အဆောင်လက်ဖွဲ့ဖြင့် ကောင်းကင်မှ မိုးခြိမ်းသံကို ဆွဲဆောင်ခြင်း
Vol. 7 Ch. 99
အစိမ်းရောင် အလင်းတန်းက လီထျန်းရှို့ဦးခေါင်းကို ထိုးဖောက် ဝင်ရောက်ပြီးတာတောင် မရပ်သွားဘဲ ပေဒါဇင်များစွာသော အရှေ့သို့ ပျံသန်းသွားကာ ပေါက်ကွဲသံကြီးဖြင့် အဖြူရောင်နံရံ တစ်ခုထဲသို့ စိုက်ဝင်သွားသည်။ ကြည့်လိုက်တော့ ၎င်းက အစိမ်းရောင် ဝါးတစ်ချောင်းသာ ဖြစ်လေ၏။
ဝါးစိမ်းသည် နံရံအတွင်းသို့ တစ်ပေခန့်နက်သော အပေါက်ကြီး ဖောက်ပစ်ခဲ့သည်။ နံရံတွင် အဖြူရောင်သွေးပန်းများ စွန်းထင်းနေသည်။ အဖြူရောင် နံရံပေါ် အနီရောင် ဇီးသီးပွင့်များ ပွင့်နေသလို အနီရောင်တောက်တောက် အရောင်ဆိုးပစ်ကာ ၎င်းတို့အား ကွဲပြားသော အနုပညာတစ်ခုကို ပြသလိုက်သည်။
ဝါးက လူ့ဦးနှောက်ထဲမှတဆင့် ဖြတ်သန်းသွားခဲ့ကြောင်း သဲလွန်စပင် ရှာမရချေ။
ထိုအဖြစ်အပျက် အလှည့်အပြောင်းကို တုံ့ပြန်မိသောအခါ ဝါးစိမ်းက လီထျန်းရှို့ခေါင်းကို ထိုးဖောက်ပြီးပြီ။ ဒါ့အပြင် လီထျန်းရှို့ကို ကယ်တင်ရန် နည်းလမ်း မရှိတော့ပေ။
လီမိသားစုက အင်အားကြီးသည်။ အထူးသဖြင့် အစောင့်အကြပ်များက ထက်မြက်၏။ အရည်အချင်းရှိသော ပညာတော်သင်များထဲက ရွေးချယ်ထားသော သခင်များစွာ ရှိပြီး ၎င်းတို့ထဲမှ အများစုမှာ နယ်ခြားစောင့်တပ်မှ ဆင်းသက်လာကာ အလောင်းများနှင့် သွေးပင်လယ်များကြားမှ ထွက်လာသူများ ဖြစ်သည်။ ၎င်းတို့အထဲတွင် အခြေတည်ဝိညာဥ်နယ်ပယ် ကျင့်ကြံထားသည့် သန်မာသော အမျိုးသားများပင် ရှိသည်။
သို့သော် ဒီလောက်များသော သခင်များကြားကနေ ဖြတ်ဝင်လာသော ဝါးစိမ်းကို ပိတ်ဆို့ရန် အချိန်မရှိခဲ့ပေ။ ဝါးစိမ်းရဲ့ အရှိန်သည် အလွန်မြန်လွန်းပြီး အသံကို ကြားလိုက်သောအခါ လီထျန်းရှု့ခေါင်းကို ထိုးဖောက်ဝသွားပြီ။
"သခင်မကို ကာကွယ်ကြ!"
အမျိုးသမီးကု အမိန့်ပေးတာနဲ့ လူအုပ်ကြီးက ချက်ချင်း တုန်လှုပ်သွားသည်။ ဒါဇင်နဲ့ချီတဲ့ လူတွေက လီမိသားစုဝင်တွေရဲ့ ရထားလုံးတွေအနား ဝန်းရံလိုက်သည်။ အဆောင်လက်ဖွဲ့ တစ်ခု ပေါက်ကွဲသွားကာ ရွှေရောင် တောက်လောင်နေတဲ့ ရွှေခေါင်းလောင်းကြီး ကောင်းကင်မှ ဆင်းသက်ကာ ရထားလုံးပေါ်မှ လူများ မနာကျင်အောင် ကာကွယ်ပေးလိုက်သည်။
"ဘန်း--"
ခေါင်းလောင်းသံများက ငြိမ့်ညောင်းစွာ မြည်နေသည်။
ပါးကွာ့အစီအရင် အဆောင်တစ်ခုလည်း ပေါ်လာ၏။ နတ်အလင်းသည် ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး၊ ရေ၊ မီးတောင်နှင့် ရေကန် ရှစ်ခုကို ဖန်ဆင်းကာ ရထားလုံးတစ်စီးကို ဖြည်းဖြည်းချင်း လှည့်ပတ်ကာ ကာကွယ်ထားလိုက်သည်။
မြေပုံမြစ်အသက်စောင့် အဆောင်လက်ဖွဲ့၊ အသက်ဆန့်အဆောင်လက်ဖွဲ့ စတဲ့ အဆောင်လက်ဖွဲ့များလည်း အသက်ဝင်လာကာ ရထားလုံးတွေကို ဝန်းရံထား၏။
တစ်ချိန်တည်းမှာပင် လီမိသားစုက အစောင့်တွေဟာ အရပ်ရပ်မှ ခုန်တက်ကာ အဆောက်အဦများ၏ တံစက်မြိတ်များပေါ်၌ နေရာယူလိုက်သည်။ ၎င်းတို့က အမြင့်များကို သိမ်းပိုက်ထားရန် ကြိုးစားနေကြခြင်းပင်။ ကုန်းမြင့်ပေါ်မှာ ရပ်နေသရွေ့ ရန်သူ ဘယ်ကလာလဲ ဆိုတာ သိနိုင်ပါသည်။
သို့သော် သူတို့ ခုန်တက်လိုက်သောအခါတွင် ပြင်းထန်သော အသံတစ်ခုက လေထဲ၌ ထွက်ပေါ်လာသည်။
ရွှိ!
လီမိသားစုမှ အစောင့်သည် ရုတ်တရက် ရင်ဘတ်ထဲက တုန်လှုပ်သွားသလို ခံစားလိုက်ရကာ တစ်ဖက်သို့ လွင့်သွား၏။
နောက်တစ်ယောက်က လေထဲမှာ ရှိနေတုန်းမို့ နောက်သို့ ပြန်ကြည့်သောအခါ အနောက်ကလူဟာ ရင်ဘတ် ပေါက်ကွဲသွားကာ သွေးပန်းပွင့်များ ပြန့်သွားသည်။ အလောင်းက ရေကန်ထဲသို့ ပက်လက်လန်လျက်သား ကျသွား၏။ တစ်ချိန်တည်းတွင်ပင် အစိမ်းရောင် ဝါးပင်ကြီး လေထဲသို့ ပစ်လွှတ်လိုက်တာ မြင်လိုက်ရသည်။
"ဒါက မှော်လက်နက်လား? အရမ်းမြန်လွန်းတယ်!"
ဒါကို တွေးပြီးတာနဲ့ သူ့ခွန်အားတွေ ရုတ်တရက် ပျောက်ကွယ်သွားလေပြီ။ ထိုဝါးစိမ်းက နှလုံးသားကို ထိုးဖောက်ပြီး သူ့အသက်ကို သိမ်းပိုက်သွားခဲ့သည်။
ရွှိ!
ဝါးစိမ်းများသည် အသက်အန္တရာယ်ရှိသည့် မှော်လက်နက်များလို ပြေးလာမေ၏။ ယခုတစ်ကြိမ် ခုန်တက်ရန် ကြိုးစားသော လီမိသားစုမှ အစောင့် ခုနစ်ဦးရှိသော်လည်း ၎င်းတို့ထဲမှ ခြောက်ဦးက ရွှေခေါင်းလောင်း အဆောင်လက်ဖွဲ့ကို သုံးချိန်မရလိုက်။ နောက်ဆုံး တစ်ယောက်က အချိန်မီ သုံးနိုင်သော်လည်း ဝါးစိမ်းများကမူ သူ့ကိုဦးစွာ တိုက်ခိုက်သွားခဲ့ပြီ။
အတားအဆီးကြောင့် ဝါးချောင်းက ပေါက်ကွဲသွားပြီး သူ့နံဘေးက လူရဲ့ရင်ဘတ်ထဲသို့ ထိုးသွင်းကာ နှလုံးနှင့် အဆုတ်များကို ဖောက်သွားခဲ့သည်။ ထိုလူသည် ထိတ်လန့်သွားသော်လည်း အသက်ရှုကြပ်သွားပြီ။ သူ မတုံ့ပြန်နိုင်တဲ့ အချိန်မှာပဲ ပြုတ်ကျကာ အလောင်းတစ်လောင်း ဖြစ်နေပြီဖြစ်သည်။
သတ္တမမြောက်လူသည် လေထဲက ဝါးစိမ်းကြောင့် မသေသွားသော်လည်း သူခုန်ချသည့်အခိုက်တွင် ခုနစ်ပေရှည်သော ဝါးဖြင့် ထိုးသွင်းခံခဲ့ရသည်။ ဝါးစိမ်းမှ စွမ်းအားသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်စဉ်တွင် အလွန်အားကောင်းသော ပရမ်းပတာယွမ်စွမ်းအင်ကို ထုတ်လွှတ်နေခဲ့သည်။
ပရမ်းပတာယွမ်စွမ်းအင် ဆိုတာဟာ သေနတ်ကြီးတစ်လတ်ကို တင်စားခေါ်ဝေါ်ခြင်းပင်။ သေနတ်ကြီးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ တစ်ကိုယ်လုံးရဲ့ စွမ်းအားကို ထည့်သွင်းလိုက်မှသာ သေနတ်ကိုယ်ထည်မှ စွမ်းအားအားလုံးကို သေနတ်ထိပ်သို့ ပို့လွှတ်နိုင်လေသည်။
ရွှေအမြုတေ ဖွဲ့ထားရင်တောင် အဲဒီလို လက်နက်ကြီးနဲ့ တွေ့ရင်တော့ မပျက်စီးနိုင်သော ရွှေခန္ဓာကိုယ်ကိုပင် အပိုင်းပိုင်း တုန်လှုပ်သွားလိမ့်မည်။
လီမိသားစုက အစောင့်များသည် ထိန်းထိန်းသိမ်းသိမ်းဖြင့် ရွှေအမြုတေကို ကျင့်ကြံထားသော်လည်း ဝါးတိုင်လေး လှုပ်ခါသွားရုံဖြင့် သူတို့ခန္ဓာကိုယ်ထဲရှိ အရိုးပေါင်း ၂၀၆ ချောင်းလုံးမှာ ရွှံ့နွံများလို လွင့်ထွက်သွားခဲ့သည်။
အချိန်နှောင်းသွားသော်လည်း မကြာမီတွင် လီမိသားစု၏ အစောင့် အများအပြားသည် သစ်ပင်ထိပ်ဖျားပေါ်သို့ ခုန်တက်ကြပြီး အချို့လူများက ခြံဝင်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကာ ရန်သူကို ကာကွယ်ရန် ရွှေအမြုတေများကို ထုတ်လိုက်၏။
တခြားလူများကလည်း နတ်ကွန်းကို ပင့်ဆောင်ကာ အဆောင်လက်ဖွဲ့ လှုံ့ဆော်မှု၊ ဓားစွမ်းအင် သို့မဟုတ် လဘီးများကို လှည့်ပတ်၍ အသင့်ပြင်ထားခဲ့ကြသည်။ အစောင့်အချို့သည် နတ်သန္ဓေသားနယ်ပယ်မှာသာ ရှိသော်လည်း ၎င်းတို့သည် ၎င်းတို့၏ နောက်ကျောမှ သေနတ်များကို ယမ်းမှုန့်များ အတင်းဖြည့်ကာ အချိန်မရွေးပစ်ခတ်ရန် အသင့်ပြင်ထားသည်။
ရှင်းရှန်ရှိ ကျောက်မိသားစုထက် ချွမ်ကျိုးရှိ လီမိသားစုဟာ လေးနက်သော အမွေအနှစ်နှင့် ရှည်လျားသော သမိုင်းကြောင်းရှိသည်။ ပထမအချက် ၎င်းတို့တွင် တင်းကျပ်သော မိသားစုပညာရေး၊ ဒုတိယ သခင်များစွာရှိပြီး တတိယအချက် နောက်လိုက်များစွာ ရှိသည်။
ကျူးကျော်သူများသည် အလွန်ရန်လိုပြီး လူ ရှစ်ဦးဆက်တိုက် သေဆုံးခဲ့သော်လည်း ခရိုင်မှူး၏ ဇနီးများဖြစ်သည့် ရှဝေးရင်းနဲ့ ယန်ကျင်းရှုတို့က ယခုတစ်ကြိမ်တွင် ထိခိုက်ဒဏ်ရာရခြင်း မရှိသေးချေ။
လူတိုင်းသည် ဝါးစိမ်းများ ပြေးလာရာဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ အစိမ်းရောင်အဝတ်အစားဝတ် အဖိုးအိုတစ်ဦးသည် အရှည်ခုနစ်ပေရှိ ဝါးတစ်ပင်ကို ကိုင်ဆောင်ကာ ဤဘက်သို့ လျှောက်လာနေတာ တွေ့လိုက်ရသည်။
အစိမ်းရောင်ဝတ် အဖိုးအို၏အဝတ်အစားများသည် အရောင်ဖျော့ဖျော့ မဟုတ်သော်လည်း ဖာထေးထားခြင်း မရှိဘဲ အလွန်လက်ရာမြောက်သည်။ တိုက်ပွဲမှာ အဆင်ပြေချောမွေ့စေရန်အတွက် သူ့ခန္ဓာကိုယ်ပေါ်တွင် ကျောက်စိမ်းဆွဲသီးများ သို့မဟုတ် အခြားအလှဆင်ပစ္စည်းများ မပါရှိပေ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်လို့ရသည့် ဖိနပ်တစ်ရံကိုသာ ၀တ်ထားသည်။
သူ့နောက်တွင်တော့ စာပေ ပညာရှင်အသစ် တစ်ယောက်လို အစိမ်းရောင်ဝတ် လူငယ်တစ်ဦး ပါလာသည်။ ဝတ်ထားသည်မှာ အသစ်စက်စက် ဖြစ်သော်လည်း အနက်ရောင် ဦးထုပ်လေးကို မဆောင်းထားပေ။ အင်္ကျီလက်ရှည်ကို လိပ်တင်ထားပြီး ခါးပတ်ပတ်ထားသည်။ ဝတ်ရုံရှည်က မရှိတော့ဘဲ အဖြူရောင် ဘောင်းဘီရှည် တစ်စုံကိုသာ ထုတ်ပြထားသည်။
လူငယ်လေးသည် ငါးဖမ်းတောင်းထဲတွင် ဝါးစိမ်းများကို ထည့်ကာ သယ်လာ၏။ ဝါးစိမ်းရဲ့ ထိပ်ချွန်တစ်ဖက်က ကောင်းကင် အထက်သို့ ညွှန်ပြနေသည်။ ငါးဖမ်းခြင်းတောင်းထဲကို ဇောက်ထိုး ထိုးထည့်ထားတဲ့ အဝါရောင်ဆီစက္ကူထီးလည်း ပါလာသေးသည်။
ထိုလူငယ်၏နောက်တွင် ခွေးနက်တစ်ကောင်က လိုက်လာသည်။ ခွေးက အမွေးအမှင်မရှိသော အနက်ရောင်ခွေးဖြစ်ကာ ၎င်းရဲ့ ခြေလှမ်းများက အလျင်စလို လျှောက်နေတာ မဟုတ်ပေမယ့် အလွန်မြန်နေတာက အံ့အားသင့်စရာပင်။
လူငယ်လေး: "လူကြီးမင်းဖု....ကျွန်တော် လူခုနစ်ယောက်ကို သတ်ပြီးပြီ.... ခင်ဗျားက တစ်ယောက်ထဲပဲ သတ်ရသေးတယ်....ခင်ဗျားက ဆရာလုပ်ပြီး ကွန်ဖြူးရှပ်ရဲ့ ဆိုရိုးစကား အနှစ်သာရကို နားမလည်ဘူး ထင်တယ်”
အစိမ်းရောင်ဝတ် အဘိုးအိုက နှာချေပြီး ဘာမှ မပြောချေ။ လူနှစ်ယောက်နဲ့ ခွေးတစ်ကောင်သည် ပတ်ပတ်လည်တွင် တစ်ယောက်မျှ မရှိသကဲ့သို့ လီမိသားစုဘက်သို့ လမ်းလျှောက်လာခဲ့သည်။
သူ့ဘယ်ဘက်လက်နဲ့ ညာလက် နှစ်ဖက်စလုံးတွင် ဓားသိုင်းကို ပြင်ထားသော်လည်း လက်ညိုးနှင့် လက်ခလယ်ကြားတွင် အဝါရောင် စာရွက်တစ်ရွက် ရှိသည်။
"ရောဂါ----"
လူငယ်က ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်တာနဲ့ လက်ထဲက အဝါရောင် အဆောင်လက်ဖွဲ့င မီးလောင်သွားကာ မီးတောက်များ ကောင်းကင်သို့ ပျံတက်သွားသည်။
ဤလူနှစ်ယောက်ကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"စာပေပညာရှင် နှစ်ယောက်လား?"
၎င်းတို့နှစ်ဦးက စာပေပညာရှင်များသာ ဖြစ်သည်။ အထူးသဖြင့် အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာရှိသေးသော လူငယ်လေးပင်။ ထိုကလေးက လီထျန်းရှို့ထက် နှစ်အနည်းငယ်သာ ငယ်ရွယ်ပြီး ကလေးဆန်သောပုံပေါက်၏။ အဝတ်အစားများကို ကြည့်ကာ ကွန်ဖြူးရှပ်ဘုံကျောင်းက စာပေ ပညာရှင်အသစ် တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် သူက အခုနတုန်းက ဝါးစိမ်းကို ပစ်လွှတ်လိုက်သူလား။
ဘာလို့ ဒီလောက်ကြီး ရက်စက်ရတာလဲ။
လူကြီးမင်းကျန်းက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး အသံနက်ကြီးနဲ့ ပြောပါ၏။
"ဒါက လူကြီးမင်း ဖုလိန်ရှန်းများလား?"
ဖုလိန်ရှန်းသည် သူ့လက်ထဲတွင် ဝါးတစ်ချောင်းကို ကိုင်ကာ ခွန်အားအပြည့်ဖြင့် ရှေ့သို့ ပြေးထွက်သွားလေသည်။
"ငါပဲ!"
သူပြောပြီးသည်နှင့် တပြိုင်နက် လီထျန်းရှို့ရဲ့ ခန္ဓာကိုယ် ပြုတ်ကျသံတစ်ချက် ထွက်ပေါ်လာပြီး ပိုင်ရှင်မရှိတော့တဲ့ အတားအဆီးမဲ့ မြင်းသည် ခွာကိုမြှောက်ကာ လမ်းပေါ်တွင် ရိုင်းစိုင်းစွာ ပတ်ပြေးနေတော့၏။ ထိုစဥ် ကောင်းကင်အထက်တွင် မိုးခြိမ်းသံများ တဝုန်းဝုန်း မြည်လာကာ အလွန် ထူထပ်သော တိမ်တိုက်များကြားမှ လျှပ်စီးကြောင်းများ လင်းလက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြီးမားသော အင်အားကြီးတစ်ခုက တိမ်မည်းများကို ဖြိုခွဲကာ ကောင်းကင်မှ ဖြာကျလာသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုအရာများသည် ကွန်ဖြူးရှပ်ဘုံကျောင်းမှ ကောင်းကင်ပြင်နတ်ဘုရားအား ပူဇော်သက္ကာပြုကာ ကန်တော့နေသော အခမ်းအနားဆီကပဲ ဖြစ်လေသည်။
အလင်းရောင်တွေက နတ်သန္ဓေသားတွေ ဆင်းသက်လာတော့မယ့် အရိပ်အယောင်ပင်။
နီဝမ်နန်းတော်သည် ကျင့်ကြံသူတစ်ယောက်ရဲ့ နတ်ဝိညာဥ် နေထိုင်ရာ နေရာဖြစ်သည်။ ကျင့်ကြံသူက လေ့ကျင့်သောအခါ နတ်ကွန်းက ဦးခေါင်းအနောက်ဘက်တွင် ပေါ်နေမည်။ နတ်သန္ဓေသားလေးအား နတ်ကွန်းထဲ၌ ထိုင်စေပြီး ကျင့်ကြံသူအား ချီစွမ်းအင်ကို ထိန်းညှိပေးကာ ယင်နှင့်ယန်ကို ထိန်းညှိပေးသည့် နေရာလည်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်က မှောင်နေသောကြောင့် အလင်းတန်းများက အရောင်အသွေးအမျိုးမျိုးဖြင့် တောက်ပနေရာ အလွန်ဖမ်းစားနိုင်သော အရာဖြစ်သည်။
ရှင်းရှန်ခရိုင်သာမက ခရိုင်၆၀ အပြင် အနောက်နွားရှင်းကျိုးရှိ တခြားပြည်နယ် ၄၉ခုနဲ့ မြို့တိုင်းတွင် မိုးရွာခြင်း၊ တိမ်မည်းများ သို့မဟုတ် မုန်တိုင်းများ ကောင်းကင်မှ ကျရောက်လာခြင်းအတွက် တားဆီးနိုင်စွမ်း ရှိသည်။
လက်ရှိဖြစ်စဉ်ကိုတော့ နတ်ဘုရား ဆင်းသက်ခြင်းဟုခေါ်သည်။ သုံးနှစ်တစ်ကြိမ်သာ ဖြစ်ပေါ်တာကြောင့် မရေမတွက်နိုင်သော လူများက ကြီးကျယ်ခမ်းနားလှသော မြင်ကွင်းအား မျှော်ကြည့်နေကြသည်။
ရှင်းရှန်ခရိုင်ရှိ ကွန်ဖြူးရှပ်ဘုံကျောင်းအနီးတွင် လူများက ချက်ချင်းဆိုသလို တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကန်တော့ကုန်သည်။ တချို့သောသူများက ဂုဏ်သိက္ခာရှိစေရန် ကြိုးပမ်းကြပြီး ၎င်းတို့၏ ကလေးများလည်း စာမေးပွဲတွင် အမှတ်ကောင်းကောင်းရမည်ဟု မျှော်လင့်နေကြသည်။
သို့သော် လင်နမ်ရှိ သူဌေးကြီး၏ အိမ်အပြင်ဘက်တွင်တော့ ဖုလိန်ရှန်း ပြေးထွက်သွားသောအခါတွင် လူလေးယောက်သည် ဘယ်၊ ညာ၊ ရှေ့၊ နောက် ဝန်းရံလိုက်ကာ အရပ် လေးမျက်နှာမှ ဓားစွမ်းအင် လွှဲခုတ်လာသည်။ တစ်ဦးစီသည် အစွမ်းထက်သော ရွှေအမြုတေများကို ထုတ်ထားကြ၏။
စွမ်းအင်များက တစ်ခုနှင့်တစ်ခု ဝိုင်းရံထားပြီး ရှေ့၊ နောက်၊ အထက်၊ အောက်၊ ဘယ်ညာဖြင့် အချင်းသုံးပေရှိသော ရွှေအမြုတေကို အကာအကွယ် ပေးထားသည်။
ထို့ပြင် လူလေးယောက်တို့သည် နည်းအမျိုးမျိုးဖြင့် လေ့ကျင့်ထားကြရာ ၎င်းတို့ပြုလုပ်ထားသော ရွှေအမြုတေရဲ့ ဂုဏ်သတ္တိများမှာလည်း ကွဲပြားသွားသည်။ ရွှေအမြုတေတစ်လုံးက မြေကြီးကို အနံ့မထွက်ဘဲတောင် လောင်ကျွမ်းစေနိုင်သည်။
ရွှေအမြုတေ တစ်လုံးက လေပြင်းတစ်ချက်နဲ့ ရွေ့သွားတိုင်း အနက်ရောင်ဆံပင်များ ကခုန်နေသလို မြင်ရသည်။ သို့သော် အနက်ရောင်ဆံပင် မဟုတ်ဘဲ လေပြင်းကြောင့် ဖြစ်ရတဲ့ မြင်ကွင်းတစ်ခုလိုပင်။
တခြားလူတစ်ဦး၏ ရွှေအမြုတေကတော့ ရေများစုပုံနေသလို မမြင်နိုင်သော စွမ်းအင်လှိုင်းများ လွင့်စင်သွားသည်။ လှိုင်းလုံးကြီးက အရှိန်အဟုန်ဖြင့် လွင့်စင်သွားစဥ် အရာအားလုံး ပျောက်ကွယ်သွားကာ မြေကြီးအပိုင်းအစများပင် ပျောက်ဆုံးသွားခဲ့သည်။
စတုတ္ထ ရွှေအမြုတေရဲ့ အင်အားနယ်ပယ်သည် အလွန်လေးလံပြီး ရွှေရောင်က ကြည်လင်ပြတ်သားသည်။ ၎င်းဖြတ်သွားသမျှ အရာအားလုံးက ကြေမွသွားကာ တွင်းကြီးတစ်ခုကို ပုံဖော်ပစ်လိုက်သည်။
ဒီလူလေးယောက်ရဲ့ စွမ်းရည်တွေက ထူးထူးခြားခြား ရွှေအမြုတေ လေးလုံးပင်။ မြေကြီး၊ ရေ၊ လေနဲ့ မီးတို့ ပေါင်းဆုံပြီး အရာအားလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်၏။ ဖုလိန်ရှန်းကို သတ်ဖို့ ရွှေအမြုတေ လေးယောက်သာ ထွက်လာသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်၌ မိုးခြိမ်းသံများ အက်ကွဲနေပြီ။ ချန်ရှီလက်ထဲမှ အဆောင်လက်ဖွဲ့သည် မီးတောက်အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲသို့ ပြေးဝင်ကာ လေထဲတွင် မတည်မငြိမ် ရွေ့လျားသွားသည်။
လူကြီးမင်းကျန်း မျှော်ကြည့်လိုက်တော့ အဝါရောင် အဆောင်လက်ဖွဲ့က အရှည် တစ်ပေခန့် ရှိပြီး လက်ဖဝါးတစ်ဖက်စာ အကျယ်ရှိလေ၏။ အဆောင်လက်ဖွဲ့မှာ အနီရောင် ခွေးသွေးနဲ့ ရေးခြစ်ထားတာ ပါသေးသည်။
ချန်ရှီ အဝါရောင်စက္ကူကို မီးရှို့ပြီးသောအခါ လေထုထဲရှိ အနီရောင် ပြေးလိုင်းများကြားမှ ရွှေရောင်အလင်းတန်းကြီး ပေါ်လာသည်။
"ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်တွေကို မထုတ်ကြနဲ့!"
လူကြီးမင်းကျန်းရဲ့ မျက်နှာက သိသိသာသာ ပြောင်းလဲသွားသည်။
"လေထဲမှာ နေကိုးစင်းကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့ ရှိတယ်!"
စကားမဆုံးခင်မှာပဲ ကောင်းကင်မှ ကျယ်လောင်တဲ့ ကွဲအက်သံတစ်ခု ထွက်ပေါ်လာလေသည်။ ကောင်းကင်ကနေ လှိမ့်ချလာတဲ့ မိုးခြိမ်းသံနဲ့ လျှပ်စီးကြောင်းတွေဟာ နေကိုးစင်း ကောင်းကင်မိုးကြိုး အဖြစ် ဖြတ်သွားကာ ရေဒြပ်စင်ပါသော ရွှေအမြုတေကို ပစ်ခတ်လိုက်တော့သည်။
ရွှေအမြုတေက မြင်သာထင်သာ ရှိပေမယ့် သာမန်မျက်စိဖြင့် မမြင်နိုင်၊ ဘယ်အရာဝတ္ထုကြောင့်နဲ့မှ မထိခိုက်နိုင်၊ အဆောင်လက်ဖွဲ့တွေ မချိုးဖောက်နိုင်၊ မပြန့်ကျဲသွားနိုင်သောလည်း အကြောက်ဆုံးအရာမှာ ကောင်းကင်မှ မိုးခြိမ်းသံဖြစ်သည်။
မိုးကြိုးကြီး ဆင်းသက်လာသောအခါ ရေဒြပ်စင် ရွှေအမြုတေက ချက်ချင်းပင် ပျက်ဆီးသွားသည်။
ဖောင်း!
ကောင်းကင်ယံ၌ မိုးခြိမ်းသံများ အဆက်မပြတ် တောက်လောင်နေသော နေကိုးစင်းကောင်းကင် မိုးကြိုးအဆောင်လက်ဖွဲ့ဟာ မြေကြီး၊ လေနှင့် မီး ရွှေအမြုတေသုံးခုတို့ ပြန်မသိမ်းနိုင်မီ မျက်တောင်တစ်ခတ်အတွင်း မိုးကြိုးပစ်ချပစ်သည်။
သုံးယောက်သား မြေပြင်ပေါ်သို့ လဲကျသွားပြီး အနက်ရောင်မီးခိုးငွေ့များ ထွက်လျက် သေလားရှင်လား မသိရတော့ချေ။
"အဆောင်လက်ဖွဲ့ဆရာ!"
လူကြီးမင်းကျန်းသည် ငါးဖမ်းခြင်းတောင်းကို လွယ်ထားသော ထိုလူငယ်သည် အလွန်အစွမ်းထက်သော အဆောင်လက်ဖွဲ့ ဆရာတစ်ဦးဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ယခုအချိန်တွင် သူက နေကိုးစင်းကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့ကို သုံးထားတာကြောင့် ၎င်းတို့အတွက် ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်တွေကို ထုတ်သုံးဖို့ မဖြစ်နိုင်တော့ပေ။
ကောင်းကင်က မိုးမရွာသေးသော်လည်း တိမ်ထူထပ်သော နေ့ဖြစ်သည်။ မိုးခြိမ်းသံများနှင့် လျှပ်စီးကြောင်းများက တိမ်တိုက်များကြားတွင် တလိမ့်လိမ့်နှင့် ပြေးလွှားနေကြသည်။
ကောင်းကင်က မိုးခြိမ်းသံများထဲ၌ ယန်ချီများစွာ ပါဝင်သည်။ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် နှစ်ခုလုံးမှာ ယင်ချီပါ၏။ အထူးသဖြင့် အခြေတည်ဝိညာဥ်ကို ယင်နတ်ဘုရားဟုလည်း ခေါ်၏။ ယင်စွမ်းအင်များ ပါရှိတာကြောင့် မိုးကြိုး လျှပ်စီးတွေကို မခုခံနိုင်ပါ။
သို့မဟုတ်ပါဘဲ ရွှေအမြုတေ သို့မဟုတ် အခြေတည်ဝိညာဉ်ကို ထုတ်လိုက်ရင် ၎င်းတို့သည် မိုးခြိမ်းသံကြောင့် အမှုန့်ဖြစ်တဲ့အထိ ပေါက်ကွဲသွားလိမ့်မည်။ အခုနလေးတင်ကမှ ရွှေအမြုတေ သခင်လေးပါးဟာ နေကိုးစင်းကောင်းကင်မိုးကြိုး အဆောင်လက်ဖွဲ့ကြောင့် သုတ်သင်ခံလိုက်ရပြီပဲ ဖြစ်သည်။
"လူကြီးမင်းဖု.... ကောင်းကင်က မိုးခြိမ်းသံနဲ့ ဒီလူတွေကို ဖိနှိပ်ထားပြီဆိုတော့ အခုစပြီး သတ်လို့ရပြီ"
ချန်ရှီက လေးနက်စွာ အော်ပြောလိုက်သည်။
သူသည် ဓားသိုင်းကို ဘယ်လက်ဖြင့် ညင်သာစွာ မြှောက်လိုက်ရာ ဝါးစိမ်းတစ်ချောင်းက ငါးဖမ်းခြင်းတောင်းထဲမှ ရုတ်တရက် ခုန်ထွက်လာလေသည်။
ဖုလိန်ရှန်း: "မှောင်မိုက်တဲ့ တိမ်တွေ၊ မိုးကြိုးမုန်တိုင်းတွေ မရှိတော့ရင် ဘာလုပ်သင့်လဲ"
ချန်ရှီက သူ့လက်ချောင်းထိပ်တွေကို လှုပ်လိုက်ပြီး ဖြေ၏။
"ကျွန်တော့်အင်္ကျီလက်ထဲမှာ နွေဦးမိုးခြိမ်းနဲ့ မိုးကြိုးငါးလုံး အဆောင်လက်ဖွဲ့ ကျန်ပါသေးတယ်.... မိုးကြိုး ကုန်ရင် မိုးရွာပေးမယ်... မိုးမရွာဘူးဆိုရင် မိုးကြိုးပစ်ပေးမယ်!"
ဝှစ်!
ဝါးစိမ်းသည် ကောင်းကင်အထက်သို့ ပျံထွက်သွားပြီး လေကို ထိုးဖောက်ကာ မိုးခြိမ်းသံ တိုးတိုးလေး ဖန်တီးပြလိုက်သည်။
ချန်ရှီသည် သူ့ခါးက ဓားကောက်ကို ညာဘက်လက်ဖြင့် လှမ်းကိုင်ထားပြီး သူ့ခန္ဓာကိုယ်ကို အသင့်ပြင်ထားသည်။ တင်းကြပ်သော ချီစွမ်းအင်များက သူ့ခြေထောက်များထဲ စုစည်းလာတဲ့အခါ ချန်ရှီ ခွန်အားအပြည့်ဖြင့် ရှေ့သို့ ပြေးသွားခဲ့သည်။
သူထွက်ပြေးသွားသည်နှင့် သူ့အနောက်က ငါးဖမ်းခြင်းတောင်းထဲမှ ဝါးစိမ်းလေးတစ်ချောင်းကလည်း ခုန်တက်လာကာ ပြင်းထန်သော စွမ်းအင်တစ်ခုဖြင့် လေထဲ၌ ပေါက်ကွဲသွား၏။
ဖုလိန်ရှန်းကလည်း အားအင်အပြည့်နဲ့ ရှေ့ကို ပြေးနေသည်။ သူ့လက်ထဲက ဝါးဟာ သေနတ်ကြီးတစ်လတ်နဲ့တောင် တူနေသည်။ သူက သေနတ်ခေါင်းကို ဝေ့ယမ်းကာ ရထားလုံး ယာဉ်တန်းဆီ မြန်မြန်ဆန်ဆန် ပြေးထွက်သွားသည်။
ဟေးကော်ကတော့ ရပ်နေဆဲပါပဲ။ ချန်ရှီတစ်ယောက် မြှားတစ်စင်းလို လျင်မြန်စွာ ရွေ့လျားရင်း လူတစ်ဦးရဲ့ လည်ချောင်းကို ဓားကောက်ဖြင့် လှီးဖြတ်ကာ ဝါးစိမ်းက ငွေဝတ်အစောင့်များနှင့် အိမ်တော် အစောင့်အရှောက်သူများ၏ ခန္ဓာကိုယ်များကို တစ်ခုပြီးတစ်ခု ဖောက်ထွင်းသွားတာကို ရပ်ကြည့်နေလေသည်။