တောင်တန်းအရှင် လာပြန်ပြီ
Vol. 7 Ch. 104
"အဘွား၊ ဦးလေးချင်းယန်၊ ဦးလေးဟူ.... တောင်တန်းအရှင်က သူ့ရဲ့ နတ်ဝိညာဥ်ပုံစံကို လုံး၀ ပြန်မဖွဲ့စည်းရသေးဘူး... ဘုံကျောင်းအသစ်အထဲ ပြန်ပြောင်းရွှေ့ဖို့က မသင့်တော်သေးဘူး ထင်တယ်"
ချန်ရှီသည် ဘုံကျောင်းငယ်အား ပြသကာ တောင်တန်းအရှင်ရဲ့ အခြေအနေကို လူတိုင်းမြင်အောင် ပြသလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူသည် တောင်တန်းအရှင်ကို လွှဲပြောင်းပေးရန် အနည်းငယ် ဝန်လေးနေပါသည်။
သူ့တွင် နတ်သန္ဓေသား မရှိသောကြောင့် အခု တောင်တန်းအရှင်က သူ့ရဲ့ နတ်သန္ဓေသားနှင့် ညီမျှနေသည်။ နတ်သန္ဓေသားကို နှိုးဆွပြီး တိုက်ခိုက်တဲ့ အကျိုးကျေးဇူးများက ကြီးမားလွန်းလှသည်။
တိုက်ပွဲအတွင်း ကျားဝါကို အသက်သွင်းနိုင်ခဲ့ချိန်ကဆို လူကြီးမင်းကျန်းလို အခြေတည် ဝိညာဉ်နယ်ပယ်မှ လူတစ်ယောက်ကို တစ်ချက်တည်းနဲ့ အနိုင်ယူခဲ့သည်။ တောင်တန်းအရှင်ကိုသာ အသက်သွင်းရင် စွမ်းအားက ပိုတောင် အားကောင်းလာလိမ့်မည်။
သေချာ လေ့ကျင့်တဲ့အခါ အကျိုးကျေးဇူးတွေက ပိုကြီးလာမှာ သေချာသည်။
ချန်ရှီ အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းလိုက်သောအခါ ကျားဝါရဲ့ ကောင်းချီးကြောင့် သူ၏ ချီစွမ်းအင်က ပိုမိုသန့်ရှင်းလာပြီး ကျင့်ကြံမှု အရှိန်ကလည်း အလွန်တိုးတက်လာကြောင်း သတိပြုမိသည်။
ကျူးရှို့ချိုင် ပြောတဲ့အတိုင်းပါပဲ။ နတ်သန္ဓေသားက ကျင့်ကြံသူရဲ့ ဝိညာဉ်နဲ့ ညီမျှတာကြောင့် ကျင့်ကြံသူ အဆင့်နိမ့်နေချိန်တွင် နတ်သန္ဓေသားက စိတ်ဝိညာဉ်ကို အကျိုးကျေးဇူးများကို ကြိုတင်ခံစားနိုင်စေရန် ကျင့်ကြံရာမှာ ကူညီပေးပြီး ကြိုးစားမှု ထက်ဝက်ဖြင့် ရလဒ်ကို နှစ်ဆရရှိစေသည်။ တိုက်ခိုက်တဲ့ အခါတွင်လည်း အဆင့်နိမ့်နေရင်တောင် ခွန်အားကို အလွန်တိုးစေသည်။
တောင်တန်းအရှင်သာ သူ့ကိုယ်ပိုင် ဘုံကျောင်းငယ်ထဲတွင် နေထိုင်ခွင့်ရပါက သူသည် ရွှေအမြုတေကို ဒုတိယနန်းတောိနှင့် တတိယနန်းတော် အလှည့်ကို ပိုမိုမြန်ဆန်စွာ လုပ်နိုင်မှာ သေချာသည်။
အဘွားရှားက ဘုရားကျောင်းငယ်ကို ဂရုတစိုက် ကြည့်ရှုနေသည်။ တောင်တန်းအရှင်ရဲ့ နတ်ဘုရားပုံစံက တင်းမာနေဆဲ ဖြစ်ကြောင်း တွေ့ရသော်လည်း လုံးဝ အပြီးသတ်ရန် နီးကပ်နေရုံသာ ရှိသေးသည်။
“ဒီအတိုင်းဆို ၉ရက် ဆယ်ရက်ခွဲလောက် ကြာသွားမှာ ကြောက်ရတယ်.... ဒါပေမဲ့ တစ်ဆယ်လေးကို ဒီနေရာမှာ ထားခဲ့ဖို့က မလုံခြုံဘူး...”
သူမ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
"တစ်ဆယ်လေး... ဒီရက်ပိုင်း ချန်ယန်တောင်မှာပဲ နေ... ဘယ်မှ ပတ်မပြေးနဲ့ဦး... လောင်ဟူ၊ ချင်းယန် ဆွေးနွေးကြည့်ရအောင်"
သူတို့သုံးယောက် တိတ်တဆိတ် စုရုံးပြီး တိတ်တဆိတ် ဆွေးနွေးနေကြစဥ် ချန်ရှီ နားရွက်လေးထောင်ကာ သေချာ နားထောင်သော်လည်း သူတို့ပြောသံကို မကြားရပေ။ ဟေးကော်ကို အနီးကပ် သွားနားထောင်ရန် လှုံ့ဆော်လိုက်တော့ ဟေးကော်က လျင်မြန်စွာ ခေါင်းယမ်းပြလာသည်။
ခဏအကြာတွင် အဘွားရှားက သူ့ကို အထပ်ထပ်အခါခါ သတိပေးလာခဲ့သည်။
"ဒီရက်ပိုင်းအတွင်း ချန်ယန်တောင်ပေါ်ကနေ ထွက်သွားလို့ မရဘူး"
ချန်ရှီက ခဏလောက် စဉ်းစားကြည့်နေသည်။
"ကျွန်တော် တခြားရွာကိုရော သွားလို့ရမလား"
"တခြားရွာတွေသွားလို့ အဆင်ပြေပေမယ့် ချန်ယန်တောင်အပြင်ကို မထွက်ရဘူး...နေသာတဲ့နေ့မှာ တောင်တန်းအရှင်ကို မသုံးရဘူး... လနဲ့နေကို မမြင်ရတဲ့အခါ တိမ်ထူတာတို့ မိုးရွာတဲ့နေ့တွေမှာပဲ သုံးရမယ်...."
ချန်ရှီ အံ့သြထိတ်လန့်သွားကာ ခေါင်းညိတ်သဘောတူလိုက်သည်။
ကောင်းကင်ပြင်ရှိ နတ်ဘုရားသည် လူသားတွေ နေ့အချိန်တွင် နေကိုမြင်ရန် မျက်လုံးကိုဖွင့်ကာ ညဘက်တွင် လကိုမြင်ရန် လမျက်လုံးကို ဖွင့်ထားပေးသည်။ ၎င်းက မြေပြင်ပေါ်ရှိ လှုပ်ရှားမှုအားလုံးကို စစ်ဆေးကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို မြင်ကွင်းကျယ်ကျယ်နဲ့ ကြည့်ရှုနေသလားဟုပင် သံသယဝင်လာသည်။
ထို့ကြောင့် မြုံနေသောတောင်ပေါ်ရှိ ပျက်စီးနေသော ဘုံကျောင်းကို နေရောင်ခြည်က ထွန်းလင်းလာသောအခါ ကောင်းကင်မှ ဥက္ကာခဲများဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့သည်။ တောင်တန်းအရှင် ဘုံကျောင်းအပေါ်၌ ကြီးမားသော ကျားခေါင်းကို တွေ့ရှိသောအခါ ကောင်းကင် အပြင်မှ မီးလုံးများက ဖျက်စီးပစ်ပြန်သည်။
မိုးရွာနေတုန်းက ကျားဝါကို သုံးကာ လူကြီးမင်းကျန်းကို သတ်နိုင်ခဲ့သည်။ သူဟာ ကျားကို လှုံ့ဆော်ရန် ဘုံကျောင်းငယ်ကို အသုံးပြုခဲ့သော်လည်း ကောင်းကင် အပြင်မှ ဥက္ကာခဲများ ပျံသန်းမလာခဲ့ကြောင်း အတိအကျ ပြောရပေမည်။
"အဘွားရှားနဲ့ ဦးလေးချင်းယန်တို့ တခြားသူတွေက တစ်ခုခုတော့ သိထားလိန့်မယ်!"
ချန်ရှီ ဖုလိန်ရှန်းနဲ့ ဟေးကော်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
"နေသာတဲ့နေ့မှာ ကျားကို မသုံးဖို့ ပြောထားတယ်... နေသာတဲ့နေ့မှာ ကျားပေါ်ပြီးတာနဲ့ ကောင်းကင်ပြင်က နတ်ဘုရား ရှာတွေ့သွားရင် မီးလုံးတွေနဲ့ တိုက်ခိုက်လာမှာ ထင်တယ်"
ဟေးကော်က အလေးအနက်ထားပြီး ခေါင်းညိတ်သည်။
"ဝုတ် ဝုတ် ဝုတ်!"
ဖုလိန်ရှန်း နားမလည်သော်လည်း ချန်ရှီမှဖော်ပြသော သတင်းက သူ့ကို ထိတ်လန့်စေခဲ့သည်။
ချန်ရှီ: "ဟေးကော် မှန်တယ်... အဘိုးက သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ် သူတို့က ငါ့အဘိုးလိုမျိုး ထူးဆန်းတဲ့ ဂိုဏ်းဝင် ဖြစ်ကောင်းဖြစ်နိုင်တယ်... ငါ့ထက် ပိုသိထားတာ သေချာတယ်...သူတို့တွေက ဘိုးဘွားပိုင်မြေက နတ်ဘုရားတွေ ပြန်ပေါ်လာတာကို ကောင်းကင်ပြင်နတ်ဘုရားက ဘာလို့တွေ့တာနဲ့ ဖျက်ဆီးပစ်တာလဲဆိုတာ သိနေနိုင်တယ်..."
ချန်ရှီရဲ့ စကားများကိုကြားသော် သူ့ဘဝတစ်လျှောက် ကြောက်စရာတွေ မရှိခဲ့ဖူးသော ဖုလိန်ရှန်း ထိတ်လန့်သွားရသည်။
ချန်ရှီ: "လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ထောင်ကျော်က ဟွာရှရှန်ကျိုးနဲ့ အနောက်နွားရှင်းကျိုး တိုက်ကြီးသစ်ကြားမှာ အဆက်အသွယ် ပြတ်တောက်သွားတယ်... ဘုရင်ကျန်းရဲ့ သေဆုံးမှု၊ အမတ်စန်းပေါင်နဲ့ တခြားသူတွေ ယူလာတဲ့ တရုတ်နတ်ဘုရား ဘုံကျောင်းတွေရဲ့ ပထမအသုတ် ကျဆင်းလာမှုတွေက ကောင်းကင်ပြင် နတ်ဘုရားနဲ့ သက်ဆိုင်နေတာများလား?"
ဖုလိန်ရှန်းလည်း သူ၏ဆင်ခြင်တုံတရားကို အခွင့်ကောင်းယူကာ ဝင်ပြောလိုက်သည်။
"ချန်ရှီ ဟေးကော် မင်းတို့ရဲ့ဧည့်ဝတ် ကျေပွန်မှုကို ကျေးဇူးတင်ပါတယ်... ငါ့မိန်းမနဲ့ ကလေးတွေကို နည်းနည်း လွမ်းလာလို့ ငါ့မွေးရပ်မြေကို သွားလည်လိုက်ဦးမယ်!"
"လူကြီးမင်းဖု...ကျွန်တော်တို့ရဲ့ ဘိုးဘေးနတ်ဘုရားတွေနဲ့ ကောင်းကင်ပြင် နတ်ဘုရားကြားက ရန်ငြိုးတွေ ရှိမရှိ ပြောနေတာ ခင်ဗျား မသိချင်ဘူးလား?"
"မသိဘူး!"
ဖုလိန်ရှန်း အလွန်ကြောက်လန့်သွားကာ အသက်လုပြေးနေရသလို ထွက်ပြေးသွားခဲ့သည်။ ဟွမ်ဖောရွာနဲ့ ဝေးကွာသွားတဲ့အခါမှ ဟေးကော်နဲ့ သိုးစိမ်းတို့က ပုံမှန်မဟုတ်ဘဲ တစ်ခုခုမှားနေတာကို တဖြည်းဖြည်း ခံစားလာရသည်။
"ခွေးက မတ်တပ်ရပ်ပြီး ဟင်းသီး ဟင်းရွက်နဲ့ အသားဟင်းကို ချက်တတ်တယ်... မီးလည်း ထိုးတတ်တယ် ဆေးလည်း ကျိုနိုင်တယ်... အဲဒါထက် သူက ငါ့အတွေးတွေကို ပြောင်းသွားအောင် လုပ်နိုင်တယ်... အဲဒီသိုးက ပုံမှန်မဟုတ်တာ သေချာတယ်... သေချာပေါက် ရှဲ့၊ ဆွေ့တွေပဲ..."
သူ့စိတ်တွေ ရှုပ်ထွေးနေပေမယ့် ချန်ရှီရဲ့ စကားကို တွေးကြည့်လိုက်တော့ ခွေးနဲ့ သိုးစိမ်းတို့ ခြေနှစ်ချောင်းပေါ် လမ်းလျှောက်နေတာက သိပ်ဆိုးတာတော့လည်း မဟုတ်ပါဘူးလို့ ခံစားလိုက်ရပြန်သည်။
ချန်ရှီကမှ တကယ့် နတ်ဆိုးဖြစ်သည်။
သူဟာ ကောင်းကင်ပြင်က နတ်ဘုရားကိုတောင် တကယ်သံသယ ဝင်နေ၏။ ဘုရင်ကျန်း သေဆုံးမှု၊ ဟွာရှရှန်ကျိုးနဲ့ အနောက်နွားရှင်းကျိုးကြား အဆက်အသွယ် ပြတ်တောက်မှုက ကောင်းကင်ပြင်နတ်ဘုရားနဲ့ ဆက်နွှယ်နေကြောင်း သူ တကယ်ကြီး ခံယူထားတာလား။
သူက တကယ်ကို ပုန်ကန်တဲ့သူပဲ!
သူ့နောက်လိုက်ရင် မိမိရဲ့ အတွေးတွေတောင် သူ့လိုပုံပျက်သွားလိမ့်မည်။
ဖုလိန်ရှန်း ထွက်ခွာသွားတဲ့အတွက် ချန်ရှီနဲ့ ဟေးကော်မှာ ကျန်ခဲ့ကာ အိမ်က ဗလာကျင်းသွားသည်။ သူ့အဖိုးအိမ်မှာ မရှိတဲ့အချိန်တွေမှ မိသားစုက ဘယ်လောက် အရေးကြီးတယ်ဆိုတာ သူနားလည်ခဲ့၏။
"အခု ငါ့မှာ ညစ်ပတ်တဲ့ ပိုက်ဆံတွေ ရှိနေတော့ ရှောင်ကျင်းက ငါ့ကို လက်ထပ်ဖို့ ဆန္ဒရှိပါ့မလား..."
ချန်ရှီသည် ခရိုင်စာမေးပွဲ အောင်မြင်ပြီးလျှင် အသက် ၁၂ဖြင့် ဇနီးတစ်ယောက်ကို လက်ထပ်ရန် အဆင်သင့် ဖြစ်နေပြီဟု ခံစားမိသည်။ ဒါပေါ့။ သူသေထားခဲ့တဲ့ ထိုရှစ်နှစ်ကို ထည့်မတွက်ချေ။
"ဒါပေမဲ့ ငါ ရှောင်ကျင်းကို လက်ထပ်လိုက်ရင် ထျန်းချင်က မပျော်မှာ သေချာတယ်.... ထျန်းချင်နဲ့ ငါက သူငယ်ချင်းကောင်းတွေ... သူက အရမ်းထူးချွန်ပေမယ့် ငါ့လောက် မဟုတ်ဘူး...အမ် ငါတို့လို ထူးချွန်တဲ့လူငယ်တွေနဲ့ ရင်ဆိုင်ရရင် ရှောင်ကျင်းက ရွေးချယ်ဖို့ ခက်နေမှာပဲနော်..."
ချန်ရှီဟာ ငယ်ရွယ်သေးတာကြောင့် ရှောင်ကျင်းရဲ့ ပြဿနာကို အနောက်မှာ အလျင်အမြန်ချန်ထားခဲ့လိုက်သည်။ ရှောင်ကျင်း သူ့ဘာသာ ခေါင်းကိုက်ပါစေ။ သူဟာ ဟေးကော်ကို ခေါ်ကာ ကျစ်ဝူရှဲ့သတ်ဓားရဲ့ တိကျမှုကို လေ့ကျင့်ရန် ရွာအပြင်သို့ ထွက်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူ့လေ့ကျင့်မှုက ကျစ်ဝူရှဲ့သတ်ဓားကို ရိုးရှင်းစွာ အသက်သွင်းတာမျိုး မဟုတ်တော့ဘဲ ပေသို့ခုနှစ်စင်ကြယ်ကို သုံး၍ ဓားစွမ်းအင်ကို အသက်သွင်းနေစဉ် အလင်းသုံးပါးကျင့်စဥ်ကိုလည်း အသက်သွင်းထားသည်။
သူ အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းလိုက်သောအခါ ကျားဝါမှတဆင့် ချီစွမ်းအင်ကို လည်ပတ်စေပြီး ကျားဝါကို သူ၏ နတ်သန္ဓေသားအဖြစ် သတ်မှတ်ကာ ရလဒ်ကို နှစ်ဆ၊ ကြီးထွားမှုအဆင့်ကိုလည်း ဆက်လက် မြှင့်တင်ခဲ့သည်။
တစ်ချိန်တည်းတွင် သူ၏ ရွှေအမြုတေကို ကောင်းကင်သို့ ပျံတက်လာစေတဲ့အခါ ဘုံကျောင်းငယ်လေးထဲ ပြေးဝင်သွားကာ ဘုံကျောင်းငယ်လေးကလည်း အလွန်လျင်မြန်စွာ သန့်စင်လာသည်။ ချန်ရှီ အံ့အားသင့်စွာဖြင့် ဝမ်းသာသွားသည်။
"နတ်သန္ဓေသားလေး ပိုအားကောင်းလာလေ၊ ကြီးထွားတာလည်း မြန်လေ စွမ်းရည်ကလည်း မြင့်မားလာလေပဲကိုး... နတ်သန္ဓေသားရဲ့ အကျိုးကျေးဇူးတွေကတော့ အံ့မခန်းပဲ"
ပထမတန်းစား နတ်သန္ဓေသားထက် သာလွန်သော မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသားက ဘယ်လိုပုံစံများ ရှိနေမလဲ သူ မတွေးတောဘဲ မနေနိုင်ခဲ့။ ဘယ်လောက်တောင် ခိုင်ခံ့လိုက်မလဲ။
ကျားဝါလို့ အဆင့်ကို ရောက်သွားပြီလား။
"မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသား မရှိရင်တောင် ငါအရင်ကထက် ပိုသန်မာလာရမယ်!"
ချန်ရှီ သူ့စိတ်ကို တည်ငြိမ်စေပြီး လေ့ကျင့်မှုထဲ အာရုံစိုက်လိုက်သည်။
သူ၏ ကျစ်ဝူရှဲ့သတ်ဓား တိကျမှုမှာ အလွန်ကောင်းမွန်နေပြီ။ အကွာအဝေးက လုံလောက်နေပြီ ဖြစ်သော်လည်း ချန်ရှီ လုပ်ချင်သည့်အရာမှာ ဓားစွမ်းအင်ကို ပြောင်းလဲနိုင်မလား၊ သူ့ဆန္ဒအတိုင်း စီးဆင်းနိုင်မလား စမ်းသပ်ကြည့်ချင်တာပါပဲ။
ချန်ရှီ ဆက်လျှောက်သွားသည်။ သူ့ခြေလှမ်းများက တစ္ဆေသရဲတစ်ကောင် ပြေးနေသလိုပဲ တစ်ခါတစ်ရံ မြေပြင်ပေါ် နင်းကာ တစ်ခါတစ်ရံ ကောင်းကင်၌ နောက်ပြန်ဆုတ်သွားသည်။ ဓားစွမ်းအင်များက ချွန်ထက်သော လေချွန်သံများလို ဆက်တိုက် ထွက်ပေါ်လာသည်။
ကျစ်ဝူရှဲ့သတ်ဓားကို လေ့ကျင့်ဖူးသော ကျင့်ကြံသူများနဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ပွဲဝင်ခဲ့ဖူးလို့ ကျစ်ဝူရှဲ့သတ်ဓားရဲ့ အားနည်းချက်များကို ကောင်းစွာ သိရှိနားလည်သည်။ ဓားစွမ်းအင်များ ပြေးထွက်သွားသည်နှင့် ၎င်းက လှည့်ပတ်သွားရန် ခက်ခဲပြီး ကိုယ့်လူများကို မကြာခဏ နာကျင်စေတတ်သည်။
ဒါ့ကြောင့် သူသည် ဓားစွမ်းအင်ကို အလုံအလောက် ထက်မြက်ပြီး စွယ်စုံရလောက်အောင် ကြိုးစားနေပါသည်။
ချန်ရှီ အချိန်အတော်ကြာ စမ်းသပ်ခဲ့ပြီးနောက် ပြဿနာတစ်ခုကို ရှာတွေ့သွားခဲ့သည်။ ကျစ်ဝူရှဲ့သတ်ဓားရဲ့ စွမ်းအားက ပြင်းထန်လွန်းသဖြင့် အနီးကပ် တိုက်ပွဲအတွင်း ၎င်းရဲ့ ဦးတည်ရာကို ထိန်းချုပ်ရတာ ခက်ခဲစေသည်။ ဦးတည်ရာကို ထိန်းချုပ်လိုက်ရင်လည်း ဓားစွမ်းအားကို အားနည်းသွားစေမှ ရလိမ့်မည်။
ဒီလိုလုပ်မယ့်အစား ဓားစွမ်းရည် အသစ်တစ်ခုကို လေ့လာတာကမှ ပိုကောင်းပေလိမ့်မည်။
ချန်ရှီသည် မရပ်တန့်ချင်တဲ့အထိ အချိန်အတော်ကြာ လေ့ကျင့်ခဲ့သည်။ သူသည် ဓားစွမ်းအင်ကို ထောင့်ပေါင်းစုံမှ အသုံးပြုနိုင်နေပါပြီ။ သူဓားစွမ်းအင်သည် သစ်ပင်များကို လှည့်ပတ်သွားနိုင်သော်လည်း ပျော့ပျောင်းသော လက်ချောင်းများလို လှည့်ပတ်သွားနိုင်တဲ့ ဓားစွမ်းအင်အဖြစ် အမှန်တကယ် မပြောင်းလဲနိုင်သေးပေ။
"ငါ တခြားစွမ်းရည်တွေကို သင်ဖို့ လိုသေးတယ်...ဘုရင်ကျန်းရဲ့ ဂူထဲမှာ ဒီလိုသိုင်းစွမ်းရည်များ ရှိမလား မသိဘူး!"
ထိုအချိန်တွင် ချန်ရှီနှလုံးသားက အနည်းငယ် လန့်သွားသည်။ သူ့ဘိုးဘွားပိုင်မြေမှ နေရောင်ခြည်နှင့် လရောင်ကို ခံစားလိုက်ရသည်။ ချန်ရှီ အိမ်ကို အမြန်ပြန်ပြေးကာ မှန်ကိုထုတ်ကြည့်လိုက်တော့ သူ့ခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲတွင် နေရောင်ခြည်တစ်စင်း ကျဆင်း တောက်ပနေတာကို တွေ့လိုက်ရသည်။
ချန်ရှီ အလွန်စိတ်လှုပ်ရှားလာသည်။ ဘုံကျောင်းခေါင်မိုးပေါ်ကနေ နေရောင်ခြည်က ထိုးကျနေတာပဲ။ အဝါရောင်ကျားလေးက ယခုအချိန်တွင် နေရောင်အောက်မှာ အလွန် သက်တောင့်သက်သာ ရှိစွာဖြင့် လဲလျောင်းနေ၏။
"ဘုရားကျောင်းထဲ ဝင်လို့ရရင်..."
ဒါကို တွေးလိုက်တာနဲ့ သူ့မျက်လုံးတွေက ရုတ်တရက် မှောင်မိုက်သွားကာ နောက်အခိုက်အတန့်မှာတော့ ဘုံကျောင်းငယ်လေးရဲ့ အပြင်ဘက်မှာ ရပ်နေမိတာကို တွေ့လိုက်ရသည်။
ဤဘုံကျောင်းသည် သူမြင်ဖူးခဲ့သည့် အရာများနှင့် များစွာကွာခြားသွားမှု မရှိချေ။ သဲ၏အနုအရင့်သည် ပိုမိုသိမ်မွေ့လာပြီး ပတ်ဝန်းကျင်နေရာက လေပြင်းတွေ တိုက်ခတ်ပစ်လို့ လွင့်ပျံသွားတော့မယ့် အရိပ်အယောင်မျိုး မရှိတော့ပေ။ ဒီကာလအတွင်း သူ့ရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုက ဘုံကျောင်းငယ်လေးကို ပိုသန်မာစေတယ် ထင်ပါ၏။
ချန်ရှီလည်း အနီးကပ်ကြည့်ရန် ဂရုမစိုက်ဘဲ ခြေလှမ်းအနည်းငယ်ဖြင့် ဘုံကျောင်းထဲသို့ ရောက်လာခဲ့သည်။ ကျားဝါဟာ ဘုံကျောင်းအပြင်ဘက်က ကြည့်ရင်တော့ သေးငယ် ပုံပေါက်နေသော်လည်း ချန်ရှီမှာ ဝင်သွားတဲ့အခါမှ ဘယ်လောက်တောင် ကြီးမားသလဲ တွေ့ရတော့ အံ့သြသွားခဲ့သည်။
ကျားဝါက ဖြည်းညှင်းစွာ မတ်တပ်ထရပ်သည်။ သူ့ပုခုံးအရိုးများက ပိုပိုမြင့်လာကာ ကျားပုခုံးများကတင် ချန်ရှီထက် ဦးခေါင်း သို့မဟုတ် နှစ်ခေါင်းထက်ကို ပိုမြင့်သွား၏။ ခေါင်းကိုအနည်းငယ် ငုံ့ခါသော်လည်း ချန်ရှီအား အမြင့်တစ်နေရာမှ ငုံ့ကြည့်နိုင်ဆဲ ဖြစ်ကာ ၎င်းကို လာမရှုပ်နဲ့လို သတိပေးလိုက်သလိုပင်။
သို့သော် ချန်ရှီသည် ၎င်းထံမှ ရန်ငြိုးဖွဲ့ချင်တဲ့ အငွေ့အသက် သို့မဟုတ် သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်ကို မခံစားရပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူ့အပေါ် မှီခိုနေပုံရတာကိုသာ ခံစားမိသည်။ ကျားဝါက တောင်တန်းအရှင်ကို သစ္စာခံထားတာ အသိသာကြီးကို ဘာကြောင့် သူ့ကို မှီခိုနေရတာလဲ။
"ငါ့ရဲ့ ဘုံကျောင်းက နတ်ဘုရားရဲ့ အသွင်သဏ္ဌာန်ကို ထိန်းချုပ်ပေးထားလို့များလား"
ဒါကိုတွေးပြီး ရဲရင့်စွာ လက်ကိုဆန့်၍ ကျားခေါင်းကို ထိလိုက်သည်။ ကျားဝါက သူ့သွားများကို ဖြဲပြလာ၏။ ကျားသွားက ချန်ရှီ သူ့လက်ဖဝါးထက်တောင် များစွာရှည်ကာ ၎င်းက သွားများကို ထုတ်ဖော်ကာ ချန်ရှီကို ခြိမ်းခြောက်နေပုံရသည်။
ချန်ရှီ ရဲဝံ့စွာ ချဉ်းကပ်လာတော့ ကျားဝါက သူ့ကို မကြောက်နိုင်တော့ဘဲ ခြိမ်းခြောက်နေတာကို ရပ်လိုက်ပြီး သူ့ကျားခေါင်းကို ထိခွင့်ပြုလိုက်သည်။ ထို့နောက် သက်တောင့်သက်သာ ရှိသောအနေအထားဖြင့် နေပူထဲမှာ ဆက်အိပ်နေလိုက်၏။
ချန်ရှီမှာ ကျားဦးခေါင်းကို ကြောင်တစ်ကောင်လို ပုတ်ပေးချင်သော်လည်း ၎င်းရဲ့ခေါင်းက ကြီးလွန်းသဖြင့် လုံးဝ မပုတ်ပေးနိုင်ပေ။ ကျားဝါကို လှည့်ပတ်ကြည့်လိုက်တော့ ကျားဝါ၏ ထူထဲသော ခြေသလုံးများကြားတွင် ညှပ်ထားသော ခေါင်းလောင်းကြီး နှစ်လုံးကို တွေ့လိုက်ရသောကြောင့် ၎င်းတို့ကို ထိကြည့်ရန် လက်လှမ်းလိုက်လေသည်။
ကျားဝါမှာ အနည်းငယ် စိတ်မချမ်းသာသော်လည်း စူးစမ်းလိုသော ဘုံကျောင်းပိုင်ရှင်ကို ၎င်း၏အမြီးဖြင့် တွန်းထုတ်ရန် ကြိုးစားရင်း စိတ်ရှည်သည်းခံနေရဆဲ ဖြစ်သည်။ ဘုံကျောင်းတစ်ခုအောက်မှာ နေထိုင်ရဖို့ အမြဲတမ်း တစ်ခုခုပေးဆပ်ရသော်လည်း ကျားကတော့ သူ၏နောက်ဆုံး ဂုဏ်သိက္ခာကို အဆုံးရှုံးမခံနိုင်ဘူးဟု တွေးထားပုံရသည်။
သို့နှင့် ချန်ရှီလည်း နွားချိုလူကိုယ်နဲ့ တောင်တန်းအရှင် နတ်အသွင်ကိုသာ လှည့်ကြည့်လိုက်ရတော့သည်။ ယခုအခါ ဘုံကျောင်းအပြင်ဘက်မှ အမွှေးတိုင် အငွေ့များက အစီအရီ တိုးဝင်နေကြ၏။
"ငါ့ဘုံကျောင်းက ဘိုးဘွားပိုင်မြေနဲ့ ဆက်နွယ်နေတယ်...တောင်တန်းအရှင်သာ ငါ့ဘုံကျောင်းလေးထဲက ထွက်သွားရင် ဘိုးဘွားပိုင်မြေကနေ နေရောင်ခြည်ကို ရနိုင်ပါဦးမလား..."
ဤအခိုက်တွင် ဘုံကျောင်းငယ်လေးထဲသို့ မွှေးပျံ့သော အမွှေးနံ့သာများ ပြင်းထန်စွာ တိုးဝင်လာသည်။ ထိုအချိန်တွင် ရုတ်တရက် ရေလွှမ်းမိုးလိုက်သလိုပဲ စိမ်းပြာရောင် အငွေ့များက ဘုံကျောင်းငယ်ထဲ အလုံးအရင်းဖြင့် စုဝင်လာကာ ထူးကဲသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားလေသည်။
တောင်တန်းအရှင်ရဲ့ နတ်အသွင်သဏ္ဌာန် ဖွဲ့စည်းမှု အရှိန်ကလည်း ချက်ချင်းပင် တိုးလာခဲ့သည်။ ဒီအရှိန်နဲ့သာ ဆက်ပြီး ဖွဲ့စည်းနေရင် ရက်ပိုင်းအတွင်းမှာပဲ အောင်အောင်မြင်မြင် ပြည့်စုံသွားလိမ့်မည်။
"ဘာဖြစ်တာလဲ?"
ဤအခိုက်အတန့်တွင် ရွာခြောက်ဆယ့်သုံးရွာနှင့် ချန်ယန်တောင်ရဲ့ မြို့ငါးမြို့မှ ကန့်ညောင်များဟာ အမွှေးတိုင်တစ်ချောင်းစီ ကိုင်ကာ တိတ်တဆိတ် ကန်တော့နေကြ၏။
တောင်တန်းတွေထဲမှ ဧရာမသစ်ပင်ကြီးရဲ့ အခေါင်းပေါက်ထဲမှာတော့ အဘွားကျွမ်းသည် အမွှေးတိုင်သုံးချောင်းကို မီးညှိပြီး တောင်တန်းအရှင်ရဲ့ နာမည်ကို တိတ်တိတ်လေး ရွတ်လျက်ရှိသည်။ ဆန်းကြယ်မြွေတောင်ကြီးရဲ့ ရှေ့မှာလည်း အမွှေးတိုင်တွေ လွင့်ပျံနေသည်။
တောင်များနှင့် သစ်တောများကြား၌ ချန်ယန်တောင်ရဲ့ ဝိညာဉ်များနှင့် ဂျင်ဆင်းကလေးလေးတွေကပါ အမွှေးနံ့သာတိုင်များ ကိုင်ထားကြကာ အားလုံးက ရှိနေပြီး အငွေ့များက တူညီသော ဦးတည်ချက်ဖြင့် လေထဲတွင် လွင့်ပျံလျက်ရှိသည်။
တောင်၏အစွန်းတွင် မရေမတွက်နိုင်သော မြေခွေးများက တောင်များ၊ လွင်ပြင်များပေါ်တွင် အသီးသီး မတ်တပ်ရပ်ကာ အမွှေးတိုင် သုံးချောင်းစီကို ကိုင်လျက် ဦးညွှတ်နေကြသည်။
ချန်ရှီ၏ ခေါင်းအနောက်ဘက်ရှိ ဘုံကျောင်းငယ်လေးထဲတွင် အမွှေးတိုင်၏ အငွေ့အသက်များက ခဏတာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ချန်ရှီလည်း ရင်သပ်ရှုမောဖွယ် အရိပ်အယောင်ကို ခံစားလိုက်ရကာ သူ့တစ်ကိုယ်လုံး ချက်ချင်း ပျံ့နှံ့သွားကာ သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားရလေသည်။
သူ့ရှေ့က နတ်ကွန်းထဲရှိ နတ်ဘုရားသည် ဖြည်းညှင်းစွာ ထကာ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းများလှမ်းကာ ဘုံကျောင်းအောက်သို့ ဆင်းလာခဲ့သည်။
ဟွာရှရှန်ကျိုး ဘိုးဘွားပိုင်မြေသည် သတ္တဝါအားလုံးကို အကူအညီများ ပေးခဲ့သည်။ ဆေးပညာနယ်ပယ်သုံးရပ်ကို နေကိုးစင်းကောင်းကင်မိုးကြိုးမီးကို အုပ်စိုးကာ ကောင်းကင်ဆေးဘုရင်သူတော်စင် ဖြစ်ခဲ့သည်။
သေနတ်မှုန့်ကို တီထွင်ခဲ့တဲ့ စွင်းစစ်မြောင်နဲ့ စွင်းတကျန်းတို့ ခေတ် ကျန်ခဲ့တာ နှစ်ပေါင်း ၆၀၀၀ ကျော်ကြာခဲ့ပြီ။ ချန်ယန်တောင်ရဲ့ ဘုရင်အဖြစ် သူ့ရဲ့ကိုယ်ပွားအဖြစ် ဘိုးဘွားပိုင်မြေကနေ အနောက်နွားရှင်းကျိုးသို့ ရောက်ရှိလာခဲ့သည်။