်လည်း ချင်းယန်နဲ့ ဟူရှောင်လျောင်တို့က သူ့ကို မလှုပ်နိုင်အောင် ချုပ်နှောင်ထားခဲ့သည်။

"ငါတို့ မင်းကို မကိုးကွယ်ဘူး...တောင်တန်းအရှင်ကို ကိုးကွယ်နေတာ မင်းရှက်နေစရာ မလိုဘူး"

သို့နှင့် ချန်ရှီလည်း ထိုနေရာတွင် နာခံမှုရှိရှိဖြင့် မတ်တပ်ရပ်ကာ ဆုတောင်းခြင်း ပြီးဆုံးအောင် စောင့်ဆိုင်းနေရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။ လူသုံးယောက်လက်ထဲက အမွှေးတိုင်များ လွင့်ပျံလာတာ မြင်လိုက်ရပြီး ဘုံကျောင်းငယ်လေးထဲက အမွှေးတိုင်မီးဖိုထဲသို့ အလိုအလျောက် ဝင်သွားသည်။

"အဘွား....အဘွားတို့က အသက်ကြီး​နေပြီ... ကျွန်တော် နည်းနည်းလောက် ပြန်ကန်တော့ရင်ရော?"

ချန်ရှီ ပြောပြီး သူတို့သုံးယောက်အား ငုံ့ကြည့်တော့မည့် အခိုက် သုံးယောက်သားရဲ့ အမူအရာများ သိသိသာသာ ပြောင်းလဲသွားပြီး သူ့ကို တားဆီးရန် လက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်ကြ​လေသည်။ အဘွားရှားက တင်းမာသော လေသံဖြင့် ဆိုသည်။

"တစ်ဆယ်လေး... ငါတို့က တောင်တန်းအရှင်ကို ကိုးကွယ်နေတာ မင်းကို မဟုတ်ဘူး... လူကြီးတွေနဲ့ ကလေးတွေ ဆိုပြီး အမိန့်ကို မချိုးဖောက်ဘူး... မင်း ငါတို့ကို နည်းနည်းလောက် လာထူနေချိန် ကျားက ငါတို့ကို အကြိမ်ကြိမ် ကိုက်လိုက်ရင် ငါတို့ မခံနိုင်ဘူး... ငါတို့ အသက်တွေ တိုသွားလိမ့်မယ်!"

ချင်းယန်နဲ့ ဟူရှောင်လျောင်ကလည်း အထပ်ထပ်အခါခါ ခေါင်းညိတ်​ပြသည်။

ချင်းယန်: "တောင်တန်းအရှင် မင်းရဲ့ဘုံကျောင်းထဲ နေထိုင်နေချိန်မှာ မင်း ဘယ်သူ့ကိုမှ ကန့်​တော့မရှိဘူး မင်းသိလား... မင်းလုပ်နိုင်ဆုံးအရာက ခေါင်းညိတ်တာပဲ!"

ချန်ရှီ ခေါင်းညိတ်လိုက်သည်။ ထိုအခါမှ အဘွားရှားကလည်း သက်ပြင်းတစ်ချက်ချကာ ဘုံကျောင်းငယ်ကို ကြည့်ကာ သံသယရှိစွာ မေးလိုက်ပါ၏။

"မင်းရဲ့ နတ်ကွန်းလေး ဘုံကျောင်းငယ်လေး ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုရှိလား"

ချန်ရှီ: "တခြားဘာမှ ထူးထူးခြားခြား မရှိပါဘူး... တောင်တန်းအရှင်နဲ့ ကျားဝါကို သုံးနိုင်မယ်လို့ ခံစားရတယ်"

သုံးယောက်သား မျက်လုံးပြူးမျက်စံပြူးဖြင့် တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။

တောင်တန်းအရှင်ကို အသုံးချမယ်?

ဒီဘုံကျောင်းငယ်လေးထဲက အရာက တောင်တန်းအရှင် ဆိုတာရော သိရဲ့လား။ ကျားကို ဘယ်လောက်တောင် သတ္တိရှိရှိ အသုံးချရဲတာလဲ။

ချင်းယန်က လှောင်ပြောင်၏။

"ကျားကို သုံးမယ်... ငါ မ..."

"ယုံ" ဟူသော စကားလုံးကို မပြောမီတွင် မုတ်ဆိတ်မွေး ဟူရှောင်လျောင်က သူ့ပါးစပ်ကို ဖုံးထားလိုက်သည်။

အဘွားရှားက ပြုံးပြီးပြောသည်။

"တစ်ဆယ်လေး... စမ်းသပ်စရာ မလိုပါဘူး အဖွားက မင်းကို ယုံတယ်... သိုးကောင် မင်း ထပ်ပြီး မိုက်မဲတဲ့ စကားတွေ ပြောရဲရင် ဒီညပဲ မင်းကို ငါသတ်စားပစ်မယ်!"

မုတ်ဆိတ်မွေးကလည်း အကြိမ်ကြိမ် ခေါင်းညိတ်သည်။

ချန်ရှီ: " အခု တောင်တန်းအရှင်က ကျွန်တော့်ဘုံကျောင်းထဲမှာ ထိုင်နေတာ ဆိုတော့ နတ်သန္ဓေသားလိုပဲမလား.... နတ့ဘုရားရဲ့ ကောင်းချီးမင်္ဂလာပွဲ ရောက်ရင် နတ်သန္ဓေသားကို ရနိုင်သေးလား?"

အဘွားရှား: "နတ်သန္ဓေသား နှစ်ခုရှိတဲ့လူကို မြင်ဖူးလို့လား?"

ချန်ရှီ ခေါင်းခါလိုက်သည်။

အဘွားရှားလည်း ပြုံးလိုက်ကာ။

"မင်းမှာ နတ်သန္ဓေသားရှိပြီးသားမို့ နောက်တစ်ယောက်တော့ ရှိတော့မှာ မဟုတ်ဘူး... တစ်ဆယ်လေး အရမ်းရိုင်းစိုင်းတဲ့ အတွေးတွေကို ရပ်လိုက်ပါတော့... မနက်ဖြန် ရလဒ်တွေ ထွက်လာမှာ မဟုတ်ဘူးလား.... နောက်မကျအောင် ခရိုင်ရုံးကို စောစောသွား..."

ချန်ရှီလည်း ဟေးကော်ကို ခေါ်ပြီး သစ်သားတွန်းလှည်းပေါ် ခုန်တက်သွားသည်။ သူတို့ကို နှုတ်ဆက်ကာ သစ်သားလှည်းကို ခရိုင်​မြို့ဆီသို့ တွန်းပို့လိုက်သည်။

"တစ်ဆယ်လေး... မင်းရဲ့ဘုံကျောင်းလေးကို တခြားသူတွေကို မပြတာ အကောင်းဆုံးပဲ"

အဘွားရှားက စိုးရိမ်နေသည်။

"နတ်သန္ဓေသားကို တခြားသူတွေရှေ့မှာ မပြနဲ့!"

ချန်ရှီက တုံ့ပြန်လိုက်ပြီး သစ်သားလှည်းက တရွေ့ရွေ့နဲ့ ထွက်သွားတော့သည်။ သစ်သားတွန်းလှည်း သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားသောအခါ အဘွားရှားသည် သူမမျက်နှာပေါ်ရှိ အပြုံးကို သုတ်လိုက်ပြီး ချင်းယန်နှင့် မုတ်ဆိတ်မွေးတို့အား ကြည့်လိုက်သည်။

"တစ်ဆယ်လေးရဲ့ ကျောက်ပြားကန့်ညောင်က တစ်ခုခုတော့ မှားနေပြီ!"

အဘွားရှား: "လူအိုချန်က တစ်ဆယ်လေးကို မသေခင်မှာ ငါတို့လက်ထဲ အပ်ထားခဲ့တာ... သူက သူ့ကို မိဘမဲ့ကလေးလို အပ်ထားခဲ့တာလို့ ပြောလို့ရတယ်... နတ်ဆိုးတွေ တစ်ဆယ်လေးကို ပစ်မှတ်မထားမိအောင် သတိထားရမယ်"

ချင်းယန်: "ကျောက်ပြားကန့်ညောင်က ဘာမှမထူးခြားခဲ့တာ ကြာပြီ.... ဒါပေမဲ့ အဘိုးကြီးချန် သေပြီး နောက်ပိုင်းမှာတော့ ပေါ်လာတယ်...သူက အဘိုးကြီးချန် သေသွားတာကိုများ စောင့်နေတာပဲ... ဒါက သူ့ရဲ့လျှို့ဝှက်ချက်ကို အဘိုးကြီချန် ရှာတွေ့ မှာကို ကြောက်ရွံ့နေတာပဲ ဖြစ်ရမယ်"

မုတ်ဆိတ်မွေးက ရယ်ပြီး: "ကျုပ်တို့သုံးယောက်ရဲ့ ခွန်အားက အဘိုးကြီးချန်ထက်တော့ မနည်းပါဘူး...အဘိုးကြီးချန် အသက်ရှင်နေတဲ့အချိန်မှာ ကျောက်ပြားကန့်ညောင်ကို အနားသတ် တစ်ခုတည်းနဲ့ ဖိထားနိုင်တယ်... အဲ့တော့ ကျုပ်တို့ သုံးယောက် လျှောစောက်ကို အတူတူ သွားမယ်ဆိုရင် လုပ်နိုင်မှာ သေချာတယ်!"

သူတို့သုံးဦးသည် အစီအစဉ်တစ်ခုအား ရေးဆွဲကာ ဟွမ်ဖောရွာသို့ ချက်ချင်း ထွက်ခွာကာ ရွာအပြင်ဘက်က လျှောစောက်သို့ တည့်တည့် သွားကြသည်။

သိပ်မကြာခင်မှာပဲ သူတို့ သုံးယောက်သား ခြေဖဝါးအောက်မှာ တစ်စုံတစ်ခု ကပ်နေသလို သို့မဟုတ် ပြင်းထန်တဲ့ အလေးချိန်ကြီး ပြုတ်ကျလာခဲ့သလို ခံစားချက်က သူတို့အပေါ်ကို ရောက်လာလေသည်။ ဟူရှောင်လျောင် အနောက်မှာ အမြီးကိုးချောင်း ပေါ်လာပြီး လေထဲတွင် ခါယမ်းနေသည်။

"သေချာနေပြီ!"

ပြုတ်ကျ​​​နေတဲ့ ခံစားချက်က ချက်ချင်း ပျောက်သွားသည်။ သူတို့သုံးယောက်လည်း အရှေ့သို့ ရွေ့သွားကာ တောင်စောင်းပေါ်သို့ တက်ရန် ကြိုးစားကြပြန်၏။ သို့သော် ခြေလှမ်းတစ်ခုစီတိုင်းတွင် ဖိအားများက သိသိသာသာ တိုးလာသည်။ သူတို့ပုခုံးပေါ်မှာ တောင်​တွေ တစ်ခုပြီးတစ်ခု ကောင်းကင်ပေါ်ကနေ ကျလာသလိုပင် ဖိအားများက ပိုမိုများပြားလာသည်။

အနှစ်ခြောက်ထောင် ကြာသွားတာတောင် အကြောင်းပြချက် မရှိဘဲ ပေါ်လာသော တောင်စောင်းအပိုင်းက လူသားများကြောင်း ပျက်စီးသွားတာမျိုး မရှိခဲ့ချေ။

သူတို့သုံးယောက်ဟာ ဖိအားတွေကို တောင့်ခံရင်း တောင်စောင်းကို အနီးကပ်ကြည့်တဲ့အခါမှာတော့ လည်ပင်းကောက်ကောက်နဲ့ သစ်ပင်ပေါ်မှာ ကြိုးဆွဲချနေတဲ့ စာပေပညာရှင် တစ်ယောက်ကို တွေ့လိုက်ရပါ၏။

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် ဖေးမပြီး မိုးမခပင်အိုဆီသို့ အစွမ်းကုန် လျှောက်လှမ်းလာခဲ့ကြသည်။ ဒီထူးဆန်းတဲ့ သုံးယောက်ရဲ့ သေလုမျောပါး ဖြစ်နေတဲ့ပုံစံကို ကျူးရှို့ချိုင်က စူးစူးစိုက်စိုက် ကြည့်နေသည်။

"ငါ့ခြေရင်းမှာ လညမသေနဲ့.. ငါ ဒါမျိုးတော့ မမြင်ချင်ဘူး! မင်းတို့သေချင်ရင် တခြားနေရာမှာပဲ သွားသေကြ!"

သူတို့သုံးယောက်က နားမကြားတဲ့ လူတွေလို တိုးလာနေတဲ့ ဖိအားတွေအောက်မှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သယ်နေကြသည်။ တစ်ကိုယ်လုံးက တုန်ယင်နေပြီး မျက်နှာတွေလည်း နီရဲလာ၏။ တုန်တုန်ယင်ယင် ခြေထောက်များဖြင့် နောက်ဆုံးတွင်တော့ မိုးမခပင်အိုကြီးအောက်သို့ ရောက်ရှိသွားကြသည်။

"ခရက်!

အဘွားရှား မြေပြင်ပေါ်တွင် လက်နှစ်ဖက်ဖြင့် ဒူးထောက်လိုက်သည်။ လည်ပင်းကိုပါ နှိမ့်လိုက်ရင် လည်ပင်းကျိုးသွားမှာ ကြောက်တာကြောင့် ခေါင်းငုံ့ထားရလေသည်။

ဗုန်း! ဗုန်း!

ချင်းယန်နဲ့ ဟူရှောင်လျောင်တို့ကလည်း တစ်ချိန်တည်းမှာပင် ဒူးထောက်လိုက်ကြသည်။ ဟူရှောင်လျောင် တုန်လှုပ်ခြောက်ခြားကာ သွားများအံကြိတ်ရင်း တုန်တုန်ယင်ယင်ဖြင့် သူ့လက်မောင်းထဲမှ အမွှေးတိုင် အနည်းငယ်ကို ထုတ်ကာ မီးညှိ၍ မိုးမခပင်အောက်ရှိ ကျောက်စာတိုင်ရှေ့တွင် ထည့်ထားနိုင်ရန် အတင်း ရုန်းကန်နေရသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများသည် ချက်ချင်းပင် လျင်မြန်စွာ ကျဆင်းသွား၏။ ဟူရှောင်လျောင်လည်း ခန္ဓာကိုယ်ကိုယ် ဖြေလျှော့ကာ မြက်ခင်းပြင်ပေါ်တွင် ကျောပြင်ချ လှဲလျောင်းနေကာ အသက်ပြင်းပြင်း ရှူနေလေသည်။

ဒါကိုမြင်တော့ အဘွားရှားနဲ့ ချင်းယန်တို့ကလည်း အမွှေးတိုင်တွေ ထုတ်ပြီး မီးညှိလိုက်သည်။ ကျောက်တုံးကြီးရှေ့မှာ ထိုးစိုက်လိုက်မှ ဖိအားတွေ တော်တော်လေး လျော့သွား၏။ သုံးယောက်သား ခေတ္တအနားယူကြပြီး ချက်ချင်းပင် ကုန်းပေါ်မှ အမြန်ဆင်းခဲ့ကြသည်။

အဘွားရှားသည် နောက်ပြန်လှည့်ကာ နှလုံးသားထဲအထိ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရသော မိုးမခပင်အိုကို လှမ်းကြည့်လိုက်သည်။

"ချန်ရှီအတွက် အဘိုးကြီးချန် ရှာထားတဲ့ ကန့်ညောင်ရဲ့ နောက်ခံက ဘာများလဲ?"

ယခုတော့ ချန်ယင်တုသည် နတ်ဆိုးစိတ်များ မဝင်လာနိုင်အောင် အထက်ကမ္ဘာကို လာလို့မဖြစ်တာကြောင့် သူတို့တွင် အခြားအရာများကို မေးရန် နည်းလမ်း မရှိတော့ချေ။

သို့သော် မြေအောက်ကမ္ဘာမှာလည်း တစ်ယောက်ယောက်က ချန်ယင်တုကို စောင့်ကြည့်နေ၏။ သူတို့ မြေအောက်ကမ္ဘာသို့ ရောက်သွားရင်လည်း အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်ဦးမည်။ အဘွားရှား ကျောက်ပြားကို ကြည့်ကာ ချန်ရှီကိုယ်အတွင်းရှိ နတ်ဆိုးများအကြောင်းကို တွေးကာ မူးဝေသွားတော့သည်။

"အဘိုးကြီးချန်... ရှင့်ရဲ့ဝန်ထုပ်ဝန်ပိုးက လေးလွန်းတယ်... ဘယ်သူက ခံနိုင်မှာလဲ"

ချန်ရှီ ခရိုင်မြို့သို့ ရောက်သောအခါ ကောင်းကင်က တဖြည်းဖြည်း နီလာပြီး နေဝင်တော့မည်။ ဝမ်ချိုင်ကျောင်းတော်ကို ရောက်တော့ သူ့အပြင် ဖုလိန်ရှန်း၊ ထျန်းဟွာယိနဲ့ ရှန်ယွိရှန်းတို့လည်း ရှိနေတာ တွေ့လိုက်ရသည်။

"ချန်ရှီ...ငါတို့လည်း မင်းကိုရှာမလို့ စီစဉ်ထားတာ..."

ထျန်းဟွာယိ: "ရှန်ယွိရှန်းက ဒီစာပေစမ်းသပ်မှု စာမေးပွဲမှာ နတ်ဘုရား ဆင်းသက်လာပြီး ပထမတန်းစား ဝမ်ချန်နတ်သန္ဓေသားကို ပေးသွားတယ်... မင်းကလည်း ဓားသိုင်းပညာကို အံ့မခန်းလုပ်ပြသွားတော့ နတ်သန္ဓေသားကို ရနိုင်မှာ သေချာသလောက်ပဲ... မင်းတို့နှစ်ယောက်ရဲ့ လက်ရှိ အခြေအနေက အရမ်းအန္တရာယ်များလွန်းတယ်...အဲ့အချိန်ကျရင် ကျောင်းသားတွေ အများကြီး ပျောက်ကွယ်သွားရလိမ့်မယ်"

သူက အနည်းငယ် ခေတ္တရပ်လိုက်ပြီး "မနေ့ညက မှော်စွမ်းအားကြီးတဲ့ အမျိုးသမီးတစ်ယောက်က ငါ့ဆီလာပြီး ရှန်ယွိရှန်းရဲ့ ဝမ်ချန် နတ်သန္ဓေသားလေးကို စျေးကြီးကြီးနဲ့ ရောင်းပေးဖို့ အရိပ်အမြွက် ပြောသွားတယ်... သူကငါ့ကို ရာထူးကြီးမြင့်တဲ့ လစာနဲ့ ရက်ရောတဲ့လစာကို ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ငါ ငြင်းခဲ့ပါတယ်...."

ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ခါသွားသည်။

"လီမိသားစုက မြင့်မြတ်တဲ့ အမျိုးသမီး ဟုတ်လား"

ထျန်းဟွာယိက ချီတုံချတုံဖြင့် တိုက်ရိုက်ပြန်မဖြေဘဲ။

"ငါရဲ့ဆရာနဲ့ ငါဆွေးနွေးပြီးပါပြီ...ဆရာက ရှန်ယွိရှန်းကို မကာကွယ်နိုင်ဘူး... ခရိုင်အစိုးရနေရာကပဲ သူ့ကို ကာကွယ်နိုင်တဲ့ နေရာတစ်ခုပဲ.... ဒီညတော့ ရှန်ယွိရှန်းကို ဝိညာဉ်တစ်သောင်း အလံအောက်မှာ စောင့်ရှောက်​​​ပေးဖို့ စီစဉ်ထားတယ်.... ဂုဏ်သရေရှိ အမျိုးသမီးက လူတွေ လွှတ်ရဲရင်တောင် ဝိညာဥ်တစ်သောင်းအလံနဲ့ တွေ့မှာမလို့ အနား မကပ်ရဲလောက်တော့ဘူး!"

ဝိညာဥ်တစ်သောင်းအလံက ရှင်းရှန်မြို့ တစ်ခုလုံးကို စောင့်ရှောက်ပေးမည့် အရေးကြီးသော ရတနာတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် ခရိုင်မှူးအသစ်က ရာထူး မတက်လာသေးတာကြောင့် ထျန်းဟွာယိက ကိုင်တွယ်လို့ရသည်။

ထျန်းဟွာယိ: "ချန်ရှီ မင်းလည်း အဲဒီကို သွားချင်လား"

ချန်ရှီ သူ့ခေါင်းကို ခါယမ်းပြီး "ကျွန်​တော့်မှာ နတ်သန္ဓေသား မရှိဘူး အဲဒါကြောင့် အန္တရာယ် မဖြစ်​​​လောက်ဘူး"

ဖုလိန်ရှန်း: "ဟွာယိ... မင်းရဲ့ ဆရာတူညီလေးကို ကာကွယ်ပေးပါ... မင်းအမှားတွေ မလုပ်မိအောင်လည်း နေရမယ်!"

ထျန်းဟွာယိက ပြုံးပြီးပြောသည်။

"ဆရာ... ကျွန်တော် အရင်တုန်းက ဆင်းရဲတဲ့ကလေးပါ ဆရာ့တပည့်တွေနဲ့ လက်တွဲဖို့ ရည်မှန်းမထားခင် ကျေးလက်မှာနေတုန်းက သေဖို့စောင့်နေရတဲ့ ဆင်းရဲသားကလေးတစ်ယောက်ပဲ... လောကကြီးမှာ အမှန်တရားတွေ အများကြီးရှိတယ်ဆိုတာ ဘယ်တုန်းကမှ မသိခဲ့ဘူး ဒီအရာတွေကို သင်ယူပြီး အကောင်းအဆိုး၊ ကရုဏာ၊ ဖြောင့်မတ်မှုကို နောက်ပိုင်းမှာ သိတတ်အောင် ဆရာကပဲ သင်ပေးခဲ့တာ... နတ်ဆိုးတွေကို တိုက်ဖို့ နယ်ခြားစောင့်စခန်းကို သွားခဲ့တယ် သွေးနဲ့ချွေးတွေ ရင်းခဲ့တယ်... အစိုးရရဲ့ စည်းမျဥ်းစည်းကမ်းနဲ့ နှစ်သက်မှုတွေကြောင့် ရာထူးတစ်ခုလည်း ရခဲ့တယ်.... တခြားသူတွေအတွက်တော့ အဲဒီသြဇာကြီးတဲ့ အမျိုးသမီးဆီမှာ ရာထူးတိုးဖို့က အရေးကြီးပေမယ့် ကျွန်​တော့်အတွက်ကတော့ အညစ်အကြေးတွေလိုပဲ...ဆရာ စိတ်ချထားနိုင်ပါတယ်"

ဖုလိန်ရှန်းက တိတ်တဆိတ် ခေါင်းညိတ်ပြပြီး ရှန်ယွိရှန်းရဲ့ ခေါင်းကို ကိုင်လိုက်သည်။

"ယွိရှန်း... မင်းရဲ့ ဆရာတူ အစ်ကိုကြီးနဲ့ ခဏလောက် ပုန်းနေလိုက်ဦး... လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းသွားအောင် ဖြောင့်မတ်မှုကို သုံးရမယ်!"

ရှန်ယွိရှန်းလည်း ထျန်းဟွာယိနောက် တိတ်တဆိတ် လိုက်သွားခဲ့သည်။ ဖုလိန်ရှန်း အသက်ရှုကြပ်သွားပြီး ချန်ရှီကို တစ်ချက်ကြည့်လိုက်သည်။

"မင်းပစ်မှတ် မခံထားရသေးပေမယ့် မင်းအန္တရာယ်ရှိနေတုန်းပဲ... ငါနဲ့ဒီည ကျောင်းတော်မှာ နေရမယ်"

ချန်ရှီလည်း သူ့ကို ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ဆိုလိုက်သည်။ ညတာက အလွန်ရှည်လျားပေမယ့် ချန်ရှီနဲ့ ဖုလိန်ရှန်းတို့ နှစ်ဦးစလုံး အိပ်​တောင် မငိုက်ခဲ့ပေ။

ဖုလိန်ရှန်းက မီးခွက်ကိုဖွင့်ပြီး ညဘက်တွင် စာဖတ်နေသည်။ ချန်ရှီသည် ဘေးနားတွင် ထိုင်ကာ တိတ်တိတ်လေး လုပ်နေ၏။ သန်းခေါင်ကျော် အချိန်တွင် ရုတ်တရက် အေးစက်သော လေများတိုက်ခတ်လာသဖြင့် မီးတောက်က ရုတ်တရက် စိမ်းလန်းသွားပြီး တစ်ပေကျော်အထိ မြင့်လာသည်။

ဟေးကော် ချက်ချင်းထရပ်ပြီး ဟောင်တော့သည်။

မှောင်မိုက်တဲ့ လေထဲမှာ သွေးနံ့တွေက ပြည့်လျှံလျက်။

ချန်ရှီ နိုးလာပြီး မီးတောက်ကို ကာကွယ်ဖို့ သူ့လက်ကို အလျင်အမြန် မြှောက်ကြည့်လိုက်တော့ ပြတင်းပေါက် အပြင်ဘက်မှာ ရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရလေ၏။ ၎င်းက သွေးတွေရွှဲနေတဲ့ ထျန်းဟွာယိပါပဲ။

"ဆရာ... ဒီတပည့်က အရည်အချင်းမရှိလို့ ဆရာတူညီလေးရှန်ကို မကယ်နိုင်ခဲ့ပါဘူး"

ထိုသူက အုံ့မှိုင်းနေသော လေထဲတွင် ရပ်နေကာ ကျယ်လောင်စွာ အော်ဟစ်ရင်း ဒူးထောက်ထိုင်ချလိုက်လေသည်။

"ဆရာ့ရဲ့ ကြင်နာမှုက တောင်ကြီးလိုပါပဲ... ဆရာ့ရဲ့ မျှော်လင့်ချက်ကို ကျွန်တော် ဖျက်စီးမိသွားပြီ... ဆရာ့ကို ကျေးဇူးမဆပ်နိုင်တော့လို့ နောင်ဘဝမှပဲ ဆရာ့ကျေးဇူးကို ပြန်ဆပ်ပါရစေ!"

All Chapters