← Chapters

မင်းတို့အားလုံး ပုံမှန် မဟုတ်ဘူး

Vol. 7 Ch. 103

မင်းတို့အားလုံး ပုံမှန် မဟုတ်ဘူး

Vol. 7 Ch. 103

ဖုလိန်ရှန်းရဲ့ အထင်ကြီးမှုနှင့် မှတ်ချက်တွေက တစ်ခါတစ်ရံတွင် ပေါ့ပါးပြီး တစ်ခါတစ်ရံ ရီ​ဝေဝေ ဖြစ်တတ်ပါသည်။

ဟေးကော်က သူ့ကို အကြိမ်အနည်းငယ် ကြည့်သည်။ ခွေးအပေါ် သူ့ရဲ့ အထင်အမြင် လွဲမှားမှုနဲ့ ခွေးရဲ့ အခန်းကဏ္ဍကိုတောင် မသိလိုက်ဘဲ ဟေးကော်နဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတာကို ဖြေရှင်းပြီး အရာအားလုံးက ပုံမှန်ပါပဲ ဟုသာ မှတ်ယူလိုက်ပေ၏။

ဟေးကော်ကို ပြန်ကြည့်လိုက်တော့ ဟေးကော်ဟာ သူ ဘာပဲလုပ်လုပ် မှန်တယ်လို့ ခံစားနေရသလို ဆက်လုပ်နေသည်။ အိမ်မှာ ခွေးတစ်ကောင်ရှိခြင်းက တစ်ခုခုကို သိမ်မွေ့တဲ့နည်းနဲ့ အမြဲထိခိုက်စေနိုင်ပါ၏။ ထို့ကြောင့် သူဟာ ဟေးကော်ရဲ့ လွှမ်းမိုးမှုကို ခံစားရတာပဲ ပုံမှန်ပဲဟုသာ မှတ်ယူလိုက်သည်။

"ကျွန်တော်တို့ ကျေးလက်က မြို့ထက်ကောင်းတာ​တော့ မဟုတ်ဘူး ကျေးလက်မှာက နတ်ဆိုးတွေ များတယ်"

ချန်ရှီ ကန့်ညောင်ကို ကန်တော့သည်။ ကျူးရှို့ချိုင်ကိုလည်း အမွှေးတိုင်ဖြင့် ပူဇော်ပြီး မနက်ခင်း လေ့ကျင့်ခန်းနည်းနည်း ပြင်ဆင်ကာ ကျေးလက် ဓလေ့ထုံးစံတွေကို ဖုလိန်ရှန်းအား မိတ်ဆက်ပေးလိုက်သည်။

"နေ့ခင်းဘက် လခြမ်းက ပေါ်နေတယ်... ဒါပေမဲ့ ထွက်လာတဲ့ အရာတွေက အားနည်းတဲ့ နတ်ဆိုးတွေ များတယ်... ညဘက် အလွယ်တကူ အပြင်မထွက်ပါနဲ့... နတ်ဆိုးတွေက ညဘက်မှာ ပိုအားကောင်းတယ် မထွက်ခင် ပြင်ဆင်ထားရမယ်... အဆောင်လက်ဖွဲ့တွေကို ပတ်ပတ်လည်မှာ ချိတ်ဆွဲထားရမယ်... မီးပုံးပေါ်မှာ ရေးထားတာဖြစ်ဖြစ်ပေါ့.. မိုးကြိုးငါးလုံးအဆောင်လက်ဖွဲ့ကို မီးပုံးပေါ် ကပ်ထားဖို့လည်း မမေ့ရဘူး...မီးပုံ ကိုင်ပြီး လမ်းလျှောက်ထွက်နေချိန်ကျရင် မီးပုံးကို တစ္ဆေလေးတွေက လာမှုတ်တတ်တယ်....သူတို့ မှုတ်လိုက်ရင် တစ္ဆေလေးတွေ အုံကြွလာလိမ့်မယ်...."

ဖုလိန်ရှန်းဟာ ကျေးလက်ဒေသမှာ အချိန်အတော်ကြာ နေထိုင်ရမှာ ဖြစ်သည်။ သို့မဟုတ်ပါကလည်း သူ့တစ်သက်တာလုံး ခရိုင်မြို့သို့ မပြန်နိုင်တော့ပေ။ ကျေးလက်မှာ တစ်စုံတစ်ယောက်ကြောင့် ဒုက္ခရောက်ရင် ချန်ယန်တောင်မှာ ပုန်းနေရလိမ့်မည်။

မြို့ကပုဂ္ဂလိကကျောင်းဆရာ ကွယ်လွန်ပြီး ဆရာအသစ် မရှိတော့ကြောင်း ချန်ရှီထံမှ ကြားသိရသဖြင့် သူ့အလုပ်ဟောင်းဆီသို့ ပြန်သွားပြီး ချောင်ဝမ်မြို့၌ ကိုယ်ပိုင်ကျောင်းဖွင့်ရန် စီစဉ်ခဲ့သည်။

"...လမ်းဘေးမှာ သခွားသီးတွေ ခူးစားလို့ရပေမယ့် မစားခင် ရေဆေးရမယ်... ကျေးလက်မှာ မိန်းကလေးတွေ လိုက်ဖမ်းတဲ့ ဘဲတစ်ကောင် ရှိတယ်... ဖမ်းပြီး ဘဲဥတွေကို ညှစ်ထုတ်ဖို့ ဘဲလည်ပင်းကို ကိုင်ထားရတယ်.... ဟိုမှာ လယ်ကွင်းထဲက ဖရဲသီးတွေလည်း စားလို့ရတယ် အဘွားယွိထက် မြန်မြန်ပြေးနိုင်ရင်ပေါ့"

ချန်ရှီ စည်းစနစ်တကျ မိတ်ဆက်ပေးနေစဥ် အဘွားအိုတစ်ယောက် ဖရဲသီးခင်း အပြင်သို့ ထွက်လာသည်။

"တစ်ဆယ်လေး ပညာရှင် စာမေးပွဲ အောင်ခဲ့လား"

ချန်ရှီ: "အောင်သွားပြီ!"

အဘွားယွိသည် ဖရဲသီးအနည်းငယ်ခူးပြီး သူ့ရင်ခွင်ထဲ ထည့်ပေးလိုက်သည်။

"တစ်ဆယ်လေးက ချမ်းသာသွားပြီ မင်းအဘိုးသာ အသက်ရှင်နေသေးတယ်ဆိုရင် သူက မင်္ဂလာ​သေရည်နဲ့ တက်ကြွတဲ့ ပွဲတွေလုပ်ပေးမှာ သေချာတယ်....စားလိုက်.. စားလို့ မဝသေးရင် လယ်ကွင်းထဲမှာ သွားစား...."

ချန်ရှီလည်း စာပေ ပညာရှင်၏ စွမ်းအားကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

"ကျေးလက်မှာ ပညာတော်သင် ဖြစ်ဖို့က ထိပ်တန်းဦးစားပေးပဲ... စည်းကမ်းအရ သေရည် သောက်ရမယ်"

ချန်ရှီ ဖုလိန်ရှန်းကို ကြည့်လိုက်သည်။

"ဒါပေမယ့် ကျွန်တော့်မိသားစုမှာ ကျွန်တော်တစ်ယောက်တည်း ဆိုတော့ ပွဲလုပ်ပြစရာ မလို​တော့ဘူး"

ဖုလိန်ရှန်းက ခေါင်းယမ်းပြသည်။

"ပညာရှင်တွေက အသုံးမဝင်ဘူး... မင်း ခရိုင်မြို့မှာ စာပေပညာရှင်တွေ အများကြီး မတွေ့နိုင်ပေမယ့် ပြည်နယ်မြို့တော်ကို ရောက်ရင် လမ်းမတွေပေါ်မှာ စာပေ ပညာရှင်တွေနဲ့ ပြည့်နေတာ တွေ့လာလိမ့်မယ်... အုတ်တစ်ချပ်ကတောင် နှစ်ယောက်ကို သေစေနိုင်တယ်...ရှီးကျင်းလို နေရာမျိုးရောက်ရင် စာပေ ပညာရှင်အရေအတွက်က ပိုကြောက်စရာ ကောင်းလာဦးမယ်"

"ကျွန်တော်တို့လို ကျေးလက်က လူတွေက မသိဘူးလေ... ကျေးလက်က လူတွေက စာပေ ပညာတော်သင်ဖြစ်ရင် ရှေ့ကိုရောက်ပြီ... တရားဝင် သခင်ကြီးလို ဖြစ်လာ​ပြီလို့ ထင်နေကြတာ..."

သူတို့နှစ်ဦးသည် နတ်ဆိုးများ၊ ကျေးလက်ဓလေ့ထုံးစံများ အကြောင်း စတင်ပြောဆိုကြပြီး ချန်ရှီရဲ့ခေါင်း အနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးဆီသို့ တဖြည်းဖြည်း စကားလမ်းကြောင်း လှည့်သွားကြသည်။

ဖုလိန်ရှန်းသည် အစက နတ်ကွန်းငယ်တစ်ခုကို ဘုံကျောင်းတစ်ခုနဲ့ အစားထိုးလိုက်တာက ကွဲလွဲတယ်လို့ ထင်ခဲ့သော်လည်း ချန်ရှီရဲ့ ဘုံကျောင်းငယ်ရဲ့ လုပ်ဆောင်မှုမှာ နတ်သန္ဓေသားကို ထောက်ပံ့သည့် နေရာဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် နတ်ဘုရားအား ဝတ်ပြုရာ နေရာ၌ နတ်သန္ဓေသားကို ထားရှိထားသောကြောင့် ချန်ရှီရဲ့ ဘုံကျောင်းငယ်တစ်ခု ထွက်ပေါ်လာတာက ထူးခြားမှုမရှိကြောင်း ပြောကြားခဲ့သည်။

"ဒါ့အပြင် နတ်သန္ဓေသားက နတ်ကွန်းတစ်ခုထဲမှာ ထိုင်နေတယ်... နတ်ကွန်းက ဘုံကျောင်းငယ်လေးထဲမှာ ရှိနေတယ်... လေနဲ့မိုးဒဏ် အကာအကွယ်ပေးတယ် အမွှေးတိုင်လည်း ပူဇော်နိုင်တယ်...ဒါက ဆရာကို ပိုရိုသေပြသလိုပဲ မဟုတ်ဘူးလား"

ဖုလိန်ရှန်းလည်း ဒါကို တွေးပြီး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရလေ၏။

ဟေးကော်ကလည်း သခင်လေးကို အရမ်းသဘောကျလာသည်။

သူသည် မှော်ပညာကို အမှန်တကယ် မသုံးခဲ့သဖြင့် လူကြီးမင်းဖုကလည်း ထူးဆန်းသော အရာကို မမြင်နိုင်ခဲ့ပေ။ အဆုံးမှာတော့ လူနှစ်ယောက်က မှော်ပညာအကြောင်း ဆက်ပြောကြသည်။

ဖုလိန်ရှန်းဟာ ခိုင်မာသော အခြေခံအုတ်မြစ်ရှိသည့် ကိုယ်ပိုင်ကျောင်းဆရာ တစ်ဦးဖြစ်သည်။ ချန်ရှီ လေ့ကျင့်နေသည့် ကျစ်ဝူရှဲ့သတ်ဓားထဲက လှုပ်ရှားမှု တချို့တွင် သိမ်မွေ့သော အမှားများစွာ ရှိနေတာ တွေ့လိုက်ရသောကြောင့် ကျစ်ဝူရှဲ့သတ်ဓားရဲ့ ကိုယ်ဟန်အနေအထားကို ပြုပြင်ပေးခဲ့သည်။

ချန်ရှီ သူ့ကိုယ်သူ ပြုပြင်ပြီးနောက် ဓားခြောက်သွယ်ရဲ့ စွမ်းအားက ပိုမိုအားကောင်းလာပြန်၏။

ဖုလိန်ရှန်း အံ့သြသွားသည်။

ချန်ရှီရဲ့ ကျစ်ဝူရှဲ့သတ်ဓားက အကွာအဝေး ကန့်သတ်ချက် အထက်သို့ ရောက်ရှိသွားပြီးပြီလေ။ မမျှော်လင့်ဘဲ ချန်ရှီက ၎င်းကို ဆက်လက် တိုးနိုင်ခဲ့ပြန်သည်။

ခရိုင်စာမေးပွဲ စမ်းသပ်မှုအတွင်း ချန်ရှီရဲ့ ဓားစွမ်းအင်သည် ပေရှစ်ဆယ်ကျော် အကွာအဝေးသို့ ရောက်ရှိနိုင်ခဲ့သော်လည်း ယခု သင်ကြားပို့ချပြီးနောက် ပေတစ်ရာကျော်အထိ ရောက်ရှိသွားပြီ။

ဖုလိန်ရှန်း ခဏကြာတော့ ငြိမ်သက်သွားသည်။

"ချန်ရှီ မင်းရဲ့ ကျစ်ဝူရှဲ့သတ်ဓားက အတော်လေး အကွာအဝေးရှိတယ် ဒါပေမယ့် အကွာအဝေးက ပိုတိကျလေ ပစ်မှတ်က ပေတစ်ရာအကွာမှာရှိရင် သာမန်မျက်စိနဲ့ ခွဲခြားရခက်လေပဲ... မင်းရဲ့ ပစ်မှတ်အပေါ် တိကျမှုကို ခဏခဏ လေ့ကျင့်ထားဖို့ လိုတယ်..."

သစ်သားတုံး တစ်ဒါဇင်ကျော်ကို ခုတ်ဖြတ်ပြီး ပေတစ်ရာအကွာမှာ ချထားလိုက်သည်။ ထို့နောက် သစ်သားတုံးတွေပေါ်မှာ ကျောက်စရစ်ခဲတွေ တင်ထားလိုက်သည်။

"ပစ်မှတ်ကို အကြိမ် ၁၀၀ မထိမချင်း ဓားစွမ်းအင်ကို လေ့ကျင့်နေ... ပစ်မှတ်ကို အကြိမ် ၁၀၀ ထိနိုင်သွားရင်တောင် မြန်မြန်ဆန်ဆန် လှုပ်ရှားရင်း တိတိကျကျ ခုတ်ဖြတ်နိုင်အောင် ဆက်လေ့ကျင့်..."

ချန်ရှီရဲ့ ကျစ်ဝူရှဲ့သတ်ဓားက အလွန်အစွမ်းထက်သော်လည်း အခြေခံ လေ့ကျင့်မှု မရှိသောကြောင့် ပစ်မှတ်ကို တိတိကျကျ မချိန်ပစ်နိုင်တာ ရှိသည်။ ချန်ရှီကလည်း ၎င်းကို ချက်ချင်း စတင်လေ့ကျင့်ခဲ့သည်။

"ဟေးကော်... မင်းရဲ့သခင်ငယ်လေးက ကျောက်စရစ်ခဲတစ်လုံးကို ထိလိုက်တာနဲ့ မင်းက ပြေးပြီး ကျောက်စရစ်ခဲ အသစ်တစ်ခုကို ကောက်ပြီး သစ်သားတုံးပေါ်မှာ တင်ထားပေးလိုက်..."

မကြာခင်မှာ ခွေးလေးဟာ အလုပ်ရှုပ်စွာနဲ့ ပြေးလွှားနေတာကို တွေ့လိုက်ရပြန်ရာ ဖုလိန်ရှန်း အံ့သြသွားရပြန်သည်။

အနီးကပ်ကြည့်လိုက်တော့ ပေတစ်ရာကျော်အကွာက သစ်သားပုံတွေပေါ်မှာ ကျောက်စရစ်ခဲတွေ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲနေတာ တွေ့ရ၏။ ချန်ရှီရဲ့ ဓားစွမ်းအင်က ပေတစ်ရာ အကွာကနေ အဲဒီကျောက်စရစ်ခဲတွေကို အတိအကျ ထိမှန်သွားသည်။

ခွေးလည်း အရမ်းအလုပ်များသွားသည်။

"ဒီလောက်မြန်လား?"

ဖုလိန်ရှန်း ထိတ်လန့်သွားသော်လည်း ချန်ရှီကတော့ နောက်တစ်ကြိမ် ပြေးထွက်သွားကာ ဓားကို လက်ထဲတွင် ကိုင်ထားပြီး ပြေးလွှားရင်း ဓားစွမ်းအင်ကို အဆက်မပြတ် ဝေ့ယမ်းနေတာ တွေ့လိုက်ရသည်။

ဖောင်း! ဖောင်း! ဖောင်း!

ကျောက်စရစ်ခဲများက ပေတစ်ရာ အကွာ၌ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။ မှားယွင်းတဲ်အစပြုမှုမရှိ၊ လွဲချော်သွားတာမျိုး အလွန်တိကျနေဆဲ ဖြစ်သည်။

ဖုလိန်ရှန်း ကျောက်စရစ်ခဲတစ်တုံးကို ကောက်ကိုင်လိုက်ပြီး သူ့အဝတ်အစား ရိုက်ခတ်သံတွေနဲ့ ပြေးထွက်သွားသည်။

"ချန်ရှီ... ပေတစ်ရာအကွာ!"

ချန်ရှီလည်း သူတို့နှစ်ဦးကြားမှာ ပေရာနှင့်ချီအကွာအဝေး ရှိကြောင်း နားလည်သွားသည်။ တစ်ချိန်တည်းမှာပင် ဖုလိန်ရှန်း မြွေလိမ်မြွေကောက် လမ်းအတိုင်း ပြေးကာ ခြေလှမ်း ၇လှမ်း ရောက်တိုင်း လှည့်၍ သူ့ခန္ဓာကိုယ်လှုပ်ရှားမှုများကို တမင် မှားယွင်းစွာ လိမ်ရင်း ကျောက်စရစ်ခဲများကို ဆက်လက်ပစ်ချခဲ့သည်။

ချန်ရှီကလည်း တောအုပ်ကြီးအတွင်း ဖြတ်ပြေးသွားကာ ကျောက်စရစ်ခဲများ လွင့်ပျံလာတာ မြင်လိုက်တာနဲ့ ဓားစွမ်းအင်ဖြင့် ဖောက်ခွဲပစ်လိုက်သည်။

မနက်ပိုင်း လေ့ကျင့်ချိန်ကနေ မွန်းတည့်ချိန်အထိ လေ့ကျင့်ခဲ့သည်။ ချန်ရှီဟာ ဆယ်ကြိမ်မှာ ကိုးကြိမ်ထိ လုပ်နိုင်ခဲ့ပြီး တစ်ခါတရံ ဆယ်ကြိမ်တောင် တိတိကျကျ ဖြတ်တောက်နိုင်၏။

ဖုလိန်ရှန်း အနည်းငယ် မောပန်းကာ ခေါင်းခါလေသည်။

"မလေ့ကျင့်တော့ဘူး မလေ့ကျင့်တော့ဘူး... ချန်ရှီ မင်းဘယ်လိုများ လုပ်နိုင်လိုက်တာလဲ"

"မျက်စိနဲ့ မြင်နိုင်တာတွေကို စိတ်ကပါ အဲဒီနေရာ ရောက်အောင် ထိန်းချုပ်လိုက်တာ... ကျွန်တော့်စိတ်က လှုပ်ရှားလိုက်တာနဲ့ ဝိညာဉ်က ရောက်လာတယ်... စိတ်ဝိညာဉ်နဲ့ ဓားစွမ်းအင်က လိုက်လျောညီထွေ ရှိရင် လွဲမှားတဲ့ ဓားချက်လည်း မရှိဘူး... တစ်ခါတလေ ကျွန်တော့် စိတ်ဝိညာဉ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အချက်တစ်ချက် ရှိတယ် ဥပမာ ကျွန်တော် ရုတ်တရက် အတွေးတစ်ခု ဝင်လာရင် ဓားစွမ်းအင်က နည်းနည်းလေး ယိုင်သွားတယ်...."

ဖုလိန်ရှန်း ပိုလို့တောင် တုန်လှုပ်သွားပြီး အသံပင် ခဏပျောက်သွားရသည်။

"မင်းရဲ့ ဓားဝိညာဉ်က ပေတစ်ရာအကွာရဲ့ အပြင်ကိုရော ရောက်နိုင်မလား... ခဏစောင့် ဟေးကော် ဟေးကော် ဒီကို လာ!"

ဟေးကော် ပြေးလာသည်။

ဖုလိန်ရှန်း သစ်သားပြားတစ်ချက်ကို ယူကာ ထိုအပေါ်၌ စာတန်းလေး ရေးလိုက်သည်။ ဟေးကော်က သစ်သား​ပြားနဲ့အတူ ပေတစ်ရာအကွာ ကျော်ကျော်အထိ ပြေးသွားသည်။

"ချန်ရှီ... သစ်သားပေါ်က စကားလုံးတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရဲ့လား"

ချန်ရှီ အာရုံစူးစိုက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက် ရုတ်တရက် အံ့အားသင့်သွားကာ။

"ကျွန်တော် ယောင်ဝါးဝါးတော့ မြင်ရတယ်... အဲဒါက နတ်...ချီ....ဝိညာဥ်..သုံးပါး.... နတ်ချီဝိညာဥ်သုံးပါး!"

ဖုလိန်ရှန်းက ညစ်ညမ်းသောလေကို ရှုရှိုက်လိုက်ရသလို တစ်ချက် ညည်းညူလိုက်သည်။

"အဲဒါက နတ်ချီဝိညာဥ်သုံးပါး ဆိုတာ အမှန်ပဲ.... နတ်၊ချီ၊ ဝိညာဥ်ရဲ့ ပေါင်းစပ်သုံးမျိုးက ရွှေအမြုတေ ကိုးကြိမ် အသွင်ပြောင်းပြီး အခြေတည်ဝိညာဥ် ပြောင်းလဲတဲ့ နေရာမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲ.... ရွှေအမြုတေကို နတ်၊ ချီ၊ ဝိညာဥ် သုံးမျိုးကို မပေါင်းစပ်ခင်မှာ ရွှေမျိုးစေ့အနေနဲ့ သုံးရမယ်.... ပြီးရင် ရွှေအမြုတေက အဝါရောင်အဖူးလေး ထွက်လာလိမ့်မယ်.. ကြီးထွားလာရင် အဲဒါက အခြေတည်ဝိညာဥ်ပဲ....ငါ အခြေတည်ဝိညာဥ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ရှာဖွေရင်း စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်..."

သူ့ဘာသာ ပြောရင်း ခေါင်းယမ်းလိုက်သည်။ ချန်ရှီက သူခက်ခက်ခဲခဲ ရှာဖွေနေသည့် သုံးမျိုးလုံးပေါင်းစပ်မှုကို မတော်တဆ ပြီးမြောက်အောင် လုပ်နိုင်ခဲ့၏။

"နတ်ချီဝိညာဥ်သုံးပါး ပေါင်းစပ်ပုံက အရမ်းရိုးရှင်းတာပဲ..."

ချန်ရှီ အတော်လေးကို အံ့အားသင့်သွားသည်။

"ကျွန်တော်က ပေသို့ ခုနစ်ချက်ကို လေ့ကျင့်ခဲ့ပြီးတော့ ရွှေအမြုတေကို ဖွဲ့စည်းလိုက်တာ.... ခုနစ်ကြိမ်တုံ့​​ပြန့်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ... အဲဒါပြီးတော့မှ ထုံးစံအတိုင်း၊ ချီအနှစ်သာရ၊ နတ်စွမ်းအင်နဲ့ စိတ်ဝိညာဉ် ... အဲ့သုံးခုကို ပေါင်းစပ်ခဲ့တာ...."

အခက်​အခဲ မ​တွေ့ခဲ့ချေ။ ပေသို့ ခုနစ်ချက်သည် အရိုး၊ နှလုံး၊ သွေး၊ အသား၊ အရေပြား၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဥ်တို့ကို ထိန်းညှိပေးသည်။ ထိုအရာများထဲတွင် ရောင်ကွမ်းကြယ်က စိတ်ဝိညာဥ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်​ပေးခဲ့၏။ သူ့ကိုယ်သူ သတိမပြုမိဘဲတောင် အလွန်ပြင်းထန်လာခဲ့ခြင်းပင်။ ချီနဲ့ သွေးများကလည်း အကြိမ်များစွာ သန့်စင်ထားတာမလို့ ယခုအခါ သူတော်စင် ခန္ဓာကိုယ်ဟု ပြောနိုင်သည်။

သူသည် မူလက သူ​တော်စင် သန္ဓေသားအဖြစ်သာ သန့်စင်ခဲ့၏။ နတ်သန္ဓေသား ရလာပြီးနောက် ယခုအခါတွင် သူ့ချီစွမ်းအင်နှင့် ချီသွေးများက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားရာ လက်ချောင်းထိပ်တွင်ပင် စွမ်းအင်များကို ထိန်းချုပ်နိုင်လာရာ အရာအားလုံးက ကျေနပ်စရာကြီးပင်။

ဖုလိန်ရှန်း: "ခုနှစ်ချက်တုံ့ပြန်က ဘာလဲ..."

ချန်ရှီ: "ရွှေအမြုတေကို ဖွဲ့စည်းပြီးတော့ သွေးကြော၊ ချီ၊ သွေး၊ ​ခြင်ဆီ၊ အရိုး၊ ပုံသဏ္ဌာန်နဲ့ စိတ်ဝိညာဉ်ကို ပြန်တုံ့ပြန်နိုင်စွမ်း ရှိတာကို ပြောတာ...."

"အပြောင်းအလဲ ရှစ်ချက်က ဘာလဲ...."

"သွေးခုန်နှုန်း ရပ်တန့်ခြင်း၊ အကျဥ်းကျခြင်း၊ သွေးဖြူဥခြင်း၊ အနှစ်သာရ ကြိုးထုံး ပြောင်းလဲခြင်း၊ အရိုးနီကျောက်စိမ်းအဖြစ် ပြောင်းလဲခြင်း၊ ခြင်ဆီက လျှို့ဝှက်ဆန်းကြယ်တဲ့ နှင်းခဲအဖြစ် ပြောင်းလဲခြင်း၊ သလင်းခန္ဓာပြောင်းလဲခြင်း၊ အတုမဲ့နတ်ပြောင်းလဲခြင်း တဲ့"

"ကိုး​ကြိမ်ပြန်လာကရော ဘာလဲ"

"ရွှေအမြုတေရဲ့ စွမ်းအင်က ကျောက်ကပ်၊ နှလုံး၊ အသည်း၊ အဆုတ်၊ သရက်ရွက်၊ အဂ္ဂိရတ်ခန်း၊ ချီအိမ်၊ အနှစ်သာရခန်းမနဲ့ နတ်ဘုရားခန်းတွေဆီ ပြန်ဝင်လာတာ...."

ဖုလိန်ရှန်း အံ့အားသင့်သွားကာ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေပြီး အကြာကြီး မလှုပ်ရှားခဲ့ပေ။ သူ့မျက်နှာပေါ်မှ မျက်ရည်နှစ်ကြောင်းသာ စီးကျလာသည်။

ချန်ရှီမှာ ဖုလိန်ရှန်း ပုံစံကြောင့် အံ့သြသွားရသည်။

"ဒါက ဆေးကောင်း တစ်လတ်ရဲ့ သန့်စင်တဲ့နည်းလမ်းပဲ!"

ဖုလိန်ရှန်း မျက်ရည် ကျလာတဲ့ကြားက ရုတ်တရက် ရယ်မောလိုက်ပြန်သည်။

"လူ့ခန္ဓာကိုယ်ရဲ့ ကြီးမြတ်တဲ့ ရွှေအမြုတေကို သန့်စင်တဲ့နည်းလမ်းပဲ.... ဒီဆေးနည်းက ပြင်ပကနေ သန့်စင်စရာမလိုဘူး အတွင်းမှာပဲ သန့်စင်ဖို့ပဲလိုတယ်.... ခုနစ်ကြိမ်တုံ့ပြန်၊ ရှစ်ချက်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာပြီးရင် လူ့ခန္ဓာကိုယ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရွှေအမြုတေကို ရဖို့ ပြင်ပဆေးလုံးတွေ မလိုဘးး.. အံ့ဖွယ်နည်းနဲ့ ဝယ်စရာ မလိုဘူး"

သူက ရူးသွပ်သွားသလိုပဲ ရယ်မောနေ၏။

"အနှစ်နှစ်ဆယ်... ငါ အနှစ်နှစ်ဆယ်လောက် လေ့လာနေခဲ့တာ... ရွှေအမြုတေရဲ့ ကိုးကြိမ်မြောက် နန်းတော်အလှည့်မှာ အောင်​မြင်ဖို့ စွမ်းအင်နဲ့ ချီသွေးတွေက မလုံလောက်တော့ဘူးလို့ပဲ ငါထင်ခဲ့တာ... စမ်းသပ်အောင်မြင်ဖို့အတွက် ဝိညာဉ်ဆေး ဖြစ်အောင် သန့်စင်ဖို့လိုတယ်လို့ ငါထင်ခဲ့တာ... ဒါပေမဲ့ ရွှေအမြုတေ ကိုယ်တိုင်က ကြီးမြတ်တဲ့ဆေး ဖြစ်​နေမယ်လို့ ငါမမျှော်လင့်ထားဘူး"

"ရွှေအမြုတေက ဆေးကောင်းတစ်လက်ပဲ!"

သူက မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ ရှိုက်ကြီးတငင် အော်ဟစ်နေတော့သည်။

"ငါ အနှစ်နှစ်ဆယ်လောက် ပိတ်မိနေခဲ့တာ...ငါ အခြေတည်ဝိညာဥ် အတွက် လေ့ကျင့်နေသင့်တာ ကြာပြီ... ဒါပေမဲ့ အထီးကျန်တဲ့ အခြေအနေမှာ အနှစ်နှစ်ဆယ် နေခဲ့ရတယ်... ဘဝမှာ အသက်ရှင်ချိန် ဘယ်လောက်ရှိပါလိမ့်... ဒါပေမဲ့ အခု သိပ်နောက်မကျသေးပါဘူး!"

သူက မိုက်မဲစွာ ခုန်ထလိုက်ပြန်သည်။

"ခုနစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာဆိုတဲ့ နည်းအတိုင်း ရွှေအမြုတေကို စိုက်လိုက်ရင် အဝါရောင်အဖူးလေး ထွက်လာမယ်... ပြီးရင် အခြေတည် ဝိညာဥ်ကို မွေးမြူနိုင်ပြီ!... ချန်ရှီ မင်းက ငါ့ရဲ့ကျေးဇူးရှင် ဆရာပဲ... ငါ မင်းကို ဂါဝရပြုပါတယ်... အကြိမ် နည်းနည်းလောက် ဂါဝရပြုတယ်!"

"ခွေးလေး... ငါ မင်းကို ဘယ်တော့မှ သံသယ မဝင်တော့ဘူး! ငါ မင်းကိုလည်း ဂါဝရပြုတယ်"

သူ အရမ်းရူးသွားသလို စကားတွေ တောက်လျှောက် ပြောနေတာကြောင့် ဟေးကော်တောင် အရမ်းအံ့သြသွားရ၏။ ဖုလိန်ရှန်းဟာ တစ်ယောက်နဲ့ ခွေးတစ်ကောင်ကို ဒူးထောက်ကာ အကြိမ် အနည်းငယ် ဂါဝရပြုနေလေသည်။

ချန်ရှီသည် ဖုလိန်ရှန်း ပုံမှန်ပြန်ဖြစ်လာတဲ့အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေစဥ် သူ့စိတ်ထဲတွင် အနည်းငယ် အံ့သြ​နေမိသည်။

"အဲဒါတွေက ပုံမှန်လေ့ကျင့်ခန်းတွေမှာ ပါတဲ့ဟာတွေပဲ မဟုတ်ဘူးလား?"

အချိန်အတော် ကြာပြီးနောက် ဖုလိန်ရှန်းလည်း နောက်ဆုံးတွင် သူ၏ရူးသွပ်မှုမှ နိုးထလာခဲ့သည်။ အစောတုန်းက သူ့ရဲ့ အလွဲအချော်များကို တွေးတောမိသောအခါ နည်းနည်းတော့ ရှက်ရွံ့သွားသလို ခံစားလိုက်ရ၏။

"အမ်... ချန်ရှီ၊ ဟေးကော် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့နော်.... ငါ အခုကစပြီး မြို့ထဲမှာ စာပြန် သင်ပေးရတော့မယ်... ငါ ရူးနေတာကို သိသွားရင် လူတွေ ရယ်ကုန်လိမ့်မယ်”

ချန်ရှီ: "ကောင်းကင်နဲ့မြေကြီးက ငါနဲ့တူတယ်... နတ်ဘုရားတွေ သရဲတစ္ဆေတွေကို ဆုတောင်းတာထက် မင်းကိုယ်မင်း ဆုတောင်းတာက ပိုကောင်းတယ်တဲ့... ခင်ဗျား ရွှေအမြုတေကို ဆေးကောင်း ဖြစ်အောင် သန့်စင်ချင်နေတဲ့ ရည်ရွယ်ချက်က ဘာလဲ.... တိုက်ပွဲမှာ အစွမ်းထက်ဖို့ပဲလား"

ဖုလိန်ရှန်းမှာ သတိပြန်လည်လာပြီမလို့ အလွန်ရှက်သွားသည်။

"ငါမင်းကို အများကြီး မသင်ပေးခဲ့ပေမယ့် မင်းငါ့ကို အများကြီး သင်ပေးခဲ့တယ်...မင်းရဲ့ ဆရာ မဖြစ်လိုက်ရတာနဲ့တင် ရှက်စရာ ကောင်းနေပြီ"

ချန်ရှီက စိတ်အားထက်သန်နေသေးတာ မြင်လိုက်ရသဖြင့် ဖုလိန်ရှန်းလည်း ရုတ်တရက် နိုးထလာပြီး ချန်ရှီကို ဆက်၍ လေ့ကျင့်ပေးလေသည်။

"သူ့ရဲ့ ချီစွမ်းအင်က ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ... ရွှေအမြုတေနယ်ပယ်က ကျင့်ကြံသူတောင် ဒီဓားချက်ကို ခံနိုင်ရည် မရှိ​လောက်ဘူး!"

ဝမ်ချိုင်ကျောင်းတော်က ကျောင်းသားများ ဒီဓားသိုင်းကို လေ့ကျင့်သောအခါ ဓားစွမ်းအင် တစ်ချက် လေ့ကျင့်ပြီးရင် ရပ်တန့်ရသည်။ ပြီးရင် အသက်ရှူမဝမီ ဓားစွမ်းအင်ကို လေးငါးချောင်းလောက်အထိသာ လေ့ကျင့်လေ့ရှိသည်။ ခန္ဓာကိုယ်က မကျန်းမာပါက ဝိညာဉ်စွမ်းအင် လေ့ကျင့်မှုမှာလည်း တိုးတက်မှုက နှောင့်နှေးလိမ့်မည်။ တစ်နေ့ နှစ်ကြိမ် လေ့ကျင့်နိုင်ရင်ပဲ အတော် ကောင်းနေပါပြီ။

နတ်သန္ဓေသားကို ရရှိပြီး စာမေးပွဲအောင်လျှင်ပင် ဓားစွမ်းအင်ကို တစ်နေ့တာလုံး ပေါ့ပေါ့ဆဆ ထုတ်လွှတ်နိုင်မည် မဟုတ်ချေ။ ဒါ့အပြင် ချီစွမ်းအင် ဆုံးရှုံးသွားပါက ပြန်လည်ရရှိရန် အချိန်တစ်ခုတော့ လိုအပ်လိမ့်မည်။ ရွှေအမြုတေနယ်ပယ် ရောက်ရင်တောင် ချီစွမ်းအင်ကို အလိုအလျောက် ပြန်ရရှိဖို့က မဖြစ်နိုင်ပေ။

ဥပမာအားဖြင့် ချန်ရှီသည် သူ့ချီစွမ်းအင်ကို ဖြုန်းတီးပြီး ကျစ်ဝူရှဲ့သတ်ဓားကို တစ်မနက်လုံး လေ့ကျင့်နေခဲ့သည်။

ဖုလိန်ရှန်းမှာ ချီစွမ်းအင်ကို ထိန်းညှိနိုင်သော နတ်သန္ဓေသားလေး ရှိသော်လည်း ချန်ရှီတွင် နတ်သန္ဓေသား မရှိတော့သောကြောင့် အလွန်လျင်မြန်စွာ သူ့ချီစွမ်းအင်ကို ပြန်လည်ရရှိနိုင်တာက အံ့ဩစရာ ကောင်းနေသည်။

"ချန်ရှီရဲ့ ကျင့်စဥ်မှာ ပြဿနာရှိ​နေတာများလား... သူ့မှာ သန္ဓေသားမရှိပေမယ့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်တယ်... ဒါက ကျင့်စဥ်က ပြဿနာ ရှိနေတယ်ဆိုတာ ပြနေတာပဲ"

ဖုလိန်ရှန်း စိတ်ထဲတွင် နွေဦးရာသီမှာ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသလို ရုတ်တရက် ခေါင်းမူးလာတော့သည်။

"ဒါပေမဲ့ သူ့ကျင့်စဥ်မှာ လူ့ခန္ဓာကိုယ် ဆေးပညာရဲ့ လျှို့ဝှက်ချက်ကရော ဘာလို့ရှိနေတာလဲ... ငါက ရှေးရိုးဆန်တဲ့ ကျင့်စဥ်ကို လေ့ကျင့်ထားတာလည်း မဟုတ်ဘူး ငါ့မှာမှမဟုတ်ဘူး... လူကြီးမင်းကျန်းရဲ့ ကျင့်စဉ်မှာလည်း ရွှေအမြုတေကို ဆေးလုံးလို သန့်စင်ပစ်နိုင်တဲ့ နည်း မပါဘူး!"

လူကြီးမင်းကျန်း လေ့ကျင့်သည့် ကျင့်စဥ်ဟာ လီမိသားစုမှ လာခြင်း ဖြစ်သည်။ လီမိသားစုမှာရော ဘာလို့ မရှိတာလဲ။ သူ့အတွက် လက်ရှိနယ်ပယ်ကို ဖြတ်ကျော်ပြီး အခြေတည်ဝိညာဥ် ရလာအောင် ကူညီပေးနိုင်တဲ့ ဆေးလုံးကို ဘာကြောင့် ပြန်လည်သန့်စင်ပေးဖို့ လိုအပ်နေတာလဲ။

ဖုလိန်ရှန်း ထိုအကြောင်းကို သေသေချာချာ မတွေးဝံ့တော့ပေ။ တွေးလေလေ ပိုကြောက်စရာကောင်းလေလေပင်။

သူတို့နှစ်ယောက် ရွာပြန်ရောက်သောအခါ ဟွမ်​ဖောကျေးရွာမှ ရွာသူရွာသားများသည် ပွဲတစ်ခုကျင်းပကြပြီး အစားအသောက်များ ချက်ပြုတ်နေကြတာ တွေ့လိုက်ရသည်။

"ငါတို့ရွာက အခုနှစ်ထဲမှာ ထူးချွန်ထက်မြက်တဲ့ စာပေ ပညာရှင်တစ်ဦးကို မွေးထုတ်ပေးခဲ့တယ်... အဘိုးကြီးချန် ဒီမှာမရှိပေမယ့် ငါတို့ဘက်က ဂုဏ်ပြုပေးဖို့ လိုတယ်လေ..."

အဘွားယွိက ပြုံးပြီး ချန်ရှီကို စားပွဲနားဆွဲခေါ်သွားကာ ပင်မထိုင်ခုံမှာ ထိုင်ခိုင်းလေသည်။

"လူကြီးမင်းဖုကလည်း စာပေ ပညာရှင်ဆိုတော့ ဒီမှာ ထိုင်ပါ!"

ချန်ရှီ ချော့မော့ခံနေရချိန် ဖုလိန်ရှန်းလည်း ကျေးလက်၏ စိတ်အားထက်သန်မှုကို ခံစားခဲ့ရသည်။ ဟေးကော်က ကလေးစားပွဲမှာ သွားထိုင်နေ၏။ ဒါပေမဲ့ ရွာသားတွေက ထူးဆန်းတယ်လို့ မခံစားရချေ။

ညစာစားနေစဉ်တွင် နှစ်ပေါင်းများစွာ လေ့လာခဲ့သော အဘွားကြီးယွိက သူ့အိမ်နီးနားချင်းကို ဒုက္ခရောက်စေခဲ့သော နတ်ဆိုးသုံးကောင်ကို ဖယ်ရှားခဲ့သည့် ဇာတ်လမ်းကို အဓိပ္ပာယ်ရှိစွာ ပြော​ပြ​နေခဲ့သည်။

"တစ်ဆယ်လေး... မင်းလည်း စာပေ ပညာတတ်တစ်ယောက် ဖြစ်နေပြီ မင်းဘာလုပ်သင့်တယ်ထင်လဲ"

"ကျွန်​တော်တို့ရွာက နတ်ဆိုးတွေကို ဖယ်ရှားပေးမယ်လေ...ကျွန်တော် ငွေသုံးစပဲ တောင်းမှာပါ"

ချန်ရှီ သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ပွတ်သပ်ပြီး ပြောနေ၏။

"ကျွန်တော် သခင်​ကြီး ဖြစ်လာရင် ရွာသားတွေကို ရန်စချိန်တွေ နည်းသွားမှာပါ!"

ရွာသားတွေခမျာ ကျိန်စာတိုက်ချင်ပေမယ့် သခင်​ကြီးတွေက ရွာသား​တွေကို သတ်ဖို့ကြိုးစားတဲ့အကြောင်း ​ပြန်စဉ်းစားမိတဲ့အခါ ချန်ရှီကတော့ သခင်ဖြစ်ဖို့အတွက် အင်အားနည်းနည်းပဲ သုံးတာမလို့ အားလုံးက ဒေါသတွေ ပြေပျောက်ပြီး ဝမ်းသာအားရနဲ့ ပွဲကျင်းပကြလေသည်။

နေ့ခင်းဘက်တွင် အဘွားရှားသည် သူမ လက်ထဲတွင် တောင်းတစ်လုံးကို ကိုင်ဆောင်ကာ ပြုံးလျက် လမ်းလျှောက်လာနေသည်။ မုတ်ဆိတ်မွေးလူနှင့် အစိမ်းရောင် သိုးစိမ်းတစ်ကောင်ကလည်း သိုးခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်လာခဲ့သည်။

ဖုလိန်ရှန်းမှာ ခြေထောက်နှစ်ချောင်း မြှောက်လျက် လျှောက်နေသော သိုးစိမ်းကို မြင်သောအခါ တစ်စုံတစ်ရာ ပုံမှန်မဟုတ်ကြောင်း မခံစားမိတော့ချေ။

“တောရွာက သိုးနဲ့ ခွေး အများစုက ဒီလိုပဲဖြစ်မယ်” ဟုသာ သူ့စိတ်ထဲ တွေးလိုက်သည်။

"တစ်ဆယ်လေး... တောင်တန်းအရှင်ဘုံကျောင်း အသစ် ဆောက်ပြီးပြီ.... ဘုံကျောင်းသစ်ကို သိမ်းပိုက်ဖို့ ကျားကို ပင့်ဖိတ်ပြီး အမွှေးတိုင်မီးထွန်းဖို့ အချိန်တန်ပြီ"

အဘွားရှားက ပြုံးပြ​လေသည်။ ချင်းယန်ကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီး။

"အဲ့ကျရင် မင်း ကျားကို မကောင်းမှုလုပ်ဖို့ မသုံးနိုင်တော့ဘူး!"

ဖုလိန်ရှန်းခမျာ သိုးတစ်ကောင်က လူ့စကားများပြောနေတာကို ကြားသောအခါ ဟေးကော်ကို ကြည့်ကာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြန်သည်။ ဟေးကော် သူ့ကို တစ်ချက်ကြည့်လာတော့ ဖုလိန်ရှန်းရဲ့စိတ်က ပုံမှန် ပြန်ဖြစ်သွားသည်။

"ဒါက ကျေးလက်မှာ ဖြစ်တတ်တာတွေ ဆိုတော့ စိတ်ရှုပ်နေစရာ မလိုဘူး.... ဟုတ်တယ် ငါကိုယ်တိုင်က ပုံမှန်မဟုတ်ဘဲ တစ်ခုခု မှားနေတာ ဖြစ်မယ်... ငါ အမြဲတမ်း ကြုံသလို တွေးနေတာပဲ ဖြစ်မယ်"

All Chapters