မင်းအိမ်မှာ နတ်ဆိုးရှိတယ်
Vol. 7 Ch. 102
မြစ်ကမ်းနားက ချမ်းသာတဲ့ လင်နမ် လုပ်ငန်းရှင်ဟာ လီမိသားစုနဲ့ ပူးပေါင်း စီးပွားရှာနေတာကြောင့် ချန်ရှီကို ဒေါသထွက်သွားစေမှာ ကြောက်နေကြသည်။ ဒါကြောင့် လူတစ်ယောက်ကို ချန်ရှီပြောတဲ့အတိုင်း အမြန် လုပ်ပေးဖို့ အမိန့်ပေးလိုက်သည်။
အခုနတုန်းကမှ ချန်ရှီနဲ့ ဖုလိန်ရှန်းတို့ဟာ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို ရက်ရက်စက်စက် သတ်ခဲ့သူတွေပဲ မဟုတ်ပါလား။ သူတို့ကို ဒေါသထွက်အောင် လုပ်မိရင် အတော်လေး ကြောက်စရာ ကောင်းသွားလိမ့်မည်။
"ဒီလူနှစ်ယောက်က လီမိသားစုကို သေလောက်တဲ့အထိ စော်ကားထားတာ... အရမ်းဆိုးတယ် သေမင်းဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမလဲ မသိကြဘူးလား မသိပါဘူး...."
ချမ်းသာတဲ့ စီးပွားရေးသမားက ခေါင်းကို တိတ်တိတ်လေး ယမ်းလိုက်သည်။
"လူကြီးမင်းကျန်းရဲ့ အလောင်းကို သိမ်းပြီး ပြည်နယ်ကို ပို့လိုက်...စကား ကောင်းကောင်း ပြောတတ်တဲ့လူကို ရှာပြီး ပို့ခိုင်းလိုက်!"
လူတိုင်းက လူကြီးမင်းကျန်းကို ထုပ်ပိုးပြီး ခေါင်းတလားထဲကို ထည့်လိုက်သည်။ ထို့နောက် အခေါင်းတလားကို ခရိုင်မြို့တော်မှ ပြည်နယ်မြို့တော်သို့ သယ်သွားနိုင်ဖို့အတွက် နွားလှည်းပေါ် တင်လိုက်ကြသည်။
ရှင်းရှန်ခရိုင်က ရှင်းရှန်ပြည်နယ်မြို့တော်နှင့် အတော်လေး ဝေးသည်။ ဒါ့ကြောင့် နွားလှည်း မြို့တော်သို့ ရောက်သောအခါ နောက်တောင်ကျနေပြီ။
ယခုအချိန်တွင် ရှင်းရှန်ပြည်နယ်တွင် လီရှောက်ကျန့် အကြပ်အတည်း ဖြစ်နေချိန် ဖြစ်သည်။ လီမိသားစု၏ ကန့်သတ်ချက် အများစုမှာ လီမိသားစုနှင့်သာ ဆက်စပ်နေသည်။ ခရိုင်မှာ လစ်ဟနေတဲ့ နေရာတွေ အများကြီး ရှိနေတာကြောင့် လီမိသားစုက တံခါးဖွင့်ကာ ဆွေမျိုးများကို ပြန်ရှာရင်း ရာထူးပေးဖို့ ကြံစည်နေရသည်။
ဒါမှမဟုတ် နောက်ကွယ်မှာ တစ်စုံတစ်ယောက် ရှိကောင်းရှိနိုင်သလို စော်ကားနိုင်ဖို့ကလည်း ခက်တဲ့အတွက် သတိထားနေရသည်။
သို့သော် လီမိသားစုရဲ့ သားသမီးတွေတောင် အဲဒီကနေပဲ အကျိုးကျေးဇူးတွေ အများကြီးရခဲ့ပြီး ငွေနဲ့ လက်ဝတ်ရတနာတွေ ပြည့်လာခဲ့သည်။
ထို့ကြောင့် လီမိသားစု၏ တံခါးဝရှေ့တွင် နွားလှည်းဖြင့် ဆွဲယူလာသော အရေခွံပါး ခေါင်းတလားကိုမြင်တော့ လီမိသားစု ကလေးများက ခေတ္တ အံ့အားသင့်သွားကာ ဘယ်လိုတုံ့ပြန်ရမလဲ မသိ ဖြစ်သွားသည်။ သို့နှင့် ဘဏ္ဍာစိုးတစ်ဦး အပြေးကလေး ရောက်လာခဲ့ရသည်။
ကံအားလျော်စွာနဲ့ ဒီတစ်ကြိမ် နွားလှည်းပေါ် လိုက်ပါလာသူမှာ စကားအလွန် ပြောတတ်သူဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပင် ခေါင်းတလားထဲက လူက ဘယ်သူလဲ၊ အကြောင်းတရားနဲ့ အကျိုးဆက်တွေကို ရှင်းပြတဲ့အတွက် လီမိသားစုရဲ့ ဒေါသကြီးတဲ့ ကလေးတွေဆီကနေ ရိုက်နှက်ဆုံးမ မခံလိုက်ရချေ။
"ဒီချန်ရှီက ဘာကောင်မလို့ ဒီလောက် သတ္တိကောင်းနေတာလဲ... လူကြီးမင်းကျန်းကိုသတ်ပြီး ငါတို့ လီမိသားစုကို အရှက်ရအောင် သူ့အလောင်းကိုတောင် ဒီကို ပို့ပေးလိုက်သေးတယ်!"
လီမိသားစုမှ တပည့်တစ်ဖွဲ့သည် ဒေါသအလွန်ထွက်ကာ မြင်းပေါ် ခုန်တက်ကာ ချန်ရှီကိုသွားသတ်ရန် ရှင်းရှန်ခရိုင်ကို အပြေးသွားဖို့ ပြင်ကြလေသည်။ သို့သော် မြို့ထဲမှ မထွက်ခွာမီတွင် ခရိုင်မှူးရဲ့ ခွင့်ပြုချက်မရှိဘဲ မလုပ်ကြဖို့ အမိန့်ထုတ်ခံလိုက်ရတာမို့ လီမိသားစုရဲ့ သားသမီးများလည်း အလွန်ဝမ်းနည်း ကြေကွဲသွားကြသည်။
လူကြီးမင်းကျန်းကို သတ်လိုက်တာက သာမန်ကိစ္စပင်။ သူ့နေရာအတွက် လူကျန်သေးပေမယ့် လူသတ်ပြီး ခေါင်းတလားထဲမှာ ထည့်ကာ ပြည်နယ်မြို့တော် ကို ပွင့်ပွင့်လင်းလင်း ပို့ပေးလိုက်တာက ဒါက ရှေးကမ္ဘာခေါင်းဆောင်ရဲ့ မျက်နှာကို ပါးရိုက်လိုက်တာနဲ့ အတူတူပါပဲ။ ဘုရင်ခံက ဘာကြောင့် တားတာလဲ နားမလည်နိုင်ကြ။
လီအိမ်တော် အတွင်းဘက် ခြံဝင်းကို ပိတ်ထားသည်။ အပြင်မှ သို့မဟုတ် အတွင်းခန်းမှ ဘယ်သူမှ မမြင်နိုင်ပေ။
လီရှောက်ကျန့်က အိမ်ဝင်းအတွင်း၌ ထိုင်နေသည့် သခင်မကြီး ရှဝေးရင်းနဲ့အတူ ထိုင်နေ၏။ ရှဝေးရင်း လက်ကို ဝှေ့ယမ်းပြတော့ လက်ဖက်ရည် ပြင်ဆင်နေသော အိမ်အကူများက လီရှောင်ကျန့်နဲ့ သူမအတွက် လက်ဖက်ရည် ငှဲ့ပေးလာသည်။
“သခင်ကြီး ဒီချန်ရှီက လွန်ခဲ့တဲ့ ဆယ်နှစ်က သေဆုံးသွားတဲ့ ချန်ရှီပဲလား? သေတဲ့လူက ဆယ်နှစ်တောင် ကြာသွားပြီကို... ဘယ်လိုလုပ် ပြန်ထလာနိုင်မှာလဲ?"
"တကယ်ကြီး အသက်ရှင်နေတာ..."
လီရှောက်ကျန့်က စာရွက်စာတမ်းတွေကို လှန်လှောကြည့်ရင်း ဖြေသည်။
"တခြားလူသေတွေကို အသက်ပြန်ရှင်အောင် မလုပ်နိုင်ပေမယ့် ချန်ယန်တောင်က လူအိုချန်ယန်မှာတော့ နည်းလမ်းရှိလိမ့်မယ်"
"လူအိုချန်ယန်" ဆိုတဲ့ စကားကို ကြားလိုက်တဲ့အခါ သူမရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် တုန်ခါသွားခဲ့သည်။ ဒီစကားလုံး ၄ လုံးက ကြောက်စရာကောင်းတဲ့ မှော်စွမ်းအင် ဖြစ်သလို သူတို့အတွက် ဒဏ္ဍာရီဆန်လေသည်။
လူအိုချန်ယန်ကို ရှီးကျင်းမြို့နဲ့ ချိတ်ဆက်ကြည့်ဖို့ဆို သူမအတွက် တကယ်ကို ခက်ခဲပေသည်။
လီရှောက်ကျန့်: "လွန်ခဲ့တဲ့ ဆယ်နှစ်က ချန်ရှီ ခရိုင်စာမေးပွဲကို အောင်ခဲ့တယ်... စာပေနဲ့ ကိုယ်ခံပညာစာမေးပွဲတွေမှာ ပြည်နယ်ငါးဆယ်အတွင်း ပထမအဆင့်ရခဲ့တယ်...သူ့ရဲ့ ကျစ်ဝူရှဲ့သတ်ဓား စံချိန်ကို ဆယ်နှစ်ကြာသွားတာတောင် ဘယ်သူမှ မချိုးဖျက်နိုင်ခဲ့ဘူး...နတ်ဘုရား ဆင်းလာပြီး မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသားကို ပေးသွားတယ်... ဆယ်နှစ်ပြီးတော့ အသက်ပြန်ရှင်လာပြီ..."
လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း သောက်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ မလှမ်းမကမ်းရှိ ကျောက်တုံးကြီးကို ကြည့်ကာ ဆက်ပြောလေ၏။
"ဆယ်နှစ်ကြာတာတောင် ဘယ်သူမှ မချိုးနိုင်သေးတဲ့ ကျစ်ဝူရှဲ့သတ်ဓား စံချိန်ကို ဆယ်နှစ်ကြာပြီးနောက်ပိုင်း ချိုးဖျက်နိုင်ခဲ့သူကလည်း သူကိုယ်တိုင်ပဲ...အခု သူ့ဓားစွမ်းအင် အကွာအဝေးက ပေပေါင်း ၈၀ ကျော်တယ် ဒီစံချိန်ကို အနှစ်တစ်ရာအတွင်းမှာ ဘယ်သူမှ မချိုးဖျက်နိုင်မှာ ကြောက်ရတယ်... သူ့မှာ မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသား မရှိဘူးဆိုတာ သေချာတယ်... ဒါပေမဲ့ လျှော့တွက်လို့ မရဘူး"
ရှဝေးရင်းက သူမအတွက် ငှဲ့ထားတဲ့ လက်ဖက်ရည်ကို သောက်ပြီး။
"နတ်ဘုရားက နတ်သန္ဓေသားကို ပေးထားပြီးပြီ ဒုတိယအကြိမ် ပေးပါဦးမလား... ဒါ့အပြင် ကွန်ဖြူးရှပ် ဘုံကျောင်းမှာ လုပ်တဲ့ ပွဲမှာလည်း မပါဝင်ခဲ့ဘူးလေ... နတ်သန္ဓေသားကိုလည်း မရခဲ့ဘူး"
လီရှောက်ကျန့်: "ဒါက ထူးဆန်းတာပဲ... သူလုပ်ခဲ့တဲ့ အခြေအနေကို ကြားရသလောက်ဆို သူ့မှာ ရွှေအမြုတေရှိမှ ဖြစ်မယ်... ဆိုလိုတာက သူ ရွှေအမြုတေကို သန့်စင်ထားပြီးသား... ဒါပေမဲ့ နတ်သန္ဓေသား မပါဘဲ သူဘယ်လို သန့်စင်ခဲ့လဲ"
ရှဝေးရင်းသည် လက်ဖက်ရည်ခွက်ထဲ သူ့ဘာသာ ထပ်ငှဲ့ကာ နှုတ်ခမ်းပေါ်တင်ရင်း အနံ့ခံကြည့်လိုက်သည်။
"ရွှေအမြုတေက အစားထိုး စိုက်လို့ရလား?"
လီရှောက်ကျန့်က ခေါင်းခါလိုက်သည်။
ရှဝေးရင်း: "ဒါဆို တကယ် ထူးဆန်းသွားပြီ... သူက အရမ်း သန်မာတယ်.. ဝါးပျံနဲ့ ရွှေအမြုတေနယ်ပယ်က လူတွေကို သတ်နိုင်တယ်... လူကြီးမင်းကျန်းတောင် သူ့လက်ထဲမှာ သေသွားရတယ်တဲ့ လူကြီးမင်းကျန်းက မပျော့ဘူး!"
လီရှောက်ကျန့်: "လူကြီးမင်းကျန်းက အခြေတည်ဝိဥာဉ်ကို သန့်စင်ဖို့ ကျင့်စဥ်ငါးခုကို လေ့ကျင့်ထားခဲ့တာ... သူ့ခန္ဓာကိုယ်ထဲက အခြေတည်ဝိညာဉ် ထွက်သွားနိုင်တဲ့ အဆင့်အထိ လေ့ကျင့်ထားပြီးသား... သူ့ရဲ့ ကြီးထွားမှုစွမ်းအားက မဆိုးပါဘူး... သူ့ကို ရွှေအမြုတေနဲ့ သတ်ပစ်ချင်ရင်တောင် မလွယ်ဘူး..."
မျက်နှာပေါ်က ထူးဆန်းသော အကြည့်ဖြင့် ခေါင်းယမ်းလိုက်ပြီး။
"ချန်ရှီ လှုပ်ရှားလိုက်တုန်းက ကျားဟောက်သံတွေ ပေါ်လာတယ်... ကျားခြေသည်းတွေကလည်း နားမလည်နိုင်အောင် ပေါ်လာပြီး ထူးထူးဆန်းဆန်းနဲ့ လူကြီးမင်းကျန်းကို သတ်လိုက်တာလို့ ပြောတယ်... နောက်ထပ် ထူးဆန်းတဲ့ အရာတစ်ခု ရှိသေးတယ်...ချန်ရှီရဲ့ ဦးခေါင်းနောက်မှာ ရှိနေတဲ့ အရာက နတ်ကွန်းမဟုတ်ဘူး... သေးငယ်တဲ့ ဘုံကျောင်းတစ်ခုတဲ့"
သူက စာရွက်ကို ဖြန့်လိုက်ပြီး ချန်ရှီရဲ့ ခေါင်းနောက်ဘက်မှာရှိတဲ့ ဘုံကျောင်းငယ်လေးရဲ့ ပုံကို ပြလိုက်သည်။ ရှဝေးရင်း ငုံ့ကြည့်လိုက်တော့ ဘုံကျောင်းငယ်ရဲ့ ဖွဲ့စည်းပုံက အလွန်ရိုးရှင်းပြီး ကျေးလက်ဒေသတိုင်းတွင် မြင်တွေ့နိုင်တာကို သတိထားမိသည်။
ဒါပေမဲ့ နတ်ကွန်းက ဘာလို့ သေးငယ်တဲ့ ဘုရားကျောင်း ဖြစ်လာတာလဲ။
"ဘုံကျောင်းဆိုတာက နတ်ဘုရားတွေ နေထိုင်တဲ့နေရာပဲ"
လီရှောက်ကျန့်က: "သူ့ရဲ့ဘုံကျောင်းထဲမှာ ဘယ်လိုနတ်ဘုရားမျိုး ရှိနေမလဲ"
လီရှောက်ကျန့် မျက်လုံးများကို မှိတ်လိုက်စဥ် လွန်ခဲ့သည့် နှစ်ရက်က ရာထူးကို ထမ်းဆောင်ရန် ရှန်းရှန်ခရိုင်မှ ထွက်ခွာလာခဲ့စဉ် သူမြင်ခဲ့ရသည့် အရာကို မသိစိတ်မှ သတိရသွားသည်။
တောင်ကြီးကဲ့သို့ ကြီးမားသော ကျားဦးခေါင်းပင်။ ၎င်းကျားခေါင်းက ချန်ယန်တောင်ပေါ်တွင် မျောလွင့်နေသည်။ တောင်များကို ဖြတ်ကျော်ကာ ဟိန်းဟောက်နေပုံက ပြင်းထန်လွန်းသဖြင့် သူ့ကိုတောင် ရင်တုန်သွားစေခဲ့သေးသည်။
"ကျားလက်သည်းပိုင်ရှင်က အဲဒီကျားတော့ မဖြစ်နိုင်ဘူးမလား"
သူ့မျက်နှာမှာ ထူးဆန်းတဲ့ အကြည့်နဲ့ သူ့မှန်းဆချက်ကို ထုတ်မပြတော့ပေ။ ကျားက ရက်စက်လွန်းသည်။ နှလုံးသားကို ရင်တုန်စေတဲ့အထိတောင် ရက်စက်လွန်းတဲ့ နတ်ဆိုးတစ်ကောင်ဟာ ချန်ရှီရဲ့ ဘုံကျောင်းငယ်လေးထဲမှာ ဘယ်လိုလုပ် နေထိုင်နိုင်ပါ့မလဲ။
သူက ခေါင်းယမ်းပြီး အခြားစာရွက်စာတမ်းများစွာကို ဖြန့်ချလိုက်သည်။
"ချန်ရှီသေတာ ဘယ်လောက်ကြာကြာ သူသေတာက အရေးမကြီးဘူး.. အရေးကြီးတာက ချန်ယင်တု သေသွားပြီလား ဆိုတာပဲ"
ဒီစာရွက်များကတော့ သူလျှိုပေါင်းစုက ပြုစုပေးထားသော ချန်ယင်တု အကြောင်း အချက်အလက်များသာ ဖြစ်သည်။
ရှင်းရှန်က လီမိသားစုတွင် စွမ်းအားများစွာ မရှိပုံပေါ်သော်လည်း ၎င်းတို့သည် အချိန်အတော်ကြာကတည်းက လျှို့ဝှက်စွာ လုပ်ဆောင်နေပြီး အချက်အလက်မျိုးစုံကို စုစည်းထားလေသည်။
လီမိသားစုရဲ့ ပန်းတိုင်မှာ စစ်မှန်သော ဘုရင်ကျန်း၏ သင်္ချိုင်းဖြစ်သောကြောင့် ၎င်းတို့သည် ချန်ယင်တုလို အန္တရာယ်ရှိသော တည်ရှိမှုကို သဘာဝအတိုင်း အလေးထားကြသည်။
"ချန်ယင်တုရဲ့ သေဆုံးမှုက လျှို့ဝှက်ဆန်းကြယ်တဲ့ နိဂုံးချုပ်ပဲ... အခုထိ သူတကယ် သေမသေ ကောက်ချက်ချလို့ မရသေးဘူး... သူ့ကို သင်္ဂြိုဟ်တုန်းက သူ့ရဲ့အဝတ်အစားတွေကိုပဲ မြှုပ်နှံထားတာ.. ခေါင်းတလားထဲမှာ အလောင်းမရှိဘူး.... ဒီကိစ္စက စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်..."
ရှဝေးရင်းက ငြိမ်သက်စွာ နားထောင်နေသည်။
လီမိသားစုမှာ နှစ်အတော်ကြာအောင် နေနိုင်ခဲ့ရသည့် အကြောင်းရင်းမှာ သူမရဲ့ အရည်အချင်းကြောင့်မဟုတ်ဘဲ ဆိတ်ငြိမ်ပြီး နားထောင်ကောင်းသောကြောင့်သာ ဖြစ်သည်။
လီရှောက်ကျန့်: "သူ့ကို သဂြိုလ်တုန်းက ခေါင်းတလားကို ခေါက်တဲ့သူတွေထဲမှာ ငါတို့လီမိသားစုရဲ့ သူလျှိုတွေလည်း ပါတယ်... လွန်ခဲ့တဲ့ ဆယ်နှစ်က ချန်ယင်တုက ရှီးကျင်းက စစ်တပ်ငါးခု၊ နတ်ယန္တရားစခန်းနဲ့ နတ်ဆုံချက်စခန်းမှာ အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ခဲ့တယ်... ရှီးကျင်းကို စောင့်ကြပ်နေတဲ့ အဓိကတပ်ရင်းသုံးရင်းဆို တုန်နေအောင် ကြောက်ကုန်တယ်....မရေမတွက်နိုင်တဲ့ မှူးမတ်တွေ သေဆုံးတယ် တချို့ကလည်း ဒဏ်ရာတွေ ရသွားကြတယ်တဲ့.... တုံးချောင်ရဲ့ မြို့ဝန်က ကိုယ်လက်အင်္ဂါတွေ ချို့ယွင်းသွားတာ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ထိုင်နေရတယ်... ချန်ယင်တုကလည်း ဒဏ်ရာအပြင်းအထန် ရသွားတော့ ချန်ယန်တောင်သို့ ပြန်ဆုတ်ခွာသွားတယ်... ပြီးတော့ အတိတ်ကကိစ္စတွေထဲမှာ မနေတော့ဘဲ ရှီးကျင်းက မိသားစုတွေကို ဒုက္ခမပေးတော့ဘူးလို့လည်း ပြောခဲ့တယ်"
ရှဝေးရင်း: "ချန်ယင်တု တကယ် သေရင် ကျွန်မတို့ ငြိမ်းချမ်းပြီး သဟဇာတဖြစ်အောင် နေထိုင်နိုင်မှာ မဟုတ်ဘူးလား"
လီရှောက်ကျန့်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး။
"ထူးဆန်းတာက ချန်ယင်တုက သူ့အခေါင်းထဲမှာ မရှိနေတာပဲ... အခုရှီးကျင်းမှာရှိတဲ့ လူတော်တော်များများ အိပ်မပျော်တဲ့ရောဂါ ရကုန်ကြမှာ ကြောက်ရတယ်...သူ တကယ်သေရင် အဲဒီအကောင်ကြီးတွေက လုံခြုံသွားလိမ့်မယ်... မသေရင်တော့ ခေါင်းကိုက်နေလိမ့်မယ်"
သူက ခေတ္တရပ်လိုက်ပြီး "ဒီကြီးမားတဲ့ ရိုက်ချက်တွေက ချန်ယင်တု တကယ်သေဆုံးသွားပြီလား ဆိုတာ စမ်းသပ်ကြည့်စေချင်တာ... အခုအချိန်မှာ အဲဒီနေရာကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီးရှိလိမ့်မယ်... လီမိသားစုထဲက လူတော်တော်များများက ငါသွား စမ်းသပ်ဖို့ မျှော်လင့်ပြီး စိုက်ကြည့်နေတာ ဖြစ်နိုင်တယ်"
ရှဝေးရင်း: "ဒါပေမယ့် သခင်ကြီး စမ်းသပ်ဖို့ စမှာတော့ မဟုတ်ဘူးမလား"
"မလုပ်ဘူး"
လီရှောက်ကျန့်က အနည်းငယ် ပြုံးပြီး။
"ဒီလို အရှက်ရမှုမျိုးကို ဘာမှ မဟုတ်သေးပါဘူး... ကိုယ် လီမိသားစုမှာ ခြေကုပ်မချနိုင်တဲ့အချိန်တုန်းက ကိုယ်ရဲ့အဖေတူအမေကွဲ အစ်ကိုက ကိုယ့်ကို ကြိမ်းမောင်းပြီး မျက်နှာကို တံတွေးနဲ့ ထွေးဖူးတယ်.... ဒါပေမဲ့ ကိုယ် လုံးဝ မလှုပ်ခဲ့ဘူး.. တံတွေးက ခြောက်သွေ့သွားပေမယ့် ကိုယ် သုတ်တောင် မသုတ်လိုက်ဘူး... ကိုယ် တည်ငြိမ်နေသရွေ့တော့ မတည်ငြိမ်နိုင်တဲ့လူက ကိုယ်မဟုတ်တော့တဲ့ ရှီးကျင်းက မှူးမတ်တွေပဲ ဖြစ်လိမ့်မယ်"
ရှဝေးရင်းက သက်ပြင်းချလိုက်ပြီး "ကျွန်မမှာ အရည်အချင်းရှိပြီး ခံနိုင်ရည်ရှိတယ် ဒါပေမဲ့ ကျွန်မတို့မွေးလာတဲ့ ကလေးတွေက ကျွန်မနဲ့တူတဲ့ စရိုက်လက္ခဏာတွေ ရှိမှာမဟုတ်ဘူး။း"
လီရှောက်ကျန့်က ပြုံးပြီး "ဒါက မိန်းမအနေနဲ့ သူတို့ကို ချုပ်နှောင်ထားဖို့ လိုတယ်လေ.."
"ကျွန်မ အစွမ်းကုန်ကြိုးစားပါ့မယ်... ချန်ယင်တု တကယ်သေသွားရင် ဘယ်လိုလုပ်မလဲ"
ထိုအခါ လီရှောက်ကျန့်က ပြုံးလေသည်။
"ဒါဆို မိဘမဲ့ ချန်ရှီက ယင်ကောင်စွမ်းအားနဲ့ သစ်ပင်တစ်ပင်ကို လှုပ်ချင်နေမှတော့ သူ သေချာပေါက် သေရလိမ့်မယ်"
ရှင်းရှန်ခရိုင်၌။
ဖုလိန်ရှန်း မတ်တပ်ထရပ်ကာ မယုံနိုင်လောက်သော အကြည့်များဖြင့် ချန်ရှီခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ကို လှမ်းကြည့်နေစဉ် ချန်ရှီက ထီးကို ကိုင်ထားသည်။ ဒီဘုံကျောင်းငယ်လေးက သင်ယူဖူးထားသမျှ သူ့အသိဥာဏ်ကို ကျော်လွန်ပြီး ချိုးဖျက်ပစ်လိုက်ပါပြီ။
ချန်ရှီ ရေးထားတဲ့ မူဝါဒစာတမ်းထက်တောင် ပိုပြီး အဖျက်အမှောင့် ဖြစ်သွားပြီ။ ချန်ရှီရဲ့ စကားပြေက ဆရာကြီးရဲ့ စကားများကိုသာ ပုံပျက်စေသော်လည်း ဤဘုံကျောင်းငယ်ကတော့ နတ်ကွန်းကိုပါ ဖြိုချပစ်လိုက်သည်။
ပုန်ကန်သူ!
နတ်ဆိုး!
ဒါက ဖုလိန်ရှန်း စိတ်ထဲသို့ ပထမဆုံးဝင်လာသော အတွေးဖြစ်သည်။ ထို့နောက်တွင် အတွေးသစ်တစ်ခု ပေါ်လာသည်။
'ငါ နတ်ဆိုးကို သတ်ပြီး ဖြောင့်မတ်ခြင်း တရားအတွက် ငါ့အသက်ကို ပြန်စတေးရမလား'
သူ့အကြောင်းသူ ပြန်တွေးပြီး ဖြောင့်မတ်မှုအတွက် သူ့အသက်ကို မစတေးချင်သေးကြောင်း သဘောပေါက်လာသောကြောင့် ချန်ရှီနှင့်အတူ စိတ်ငြိမ်သက်စွာ ထွက်ခွာသွားခဲ့သည်။
ဟေးကော်ကတော့ ရေစိုမခံဘဲ တံစက်မြိတ်အောက်တွင် ပုန်းအောင်းနေခဲ့သည်။ သူတို့ ထွက်သွားတာကို မြင်သောအခါ အမြန်ထကာ လိုက်လာ၏။ ကောင်းကင်မှ မိုးဟာ အစပိုင်းမှာတော့ မိုးမသည်းပေမယ့် တဖြည်းဖြည်း ပိုပိုသည်းလာသည်။
မြစ်ရေမျက်နှာပြင်က လှုပ်ရှားနေသည်။ မြစ်၏ တစ်ဖက်တစ်ချက်စီမှ နဂါးခေါင်းကျောက်ပိုက်များမှ ရေတွေ အများကြီး ထွက်ကျလာပြီး အပြင်ဘက်နှင့် ချင်းချွီမြစ်အတွင်းသို့ လျှံကျသွားသည်။
အခုအချိန်မှာတော့ မနီးမဝေးက ဆိပ်ကမ်းမှာ လှေသမားနဲ့ သူ့သမီးဟာ မိုးကာဝါးဦးထုပ်နဲ့ မိုးကာသက်ကယ်အင်္ကျီတွေကို ဝတ်ပြီး လှေကို ကမ်းကပ်နေကြလေသည်။
"ဖေဖေ... ကြည့်!"
လှေသမား လှည့်ကြည့်လိုက်တော့ ကမ်းခြေမှာ လူနှစ်ယောက်နဲ့ ခွေးတစ်ကောင် လျှောက်လာနေတာ တွေ့လိုက်ရသည်။ လှေသူမလေးက လှေသမားကို အမြန်ဆွဲပြီး ကမ်းကို ညွှန်ပြ၏။ လှေသမားက ကြည့်ရင်းကြည့်ရင်း ထိတ်လန့်တုန်လှုပ်သွားပြီး အံ့သြတကြီးနဲ့ ဆိုလိုက်သည်။
"တစ္ဆေပဲ...လီမိသားစုကို လက်စားချေဖို့ သွားရှာတာတောင် အသက်ရှင်နေသေးတယ်... တကယ့် တစ္ဆေတွေပဲ!"
သားအဖနှစ်ယောက် လူနှစ်ယောက်နဲ့ ခွေးထွက်သွားတာကို ကြည့်ပြီး အံ့သြနေကြသည်။ ထိုစဥ် လှေပေါ်က မိန်းကလေးက ရုတ်တရက် အော်လိုက်၏။
"ဖေဖေ... လှေ လှေ!"
လှေသည် ကောင်းကောင်း ကမ်းမကပ်ရသေးသဖြင့် ရေစီးကြောင့် မျောပါလုနီးပါး ဖြစ်သွားခဲ့ရသည်။ အဖေနဲ့သမီးဖြစ်သူမှာ လှေ မလုံခြုံခင်မှာ အလုပ်တော်တော် ကြိုးစားလိုက်ရသည်။
ချန်ရှီနဲ့ ဖုလိန်ရှန်းမှာ သူတို့ကို သတိမပြုမိလောက်အောင်ပင် ပင်ပန်းနေကြသည်။ ဟေးကော်က ခဏ ရပ်လိုက်ပြီး မြစ်ကိုဖြတ်ကာ ကြည့်လိုက်ပြီးနောက် ချန်ရှီနောက်ကို ဆက်လိုက်သွားခဲ့သည်။
သားအဖနှစ်ယောက်ရဲ့ ဆန့်ကျင်ဘက် နေရာတွင်တော့ သိုးစိမ်းတစ်ကောင်သည် အိမ်တစ်အိမ်ရဲ့ တံစက်မြိတ်အောက်တွင် မတ်တပ်ရပ်ကာ မိုးခိုနေသဖွယ် မတ်တပ်ရပ်နေ၏။
သိုးစိမ်းရဲ့ ခွာများက ခွာမဟုတ်တော့ဘဲ ချွန်ထက်သော လက်သည်းများကြား၌ စုတ်တံကို ကိုးရိုးကားရား ကိုင်ဆောင်ကာ အခြားလက်တစ်ဖက်၌ စာအုပ်ဖြူတစ်အုပ်ကို ကိုင်ထားသည်။ သူ ရေးခြစ်နေတာကတော့ ချန်ရှီ ကျားဝါကို သုံးပြီး လူကြီးမင်းကျန်းကို သတ်ခဲ့သည့် မြင်ကွင်းပဲ ဖြစ်သည်။
သိုးမှာ ကောင်းကောင်း မဆွဲနိုင်တော့ဘဲ ဘေးနားက မုတ်ဆိတ်မွေး ဟူရှောင်လျောင်ကို လှမ်းကြည့်လိုက်တော့ ထိုမြေခွေးက ကွက်ကွက်ကွင်းကွင်း ခြယ်သထားတာ တွေ့လိုက်ရလေသည်။
"တစ်ဆယ်လေး ပြောတာ မှန်တယ်... သူ ကျားကို တကယ် လှုံ့ဆော်ပေးနိုင်တယ်..."
မုတ်ဆိတ်မွေးနဲ့ လူကြီးက ညှိုးငယ်နေတဲ့ မျက်နှာနဲ့ စုတ်တံကို ချလိုက်သည်။
"ကျားကို သုံးပြီး ရန်သူကို သတ်ပစ်လိုက်တယ်တဲ့... ဟဲဟဲ မျက်နှာသာကလည်း ဘယ်လောက်တောင် ကြီးနေပါလိမ့်? နတ်ဘုရားဆီက အပြစ်ပေးခံရမှာ မကြောက်ဘူးလား"
သိုးစိမ်းကလည်း ဝမ်းနည်းတဲ့မျက်နှာနဲ့ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။
"ဒီနေ့ ကျားကို သုံးပြီး မနက်ဖြန် တောင်တန်းအရှင်ကို သုံးရင် ဘယ်လိုလုပ်မလဲ!"
တောင်တန်းအရှင်က ဘယ်လိုမျိုး အရာလဲ။
ချန်ယန်တောင်ရဲ့ အုပ်ထိန်းသူ။ ချန်ယန်တောင်က သက်ရှိသတ္တဝါအားလုံးရဲ့ ဧကရာဇ်မင်းဖြစ်လို့ ၎င်းကိုသုံးပြီး ရန်သူကိုသတ်တာက ဆန်းကြယ်ဝိညာဥ်နဲ့ ချန်ယင်တုကို သွားတိုက်ခိုက်တာထက် အဆတစ်ရာပို၍ ဆိုးပေမည်။
"အရေးကြီးဆုံးက ဒီဘုံကျောင်းငယ်လေးရဲ့ မူလအစက ဘာလဲ ဆိုတာကြီးပဲ..."
ဟူရှောင်လျောင်: "ဒီပျက်စီးနေတဲ့ ဘုံကျောင်းငယ်လေးက ချန်ယန်တောင်ရဲ့သခင်ကို ဘယ်လိုလုပ် အစေခံ လုပ်ပစ်နိုင်တာလဲ"
ချင်းယန်ကလည်း ဒီအကြောင်းကို စဉ်းစားနေခဲ့တာ ဖြစ်သည်။
"ပျက်စီးနေတဲ့ ဘုံကျောင်းငယ်လေးကို တစ်ဆယ်လေးရဲ့ ကျောက်တုံးကန့်ညောင်က ပေးခဲ့တာ.... ကျောက်တုံးကန့်ညောင်က ဘယ်သူလဲ"
နတ်ဆိုးနှစ်ကောင်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
"ချန်ယင်တု .... တစ်ဆယ်လေး အတွက် မင်းရှာထားတဲ့ နတ်ဘုရားမဆိုတာ ဘာကြီးလဲကွာ...."
သူတို့သည် ပဟေဠိဆန်စွာဖြက့် စာရွက်များကို လှိမ့်ကာ သိမ်းလိုက်သည်။ ထို့နောက် ထောင့်မှာထောင်ထားတဲ့ ထီးများကို ကောက်ကိုင်ကာ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြ၏။
"အဘွားရှားကို သွားရှာရအောင်... စကားမစပ် တစ်ဆယ်လေးရဲ့ ခွေးနက်ကြီးက ငါတို့ကို စောင့်ကြည့်နေတာ သတိထားမိလား"
"ငါတို့ တစ်ဆယ်လေးကို စောင့်ကြည့်တဲ့အခါတိုင်း သူကလည်း ငါတို့ကို စောင့်ကြည့်နေတာ... ဒီကောင်က တဖြည်းဖြည်း ခွေးနဲ့ကို မတူတော့ဘူး!"
ရှင်းရှန်ခရိုင်ရဲ့ ဝိညာဉ်တစ်သောင်းအလံသည် နတ်ဆိုးနှစ်ပါး၏ ရောင်ဝါကို စောစောကတည်းက ခံစားမိသော်လည်း အလံထဲက ဒေါသစိတ်ဝိညာဉ်ရှစ်ထောင်ကို နတ်ဆိုးနှစ်ပါးရဲ့ ရောင်ဝါများက ဖိနှိပ်ပစ်လိုက်တာကြောင့် အလံမှာ မလှုပ်ရှားနိုင်တော့ပေ။
နတ်ဆိုးနှစ်ယောက် ထွက်ခွာသွားတော့မှ ဝိညာဉ်အလံလည်း ၎င်းရဲ့ စွမ်းအား ပြန်လည်ရရှိလာခဲ့သည်။
ချန်ရှီ ကွန်ဖြူးရှပ်ဘုံကျောင်း အနားက ဖြတ်သွားသောအခါ မိုးသည် ပို၍ပို၍ သည်းလာသည်။ သူသည် ကွန်ဖြူးရှပ်ဘုံကျောင်းကို ကြည့်ရင်း နတ်သန္ဓေသားကို ရယူလိုသည့် စိတ်စွဲလမ်းမှုကို ပြန်တွေးကာ အနည်းငယ် စိတ်ပျက်သွားမိသည်။
ဒါပေမဲ့ ဒီကိစ္စကို သူ့နောက်မှာပဲ ချန်ထားခဲ့လိုက်၏။
"မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသားက ကျားကြီးတစ်ကောင်နဲ့ ယှဉ်နိုင်ပါ့မလား"
မိုးရွာနေသော်လည်း ချန်ရှီနဲ့ ဖုလိန်ရှန်းဟာ သစ်သားလှည်းကို အတူတူစီးကာ မိုးရွာသောညကို အခွင့်ကောင်းယူကာ ကျေးလက်ဒေသသို့ ရောက်လာခဲ့ကြသည်။ လီမိသားစုက အလွန်တန်ခိုးကြီး၏။ ချန်ရှီကို မနှိမ်နင်းနိုင်လျှင် သူတို့ ဘာလုပ်နိုင်လဲ၊ ဖုလိန်ရှန်းကို မနှိမ်နင်းနိုင်လျှင် ဘာလုပ်မလဲ မသိနိုင်ပေ။
ထို့ကြောင့် ဖုလိန်ရှန်းလည်း ခဏတာ လွတ်မြောက်ခွင့်ရရန် ကျေးလက်မှာ ခဏနေဖို့ ဆုံးဖြတ်ခဲ့သည်။ နောက်ကျနေပြီမို့ ချန်ရီီရဲ့အိမ်မှာ အရင်နေခဲ့၏။
ချန်ရှီက ဟင်းသီးဟင်းရွက်များ၊ အသားများနှင့် ဥများကို ချေးယူဖို့ ရွာထဲသို့ ထွက်သွားသည်။ ထိုစဥ် ဟေးကော်သည် ခါးစွပ်ကို ၀တ်ကာ သူတို့အတွက် ဟင်းလေး ချက်ပြုတ်နေသည်။ ဖုလိန်ရှန်းမှာ ခွေးနက်ကြောင့် အတော်လေးကို စိတ်ရှုပ်နေကာ ချန်ရှီအတွက် ဆေးပြုတ်ရန် စီစဉ်ပေးနေတာကိုလည်း အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိ၏။
"ချန်ရှီ... မင်းရဲ့ခွေးက နည်းနည်း ထူးဆန်းတာကို သတိထားမိလား"
မီးဖိုဘေးမှာ မီးထိုးနေတဲ့ ခွေးက နားရွက်ကို မြှောက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာသည်။ သူက ဖုလိန်ရှန်းကို ဒေါသတကြီး စိုက်ကြည့်နေ၏။
ချန်ရှီက သက်ပြင်းချပြီး "လူကြီးမင်း ဟင်းသီးဟင်းရွက် စားတယ်.... ဆင်းရဲတဲ့ ကျွန်တော့်မိသားစုက ခွေးက ဒီလိုပဲ"
ဖုလိန်ရှန်း သံသယဝင်နေသည်။
"ဒီခွေးရဲ့အရေပြားအောက်မှာ လူတစ်ယောက်များ ရှိနေတာလား ဒီခွေးက တစ်ခုခုမှားနေပြီ ဆိုတာတော့ သေချာတယ်!"
နောက်နေ့ အိပ်ရာထချိန်မှာတော့ မနက်စာ ချက်နေတဲ့ ဟေးကော်ကို တွေ့ရပြန်၏။ ခွေးက ဒီလိုလုပ်ရတာကို ပုံမှန်ပဲလို့ ယူဆနေသလိုမျိုး ပြဿနာ လုံးဝ မရှိနေချေ။
"ဒုက္ခပဲ! ဒီခွေးက ငါ့စိတ်ကို ထိခိုက်စေတယ်.... ချန်ရှီရဲ့အိမ်မှာ နတ်ဆိုးတစ်ကောင် ရှိနေတယ်.... ဒီခွေးပဲ.... သူငါ့ကို ကြည့်နေပြန်ပြီ... ငါအရမ်းတွေးနေတာ ဖြစ်မယ်... ဒီခွေးက ပုံမှန်ပဲ"