← Chapters

ငါနိုးလာတဲ့အခါ

Vol. 7 Ch. 105

ငါနိုးလာတဲ့အခါ

Vol. 7 Ch. 105

နတ်ကွန်းထဲမှ ဆင်းလာသော နတ်ဘုရား၏ နောက်တွင် အပြာနုရောင် အမွှေးတိုင်အငွေ့များက စီးဆင်းနေ၏။ ချန်ရှီ ဂရုတစိုက် သတိကပ်ကာ ကြည့်လိုက်တော့ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော နဂါးငွေ့တန်းလို မှော်စာလုံးများဖြင့် တံဆိပ်ခတ်သည့်ပုံစံများ ပါသည်။ တစ်ချိန်က သူ့အဘိုးတောင် မသင်ပေးဖူးတဲ့ ပုံစံတွေတောင် ပါသေးသည်။

"ဒီကမ္ဘာမှာ ငါ့အဖိုး​တောင် မသိ​​သေးတဲ့ မှော်တံဆိပ်တွေလည်း ရှိသေးတာလား"

သူအတော်လေး အံ့သြသွားသည်။

သူ့စိတ်ထဲတွင် အဘိုးဟာ အတတ်ပညာ၊ အသိပညာ အရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အဆောင်လက်ဖွဲ့၊ အဆောင်စာလုံးနဲ့ ရှုပ်ထွေးတဲ့ တံဆိပ်အက္ခရာများကို တစ်ချက်တည်း ဆွဲနိုင်သူ ဖြစ်သည်။

တစ္ဆေနှင့် နတ်တို့ကို တားမြစ်ထားသော စကားလုံးများကိုပင် အဘိုးက လွယ်ကူစွာ ထိန်းချုပ်နိုင်သည်။ သို့သော် အဘိုးကသူ့ကို နတ်တစ္ဆေတားမြစ်တံဆိပ်လို အရာမျိုးကိုတော့ သင်ကြားပြသပေးခဲ့ခြင်း မရှိပေ။

အဘိုးက သူ့ကို ဆေးပညာဘုရင် အဆောင်လက်ဖွဲ့၊ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အဆောင်စာလုံး ဆွဲနည်း၊ အနာရောဂါ ပျောက်အောင် ကုသတဲ့ အဆောင်စာလုံးတွေကိုသာ သင်ပေးသည်။ အဲဒီအထဲမှာ နတ်ဆေးဘုရင်ရဲ့ နတ်သဏ္ဌာန်နဲ့ ကမ္ပည်းတံဆိပ်​တွေ ပါရှိပေမယ့် သူ့ရှေ့က နတ်ဆေးဘုရင်ရဲ့ အသွင်အပြင်နဲ့ တံဆိပ်အက္ခရာတွေနဲ့ မတူဘဲ အလွန် ကွာခြားသည်။

"အဘိုး နားမလည်ခဲ့တာ မဖြစ်နိုင်ဘူး...သူ ငါ့ကို မသင်ပေးခဲ့တာပဲ ဖြစ်မယ်"

ချန်ရှီ ဆက်ကြည့်လိုက်တော့ နတ်ဘုရားရဲ့ နောက်ကျောမှာ ရေစီးကြောင်းတွေ ဝိုင်းရံထားသလိုမျိုး နေရာတိုင်းမှာ အပင်တွေ၊ မှိုတွေ၊ ဆေးမီးဖိုတွေ၊ ဝါးတုတ်တွေ၊ ဘူးသီးတွေ လေထဲမှာ လွင့်နေတာကို တွေ့လိုက်ရသည်။

အနားရောက်သွားတဲ့အခါ စိတ်ကို လန်းဆန်းစေမယ့် ထူးဆန်းတဲ့ ဆေးမွှေးရနံ့တွေတောင် အနံ့ခံနိုင်၏။ အနံ့ခံလိုက်စဥ် ချီတွေက အရမ်းတိုးလာပြီး ချီစွမ်းအင် စုပ်ယူနိုင်စွမ်းကလည်း ပိုမြန်လာပါလိမ့်မည်။

ဒါ့အပြင် အလွန်ကြောက်စရာ ကောင်းသော နေကိုးစင်းမိုးကြိုးမီးလည်း ရှိနေသည်။ အဆောင်စာလုံးများဖြင့် ဖွဲ့စည်းထားသော ထူးဆန်းသည့် လက်စွပ်ပုံသဏ္ဌာန် အရာများကလည်း လေထုထဲ၌ ဆက်တိုက် ပေါက်ကွဲနေပါသည်။

ထိုတန်ခိုးက အလွန်ကြောက်မက်ဖွယ် ကောင်းပြီး လူသားများကို ထိန်းချုပ်နိုင်သော စွမ်းအားတစ်ခု ဖြစ်သည်။ ၎င်းသည် မသေမျိုးနှင့် နတ်ဘုရားများကို ကြောက်ရွံ့သည့် စွမ်းအားတစ်ခုလည်း ဖြစ်ပေမည်။

ကရုဏာနဲ့ ဖျက်ဆီးခြင်းတို့က သူ့အတွင်း၌ ဆန့်ကျင်ဘက်များ အဖြစ် ပေါင်းစည်းထားသောကြောင့် ရောင်ဝါနှစ်မျိုးကို ဖြစ်လာပေါ်စေသည်။

ဤနတ်ဆေးဘုရင်၏ အရပ်သည် ခြောက်ပေခန့်မြင့်လေသည်။ နတ်ကွန်းထဲမှာ ထိုင်နေတုန်းက အရပ်ဘယ်လောက် ရှည်သလဲ မပြောနိုင်သော်လည်း ဆင်းလာသောအခါ တစ်ဖက်လူရဲ့ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ချန်ရှီမှာ ခေါင်းကို မြှောက်ထားရသည်။

သူ့ခြေရာတွေ နင်းချလာတာနဲ့ တိုက်ခိုက်ချင်စိတ်တွေက ပြင်းပြလာသလိုပင်။ ခြေရာနဲ့အတူ မြေပြင်က ဆယ်ပေလောက် အကျယ်အထိ ကြောက်စရာကောင်းတဲ့ နေကိုးစင်း မိုးကြိုးမီးကို အချိန်မရွေး လွှတ်လိုက်တော့မလို ခံစားလာရစေလေသည်။

ချန်ရှီနဲ့ နတ်ဆေးဘုရင်တို့ဟာ ကြောက်ရွံ့ထိတ်လန့်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ နတ်ဆေးဘုရင်ရဲ့ မျက်လုံးတွေကနေ ထွက်လာတဲ့ အရာကတော့ ထိတ်လန့်စရာ ကောင်းတဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ပါပဲ။

ချန်ရှီ သူအဘိုးထံမှ မြင်ခဲ့သော နတ်ဆေးဘုရင်ရဲ့ ရုပ်သွင်နဲ့ ဒီကောင်ကြီးက အလွန်ကွာခြားသည်။ အဘိုးသူ့ကို ပြခဲ့တဲ့ နတ်ဆေးဘုရင်က ဝါးချောင်းတစ်ချောင်းကို လက်ထဲတွင်ကိုင်ဆောင်ထားသည့် အဘိုးအိုတစ်ဦး၏ ပုံဖြစ်သည်။

အခုအချိန်မှာတော့ အဝါရောင်ကျားက ကြောင်ကလေးတစ်ကောင်လို ညင်သာစွာဖြင့် သူ့ခြေရင်းတွင် အိပ်နေသည်။

သူ၏သေးငယ်သော ဘုံကျောင်းထဲရှိ နတ်ကွန်းမှ ဆင်းလာသော နတ်ဆေးဘုရင်ရဲ့ ရုပ်သွင်ဟာ အဘိုးအိုတစ်ဦး မဟုတ်ပေ။ နွားဦးချိုများပါသော လူလတ်ပိုင်းတစ်ဦး၏ အသွင်အပြင် ဖြစ်ကာ စစ်တိုက်ချင်​နေသော အလိုဆန္ဒမှာလည်း အဆုံးမရှိသူ ဖြစ်သည်။

ဤသူသည် ချန်ရှီ ကြုံတွေ့ဖူးသမျှ သရဲများ၊ ဝိညာဥ်များ၊ နတ်များ၊ နတ်ဆိုးများနှင့် နတ်ဝိညာဥ်များကြားတွင် အပြင်းထန်ဆုံး တိုက်ခိုက်လိုသော ဆန္ဒရှိပင်။

"ငါ တောင်တန်းအရှင်ကို နတ်သန္ဓေသားအဖြစ် သုံးလိုက်ရင် ငါ့ရဲ့ ကြီးထွားမှု အရှိန်က ပိုမြန်လာမှာ မဟုတ်ဘူးလား"

ကျားဝါက မတ်တပ်ထရပ်ပြီး နတ်ဆေးဘုရင်ရဲ့ ခြေတော်ရင်းကို ရောက်လာသွားသည်။ သူကအရမ်း အနေအထိုင် ကောင်းပြနေကာ နတ်ဆေးဘုရင်ကမှ သူ့သခင်အစစ်ပါလို့ ပြောနေသယောင် ချန်ရှီကို ဟောက်လိုက်သည်။

မင်းက သခင်မဟုတ်ဘူး!

ငါ့သခင်နဲ့ ငါ ဝေးသွားတုန်း မင်းပေါ်လာလို့ မင်းက ငါ့အတွက် အစားထိုးသခင်ပဲ။

"ဒီရက်ပိုင်း မင်းရဲ့ကာကွယ်မှုအတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး..."

နတ်ဆေးဘုရင်ရဲ့ အသံတွေက မိုးခြိမ်းသံတွေလို တဟုန်းဟုန်း မြည်ကာ တုန်ခါနေသည်။ ချန်ရှီစိတ်ထဲအထိ ရိုက်ခတ်သွားရာ ချန်ရှီရဲ့ မျက်လုံးများကို ကြယ်များက အလင်းရောင်များ တဖျပ်ဖျပ် ခတ်သွားစေသည်။

"မိဖုရား ကတိပေးထားတဲ့အတိုင်း မိတ်ဆွေလေးက ငါ့ကို နှိုးခဲ့တယ်... မင်းတို့ငါ့ကို လိုအပ်တဲ့အချိန်ကျလာတာလား"

နတ်ဆေးဘုရင်သည် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြင့် သူ၏ဦးခေါင်း နောက်ဘက်ရှိ အစိမ်းရောင်ဝါးချောင်းကို ဆွဲထုတ်လိုက်စဥ် သူ့ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားများနှင့် အရိုးများကလည်း ဆက်လက် ဖောင်းကားလာကာ ကြွက်သားအဖုအထစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

ဝါးချောင်းဟာ အမွှေးနံ့သာများကြောင့် ထူထပ်လာသည်နှင့်အမျှ ပျက်စီးခြင်းနှင့် တိုက်ပွဲ သင်္ကေတအမျိုးမျိုးဖြင့် ခြယ်မှုန်းထားတဲ့ ပုံစံတွေ ပေါ်လာသည်။ တစ်ချိန်တည်းတွင် သူ့ဦးခေါင်း အနောက်ဘက်ရှိ ရတနာဘူးသီးကလည်း ပွင့်လာပြီး အလွန်ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်​ပေါ်လာသည်။

၎င်းသည် နေကိုးစင်း မိုးကြိုးမီး၏ အလွန်ပြင်းထန်သော အငွေ့အသက်ပဲ ဖြစ်​သည်။ ဘူးသီးထဲက မိုးကြိုးမီးဟာ အလွန်ပြင်းထန်တာကြောင့် ချန်ရှီလည်း ဒီရတနာဘူးသီးထဲက မိုးကြိုးမီးဟာ ရှင်းရှန်ခရိုင် တစ်ခုလုံးကို မြေ​ကြီးထဲအထိ ရောက်သွား​စေနိုင်​လောက်တယ်လို့ ခံစားလာရ၏။

"ငါ နတ်ဆိုးအနံ့ ရနေတယ်!"

နတ်ဆေးဘုရင်သည် ဝါးချောင်းကို ကိုင်ကာ လူသတ်ရန် ရည်ရွယ်ချက် အပြည့်ဖြင့် ဘုံကျောင်းငယ်လေးထဲမှ ထွက်ချင်လာသည်။သူ၏ ပြောင်းလဲမှုသည် ကျားဝါကို အနည်းငယ် ကြောက်လန့်သွားစေသော်လည်း ကျားက ခဏအတွင်း ကြောက်ရွံ့မှု ပျောက်ဆုံးကာ ဟိန်းဟောက်ရင်း တိုက်ခိုက်ရန်အတွက် သူ့နောက်သို့ လိုက်သွားချင်ခဲ့သည်။

"ခဏနေဦး!"

ချန်ရှီ အလောတကြီးဖြင့်။

"ခဏနေဦး! ခင်ဗျား ထွက်သွားလို့ မရဘူး ခင်ဗျား ထွက်သွားရင် ခင်ဗျားကို ကောင်းကင်နတ်ဘုရားက တွေ့သွားပြီး ဖျက်စီးပစ်လိမ့်မယ်!"

နတ်ဆေးဘုရင်လည်း ချန်ရှီပြောတဲ့ ထိုအချက်ကို လျင်မြန်စွာ တွေးတောနေပေမယ့် သူ့ခန္ဓာကိုယ်ဆီသို့ ပြန်သွားချင်နေသေးသည်။ ချန်ရှီ အပြင်သို့ ပြေးသွားသော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုက ပြန်တွန်းပို့လိုက်သလိုမျိုး သူ့ခန္ဓာကိုယ်က သေးငယ်သော ဘုံကျောင်းငယ်ထဲမှာ ပြန်ပေါ်လာ၏။

"ဟင်?"

ချန်ရှီသည် အံ့ဩသွားပြီး ဆွံ့အနေချိန် ဘုံကျောင်းငယ်လေးရှိရာ နေရာက ပြင်းထန်စွာ တုန်ခါသွားကာ နတ်ဆေးဘုရင် မဟုတ်ဘဲ သူသည် ဘုံကျောင်းငယ်လေးထဲမှာ ပြန်ပေါ်လာသည်။ သူအစောကတင် ဘုံကျောင်းငယ်လေးထဲက ထွက်သွားခဲ့တာ သေချာကြောင်း ထပ်ခါတလဲလဲ ပြန်တွေးနေ၏။

သို့သော် နောက်တစ်ကြိမ် ပြန်ကြည့်လိုက်တော့ သူဟာ ဘုံကျောင်းငယ်ထဲမှာ ပိတ်မိနေပြီ။

"နေဦး... ငါက ဘုံကျောင်းထဲမှာ ရှိနေတာ ဆိုရင် နတ်ဆေးဘုရင်နဲ့ ​ အစ်ကိုကျားက ဘယ်မှာလဲ"

သူ မျက်တောင်ခတ်ပြီး ဘုံကျောင်း တံခါးဝသို့ ရောက်လာသောအခါ ဘုံကျောင်းငယ်လေးရဲ့ အရှေ့တွင် သဲမှုန်နှင့် အုံ့ဆိုင်းနေသော နေရာသည် တဖြည်းဖြည်း ပြန့်ကျဲလာတာ မြင်လိုက်ရသည်။

ဟွမ်ဖောရွာရှိ ရှေးဟောင်းသစ်ပင်ကို သူတွေ့လိုက်ရသည်။ သစ်ပင်ကန့်ညောင်က အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပြီး ယခု သူမလက်ထဲတွင် အမွှေးတိုင် တစ်ချောင်း ကိုင်ဆောင်ကာ "သူ့ကို" သို့မဟုတ် "သူ့ဘက်ကို" ဂါဝရပြုနေသည်။

ဒီကလေးမလေးဟာ သူ့အိပ်ရာအောက်ကို ဝင်လာပြီး တစ်ခါလောက် ကယ်တင်ခံရတာကလွဲလို့ သူ့အပေါ် ဒီလို လေးစားမှုမျိုး မရှိခဲ့ဖူးပါဘူး။

ချန်ရှီ သူ့အမြင်အာရုံ လှည့်သွားတာ မြင်လိုက်ရပြီး ဟေးကော်ဆီ ရောက်သွားသည်။ ယခု ဟေးကော်ဟာ ခွေးတစ်ကောင်လို လုံးဝ လမ်းမလျှောက်​တော့ဘဲ အလွန်ရဲရင့်သော ကျားတစ်ကောင်လို မျက်လုံးအရောင်တွေပါ ပြောင်းကာ စိုက်ကြည့်​နေ​​လေသည်။

အရှိန်အဟုန်တွေ ကြီးကျယ်ခမ်းနားတဲ့ ခွေးနက်တစ်ကောင် သူ့မှာ ရှိခဲ့ပေမယ့် သူ့ဆွေမျိုးလားတောင် မသိ​တော့တဲ့ ကျားခြေရာတွေနဲ့ လမ်းလျှောက်နေပြီ။

"ဟေးကော် ခန္ဓာကိုယ်ကို ကျားဝါက သိမ်းပိုက်လိုက်ပြီ!"

ချန်ရှီ ရုတ်တရက်ဆိုသလို သဘောပေါက်သွား၏။ ဟေးကော်ကို ကျားဝါက သိမ်းပိုက်လိုက်ပြီ ဆိုတော့ ဘယ်သူက သူ့ခန္ဓာကိုယ်ကို ဝင်ယူနေတာလဲ။

"ပြောင်းကုန်ပြီ..."

ယခု သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူသည် ပြင်းထန်သော ကြွက်သားများနှင့် ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်ရှိသော နတ်ဆေးဘုရင်သာ ဖြစ်ရမည်ဟူသော အတွေးက ချက်ချင်းပဲ ဝင်လာသည်။

"အစကတော့ နတ်ဆေးဘုရင်ကို ထုတ်သုံးဖို့ ကြံစည်ထားတာ... ငါ လေ့ကျင့်တာကို ကူညီပေးဖို့ တောင်းဆိုချင်ခဲ့တာ... အခုတော့ ကောင်းရော...ငါ့ခန္ဓာကိုယ်ကိုပါ ယူချင်သွားပြီ!"

ချန်ရှီ အလွန်အမင်း စိတ်ပူပန်နေကာ အထပ်ထပ်တွေးကာ ဘုံကျောင်းငယ်လေးမှ အမြန်ထွက်သွားသော်လည်း အသုံးမဝင်ပေ။

အကြိမ်ပေါင်း ဒါဇင်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ဘုံကျောင်း အပြင်ဘက်ကို ပြေးလာတိုင်း မမြင်ရတဲ့ အင်အား အတားအဆီးတစ်ခုက သူ့ခန္ဓာကိုယ်ဆီကို ပြန်မသွားနိုင်တော့အောင် ခုခံနေ၏။

"ဆိုးဝါးချက်!!..."

သူသည် ဘုရားကျောင်းငယ်ရှေ့တွင် ထိုင်ကာ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ထိုချန်ရှီ ရှေ့သွားမည့်လမ်းကိုသာ ကြည့်နေခဲ့ရသည်။ အဲဒီသူက ရွာထဲမှာ လမ်းလျှောက်နေတာပါ။

လမ်းတစ်လျှောက်တွင် ရွာသားများက "သူ့ကို" တွေ့ပြီး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ချင်သော်လည်း သူ့အငွေ့အသက်ကြောင့် ထိတ်လန့်သွား​ကြသဖြင့် ခြေထောက်နှစ်ဖက်ကို စုံရပ်ကာ မလှုပ်ရှားဝံ့တော့ပေ။

ရွာက ကြက်တွေနဲ့ ဘဲတွေကလည်း "သူ့ကို" တွေ့တော့ မူးလဲပြီး မြေပေါ်လဲကျသွားကုန်သည်။ ချန်ရှီ၊ ဟေးကော်တို့နဲ့ မကြာခဏ ရန်ဖြစ်ကြသော ရွာထဲရှိ ခွေးများသည် ယခု ဟေးကော်ကို မြင်သောအခါ အလွန်ထိတ်လန့်သွားကာ အမြီးကုပ်၍ မြေပြင်ပေါ်တွင် ဝပ်ကုန်ပြီး လုံးဝ မလှုပ်ဝံ့ပေ။

"ချန်ရှီ" သည် ဂုဏ်သိက္ခာ ကြီးမားစွာဖြင့် ရွာထဲမှထွက်လာကာ ရွာအပြင်ဘက်ရှိ ပျော့ပျောင်းသော တောင်စောင်းပေါ်သို့ လျှောက်သွားခဲ့သည်။

ချန်ရှီသည် သစ်ပင်ဟောင်းပေါ်တွင် တွဲလောင်းကျနေသော ကျူးရှို့ချိုင်ကို ကြည့်ရင်း ထိုချန်ရှီက ကျူးရှို့ချိုင်ကို နတ်ဆိုးအဖြစ် သတ်မှတ်ကာ သတ်ပစ်မည်ကို စိုးရိမ်လာသဖြင့် သူ့နှလုံးသားက တဒိတ်ဒိတ်ခုန်လာသည်။ ထိုအချိန်တွင် ထိုချန်ရှီလည်း ကျူးရှို့ချိုင် သူ့ကိုကြည့်နေတာ သတိပြုမိသည်။

ရုတ်တရက် ကျူးရှို့ချိုင်က ကောက်ကွေးနေသော သစ်ပင်လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ခေါင်းကို ကြိုးထဲမှ ဆွဲထုတ်ကာ မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး လှဲချရင်း "ထိုသူ့ကို" ဂါဝရပြုလိုက်သည်။

"ထိုသူ" က လက်ဆောင် ပေးတဲ့ အနေနဲ့ ကျူးရှို့ချိုင်ကို အမွှေးတိုင်တစ်ချောင်းတောင် ပေးခဲ့သေးသည်။ ချန်ရှီကို အံ့သြသွားစေတာကတော့ ကျူးရှို့ချိုင်ကလည်း အမွှေးတိုင်တစ်ချောင်းကို အမှန်တကယ် ပြန်ပေးခဲ့တာပါပဲ။

"နတ်ဘုရားက သရဲတစ္ဆေတွေကို နံ့သာပေါင်း ပူဇော်တယ်.... သရဲတစ္ဆေကလည်း နတ်တွေကို နံ့သာပေါင်း ပူဇော်တယ်... ရှုပ်ယှက်ခတ်နေတာပဲ!"

သူတွေးနေစဉ်တွင် ထိုချန်ရှီက ကျောက်ပြားကန့်ညောင် ရှေ့သို့ ကြွလာကာ လက်ထဲတွင် အမွှေးတိုင် သုံးချောင်းကိုင်လျက် ဦးညွှတ် ရှိခိုးနေတာ တွေ့လိုက်ရသည်။ နတ်ဆေးဘုရင်က မိမိကန့်ညောင်ကို အမွှေးတိုင်နဲ့ ပူဇော်ရုံသာမက ကန်တော့လိုက်သေးသည်။

တစ်ကမ္ဘာလုံးအတွက်သာမက ချန်ယန်တောင်ကို ကာကွယ်ပေးသော တောင်တန်းအရှင် ဖြစ်ပြီး နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ကျောက်ပြားကန့်ညောင်ကို ကန်တော့နေ၏။

"ငါ့ရဲ့ကန့်ညောင်က ဘယ်သူလဲ"

နတ်ဆေးဘုရင်: "မိဖုရားက ငါ့ကို နှိုးဖို့ သူ့လက်ကိုသုံးပြီး နေကို တိုက်ခိုင်းတာ မဟုတ်ဘူးလား....မိဖုရားက ဘာလို့ အိပ်နေသေးတာလဲ"

ချန်ရှီသည် နတ်ဆေးဘုရင်က သူ့အသံနဲ့ စကားပြောနေတာကို ကြားလိုက်ရတယ်။

"နတ်ဘုရား​တွေ အားလုံး ဘာလို့ အိပ်ပျော်နေတာလဲ... ငါတစ်ယောက်ပဲ ဘာလို့ နိုးလာရတာလဲ"

"သူတို့ရဲ့ အသက်ရှုသံကို ငါဘာလို့ မခံစားနိုင်ရတာလဲ"

"ဘာလို့ ဒီကမ္ဘာကြီး ဒီလိုဖြစ်လာရတာလဲ"

"ဟွာရှ နတ်ဘုရားတွေ ဘယ်မှာလဲ"

"ကျန်းရှန်းက ဘာလို့ ဒီလောက်တောင် နတ်ဆိုးအငွေ့အသက်တွေနဲ့ ဆိုးဝါး​နေရတာလဲ"

ချန်ရှီသည် မြေပြင်မှ အဝေးသို့ လွင့်မျောသွားသော "သူ့ကိုယ်သူ" ကို မြင်လိုက်ရသောအခါ သူ့နှလုံးခုန်သံက အဆမတန် ခုန်​ပေါက်သွားလေသည်။

"ငါပျံသန်းနေတယ်... ​​ငါပျံသန်းနေတယ်ဟ!"

ထိုအခိုက် ဟေးကော်ကိုလည်း တွေ့လိုက်ရသည်။ နောက်တစ်ကြိမ် တွေ့တော့ ဟေးကော်ဟာ ကောင်းကင်မှာ ပျံသန်းနေ၏။ သူ့ခြေဖဝါးအောက်က တောင်တန်းတွေဟာ စိမ်းလန်းနေသည်။ မြစ်က ခါးပတ်တစ်ခုလို ဖြစ်ပြီး တိမ်ဖြူတွေက ချည်သားလို လွင့်မျောလျက် ရှိသည်။

သိပ်မကြာခင်မှာပဲ ချန်ရှီ ပင်လယ်နက်ကြီးကို တွေ့လိုက်ရသည်။

ချန်ယန်တောင်ရဲ့ အပြင်ဘက် မနီးမဝေး၌ ပင်လယ်ကမ်းစပ် ရှိသည်။

အမှောင်ထုကြီးသာ!

အမှောင်ထုက သမုဒ္ဒရာကို လွှမ်းခြုံထားသည်။ ကုန်းပေါ်ကို ရောက်တဲ့အခါမှာတော့ နေရောင်က တောက်ပစွာ ထွန်းလင်းသော နေ့အချိန်လို ဖြစ်​နေသည်။ လှိုင်းလုံးကြီးများ တက်လာပြီး နောက်ဆုတ်သွားသည်နှင့်အမျှ အမှောင်ထုကလည်း လှိုင်းလုံးနဲ့အတူ အလင်းအမှောင် နေ့စဥ်ကြိုတင် ဆုတ်ယုတ်လာသည်။

ဒီမြင်ကွင်းကြီးက အလွန်ထူးဆန်းလှသည်။

"အမှောင်ပင်လယ်ကတော့ တကယ့်ကို အမှောင်ပင်လယ်ပဲ!"

ချန်ရှီ အံ့သြသွားသည်။ အမှောင်ပင်လယ် ဆိုတာဟာ အဆုံးမရှိသော ပင်လယ်ကို ဖော်ညွှန်းထားတာပဲ ဖြစ်လိမ့်မယ်လို့ မူလက ထင်ခဲ့သော်လည်း လက်တွေ့ကျကျ ဖော်ညွှန်းထားတာ ဖြစ်နေမယ်လို့ မမျှော်လင့်ခဲ့ပေ။ အလင်းမရှိသောကြောင့် အမှောင်ပင်လယ်ဟု ခေါ်ခြင်းပင်။

ထိုအချိန်တုန်းက အမတ်စန်းပေါင် ဦးဆောင်သော မင်မင်းဆက် ရေယာဉ်စုသည် အလွန်မှောင်မိုက်သော ပင်လယ်ကို ဖြတ်၍ ဤတိုက်ကြီးကို မရှာဖွေမီ ဆယ့်ခုနစ်နှစ်ကြာ မှောင်မိုက်သော ပင်လယ်ထဲတွင် ရွက်လွှင့်သွားလာခဲ့သည်။

အမှောင်ပင်လယ်ထဲမှာ ဘယ်လိုမုန်တိုင်း လှိုင်းမျိုးတွေ ကြုံဖူးကြလဲ။ အခက်​အခဲ​တွေ ဘယ်​​လောက်​​​တောင် ကျော်​ဖြတ်​ခဲ့လဲ။ ဘယ်လောက်အန္တရာယ် ရှိကြမလဲ။ ချန်ရှီ စိတ်ကူး​တောင် မယဉ်နိုင်တော့ချေ။

ပင်လယ်ကို ငုံ့ကြည့်ရင်း ပင်လယ်ကမ်းစပ်နားတွင် သာယာဝပြောသော မြို့တစ်မြို့ကို ရှာတွေ့ရှိသွားသည်။ ပင်လယ်ကမ်းစပ် အနီးတွင် မြင့်မား ထူထပ်သော တံတိုင်းကြီးတစ်ခုလည်း ရှိနေသည်။ အလွန်ခမ်းနားထည်ဝါသော၊ ပင်လယ်ကို ပိတ်ဆို့ထားတဲ့ တောင်ကြီးလိုပါပဲ။ ပင်လယ်အတွင်းက ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများရဲ့ ကျူးကျော်မှုကို ကာကွယ်ထားသလိုပင်။

"ဒါက ရှင်းရှန် ပြည်နယ်မြို့တော်လား?"

ချန်ရှီ အံ့အားသင့်သွားသည်။ ရှင်းရှန်ပြည်နယ်ကို တစ်ခါမှ မရောက်ဖူးသေးချေ။ အခုသူက ရှင်းရှန် ပြည်နယ်မြို့တော်ရဲ့ အမြင့်မှာ ရှိနေသည်။ သူ့ခြေဖဝါးအောက်တွင် တိမ်တွေ အဆက်မပြတ် တုန်ခါနေတာကို မြင်လိုက်ရစဥ် နတ်ဆေးဘုရင်က မြို့ထဲ လမ်းလျှောက်သွားနေသည်။

မသိပါက သူနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူတွေကို စစ်ကြည့်နေသလိုပင်။ ၎င်းက သမိုင်းဝင်နေရာတစ်ခုသို့ ရောက်ရှိလာပြီး မတ်တပ်ရပ်လိုက်သည်။

"ဘုရင်ခံ.....ဘုရင်ခံ!"

ရှင်းရှန်ပြည်နယ်မြို့တော်၊ လီမိသားစု ရင်ပြင်မှာ ကောင်းကင်ထောင်ဌာနက အရာရှိတွေဟာ လီရှောက်ကျန့်ရဲ့ လေ့လာမှုကို အလျင်အမြန် ချိုးဖျက်ပြီး ဦးညွှတ်လိုက်သည်။

"အရှင် ဘုရင်ခံ... ချန်ရှီဆိုတဲ့ ကောင်လေးက ခွေးနက်တစ်ကောင်နဲ့ ကောင်းကင်မှာ ပျံသန်းနေပြီး ပြည်နယ်မြို့တော်ကို ရောက်နေပြီဆိုတဲ့ သတင်းကို ကျွန်တော်တို့ ရရှိထားပါတယ်"

လီရှောက်ကျန့်ရဲ့ နှလုံးခုန်နှုန်းတွေ ရပ်တန့်တော့မလို ဖြစ်သွားသည်။ သူစကားပြောခါနီးတွင် ကောင်းကင်ထောင်ဌာနမှ အခြားအရာရှိတစ်ဦး ရုတ်တရက် ပြေးဝင်လာပြန်၏။

"အရှင်ဘုရင်ခံ.... ချန်ရှီနဲ့ ခွေး မြို့ထဲကို ဆင်းလာပါပြီ!"

"ငါတောင် သူ့ဆီမသွားတာကို သူက ဘာလို့ ငါ့တံခါးကို လာ​ခေါက်ရတာလဲ... ကောင်းကင်မှာ ပျံနေတာလား...ဒါဆို သူ့ကျင့်ကြံမှုက ဘယ်လောက်အထိတောင် ရောက်နေပြီလဲ"

လီရှောက်ကျန့် လွန်ခဲ့သည့် ရက်အနည်းငယ်တွင် ငြိမ်သက်သွားခဲ့ပြီး ချန်ယင်တုရဲ့ ခြေရာများကို ရှာဖွေရန် လူများစွာကို လျှို့ဝှက်စစ်ဆေးဖို့ အမိန့်ပေးခဲ့သည်။ သူလျှိုတွေ သတင်းမပို့လာခင်မှာ ချန်ရှီဟာ ကောင်းကင်မှာ ပျံသန်းနေခဲ့ပြီ။ ချန်ရှီရဲ့ ကျင့်ကြံမှု အဆင့်က တဖြည်းဖြည်း မသေချာမရေရာ ဖြစ်လာသည်။

"သူ့ကို ဂရုစိုက်မနေနဲ့တော့!"

လီရှောက်ကျန့်က သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"စစ်သားတွေကို တားဖို့ မြေတွေ ရေတွေ ဖုံးလွှမ်းသွားရမယ်တဲ့... မင်းရဲ့တပ်တွေခေါ်သွားပြီး သူ့ကို အဝေးကနေပဲ စောင့်ကြည့်နေလိုက်... သူက ဒုက္ခ​ပေးရင် ငါတို့ ဘက်မလိုက်ဘဲ ဖြေရှင်းလိုက်မယ်... သူက ဒုက္ခမပေးရင်တော့ ထားလိုက်..."

ကောင်းကင်ထောင်ဌာနမှ အရာရှိနှစ်ဦးသည်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

ချန်ရှီသည် မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများရှေ့၌ အကြာကြီး ရပ်နေ သည်။ ပြီးနောက် မြင့်မားသော မြို့ရိုးဆီသို့ ရောက်လာသည်။ ထိုနေရာက ပေတစ်ရာတိုင်းတွင် အလွန်ခိုင်ခံ့၊ ကြီးမားသော ကြေးမုံမှန်တစ်ခုရှိပြီး အစိုင်အခဲ ကျောက်စင်တစ်ခု အလယ်တွင် ထားရှိထားသည်။

ကျောက်စင်အောက်တွင် ကျောက်ကြိတ်စက်ကြီး ရှိ၏။ အချင်းက နှစ်ပေခန့်ရှိပြီး ကြေးမုံမှန်နဲ့ အရွယ်အစား သိပ်မကွာချေ။ မှန်အနောက်ဘက်တွင် ဒဏ္ဍာရီလာ သားရဲလေးကောင်ဖြစ်သည့် စိမ်း​ပြာနဂါး၊ ကျားဖြူ၊ ငှက်နီနှင့် မဟူရာလိပ်တို့ ရှိသည်။

အစွမ်းထက်သော စစ်သည်နှစ်ဦးသည် အဝါရောင် မြေခွန်းအားအဆောင်လက်ဖွဲ့ကို အသက်သွင်းကာ ကျောက်စက်ကို တွန်းကာ လှည့်ကာ အလုပ်လုပ်နေပြသည်။ ထိုအခါ မှန်က လှည့်သွားကာ ကောင်းကင်မှ နေရောင်ခြည်ကို မှောင်မည်း​နေသော ပင်လယ်ဘက်သို့ လွှတ်တင်လိုက်သည်။

ကြီးမားသော ကိုယ်ထည်နှင့် မျက်လုံးတွေလို အကြေးခွံများပါရှိသည့် ပင်လယ်လှိုင်းလုံးများထဲတွင် ဧရာမအရာကြီး တစ်ခုက လူးလိမ့်နေပုံရသည်။ ၎င်းက ကမ်းစပ်ဆီသို့ အပြေးအလွှား ပြေးလာကြသော်လည်း အလင်းရောင်ကြောင့် ပြန်ဆုတ်သွားကြသည်။

"ချန်ရှီ" သည် တောက်ပသော မှန်တစ်ချပ်ရှေ့တွင် ရပ်နေသော်လည်း စစ်သားများက အံ့အားသင့်နေရုံသာ။ ၎င်းတို့သည် အထက်လူကြီးများထံမှ အမိန့်ရထားတာကြောင့် သူ့ကို မမောင်းထုတ်ဘဲ ထိုနေရာတွင်သာ ရပ်နေခိုင်းခဲ့သည်။

ချန်ရှီကတော့ ဘုံကျောင်းငယ်ရှေ့တွင် ထိုင်ကာ မှောင်မိုက်သော ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ ပင်လယ်ရေက ကမ်းရိုးတန်းကို ဝင်တိုက်ပြီး ပြိုကျသွားသည်။ အသံကတော့ လှိုင်းသံတွေအတိုင်းပဲ။

ချန်ရှီက သူ့ပါးပြင်ကို ထောက်ထားတဲ့ သူ့လက်တွေကို ချလိုက်ပြီး မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ သူ့ရှေ့က အမှောင်ပင်လယ်ကို မယုံနိုင်စွာ ကြည့်နေကာ အလိုက်တသိ မတ်တပ်ထရပ်လိုက်သည်။

ပင်လယ်ပြင်ထဲမှာ မီးတောက်လောင်နေသော ရတနာသင်္ဘောကြီးတွေက အမှောင်ထုကို ဖြတ်ကျော်ပြီး အမှောင်ပင်လယ်ထဲကနေ သူတို့ဒီတိုက်ကြီးဆီ ဦးတည်လာနေကြသည်။

မြင့်မားပြီး ကြီးကျယ်ခမ်းနားသော နတ်ဝိညာဥ်က ထိုရတနာသင်္ဘောများပေါ်တွင် ရပ်နေပြီး ရတနာသင်္ဘောများကို စောင့်ကြပ်ပေးနေသည်။ ၎င်းတို့က ပင်လယ်ထဲမှ ပြေးထွက်လာသော ဧရာမအ​ကောင်များနှင့် တိုက်ခိုက်ကာ ကြောက်မက်ဖွယ် ကောင်းသော ထိုဘီလူးကြီးများကို တစ်ကောင်ပြီး တစ်ကောင် ခေါင်းဖြတ်ကာ ပင်လယ်ကို သွေးအရောင်ဆိုးပစ်ခဲ့သည်။

ဗုန်း!

ပထမဆုံး ရတနာသင်္ဘောသည် ကမ်းရိုးတန်းကို ဝင်တိုက်ပစ်၏။ မင်မင်းဆက်၏ စစ်သည်များသည် အကြေးခွံပုံစံ သံချပ်ဝတ်တန်ဆာနှင့် ဦးထုပ်များကို ၀တ်ဆင်ထားပြီး သံအပိုင်းအစတစ်ခုစီကို လျို့တင်လျို့ကျာဖြင့် ခြယ်သထားသည်။ သံဦးထုပ်ထိပ်ကို အနီရောင် မြိတ်များဖြင့် အလှဆင်ထား၏။

သူတို့သည် စစ်သားတစ်ဦးကို ထောက်ကူကာ ကမ်းပေါ်သို့ အပြေးအလွှား တက်လာကြသည်။ ဤတော့မှ သူတို့သည် ဒီတိုက်ကြီးမှာ လူတစ်ယောက်မှ မရှိဘဲ နတ်ဆိုး၊ သေခြင်းတရားနှင့် ပလိပ်ရောဂါကို ပျံ့နှံ့စေတဲ့ အရာတွေကိုသာ တွေ့ရှိခဲ့ကြသည်။

၎င်းတို့သည် ကမ်းခြေမှလာသော နတ်ဆိုးများနှင့် သွေးထွက်သံယို တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြင်းထန်စွာ အသေအပျောက် များခဲ့ပြီး စစ်သည်များကလည်း ဒဏ်ရာများစွာ ရရှိခဲ့သည်။

"ငါတို့ နတ်ဆေးဘုရင် လိုတယ်!"

စစ်သည်တစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

"နတ်​ဆေးဘုရင်ကြီးကို သင်္ဘောပေါ်ကနေ ထုတ်လာခဲ့!"

စစ်သားများသည် လှေပေါ်မှ ကြီးမားသော နတ်ကွန်းကို ပင့်ဆောင်လာကြသည်။ သစ်သားဖြင့် ထုလုပ်ထားသည့် ရုပ်တုကို ထန်မင်းဆက်ရှိ နာမည်ကျော် သမားတော် စွင်းစစ်မြောင်ရဲ့ အသွင်အတိုင်း ထုလုပ်ထားတာ ဖြစ်သည်။ နောက်ပိုင်းတွင် သုံးလောကရဲ့ ဆေးဘုရင် ကောင်းကင်သူတော်စင် အဖြစ် ကြည်ညိုလေးစားခဲ့ကြသည်။

စစ်သည်တွေက အမွှေးတိုင်တွေ ကိုင်ပြီး ကန်တော့နေကြသည်။ ထိုကျင့်ကြံသူများရဲ့အသံက အမှောင်နဲ့အလင်းကြားက မိုးခြိမ်းသံလိုပါပဲ။

"ဘုရင်မင်းမြတ်က ဆေးပညာရဲ့ ဘုရင်ပါပဲ... အရာရှိ အမှုထမ်းတွေကို ဆယ့်ခုနှစ်နှစ်တိုင်တိုင် ကောင်းချီးပေးခဲ့ပြီး ခန္ဓာကိုယ်ကို ကာကွယ်၊ စိတ်ဓာတ်ကြံ့ခိုင်အောင် စွမ်းဆောင်ပေးခဲ့တယ်... အခု အခြေအနေက စိုးရိမ်ရတဲ့အတွက် ကမ္ဘာကြီးကို ကယ်တင်တဲ့ အံ့ဖွယ်သမားတော် မဟုတ်တော့ဘဲ နေကိုးစင်း မိုးကြိုး မီးလျှံတွေကို ထိန်းချုပ်နိုင်တဲ့ သေနတ်တစ်လက် ဖြစ်ပေးပါ!"

"ကျန့်စန်းပေါင်!! မင်း ဒါကို လုပ်ချင်တာ သေချာလား"

နတ်ဘုရားက တိုက်ပွဲလာတဲ့ အသံလို ပဲ့တင်ထပ်နေသော အသံဖြင့် မေးလိုက်သည်။

"သေချာပါတယ်!"

"မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်!"

သစ်သားရုပ်တုသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ သူ့ပတ်ဝန်းကျင်ရှိ နတ်တန်ခိုးက စတင်ပြောင်းလဲလာကာ သူ့ခေါင်းမှာလည်း ဦးချိုများပေါက်လာသည်။ သူ့ခန္ဓာကိုယ်သည် သာမန် အရွယ်မှ သန်မာလာကာ သူ၏ မှော်လက်နက်သည်လည်း လိုက်လျောညီထွေ ပြောင်းလဲသွားကာ သိမ်မွေ့သော ကျားဝါသည်လည်း ကြောက်မက်ဖွယ်ကောင်းလာသည်။

ထိုအချိန်မှစ၍ ဤနတ်ဆေးဘုရင် မင်မင်းဆက်၏ စစ်သားများကို ကာကွယ်ကာ ကမ္ဘာသစ်တွင် တိုက်ပွဲဝင်ရမည်။ မင်မင်းဆက်၏ စစ်သားများကို ဤတိုက်ကြီးသစ်တွင် ခြေကုပ်ယူကာ မွေးရပ်မြေအသစ်ကို တည်ထောင်ခွင့် ပြုရမည် ဖြစ်သည်။

ရောဂါများကို ကုသရန်နှင့် လူများကို ကယ်တင်ရန်မှာ သူ၏တာဝန်သာ ဖြစ်သည်။ နတ်ဆိုးများကို သတ်ဖြတ်ခြင်း၊ နတ်ဆိုးများကို သန့်စင်ပေးခြင်းနှင့် နတ်ဆိုးများကို သုတ်သင်ခြင်းမှာ သူ၏ အကြီးမားဆုံး ခွန်အားဖြစ်သည်။

နတ်ဆေးဘုရင်က သူ့ဆေးဘူးခွံကို ဖွင့်လိုက်တဲ့အခါ နေကိုးစင်း မိုးကြိုးမီးက လောင်ကျွမ်းသွားသည်။

သူသည် စစ်သားများနှင့် အတူ တိုက်ပွဲဝင်ခဲ့ပြီး နေရာတိုင်းကို ဦးဆောင်ကာ၊ မိုးကြိုးပစ်ခြင်း၊ မီးတောက်လောင်ခြင်း၊ တောင်များပြိုကျကာ မြေကြီးကွဲအက်ခြင်း၊ ခေါင်းပေါ်ရှိ သရဲတစ္ဆေများနှင့် နတ်ဆိုးများ ချောင်းမြောင်းသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

မင်မင်းဆက်၏ စစ်သားများသည် ရှင်းရှန်၌ မိမိတို့နယ်မြေကို တည်ထောင်ရင်း အနီးနားရှိနတ်ဆိုးများကို မောင်းထုတ်သည်။ ထို့နောက် မင်မင်းဆက်မှ လူများသည် အမှောင်ပင်လယ်ကို ဆက်လက် ဖြတ်ကျော်၍ ဤတိုက်အသစ်​ကြီးဆီသို့ ရောက်ရှိလာကြသည်။

သူသည် နတ်ဆိုးများ ကျူးကျော်ခြင်းမှ တားဆီးရန် ကမ်းရိုးတန်းကို စောင့်ကြပ်ကာ မင်မင်းဆက်မှ လူတို့အား ယမ်းမှုန့်ပြုလုပ်နည်းအား သင်ပေးသည်။ ၎င်းတို့အား သေနတ်လုပ်နည်းကိုလည်း သင်ကြားပေးကာ နတ်ဆိုးများကို တိုက်ခိုက်ရန် စွမ်းအားများ ပေးခဲ့သည်။

နောက်ဆုံးတော့ အရာအားလုံး ငြိမ်သက်သွားသည်။

မင် မင်းဆက်၏ စစ်သည်များသည် နတ်ဆေးဘုရင်ကို စောင့်ရှောက်ကာ နတ်ဘုရားအား ချန်ယန်တောင်သို့ ပင့်ဆောင်ခဲ့သည်။ ၎င်းတို့သည် သူ့အတွက် ဘုံကျောင်းတစ်ခု တည်ဆောက်ကာ အဝါရောင် ပန်းပင်တစ်ပင်ကို စိုက်ပျိုးပြီး နှစ်အနည်းငယ် ကြာသောအခါ မင်မင်းဆက်၏ ဧကရာဇ်ဘုရင်က ရှင်းရှန်ပြည်ဟု အမိန့်ထုတ်ပြန်ကာ သူ့ကိုယ်သူ ချန်ယန်တောင်တန်းအရှင်ဟု အမည်ပေးခဲ့သည်။

ချန်ရှီရှေ့ရှိ ခမ်းနားသော မြင်ကွင်းက တဖြည်းဖြည်းဘမှုန်ဝါးလာပြီး နောက်ဆုံးတွင် အရာအားလုံး ပျောက်ကွယ်သွားကာ မှောင်မိုက်သော ပင်လယ်ကြီးသာ ကျန်တော့သည်။

အခုနတုန်းက သူ ချန်ယန်တောင်တန်းအရှင် မှတ်ဉာဏ်တွေထဲကို ဝင်သွားတာပဲ။ ချန်ရှီမှာ ထိုမြင်ကွင်းကြောင့် အချိန်အတော်ကြာအောင် မငြိမ်မသက် ဖြစ်လာသည်။ ထိုအချိန်တွင် ချန်ရှီ သူ့ရှေ့ရှိ ရှုခင်းများ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို မြင်လိုက်ရသည်။

"သူ" သည် တစ်ဖန်ထကာ ရှင်းရှင်ပြည်နယ်မြို့တော်မှ ထွက်ခွာသွားခဲ့သည်။

"သူ" ချန်ယန်တောင်သို့ ပြန်လာခဲ့သည်။

များမကြာမီပင် "သူ" သည် တောင်ပေါ်ရှိ ဘုံကျောင်းအသစ်တစ်ခုဆီသို့ ရောက်လာသည်။

ချန်ရှီ အံ့အားသင့်သွားသည်။ မကြာသေးမီကမှ ဆောက်ထားတာကြောင့် နံရံပေါ်ရှိ အဖြူရောင်အင်္ဂတေများ မခြောက်သေးပေ။ ဘုံကျောင်းသို့ ရောက်သောအခါ အသစ်ထွင်းထုထားသည့် နွားဦးချိုနှင့် လူ့ခန္ဓာကိုယ် နတ်ဘုရားရုပ်တုကို တွေ့ရ၏။

တူးဖော်ပြီး မသန့်စင်ရသေးသော စွန့်ပစ်ထားသည့် ကျောက်တုံးများလည်း ရှိပါသည်။ ဤဘုံကျောင်းသစ်၏ ဝင်းထဲတွင် သီးပင်တစ်ပင် စိုက်ထားပြီး အပြင်ဘက်တွင်တော့ သစ်တောတစ်ခုရှိသည်။

"ဒါက... အဘွားနဲ့ တခြားသူတွေ ပြင်ဆင်ထားတဲ့ တောင်တန်းအရှင်ဘုံကျောင်း အသစ်လား?"

ချန်ရှီ သတိ နိုး​ကြားလာပြီး သူ့စိတ်ထဲမှာ သံသယအသစ်တွေ ဝင်လာတော့သည်။

"တောင်တန်းအရှင်က ဒီမှာ ဘာလုပ်နေတာလဲ"

ဒါကို သူတွေးပြီးတာနဲ့ သူ့မျက်လုံးတွေ ရုတ်တရက် မှုန်ဝါးလာခဲ့သည်။ သူ့ခန္ဓာကိုယ်ဆီ တစ်ဖန် ပြန်ဝင်နိုင်သွားကာ သူ့မျက်ခုံးအလယ်မှာ မရေမတွက်နိုင်တဲ့ အမွှေးနံ့သာတွေက နတ်ကွန်းထဲမှာရှိတဲ့ ကျောက်ဆင်းတုတော်အသစ်ဆီကို စီးဆင်းနေတာ တွေ့လိုက်ရသည်။

ခဏအကြာတွင် နတ်ဆေးဘုရင်က ချန်ယန်တောင်တန်းအရှင် ဟူသည့် ကျောက်ဆင်းတုတော်အသစ်သို့ ဝင်ရောက်သွားခဲ့သည်။ သူ့အဝါရောင်ကျားတောင်ကလည်း ဟေးကော် ကိုယ်ကို ချန်ထားခဲ့ကာ ကျောက်ကျားရုပ်ထဲသို့ ဝင်သွားလေ၏။

ကျောက်ဆင်းတုတော်က တဖြေးဖြေး တိတ်ဆိတ်သွားပုံမှာ ပြန်အိပ်ပျော်သွားတော့မလိုပါပဲ။

"ဟွာရှမျိုးဆက်တွေ... မင်းတို့ငါ့ကို လိုအပ်ရင် နှိုးလိုက်ပါ"

ချန်ရှီ၏ နားထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါနိုးလာတဲ့အခါ ချိုနှစ်ချောင်းနဲ့ မွေးဖွားလာမယ်... မိုးခြိမ်းသံနဲ့ မီးကို ထိန်းချုပ်မယ် အကန့်အသတ်မဲ့ ယမ်းမှုန့်တွေကို လွှတ်ထုတ်မယ် နေကိုးစင်းကို မိုးကြိုးအဖြစ် ပြောင်းလဲမယ် နတ်ဆိုးအားလုံးကို ချေမှုန်းမယ်... ဒီတိုက်ကြီးကို ကာကွယ်မယ်... ယန်ဟွမ်ရဲ့ သွေးကို ကာကွယ်မယ်"

"မှတ်ထား..... ငါ့ကိုနှိုးပါ!"

All Chapters