← Chapters

လူကြီးမင်း တိုက်ခိုက်တာက မရက်စက်ပါဘူး

Vol. 7 Ch. 98

လူကြီးမင်း တိုက်ခိုက်တာက မရက်စက်ပါဘူး

Vol. 7 Ch. 98

ချန်ရှီ လူအုပ်ထဲမှ ညှစ်ထွက်လာပြီး ဦးထုပ်ကို ချွတ်ကာ လမ်းဘေး ပစ်ချလိုက်သည်။ သူ့ကိုယ်ပေါ်ရှိ အဝတ်များက အနည်းငယ်ရှည်သောကြောင့် အပိုင်းတစ်ပိုင်းကို ဆုတ်ဖြဲကာ သူ့လက်ကောက်ဝတ်မှာ ရစ်ပတ်ထားသော ကြိုးများကို သွားများဖြင့် ကိုက်ဖြည်ကာ လက်ဖဝါးတွင် ပြောင်းချည်ထားလိုက်သည်။

အထည်က ပိတ်သားပါပဲ။ အသားက ကြမ်းပေမယ့် ကိုင်ရတာ အရမ်းအဆင်ပြေသည်။

"သွေးတွေ စွန်းသွားရင်တောင် ဓား လက်ထဲကနေ ချော်ထွက်သွားမှာ စိုးရိမ်စရာ မလို​တော့ဘူး..."

ထိုအချိန်တွင် ကောင်းကင်မှ မိုးခြိမ်းသံများ တဝုန်းဝုန်း မြည်လာ၏။ ချန်ရှီ မျှော်ကြည့်လိုက်တော့ တိမ်မည်းများက တရိပ်ရိပ် တိုးဝင်လာပြီး ကြည်လင်သော ကောင်းကင်ကို ဖုံးလွှမ်းသွားတာ တွေ့လိုက်ရသည်။ လေထဲမှာ အစိုဓာတ်ရှိနေပြီ။ မကြာခင် မိုးရွာတော့မည်။

"ဟေးကော်... လူကြီးမင်းဖုကို တွေ့လိုက်လား"

ဟေးကော်က ချက်ချင်း လမ်းပြသည်။ ချန်ရှီ ၎င်းနောက်မှလိုက်ကာ လမ်း​ကြားများတစ်လျှောက် ဖြတ်သွားရာ မကြာမီ ခရိုင်တရားသူကြီး ကျန်းရှစ်ယွင်ရဲ့ အိမ်သို့ ရောက်ရှိသွားခဲ့သည်။

ကျန်းရှစ်ယွင်ဟာ ရှင်းရှန်ခရိုင်တွင် ရန်သူများစွာမရှိသော သြဇာကြီးပြီး ဂုဏ်သိက္ခာရှိသူ ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ကျန်းရှစ်ယွင်ရဲ့အိမ်မှာ ငိုကြွေးသံများဖြင့် ဆူညံနေလေပြီ။ ချန်ရှီ ဝင်သွားတော့ ကျန်းမိသားစုက အစေခံများ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြကာ ကျန်းရှစ်ယွင်ကလည်း ရင်ဘတ်မှာ ဝါးတိုင်စိုက်လျက် နံရံတွင် ချိတ်ဆွံခံထားရတာ တွေ့လိုက်ရသည်။

ကျန်းရှစ်ယွင်ရဲ့ ဇနီး၊ သားသမီး နှင့် ကလေးငယ်များက ဝါးတိုင်ကို ဆွဲထုတ်ရန် ကြိုးစားသော်လည်း သို့မဟုတ် ကျန်းရှစ်ယွင်ကို ဆွဲထုတ်ရန် ကြိုးပမ်းသော်လည်း ဝါးတိုင်ရဲ့ အဆုံးကသာ ကျိုးသွားကာ အသွေးအသားများ ထွက်လာသည်။

"ခရိုင်အစိုးရအရာရှိတွေ အားလုံးကို လွှတ်လိုက်ပြီပေါ့... ခရိုင်အစိုးရရုံးကို ဘယ်သူမှ စောင့်မနေခဲ့ဘူး... တိုက်ပွဲသံတွေ ကြားတာတောင် ဘယ်သူမှ သွားမစစ်ဘူး... ဒီအမိန့်ကို ပေးနိုင်တဲ့သူက ခရိုင်တရားသူကြီး ကျန်းရှစ်ယွင်ပဲ ရှိတယ်... အဲ့တော့ ကျန်းရှစ်ယွင်က အဲဒီ ဂုဏ်သရေရှိ အမျိုးသမီးက ဘယ်သူလဲ သိလောက်တယ်... လူကြီးမင်းဖုက အဲဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ ရောက်လာတာ ဖြစ်မယ်"

ချန်ရှီက လက်တစ်ဖက် ဆန့်ကာ ဝါးတိုင်ကို ကိုင်ထားလိုက်သည်။

"တရားသူကြီးကျန့်... ရှန်ယွိရှန်းရဲ့ နတ်ဘုရားသန္ဓေသားကို ခင်ဗျားဆီက ဝယ်ခဲ့တဲ့ အမျိုးသမီးက ဘယ်သူလဲ"

ကျန်းရှစ်ယွင်မှာ သည်းမခံနိုင်လောက်အောင် နာကျင်နေသည်။ သူ့နဖူးမှာ ချွေးပေါက်ကြီးတွေ ကျနေသော်လည်း အံကြိတ်ကာ နာကျင်မှုကို သည်းခံနေရသည်။

"ဘယ်သူလဲ... ဟုတ်လား.... ကောင်းပြီ မင်းလည်း ဒါပဲလာမေးတာပေါ့ ငါပြောမယ်.... လီမိသားစု!! ဘုရင်ခံလီရဲ့ မိသားစုဝင်တွေပဲ... မင်းငါ့ကို ရန်စရဲတယ်ပေါ့ ဟုတ်လား... မင်းကငါ့ကို ကိုင်တွယ်ဖို့ သတ္တိရှိတယ်ပေါ့"

ချန်ရှီ ဝါးတိုင်ကို ဆွဲထုတ်လိုက်တဲ့အခိုက် ကျန်းရှစ်ယွင် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း နောက်ဆုံးတွင် သူသည် နံရံမှ ပြိုလဲကျသွားလေ၏။ ချန်ရှီ ဝါးတိုင်ကို ကြည့်ပြီး ဖုလိန်ရှန်း ဝမ်ချိုင်ကျောင်းတော်က ချိုးသွားသော ဝါးပဲဆိုတာ မှတ်မိသည်။

အခုအချိန်မှာတော့ ချန်ရှီ မျက်နှာသည် တိမ်မည်းတွေလို မည်းမှောင်နေ၏။

"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ပြည်နယ်ငါးဆယ်မှာ နံပါတ်တစ် ပညာတော်သင် ဖြစ်ခဲ့တဲ့ ကလေးပညာတော်သင် ရှိတယ်... သူ့ရဲ့ နတ်သန္ဓေသားကို ရောင်းစားခဲ့တာ ဘယ်သူလဲ? ဘယ်သူက ဝယ်ခဲ့တာလဲ?"

ကျန်းရှစ်ယွင်: "လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါက ခရိုင်တရားသူကြီး မဟုတ်​​သေးဘူး... သူ့ရဲ့နတ်သန္ဓေသားကို ဘယ်လို ရောင်းရမလဲဆိုတဲ့ အရည်အချင်းတောင် မရှိသေးဘူး ပြီးတော့ နတ်သန္ဓေသားကို ရောင်းစားတဲ့သူတွေ အကုန်လုံး သေကုန်ပြီ... နတ်သန္ဓေသားကို ဝယ်တဲ့သူတွေက သတင်းပေါက်ကြားမှာ ကြောက်ပြီး အားလုံးကို သတ်ပစ်လိုက်တယ်လို့ ကြားတယ်"

"လူကြီးမင်းကျန်းက ဒီနှစ်တွေအတွင်းမှာ နတ်သန္ဓေသား ဘယ်နှစ်ခုများ ရောင်းခဲ့ရသလဲ"

ကျန်းရှစ်ယွင်က သတိထားပြီး "ငါ ဘယ်တော့မှ မရောင်းဖူးပါဘူး... ခရိုင်မှူးလီရဲ့ မိသားစုက ဒီတစ်ကြိမ်မှာ ကိုယ်တိုင်ကိုယ်ကျ လာမမေးမြန်းခဲ့ရင် ငါ ဘယ်လိုလုပ် လုပ်မိမှာလဲ"

ချန်ရှီ ဝါးတိုင်ကို ထမ်းပြီး အပြင်ကို လျှောက်သွားခဲ့သည်။ လမ်းလျှောက်နေရင်း ပျက်စီးနေတဲ့ ဝါးတိုင်ကို ချိုးလိုက်သည်။ ဝါးတိုင်သည် မူလက လူတစ်ဦးလောက် မြင့်သော်လည်း အပိုင်းပိုင်း ခွဲပြီးနောက် အရှည်မှာ သုံးပေကျော်သာ ရှိတော့သည်။

ချန်ရှီ သူတို့အိမ်မှ ထွက်သွားတာ မြင်သောအခါ ကျန်းရှစ်ယွင် တိတ်တဆိတ် သက်ပြင်းချမိသည်။

"မယုံဘူး!"

ချန်ရှီအသံက နံရံအပြင်ဘက်မှ ထွက်ပေါ်လာသည်။

ကျန်းရှစ်ယွင် နံရံအပြင်ဘက်ကို လှမ်းကြည့်ရင်း ထိတ်လန့်သွားသည်။ ချန်ရှီ ဘယ်လက်ဖြင့် ဓားကို လျှို့ဝှက်ထားကာ သူ့ချီစွမ်းအင်ကို ဝါးတိုင်ထဲသို့ ထိုးသွင်းလိုက်သည်။ ဝါးတိုင်ကို ဝေ့ယမ်းလိုက်တာနဲ့ ကြီးမားသော စွမ်းအားသည် နံရံကို ထိုးဖောက်ဝင်ရောက်ကာ ကျန်းရှစ်ယွင်ရဲ့ လည်ချောင်းထဲသို့ ဖောက်ဝင်သွား​လေ၏။

ကျန်းရှစ်ယွင်မှာ လေပြင်း ဟောက်သံနှင့်အတူ ပျံတက်လာပြီး နောက်ပြန် လွင့်သွားသည်။ မြေပြင်ထက် သုံးလေးပေခန့် ပေါက်ကွဲသံကြီးဖြင့် အိမ်ထဲရှိသစ်ပင်ကို ဝင်တိုက်ပစ်သည်။

"ကျစ်ဝူလူသတ်ဓားကို ဒီအတိုင်းလည်း သုံးလို့ရတယ်လား?"

သူ့ခြေလက်တွေ ပြုတ်ကျကာ မလှုပ်တော့ချေ။

ကျန်းမိသားစုထံမှ အော်ဟစ်သံများက အစောကထက်ပင် ပိုဆူညံသွားတော့သည်။

"နတ်သန္ဓေသားကို ယူတဲ့သူတိုင်း သေရမယ်!... လူကြီးမင်းဖုက သူ့လက်တွေကို မညစ်ပတ်စေချင်ဘူး ဆိုမှတော့ ငါက လုပ်ပေးရမှာပေါ့!"

"ချန်ရှီ... မင်းဒီကို ဘာလာလုပ်တာလဲ"

ဟေးကော် ဦးဆောင်သော ချန်ရှီသည် ဖုလိန်ရှန်းကို ဖမ်းမိသွားခဲ့ပါပြီ။ ဖုလိန်ရှန်းက မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်သည်။

"ဒီနေ့ မင်းရဲ့ ပျော်ရွှင်စရာနေ့ပဲ... မင်းက ရှင်းရှန်ခရိုင်ရဲ့ နံပါတ်တစ် ဖြစ်နေပြီ...နတ်ဘုရားက မင်းကို နတ်သန္ဓေသား ပေးတော့မှာ မင်း ကောင်းကင်ကို ပျံတက်သွားမှာ သေချာတယ်... မင်း ကျော်ကြားမှုကို မလိုချင်ဘူးလား"

လမ်းထောင့်က အိမ်အပြင်ဘက်မှာ ထိုးစိုက်နေတဲ့ ဝါးလုံးနှစ်ဆယ် သုံးဆယ်လောက် ရှိလေသည်။

"လူကြီးမင်း တိုက်ခိုက်တာတွေက မရက်စက်သေးဘူး"

ဒါကိုမြင်တော့ ချန်ရှီလည်း သူ ဝါးရှာဖို့လိုနေမှန်းသိပြီး ချက်ချင်းပဲ ရှေ့ကို လှမ်းတက်ကာ သွယ်လျတဲ့ ဝါးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဝါးတွေကို သုံးလေးပေလောက် ဖြတ်ပြီး တစ်ဖက်ကို ချွန်နေအောင် ညှိကာ နောက်ကျောမှာ သယ်ထားလိုက်သည်။

"ခင်ဗျားလို စာပေပညာရှင်က လူသတ်ဖို့သွားမှာကို ကျွန်တော် စိတ်မချဘူး!"

ချန်ရှီကဆိုရင်း သူ့လက်ထဲမှာ တုတ်တံကို ကိုင်ထားပြီး သူ့လက်မှာ ရစ်ပတ်ထားတဲ့ ပိတ်စပေါ်မှာ တင်းတင်း ကိုင်ထားလိုက်သည်။

ဖုလိန်ရှန်းလည်း အလွန်မာကျောသော ဤမိသားစု၏ ဝါးကို သဘောကျသွားသည်။ သူသည် စူးစူးရဲရဲ တောက်လောင်နေသော အငွေ့အသက်များဖြင့် ဝါးပင်ကို ခုတ်ထစ်ကာ လက်ထဲမှာ ကိုင်ထားလိုက်သည်။

"ငါ့မှာ သေချင်စိတ် ရှိပြီးသား ငါအဲ့ကိုရောက်ရင် မင်းကို ဂရုမစိုက်နိုင်တော့ဘူး!"

ဝါးပိုင်ရှင်သည် မျှစ်ရှာရန် ထွက်လာစဥ် သူ့ဝါးတွေက အခုတ်ခံလိုက်ရကာ အပင်တွေအများကြီးကလည်း ပျောက်နေတာ တွေ့လိုက်ရသည်။ တခြား ဝါးတွေကလည်း အပိုင်းပိုင်း အဖြတ်ခံထားရသည်။

သူတို့နှစ်ယောက်က ချင်းချွီမြစ်ကမ်းနား ရောက်လာတဲ့အခါ လှေတစ်စီးကို လှမ်းခေါ်လိုက်သည်။

"လှေသမား ဘုရင်ခံလီရဲ့ မိသားစု ဘယ်မှာနေတယ်ဆိုတာ မင်းသိလား"

လှေပေါ်က အဖေနဲ့သမီးက ချန်ရှီကို မှတ်မိတာကြောင့် ပြုံးပြသည်။

"နင့်ကို ငါမှတ်မိတယ်....နင်က အဲဒီလူဆင်းရဲတွေနဲ့ မတူဘဲ ချမ်းသာသားပဲ... ဘုရင်ခံလီရဲ့ မိသားစုက အရှေ့လမ်းမှာ နေကြတာလေ... ချမ်းသာတဲ့ လင်နမ်က လုပ်ငန်းရှင်တစ်ယောက်ရဲ့ အိမ်မှာ... အိမ်က အကြီးကြီးပဲ... ဘာလို့ မေးတာလဲ"

"သူတို့ဆီကို ထင်းထုပ်လေး ပို့ပေးရမှာလား!"

ချန်ရှီ လှေပေါ်ခုန်တက်ပြီး ငွေတစ်ရွက်ကို ကမ်းပေးလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အဲဒီနေရာကို ခေါ်သွား​ပေးပါ"

လှေသူမလေးက ငွေကို မြင်သောအခါ ပြုံးကာ မျက်ခုံးပင့်လိုက်သည်။

"ကောင်းပြီ ဖေဖေ မြန်မြန်သွားအောင်... ဒီလူနှစ်ယောက်က လက်စားချေဖို့ သွားမှာ... မြန်မြန်ပို့ပြီး မြန်မြန် ပြေးရမယ်!"

ဖုလိန်ရှန်းက လှေပေါ်က ကောင်မလေးကို ကြည့်နေသည်။ သူမကလည်း သတိထားမိတာကြောင့် ရယ်၏။

"ကျွန်မတို့ ဒီမြစ်မှာ ရွက်လွှင့်နေတာ နှစ်အတော်ကြာပြီ... လူပေါင်းစုံ မြင်ဖူးတယ်... ရှင်တို့ခန္ဓာကိုယ်မှာ လူသတ်ငွေ့တွေ ဒီလောက်လျှံထွက်နေတာ လက်စားချေဖို့ လိုက်ရှာနေတာ အသိသာကြီး... ဟေး မင်း လက်စားချေဖို့ သွားမှာ မဟုတ်ဘူးလား... ဒီဝါးတွေကို ထမ်းထားတာက ဘာလုပ်ဖို့လဲ?"

ချန်ရှီ: "ဒီဝါးတွေကို အစွန်းတစ်ဖက်မှာ ချွန်ထားတယ်... ကျစ်ဝူရှဲ့သတ်ဓား ထုတ်ရင် တွန်းထုတ်ရတဲ့ ဓားသွားပုံစံရဲ့ ပထမဆုံး ကိုယ်ဟန်အနေအထားအတွက် သင့်တော်တယ်လေ..."

လှေပေါ်က မိန်းကလေးက ခေါင်းခါပြီး "ဒီလိုမျိုး နောက်ကျောမှာ သယ်ရတာ မသင့်တော်ပါဘူး... ငါ့လှေပေါ်မှာ တောင်းတစ်လုံး ရှိတယ်... တောင်းထဲ ထည့်သွားလေ..."

သူမသည် ပေါ့ပါးသော ဝါးအလုံးနှစ်ဆယ် သို့မဟုတ် သုံးဆယ်ကို ထည့်သွားနိုင်သည့် ငါးဖမ်းခြင်းတောင်းကို ယူပေးလိုက်၏။ ချန်ရှီလည်း ဝါးတွေကိုထည့်ကာ သူ့နောက်ကျောတွင် သယ်ဆောင်ကြည့်လိုက်တော့ အလွန်ပေါ့ပါးသောကြောင့် သူမအား ကျေးဇူးတင်စကား ဆိုလိုက်သည်။

လှေပေါ်က မိန်းကလေးက ရယ်မောပြီး “မင်းတို့နှစ်ယောက်ရဲ့ အလောင်း​တွေ ကောက်ပေးဖို့ လိုသေးလား?"

"မလိုပါဘူး"

ချန်ရှီက ငါးဖမ်းခြင်းတောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ခေါင်းခါပြ၏။

"ငါ လူတွေ အများကြီးကို သတ်မှာ... အလောင်းတွေ လိုက်ကောက်ခိုင်းရင် ဘယ်လောက်ကုန်ကျမလဲ မသိဘူး"

ကောင်းကင်မှာ မိုးခြိမ်းသံရှိပေမယ့် မိုးက မရွာသေးပေ။ လှေသမလေးက ထီးကို သူ့လက်ထဲ ထည့်ပေးရင်း ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် မင်းက လူတွေ အများကြီး သတ်ဖူးတယ် မြန်မြန်ယူလိုက် မိုးရေမစို​စေနဲ့"

.......

လီရှောက်ကျန့်သည် ရှင်းရှန်ခရိုင်၏ ခရိုင်မှူး အသစ်ဖြစ်ပြီး သူသည် ရှင်းရှန်မြို့တွင် တစ်ရက်သာ နေထိုင်ပြီးနောက် ချက်ချင်း တာဝန်ယူခဲ့သည်။ သူဟာ ရှီးကျင်းမှ ခန့်အပ်ထားသော အရေးပါသော အရာရှိတစ်ဦးဖြစ်၏။ ကျောက်မိသားစုက နတ်ဆိုး အသွင်ပြောင်းမှုကြောင့် ဒုက္ခရောက်သွားပြီ။

ဒါပေမဲ့ သူ အလျင်စလို မလုပ်ပေ။ ရှီးကျင်းက ထွက်လာပေမယ့် သူ့မိသားစုက ပြည်နယ်မြို့တော်ကို ဖြည်းညှင်းစွာ ပြန်သွားရင်း ပျော်ပျော်ရွှင်ရွှင် သွားလို့ရသည်။

ဘုရင်ခံလီသည် ဖြောင့်မှန်သော ယောက်ျားဖြစ်ပြီး မိန်းမများတာကို မကြိုက်သူပင်။ ရှမိသားစုကသမီး ဝေးရင်းနှင့် ယန်မိသားစုက သမီးဖြစ်သူ ကျင်းရှူတို့နဲ့သာ အိမ်ထောင်ပြုခဲ့သည်။ ထို့အပြင် ကိုယ်လုပ်တော် သုံးယောက် ရှိပြီး တခြားကတော့ အိမ်အကူများသာ။

အပြင်ခန်းမှာတော့ တစ်ယောက်မှမရှိ။

သူ့ဂုဏ်သိက္ခာကို အရမ်းမြတ်နိုးသည်။

ဤခရီးစဉ်တွင် ဇနီးနှစ်ဦးနှင့် ကိုယ်လုပ်တော် သုံးယောက်သည် ၎င်းတို့၏အစောင့်၊ အမွေဆက်ခံသူများ နှင့် အစေခံများကို ခေါ်ဆောင်ကာ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ရန် ရှင်းရှန်ခရိုင်တွင် ရက်အနည်းငယ်ကြာ ကစားကြဖို့ ဆုံးဖြတ်ထားကြသည်။

သခင်မကြီး ရှဝေးရင်းက ပြုံးပြီးပြော၏။

"သခင်ကြီး မနေ့က ရှင်းရှန်မြို့ကို သွားပြီး တာဝန်တွေ ထမ်းဆောင်ရင်း အလုပ်တွေရှုပ်နေတာ... လောကီရေးရာ ကိစ္စတွေလည်း အများကြီး လုပ်ခဲ့တယ်... အရပ်ရပ်က အရာရှိတွေက သူ့ဆီလာလည်ဖို့ ချိန်းထားတာတွေကလည်း အများကြီးပဲ...သူက ကျောက်ရဲ့ မိသားစုဝင်​တွေကို ထပ်ပြီး သတ်ပစ်ချင်နေတာ...ငါတို့လို မိန်းမတွေက သွေးထွက်သံယိုတွေကို သွားကြည့်နေဖို့ မလိုဘူးလေ... နှစ်ရက်ကုန်သွားရင်တော့ ဖြတ်သင့်တဲ့ ခေါင်းတွေ ဖြတ်ပစ်လိုက်ရတော့မယ်... သခင်ကြီးဘေးမှာ မိန်းမ မရှိတော့ အဲ့လူတွေက မြေခွေးကောင်မလေး​တွေကို အတင်းထိုးပေးနေပြီ!"

ဒုတိယသခင်မ ယန်ကျင်းရှုကလည်း ခေါင်းညိတ်ပြသည်။

"မမပြောတာ မှန်တယ်... ဒီရှင်းရှန်က တခြားနေရာ​တွေလို မဟုတ်ဘူး.... ရှင်းရှန် မှာရှိတဲ့ အရာရှိတွေက ကျောက်မိသားစုက ခွဲထွက်ထားတာတွေ... အခု ကျောက်မိသားစု ပြိုလဲသွားတော့ သခင်မရှိတော့ဘူး.... သခင်​ကြီးကို တွေ့ရင် ဘယ်လိုမျက်နှာ​ပြရမှန်းကို မသိ​ကြတော့ဘူးလေ... ပိုက်ဆံတွေ၊ ရတနာတွေ၊ သော့တွေနဲ့ မိန်းမတွေပဲ ပေးနေရတာ... သခင်ကြီးကတော့ နာမည်ကောင်း ရနေသေးတာပါပဲ"

အမျိုးသမီးနှစ်ဦးက ရယ်မောရင်း လင်နမ်မှ ချမ်းသာသော လုပ်ငန်းရှင်ကို ဖိတ်ခေါ်လိုက်သည်။

"အိမ်တော်သခင်... ဒီရက်ပိုင်း ရှင့်ရဲ့ ဧည့်ဝတ်ပြုမှု အတွက် ကျေးဇူးတင်ပါတယ် ကျွန်မတို့ ဒီနေ့ပဲ ပြည်နယ် မြို့တော်ကို သွား​တော့မယ်... ကျွန်မတို့ ရှင့်ကို မနှောင့်ယှက်ရဲ​တော့ပါဘူး"

လင်နမ်က ချမ်းသာသော စီးပွားရေးသမားက လီရှောက်ကျန့်ရဲ့ သူငယ်ချင်းဟောင်းဖြစ်ပြီး သူ့လုပ်ငန်းမှာ ချွမ်ကျိုးရှိ လီမိသားစုရဲ့ စီးပွားရေးလည်း ဖြစ်​လေသည်။

"သခင်မတို့ နှစ်ယောက် ဘယ်နှစ်ရက် ထပ်နေချင်လဲ... နေချင်သလောက် ဧည့်ဝတ်ကျေပါ့မယ်"

ရှဝေးရင်းက သူမလက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။

"ကျွန်မတို့ ရှင့်အိမ်မှာ နေပေမယ့် ရှင့်အိမ်ကလူတိုင်းက အဆင်မပြေကြဘူးလေ... စကား ကျယ်ကျယ် မပြောရဲကြဘူး... စိတ်အနှောက်အယှက် ပေးမိနေပြီပဲကို.."

လင်နမ်ရဲ့ ချမ်းသာသော စီးပွားရေးသမားကလည်း မနာခံဘဲ မနေဝံ့ပေ။ သူက ငွေဒင်္ဂါးများနှင့် ဘဏ္ဍာတချို့ကို ပြင်ဆင်​ပေးရန် လူတစ်ယောက်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။

"သခင်မတို့နှစ်ယောက်နဲ့ သခင်ကြီးအတွက် ဒီအရာတွေက သေးငယ်ပေမယ့် ကျွန်တော့်ရဲ့ စိတ်ရင်းမို့ လက်ခံပေးစေချင်ပါတယ်"

အမျိုးသမီးနှစ်ယောက်က ဒါကို အလေးအနက်မထားပေ။

“ထားပါတော့...ရှင့်ရဲ့ ဧည့်ဝတ်ပြုမှု ဆိုတော့လည်း လက်ခံလိုက်ပါ့မယ်”

ပြောပြီး လက်ဆောင်ကို လက်ခံဖို့ သူ့လူတွေကို အမိန့်ပေးလိုက်သည်။

ဒုတိယသခင်မ ယန်ကျင်းရှုက အစေခံနဲ့ အစောင့်များကို အိတ်များထုပ်ပိုးပြီး ခရီးဆက်ထွက်ရန် ပြင်ဆင်ခိုင်းနေချိန် သခင်လေး လီထျန်းရှို့က အလွန်တက်ကြွစွာ​ဖြင့် ပြေးဝင်လာလေ၏။

ယန်ကျင်းရှု: "ငါ့သားက ဘာလို့ဒီလောက် ပျော်နေတာလဲ?"

"အမေ....ကုတစောင်နဲ့ လူကြီးမင်းကျန်းက ကျွန်တော့်ကို နတ်သန္ဓေသားအသစ် ပေးတယ်... အားထုတ်မှု တစ်ဝက်လောက်နဲ့ ရလဒ်ကို နှစ်ဆရအောင် လေ့ကျင့်နိုင်တယ်တဲ့... ကျွန်တော့်ခေါင်းကို နောက်ကျောကနေ သွင်းထားတာဆိုတော့ နည်းနည်း နာနေသေးတယ်"

သခင်မ နှစ်ယောက်လည်း အံ့သြသွားကြသည်။

လီထျန်းရှို့က ယန်ကျင်းရှု၏ သားအငယ်ဆုံးဖြစ်သည်။ လေ့ကျင်ရမှာ ပျင်းသူပင်။ ငယ်စဉ်ကတည်းက အလွန်ဥာဏ်ပညာ ရှိသော်လည်း စာကျက်ရတာကို မကြိုက်ပေ။

လီမိသားစုမှ တစ်စုံတစ်ဦးသည် မူလက တစ်ဖက်အိမ်က ကိုယ်လုပ်တော်တစ်ယောက်မှာ လီထျန်းချင်က အမည်ရှိ သားတစ်ဦး ရှိကြောင်း၊ နတ်ဘုရားက မျက်နှာသာပေးကာ ပထမတန်းအဆင့် ခရမ်းရောင် နတ်သန္ဓေသားကို ပေးအပ်ထားသောကြောင့် သခင်လေးအတွက် ပိုကောင်းကြောင်း အကြံပေးခဲ့ဖူးသည်။

နောက်ပိုင်းတွင် လုပ်ကြံဖို့ လွဲချော်သွားခဲ့သည်။

ဒီတစ်ခါ ရှင်းရှန်မြို့ကို ရောက်တဲ့အခါ တစ်ယောက်ယောက်က စာပေစမ်းသပ်မှုမှာ နတ်သန္ဓေသားကို အမှန်တကယ် လက်ခံရရှိခဲ့ပြန်သည်။ ၎င်းက တကယ့်ကို မရေမတွက်နိုင်တဲ့ လူတွေ မက်မောခဲ့ရတဲ့ ပထမတန်းအဆင့် ဝမ်ချန်နတ်သန္ဓေသားလေးပဲ ဖြစ်နေပြန်သည်။

ထိုအချိန်တွင် ယန်ကျင်းရှုနဲ့ ရှဝေးရင်းတို့ စကားစမြည် ပြောဆိုနေခဲ့ကြ၏။

"ထျန်းရှို့သာ နတ်ဘုရားဆီကနေ ပထမတန်းစား နတ်သန္ဓေသားကို ရနိုင်ခဲ့ရင် ကျွန်မ ကျေနပ်ပါပြီ"

"အမျိုးသမီးကုက သူ့ဘာသာသူ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်!"

ယန်ကျင်းရှု အနည်းငယ် စိတ်ဆိုးသွားပြီး ကုတစောင်ကို ချက်ချင်း ဆင့်ခေါ်ဖို့ အမိန့်ပေးခဲ့သည်။ ခဏကြာတော့ တုတစောင် ရောက်လာသည်။

ထိုအမျိုးသမီးသည် အသက်လေးဆယ်ခန့် ရှိ​နေပြီ။ သူမသည် မူလက လီမိသားစု၏ နို့ထိန်းမေမေ ဖြစ်၏။ ထိုအမျိုးသမီးက ဉာဏ်ကောင်းလွန်းတာကြောင့် သခင်မနှစ်ယောက်က သူမအား အတွင်းပိုင်းအစိုးရ၏ ဘဏ္ဍာစိုးအဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။

တုတစောင်ဟာ အမှန်တကယ်ပင် ထက်မြက်ပြီး အရည်အချင်းရှိသည်။ အရာရာကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သောကြောင့် ဇနီးနှစ်ဦး၏ ပူပန်မှုကို များစွာ သက်သာစေခဲ့သည်။

ယန်ကျင်းရှုက အမျိုးသမီးကုကို ခေတ္တရပ်ခိုင်းထားပြီးနောက် ဆို၏။

"နင်က ဒီကိစ္စကို လုပ်လိုက်ပြီဆိုတော့ ငါတို့လည်းဘာမှ မလုပ်နိုင်​တော့ဘူး"

ရှဝေးရင်း: "သူ့ရဲ့ နတ်သန္ဓေသားလေးကို တူးဖော်ပြီး ကောင်းကောင်း မြှုပ်နှံထားလား"

အမျိုးသမီးကုက ပြုံးပြီးပြောသည်။

"သခင်မ စိတ်ချပါ ရက်ရက်ရောရော သင်္ဂြိုဟ်သွားမှာ သေချာပါတယ်.... ကျွန်မတို့က သူ့ကို မလုယက်ခဲ့ပါဘူး သူ့ကိုဝယ်ဖို့ ပိုက်ဆံအများကြီး ပေးခဲ့ပါတယ်... ကလေးရဲ့ မိသားစုက ကျေးလက်ကပါ သူက တစ်ဦးတည်းသောသား မဟုတ်ဘူး တစ်ယောက် ပျောက်သွားရင်လည်း ကိစ္စမရှိဘူးလေ...ကျွန်မတို့ဘက်က ပိုက်ဆံအလုံအလောက် ပေးခဲ့ပါတယ်"

ရှဝေးရင်းက ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြီး ပြော၏။

"ဒါက လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တကို ထိခိုက်စေတဲ့ ကိစ္စတစ်ခုပဲ... ဒီအကြောင်းတွေ ပြန့်နှံ့သွားရင်တော့ လီမိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်...ငါ ငါ့ရဲ့ ဂုဏ်သိက္ခာကို မြတ်နိုးတယ်"

ကုတစောင်: "ကျွန်မ ဂရုစိုက်ထားပါ့မယ်။ ဒီကိစ္စကို ခရိုင်တရားသူကြီးနဲ့ အစိုးရဝန်ထမ်း နည်းနည်းပဲ သိကြတာ.... ရထားလုံးကို ပြင်ဆင်ပြီး ပစ္စည်းတွေလည်း ထုပ်ပိုးပြီးပြီ စောစောထွက်ရင် ပိုကောင်းပါတယ်"

ရှဝေးရင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး ကောင်မလေးတွေနဲ့ အပြင်ထွက်သွားခဲ့သည်။

ယန်ကျင်းရှုက ပြုံးပြီး မေးလိုက်သည်။

"ထျန်းရှို့... နတ်သန္ဓေသားအသစ်ကို ရတော့ ဘယ်လိုခံစားရလဲ "

လီထျန်းရှို့ကလည်း အလွန်စိတ်လှုပ်ရှားနေသည်။

"မေမေ ကျွန်တော် အဆတစ်ရာလောက် ပိုတက်ကြွနေတယ်လို့ ခံစားရတယ်... ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကလည်း အဆမရေမတွက်နိုင်အောင် မြန်​နေတယ် သိလား!"

ယန်ကျင်းရှုက တင်းမာစွာ ကြည့်ပြီး "မင်းမှာ နတ်သန္ဓေသား ကောင်းကောင်း ရှိနေပြီ.. စာကျက်သင့်ပြီး မတွန့်ဆုတ်နဲ့... မင်း အဲဒီအိမ်ဖော်တွေနဲ့ ဆက်ပြီး ရှုပ်နေရင် မင်းခြေထောက်တွေကို ငါချိုးမယ်!"

လီထျန်းရှို့က အရပ်ရှည်ရှည် မြင်းတစ်ကောင်ကို မြင်တော့ စိတ်လှုပ်ရှားစွာနဲ့ ပြေးထွက်သွားသည်။

"မေမေ.... သား မြင်းသွားစီးတော့မယ်!"

ယန်ကျင်းရှုလည်း သူ့ကို လွှတ်ထားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ အားလုံးက အိမ်အပြင်ဘက် ထွက်လာပြီး ရထားလုံးပေါ်ကို တက်သွား၏။ လီထျန်းရှို့က မြင်းတစ်ကောင်နဲ့အတူ မြို့အပြင်ဘက်သို့ ပြေးထွက်သွားသည်။

"မေမေ မြို့ပြင်မှာ စောင့်နေမယ်!"

ယန်ကျင်းရှု: "လူကြီးမင်းကျန်း... ရှင့်ရဲ့လူတွေကို ခေါ်ပြီး ထျန်းရှို့နောက်ကို လိုက်သွား!"

အသက်ငါးဆယ်နီးပါး ရှိသော ပညာရှင်တစ်ဦးက ဦးညွှတ်ပြီး သူ့မြင်းပေါ်တက်ခါနီးတွင် ရုတ်တရတ် ရွှီးခနဲ အသံနဲ့အတူ အလင်းတန်းတစ်ခုက လီထျန်းရှို့ရဲ့ ခေါင်းကို ထုတ်ချင်းပေါက် ဖြတ်သွားကာ သွေးစွန်းနေသော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့​လေသည်။

All Chapters